ချန်ပီယံ။
Vol. 31 Ch. 426
နဂါး တံခါး ပြိုင်ပွဲ ကျင်းပရာ ရင်ပြင်ကို၊ နတ်ဘုရား အစောင့် များက ကြပ်မတ် ထားပြီး၊ ကျူးကျော် ဝင်ရောက် လာသူ တိုင်းအား၊ သတ်ပစ်မည် ဖြစ်သည်။
ဤနေရာကို ယခု အချိန်၌၊ တားမြစ် နယ်မြေ အဖြစ် သတ်မှတ် လာပြီး၊ နဂါး တံခါး ပြိုင်ပွဲ ကျင်းပ ချိန် မှသာ၊ ဖွင့်လှစ် တော့ပေမည်။
ရင်ပြင် အလယ် ဗဟိုတွင်၊ လူတိုင်း၏ အာရုံ စူးစိုက် မှုကို၊ ခံယူ ထိုက်သော 'နဂါး စင်မြင့်' ရှိ၏။
နဂါး စင်မြင့် သည် မဟာချင် အင်ပါယာ၏၊ ပါရမီရှင် ရှစ်ပါးကို၊ မွေးထုတ် ပေးရာ စင်မြင့် ဖြစ်ပြီး၊ ထိပ်တန်း ရှစ်ယောက်သို့ ရောက်ရှိလာ ခြင်းဖြင့်၊ နဂါး အသွင် ပြောင်းလဲ သွားနိုင်မည် ဖြစ်သည်။
စင်မြင့် အနီးတွင်၊ ရှေးဟောင်း အရှိန်အဝါ များဖြင့်၊ ပြည့်နှက် နေသော ထိုင်ခုံ ကိုးလုံး ရှိပြီး၊ အလယ် ဗဟိုရှိ ထိုင်ခုံ တစ်လုံးကို၊ ကျန်ရှိနေသော ထိုင်ခုံရှစ် လုံးက၊ ဝိုင်းပတ် ထားသည်။
ထိုအလယ် ဗဟိုရှိ ထိုင်ခုံတွင်၊ လွင့်မျော နေသော ငွေရောင် ဇာပုဝါဖြင့်၊ အလှဆင် ထား၏။ ချန်ပီယံ တစ်ဦး တည်းသာ၊ ဤနေရာနှင့် သက်ဆိုင်မည် ဖြစ်သည်။
အခြားသော ထိုင်ခုံရှစ် လုံးမှာ၊ ပါရမီရှင် ရှစ်ပါး အတွက်၊ သတ်မှတ် ပေးထားသည့် နေရာ ဖြစ်ပြီး၊ ဗဟို နေရာမှာ ၎င်းတို့ အနက် ချန်ပီယံကို ရည်ရွယ် ပေသည်။
ချန်ပီယံကို မဟာ ချင် အင်ပါယာ၌၊ မျိုးဆက်သစ် လူငယ် များ၏၊ ဘုရင် တစ်ပါး အဖြစ် သတ်မှတ် ကြပေမည်။
ဤစင်မြင့်သည် ဂုဏ်သတင်းနှင့် အိပ်မက်၊ နှစ်ခု လုံးကို ကိုယ်စား ပြုပြီး၊ လူငယ် ဘုရင် တစ်ပါးအား၊ ဤနေရာတွင် မွေးဖွား ပေးမည် ဖြစ်သည်။
ပရိဿတ်များ အတွင်း တစ်နေ ရာ၌၊ မဟာချင် အင်ပါယာ၏ ဧကရာဇ်မင်း စံမြန်းရာ၊ ပလ္လင် တစ်ခု ထားရှိ၏။
ထိုပလ္လင်ကို ရာဇ ပလ္လင်တော် အဖြစ် သတ်မှတ် ထားပြီး၊ ချန်ပီယံ ထိုင်ခုံကို မျက်နှာ မူကာ၊ ချမှတ် ပေးထား လေသည်။
ချင်ယု သည်သာ ချန်ပီယံ စင်မြင့် နေရာတွင် ရပ်နိုင် ပါက၊ ပိုမို တောက်ပ လာစေရန် ရာဇ ပလ္လင် တော်က၊ ရောင်ပြန် ဟပ်ပေး ပေလိမ့်မည်။
