← Chapters

ငါ့အရှင်၊ ငါ တောင်းပန် ပါတယ်။

Vol. 30 Ch. 420

ငါ့အရှင်၊ ငါ တောင်းပန် ပါတယ်။

Vol. 30 Ch. 420

ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေမှာ၊ သူ့ထက် များစွာ မြင့်မား သော်လည်း ၊ လှုပ်ရှားမှု တစ်ခုသာ လဲလှယ် ရမည် ဆိုပါက မကြောက်ပေ။

နောက်ဆုံးတွင်၊ သူ့ခန္ဓာကိုယ် အတွင်း၌ ဝိညာဉ်ရေး ရူရ် ပန်းချီကား တစ်ချပ်ကို ဖွဲ့စည်း ထားနိုင် သဖြင့်၊ ယီဖန်းအား အံ့အားသင့် သွားစေ နိုင်မည်။

( မင်းရဲ့တည်ရှိ မှုကို ထူထောင်ဖို့၊ ငါ့ကို အသုံး ပြုချင် နေတာလား၊ ဒါက မင်းကိုယ်မင်း အရှက် ခွဲချင် နေတာပဲ။ )

အစော ပိုင်းတွင် အကြီးအကဲ များ၏ စကားများ အရ၊ လင်းယွန်နှင့် ယီဖန်းကြား ပဋိပက္ခများ၊ ပြေလည် သွားပြီဟု ယူဆ မိကြသည်။

သို့သော် ယီဖန်းက လင်းယွန်အား ထပ်မံ တွန်းထုတ် ခဲ့သည်။ အပြောင်း အရွှေ့ တစ်ခု၊ လဲလှယ်ရန် ကြေညာ ခဲ့ သော်လည်း၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ၏ စွမ်းအားသည်၊ နဝမ အဆင့်ရှိ တစ်ဦး တစ်ယောက်က၊ ခံနိုင်ရည် ရှိသော အရာ မဟုတ်ပေ။

ယင်းကြောင့် ပွဲကြည့်စင် ပေါ်ရှိ အကြီးအကဲ များက၊ မျက်မှောင်ကြုတ် သွားကြ၏။

" ငါတို့ ဒီကိစ္စကို တစ်ခုခု လုပ်ရ မှာလား။ "

“ ဒါက သိုင်းကွက် တစ်ကွက် ထဲပါ၊ ဒီလောက်လည်း အန္တရာယ် မရှိနိုင် ပါဘူး၊ ယီဖန်းက လင်းယွန်ကို ဒီနဂါး တံခါး ပြိုင်ပွဲမှာ၊ မပါ ဝင်ဖို့ တားနိုင်ရင် ပိုကောင်းမယ်။ ”

“ ဒါ အမှန်ပဲ၊ ကာကွယ်သူ မက်မွန်ရဲ့ လေသံ ကြည့်ရတာ၊ လင်းယွန်ကို နောက်တစ်ကြိမ် ကြမှ ပါဝင် စေချင် ပုံရ ပါတယ်။ ”

“ ကောင်းပြီ၊ စောင့်ကြည့် ရအောင်၊ ယီဖန်းက သူ့ ဖြစ်တည် မှုကို၊ ထူထောင်ဖို့ ကြိုးစား နေတယ် ဆိုရင်တောင်၊ ဘယ် အချိန်မှာ ရပ်တန့် ရမယ် ဆိုတာ၊ သူ သိပါ လိမ့်မယ်။ ”

အကြီးအကဲ များမှာ သူတို့၏ အတွေ့ အကြုံ များကြောင့်၊ ယီဖန်း မည်သည့် အရာကိုရည်ရွယ် နေမှန်း၊ သဘာဝ ကျကျ သိရှိထား ကြသည်။

