ဘေးကျပ် နံကျပ်။
Vol. 31 Ch. 422
“ နောက်ကျ နေပြီ၊ ငါသွား တော့မယ်၊ မင်းသမီးနဲ့ ပတ်သက်ရင်၊ ကျေးဇူး ပြုပြီး ငါ့အတွက် လျှို့ဝှက် ထားပေးပါ။ ”
" သတိ ထားပါ၊ ဝူယုနဲ့ အတူ .... နဂါး တံခါး ပြိုင်ပွဲမှာ၊ မင်းကို စောင့်နေမယ်။ "
“ အကိုကြီး၊ ငါမင်းကို စောင့်နေမယ်၊ မင်းကိုသံသယ ဝင်နေတဲ့ သူတွေကို၊ ပါးစပ် ပိတ်ခိုင်း လိုက်ပါ။ ”
သူတို့ နှစ်ဦး၏ အကြည့်များ အောက်တွင်၊ လင်းယွန်က နဂါးသွေး မြင်းပေါ် ခုန်တက်ကာ၊ အဆုံးမဲ့ တောင်တန်း အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
အဆုံးမဲ့ တောင်တန်း အတွင်း၊ တိုးဝင် နေသော နဂါးသွေး မြင်း၏ အဟုန်မှာ၊ ဘိုင်လိရွှမ် ထက်ပင် ပို၍ ပြင်းထန် ပေ၏။
လင်းယွန်က သူ့ ရောင်ဝါကို လွှတ်ထားရန် မလို အပ်ပေ။ နဂါးသွေး မြင်း၏ အရှိန်အဝါ ဖြင့်ပင်၊ အဆုံးမဲ့ တောင်တန်း အတွင်းရှိ၊ နတ်ဆိုး သားရဲ များကို ခြိမ်းခြောက် ရာ၌၊ လုံလောက် သည်ထက် ပိုနေ ခဲ့သည်။
လမ်းတစ်လျှောက် နတ်ဆိုး သားရဲ များမှာ၊ သူတို့အား ရှောင်ကွင်း သွားကုန် ကြသည်။
နက်နဲ နဝမ အဆင့်နှင့်၊ ဒဿမ အဆင့် နတ်ဆိုး သားရဲ များ ပင်လျှင်၊ နဂါးသွေး မြင်း၏ အငွေ့ အသက်ကို၊ ခံစား လိုက်ရ သောကြောင့်၊ ကြောက်ရွံ့ တုန်လှုပ် သွားသည်။
အဆုံးတွင်၊ ၎င်းတို့၏ နယ်မြေ အတွင်း၊ ဖြတ်ကျော် သွားသော၊ နဂါးသွေး မြင်းကို ရပ်ကြည့် နေခဲ့ ရပြီး၊ မလို လားသည့် ဟိန်းဟောက်သံ များသာ၊ ထုတ်လွှတ် နိုင်ခဲ့၏။
လျင်မြန်သော အဟုန်ကြောင့်၊ လေထုက ချွန်ထက်သည့် ဓားသွားများ ကဲ့သို့ မျက်နှာကို ရိုက်ခတ် နေပေသည်။ ၎င်းခံစား ချက်မှာပျံသန်း နေသော ငှက်နှင့် တူ၏။
အမြန်နှုန်းသည် 'လေးနက်သော ခြေလှမ်း ခုနစ် လှမ်း' ထက်၊ များစွာ ပိုမြန် ခဲ့ပြီး၊ ဓားငှက် များကို ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။
'' ............ ''
မြေပြင်မှာ ရုတ်တရက် တုန်ခါ လာပြီး၊ ပြင်းထန်သော ဟောက်သံများ ပဲ့တင် ထပ်လာ၏။
ယင်းကြောင့် သစ်ပင်များ ပြိုလဲ သွားသဖြင့်၊ မြင်းပေါ်ရှိ လင်းယွန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။