သို့သော် အခြား သူများ ထိုနေရာတွင် နောက်ဆုံး ရပ်တည် နိုင်ခြင်းဖြင့်၊ ၎င်း၏ နောက်ကွယ်ရှိ အင်အား စုမှာ၊ တော်ဝင်မိသားစု၏ အာဏာကို၊ ဆန့်ကျင် ပြရာ ရောက်နေမည် ဖြစ်သည်။
ဆောင်းကုန် ရာသီ၏ အအေး ဓာတ်များက၊ မနက်ခင်း အလင်းများ၊ ဝင်ရောက် လာ သည်နှင့် လွင့်ပါး သွားကာ၊ မြို့တော် တစ်ခု လုံးအား ချက်ချင်း ပူလောင် လာစေ၏။
ပြိုင်ပွဲ ကျင်းပရန် သုံးရက် လိုသေး သော်လည်း၊ ရင်ပြင်၌ ကျင့်ကြံ သူများ ကြက်ပျံ မကျ စည်ကား နေပေသည်။
ထိုနေရာတွင် မဟာချင် အင်ပါယာ တခွင်ရှိ၊ ဂိုဏ်းငယ် များ၏ တပည့် များနှင့်၊ အခြားသော လေလွင့် ကျင့်ကြံ များ၊ ရောက်ရှိနေ ကြ၏။
ပါဝင် ယှဉ်ပြိုင်ရန် အရည် အချင်း မပြည့် မီသော ကျင့်ကြံသူ အများမှာ၊ ကြည့်ရှု ရန်အတွက် စိတ်စော နေကြခြင်း ဖြစ်သည်။
ရင်ပြင် တဝိုက်တွင်၊ ကြည့်ရှု သူများ နားခို စရာ၊ တည်းခို ခန်းများ ဖွင့်လှစ် ထားရှိ ပေသည်။
နဂါး တံခါး ပြိုင်ပွဲသည်၊ မဟာချင် အင်ပါယာ၏ အခမ်း နားဆုံး၊ ပြိုင်ပွဲ တစ်ရပ် ဖြစ်သောကြောင့်၊ တည်းခိုခန်း တိုင်း၌ လူများဖြင့် ပြည့်နှက် လာ၏။
" ဒီ တစ်ကြိမ် ပြိုင်ပွဲက၊ လွန်ခဲ့တဲ့ ရာစုနှစ် အတွင်းမှာ၊ အပြင်း ထန်ဆုံး ပြိုင်ပွဲ တစ်ပွဲ ဖြစ်လာ လိမ့်မယ်လို့၊ ငါကြား ထားတယ်။ "
“ ဟုတ်တယ်၊ ဒီနှစ် ထဲမှာ ထူးခြား တာတွေ အများကြီး ဖြစ်ခဲ့တယ်၊ ပထမ လင်းယွန်၊ အခု သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားတဲ့ ဘိုင်လိရွှမ် ရှိတယ်၊ တခြား ဂိုဏ်းတွေ မှာလည်း၊ ပါရမီရှင် တွေ ရှိနေ သေးတယ်၊ ... ''
'' .... ဒီလို များပြား လှတဲ့ ပါရမီ ရှင်တွေ၊ တပြိုက် နက်တည်း ထွက်ပေါ် လာဖို့ ဆိုတာ၊ နဂါး တံခါး ပြိုင်ပွဲ တစ်လျှောက်၊ တစ်ကြိမ်မှ မကြုံ ဖူးဘူး။ ”
“ ဟုတ်တယ်၊ ဒီဘက် ခေတ်မှာ ဉာဏ်ကြီးရှင် တွေ အများ ကြီးပဲ၊ ပါရမီရှင် ခုနစ်ပါးက ဒီတစ်ကြိမ် နဂါး တံခါး ပြိုင်ပွဲမှာ၊ ယုံကြည်ချက် ရှိနေ ဆဲလို့၊ လူတိုင်းက ပြောကြ ပေမယ့်၊ မြင်းနက် တစ်ကောင် ရှိမလာ နိုင်ဖူးလို့ မင်း ပြောရဲလား။ ”