ထို့ကြောင့် သူတို့က ရပ်ကြည့်ရန် ဆုံးဖြတ် လိုက်သည်။ နောက်ဆုံးတွင်၊ ကျင့်ကြံသူ အားလုံးမှာ ကျော်ကြားမှု နောက်သို့ လိုက်ကာ၊ အရင် အမြစ် များနှင့် နောက်ခံများ ရယူ လိုမှု အတွက်၊ ယှဉ်ပြိုင် တက်ကြ ပေသည်။

သူတို့ အဆင့်ဖြင့် အရာ တော်တော် များများကို မြင်နိုင်ပြီး၊ တခြားတပည့် များနှင့် မတူသော၊ ယီဖန်း၏ စိတ်နေ စိတ်ထား အပေါ်၊ ခံစား သိရှိ နိုင်သည်။ ထို့ကြောင့် ယီဖန်း၏ ခွန်အား အပေါ်၊ ပို၍ အာရုံ စိုက်လာ မိ၏။

ကျင့်ကြံခြင်း လမ်း၌ သွေးနှင့် သတ်ဖြတ် ခြင်းမှာ၊ အတု လုပ်ယူ နိုင်သော အရာ မဟုတ်ပေ။

ဆိုလို သည်မှာ၊ ယီဖန်းသည် သာမန် ခရမ်းရောင် နန်းတော် တစ်ပိုင်းသာ မဟုတ်ဘဲ၊ ခရမ်းရောင် နန်းတော် နယ်မြေ သိုင်းသမား များကို၊ သတ်နိုင်သော ခွန်အား ရှိသူ ဖြစ်သည်။

သူတို့ အားလုံးက ယီဖန်းနှင့် ပတ်သက်၍ မြင့်မားသော အမြင်များ ရှိလာ ကြ၏။

တစ်စုံ တစ်ယောက်တွင် လုံလောက်သော ခွန်အား ရှိပါက၊ စည်းမျဉ်းများ ချိုးဖောက် ခဲ့လျှင်ပင်၊ အကြီးအကဲများ အနေဖြင့်၊ သဘာဝ အတိုင်း နှာစေး နေရန်၊ ရွေးချယ် ရပေ လိမ့်မည်။

ဥပမာ ဆိုရ ပါမူ၊ လင်းယွန်မှ ဝမ်ယန်ကို သတ်ပစ် လိုက်သော ဖြစ်ရပ်မျိုး ပေပင်။

သို့သော် ယီဖန်းနှင့် လင်းယွန်တို့ တိုက်ခိုက် ခါနီးတွင်၊ စင်မြင့် ပေါ်သို့ ပုံရိပ် နှစ်ရိပ်၊ ရုတ်တရက် ဆင်းသက် လာ၏။

ထိုပုံရိပ် များမှာ ရှင်းယန်နှင့် ဖီးနစ် ပန်းကလေး တို့ဖြစ်သည်။ ဖီးနစ် ပန်းကလေး၏ ပုံရိပ်ကို မြင်လိုက် ရသော အခါ၊ လင်းယွန်နှင့် ယီဖန်း တို့မှာ၊ မျက်နှာများ ပြောင်းလဲ သွား၏။

ထို့နောက် ဦးညွှတ်လျက် “ မင်္ဂလာပါ မင်း သမီးလေး” ဟု နှုတ်ဆက် လိုက်ကြ လေသည်။

ဦးညွှတ် နေလျက်ဖြင့်၊ ယီဖန်းမှာ စိတ် အတွင်း၌ ရွှင်မြူး သွား၏။ ဖီးနစ် ပန်းကလေး ရှိနေ ကြောင်းကို၊ သူ သိထား သောကြောင့် စွဲဆောင် ရန်လည်း စီမံ ထားသည်။ အခွင့် အရေး ရှိပါက၊ မည်သူ မဆို ဤသို့ ကြိုးစား မိမည် ဖြစ်သည်။

