← Chapters

တစ်ဖက်သတ် ပြိုင်ဆိုင်ခြင်း။

Vol. 31 Ch. 423

တစ်ဖက်သတ် ပြိုင်ဆိုင်ခြင်း။

Vol. 31 Ch. 423

အဆုံးမဲ့ တောင်တန်း၏ ဗဟို နယ်မြေတွင်၊ ကျင့်ကြံရန် သတ္တိရှိ သော်လည်း၊ သားရဲ လေးကောင်ကို တစ်ပြိုင် နက်တည်း ရင်ဆိုင်ကာ၊ သေခြင်း တရားဖြင့် ရင်ဆိုင် ရသည် အထိ၊ သူ့ကိုယ်သူ ဖိအား မပေး ရဲပေ။

" မင်း ဘယ်လို သေလဲ ငါကြည့် ရအောင် ... "

ဘိုင်လိရွှမ်မှာ စိတ်လှုပ်ရှား သွား၏။ သူ့ အမြင်တွင် လင်းယွန်မှာ၊ သေလူ ဖြစ်နေပြီ ဖြစ်သည်။

ဘိုင်လိရွှမ် အတွေးမှာ မှန်ပေ၏။ နတ်ဆိုး သားရဲ များ၏ စိတ်ရှည် သည်းခံ မှုမှာ၊ အကန့် အသတ် ရှိသည်။

သူ ထွက်သွားပြီး နာရီဝက် အကြာတွင် တောအုပ် အတွင်း ကျယ်လောင်သော ဟောက်သံ တစ်သံ၊ ပဲ့တင် ထပ် လာ၏။

ကြက်သွေးရောင် အမွှေးနှင့် မျက်လုံးများ၊ ပါရှိသော ခြေတံရှည် သားရဲ တစ်ကောင် ဖြစ်သည်။

ထိုသားရဲမှာ ကျားတစ်ကောင် ကဲ့သို့၊ အဆင်း သဏ္ဍာန် ရှိနေပြီး၊ ချွန်ထက်သော အစွယ်နှင့် ခြေသည်း များကို၊ ဆန့်ကား ပြလာ၏။

တစ်ချိန် တည်းမှာပင် နောက်ထပ် ဟောက်သံနှစ်သံ၊ ထပ်မံ ထွက်ပေါ် လာ ပြန်သည်။ အခြားသော သားရဲ နှစ်ကောင်၊ ထပ်မံ ရောက်ရှိ လာခြင်း ဖြစ်ပြီး၊ မျက်ကွယ် အရပ် ဆီမှ သုံးကောင်သား၊ ငြိမ်သက်စွာ စိုက်ကြည့် လာ၏။

နောက်ဆုံးသော နတ်ဆိုး သားရဲက၊ အတော်ပင် လိမ္မာ ပါးနပ် ခဲ့ပြီး၊ ယခု အချိန်၌ မလှုပ် ရှားရန် ရွေးချယ် ခဲ့သည်။

၎င်းမှာ ရည်ရွယ် ချက်မှာ၊ လင်းယွန် သာ မဟုတ်ပေ။ အခြားသော နတ်ဆိုး သားရဲ သုံးကောင် ကိုပင်၊ သူ၏ ပစ်မှတ် အဖြစ် သတ်မှတ် ထားခြင်း ဖြစ်သည်။

နတ်ဆိုး သားရဲ သုံးကောင်က၊ နှုတ်ခမ်း များကို သပ်လိုက်ပြီး၊ ရက်စက်သော အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်၏။

တမဟုတ် ချင်းမှာပင်၊ နတ်ဆိုး သုံးကောင်၏ စွဲချက် အောက်၌ မြေပြင်က၊ တုန်ခါ လာလေသည်။

ထိုင်လျက် ကျင့်ကြံ နေဆဲ ဖြစ်သော၊ လင်းယွန်က ဓားရောင်ဝါ ထုတ်ဖော်ကာ၊ သားရဲ သုံးကောင်၏၊ နတ်ဆိုး အရှိန် အဝါကို ခုခံ ကာကွယ် လိုက်သော်လည်း၊ အရိုးများ လန့်ဖျပ် သွားပြီး၊ ချက်ချင်းပင် ကွဲအက် လာကုန်၏။