မကြာ ခင်မှာပင် သူတို့ ရှေ့၌၊ ရွှေကြွက် တစ်ကောင် ထွက်ပေါ် လာသည်။
ရွှေကြွက်၏ ကိုယ်ထည်မှာ၊ အမြင့် မီတာ သုံးဆယ်ကျော် ရှိပြီး၊ ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်လျှံ နေသော ကြွက်သားများ ဖုံးလွှမ်း နေပေသည်။
ဆိုလို သည်မှာ ဦးခေါင်း တစ်ခုလုံး၊ ရွှေရောင် အမွှေးများ ဖုံးလွှမ်း နေသော၊ ဆူဖြိုး နေသည့် ကြွက် တစ်ကောင်ဟု အဓိပ္ပါယ် ရ၏။
လင်းယွန်တို့ နှစ်ဦးမှာ၊ ၎င်း၏ နယ်မြေကို ကျူးကျော် ဝင်ရောက် လာသောကြောင့်၊ ဒေါသ ထွက်နေပုံ ရသည်။
ဒဿမ အဆင့် အရှိန် အဝါအား ထုတ်လွှတ်ကာ၊ မြေပြင်ကို ကုပ်ခြစ် ခြိမ်းချောက် လာလေသည်။
အဆိုပါ ကြွက်မှာ မတော် တဆဖြင့်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်လာခြင်း ဖြစ်ပေမည်။
ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် နေသော လက်သည်း ကုပ်ချက်ကို၊ လေထဲသို့ ထုတ်လွှတ် တိုက်ခိုက် လာခဲ့သည်။
နောက်ကွယ်ရှိ စွမ်းအားမှာ အလွန် အားကောင်း လှသဖြင့်၊ နဝမ အဆင့် နတ်ဆိုး သားရဲ များကိုပင်၊ ချက်ချင်း ထိုးဖောက် သတ်ပစ် နိုင်၏။
သာမာန် ကြွက် တစ်ကောင် ကဲ့သို့၊ ယူဆ နေမိ ပါက၊ ကြောက်စရာ ကောင်းသော သေခြင်းဖြင့်၊ သေဆုံး ရပေ လိမ့်မည်။
လင်းယွန်က ရှေ့သို့ မျှော်ကြည့် လိုက်ရာ၊ အဆုံးမဲ့ တောင်တန်း၏ ဗဟို ဒေသနှင့် မဝေး လှတော့ကြောင်း၊ သတိ ထားမိ လိုက်သည်။
ထိုအချိန်တွင် ရွှေကြွက်က ၎င်း၏ လက်သည်းကို ကုပ်ဆွဲ လာခဲ့ပြီး ဖြစ်၏။
“ ကောင်းလိုက်တာ .... ”
လင်းယွန်၏ နှုတ်ခမ်း ပေါ်တွင်၊ အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ နဂါးသွေး မြင်းပေါ်မှ ခုန်ချလျက်၊ လက်သီးများ တရစပ် ထုတ်လွှတ် လိုက်သည်။
ကြမ်းရှသော စွမ်းအင် များက၊ သူတော်စင် ဂီတ သံနှင့် အတူ ထွက်ပေါ် လာသည်။ ဆေးကြိုအိုး ငါးလုံး၏ ခွန်အားဖြင့်၊ ညီမျှသော စွမ်းအင် များက၊ ရွှေကြွက် လက်သည်းနှင့်၊ ထိပ်တိုက် တွေ့သွား၏။
'' ဘုန်း ...... ''
လင်းယွန်သည် ရွှေကြွက်နှင့် ယှဉ်ပါလျှင်၊ သေးငယ် လှသော်လည်း၊ သူ၏ လက်သီးက ကြီးမားသော ရွှေကြွက်ကို ပြန်လည် တွန်းထုတ် နိုင်ခဲ့သည်။