ထို့ကြောင့် မင်းသမီး လေး၏ အာရုံကို၊ သူက စွဲဆောင် နိုင်ခဲ့ သည်ဟု ယူဆ မိကာ၊ နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် တပ်ဆင် လိုက်ပြီး၊ ယီဖန်းက စကားဆို လိုက်သည်။

“ ငါ့ရှင့် ... ငါ့အတွက် အကြံ ဉာဏ်များ ပေးစရာ ရှိပါ သလား။ ”

" မရှိဘူး၊ ဒါပေမယ့် မင်းတို့ရဲ့ ရန်ပွဲကို ရပ်လိုက် ဖို့တော့ ဆန္ဒ ရှိတယ်။ "

" ရန်ပွဲကို ရပ်ရမယ် ....။ "

လင်းယွန်နှင့် ယီဖန်းတို့ နှစ်ယောက်က၊ အံ့သြ သွားကြ၏။ ယီဖန်း၏ အမူ အရာမှာ၊ ချက်ချင်းပင် အဆင် မပြေသော အသွင်သို့၊ ပြောင်းလဲ လာသည်။

ဖီးနစ် ပန်းကလေးမှာ လင်းယွန် အတွက်၊ စင်မြင့် ပေါ်သို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ သူ သိလိုက် ရသည် ။ လင်းယွန် အရှက် ရမည်ကို၊ သူမ စိုးရွံ့ နေပုံ ရ၏။

၎င်းအား တွေးလိုက် မိရုံဖြင့်၊ လင်းယွန်၏ ကံကြမ္မာကို မနာလို ဖြစ်ကာ၊ ဒေါသထွက် လာမိသည်။

ဖီးနစ် ပန်းကလေးက လင်းယွန် အပေါ်၊ အခြားသော အမြင်များ ရှိနေသည် ဟူသော၊ ကောလ ဟာလမှာ မှန်နေပုံ ရ၏။

ဤသို့ ဆိုပါလျှင် သည်ကိစ္စအား လွှတ်ထား၍ မရ တော့ပေ၊ စင်ပေါ်၌ လင်းယွန်ကို အရှက်ခွဲ ရမည်မှာ၊ သေချာ သွားပေသည်။

သူ့ မျက်နှာ၌ ပြုံးများ ပြန်လည် ထွက်ပေါ် လာပြီး၊

" ငါ့ရှင် မင်းရဲ့ စကားကို၊ သဘာဝ အတိုင်း ငါ မလွန်ဆန် ဝံ့ပါဘူး၊ ဒါပေမယ့် ဓားသမား တစ်ယောက် အနေနဲ့၊ ငါတို့ရဲ့ စကား တွေကို ပြင်ဖို့ ခက်ပါတယ်၊ ဂျူနီယာ ညီငယ် လင်းက အရှုံး မပေး မှာကို၊ ငါကြောက် မိပါတယ်။ ”

ယီဖန်းက ဤအစီ အစဥ် အဆင် ပြေလိမ့် မည်ဟု မျှော်လင့် မိသည်။ ဆိုလို ရင်းကို လင်းယွန် အနေဖြင့်၊ သဘော တူနိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။

သို့သော် လင်းယွန်က ပြန်လည် တုန့်ပြန် ခါနီးတွင်၊ ဖီးနစ် ပန်းကလေးမှာ ခေါင်းပင် စောင်းငဲ့ ကြည့်ခြင်း မရှိဘဲ၊ အော်ငေါက် လိုက်သည်။

“ မင်းကို ငါ စကား ပြောခွင့် ...၊ ပေးထား လို့လား။ ”

" မောင်လေး၊ အဲဒါကို မင်း ကြားလား သခင်မ လေးက၊ မင်းကို စကား မပြောဖို့ တားမြစ် ထားတယ်။ ”

