ရူးသွပ် နေပြီ။
Vol. 31 Ch. 424
သားရဲ အမြုတေကို ကြည့်ကာ၊ သားရဲ လေးကောင် နယ်နိမိတ် အတွင်း၊ ကျင့်ကြံ နေခဲ့သော လင်းယွန်ထံ၊ ဘိုင်လိရွှမ်က အတွေး ရောက်သွားသည်။
'' သေ သွား ပြီ လား။ ''
'' သေ ပြီ လား .....။ ''
ထာဝရ နတ်ဘုရား တံဆိပ် ၊ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်နှင့်၊ နတ်ဆိုး သုတ်သင်ခြင်း တံဆိပ်ဉ တို့ကို ပေါင်းစပ်ပြီး ချိန်၌၊ လင်းယွန်၏ အရှိန် အဝါမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့ ချဉ်းကပ် လာသည်။
တစ်ချိန်တည်း မှာပင်၊ ကြီးစိုး လွှမ်းမိုးနိုင် လွန်းသော နဂါး တစ်ကောင်နှင့်၊ ကျားတစ်ကောင်၏ ဟောက်သံ တို့ကို၊ ဝိုးတဝါး ထုတ်လွှတ် လိုက်၏။
မြေပြင် တစ်လျှောက် လှိုင်းလုံးများ ကဲ့သို့ တုန်ခါ သွားပြီး၊ ဤတစ်ကြိမ်၌ နတ်ဆိုး သားရဲ ကောင်မှာ၊ ခြေထောက်ပေါ် ပြန်မထ နိုင်တော့ပေ။
လင်းယွန်၏ အဝတ်များ စုတ်ပြဲ နေပြီး၊ ဒဏ်ရာ များမှ သွေးများ စွန်းထင်း နေခဲ့သည်။
ပန်းသင်္ချိုင်း ဓားကို မသုံး သောကြောင့်၊ သူ့ အတွက် လွယ်ကူသော အောင်ပွဲ တစ်ခု မဟုတ် ခဲ့ပေ။
နတ်ဆိုး သားရဲမှာ၊ အထွတ် အထိပ် အခြေ အနေတွင် ရှိနေခြင်း မဟုတ် သော်လည်း၊ ကြောက်စရာ ကောင်းလွန်း နေသေးသည်။
၎င်းအား သတ်ပစ်ရန် ကြိုးစားအား ထုတ်ရာ၌၊ စကြာဝဠာ လက်ရာ တစ်ခုနှင့် ရင်ဆိုင် နေရ သကဲ့သို့ ခက်ခဲ လှပေ၏။
လေးနက်သော ခြေလှမ်း ခုနစ်လှမ်း၊ ဒရာကိုဖီ ခန္ဓာ ကိုယ်နှင့်၊ ကျား-နဂါး လက်သီးများ ဖြင့်ပင်၊ ခြေတံရှည် သားရဲ ကောင်ကို သတ်ပစ်ရန်၊ တစ်ရက်ခွဲ အချိန်ယူ ခဲ့ရသည်။
“ ခရမ်းရောင် နန်းတော် နယ်မြေကို ရောက်နိုင်တယ် ဆိုတာ ...၊ လွယ်တဲ့ အရာ တစ်ခုတော့ မဟုတ်ဘူး၊ ဒဏ်ရာ ကြီးကြီး မားမား ရနေ ပေမဲ့၊ ခက်ခဲ နေတုန်း ပါပဲ။ ”
နတ်ဆိုး သားရဲ ကောင်၏ အလောင်းကို ကြည့်ကာ၊ ရေရွတ် လိုက်မိသည်။ ဤတိုက်ပွဲကြောင့် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ များ၏ ခွန်အား အပေါ်၊ ပို၍ နားလည် လာစေသည်။
သို့သော် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ များမှာ၊ ကျင့်ကြံသူ များနှင့် ကွဲပြား ပေသည်။
လူသား ကျင့်ကြံသူ များက၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်များ၊ လှုပ်ရှားမှု နည်းစနစ် များနှင့် ဝှက်ဖဲများ၊ အသီးသီး ရှိနေတက် ကြ၏။