ထိုအချိန်တွင် နောက်ဆုတ် သွားသော ရွှေကြွက်က၊ အမြီးကို ကြာပွတ် တစ်ချောင်း ကဲ့သို့၊ ပတ်ရမ်း လိုက်လေသည်။ အမြီးဖြင့်လေထုအား ထိုးခွဲ လာသော အသံများ၊ မြည်ဟီး လာ၏။
" မင်း သေချင် နေတာပဲ။ "
လင်းယွန်က ဟစ်အော် လိုက်ပြီး အမြီးကို ဖမ်းဆွဲ လိုက်သည်။ တစ်ချိန်တည်း မှာပင်၊ ဒရာကိုဖီ ခန္ဓာ ကိုယ်ကို အသက်သွင်း လိုက်သည်နှင့်၊ သူ့ခန္ဓာ ကိုယ်မှာ ဖောင်းကား လာပြီး၊ ကြမ်းရှသော စွမ်းအင်များ ထွက်ပေါ် လာလေသည်။
ကြောက်စရာ ကောင်းသော စွမ်းအား များနှင့် အတူ၊ ရွှေကြွက်အား အမြီးမှ ဆွဲကာ၊ ကိုင်ပေါက် ပစ်လိုက်၏။
" ... စိတ်မကောင်း ပါဘူး၊ ရော့ ... မင်းအတွက်။ "
ကိုင်ပေါက် ခံရသော ရွှေကြွက်မှာ၊ သူ့ လမ်းကြောင်း ပေါ်ရှိ၊ သစ်ပင် ကြီးငယ် များစွာကို သူ့ခန္ဓာ ကြီးဖြင့်၊ တွန်းတိုက် လှဲပစ် လိုက်သည်။
ရွှေကြွက်သည် ဒဿမ အဆင့်တွင် ကြောက်မက်ဖွယ် ကောင်းသော သားရဲ ဖြစ်ပြီး၊ ခရမ်းရောင် နယ်မြေသို့ ရောက်လု နီးနီး၊ ခွန်အားမျိုး ပိုင်ဆိုင် ထားပေသည်။
သို့သော် ယင်းမှာ လင်းယွန် အတွက်၊ စိန်ခေါ်မှု မဟုတ် ခဲ့ပေ။ ရွှေကြွက်ကို ပစ်လွှတ်လိုက် ပြီးနောက်၊ 'လေးနက်သော ခြေလှမ်း ခုနစ် လှမ်း' ကို ထုတ်ဖော် လိုက်ပြီး၊ တောထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။
ရွှေကြွက်နှင့် အချိန် မဖြုန်း လိုတော့ပေ။
'' ဟီး....ဟစ် ဟစ် ''
ရွှေကြွက်က မြေပြင်ပေါ်၊ ကိုင်ပေါက် ခံလိုက်ရ ရာမှ၊ ပြန်ထ ရပ် လိုက်ချိန်တွင်၊ နဂါးသွေး ပါသော မြင်း တစ်ကောင်က၊ သူ့အား ကြည့်လျက် လှောင်ပြောင် ရယ်မော နေသည်ကို၊ တွေ့လိုက် ရသည်။
ရွှေကြွက်က ဝေခွဲ မရ ဖြစ် နေချိန် မှာပင်၊ နဂါးသွေး မြင်း၏ ခွာဖြင့်၊ နင်းချေခြင်း ခံလိုက် ရ၏။
'' ကျိ ... ကျွီး ကျိ .... ''
နာကျင်စွာ အော်ဟစ် ငိုကြွေးသံ နှင့်အတူ၊ မြေပြင် ပေါ်သို့ ပြန်လဲ ကျသွား၏။
အဝေး ဆီသို့ ရောက်ရှိ သွားသော လင်းယွန်က၊ ထိုအသံကို ကြား သည်နှင့်၊ ပြုံးလိုက်သည်။
မကြာခင် မှာပင် ရွှေကြွက် အနေဖြင့်၊ ပြိုင်ဘက်ရွေး မှားယွင်း သွားကြောင်း၊ သိရှိ လာပေ လိမ့်မည်။
နဂါးသွေး မြင်းထက် သူ့ကို တိုက်ခိုက် ရသည်မှာ၊ ပို၍ သက်သာမည် ဖြစ်၏။
