← Chapters

စိတ်လှုပ်ရှားဖွယ် သုံးရပ်။

Vol. 31 Ch. 425

စိတ်လှုပ်ရှားဖွယ် သုံးရပ်။

Vol. 31 Ch. 425

ဘိုင်လိရွှမ်က ခေါင်းခါပြီး၊ လှည့်ထွက် သွားတော့၏။

'' ဘယ်လောက်တောင် ရူးသွပ် စရာ ကောင်းလိုက်လဲ ...''

ဤမျှ အချိန် တိုလေး အတွင်း၊ ထိုလူငယ်မှာ ဓား နန်းတော်၌၊ ခိုင်မာသော နေရာ တစ်ခုကို၊ တည်ဆောက် ယူနိုင် ရသည့်၊ အကြောင်း ရင်းအား၊ သူ သိလိုက်ပြီ ဖြစ်သည်။

" နောက်ဆုံးတော့ .... တံဆိပ် လေးခုကို၊ ငါ ပေါင်းစပ် နိုင်ခဲ့ပြီ။ ”

ဖြူဖျော့ နေသော မျက်နှာ ပေါ်တွင် အပြုံးတစ်ပွင့် ထင်ဟပ် လာပြီး၊ အသားပုံ အဖြစ် ပြောင်းလဲ သွားသော၊ အနက်ရောင် မှော်ကျားသစ် အလောင်းကို ကြည့်လိုက်သည်။

ဓားမဆွဲဘဲ တံဆိပ် လေးခုဖြင့်၊ ခရမ်းရောင်နန်းတော် နယ်ပယ်၊ နတ်ဆိုး သားရဲကို၊ သတ်နိုင်ပြီ ဖြစ်သည်။

တိုက်ပွဲမှာ သဘာဝ အတိုင်း အန္တရာယ် များပြီး၊ လင်းယွန် သည်လည်း ကျားသစ်နှင့် ရင်ဆိုင် ရာ၌၊ စကြာဝဠာ လက်နက်ကို ထုတ်ယူ လုနီးနီး၊ အခြေအနေ ရောက်ရှိ ခဲ့သည်။

သို့သော် ကျင့်ကြံ ခြင်းသည် သတ်ဖြတ်ခြင်း မဟုတ်ပေ။ ထိုသူ၏ ကန့်သတ် ချက်ကို စိန်ခေါ်ပြီး၊ အလား အလာများ တူးဖော် ဖို့ရန် ဖြစ်သည်။

အန္တရာယ် ရှိနိုင် သော်လည်း၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ အင်အားကြီး ပြိုင်ဘက် များနှင့် ရင်ဆိုင် ရမည် ဖြစ်ရာ၊ သူ့၌ အချိန် မရှိတော့ သည်ကြောင့်၊ ဆုတ်ခွာရန် လမ်းကြောင်း မရှိပေ။

ရုတ်တရက် မွန်းကြပ် လာပြီး၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ကောင်းကင်ကို မော့ကြည့်ကာ၊ လဲကျ သွားသည်။

အနက်ရောင် မှော်ကျားသစ်ကို သတ်လိုက် နိုင် သော်လည်း၊ သေလု နီးပါး ဒဏ်ရာများ ရရှိ ထားသည်။

တံဆိပ် လေးခုမှာ အစွမ်း ထက်လှပြီး၊ ၎င်းတို့ကို ပေါင်းစပ် ခြင်းဖြင့်၊ သူ့ခန္ဓာ ကိုယ်အား ဝန်ဖြစ် လာစေသည်။

အချိန် အတော်ကြာ အိပ်ပျော် သွား ပြီးနောက်၊ ပြန်လည် နှိုးထ လာ၏။ ဒရာကိုဖီ ခန္ဓာကိုယ် ဖြင့်ပင်၊ ဒဏ်ရာများ ထုံမွှမ်း ကျန်ရစ် ခဲ့သည် အထိ၊ တိုက်ပွဲမှာ ပြင်းထန် ခဲ့သည်။