မကြာမီ သူ၏ ခန္ဓာ ကိုယ်မှာ၊ ကြီးမားသော ဖိအား အောက်၌၊ စတင် ပုံပျက် လာသည်။ အကယ် ၍သာ ဒရာကိုဖီ နည်းစနစ်ကို ကျင့်ကြံ ထားခြင်း မရှိ ပါက၊ အသားပုံ အဖြစ် ပြောင်းလဲ သွားမည် ဖြစ်သည်။

လင်းယွန် အတွက်မူ ထို့သို့ ဖြစ်သွားခြင်း မရှိဘဲ၊ နဖူးမှ ချွေးများသာ စီးကျ လာ၏။

နားထဲတွင် နတ်ဆိုး သားရဲ များ၏ ဟောက်သံ များ ရစ်ဝဲလာ ချိန်တွင်၊ လက်ရှိ အခြေ အနေ အပေါ်၊ နားလည်ရန် မျက်လုံးများ ဖွင့်စရာ မလို ခဲ့ပေ။

သေခြင်း တရား။

၎င်းအား ရင်ဆိုင် လိုက်ရသည်နှင့်၊ ခွန်အားကို အကန့် အသတ် အထိ၊ တွန်းထုတ် လိုက်ပြီး၊ အခင်း ဖြစ်ရာ နေရာ တစ်ဝိုက်၊ စိတ် အာရုံ ဖြန့်ကျက် လိုက်သည်။

ကျားရိုင်း လက်သီး (၁၈)ကွက်၊ မပြည့်စုံသော ကျားနဂါး လက်သီးနှင့်၊ လွင့်မျော နေသော ရေခွက်၏၊ ပြီးပြည့် စုံသော ကျား-နဂါး လက်သီး တို့က၊ သူ့စိတ် ထဲတွင် မြင်ကွင်းများ အဖြစ် စတင် လင်းလက် လာ၏။

နတ်ဆိုး သုံးကောင်က မတူ ညီသောလမ်းကြောင်း သုံးသွယ်မှ၊ ချဉ်းကပ် လာသည် နှင့်အမျှ၊ လင်းယွန် အနေဖြင့်၊ ရှင်သန်ရန်၊ ခက်ခဲ လာမည် ဖြစ်သည်။

မီတာ တစ်ထောင်၊ မီတာ ရှစ်ရာ၊ မီတာ ငါးရာ၊ မီတာ လေးရာ၊ မီတာ သုံးရာ ...

နတ်ဆိုး သားရဲ သုံးကောင်၏ အမြင်၌၊ လင်းယွန်ကို ဆူဖြိုး နေသော၊ အမဲကောင် တစ်ကောင် အဖြစ် ထင်မှတ် လာပြီး၊ ပြုံးရယ် လိုက်ကြ၏။

လင်းယွန် ထံမှ ထွက်ပေါ် လာသော အားမာန်သည်၊ သူတို့ အတွက် အရသာမွန် တစ်ခု ဖြစ်သည်။

တစ်ချိန်တည်း မှာပင် လင်းယွန်၏ စိတ်ထဲတွင်၊ ပုံရိပ်များ အထပ်ထပ် လင်းလက် လာပြီးနောက်၊ မှန်တစ်ချပ် ကဲ့သို့ ကွဲအက် ကုန်ကာ၊ အရာ အားလုံး ပျောက်ကွယ် သွားတော့၏။

နဂါးနှင့် ကျားမှာ စိတ်တွင်၊ မထွက် ပေါ်လာ သကဲ့သို့ ပျောက်ကွယ် သွားကာ၊ ဓားဖြင့် အစား ထိုးလာ ချိန်တွင်၊ မီတာ တစ်ရာ အကွာ၌ ရှိနေသော၊ နတ်ဆိုး သားရဲ သုံးကောင်ထံ၊ ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့် လိုက်သည်။