တရွေ့ရွေ့တိုးဝင် လာနိုင် သည်နှင့် အမျှ၊ လင်းယွန်၏ မျက်နှာမှာ၊ လေးနက် လာ၏။
သူ့ခေါင်း ထက်၌ အဆုံးမဲ့ တောင်တန်း ကြီး၏၊ ဗဟို ဒေသ အရိပ် အယောင် ဖြစ်သော၊ အဆိပ် မြူများ တစ်စွန်း တစ်စ၊ ရစ်သိုင်း နေပေသည်။
ကြာမိစ္ဆာ နယ်မြေသို့ သွားသည့် အချိန်တွင်၊ သည်နယ် မြေအား ဖြတ်သန်း ခဲ့ဖူး သောကြောင့်၊ သူနှင့် သိပ်မစိမ်း လှပေ။
အဆိပ်မြူ အတွင်းသို့ မတိုးဝင် နိုင်ခင် မှာပင်၊ ကျောရိုး တစ်လျှောက် စိမ့်တက် လာသော အငွေ့ အသက်များ၊ ခံစား လိုက်ရ လေသည်။
ဗဟို နယ်မြေ အတွင်း၌၊ နတ်ဆိုး သားရဲများ သိပ် မရှိပေ၊ ရှိနေ ကြသည့် သားရဲ များမှာ၊ အုပ်စိုးရှင် အဆင့် များသာ ဖြစ်လေသည်။
လင်းယွန် အနေဖြင့်၊ သူ၏ စွမ်းရည် အားလုံးကို ထုတ်လွှတ် လိုပါက၊ ကန့်သတ် ချက်များ ဆီသို့၊ ထပ်မံ တွန်းပို့ ရမည် ဖြစ်သည်။
လူတိုင်က သူ့တွင် ဝှက်ဖဲ များ၊ အကုန် အစင် ထုတ်ဖော် ပြသ ထားခဲ့ ပြီဟု၊ ယူဆ နေကြ သော်လည်း၊ လင်းယွန် အမြင်၌ စစ်မှန်သော ကျွမ်းကျင်များ အတွက်၊ ပြိုင်ဘက် များကို အနိုင် ယူရန်၊ ဝှက်ဖဲများ မလို အပ်ပေ။
လေးနက်သော ခြေလှမ်း ခုနစ်လှမ်း၊ ကျား- နဂါး လက်သီး၊ ဒရာကိုဖီ တိုက်ပွဲ ခန္ဓာကိုယ် နှင့်၊ လရောင် ရေစင် ဓား တို့ကို ထပ်မံ တူးဖော်ရန်၊ အလား အလာ များစွာ ရှိနေ သေးသည်။ ဝှက်ဖဲ အဖြစ် မဟာ လေဟုန် ကျမ်းပင် ရှိ၏။
လွင့်မျော နေသော ရေခွက် လေးက၊ ဗုဒ္ဓ အဆုံး အမ များကို နားမလည် ပါက၊ မိုးကောင်းကင် တံဆိပ် အပေါ် နားလည်ရန်၊ နည်းလမ်း မရှိဟု ဆိုသည်။
သို့သော် နတ်ဆိုး အမြတ်ပြတ် သုတ်သင်ခြင်း တံဆိပ်ကို၊ 'နတ်ဆိုး သုတ်သင်ခြင်း ဓား' အဖြစ်၊ ဖွဲ့စည်း ထားခဲ့ ပြီမို့၊ အခြေခံ အားဖြင့် မိုးကောင်းကင် တံဆိပ် အပေါ်၊ ဆုပ်ကိုင် နိုင်မည် ထင်သည်။
အကယ်၍ မိုးကောင်းကင် တံဆိပ်ကို၊ ဖွဲ့စည်း ယူရာတွင် အောင်မြင် သွားပါက၊ တံဆိပ် လေးခုအား ပေါင်းစပ် နိုင်မည် ဖြစ်၏။
ထိုအချိန်တွင် သူ၏ ကျား-နဂါး လက်သီး တစ်ခု တည်းဖြင့်ပင်၊ မဟာချင် အင်ပါယာ တခွင်ကို၊ တုန်လှုပ် သွားစေ နိုင်မည်။
