← Chapters

နောက်ဆုံး လေ့ကျင့်ရေး ။

Vol. 31 Ch. 421

နောက်ဆုံး လေ့ကျင့်ရေး ။

Vol. 31 Ch. 421

ဖီးနစ် ပန်းကလေးက၊ ရှင်းယန်တို့ ပျောက်ကွယ် သွားချိန် အထိ စောင့်ကာ၊ "ပြောပါ" ဟု ဆိုလိုက်သည်။

" သခင်မလေး၊ တောင်းပန် ပါတယ် ... "

စကားသံ နှင့်အတူ၊ ဖီးနစ် ပန်းကလေး၏ မျက်နှာ ပေါ်ရှိ ပုဝါကို ဖယ်ရှားရန်၊ လင်းယွန်က ရုတ်တရက် လက်လှမ်း လိုက်လေသည်။

သူ၏ လုပ်ရပ် အတွက် အကျိုးဆက် များကို စဉ်းစား ထားပြီး ဖြစ်သည်။

နှလုံးသားကို တုန်လှုပ် လာစေသည့် သံသယ စိတ်များ စုစည်း လာခြင်းကြောင့်၊ အဖြေ ရရန် လိုအပ်သည်။ သို့မဟုတ် ပါလျှင် သူ ငြိမ်းချမ်း နိုင်မည် မဟုတ်ပေ။

မျက်ဝန်း များတွင် ရုတ်တရက် ထိတ်လန့် သွားဟန်များ ထွက်ပေါ်လာ သော်လည်း၊ ချက်ချင်းပင်၊ ပျောက်ကွယ် သွားခဲ့သည်။

အကြည့် များက စူးရှ နက်နဲ လာပြီး၊ နားမလည် နိုင်အောင် နက်ရှိုင်း သွား၏။ ခန္ဓာကိုယ် ကိုပင် အနည်ငယ် ယိမ်းနွဲ့ခြင်း မရှိဘဲ၊ လက်ကို ဆန့်ထုတ်ကာ၊ လင်းယွန်၏ လက်ကောက် ဝတ်ကို၊ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် လိုက်သည်။

" ဘယ်လိုတောင် မြန်လိုက် တာလဲ။ "

လင်းယွန်က အံ့သြ သွားသည်။ ဖီးနစ်ပန်းကလေးကို ဤမျှ မြန်လိမ့် မည်ဟု၊ ဘယ်သော အခါမှ မမျှော်လင့် ထားမိချေ။

လက်ကောက် ဝတ်ကို လှုပ်ခါပြီး၊ ဖီးနစ် ပန်းကလေး၏ ချုပ်ကိုင် မှုမှ လွတ်မြောက် စေကာ၊ ပိုးပုဝါထံ နောက်တစ်ကြိမ် လက်လှမ်း လိုက်ပြန်သည်။

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကြောင့်နောက်ကွယ်၌ ပုံရိပ်များ ထွက်ပေါ် လာကာ၊ လင်းယွန် အစစ် အတု ခွဲခြားရ ခက်လာ စေ၏။

" မင်းပြီး ပြီလား .... "

ဖီးနစ် ပန်းကလေး၏ မျက်လုံး များတွင်၊အေးစက်စက် အလင်းများ တောက်ပ လာပြီး၊သူ့ လက်ကို ဆန့်ထုတ် လိုက်၏။

ပုံရိပ်ယောင် များကို သွယ်လျသော လက်ကလေး တစ်ဖက်က အဆက် မပြတ် ဖြိုခွဲ ပြီးနောက်၊ လင်းယွန်၏ လက်ကောက် ဝတ်ကို ဆုပ်ကိုင် လာပြန်သည် ။

သို့သော် သူမ ဆုပ်မကိုင် ထားနိုင် ခင်မှာပင်၊ လင်းယွန်၏ လက်မှာ တုန်ခါ လာပြီး၊ မြွေတစ်ကောင် ကဲ့သို့၊ ဖီးနစ် ပန်းကလေး၏ ချုပ်ကိုင် မှုမှ၊ တိုးထွက် သွား၏။

အေးစက်သော အငွေ့ အသက် များကို၊ ဖီးနစ် ပန်းကလေး၏ လက်မှ ခံစား လိုက်ရ သောကြောင့်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လျက်၊ တုန်လှုပ် သွားရသည်။