မျက်ဆန် အတွင်း၊ အနက်ရောင် ဓားတစ်လက် လင်းလက် လာပြီး၊ မကြာမီ ဓားသုံးဆယ် သုံးချောင်း အဖြစ်၊ ကွဲထွက် သွား၏။

နတ်ဆိုး သားရဲ သုံးကောင်ကို ကြည့်နေသည့် လင်းယွန်၏ မျက်နှာတွင်၊ လေးနက်သော အမူ အရာများ ဖြစ်ပေါ် လာကာ၊ မိုးကောင်ကင် တံဆိပ်ကို စတင် ဖွဲ့စည်း လိုက်သည်။

မူလ စွမ်းအင်နှင့် ဖွဲ့စည်း ထားသော ဓားသုံး ဆယ့် သုံးစင်းက၊ လင်းယွန်၏ နောက်တွင် ပေါ်လာပြီး၊ ပန်ကာ အသွင် အဖြစ်၊ လှည့်ပတ်နေ ပေ၏။

တစ်ချိန်တည်း မှာပင် ပျံ့ကျဲ နေသော ဓားအရှိန် အဝါ များကို၊ လင်းယွန်က သိပ်သည်း စေလိုက်သည်။

အရှိန် အဝါများ ကျစ်လစ် လာသည်နှင့် အမျှ၊ အမှောင် ထဲတွင် အလင်း စက်ကလေး တစ်စက်လို လင်းလက် လာသည်။

မိုးကောင်းကင် တံဆိပ်၏ အဆုံး မရှိသော ဓားရောင်ဝါ အောက်၌၊ နိဗ္ဗာန် မြင်လိုက် ရ၏။

( အချိန်နှင့် အာကာသ ဟူသော၊ ဒိုင်မေးရှင်း နှစ်ရပ်ကို ကျော်လွန်ကာ၊ ငြိမ်းအေး ခြင်းအား ရရှိ နေသည်ဟု၊ ဆိုလို ပေသည်။

ဆိုလို သည်မှာ အချိန်များ ရပ်တန့် သွားပြီး၊ သူ၏ ဖြစ်တည် မှုကို ပျောက်ဆုံး သွားခြင်းဖြစ်၏။ t.k )

အရှိန် အဝါကြောင့် နတ်ဆိုး သားရဲ သုံးကောင်ကို၊ နောက်ပြန် ဆုတ်သွား ချိန်တွင်၊ ဓားသုံးဆယ့် သုံးလက်က စတင် တုန်ခါ လာကာ၊ ဓား ရည်ရွယ် ချက်များ ထွက်ပေါ် လာ၏။

သူ့ရှေ့ရှိ ကြက်သွေးရောင် သားရဲကို တစ်ချက် ကြည့်လိုက်ပြီး၊ ကြီးစိုးသော ရောင်ဝါအား၊ ထုတ်လွှတ် ပြလိုက်သည်။

“ ကျား- နဂါး လက်သီး— သားရဲလှိုင်း ပေါက်ကွဲခြင်း။ ”

မြေပြင် ပေါ်သို့ ခြေတစ်လှမ်း နင်းယူ လိုက်ပြီး၊ လက်သီးဖြင့် လှမ်းထိုး လိုက်သည်။ ဓားအရှိန်အဝါ နောက်တွင်၊ ဟိန်းဟောက် နေသော သားရဲ တစ်ရာ၏ အသွင်များ၊ ချက်ချင်း ထွက်ပေါ် လာသည်။

သူ၏ လက်သီး ချက်သည် ထက်ရှသော ဓားတစ်လက်နှင့် တူပြီး၊ တစ်ချိန်တည်း မှာပင် ရက်စက် ကြမ်းကြုတ်သော သားရဲ ကောင်လိုပြေးဝင် သွားပေ၏။

အရာ အားလုံးမှာ မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပေါ် လာပြီး၊ မိုးကောင်းကင် တံဆိပ်သည် နတ်ဆိုး သားရဲ၏ မျက်နှာ ပေါ်၌၊ ထင်ဟပ် နေပြီ ဖြစ်သည်။