နတ်ဆိုး သားရဲများ မှာမူ၊ ကောင်းကင်ဘုံ သားရဲများ ထံမှ၊ သွေးမျိုး ဆက်ကို အမွေ ရရှိမှ သာလျှင်၊ သန္ဓေပြောင်း သားရဲများ အဖြစ်အစွမ်းထက် လာနိုင်မည် ဖြစ်သည်။
သို့မဟုတ် ပါလျှင်၊ တူညီသော ကျင့်ကြံမှု အတွင်း၊ ရှိနေသော နတ်ဆိုး သားရဲ များကို၊ လူသား ကျင့်ကြံ သူများက၊ လွယ်ကူစွာ ဖိနှိမ် နိုင်၏။
ထိုနတ်ဆိုး သားရဲ များသည်၊ တူညီသောနယ်ပယ်တွင် ဘုရင်များ ဖြစ်လာ ကြပြီး၊ အလွန် ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင် လာပေသည်။
ခြေတံရှည် နတ်ဆိုး သားရဲတွင် ကြောက်မက်ဖွယ်ကောင်းသော၊ ခွန်းအားများ ရှိကောင်း ရှိနိုင် သော်လည်း၊ ၎င်းမှာ ထိုသို့သော ဘုရင် အဆင့်၊ နတ်ဆိုး သားရဲ တစ်ကောင်၊ မဟုတ် သေးပေ။
ဆိုလို သည်မှာ သူ သွားရမည့် ခရီးမှာ အရှည်ကြီး ကျန်ရှိ နေသေးသည်။ ခေတ္တ အနားယူ ပြီးနောက် သားရဲ အလောင်း ဆီသို့ လျှောက်သွားကာ၊ သားရဲ အမြုတေကို ထုတ်ယူ လိုက်သည်။
သူက နတ်ဆိုး သားရဲ များ၏ အမြင်တွင်၊ နှုတ်မြိန်ဖွယ် စားကောင်းသူ တစ်ယောက် ဖြစ်နိုင် သကဲ့သို့၊ နတ်ဆိုး သားရဲ များ၏ သားရဲ အမြုတေ မှာလည်း၊ သူ့အတွက် ထပ်တူ ထပ်မျှ ဆွဲဆောင်မှု ရှိပေသည်။
ရုတ်တရက် လေထု အတွင်း၊ တစ်စုံ တစ်ရာသော သံသယ ဖြစ်ဖွယ် အငွေ့ အသက် များကြောင့်၊ ခေါင်းမော့ ကြည့်လိုက်သည်။
မီတာ တစ်ရာ အကွာရှိ ကျောက်ဆောင် ပေါ်တွင်၊ ထိုင်နေသော ကျားသစ်နက် တစ်ကောင်က၊ သူ့အား စိုက်ကြည့် နေသည်ကို၊ တွေ့လိုက်ရ၏။
ထိုအကြည့်ကို ခံစား မိသော စက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ကျောရိုးမှ ချွေးများ စိမ့်ထွက်လာကာ၊ အေးခနဲ ခံစား လိုက်ရသည်။
အဆိုပါ သားရဲကောင် ရောက်ရှိ လာသည်ကို၊ သူ လုံးဝ မသိလိုက် မိပေ။
အနက်ရောင် နတ်ဆိုး မှော် ကျားသစ်၏ ခန္ဓာမှာ၊ အခြားသော နတ်ဆိုး သားရဲ များနှင့် ယှဉ်ပါက၊ အံသြ စရာ ကောင်းအောင် သေးငယ် လှပေသည်။
သေဆုံး သွားသော ခြေတံရှည် သားရဲနှင့် မတူဘဲ၊ အလျား နှစ်မီတာ သာသာ သာရှိ၏။ သို့သော် ဤမျှ သေးငယ်သော ခန္ဓာကိုယ် ထံမှ ထွက်ပေါ် လာသည့် ဖိအားမှာ၊ ပြင်းစွာသော ကြောက်ရွံ့ မှုများ၊ ရရှိ လာစေသည်။
ခြေဖျား လက်ဖျားများ အေးစက် တုန်ယင် လာကာ၊ မှင်တက် နေမိ ပေသည်။