ဟု ရှင်းယန်က ပြုံးကာ ဆိုလိုက်သည်။

အမျိုး သမီး နှစ်ဦး၏ စကား များကြောင့်၊ လင်းယွန်မှာ အဆင် မပြေသော အမူ အရာဖြင့်၊ ပြန်လည် ပြုံးပြကာ၊ ပါးစပ်ကို ပိတ်ထား လိုက်ရသည်။

“ မင်းရဲ့ လုပ်ရပ် တွေက၊ အဓိပ္ပါယ် မရှိ ဖူးလို့ ငါ ထင်တယ်၊ ငါ့သာ မမှားရင် ... လင်းယွန်က နဂါး တံခါး ပြိုင်ပွဲမှာ ပါဝင်ဖို့၊ အရည် အချင်း မပြည့် မှီတဲ့ အတွက် မပါ ဝင်ဖို့၊ မင်းပြော နေတာ မဟုတ်လား၊ .... ''

'' ... ဒါပေမယ့် ငါ့အမြင် အရ၊ မင်းကသာ နဂါး တံခါး ပြိုင်ပွဲမှာ၊ ပါဝင်ဖို့ အရည် အချင်း မရှိ ဖူးလို့ ငါထင်တယ်၊ မယုံရင် ငါနဲ့လည်း ဖလှယ် လို့ရ ပါတယ်။ ”

ဖီးနစ် ပန်းကလေးက ယီဖန်းအား စူးစူး စိုက်စိုက် ကြည့်ကာ၊ အေးစက်သော လေသံဖြင့် ဆိုလိုက်၏။

သူမ၏ စကား များကြောင့်၊ ယီဖန်းမှာ တိတ်ကျ သွားသည်။ ဖီးနစ် ပန်းကလေး၏ ခွန်အားက ဒုတိယ ဖြစ်၏။ မည်မျှပင် သတ္တိ ရှိစေ ကာမူ၊ မဟာချင် အင်ပါယာ၏ မင်းသမီးအား၊ တိုက်ခိုက်ရန် မဝံ့ပေ။

လင်းယွန်ကို သေခြင်း တရားထံ တွန်းပို့ နေခြင်းအား၊ မင်းသမီးက ကာကွယ်ရန် ကြိုးစား နေသည်မှာ ထင်ရှား လှသည်။

" ဘာလို့လဲ မယုံ ဖူးလား... ၊ ဒါဆို ဘာလို့ စမ်းကြည့်ဖို့ မကြိုးစား ရတာလဲ။ "

ဖီးနစ် ပန်းကလေး၏ လေသံတွင်၊ သြဇာတိက္ကမ များ ဖြာထွက် နေ၏။

“ နှုတ်ဆက် ပါတယ် .... ငါ့ရှင်။ ”

ယီဖန်းက ချက်ချင်းပင် လှည့်ထွက် သွားတော့သည်။ သူ့မျက်နှာ တစ်ပြင်လုံး မည်းမှောင် နေခဲ့ ပေ၏။

လင်းယွန်ကို အသုံး ပြုကာ၊ သူ့ကိုယ်သူ တည်ဆောက်ရန် စီစဉ် ခဲ့သော်လည်း၊ နောက်ဆုံးတွင် မင်းသမီးက သူ့အား ပြန်လည် အသုံးချ လာခဲ့သည်။

ဤသို့ ဖြစ်လာ မည်မှန်း ကြိုသိ ခဲ့ပါလျှင်၊ အကြီး အကဲများ ဟန့်တားချိန် တည်းကပင်၊ နောက်ဆုတ် မိမည် ဖြစ်သည်။

စင်မြင့် အောက်ရှိ တပည့် များက၊ ထိုမြင်ကွင်း ကြောင့် ပြုံးရွှင် လာ ကြသည်။ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ၌၊ ရှိသော ယီဖန်းသည်၊ ဤကဲ့သို့ အဆုံးသတ် သွားလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။