'' ဘုန်း ...... ''

မိုးကောင်းကင် တံဆိပ်၏ စွမ်းပကား အောက်တွင်၊ ခြေတံရှည် သားရဲ ကောင်ကို ပျံသန်းသွားစေ ခဲ့၏။

သားရဲ ကောင်၏ ကြီးမား လှသော ခန္ဓာကိုယ်ကြီးမှာ၊ ကျောက်တုံး ပေါ်သို့ ပြုတ်ကျ သွားကာ၊ ကျောက်တုံး ကြီးအား ကြေမွှ သွားစေ၏။

ကျောက်တုံးနှင့် ရိုက်မိသော အရှိန်ကြောင့်၊ သားရဲ ကောင်၏ နံရိုး များမှာ၊ အက်ကွဲကြောင်းများ ထင်ဟပ် လာပြီး၊ သွေးများ စီးထွက် လာလေသည်။

သို့သော် ၎င်းဒဏ်ရာကို နတ်ဆိုး သားရဲများ အတွက်၊ ပြင်းထန် သည်ဟု မခေါ်ဆို နိုင်ပေ။

လင်းယွန်က လက် နှစ်ဖက်ကို ခွဲကာ၊ ကိုယ်ရှိန် သပ်လိုက်ပြီး၊ မြေပြင် ပေါ်သို့ ဆင်းသက် လိုက်၏။

မြေပြင်ပေါ် ရောက်လျှင် ရောက်ချင်း၊ ခေါင်းကို နောက်ပြန် လှည့်လိုက်သော အခါတွင်၊ ကျန်ရှိ နေသော နတ်ဆိုး သားရဲ နှစ်ကောင်က၊ ကျောက်တုံး ကြီးဖြင့် ရိုက်မိ သွားသော ခြေတံရှည် သားရဲထံ၊ ထိတ်လန့်စွာ ငေးကြည့်နေ သည်ကို၊ တွေ့လိုက် ရသည်။

“ စိတ်ချ ရပြီ။ ”

အန္တရာယ် ရှိသော အခြေ အနေမှ လွတ်မြောက် ပြီးနောက် ပြုံးလိုက်၏။ သူ မသေ ဆုံးမီ နောက်ဆုံး အခိုက် အတန့်၌၊ မိုးကောင်းကင် တံဆိပ်အား ဆုပ်ကိုင် နိုင်ခဲ့ လေပြီ။

" နောက်ဆုတ် ..... "

လင်းယွန်က အပြုံးဖြင့် လှည့်ထွက် ပြေးသွားသည်။ အမှောင် ထဲ၌ ပုန်းကွယ် နေသော၊ နောက်ထပ် နှစ်ကောင် ရှိနေ သည် ဖြစ်ရာ၊ နတ်ဆိုး သားရဲ သုံးကောင်ကို တပြိုင်နက်တည်း၊ တိုက်ခိုက်ရန် သူ မမိုက် မဲပေ။

တစ်ချိန် တည်းမှာပင် နတ်ဆိုး သား ရဲနှစ်ကောင် သည်လည်း၊ ၎င်းတို့၏ ထိတ်လန့် တုန်လှုပ် ခြင်းမှ၊ ပြန်လည် ကောင်းမွန် လာပြီး သူ့နောက်သို့ အမဲ လိုက်ရန်၊ သတိဝင် လာခဲ့သည်။

၎င်းတို့ နောက်တွင် ခြေတံရှည် နတ်ဆိုး သားရဲ ကောင်ကလည်း မြေပြင်မှ လူးလဲ ထကာ၊ ကောက်ကောက် ပါအောင် လိုက်လာ လေသည်။

" မင်းတို့ ငါနဲ့ အမြန်ချင်း ပြိုင်ချင် နေတာလား။ ”

လင်းယွန်က ယုံကြည်မှု အပြည့် ရှိသော အပြုံးကို ထုတ်ဖော် လိုက်ပြီး၊ သွက်လက် စွာဖြင့် သစ်ပင်ပေါ် ပျံတက် လိုက်သည်။