ဤကျားသစ်က၊ ကြက်သွေးရောင် ခြေတံရှည် သားရဲမှာ၊ သူ၏ သားကောင် ဖြစ်ကြောင်း သတိ ပေးလာ သည်ဟု၊ ခံစားလိုက်ရသည်။
ခြေတံရှည် သားရဲနှင့် ခပ်ခွာခွာ ပြန်ဆုတ် လိုက်ပြီး၊ စိတ် တည်ငြိမ် စေရန် အစွမ်းကုန် ကြိုးစား မိ၏။
ကျားသစ်က အပျင်းကျော တစ်ချက် ဆန့်လျက်၊ ကျောက်ဆောင် ပေါ်မှ ခုန်ဆင်းကာ၊ လင်းယွန်ထံ လျှောက်လှမ်း လာလေသည်။
သူ့ မျက်ဝန်း များက လင်းယွန်ကို စိုက်ကြည့် နေပြီး၊ ရုတ်တရက် မေးရိုးများ ဆန့်လိုက်ကာ၊ ပြုံးရယ်ဟန် ပြုမူ ပြလာသည်။
ယင်းနောက်တွင် ကျားသစ်မှာ၊ မူလ နေရာမှ ပျောက်ကွယ် သွားပြီး၊ လင်းယွန် ရှေ့၌ ချက်ချင်း ပြန်ပေါ် လာ၏။
ထိုအဟုန်ကြောင့် ထိတ်လန့် သွားကာ၊ သူ့လက် များကို ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ဆန့်ထုတ် ပျံသန်း လိုက်သည်။
သို့သော် သူ့ ရင်ဘတ်ဖြင့်၊ ခြေသည်း ကုပ်ချက် တစ်ချက်ကို၊ ခံယူ လိုက်ရသည်။ နာကျင် မှုကြောင့် လင်းယွန်၏ နှုတ်ခမ်းများ လှုပ်ယမ်း သွား၏။
သွေးများစွာ ဆုံးရှုံး နေစဉ်၊ ဤသားရဲမှာ ခြေတံရှည် သားရဲကောင် နှင့် မတူဘဲ၊ စစ်မှန်သော ခရမ်းရောင် နန်းတော် နယ်မြေ ခွန်အားကို ပိုင်ဆိုင် ထားသည့်၊ နတ်ဆိုးသားရဲ ဖြစ်ကြောင်း၊ သူ ချက်ချင်း သဘော ပေါက် လိုက်သည်။
“ စိတ်ဝင် စားစရာပဲ …”
လင်းယွန်က ကြောက်ရွံ့ နေခြင်းမှ လျင်မြန်စွာ၊ ပြန်လည် ကောင်းမွန် လာပြီး၊ အဆုံး မရှိသော တိုက်ခိုက်ရေး စိတ်ဓာတ် များကို၊ ပြုံးလျက် ထုတ်လွှတ် လိုက်မိသည်။
ဓားသုတ္တန်ကို ဖြန့်ကျက် လိုက် သည်နှင့်၊ သူ့ အသွင်မှာ၊ မြေပြင် ပေါ်တွင် ထိုးစိုက် ထားသော၊ ဓား တစ်လက် သဏ္ဍာန်၊ ထက်ရှ နေပေသည်။
ကျားသစ်ကို စိုက်ကြည့် နေသော မျက်ဝန်း များတွင်၊ အလင်း ရောင်များ တဖျပ်ဖျပ် တောက်ပ လာကာ၊ ဆံပင်နှင့် အဝတ် အစားများ၊ လေထဲ လွင့်ဝဲ သွား၏။
အနက်ရောင် မှော် ကျားသစ်က၊ ရုတ်တရက် မေးရိုးများ ဖွင့်ကာ၊ မူလ စွမ်းအင်ဖြင့် အသံ လှိုင်းများ ဖန်တီးပြီး၊ ဟိန်းဟောက် လာသည်။
အသံလှိုင်း အောက်တွင်၊ လေထုထဲ တုန်ခါ နေသော၊ မူလ စွမ်းအင် များကို၊ သာမန် မျက်စိဖြင့် မြင်နိုင်၏။
တစ်ချိန် တည်းမှာပင် လှိုင်း ဂယက်ကြောင့်၊ ကျားသစ်၏ ခန္ဓာ ကိုယ်မှာ၊ တဖြည်းဖြည်း မှုန်ဝါး သွားသည်။