သို့သော် ဒဏ်ရာ များက၊ မကြာခင် ပျောက်ကင်း နိုင်ပေမည်။

မူလ စွမ်းအင်ကို လက်ဖဝါး ထဲသို့ လောင်းထည့် လိုက်သည်နှင့်၊ အားပြင်းသော စွမ်းအား တစ်ခု ထွက်ပေါ် လာကာ၊ သားရဲ အမြုတေ နှစ်ခုအား၊ စုပ်ယူ လိုက်သည်။

သားရဲ အမြုတေတွင် ပါရှိသော စွမ်းအင် များက၊ သန်မာသော နှလုံးသား နှစ်ခု ကဲ့သို့၊ ရုန်းကြွ နေပေရာ၊ သူ့အား စိတ်လှုပ်ရှား သွားစေသည်။

ပေါက်ကွဲ ခါနီး မီးတောင် နှစ်လုံး ကဲ့သို့၊ တောက်ပသော တက်ကြွမှု ကိုလည်း ထုတ်လွှတ် လာ၏။

( တက်ကြွမှု = အသက်ဓာတ် )

သားရဲ အမြုတေ နှစ်ခုကို၊ စိုက်ကြည့် နေသော လင်းယွန်၏ မျက်လုံး များတွင်၊ အလင်း ရောင်များ တောက်ပ လာပြီး၊

“ အချိန်တန် ပြီလား၊ ''

ဟု ရေရွတ် လိုက်လေသည်။

ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်အား၊ ကျင့်ကြံ ရန်အတွက်၊ ဤသားရဲ အမြုတေ နှစ်ခုကို အသုံး ပြုနိုင်သည်။

ပဉ္စမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အဆိုပါ နည်းစနစ်မှာ၊ ကျင့်ကြံ ရာ၌ အခက် အခဲများ၊ လျော့ပါး လာမည် ဖြစ်သည်။

ထို့ပြင် ဒရာကိုဖီ ချပ်ဝတ် မှာမူ၊ ခရမ်းရောင် နန်းတော် သိုင်းသမား များ၏၊ တိုက်ခိုက် မှုအား၊ ခံနိုင်ရည် ရှိနိုင်မည် ဖြစ်သည်။

'' စမ်းကြည့် ရအောင်။ ”

တစ်ချိန် တည်းမှာပင်၊ နဂါး တံခါး ပြိုင်ပွဲ နီးကပ် လာသည် နှင့်အမျှ၊ အဆုံးမဲ့ တောင်တန်း အတွင်း၊ ဝင်ရောက် လေ့ကျင့် နေကြသော၊ ဂိုဏ်း ပေါင်းစုံမှ တပည့်များ၊ ပြန်ထွက် လာကြသည်။

သို့သော် လင်းယွန် ကမူ၊ ဒရာကိုဖီ ခန္ဓာ နည်းစနစ်ကို ကျင့်ကြံ နေခဲ့ပြီး၊ အချိန် စီးဆင်း မှုအား မေ့လျော့ သွား ခဲ့သည်။ သူ့စိတ်ထဲ၌ နဂါး တံခါး ပြိုင်ပွဲ မရှိ တော့ပေ။

မျက်စိ တစ်မှိတ် အတွင်း၊ ငါးရက် ထပ်မံကုန်ဆုံး သွားပြန်၏။

နေ့ တစ်နေ့၏ ပထမဆုံး အရုဏ်ဦး အလင်း ရောင်များ၊ လင်းယွန်၏ ခန္ဓာကိုယ် ပေါ်သို့၊ ထွန်းလင်း လာသော အခါတွင်၊ ရှေးဟောင်း ဆင်နဂါး တစ်ကောင် ကဲ့သို့၊ ဖုံးအုပ် ထားသော အကြေး ခွံများ၊ တောက်ပ လာသည်။

ပြင်းထန်သော အငွေ့ အသက်ကို ထုတ်လွှင့် နေပြီး၊ သူ့ထံမှ ထွက်ပေါ် လာသော ကြမ်းရှ မှုများက၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သိပ်သည်း နေပေ၏။