“ အဓိက ကတော့ ကြာမိစ္ဆာ နယ်မြေ ကြောင့်ပါ၊ ဂိုဏ်းအသီး သီးက တပည့်တွေ အားလုံး၊ ကြာမိစ္ဆာ နယ်မြေက ပြန်ရောက် တာနဲ့၊ တံခါးပိတ် ကျင့်ကြံ ကုန်ကြပြီ၊ ပြိုင်ပွဲမှာ ဘယ်သူက တောက်ပ လာမယ် ဆိုတာ၊ ဘယ်သူ သိနိုင် မှာလဲ။ ”
" အ ဟား ... လင်းယွန် ပေါ်လာ နိုင်မလား၊ သိချင် လာပြီ၊ မင်္ဂလာ ဆောင်မှာ ဓားဆွဲတဲ့ နေ့တုန်းက၊ ချင်ယု မျက်နှာ စိမ်းနေတယ်၊ သူ့ဘ၀ တစ်လျှောက်လုံး၊ ဒီလို အရှက်ကွဲ မှုမျိုး တစ်ကြိမ်မှ၊ မခံ စားရ ဖူးဘူးလို့ ငါထင်တယ်။ ”
“ လင်းယွန်က နက်နဲ သွေးပြန် ကြောသာ ဖျက်ဆီး မခံ ရရင်၊ ပါရမီရှင် ရှစ်ပါးကို စိန်ခေါ် နိုင်တယ်၊ နောက်ဆုံးတော့ သူ ပြသ ထားတဲ့ အလား အလာက၊ ကြောက်စရာ ကောင်းလွန်းတယ် မဟုတ်လား။ ”
“ ဟုတ်တယ်၊ တကယ်ကို သနား စရာ ပါပဲ၊ ဒါတောင်မှ သူက မင်္ဂလာ ဆောင်မှာ ပေါ်လာပြီး၊ သူ့ရဲ့ ဝှက်ဖဲတွေ အားလုံးကို ထုတ်ပြ ခဲ့သေးတယ်၊ ပါရမီရှင် ရှစ်ပါး နဲ့သာ မဆုံ တွေ့ရရင်၊ တစ်နေ ရာစာ ရရှိဖို့၊ အခွင့် အရေး မြင့်မား နေပါ သေးတယ်။ ”
" ငါသာ လင်းယွန် ဆိုရင် ထွက်သွားမယ်၊ ချင်ယုကို လက်စား ချေဖို့၊ အခွင့် အရေး မပေး ဘူး။ ''
တစ်ဦး တစ်ယောက်က လင်းယွန် အကြောင်းကို ပြောလိုက် သည်နှင့်၊ ရတနာ ခန်းမ၏ အလောင်း အစား အပေါ်၊ သဘာဝ ကျကျ ဆွေးနွေး လာကြသည်။
ရတနာ ခန်းမသည် မျိုးဆက်သစ် ပါရမီရှင် များ စာရင်းနှင့်၊ ချန်ပီယံ ဖြစ်မည့် သူကို ခန့်မှန်း ပေးကာ၊ ဤတစ်ကြိမ် နဂါး တံခါး ပြိုင်ပွဲတွင်၊ ကျော်ကြားသော ဂုဏ် သတင်းအား၊ ရယူ ထားနိုင် ခဲ့သည်။
အဆင့် သတ်မှတ်ချက် များမှာ၊ အနည်းငယ် တစ်ဖက် စောင်းနင်း နိုင်သော်လည်း၊ ယေဘုယျ အားဖြင့် တရား မျှတဆဲ ဖြစ်သည်။
မျိုးဆက်သစ် ပါရမီရှင် စာရင်းကို ထုတ်ပြန်ခြင်းမျိုး မရှိ ပါက၊ ဤတစ်ကြိမ် နဂါး တံခါး ပြိုင်ပွဲ အတွက်၊ လောင်းကြေးများ ဖွင့်လှစ် နိုင်မည် မဟုတ်ပေ။
နေလုံးကြီး ငုတ်လျိုး ပျောက်ကွယ် တော့မည့် အချိန်တွင်၊ မြို့တော်သို့ မထွက်ခွာ နိုင်သေးသော ဓားနန်းတော် အဖွဲ့မှာ၊ စိတ် မကြည် မလင် ဖြစ်လာ ကြ၏။ ဤဖြစ်စဉ် အတွက် သူတို့မှာ၊ သဘာဝ အတိုင်း မထွက်ခွာ နိုင်ကြ သေးချေ။