မကြိုး စားလျှင် ရလဒ်ကို၊ မည်သူမှ ခန့်မှန်း နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အဆုံးမဲ့ တောင်တန်း၏၊ ဗဟို ဒေသသို့ ဝင်ရောက်ရန် တုံ့ဆိုင်း ခဲ့ခြင်း၊ မရှိခြင်း ဖြစ်သည်။
“ ဘယ်လောက်တောင် သိပ်သည်း လိုက်တဲ့ ဝိညာဉ် စွမ်းအင် တွေလဲ။ ”
ဗဟို နယ်မြေသည်၊ အုပ်စိုးရှင် နတ်ဆိုး သားရဲ များ၏ နယ်မြေ ဖြစ်ရန်၊ အမှန် တကယ် ထိုက်တန်၏။
ဤနေရာရှိ ဝိညာဉ် စွမ်းအင်၏ သိပ်သည်း ဆမှာ၊ ဓားနန်းတော် ထက်ပင် ပိုမို ပေါကြွယ်ဝ ပေသည်။
နက်ရှိုင်းသော နယ်မြေသို့ မသွားမီ၊ ဦးစွာ ဦးတည်ချက် တစ်ရပ်ကို ချမှတ် လိုက်သည်။
နောက်ဆုံးတွင် သူ့ ဝန်းကျင်၌၊ ကြောက်မက်ဖွယ် ကောင်းသော၊ အရိပ် အယောင်များ ခံစား လိုက်ရ ချိန်မှသာ၊ ရပ်တန့် လိုက်မိသည်။
ဆိုလို သည်မှာ ဤနေရာ၌၊ နတ်ဆိုး သားရဲ များ၏ ဆုံရပ် ဖြစ်၏။ အခြား နေရာ များထက် သစ်ပင်များ ပိုမို များပြီး၊ အကိုင်း အခက် များမှာ၊ ထူးခြားသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပေါက်ရောက် နေကြ ပေသည်။
ကြီးမားသော ဖိအားဖြင့်၊ ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ လင်းယွန်၏ မျက်နှာမှာ ဖြူဖျော့ သွားသည်။
" ဒီ မှာ ပဲ ။ "
ရုတ်တရက် ခြေထောက် နှစ်ချောင်းကို ချိတ်ကာ ထိုင်ချ လိုက်သည်။ အန္တရာယ် အောက်တွင် မိုးကောင်းကင် တံဆိပ်ကို နားလည်ရန် သူ့ကိုယ်သူ တွန်းအား ပေးချင် ခဲ့သည်။
ဤနေရာ၌ သတိ မပြု မိပါက၊ ခရမ်းရောင် နန်းတော် နယ်မြေ သားရဲ များကြောင့်၊အပိုင်းပိုင်း ကွဲသွား နိုင်မည်။
အချိန် ကြာလာ သည်နှင့် အမျှ အနီး နားရှိ၊ ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ များက၊ လင်းယွန်ကို သတိ ပြုမိ သွားပြီ ဖြစ်သည်။
သို့သော် ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးမှာ၊ လူသား များနှင့် နှိုင်းယှဉ် နိုင်၏။
သူတို့၏ မျက်လုံးများ ထဲတွင်၊ လင်းယွန်သည် အိမ်တံခါး ဝသို့ ရောက်လာသော၊ နေ့လည်စာ တစ်ခု ဖြစ်သည်။
ထိုနေ့လည် စာသည် ဆူဖြိုး နေသော ဟင်းလျာ ဖြစ်သော်လည်း၊ ၎င်းမှာ သူတို့ လေးကောင်၏ ပိုင်နက် အသီးသီး နယ်စပ်တွင် ရှိနေ ပေသည်။