ရုတ်တရက် မျက်လုံး ဖွင့်လိုက် သည်နှင့်၊ သူ့ပတ်ဝန်း ကျင်၌ ယိုစိမ့် ကျနေသော၊ ကြမ်းရှသည့် စွမ်းအင် များက၊ ခန္ဓာ ကိုယ်ဖြင့် တသားတည်း၊ ဖြစ်တည် သွားလေသည်။

အချိန် အတော် ကြာသည့် တိုင်အောင်၊ ကြမ်းရှသော စွမ်းအင်များ၊ ထပ်မံ ယိုစိမ့် လာခြင်း မရှိ တော့ဘဲ၊ ခန္ဓာ ကိုယ်နှင့် ခွဲခြား မရအောင်၊ပေါင်းစည်း သွားလေသည်။

ယင်း အချိန်၌ ဒဏ်ရာများ ပြန်လည် သက်သာ လာပြီ ဖြစ်သည်။ လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး၊ လေထုထဲ ထိုးချ လိုက်၏။

လက်သီး အရှိန်မှာ နှေးကွေး နေပုံရ သော်လည်း၊ ၎င်းထံမှ သူတော်စင် ဂီတ သံများ ထွက်ပေါ် လာကာ၊ သူ့ လမ်းကြောင်း ပေါ်ရှိ အရာရာ တိုင်းအား၊ ဖျက်ဆီး ပစ်လိုက်သည်။

အဆိုပါ ဖြစ်ရပ် များမှာ၊ ပဉ္စမ အဆင့်ကို ရောက်ရှိ သွားသော၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်၏၊ အသွင် လက္ခဏာပင် ဖြစ်သည်။

“ ကြည့်ရတာ ငါ့မှာ ...၊ အချိန် သိပ်မကျန် နိုင်တော့ဘူး။ ”

လင်းယွန်က မျက်မှောင် ကြုတ်ပြီး၊ ရေရွတ် လိုက်၏။ နဂါး တံခါး ပြိုင်ပွဲ ကျင်းပရန်၊ ဆယ်ရက်သာ လိုတော့ပြီး၊ လူအများ စုက မြို့တော် ဆီသို့၊ ဦးတည် နေပြီ ဖြစ်သည်။

“ မလုံလောက် သေးဘူး၊ လေးနက်သောခြေလှမ်း ခုနစ် လှမ်းကို၊ သရုပ်ဖော် အဆင့်ထိ၊ ဆုပ်ကိုင် မိဖို့ လိုသေးတယ်။ ”

ရွေ့လျားမှု နည်းစနစ်နှင့်၊ ဓားရေးတွင် နောက်ကျ ကျန်နေ ခဲ့သည်။ အစွမ်း ထက်သော ဓား ရေးကို၊ အပြည့် အဝ ပြသ နိုင်ရန်၊ အစွမ်း ထက်သော ရွေ့လျားမှု နည်းစနစ်အား လိုအပ် ပေ၏။

လရောင် ရေစင် ဓားသည်၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ နေခဲ့ သည်မှာ၊ ကြာမြင့်ပြီ ဖြစ်သော်လည်း၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းတွင်၊ အောင်မြင်မှု ထပ်မံ မရရှိ ခဲ့ပေ။

အကယ် ၍သာ ဤရလာဒ် အတိုင်း၊ အောင်မြင်မှု မရရှိ ခဲ့ပါက၊ သူ၏ တိုက်ခိုက် မှုတွင်၊ ချို့ယွင်း ချက်များ ရှိလာမည် ဖြစ်သည်။

တစ်ခါ တစ်ရံတွင် ပါရမီရှင် ရှစ်ပါး၊ မည်မျှ အစွမ်းထက် မည်ကို၊ တွေးတော ကြည့်နေ တတ်သည်။

သူတို့၌ ချို့ယွင်းချက် မရှိအောင်၊ အစွမ်းထက် နိုင်၏၊ သို့မှသာ ကျားများ ကြားက၊ နဂါးများ ဖြစ်လာမည် ဖြစ်သည်။