ပွဲကြည့်စင် တစ်နေ ရာရှိ အကြီး အကဲ များက၊ မကျေ မနပ် ဖြစ်လာ သောကြောင့်၊ မျက်လုံးများ မှိတ်ချ လိုက်ရသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ဓားနန်းတော် အနေဖြင့်၊ ဖီးနစ် ပန်းကလေး အပေါ် အကြွေး တင်ထား ခဲ့သည်။ အဆုံးတွင် ယီဖန်း၏ ကံဆိုးမှု အတွက်သာ၊ သနား နိုင်တော့၏။

သူ့ တည်ရှိ မှုအား တည်ထောင်ရန်၊ မည်သူ့ကို မဆို အသုံး ချနိုင် သော်လည်း၊ ဤနေရာတွင် ဖီးနစ် ပန်းကလေး ရှိနေကြောင်း သိလင့် ကစား၊ လင်းယွန် အပေါ် အမှန် တကယ် ရွေးချယ် ရဲခဲ့သည်။

ဖီးနစ် ပန်းကလေး အနေဖြင့်၊ လင်းယွန်အား ခြားနားစွာ ရှုမြင် နေသည်ကို၊ ကောင်းကင်ဘုံ ချင်နိုင်ငံ တစ်ခုလုံး သိရှိ ထားသည်။ ယီဖန်းမှာ သူ၏ မိုက်မဲ မှုအတွက် သူ့ကိုယ် သူသာ၊ အပြစ် တင်ရ ပေမည်။

ထွက်ခွာ သွားသော ယီဖန်းကို ကြည့်ပြီး၊ လင်းယွန် စိတ်မကောင်း ဟန်ဖြင့်၊ သက်ပြင်း ချလိုက်သည်။

ဝိညာဉ်ရေး ရူရ် များကို အသုံး ပြုကာ၊ ယီဖန်းအား အံ့အားသင့် စေမည့်ဟု၊ သူ မျှော်လင့် ထားမိ သည်။

သို့သော် အတွေး ထဲတွင် ယီဖန်းမှာ သနား စရာ ကောင်းနေ ခဲ့၏။ ဤအချိန်၌ အပြုံး တစ်ပွင့် ကိုပင်၊ ထုတ်ဖော်ထား နိုင်ခြင်း မရှိ တော့ပေ။

" ဂျူနီယာ မောင်လေး ....၊ မင်းကို ခက်ခဲတဲ့ အနေ အထား ကနေ၊ ဆွဲထုတ် ပေးခဲ့တဲ့ သခင်မလေးကို၊ ဘာလို့ ကျေးဇူးတင် စကား၊ မဆို ရသေး တာလဲ။ "

လင်းယွန်ကို မျက်စိ မှိတ်ပြ လိုက်ပြီး၊ ရှင်းယန်က ပြုံးလေသည်။

“ ကျေးဇူး တင်ပါတယ် သခင်မလေး ... ”

လင်းယွန်က လက် နှစ်ဖက်ကို ယှက်ကိုင်ကာ၊ ဦးညွှတ် လိုက်၏။

" မင်း ငါ့ကို ကျေးဇူးတင် နေစရာ မလို ပါဘူး၊ နောက်ဆုံးတော့ မင်း အမြင်မှာ၊ ငါက ကျင့်ဝတ် တွေကို နားမလည်တဲ့၊ လူတစ်ယောက်ပဲ မဟုတ်လား၊ ... ”

ဖီးနစ် ပန်းကလေးက၊ လင်းယွန်၏ ကျေးဇူးတင် စကားကို၊ အသိ အမှတ် မပြု ခဲ့ဘဲ၊ မာဆတ် ဆတ်ဖြင့် ဆိုလိုက်သည်။