နောက်ဆုံးတွင်၊ ယခု မထွက် ခွာပါက၊ နဂါး တံခါး ပြိုင်ပွဲ ဖွင့်လှစ် ခြင်းအား၊ မှီတော့မည် မဟုတ်ပေ။ စိတ်စောသော တပည့်ငယ် တချို့မှာ၊ ဦးစွာ ထွက်သွား ကုန်ကြသည်။
ယင်းမှာ သူတို့ မလွန်ချေ။ ယနေ့ ထိတိုင် လင်းယွန် သတင်းကို၊ မည်သည့် နေရာ ကမှ၊ မရ ရှိခဲ့သော ကြောင့်သာ ဖြစ်သည်။
အများ စုက နဂါး တံခါး ပြိုင်ပွဲကို၊ လင်းယွန်က စွန့်လွှတ် နိုင်သည်ဟု၊ ယူဆ လာကြသည်။ သူတို့ အနေဖြင့် စိတ်ပျက် သွားမိ သော်လည်း၊ ၎င်းကို နားလည် ပေးနိုင်၏။
လင်းယွန် နေရာ၌ သူတို့ ဆိုပါ လျှင်လည်း၊ တူညီသော ရွေးချယ် မှု ကိုသာ၊ ပြုလုပ် မိမည် ဖြစ်သည်။
ရတနာ တောင်ကုန်းတွင် အဖွဲ့ ဝင်များ အားလုံး စုဝေး လာကြပြီး၊ ရှင်းယန်မှ လွဲ၍ လူတိုင်း စိုးရိမ် မှုများ ပြသ ထားသည်။
" ရှင်းယန်၊ ငါတို့ ဂျူနီယာ ညီလေးကို စောင့်ဦးမှာလား။ "
ချင်းရွှမ်ဂျွန်က မေးသည်။ လင်းယွန်ကို စောင့်ဆိုင်း နေမိ သည်မှာ၊ သုံးရက် ရှိပြီ ဖြစ်သည်။
" ဒါနဲ့ ဂျူနီယာ လင်းက အဆုံးမဲ့ တောင်တန်း ကြီးရဲ့၊ ဗဟို နယ်မြေကို သွားခဲ့တာ ဖြစ်နိုင်လား၊ အဲ့ဒီ နေရာက ခရမ်းရောင် နတ်ဆိုး သားရဲ တွေ ကျက်စားရာ နယ်မြေပဲ၊ တားမြစ် ထားတဲ့ နယ်မြေ တွေတောင်၊ ရှိတယ်လို့ ကြားမိတယ်၊ နှစ်စဉ် အဲ့ဒီ နယ်မြေ ထဲမှာ တပည့်တွေ အများကြီး၊ သေကြ ရတယ် မဟုတ်လား …။ ”
တပည့်ငယ် တစ်ဦးက စိုးရိမ် မကင်းသောလေသံဖြင့် ဆိုလိုက်သည်။
" မင်း ဘယ်သူ့ အကြောင်း ပြောနေ တာလဲ ။ ''
ရှင်းယန်က သက်ပြင်းကို တိုးတိတ်စွာ ချလိုက်ပြီး၊ လူအုပ် ကြီးထံ ပြန်လှည့် မေးလာ၏။
လင်းယွန် အပေါ် စိတ်မချ စရာ၊ အကြောင်း မရှိချေ။ သူက သူမကို ကတိ ပေးထား ပေသည်။
“ စီနီယာ အစ်မ၊ အစ်ကိုကြီးက အဆုံးမဲ့တောင်တန်း ကနေ၊ မြို့တော်ကို တိုက်ရိုက် သွားလိမ့် မယ်လို့ ထင်လား၊ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်က အဖိုးတန် တယ်လေ။ ''
လီဝူယုက သူ့ အမြင်ကို ဆိုသည်။
“ မျှော်လင့် ရတာပဲ၊ သူ့ကို မစောင့်နဲ့ ... အခု သွားရအောင်။ "