ဘဝကို သူ့၏ ဝှက်ဖဲ များပေါ် တင်ထားရန်၊ ယုံကြည်ချက် မရှိပေ။ စစ်မှန်သော ကျွမ်းကျင် သူများ အနေဖြင့်၊ ၎င်းတို့၏ ပြိုင်ဘက်များ အပေါ် ဖိနှိပ် ရာတွင်၊ ဝှက်ဖဲများ မလိုအပ် သောကြောင့်၊ ထိုလမ်း စဉ်ကို လင်းယွန်က ဦးတည် ထားသည်။

ဆိုလို သည်မှာ စစ်မှန်သော ကျွမ်းကျင် သူများ ရှေ့၌၊ ဝှက်ဖဲ များက အသုံး မဝင်ဟု အဓိပ္ပါယ် ရလေသည်။

“ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ သရုပ်ဖော် အဆင့်ထိ တက်လှမ်းဖို့ လိုသေးတယ်၊ မဟုတ်ရင် ချန်ပီယံ ဆုကို၊ ဆွတ်ခူး နိုင်တော့မှာ မဟုတ်ဘူး။ ”

လင်းယွန်က ချောက်ကမ်းပါး အစွန်းတွင် ရပ်ပြီး၊ ကောင်းကင်အား စူးရဲစွာ စိုက်ကြည့်ကာ၊ ငြိမ်သက် သွားလေပြီ။

ဓားနန်းတော်တွင် အကြီး အကဲ တစ်ဦးက၊ ဘိုင်လိရွှမ်ကို ရှုပ်ထွေးသော အမူ အရာဖြင့် ကြည့်ပြီး၊ "မင်း အနိုင် ရပြီ" ဟု၊ သက်ပြင်း ချကာ ဆိုလိုက်၏။

လွန်ခဲ့သည့် သုံးရက်က ဂိုဏ်းသို့ ပြန်ရောက် လာသော ဘိုင်လိရွှမ်က၊ သူ့အား ရှာဖွေ ခဲ့သည်။

အစ ပိုင်းတွင်၊ သူတော်စင် ခန္ဓာ ကိုယ်ကို ပိုင်ဆိုင် ထားသောကြောင့်၊ ဘိုင်လိရွှမ်မှာ ယုံကြည်ချက် လွန်ကဲ လွန်းသည်ဟု၊ ခံစားမိ လိုက်၏။

သည့်အတွက် အကြီး အကဲမှာ၊ တိုက်ခိုက်ရန် ဆန္ဒ မရှိ ခဲ့ဘဲ၊ သူ့ အင်အား၏ (၅၀%) ကိုသာ အသုံး ပြုခဲ့သည်။

အဆုံးတွင်၊ ဘိုင်လိရွှမ်၏ ကြောက်မက်ဖွယ် ဓားရေး အောက်၌၊ အကြီး အကဲမှာ တုန်လှုပ်သွား ခဲ့ရသည်။

သူ့ အနေနှင့် ခွန်အား အပြည့်ဖြင့်၊ ရင်ဆိုင်ခဲ့သော်လည်း၊ အနိုင်ယူ နိုင်ရုံ မျှသာ ရှိသည်။ သို့သော် ဘိုင်လိရွှမ်က အနား ယူခြင်း မရှိဘဲ၊ သုံးရက်ကြာ ထပ်မံ တိုက်ခိုက် ခဲ့သည်။

သုံးရက်အတွင်း တစ်ချိန်လုံး ရှုံးနေခဲ့ သော်လည်း၊ တိုက်ပွဲ အတွင်း တဖြည်းဖြည်း ကြာရှည်စွာ တိုး၍ ခုခံ လာနိုင်၏။

ထို့ကြောင့် အကြီးအကဲက တုန်လှုပ် သွားပြီး၊ သူတော်စင် ခန္ဓာ ကိုယ်၏ စွမ်းရည် အပေါ်၊ ထိတ်လန့် လာရသည်။

“ အပြောင်း အရွှေ့ တစ်ဝက် လောက်နဲ့၊ အနိုင် ရဖို့က၊ ငါ့အတွက် အကန့် အသတ် ပါပဲ၊ ပါရမီရှင် ရှစ်ပါး သာဆိုရင်၊ ခရမ်းရောင် နန်းတော် နယ်မြေက ကျင့်ကြံ သူတွေ ကိုတောင်၊ သတ်နိုင်တယ်လို့ ငါ ကြားမိတယ်။ ”