တစ်ဖက် လူမှာ ဒေါသ ထွက်နေသည် ဖြစ်ရာ၊ ဆက်သွား လိုပါက နောက်ဆက်တွဲ အကျိုး ဆက်များ၊ ဆိုးရွား လာနိုင် မည်ကို၊ သူ သိသည်။ သို့သော် ယခု အချိန်၌ အရှုံး မပေးချင် သေးပေ။

ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး၊ ရွှေကျီးကန်း တံဆိပ်ကို အသက် သွင်း လိုက်၏။ လက်နှစ်ဖက်ကို ခွဲကာ လျှပ်စီးကြောင်း ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဖီးနစ် ပန်းကလေး ရှေ့ သူ ရောက်ရှိ သွားပြီး၊ ပိုးပုဝါကို ဆွဲကိုင် လိုက်ပြန်၏။

ဖမ်းမိ ခါနီးတွင် ပိုးပုဝါက လေထဲ တဖျပ်ဖျပ် ပျံသန်း သွားသည်။ ပုဝါစကို လွတ်သွား သောကြောင့်၊ သူ့လက်မှာ ဦးတည် ရာမဲ့ လှုပ်ခါ သွားပြီး၊ အကြည့် များက ဖီးနစ် ပန်းကလေး၏၊ ရင်ဘတ် နေရာထံ အရောက်တွင်၊ မျက်နှာ ပြောင်းသွားသည်။

ချက်ချင်းပင် ကိုးရိုး ကားရား နိုင်သော အခြေ အနေသို့ ကျရောက် သွား၏။ ထို့ကြောင့် ဖီးနစ် ပန်းကလေးက ဖမ်းဆုပ် ခြင်းမှ ရှောင်လွှဲရန်၊ ခေါင်းကို တိမ်း လိုက်ချိန်တွင်၊ သူ့လက်မှာ လည်တိုင် ထံသို့ ဦးတည် သွားလေသည်။

အရာ အားလုံးက မြန်ဆန် လွန်းပြီး၊ ပြန်လည် သတိ ရလာ ချိန်တွင်၊ ဤအနေ အထား၌ ရှိနေ ပြီဖြစ်သည်။

သို့သော် ဖီးနစ် ပန်းကလေးက ထိတ်လန့် ခြောက်ခြားခြင်း မရှိ သကဲ့သို့၊ ဒေါသလည်း မထွက် ခဲ့ပေ။ ထို့အစား အေးစက်သော မျက်ဝန်း များဖြင့်၊ 'ပြီးပြီ လား' ဟု ထပ်မေး လာခဲ့သည်။

အဆိုပါမေး ခွန်းကြောင့်၊ လန့်နိုး လာပြီး ခေါင်းကို အမြန် လွှဲကာ၊

" တောင်းပန် ပါတယ်၊ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ် ပါဘူး၊ ကျေးဇူး ပြုပြီး ငါ့အပြစ် တွေကို၊ ခွင့်လွှတ် ပေးပါ။ ”

လင်းယွန်က အလျင် အမြန် တောင်းပန် လိုက်ပြီး၊ စိတ်ဓာတ် ကျသွား၏။

ရင်ဘတ်ကို ကြည့်လျက်၊ အဝတ် အစားများ အပေါ်၊ စုပ်ဖြဲ ခံလိုက် ရသော သောကြောင့်၊ ဖီးနစ် ပန်းကလေး နေရာ၌ သူသာ ဆိုပါလျှင်၊ တောင်းပန် စကားများ အပေါ်၊ ယုံကြည် မိမည် မဟုတ်ပေ။

သို့သော် ဖီးနစ် ပန်းကလေးမှာ၊ ဒေါသ မထွက် ခဲ့သည့် အပြင်၊ လူသတ် လိုသော ဆန္ဒများ ကိုလည်း၊ ထုတ်ဖော်ခြင်း မရှိ ခဲ့ပေ။

ယင်းကြောင့် အံအားသင့် သွားပြီး၊ သံသယ ဝင်နေ ချိန် မှာပင်၊

“ နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ကောင်းကောင်း ပြင်ဆင်ပါ၊ မင်း ချန်ပီယံ မဖြစ်ရင်၊ ငါ့မျက်နှာ ဖုံးကို ဖယ်ဖို့ မပြောနဲ့၊ ငါ့ အနားတောင် ကပ်လို့ မရဘူး။ "