ရင်းယန်က ပြုံးလျက် လီဝူယု၏ ဆံပင်များကို၊ ရှုပ်ပွ လာအောင် ပွတ်သပ် လိုက်၏။ သို့သော် မထွက်ခွာ မီတွင်၊ ရှင်းယန်က အဆုံးမဲ့ တောင်တန်း ကြီးထံ၊ နောက်ဆုံး အကြိမ် အဖြစ်၊ မျှော်ကြည့် လိုက်သည်။
လင်းယွန် တစ်ယောက် အချိန်၊ လွဲချော် သွားမည်ကို၊ သူမ စိုးရိမ် နေမိ ခြင်းသာ ဖြစ်သည်။
***
အဆုံးမဲ့ တောင်တန်း ကြီး၏၊ ဗဟို နယ်မြေ ဒေသရှိ၊ ချောက် ကမ်းပါးကြီး တစ်ခု ပေါ်တွင်၊ နေဝင် ချိန်ကို ရပ်ကြည့် နေသော၊ လူတစ်ယောက် ရှိနေ၏။
ထိုသူမှာ သဘာဝ အတိုင်း လင်းယွန် ဖြစ်ပြီး၊ ဒရာကိုဖီ ခန္ဓာ ကိုယ်အား အောင်မြင်မှု ရရှိ ခဲ့ပြီးနောက်၊ ဤနေရာတွင် ငြိမ်သက်စွာ ရပ်နေ ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ခုနှစ်ရက် လုံးလုံး၊ နေဝင်ချိန်၊ နေထွက်ချိန် များကို ကြည့်ရှု နေမိပြီး၊ ၎င်းနှင့်ပတ်သက်၍ ကွဲပြားသော အရာများ အပေါ်၊ တဖြည်းဖြည်း သိမြင် လာခဲ့သည်။
နေမင်း ကြီးမှာ သူ့ မျက်လုံးများ ထဲတွင်၊ ဖြည်းညှင်းစွာ ရွေ့လျား သွားလာ နေခြင်း ဖြစ်သော်လည်း၊ စက္ကန့် တိုင်း၌ မိုင်ပေါင်း သန်းနှင့် ချီကာ၊ ရွေ့လျား နေခြင်း ဖြစ်ပေသည်။
'မြင့်မြတ်သော ဘုံသို့ တက်လှမ်းခြင်း' ပညာ ရပ်မှ၊ ဆင်းသက် လာသော 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' သည်၊ လူသား များက နေမင်း နောက်သို့ လိုက်ရန်၊ ဖန်တီး ထားခြင်း ဖြစ်သည်။
ယင်းမှာ မဖြစ် နိုင်ချေ။ ထို့သော် ရှေးဦးလူသား များမှာ၊ နေမင်းကို ဖမ်းဆီးရန်၊ ဤ နည်းစနစ်ကို ဖန်တီး ခဲ့ခြင်း ဖြစ်သည် ဟူသော အချက်ကြောင့်၊ ယင်းနှင့် ပတ်သက်၍ လျှို့ဝှက်ချက် တစ်ခု ရှိရ ပေမည်။
နောက်ဆုံးတွင်၊ လူသား တစ်ယောက် အနေဖြင့်၊ နေမင်း ကြီးအား မျက်စိ စုံမှိတ်၊ လိုက်လံ ဖမ်းဆီး ခြင်းသည်၊ အဓိပ္ပာယ် မရှိ လှပေ။
( ဆိုလို သည်မှာ နေမင်း၏ အလျင်ဖြင့်၊ လူသား တစ်ယောက် ရွေ့လျား ရန်မှာ၊ မဖြစ် နိုင်ဟု ဆိုပေသည်။ )
အတွေးများ တဖြည်းဖြည်း ငြိမ်သက် လာပြီးနောက်၊ မျက်လုံးများ မှိတ်ကျ သွား၏။