ဓားကို ရုတ်သိမ်း လိုက်ပြီး ဘိုင်လိရွှမ်က ဆိုသည်။ အကြီးအကဲက မုတ်ဆိတ်မွှေး များကို ပွတ်သပ် နေလျက်ဖြင့် ပြုံးကာ၊

“ အဲဒါ တွေက လမ်းလွဲ ကျင့်ကြံ သူတွေပါ၊ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ကို၊ ဘယ်သူက လွယ်လွယ်နဲ့ သတ်နိုင် မှာလဲ၊ မင်းက ငါ့ကို သိုင်း တစ်ကွက် တည်းနဲ့၊ အနိုင်ယူ နိုင်ခဲ့ ပြီးမှတော့၊ သူတို့ကို မယှဉ် နိုင်ရင်တောင်၊ နောက်ကျ ကျန်နေမှာ မဟုတ် ပါဘူး၊ ဒီလောက်လည်း ကိုယ့်ကိုကိုယ်၊ နှိမ့်ချ မနေ ပါနဲ့။ ”

" ဒါနဲ့ ...၊ လင်းယွန် ပြန်ရောက် လာပြီလား အကြီးအကဲ။ "

ဘိုင်လိရွှမ်က လှည့်မေး လိုက်သည်။

" ငါ့ သိရ သလောက်တော့ မရောက် သေးဘူး။ "

'' မရောက် သေးဖူးလား။ ''

တံဆိပ် လေးခုကို ပေါင်းစပ် နိုင်ပြီးနောက်၊ အဆုံးမဲ့ တောင်တန်း အတွင်း၊ အဘယ့်ကြောင့် လင်းယွန် ဆက်နေ နေသေး သည်ကို၊ သူ နားမလည် မိပေ။

သို့သော် တံဆိပ် လေးခုကို ပေါင်းစပ် ခြင်းသည်၊ လင်းယွန်၏ ကန့်သတ်ချက် ဖြစ်သင့် သောကြောင့်၊ မကြာမီ သူ့ မျက်ဝန်းများ ထဲ၌၊ မရေရာ ခြင်းများ ကင်းမဲ့ လာပြီး၊ မထီ မဲ့မြင် နိုင်သော အပြုံးများ၊ ထွက်ပေါ် လာ၏။

သူ့ ဘဝ တစ်လျှောက်တွင်၊ အလေး အနက် ထားမိသော ပြိုင်ဘက်များ အနက်၊ တစ်ယောက် အဖြစ်၊ လင်းယွန်အား ယူဆ နိုင်သည်။

ဓားနန်းတော်တွင် ပါရမီရှင် တစ်ဦးသာ ရှိသင့်ပြီး၊ ၎င်းမှာ သူ ဖြစ်ရ မည်ဟု၊ တစ်ထစ်ချ ယုံကြည် မိသည်။

များမကြာ မီတွင်၊ အကြီးအကဲ တစ်ဦးကို သိုင်း တစ်ကွက်ဖြင့်၊ အနိုင် ယူသွားသော ဘိုင်လိရွှမ် သတင်းမှာ၊ ဓားနန်းတော်၌ ပျံ့နှံ့ သွားတော့၏။

ထို့နောက် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ လမ်းလွဲ သိုင်းသမား တစ်ဦးကို၊ သတ်ပစ် လိုက်သော၊ ယီဖန်း သတင်း မှာလည်း၊ ထပ်မံ ပေါ်ထွက် လာပြန်သည်။

ဤသည်မှာ လာမည့် နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ဓားနန်းတော်၏ မျှော်လင့် ချက်ကို လှုပ်ခါ လာစေသည်။

နဂါး တံခါး ပြိုင်ပွဲ တဖြည်းဖြည်း နီးကပ်လာ သည်နှင့် အမျှ၊ မြို့တော် တစ်ခုလုံး ကျင့်ကြံ သူများဖြင့်၊ တဖြည်းဖြည်း စည်ကား လာသည်။