ထို့နောက် သစ်ကိုင်း တစ်ကိုင်မှ တစ်ကိုင်း၊ ခုန်လွှား နေခဲ့ပြီး၊ လေပြေ လေညှင်း များကဲ့သို့ တောအုပ်ကို၊ သက်သက် သာသာ ဖြတ်သန်း သွားသည်။

သို့သော် နတ်ဆိုး သားရဲ သုံးကောင်က၊ သူ့အား မျက်ခြေပြတ် မခံ ခဲ့ပေ။ သုံးရက်ကြာစောင့်ဆိုင်း ခဲ့ရသော သားကောင်ကို၊ မစွန့် လိုသည်မှာ သဘာဝပင် ဖြစ်သည်။

သူတို့၏ ပြေးလွှား သွားရာ လမ်းကြောင်း တစ်လျှောက်တွင်၊ သစ်ပင် ကြီးများ အားလုံး ပြိုကျ လာကာ၊ တလင်း ပြင်ကြီး ကဲ့သို့ ရှင်းလင်း သွားကုန်၏။

သည့်အတွက်၊ လင်းယွန်က ထိတ်လန့် နေခြင်း မရှိပေ။ ယင်းအစား၊ မိုးကောင်းကင် တံဆိပ်ကို နားလည် မိသည့် အပေါ်၊ စိတ်လှုပ်ရှား နေခဲ့သည်။

နောက်ဆုံးတွင် တံဆိပ် လေးခုကို၊ ပေါင်းစည်း ရန် ဝေးတော့မည် မဟုတ်ပေ။

နတ်ဆိုး သားရဲ သုံးကောင်က၊ သူ့နောက်ကို လိုက်နေဆဲ ဖြစ်သောကြောင့်၊ ထိုအခွင့် အရေးကို အသုံး ချကာ၊ တံဆိပ် လေးခုအား စမ်းသပ် လိုခဲ့ပြီး၊ ဖြစ်နိုင်လျှင် သရုပ်ဖော် အဆင့်ထိ၊ တက်လှမ်း သွားလိုသည်။

စတုတ္ထမြောက် သားရဲ ဖြစ်သော၊ အနက်ရောင် နတ်ဆိုး မှော် ကျားသစ်မှာ၊ ကြောင်တစ်ကောင် ကဲ့သို့၊ အမှောင် ထဲမှ ဖြည်းညှင်းစွာ တိုးထွက် လာ၏။

၎င်းသည် ဦးစွာ မလုပ် ဆောင်ရန်၊ ရွေးချယ် ခဲ့သော ဘုရင် အဆင့်၊ နတ်ဆိုး သားရဲ ဖြစ်သည်။

မြရောင် မျက်ဝန်း တစ်စုံနှင့်၊ ခန္ဓာ ကိုယ်တွင် အနက်ရောင် အစက် အပျောက်များ၊ ပြည့်လျှံ စွာ ပါရှိ နေသည်။

သူ့ မျက်လုံး များကို မှေးကျဉ်း လိုက်ပြီး၊ တောအုပ်ထဲ လှည့်ပတ် ကြည့်သည်။ လျင်မြန် စွာဖြင့်၊ ပြေးလွှား နေသော လင်းယွန်ကို တွေ့လိုက် ရ၏။

လင်းယွန်၏ ခန္ဓာကိုယ် အတွင်းရှိ၊ သန်စွမ်း လွန်းသော အသက် ဓာတ်ကို၊ အဝေး မှပင် ခံစား နိုင်သည်။

ယင်းမှာ အနက်ရောင် နတ်ဆိုး မှော်ကျားသစ် အတွက်၊ ကြီးမားသော သွေးဆောင်မှု တစ်ခု ဖြစ်လာသည်။

အေးစက်သော အရိပ် အယောင်များ ပြသကာ၊ မျက်လုံးများ မှေးစင်းလျက် ကျားသစ်နက်က၊ လင်းယွန်နောက် လိုက်ပါ သွားသည်။ သူ့အနေဖြင့် အလျင် စလို ဖြစ်ပုံ မပေါ်ပေ။