ဆိုလို သည်မှာ သူတို့ ထဲရှိ၊ တစ်ကောင် ကောင်သာ၊ ဦးစွာ လှုပ်ရှား မိပါက၊ ကျန်ရှိ နေသော သုံးကောင်ကို၊ အခွင့် အရေးများ ဖန်တီး ပေးမိမည် ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ ရဲတင်းစွာ လှုပ်ရှားလာ ဝံ့ခြင်း မရှိပေ။
မိုးကောင်းကင် ဆိုသည်မှာ၊ သဘာဝ အတိုင်း ကောင်းကင် ဘုံကို ရည်ညွှန်း သော်လည်း၊ ဗုဒ္ဓ အယူ ဝါဒတွင် ထိုကောင်းကင် ဘုံကို၊ နတ်ဘုရား များနှင့်၊ ထာဝရ နတ်ဘုရားများ ( ဗြဟ္မာ ကြီးများ) ရှင်သန်ရာ အဖြစ် ရည်ညွှန်း၏။
ဗုဒ္ဓ အဆို အရ ကောင်းကင်တွင် ကောင်းကင်ဘုံ သုံးဆယ့် သုံးပါး ရှိသည်။
ဆိုလို သည်မှာ မိုးကောင်းကင် တံဆိပ်သည်၊ အဆိုပါ ကောင်းကင်ဘုံ၊ သုံးဆယ့် သုံးပါး၏ နက်နဲမှုကို နားလည် သဘော ပေါက်ရန် ဖြစ်၏။
ထို့ကြောင့်ပင် လွင့်မျော နေသော ရေခွက်က မိုးကောင်းကင် တံဆိပ်ကို ဆုပ်ကိုင်ရန်၊ ဦးပြည်း တုံးရ မည်ဟု ဆိုရ ခြင်းပင်။
သို့သော် သူ၏ ဓားဖြင့်၊ နတ်ဆိုး များကို အနိုင် ယူနိုင် ခဲ့သောကြောင့်၊ ကောင်းကင် ဘုံများ အစား၊ ဓားဖြင့် အဘယ့်ကြောင့် မဖန်တီး နိုင်စရာ မရှိပေ။
ကြီးမားသော ဖိအား အောက်တွင် သတိ ကြီးစွာ ထားနေ ရသည်။ စက္ကန့်ပိုင်း အတွင်း သေခြင်း တရားကို ရင်ဆိုင် ရနိုင် သောကြောင့်၊သူ၏ နားလည် မှုကို အမိ အရ၊ ဖမ်းယူ နေမိ၏။
သတ်ဖြတ်ခြင်း ရောင်ဝါများ၊ တစ်ခါ တစ်ရံထွက်ပေါ် လာတက် သော်လည်း၊ ယင်းကို ဓားရည်ရွယ် ချက်ဖြင့်၊ ထိန်းထား နိုင်ခဲ့ လေသည်။ ဤနည်းဖြင့် ဓားရည်ရွယ် ချက်မှာ၊ အကျိုးရှိ လာပြန်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သုံးရက် ကုန်ဆုံး သွားသည်။ သို့သော် လင်းယွန် အတွက်မူ၊ နှစ်ပေါင်း များစွာ ကြာညောင်း နေပြီဟု ခံစား လိုက်ရသည်။
အဝေး တစ်နေရာရှိ သစ်ပင် တစ်ပင် ပေါ်တွင်၊ လင်းယွန်ကို မွတ်သိပ်စွာ စိုက်ကြည့် နေသော မျက်ဝန်း တစ်စုံ ရှိနေသည်။
ထိုမျက်ဝန်း ပိုင်ရှင်မှာ ဒဿမ အဆင့်သို့၊ ရောက်ရှိ သွားသော ဘိုင်လိရွှမ် ဖြစ်၏။
သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင်ထား ပြီးနောက်၊ အမှန် တကယ် ပါရမီရှင် ဖြစ်ထိုက် လေသည်။