အသံ လှိုင်းကို ကြည့်ရုံဖြင့်၊ မည်မျှ အစွမ်းထက် မည်ကို၊ စိတ်ကူး ကြည့်နိုင်သည်။ သူ့၌ သန်စွမ်းသော ရုပ်ခန္ဓာမျိုး ရှိနေ လျှင်ပင်၊ အတွင်း အင်္ဂါ များအား ထိမှန်ကာ၊ ကွဲအက် နေဦးမည် ဖြစ်သည်။
ထို့ကြောင့် မူလ စွမ်းအင် များနှင့် အတူ၊ ဓားရည်ရွယ်ချက်ကို၊ ထုတ်ဖော် လိုက်ရာ၊ခန္ဓာကိုယ် အတွင်း၌ ထက်ရှသော လှိုင်းခုံးများ၊ ဂယက်ထ လာ၏။
ဓားလှိုင်း များက ခန္ဓာကိုယ် အတွင်း၊ ဝင်ရောက် လာသော အသံလှိုင်း တို့ကို၊ တန်ပြန် ချေဖြတ် ပစ်လိုက်သည်။
လှိုင်းလုံး နှစ်ခု ထိပ်တိုက် တွေ့ဆုံ ရိုက်ခတ် မိသွား ပြီးနောက်၊ လေထဲတွင် ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာသည်။
အဆုံးမဲ့ တောင်တန်းကြီး တစ်ခုလုံး တုန်ခါ သွားချိန်တွင်၊ တိမ်တိုက်များ လျင်မြန်စွာ စုရုန်းလာပြီး၊ လျှပ်စီး များနှင့် အတူ၊ မိုးကြိုးများ ဆင်းသက် လာ၏။
" ဒါ က .... "
ဘိုင်လိရွှမ်က မျက်မှောင်ကြုတ် လိုက်သည်။ သူ့အနေဖြင့် စပါးအုံး မြွေကို သတ်ပစ် လိုက်ပြီး၊ ဂိုဏ်းသို့ ပြန်သွားရန် ပြင်ဆင် နေချိန် ဖြစ်သည်။
အားမာန် အပြည့် ပါလွန်းသော၊ သားရဲဟောက်သံနှင့်၊ ဓားရည်ရွယ် ချက်ကြောင့်၊ သူ့အာရုံ စိုက်မိ သွားခြင်း ဖြစ်သည်။
" ကြည့် ရအောင် ... ''
ချက်ချင်း အလင်းတန်း တစ်ခု အသွင်၊ ပြောင်းလဲ ပျောက်ကွယ် သွားခဲ့သည်။ မိနစ် အနည်းငယ် အကြာတွင်၊ သစ်ကိုင်း တစ်ကိုင်း ပေါ်၌ ရပ်လိုက်ပြီး၊ ဆယ်မိုင် အကွာရှိ တိုက်ပွဲကို ကြည့်ရှုရန်၊ သူ၏ မျက်လုံး ထဲသို့ မူလ စွမ်းအင်များ၊ လောင်းထည့် လိုက်၏။
ချောက် ကမ်းပါးကို နောက်ခံ ပြုလျက်၊ လူသား ကျင့်ကြံသူ တစ်ယောက်နှင့်၊ သားရဲ တစ်ကောင်၊ အကြိတ် အနယ် တိုက်ခိုက် နေပေသည်။
သူတို့ နှစ်ဦး တိုက်ခိုက် နေပုံမှာ၊ အလွန် လျင်မြန် လွန်းပြီး၊ လှုပ်ရှား မှုများ နောက်ကွယ်၌၊ ပုံရိပ်များ ထင်ကျန် ရစ်နေ ခဲ့သည်။
" ဒီကောင် .... "
တကယ်ပင် အသက်ရှင် နေလိမ့် ဦးမည်ဟု၊ မယူဆ ထား သောကြောင့်၊ လင်းယွန်ကို တွေ့သည်နှင့်၊ စိတ်လှုပ်ရှား သွားသည်။
လင်းယွန် မသေ သေးကြောင်း၊ သိလိုက် ရချိန်တွင်၊ စိတ်ပျက် ရမည့် အစား၊ အမည်မဲ့ခံစား ချက်များက၊ ဝမ်းသာ အားရ ဖြစ်လာ၏။
ဂရုဏာ သက်စရာ ဖြစ်သောကြောင့်၊ နှလုံးသား၏ အနက် ရှိုင်းဆုံး နေရာ၌၊ နတ်ဆိုး သားရဲ များက၊ လင်းယွန်အား သတ်ဖြတ် ခြင်းကို၊ မလိုလား ခဲ့ပေ။