စကားဆုံး သည်နှင့်၊ ဖီးနစ် ပန်းကလေးက ကောင်းကင်သို့ ခုန်တက် သွားကာ၊ ကြိုးကြာငှက် တစ်ကောင် ကဲ့သို့၊ ပျံသန်း လိုက်၏။

မိုးကုတ် စက်ဝိုင်းကို ဖြတ်လျက်၊ ပျောက်ကွယ် မသွားမီ၊ တည်ကြည်သော အမူ အယာဖြင့်၊ လည်ပြန် လှည့်ကြည့် သွားခဲ့သည်။

မြင်ကွင်းမှ ပျောက်ကွယ် သွားသော မင်းသမီးလေး၏ ပုံရိပ်ကို ငေးကြည့် နေရာမှ၊ လက်ထဲရှိ အဝတ် ပြဲစကို ခေါင်းငုံ့ကာ၊ ကြည့်လိုက်သည်။

ရုတ်တရက် ခြေသံများ ထွက်ပေါ် လာသောကြောင့်၊ သူ့ အတွေးများ အနှောင့် အယှက် ဖြစ်ကုန်၏။

ပတ်ဝန်းကျင်၌ ဖီးနစ် ပန်းကလေးကို လှည့်ပတ် ရှာဖွေ ပြီးနောက်၊ ရှင်းယန်နှင့် လီဝူယုမှာ၊

'' သခင် မလေး ဘယ်ရောက် သွားလဲ' ဟု၊မေးမြန်း လိုက်ကြ လေသည်။

သို့သော် လင်းယွန်၏ လက်ထဲရှိ အဝတ်အစားထံ အကြည့်များ အရောက်တွင်၊

" ဒါ သခင်မ လေးရဲ့အဝတ် အစားပဲ။ "

ဟု လီဝူယုက ထအော်၏။

" မောင်လေး၊ ဘာဖြစ် တာလဲ။ "

ရှင်းယန်ပင် သံသယ ဝင်လာဟန် ရှိသောကြောင့်၊ ကူရာ ကယ်ရာ မဲ့စွာ ပြုံးပြီး၊ ပြန်ရှင်း ပြလိုက်သည်။

စကားဆုံး သည်နှင့် သူတို့ နှစ်ယောက်သား ထိတ်လန့် သွားခဲ့ပြီး၊

" အစ်ကိုကြီး၊ ငါမင်းကို အရမ်း လေးစားတယ်၊ မင်းက မင်းသမီး ကိုတောင် ချွတ်ဖို့၊ သတ္တိ ရှိနေ တာပဲ ဟား ဟား ဟား။ "

သို့သော် လင်းယွန် အပေါ်၊ အမြဲ လိုလို နောက်ပြောင်လေ့ ရှိသော ရှင်းယန်က၊ ရုတ်တရက် လေးနက်သော အမူအရာကို ထုတ်ဖော်လိုက်ကာ၊

" မောင်လေး၊ သခင်မလေး ဆီကနေ သတ်ပစ် လိုတဲ့ အငွေ့ အသက်ကို၊ မခံစား ရတာ သေချာ ရဲ့လား။ "

" အင်း သေချာ ပါတယ်။ "

လင်းယွန်က ထိုဆန္ဒ များကို၊ သူ မခံစား မိ သည်မှာ သေချာ လှကြောင်း၊ အလေး အနက်ထား ပြန်စဉ်းစား လိုက်သည်။

ထိုမှသာ ရှင်းယန်က သက်တောင့် သက်သာ သက်ပြင်း မှုတ်ထုတ် လိုက်ပြီး၊

" ဂျူနီယာ မောင်လေး နောင်မှာ အရမ်း စိတ်မြန် လက်မြန် မရှိ ပါနဲ့၊ သခင်မ လေးက မင်းမြင် သလောက် မရိုးရှင်း သလို၊ သူနဲ့ စကား ပြောခွင့် ရဖို့တောင်၊ လွယ်ကူတဲ့ သူ တစ်ယောက်လည်း မဟုတ် ပါဘူး၊ သူ က …”

ဖီးနစ် ပန်းကလေး အကြောင်းကို၊ ရှင်းယန်က ကြိုးစား ရှင်းပြလို သော်လည်း၊ စကား လုံးများ ရှာမတွေ့ ခဲ့ပေ။

" သူက ဘယ်လို လူလဲ၊ အစ်မ မင်းသူ့ကို သိလား။ "