" မင်းဘာတွေ တွေးနေလဲ ငါသိတယ်၊ သူ့ကို ဖြေရှင်းဖို့ မင်းမှာ၊ ဝှက်ဖဲတွေ ရှိကောင်း ရှိနိုင်တယ်၊ ဒါပေမယ့် ယီဖန်းရဲ့ ရည်ရွယ်ချက်က၊ မင်းကို ဒဏ်ရာ အပြင်း အထန် ပေးဖို့ပဲ၊ နဂါး တံခါး ပြိုင်ပွဲက တစ်လပဲ လိုတော့ တာကို မမေ့ ပါနဲ့၊ ဒဏ်ရာ ကြီးကြီး မားမား သာရရင်၊ မင်း မပါဝင် နိုင်တော့ဘူး။ ”

ဖီးနစ် ပန်းကလေး၏ စကား များမှာ၊ အမှန်ပင် ဖြစ်သောကြောင့်၊ လင်းယွန် မျက်နှာက ပြောင်းလဲ သွားသည်။

ယီဖန်း အနေဖြင့် ယင်းအတွက် ပြင်ဆင် ထားပြီး ဖြစ်ရာ၊ ဝိညာဉ်ရေး ရူရ် များနှင့် တိုက်ခိုက် ဖြစ်လျှင်ပင်၊ တိုက်ပွဲ အတွင်း ဒဏ်ရာ ရခြင်းမှ၊ ရှောင်လွှဲ နိုင်မည် မဟုတ်ပေ။

အကယ်၍ နဂါး တံခါး ပြိုင်ပွဲတွင်၊ ပါဝင်ရန် ဆန္ဒ မရှိ ပါက၊ ယီဖန်းနှင့် တိုက်ခိုက်ခြင်း အတွက်၊ စိတ်ချ လက်ချ ပြုလုပ် နိုင်မည်။

သို့သော် ပါဝင်ရန် ဆုံးဖြတ် ပြီးနောက်၊ ဒဏ်ရာ အပြင်း အထန် ရရှိ ခြင်းဖြင့်၊ ကြီးစွာသော မတော် တဆ မှုများ၊ ဖြစ်လာ နိုင် လေသည်။

“ ငါက စိတ်မြန် လွန်းပါတယ်။ ”

အခြေ အနေကို နားလည် သွားပြီး၊ လင်းယွန်က ဝန်ခံ လိုက်၏။

“ သောက ဖြစ်မနေ နဲ့တော့။ ”

မင်းသမီးက တုန့်ပြန် လိုက်သည်။ သူ့ အသံတွင် ခံစားချက် တစိုး တစိမျှ ရှိမနေ ချေ။

“ မောင်လေး၊ မင်း နဂါး တံခါး ပြိုင်ပွဲမှာ ပါဝင်မယ် ဆိုတာ ငါသိတယ်၊ ဒီရက် တွေထဲ ဘယ်မှာ ကျင့်ကြံဖို့ ရည်ရွယ် ထားလဲ။ "

ရှင်းယန်က လင်းယွန်၏ အစီစဉ်ကို သိချင်နေ ခဲ့သည်။

" အဆုံးမဲ့ တောင်တန်းကို သွားမယ်၊ ငါ မထွက် ခွာခင် အစ်မကို လာတွေ့ဖို့၊ စဉ်းစား ထားပါတယ်၊ အခုလို ဒီမှာ အစ်မနဲ့ တွေ့ရ လိမ့်မယ် လို့တော့ မမျှော်လင့် ထားမိဘူး၊ ဒါကြောင့် ဒီ ကနေပဲ နှုတ်ဆက် ပါတယ်။ ''

" ကောင်းပြီ .... ဒါဆို ငါနဲ့ သခင်မ လေးက၊ လိုက်ပို့ ပေးမယ်။ "

" ဟီးဟီး ငါလည်း ဆန္ဒ ရှိတယ် ... "

လီဝူယုက ရယ်ကာ မောကာဖြင့်၊ စကား ဝိုင်းထဲ ဝင်ရောက် လာခဲ့၏။ ထို့နောက်တွင် သူတို့ လေးယောက်က၊ ကောင်းကင် ရင်ပြင်မှ ထွက်ခွာ လာခဲ့ ကြသည်။