သူ့ အနေဖြင့် နဝမ အဆင့်တွင် ရှိစဉ် ကပင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း သိုင်းသမား များကို၊ ရင်ဆိုင်နိုင် နေပြီ ဖြစ်ရာ၊ ယခု အချိန်တွင်မူ ဆိုဖွယ်ရာ မရှိ တော့ချေ။
" ဒီကောင် ဘာလုပ် နေတာလဲ"
အဆုံးမဲ့ တောင်တန်း အတွင်းသို့၊ ဝင်ရောက် လာစဉ် ကပင်၊ လင်းယွန်ကို အနီးကပ် စောင့်ကြည့် နေမိသည်။
နတ်ဆိုး လေးကောင်၏ ပိုင်နက် နယ်နိမိတ် ပေါ်တွင် ထိုင်ချ လိုက်ချိန်၌၊ လူမိုက် တစ်ယောက် အဖြစ်၊ တွေးယူ လိုက်မိ သော်လည်း သုံးရက် ကြာပြီးနောက်၊ လင်းယွန်က အသက်ရှင် နေဆဲ ဖြစ်သည်။
“ ဖြစ် နိုင် မ လား … ”
ဘိုင်လိရွှမ်က အတွေး ပေါက်မိ သွား သဖြင့်၊ ထိတ်လန့် သွားသည်။ ပြီးနောက် လျင်မြန်စွာ သဘော ပေါက်သွား၏။
အလား အလာကို မြှင့်တင်ရန်၊ အန္တရာယ် ကြား၌ ဖိအားပေး လိုခြင်း ဖြစ်နိုင်သည်။ သိပ်မကြာခင် မှာပင်၊ လင်းယွန် တစ်ယောက် သူ့ သေတွင်း သူတူး နေကြောင်း၊ အတွေးပေါက် မိကာ အေးစက်သော အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာ၏။
ယင်းကို တွေးမိ သည်နှင့်၊ ဘိုင်လိရွှမ်၏ နှလုံး သားမှာ အေးချမ်း သွားသည်။
လင်းယွန် တစ်ယောက်၊ နယ်စပ် စည်း ပေါ်တွင် ရှိနေသော ကြောင့်သာ၊ နတ်ဆိုး သားရဲ များက အချင်းချင်း ကန့်သတ် ထားပြီး၊ မည်သူမျှ မလှုပ်ရှား ရဲခြင်း ဖြစ်သည်။
သို့သော် နတ်ဆိုး သားရဲ များ၏၊ စိတ်ရှည် သည်းခံ မှုများ ကုန်ဆုံး သွားသည့် အခိုက်တွင်၊ လင်းယွန်မှာ သေဆုံး သွားရ ပေ လိမ့်မည်။
ဖြစ်နိုင်ချေ အရှိ ဆုံးမှာ၊ နတ်ဆိုး လေးကောင်၏ တိုက်ခိုက် မှုကို၊ တစ်ချိန်တည်း ရင်ဆိုင် ရနိုင်၏။
သူ သည်ပင် ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ၊ နတ်ဆိုး သားရဲ များနှင့် ရင်ဆိုင် နိုင်သော်လည်း၊ သားရဲ လေးကောင်ကို တစ်ပြိုင် နက်တည်း၊ ရင်ဆိုင် ရန်မူ မစွမ်း နိုင်ပေ။
အဆုံးမဲ့ တောင်တန်း၏ ဗဟို နယ်မြေတွင်၊ ကျင့်ကြံရန် သတ္တိရှိ သော်လည်း၊ သေခြင်း တရားဖြင့် ရင်ဆိုင် ရသည် အထိ၊ သူ့ကိုယ်သူ ဖိအား မပေး လိုသည်မှာ သေချာ၏။
" မင်း ဘယ်လို သေလဲ ငါကြည့် ရအောင် ... "
ဘိုင်လိရွှမ်မှာ စိတ်လှုပ်ရှား သွား၏။ သူ့ အမြင်တွင် လင်းယွန်မှာ၊ သေလူ ဖြစ်နေပြီ ဖြစ်သည်။
***