လင်းယွန်၏ မေးခွန်းကို ပြန် မဖြေခင်၊ အချိန်အတော် ကြာအောင် စဉ်းစားနေ ပြီးနောက်၊

" အဲဒီ တုန်းက ငါ သိလိုက် ရတဲ့၊ ခံစား ချက်ကို ပြန်ပြော ရရင်၊ ငါ့ဘေးမှာ သူ တစ်ချိန်လုံး ရှိနေ ပေမယ့်၊ သူ့နဲ့ စကား ပြောတဲ့ အချိန်တိုင်း၊ ကောင်းကင် ကြီးနဲ့ ပြောနေရ သလို ခံစား နေရတယ်၊ ... သူ့ဆီ ကနေ အေးစိမ့်စိမ့် ခံစား ချက်တွေ၊ အမြဲ ရနေ တက်တယ်၊ သူကို မမြင် နိုင်ပါဘူး၊ … ''

'' .... ရှင်းရှင်း ပြောရရင် သူက အန္တရာယ် များတဲ့ သူ တစ်ယောက်ပဲ၊ အိမ်ရှေ့ မင်းသား တောင်မှ သူ့ကို ကြောက်ရွံ့ ရတယ်၊ သခင်မလေးက မင်းကို ဘယ်လိုပဲ မတူ ညီတဲ့ အမြင်နဲ့ ကြည့်နေ ပါစေ...၊ ငါတို့က ကမ္ဘာ တစ်ခု တည်းမှာ မဟုတ်ဖူး ဆိုတာကို သတိ ရပါ။ "

“ ဒီလို ခံစား ချက်မျိုး ငါ တစ်ယောက်တည်း ရနေတယ် ထင်ထားတာ၊ အစ်မကြီးလည်း ခံစား နေရ တာလား၊ သခင်မ လေးက တကယ်ကို နားမလည် နိုင်အောင် ပါပဲ၊ သူ့ အနားမှာ ရပ်လိုက်တိုင်း၊ အမည် မသိတဲ့ စိုးထိတ်မှု တစ်ခုကို၊ ခံစား နေရ တက်တယ်။ ”

လီဝူယုက ရှက်ရွံ့စွာ ဆိုလိုက်သည်။

" ငါလည်း အဲဒါကို ခံစားမိ ပါတယ်။ "

လင်းယွန်က သက်ပြင်း ချကာ ဆိုလိုက်ပြီး၊

" ဒါပေမယ့် သူက ငါ့ရဲ့ မိတ်ဆွေ တစ်ယောက်နဲ့ တူနေတယ်။ "

“ သူတော့ မဖြစ် နိုင်ပါဘူး၊ သခင်မ လေးက လူမြင်ကွင်း မထွက်တာ ငါးနှစ် ရှိပြီ၊ ပြီးတော့ မဟာချင် အင်ပါယာ ကနေ၊ ထွက်ခွာဖို့ ဆိုတာ မဖြစ် နိုင်ပါဘူး၊ ထွက်သွား ခဲ့ရင် တောင်မှ၊ မဟာချင် အင်ပါယာထက်၊ ပိုအား ကောင်းတဲ့ နေရာသာ ဖြစ်လိမ့်မယ်။ ''

ရှင်းယန်က ဖြစ်နိုင် ချေကို သုံးသပ် ပြလာသည်။

( ငါများ မှားနေ တာလား။ )

လင်းယွန်က သူ့ လက်ညိုးတွင်၊ ချည်နှောင် ထားသော ဖဲကြိုးကို ငုံ့ကြည့်ပြီး၊ နက်နဲစွာ တွေးတော နေမိသည်။ အဆုံးတွင် ထိုဖြစ်ရပ် များအား၊ မေ့ပစ်ရန် ဆုံးဖြတ် လိုက်၏။

သုံးယောက်သား ငြိမ်သက် နေစဉ် မှာပင်၊ ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။

ထိုပုံရိပ်၏ မျက်နှာအား မြင်လိုက် သည်နှင့်၊ သူတို့ အံ့သြ သွားကြ လေသည်။

၎င်းမှာ ဘိုင်လိရွှမ် ဖြစ်၏။ ရုတ်တရက် စဉ်းစား ဆင်ခြင် လိုက်ကြပြီး၊ ဤသည်မှာ အံသြ စရာ မဟုတ်ကြောင်း၊ သတိ ပြုမိ သွားသည်။