အဆုံးမဲ့ တောင်တန်းသည် ဓားနန်းတော်၏ နောက်ဘက်တွင် ရှည်လျားစွာ တည်ရှိ နေသည်။

ဂိုဏ်းကြီး လေးဂိုဏ်းကို၊ ထိုတောင်တန်း ကြီးအား နောက်ခံ ပြုလျက်၊ ဖွဲ့တည် ထား သောကြောင့်၊ ကောင်းကင်ဘုံ ချင် နိုင်ငံတွင် အဆုံးမဲ့ တောင်တန်း ကြီးမှာ၊ ထင်ရှားသော တောင်တန်း တစ်ခု ဖြစ်လာ ခဲ့ပေသည်။

တောင်တန်းမှာ အဆုံး မရှိ ဖြစ်တည် နေပြီး၊ အင်ပါယာ များစွာကို ဖြန့်ကျက် ထား၏။ ထိုနေရာသို့ အကြိမ်ပေါင်း များစွာ ရောက်ထား ဖူးသောကြောင့်၊ လင်းယွန်က ၎င်းနေရာနှင့် ရင်းနှီး ပေသည်။

တောင်တန်း ကြီး၏ ဗဟို ဒေသတွင်၊ နက်နဲ အဆင့် နတ်ဆိုး သားရဲများ ကင်းမဲ့ နေပြီး၊ ခရမ်းရောင် နန်းတော် နယ်ပယ် နတ်ဆိုး သားရဲ များသာ၊ ကျက်စား နေတက်၏။

ထို့ပြင် ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ် နတ်ဆိုး သားရဲ များလည်း ရှိကြောင်း၊ ကောလ ဟာလ အချို့၊ ထွက်ပေါ် နေပေသည်။

တောင်တန်း အတွင်း၊ အဆိပ် ပြင်းသော မြူခိုး များဖြင့် ဖုံးလွှမ်း နေပြီး၊ ထိုမြူကို ကောင်းကင်ရှိ နေရောင်ခြည် များပင်၊ တိုးမပေါက် ခဲ့ပေ။

နေရောင်ခြည် များကြောင့်၊ တောင်တန်း အတွင်းမှ ပြည့်လျှံ လာသော အဆိပ် မြူများ အတွင်း၊ တောက်ပသော အရောင်များ ဖြစ်ပေါ် လာစေသည်။

၎င်းသည် သက်တံ့မြူ တစ်ခု ကဲ့သို့ ဖြစ်နေ ခဲ့ပြီး၊ အလွန် ထူးခြားသော ခံစား ချက်ကို ပေးစွမ်း နေပေ၏။

အဆုံးမဲ့ တောင်တန်း၏ နယ်နိမိတ် အစပ်သို့ ရောက်သည်နှင့်၊ သူတို့ လေးယောက်က ရပ်လိုက် ကြသည်။

လင်းယွန်အား သည်နေရာ မှသာ၊ လွှတ်ပေး လိုက်ပြီးနောက်၊ မကြာခင် နဂါး တံခါး ပြိုင်ပွဲ၌၊ ပြန်လည် တွေ့ဆုံ ကြမည် ဖြစ်သည်။

သို့သော် ဤသည်မှာ အဆုံးမဲ့ တောင်တန်း အတွင်းမှ၊ အသက် ရှင်လျက် ပြန်လည် ထွက်ခွာ၊ လာနိုင်မည့် အပေါ် မူတည် ပေ၏။

“ ဒီက နေပဲ နှုတ်ဆက် လိုက်ကြ ရအောင်၊ လိုက်ပို့ ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ ”