ဤသို့ဖြင့် မျက်စိ တစ်မှိတ် အတွင်း ဆယ်ရက်ခန့် ကုန်ဆုံး သွားသည်။ လင်းယွန် နောက်တွင် ကြက်သွေးရောင် ခြေတံရှည်သားရဲ သည်သာ၊ စိတ်ရှည် လက်ရှည် လိုက်ပါ နေမြဲ ဖြစ်၏။

လင်းယွန်၏ အဟုန်ကို လိုက်မမှီ ခဲ့သောကြောင့်၊ အခြားသော နတ်ဆိုး သားရဲ နှစ်ကောင်မှာ၊ ဆက်လက် အမဲလိုက် လိုခြင်း မရှိ တော့ပေ။ ခြေတံရှည် သားရဲ သည်သာ၊ ခွေးရူး တစ်ကောင် ကဲ့သို့၊ လိုက်ဖမ်း နေသည်။

လွန်ခဲ့သော ဆယ်ရက် ခန့်က၊ လက်သီး ချက်နှင့် ပတ်သက်၍၊ လင်းယွန်အား အခဲ မကြေ နိုင်သေးဆဲ ဖြစ်သည်။

လင်းယွန်က ပြုံးရွှင် စွာဖြင့် ပြေးလွှား နေပြီး၊ မကြာ ခဏ ဆိုသလို နောက်ပြန် လှည့်ကြည့် မိသည်။

ဤ သားရဲ ကောင်သည် လွန်ခဲ့သော ဆယ်ရက်က၊ သူ၏ တိုက်ခိုက် မှုကြောင့် ဒဏ်ရာ ရရှိ ခဲ့ပြီး၊ သူ့နောက်ကို တစ်ကောင်းတည်း လိုက်ရန်၊ ရဲရင့် နေခဲ့သည်။

သူ့ အနေဖြင့် ၎င်းကို ဖြုတ်ချ နိုင်ကြောင်း၊ အပြည့် အဝ ယုံကြည်သည်။ သူ့ တွင် ဝိညာဉ်ရေး ရူရ် များဖြင့်၊ ဖွဲ့စည်း ထားသော ပန်းချီ ကားနှင့်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ် ရှိလေသည်။

သို့သော် ၎င်းတို့ကို အသုံးချ ခြင်းက၊ သူ၏ ရည်ရွယ် ချက်များ ဆုံးရှုံး သွားနိုင်မည်။ တွေးတော နေဆဲတွင် အေးစက်သော လေပြေများ၊ သူ့ မျက်နှာကို ရိုက်ခတ် လာ၏။

၎င်း၏ ဦးတည် ရာကို မော့ကြည့် လိုက်ရာ၊ ပြေးလမ်း အဆုံး၌ ချောက်ကမ်းပါး တစ်ခု ရှိနေကြောင်း၊ သိလိုက် ရသည်။

ကြက်သွေးရောင် ခြေတံရှည် သားရဲက၊ ထိုချောက် ကမ်းပါးကို မြင်သည်နှင့်၊ ၎င်း၏ သေခြင်းသို့ ရောက်မည်ကို မသိဘဲ၊ စိတ် လှုပ်ရှားစွာ ဟိန်းဟောက် လိုက်သည်။

ပြီးနောက် သူ့ကိုယ်သူ အဆုံးထိ၊ တွန်းတင် လိုက်ပြီး လင်းယွန်အား ခုန်အုပ် လိုက်၏။

“ လမ်းဆုံးပြီ၊ ဒီမှာပဲ ငါတို့ တိုက်ကြ ရအောင်။ ”

လင်းယွန်က ရုတ်တရက် လှည့်ကြည့် လိုက်ပြီး၊ ဓားနှင့် တူသော လက်သီးကို ထုတ်ဖော် ကာကွယ် လိုက်သည်။

ခရမ်းရောင် ပန်းမှာ၊ ဒါန်တမ် အတွင်း၌ ရုတ်တရက် ပွင့်လာကာ၊ မူလ စွမ်းအင် များကို၊ အရူး အမူး ထုတ်လွှတ် ပေးလိုက်၏။