ရှေးဟောင်း တာအိုဂိုဏ်း၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၊ လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း၊ ကောင်းကင်ဘုံ ချင် အင်စတီ ကျုနှင့်၊ နတ်ဘုရား အစောင့် တပ်၏၊ တပည့်များ အားလုံးက၊ ပြိုင်ပွဲ အတွက် အသင့် ရှိနေ ကြ၏။

ယခု နှစ် နဂါးတံခါး ပြိုင်ပွဲ၏၊ လှုပ်ရှား သက်ဝင် မှုသည်၊ ယခင်နှစ် ပြိုင်ပွဲ များထက်၊ ကျော်လွန် သွားခဲ့သည်။

သို့သော် လင်းယွန်ကို မည်သည့် နေရာ တွင်မှ၊ မတွေ့မိ သောကြောင့်၊ ကောလဟာလ များအတိုင်း၊ လင်းယွန် တစ်ယောက် နဂါး တံခါး ပြိုင်ပွဲတွင်၊ ပါဝင် ရမည်ကို ကြောက်ရွံ့ နေသည်ဟု၊ သတင်းများ ထွက်ပေါ် လာခဲ့၏။

နဂါး တံခါး ပြိုင်ပွဲကို၊ ရက် အနည်းငယ် အတွင်း၊ စတင် တော့မည် ဖြစ်ပြီး၊ ယခု ချိန်ထိ လင်းယွန် သတင်းကို၊ မကြား ရသေးပေ။

ထို့ကြောင့် ရတနာ ခန်းမက၊ သူ့ အပေါ် လောင်းကြေး ဖွင့်ထား ခဲ့ပြီး၊ ချင်ယုကို စော်ကား ခဲ့သောကြောင့်၊ မဟာချင် အင်ပါယာမှ၊ ထွက်ပြေး သွားနိုင် သည်ဟု၊ ပြောဆို လာ ကြသည်။

ရတနာ တောင်ကုန်း တစ်နေ ရာတွင်၊ နဂါး တံခါး ပြိုင်ပွဲ နီးကပ် လာသောကြောင့်၊ ရှင်းယန်က ဝမ်းနည်း စရာ အချို့ကို၊ သတိ ရနေမိသည်။

အစ်ကို ကြီးသာ ရှိနေ ဦးမည် ဆိုပါက၊ မည်မျှ ပျော်ရွှင် နေမည်ကို သူမ သိ၏။ သို့သော် မြေပြင်ပေါ် ကြွေကျ နေသော၊ ရော်ရွက်ဝါ တစ်ရွက်ကို ကောက်ယူ လိုက်ပြီး၊ ရုတ်တရက် ပြုံးရယ် လိုက်သည်။

" ဘာပဲ ဖြစ်ဖြစ် ဂျူနီယာ မောင်လေးက၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ ပါဝင် လိမ့်မယ် ဆိုတာ သေချာတယ်။ "

ဟု ဆိုကာ အဆုံးမဲ့ တောင်တန်းကြီး ရှိရာ အရပ် ဆီသို့၊ ခေါင်းမော့ ကြည့်လိုက် လေသည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နဂါးတံခါး ပြိုင်ပွဲ ကျင်းပရန်၊ သုံးရက်သာ ကျန်ပေ တော့ ၏။

ခရိုင် တစ်ရာ အတွင်းရှိ၊ အသီး သီးသော ကျင့်ကြံသူ များက မြို့တော်သို့၊ တဖွဲဖွဲ ဝင်ရောက် လာနေဆဲ ဖြစ်သည်။

ဤပွဲကို လက်လွတ် မခံချင် ကြသော ကြောင့်၊ မည်သည့် ကိစ္စကို မဆို၊ ရပ်ဆိုင်း လိုက်ကြပြီး၊ အားခဲ လာ ကြခြင်း ပေပင်။

ထို့ကြောင့်ပင် ရတနာ ခန်းမမှ ဖွင့်လှစ် ထားသော လောင်းကြေး အပေါ်၊ အားလုံးက အာရုံ စိုက်လာ ကြ၏။

လောင်းကြေး ပမာဏမှာ၊ များပြား လှသော ကိန်းဂဏန်း အထိပင်၊ ရက်ပိုင်း အတွင်း ရောက်ရှိ သွားခဲ့သည်။