လင်းယွန်က နဂါးသွေး မြင်းပေါ်မှ၊ ခုန်ချ လိုက်ပြီး ဆိုသည်။

" သတိ ထားပါ၊ မင်းက ဗဟို နယ်မြေကို၊ သေချာပေါက် သွားမယ် ဆိုတာ ငါသိတယ်၊ ဒါပေမယ့် ခရမ်းရောင် နန်းတော် နယ်မြေက၊ နတ်ဆိုး သားရဲ တွေက မင်းကို၊ မျက်နှာလွှဲ မထား ဖူးဆိုတာ သတိ ရပါ။ "

ရှင်းယန်က လင်းယွန်ကို၊ စိုးရိမ် ပူပင် နေသော မျက်လုံး များဖြင့်၊ ကြည့် လိုက်သည်။

“ စိတ်မပူ ပါနဲ့ အစ်မ၊ ငါ မနိုင်ရင် တွေဝေ နေမှာ မဟုတ် ပါဘူး။ ''

လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ရှင်းယန် ထံမှ သူ ကွယ်ဝှက် ထားစရာ၊ မာန မရှိချေ။

“ အကိုကြီး၊ မင်းကို နဂါ တံခါး ပြိုင်ပွဲမှာ ငါစောင့် နေမယ်။ ”

လင်းယွန်မှာ အသက် ရှင်လျက် ပြန်လာ နိုင်မည်ဟု၊ လီဝူယုက ယုံကြည်သည်။

လင်းယွန်က ဖီးနစ် ပန်းကလေးကို တစ်ချက် ကြည့်လိုက်ပြီး၊ အချိန် အတော်ကြာ တုံ့ဆိုင်း သွားပြီးနောက်၊

“ သခင်မလေး၊ ငါနဲ့ သီးသန့် စကား ပြောလို့ ရမလား။ ”

ဟု မေးလိုက် လေသည်။

ဖီးနစ် ပန်းကလေးက တုန်လှုပ် သွားသော်လည်း၊ စကား တစ်ခွန်းမှ ပြန်မဖြေ ခဲ့ပေ။

သို့သော် ထိုစကားကို ကြားလိုက်သော၊ လီဝူယုက အံသြ သွားသည်။

" သခင်မလေး၊ ငါ့ရဲ့ ဂျူနီယာ မောင်လေးက ရိုးသားတဲ့ သူပါ၊ သူနဲ့ တစ်ယောက်ချင်း စကား ပြောရတာ အဆင်ပြေ ပါတယ်။ "

ရှင်းယန်က နှုတ်ခမ်း ကိုက်ကာ၊ ဖီးနစ် ပန်းကလေးအား တိုက်တွန်း လိုက်သည်။

“ ကောင်းပြီ ...... ”

ဖီးနစ် ပန်းကလေးက အတန် ကြာအောင် တွေဝေ နေခဲ့ ပြီးနောက်၊ ခေါင်းညိတ် လိုက်သည်။

ရှင်းယန်နှင့် လီဝူယုက ပြုံးရယ် လျက်ဖြင့်၊ နဂါးသွေး မြင်းကို ပုတ်ကာ၊ ထွက်ခွာ သွားနှင့် ကြသည်။ ထို့ကြောင့် လင်းယွန်နှင့် ဖီးနစ် ပန်းကလေးတို့ နှစ်ယောက်သာ ကျန်ရစ် ခဲ့တော့၏။

ဖီးနစ် ပန်းကလေးက၊ ရှင်းယန်တို့ ပျောက်ကွယ် သွားချိန် အထိ စောင့်ကာ၊ "ပြောပါ" ဟု ဆိုလိုက်သည်။

" သခင်မလေး၊ တောင်းပန် ပါတယ် ... "

စကားသံ နှင့်အတူ၊ ဖီးနစ် ပန်းကလေး၏ မျက်နှာ ပေါ်ရှိ ပုဝါကို ဖယ်ရှားရန်၊ လင်းယွန်က ရုတ်တရက် လက်လှမ်း လိုက်လေသည်။

***

All Chapters