လင်းယွန်တွင် အတွေ့ အကြုံကောင်း များစွာ ရှိပြီး၊ တိုက်ခိုက်ရေး နည်းစနစ်များ မှာလည်း၊ အထင်ကြီး လောက်စရာ ကောင်းကြောင်း၊ သူပြောနိုင်သည်။
သို့သော် လင်းယွန်က ဒဏ်ရာများ ရရှိ ထားကာ၊ အခြေ အနေ ကောင်းပုံ မပေါ်ပေ။ အချို့သော ဒဏ်ရာ များမှ၊ ဖြူဖွေး နေသော အရိုး များအား မြင်နေ ရသည်။
ကျားသစ်၏ ခြေသည်းက သန်မာ အားကောင်း လှပြီး၊ ဒဿမ အဆင့် ကျင့်ကြံသူ တစ်ဦးကို၊ အလွယ် တကူ အပိုင်းပိုင်း၊ ကုပ်ဖြတ် နိုင်၏။
ဒရာကိုဖီ ခန္ဓာ ဖြင့်ပင်၊ လင်းယွန် သည်လည်း ပေါ့ပေါ့ တန်တန် သဘော မထား ဝံ့နိုင်ပေ။
“ ဒီ နတ်ဆိုး မှော်ကျားသစ် နက်မှာ၊ မမြင် နိုင်တဲ့ အရာတွေ ရှိတယ်၊ …”
ထိုကဲ့ သို့သော ကျားသစ် မျိုးကို မမြင်ဖူး သောကြောင့်၊ မျက်မှောင် ကြုတ်ကာ ရေရွတ် လိုက်သည်။
၎င်းတွင် ပေါ့ပါး သွက်လက်သော ခန္ဓာကိုယ် ရှိပြီး၊ လှုပ်မှု တိုင်းက ဝိညာဉ် အဆင့်၊ လှုပ်ရှားမှု နည်းစနစ် များထက်၊ နိမ့်ကျခြင်း မရှိပေ။
သတိ မထား နိုင်ခင် မှာဘဲ၊ သူ့ဓား ပေါ်သို့ လက်လှမ်း မိသွား၏။ တစ်ချိန် တည်း မှာပင် သူ့ ခန္ဓာကိုယ် အတွင်းမှ၊ ဓား ဆန္ဒများ ပေါက်ကွဲ လုနီးနီး၊ လှုပ်ခတ် လာခဲ့သည်။
သို့သော် ချက်ချင်းပင်၊ ဓားထံမှ သူ့လက်ကို ဖယ်လိုက်ပြီး၊ လင်းယွန်ကို ကြည့်ကာ ပြုံးလျက် ရေရွတ် လိုက်၏။
“ ဒီဒုက္ခကို မကျော်ဖြတ် နိုင်ရင် ...၊ မင်းက ငါ့နဲ့ တိုက်ခိုက်ဖို့ မထိုက် တန်ဘူး၊ ဒါဆို ငါက မင်းကို ဘာလို့ ကယ်ရ မှာလဲ ... ။ "
စကားဆုံး သည်နှင့် သစ်ကိုင်း ပေါ်မှ၊ ရိပ်ခနဲ ပျောက်ကွယ် သွားသည်။
ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ တစ်ကောင်ကို၊ သတ်ဖြတ် နိုင်ခဲ့ပြီး ဖြစ်ရာ၊ အဆုံးမဲ့ တောင်တန်း အတွင်း၊ ဆက်လက် နေထိုင် ခြင်းမှာ၊ အဓိပ္ပါယ် မရှိ တော့ပေ။
ခရမ်းရောင် နန်းတော် နယ်မြေ အကြီး အကဲ များနှင့်၊ လက်ရည် သွေးရန် ဂိုဏ်းသို့ ပြန်လိုသည်။
နတ်ဆိုး သားရဲ များနှင့်၊ ကျင့်ကြံ သူများကို နှိုင်းယှဉ်၍ မရနိုင်။ နောက်ဆုံးတွင်၊ ကျင့်ကြံသူ များမှာ၊ ပို၍ အဓိပ္ပါယ် ရှိသည်။
ခုန်ပျံ ပြေးလွှား နေရာမှ၊ ရုတ်တရက် ရပ်တန့် လိုက်ပြီး၊ လာရာ လမ်းကို လည်ပြန် မျှော်ကြည့် လိုက်သည်။
'' အသတ်ခံ ရမယ် ဆိုရင် ... ၊ ငါ့ဓားနဲ့ သေတာက မင်းအတွက် ပိုကောင်း လိမ့်မယ်၊ အနည်း ဆုံးတော့ ဓားသမား တစ်ယောက် အနေနဲ့၊ မင်းရဲ့ ဂုဏ် သိက္ခာကို မထိခိုက် စေတော့ဖူးပေါ့ ...။ ''