တံခါးပိတ် ကျင့်ကြံ ခြင်းကို ပြုလုပ်နိုင် သော်လည်း၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ နတ်ဆိုး သားရဲ များနှင့်၊ တိုက်ခိုက် ခြင်းသည်လည်း၊ ကောင်းမွန်သော လေ့ကျင့်မှု တစ်ခု ဖြစ်၏။

နဂါး တံခါး ပြိုင်ပွဲ မတိုင် မှီတွင်၊ အဆုံးမဲ့ တောင်တန်း အတွင်း၌၊ သူ၏ ခွန်အားကို တိုးမြင့် လိုပုံ ရသည်။

သူ့ အနေဖြင့် လင်းယွန်ကို မြင်လိုက် သောကြောင့်၊ ဆင်းသက် လာသည်မှာ ထင်ရှား၏။

အရှိန် အဝါက ယခင် ကထက်၊ ပိုမို အားကောင်း လာပြီး၊ အချိန် ကာလသည် သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားသော သူ့ အတွက်၊ မျက်နှာသာ ပေးနေ ပုံရသည်။

သို့သော် လက်ရှိ ခွန်အား အပေါ်၊ ကျေနပ်ခြင်း မရှိဘဲ၊ နတ်ဆိုး သားရဲ များကို အမဲ လိုက်ရန်၊ အဆုံးမဲ့ တောင်တန်းသို့၊ ထွက်ခွာ လာခြင်း ဖြစ်သည်။

ထိုကဲ့ သို့သော တစ်စုံ တစ်ယောက်မှာ၊ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ခွန်အားကို တောင့်တသော အရူး တစ်ယောက် ဖြစ်၏။

ဘိုင်လိရွှမ်က သတ်ဖြတ် လိုသော ဆန္ဒ များကို၊ ဖုံးကွယ် ထားခြင်း မရှိဘဲ၊ လင်းယွန်အား လှမ်းကြည့် လိုက်သည်။

လင်းယွန်မှာ မဟာချင် အင်ပါယာမှ မထွက် ခွာမီ၊ သူ သတ်ပစ် ရတော့မည့်၊ နှလုံးသား ထဲရှိ၊ နတ်ဆိုး တစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။

သို့မဟုတ် ပါလျှင်၊ ဘဝ တစ်လျှောက်လုံး အေးချမ်း လိမ့်မည် မဟုတ်ပေ။ ဆိုလို သည်မှာ အနာဂတ်တွင် သူတော်စင် ခန္ဓာကိုယ် ဖြင့်ပင်၊ အကန့် အသတ် ရှိသွား နိုင်မည် ဖြစ်၏။

" ဘိုင်လိရွှမ် မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ "

ရှင်းယန်က မျက်မှောင် ကြုတ်ကာ မေးလိုက်၏။

" စိတ်မပူ ပါနဲ့ ...၊ နဂါး တံခါး ပြိုင်ပွဲ မတိုင်ခင်၊ ငါ သူ့ကို မထိ ပါဘူး။ "

ဘိုင်လိရွှမ်က စကားကို ခဏ ရပ်ကာ၊ လင်းယွန်ကို အေးစက်စွာ ကြည့်လိုက်ပြီး၊

“ ဒီနှစ် နဂါး တံခါး ပြိုင်ပွဲမှာ၊ မင်း မပါဝင် ဖူးလို့ လူတွေက ပြောကြတယ်၊ ဒါပေမယ့် နဂါး တံခါး ပြိုင်ပွဲမှာ၊ ငါတို့ ရန်ငြိုး တွေကို ဖြေရှင်း မယ်လို့၊ ပြောခဲ့တဲ့ စကားကို၊ မင်း မှတ်မိ မယ်လို့ ငါမျှော်လင့် ပါတယ်၊ မင်းစိတ်တွေ မယိမ်း ယိုင်ပါ စေနဲ့။ ''

စကားဆုံး သည်နှင့် လျှပ်စီးလက် သကဲ့သို့၊ ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ အဆုံးမဲ့ တောင်တန်း အတွင်း တိုးဝင် သွားတော့၏။

ဘိုင်လိရွှမ်၏ အရိပ်ကို မမြင် လိုက်ရပဲ၊ တောင်တန်း အတွင်းမှ ထွက်ပေါ် လာသော၊ ဓားအရှိန် အဝါ ကိုသာ တွေ့မြင် လိုက်ရသည်။

ဗဟို နယ်မြေတွင်၊ ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ များကို တွေ့နိုင် သောကြောင့်၊ ဘိုင်လိရွှမ်၏ ရည်ရွယ် ချက်မှာ၊ ထိုနေရာသို့ ဦးတည် နိုင်ပေမည်။