နဂါး တံခါး ပြိုင်ပွဲနှင့် ပတ်သက်၍ စိတ် လှုပ်ရှားဖွယ်၊ အချင်းအရာ သုံးရပ် ရှိ၏။

ပထမ အရေးမှာ၊ ချန်ပီယံ မည်သူ ဖြစ်မည်ကို၊ ထင်ကြေး ပေးလာ ကြခြင်း ဖြစ်၏။ ပါရမီရှင် ရှစ်ပါး အနက်၊ အိမ်ရှေ့ မင်းသား ချင်ယု သည်သာ၊ ထိုအရေးကို 'မဲ' အများဆုံး ရရှိ ထားသည်။

လွင့်မျော နေသော ရေခွက်လေး၊ မပါ သောကြောင့်၊ ချင်ယုမှာ ချန်ပီယံ ဖြစ်လာရန်၊ အခွင့် အလမ်း အမြင့်ဆုံး ဖြစ်ကြောင်း၊ လူတိုင်း သိမြင် နိုင်၏။

ဒုတိယ အနေဖြင့်၊ ပါရမီရှင် ရှစ်ပါး စာရင်းသို့၊ မျိုးဆက် သစ်များ ဝင်ရောက် နိုင်မည့်၊ လူစာရင်း ဖြစ်သည်။

နဂါး တံခါး ပြိုင်ပွဲတွင်၊ ခွဲတမ်း ရှစ်ခုရှိ သော်လည်း၊ ယမန်နှစ် ပါရမီရှင် ခုနစ်ဦးအနက် မည်သူ မဆို၊ လက်ရှိ အဆင့် များကို၊ ဆက်လုပ် ဆုပ်ကိုင် ထားနိုင် မည်ဟု၊ ယူဆ ကြသည်။

ဆိုလို သည်မှာ လွင့်မျော နေသော ရေခွက် လေး၏၊ နေရာ တစ်နေရာ အတွက်သာ၊ လွတ်နေ သည်ဟု ဆိုခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ နေရာ လွတ်သို့၊ တက်လှမ်း နိုင်မည့် သူမှာ၊ ဘိုင်လိရွှမ် အဖြစ်၊ ထင်ကြေး ပေးလာ ကြသည်။

သဘာဝ အတိုင်း၊ ဤတစ်ကြိမ် နဂါး တံခါး ပြိုင်ပွဲတွင်၊ ချင်ယုနှင့် ဘိုင်လိရွှမ် တို့မှာ၊ ရေပန်း အစားဆုံး ဖြစ်လာ ခဲ့၏။

တတိယ အရေးမှာ၊ လင်းယွန် တစ်ယောက် ပြိုင်ပွဲသို့၊ ဝင်ရောက် ယှဉ်ပြိုင် ရဲခြင်း၊ ရှိ မရှိ ဖြစ်သည်။

မင်္ဂလာ ရထား ရှေ့တွင်၊ သူ့ဓားကို ဆွဲထုတ် ခဲ့သည့် အဖြစ် အပျက်မှာ၊ အင်ပါယာ တခွင် အကြီး အကျယ် ရုတ်ရုတ် သဲသဲ ဖြစ်စေကာ၊ လင်းယွန်၏ အမည်အား လူတိုင်း သိရှိ လာခဲ့သည်။

ထို့ကြောင့်ပင် လူများ စွာက ယင်းကို လောင်းကြေး ထပ် လိုက်ကြပြီး၊ အချို့သော လူငယ်မှာ၊ သူတို့၏ ကံကြမ္မာ တစ်ခု လုံးကို၊ ပုံအော ပစ်သည် အထိ၊ ရူးမိုက် လာကြ လေသည်။

ထိုသူများ အမြင်၌ လင်းယွန်မှာ သူတို့၏ သူရဲကောင်း တစ်ယောက် ဖြစ်၏။ ချင်ယုကို ဓားဆွဲ ဟန့်တား ခဲ့ပြီးနောက်၊ မဟာ ချင် အင်ပါယာ၌ အခြား ကြောက်စရာ မရှိတော့ပေ။

***

All Chapters