နောက်ဆုံးတွင် သူ့ကိုယ်သူ ယုံကြည် လာစေရန်၊ အကြောင်း ပြချက် တစ်ခုကို ရှာတွေ့ သွားခဲ့သည်။ ထို့ကြောင့် တုံ့ဆိုင်း မနေ တော့ဘဲ၊ တိုက်ပွဲထံ ပြန်လှည့် သွားခဲ့သည်။
သူ ပြန်ရောက် သည့် အချိန်တွင်၊ နတ်ဆိုး သားရဲ လက်၌၊ လင်းယွန် တစ်ယောက် ရုန်းကန်နေ ရမည်ဟု၊ မျှော်လင့် ထား သော်လည်း၊ ဆန့်ကျင်ဘက် မြင်ကွင်းကြောင့်၊ မျက်ခုံးပင့် လိုက်သည်။
လက်တွေ့တွင် လင်းယွန်မှာ၊ အားအင် ကုန်ခမ်း သွားသည့်၊ အရိပ် အယောင်မျှ မပြဘဲ၊ ကျားသစ်အား တိုက်ခိုက် နေဆဲ ဖြစ်သည်။
မိုးထိုးလု မတက်၊ တိုက်ခိုက်ရေး စိတ်ဓာတ်များ၊ တောမီး ကဲ့သို့ တောက်လောင် နေ သည်ကို၊ တွေ့လိုက် ရသောကြောင့်၊ အံအား သင့်သွား၏။
ကြည့်နေဆဲ မှာပင်၊ လင်းယွန်က လက် နှစ်ဖက်ဖြင့် ထူးဆန်းသော တံဆိပ် တစ်ခုကို၊ လေထဲတွင် ဖန်တီး လိုက်ပြီး၊ တွန်းထုတ် ပစ်လိုက်သည်။
သိပ်သည်း လွန်းသော စွမ်းအင် လှိုင်းများရိုက်ခတ် လာခြင်း ကြောင့်၊ ကျားသစ်မှာ အဝေးသို့ တွန်းပို့ ခံလိုက် ရ၏။
'' ထာဝရ နတ်ဘုရား တံဆိပ် ''
သို့သော် ယင်းဖြင့် ရပ်တန့်ခြင်း မရှိ ခဲ့ဘဲ၊ လင်းယွန်က နောက်ထပ် တံဆိပ် များကို ဆက်လက် ဖန်တီး လိုက်သည်။
'' ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်၊ .... ''
'' နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်၊ .... ''
'' မိုးကောင်းကင် တံဆိပ်၊ ..... ''
တံဆိပ် များမှာ ယခင် ကထက် ပိုမို အားကောင်း နေခဲ့သည် သာမက၊ မိုး ကောင်းကင် တံဆိပ်ကို ဖန်တီး လိုက်သော အခါတွင်၊ သူ့နောက် ကျော၌ ဓားသုံးဆယ် သုံးစင်း (ညု) စကြာ ပုံစံဖြင့်၊ ပွင့်ထွက် လာ၏။
ဓားအလင်း (၃၃)သွယ် ထွက်ပေါ် လာသည်နှင့်၊ အရှိန် အဝါများ တဟုန်ထိုး၊ ပေါက်ကွဲ မြင့် တက်လာသည်။
မိုးကောင်းကင် တံဆိပ်က၊ လေထဲတွင် ပျံသန်း အော်ဟစ်ကာ၊ ပြေးဝင် လာနေသော အနက်ရောင် နတ်ဆိုး မှော် ကျားသစ်ကို ထုချေ ပစ်၏။
မြေပြင်ပေါ်သို့ လွင့်စင် သွားပြီး၊ သွေးများ သွန်လာကာ၊ မသက် မသာ ဖြစ်နေသော အော်ဟစ် သံကို၊ ရုတ်တရက် 'စီခနဲ' ကြားလိုက် ရ၏။
ချက်ချင်းပင် ကုန်းထလျက်၊ ပြင်းထန်သော ဟောက်သံကို ပြန်လည် ထုတ်လွှတ် လိုက်သည်။