လင်းယွန်၏ နှုတ်ခမ်း ပေါ်၌ အေးစက်သော အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊

“ လူတိုင်းက ငါ့ အသက်ကို၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ လိုချင် နေကြ ပုံရတယ်။ ”

ဟု ရေရွတ် လိုက်လေသည်။ ရှင်းယန်၏ မျက်နှာက ပြောင်းလဲ သွားပြီး၊

" ဂျူနီယာ မောင်လေး၊ ဒီဘိုင်လိရွှမ်က ဟိုတုန်း ကထက် စာရင်၊ ပိုကြောက်စရာ ကောင်းလာတယ်၊ ဒဿမ အဆင့်ကို အချိန် မရွေး တက်လှမ်း နိုင်တော့ မယ်လို့၊ ခံစား ရတယ်၊ ဒါက သူ့အလား အလာရဲ့၊ အဆုံး မဟုတ် နိုင်လောက်ဘူး။ ”

" အဲဒါ သူတော်စင် ခန္ဓာပဲ။ "

လင်းယွန်က ခေါင်းညိတ် လိုက်သည်။

" နဂါး တံခါး ပြိုင်ပွဲ မတိုင်ခင်၊ သူ့ အနေနဲ့ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေကို၊ ရောက်ခဲ့ ရင်တောင် ငါ အံ့သြ မိမှာ၊ မဟုတ် ပါဘူး။ "

လင်းယွန်၏ နှလုံးသား ထဲတွင်၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာခဲ့ပြီး၊ စိန်ခေါ်မှု များ အတွက်၊ စိတ်လှုပ်ရှား လာသည်။

သူတို့ နှစ်ဦးသာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါက၊ သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားသော ဘိုင်လိရွှမ် အနေဖြင့်၊ အသာစီး ရနိုင် သော်လည်း၊ သူ တွင်လည်း အံ့သြ စရာများ၊ ကျန်ရှိနေ သေးသည်။

သူ၏ ဝှက်ဖဲများ အားလုံးကို၊ ထုတ်ဖော် ပြီးခဲ့ သည်ဟု၊ လူတိုင်းက ယူဆ ခဲ့ကြ သော်လည်း၊ မဟာချင် အင်ပါယာ၏ အသန်မာ ဆုံးသော ပညာရပ် သုံးခု၊ ကျင့်ကြံ ထားကြောင်းကို၊ လူ အများက မေ့သွား ကြသည်။

လူတိုင်း မကြုံ မရွေးချယ် ဖူးသော လမ်းကြောင်း ပေါ်တွင်၊ လျှောက်လှမ်း နေခဲ့ကာ၊ ဒဏ္ဍာရီများ ဖန်တီး ခဲ့သူ ဖြစ်သည်၊ ထို့ကြောင့် သူ၏ အလား အလာကို၊ မည်သူမျှ ခန့်မှန်း နိုင်မည် မဟုတ်ပေ။

“ နောက်ကျ နေပြီ၊ ငါသွား တော့မယ်၊ မင်းသမီးနဲ့ ပတ်သက်ရင်၊ ကျေးဇူး ပြုပြီး ငါ့အတွက် လျှို့ဝှက် ထားပေးပါ။ ”

လင်းယွန်က နှုတ်ဆက် စကား ဆိုလိုက်၏။

" သတိ ထားပါ၊ ဝူယုနဲ့ အတူ .... နဂါး တံခါး ပြိုင်ပွဲမှာ၊ မင်းကို စောင့်နေမယ်။ "

ရှင်းယန်က စိုးရိမ် စိတ်ဖြင့်၊ ထပ်မံ မှာကြား လာ၏။

“ အကိုကြီး၊ ငါမင်းကို စောင့်နေမယ်၊ မင်းကိုသံသယ ဝင်နေတဲ့ သူတွေကို၊) ပါးစပ် ပိတ်ခိုင်း လိုက်ပါ။ ”

လီဝူယုက ထပ်လောင်း ပြောကြား လိုက်သည်။ သူတို့ နှစ်ဦး၏ အကြည့်များ အောက်တွင်၊ လင်းယွန်က နဂါးသွေး မြင်းပေါ် ခုန်တက်ကာ၊ အဆုံးမဲ့ တောင်တန်း အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

***

All Chapters