တစ်ရက် တိတိ ထပ်မံ ကုန်လွန်သွား ပြီးနောက်၊ အာရုဏ်ဦး အလင်းရောင် ဝင်ရောက် လာသော အခါတွင်၊ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။
၎င်းနှင့် တပြိုင်နက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ ပြန်လှည့် ကြည့်လိုက် ချိန်တွင်၊ မူလ နေရာ၌ ငြိမ်သက်စွာ ရပ်နေသော လင်းယွန် တစ်ယောက်ကို၊ တွေ့လိုက် ရလေသည်။
နေရောင် အောက်၌ ရပ်လျက်၊ နေပူစာ လှုံနေသော သူ၏ ကိုယ်ပွားမှာ၊ ဖြာကျ နေသော နေရောင် အောက်တွင်၊ ပန်းချီကား တစ်ချပ် သဖွယ်၊ အသွင် ပြောင်းသွားကာ၊ ရုတ်တရက် မှိန်ဖျော့သော အလင်းများ တောက်ပ လာ၏။
လင်းယွန်က အပြုံးဖြင့်၊ ပြန်လှည့် လာပြီး ပန်းချီ ကားကို လှမ်းဆွဲ လိုက်သည်။
နေပူစာ လှုံနေသော လင်းယွန်မှာ၊ ရုတ်တရက် ကွဲအက် သွားပြီး၊ မီးပွင့်များ ကဲ့သို့ တစ်စစီ ပဲ့ကြွေလျက်၊ ကောင်းကင်ပေါ် ပျံတက် သွား၏။
ဤအခိုက် အတန့်တွင် 'လေးနက်သော ခြေလှမ်း ခုနှစ် လှမ်း'ကို၊ သရုပ်ဖော် အဆင့်ထိ၊ တက်လှမ်း နိုင်လိုက်ခြင်း ဖြစ်လေသည်။
ပျံတက် နေသော မီးတောက် များက၊ ကောင်းကင်၌ ဆန်းပြားသော အလင်းတန်း သဖွယ်၊ တောက်ပ နေပေသည်။
အဆုံးမဲ့ တောင်တန်း၌၊ ကျက်စား နေကြ ကုန်သော၊ လမ်းလွဲ ကျင့်ကြံ သူများက၊ နေမင်းထံ ဦးတည် ပျံတက် နေသော အဆိုပါ မီးတောက် များကို၊ မယုံကြည် နိုင်စွာဖြင့် မော့ကြည့် လိုက်ကြ၏။
“ ဒါက ဘာတုန်း …”
နတ်ဆိုး သားရဲများ မှာလည်း၊ ဖြစ်ပျက် နေသည်ကို မသိ သဖြင့်၊ ကြောက်ရွံ့ထိတ်လန့် သွားသောကြောင့်၊ တောအုပ် အတွင်း ချက်ချင်းပင် ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်သည်။
လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားပြီး၊ နှလုံး သားတွင် တောက်လောင် နေသော မီးလျှံ များနှင့် အတူ၊ သူ့ လက်သီး များကို ဆုပ်ကိုင် လိုက်၏။
သုံးနှစ် ကြာသည် အထိ၊ သူ မစောင့်ချင် တော့ပေ။ နဂါး တံခါး ပြိုင်ပွဲသို့ ဝင်ရောက် ဆင်နွှဲရန်၊ အကြောင်း ပြချက် တစ်ခု၊ ရရှိ ထားပြီး ဖြစ်ရာ၊ ချန်ပီယံ နောက်ကို လိုက်ရ ပေလိမ့်မည်။
***