၎င်း၏ ကြောက်မက်ဖွယ် ကောင်းသော၊ နတ်ဆိုး အရှိန် အဝါကို ထပ်မံ မြှင့်တင် ထုတ်လွှတ်ကာ၊ သူ့ခန္ဓာ ကိုယ်အား အရွယ် အစားအား၊ ကြီးမား လာစေ ခဲ့သည်။
ဤအချိန်၌ ယခင်က ကဲ့သို့၊ ကြော့ရှင်းသော အမူ အယာများ၊ ပြောက်ကွယ် သွား၏။
“ ကောင်း လိုက် တာ .... ”
နောက်ဆုံး အကြိမ် အဖြစ်၊ စွမ်းအင်များ ညှစ်ထုတ် နေသော ကျားသစ်ကို ကြည့်ကာ၊ လင်းယွန်က ရေရွတ် လိုက်သည်။
မျက်လုံးများ တောက်ပ နေလျက်ဖြင့်၊ တံဆိပ်များ ဖွဲ့စည်း ခြင်းကို အရှိန်မြှင့် လိုက်၏။
ထာဝရ နတ်ဘုရား တံဆိပ်၊ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်နှင့်၊ နတ်ဆိုး သုတ်သင်ခြင်း တံဆိပ် တို့ကို၊ ပေါင်းစည်း လိုက်သော အခါတွင်၊ သူ၏ ရောင်ဝါမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ၎င်းတွင် စတုတ္ထ တံဆိပ်ကို ပေါင်းစပ် ထားခြင်း မရှိ သေးပေ။ နောက်ဆုံး တံဆိပ် ဖြစ်သော မိုးကောင်းကင် တံဆိပ်အား ထပ်မံ ပေါင်းထည့် လိုက်၏။
" တံဆိပ် လေးခု ပေါင်းစပ် ..... "
တံဆိပ်များ ပေါင်းစပ် လိုက်ချိန်တွင်၊ လင်းယွန်၏ ခန္ဓာ ကိုယ်မှာ၊ ကွဲအက် သွား သကဲ့သို့၊ ခံစား လိုက်ရသည်။
အရေပြား ဆီမှ သွေးများ စီးကျ လာပြီး၊ မျက်နှာတွင် ရက်စက် ကြမ်းကြုတ်သော၊ အမူ အရာများ ထွက်ပေါ် လာ၏။
ယင်းနောက် ပေါက်ကွဲ ထွက်နိုင်သော စွမ်းအင် များကို ဖိသိပ်ပြီး၊ အနက်ရောင် မှော် ကျားသစ်ပေါ်၊ တွန်းထုတ် ပစ်လိုက်သည်။
အနက်ရောင် မှော် ကျားသစ်မှာ၊ အရွယ် အစား ပြောင်းလဲယူ ပြီးနောက်၊ မှော်ဆန်သော ခွန်အားကို မထုတ်ဖော် နိုင်မီ၊ ပေါင်းစပ် တံဆိပ် ထိမှန်ကာ၊ အပိုင်းပိုင်း ပေါက်ကွဲ သွားတော့သည်။
သွေးမိုးများ ရွာသွန်း နေသော မြေပြင်ထက်၊ ဒူးတစ်ဖက် ထောက်ကာ၊ ပြန်လည် ပြုတ်ကျ၏။
ကုန်ဆုံး သွားသော မူလ စွမ်းအင် များကြောင့်၊ မလှုပ်နိုင် အောင်ပင်၊ နှုံးချိ တုန်ယင် နေပေသည်။ သူ၏ စွမ်းရည်ကို စွန့်စား ခြင်းဖြင့်၊ ညှစ်ထုတ် လိုက်ခြင်း ဖြစ်လေသည်။
ထိုမြင်ကွင်းကို မြင်လိုက် ရသော၊ ဘိုင်လိရွှမ်က ခေါင်းခါပြီး၊ လှည့်ထွက် သွားတော့၏။
'' ဘယ်လောက်တောင် ရူးသွပ် စရာ ကောင်းလိုက်လဲ ...''
ဤမျှ အချိန် တိုလေး အတွင်း၊ ထိုလူငယ်မှာ ဓား နန်းတော်၌၊ ခိုင်မာသော နေရာ တစ်ခုကို၊ တည်ဆောက် ယူနိုင် ရသည့်၊ အကြောင်း ရင်းအား၊ သူ သိလိုက်ပြီ ဖြစ်သည်။
***