ခုန်ပျံ ပြေးဝင် လာသော သားရဲ ကောင်မှာ၊ ရိပ်ခနဲ တိုးဝင်လာသော လက်သီးကို၊ ထိပ်တိုက် ရင်ဆိုင် ပြီးနောက်၊ ပြန်လည် လွင့်စင် သွားခဲ့သည်။

မြေပြင်ပေါ်ပြုတ်ကျ သွားရာမှ၊ ကုန်းရုန်း ထရပ် လိုက်ပြီး၊ လင်းယွန်အား ထိတ်လန့်စွာ မော့ကြည့် လိုက်၏။

“ မင်းရဲ့ သွေးတွေ အများကြီး ဆုံးရှုံး နေတာတောင်၊ ငါ့နောက်ကို လိုက်လာဖို့ တကယ် သတ္တိ ရှိတယ်လား၊ မင်းက ခွေးရူး တစ်ကောင်လို၊ ကိုယ့် သေတွင်း ကိုယ်တူး နေတာပဲ။ ''

ခြေတံရှည် နတ်ဆိုး သားရဲမှာ၊ သူ ထင်ထား သည်ထက် ပို၍၊ အားနည်း လိုက်လာ ပေသည်။ ထို့ကြောင့်ပင် သားကောင်နှင့်၊ မုဆိုး ကြား အခန်း ကဏ္ဍမှာ၊ တကျော့ပြန် သွားပြီ ဖြစ်၏။

ဆယ်မိုင်ခန့် အကွာတွင်၊ ခရမ်းရောင် နန်းတော် နယ်မြေ၊ နတ်ဆိုး သားရဲ ဖြစ်သော၊ စပါးအုံး မြွေ တစ်ကောင်မှာ၊ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေခဲ့သည်။

အစွမ်းကုန် ရုန်းကန် ကြိုးစား သော်လည်း၊ လွတ်မြောက် နိုင်ခြင်း မရှိ ခဲ့ပေ။ ဓားဖြင့် သံမှို တစ်ချောင်း ကဲ့သို့၊ မြေပြင်တွင် ရိုက်နှက် ခံထား ရသည့် အတွက်၊ သွေးများ ဒလဟော စီးကျ လာကာ၊ အသက် ဓာတ်များ စိမ့်ထွက် နေခဲ့သည်။

မီတာ တစ်ရာ အကွာတွင် ရပ်နေသော ဘိုင်လိရွှမ်က၊ သူ့ လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ ဓားအား ပြန်လည် ခေါ်ယူ လိုက်၏။

ဓား သေတ္တာထဲ ထည့်သိမ်း လိုက်သည်နှင့် တပြိုင်နက်၊ စပါးအုံး မြွေကြီး ထံမှ ဓားအလင်း တစ်ရာခန့်၊ ပေါက်ကွဲ ထွက်လာကာ၊ ကြီးမား လှသော ခန္ဓာကိုယ် ကြီးအား၊ အပိုင်းပိုင်း ဖြတ်တောက် ပစ်လိုက် လေသည်။

တစ်ချိန် တည်းမှာပင် ဓား အလင်း များနှင့်အတူ၊ သားရဲ အမြုတေ တစ်လုံး လွင့်ထွက် လာသဖြင့်၊ ဘိုင်လိရွှမ်က ၎င်းကို ဖမ်းယူ လိုက်၏။

သားရဲ အမြုတေကို ကြည့်ကာ၊ သူ့ မျက်နှာ လေးနက် သွားသည်။ ယခု သူ၌ ခရမ်းရောင် နန်းတော် နယ်မြေရောက်၊ နတ်ဆိုး သားရဲ တစ်ကောင်ကို၊ သတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ဤသို့ဆို ပါလျှင် ..... သားရဲ လေးကောင် နယ်နိမိတ် အတွင်း၊ ကျင့်ကြံ နေခဲ့သော လင်းယွန်ထံ၊ အတွေး ရောက်သွားသည်။

'' သေ သွား ပြီ လား။ ''

***

All Chapters