နဂါး တံခါး ပြိုင်ပွဲ။
Vol. 31 Ch. 427
လင်းယွန်က အပြုံးဖြင့်၊ ပြန်လှည့် လာပြီး နေပူစာ လှုံနေသော လင်းယွန်ကို၊ လှမ်းဆွဲ လိုက်၏။
ရုတ်တရက် ကွဲအက် သွားပြီး၊ မီးပွင့်များ ကဲ့သို့ တစ်စစီ ပဲ့ကြွေလျက်၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
ပျံတက် နေသော မီးတောက် များက၊ ကောင်းကင်၌ ဆန်းပြားသော အလင်းတန်း သဖွယ်၊ တောက်ပ နေပေ၏။
အဆုံးမဲ့ တောင်တန်း အတွင်းရှိ၊ ထိုမီးတောက်များမှာ တခဏ မျှသာ ကြာညောင်း ခဲ့သည်။
ကနဦး မငြိမ် မသက်များ ဖြစ်ပွား ပြီးနောက်၊ တောင်တန်း အတွင်းတွင် ပြေးလွှား နေသော၊ နတ်ဆိုး သားရဲများ မှာလည်း၊ ပြန်လည် ငြိမ်သက် သွား၏။
သို့သော် တောင်တန်း အတွင်းရှိ လမ်းလွဲ ကျင့်ကြံသူ များမှာမူ၊ ၎င်းတို့၏ လှုပ်ရှား နေသော ခံစားချက် များကို၊ အချိန် အတော် ကြာသည့်တိုင်၊ မထိန်းချုပ် နိုင်ခဲ့ပေ။
မီးတောက် များမှာ ခဏသာ တောက်ပခြင်း ဖြစ်သော်လည်း၊ သူတို့ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင် သွားကုန်၏။ တစ်စုံ တစ်ယောက်မှ၊ ထိုအဖြစ် အပျက်ကို ဖန်တီး နိုင်ခဲ့ သည်အား၊ သူတို့ မသိ နိုင်ပေ။
" အ ဆုံး သတ် ပြီ ....."
နေရောင် အောက်ရှိ လင်းယွန်၏ အသွင် အပြင်မှာ၊ ပေါ်လွင် နေခဲ့ ပေသည်။ ကျင့်ကြံ မှုတွင် အောင်မြင်မှု မရ ရှိခဲ့ သော်လည်း၊ ကုန်လွန် ခဲ့သော အချိန်များ အတွင်း၊ ခွန်အားကို မယုံနိုင် လောက်အောင်၊ မြှင့်တင် နိုင်ခဲ့သည်။
မိုးကောင်းကင် တံဆိပ် တစ်ခုတည်း ကပင်၊ မဟာချင် အင်ပါယာ တစ်ခု လုံးအား၊ လှုပ်ခါရန် လုံလောက် နေပြီ ဖြစ်သည်။
တံဆိပ် လေးခုကို ပေါင်းစပ် နိုင်ပြီး၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ သရုပ်ဖော် အဆင့်ထိ တက်ရောက် ထားနိုင်၏။
ဆိုလို သည်မှာ လှုပ်ရှားမှု နည်းစနစ်၊ ရွေ့လျားမှု နည်းစနစ်နှင့်၊ ခန္ဓာကိုယ်ကို သန့်စင်သည့် နည်းစနစ် များတွင်၊ အောင်မြင်မှုများ ရရှိ ခဲ့သည်ဟု ဆိုပေသည်။
“ နဂါး တံခါး ပြိုင်ပွဲက သုံးရက်တောင် လိုသေးတာပဲ၊ ဒီလောက်လည်း အလျင်လို နေစရာ မလို ပါဘူး။ "
လင်းယွန်က ပြန်ထိုင် ချလိုက်၏။ အဆုံးတွင်၊ ထို နည်းစနစ် များကို အသုံး ပြုရန်၊ မူလ စွမ်းအင်၏ ပံ့ပိုးမှု လိုအပ် ပေသည်။
မူလ စွမ်းအင် ပံ့ပိုးမှု မရှိ ပါက၊ လွန်ခဲ့သော ရက်များ အတွင်း၊ ကြိုးစား အားထုတ်မှု များမှာ၊ ရေစီးကြောင်း အတွင်းသို့၊ ကျဆင်း သွားခြင်းနှင့်၊ တူပေ လိမ့်မည်။
ထို့ကြောင့် ကာဗာ တစ်ခုဖြင့်၊ ဖုံးအုပ် ထားသော သိုလှောင်အိတ် အတွင်းရှိ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို၊ ထုတ်ယူကာ စတင် ကျင့်ကြံ လိုက်သည်။
ခရမ်းရောင် ပန်းမှာ၊ ဒါန်တမ် အတွင်း ပွင့်အာ လာပြီး၊ ဝိညာဉ် စွမ်းအင် များကို အရူး အမူးစုပ်ယူ လာ၏။
ခန္ဓာကိုယ် အတွင်း၌ နက်နဲ သွေးပြန်ကြော ကိုးခု ပေါ်တွင်၊ ရေးထွင်း ထားသော 'ရူရ်'များ ကလည်း၊ ဖြည်းညှင်းစွာ တောက်ပ လာပြီး၊ ပန်းချီကား တစ်ချပ် အသွင်၊ ဖြစ်တည် လာလေသည်။
ယင်းမှာ အသက် စွမ်းအင်နှင့်၊ မူလ စွမ်းအင်ကို ရေးထိုး ထားသည့်၊ ပန်းချီကား တစ်ချပ် ဖြစ်၏။
၎င်းသည် သူ၏ ဝှက်ဖဲ တစ်ချပ် ဖြစ်သည်။ သို့သော် ထိုအရာကို ထုတ်ဖော် ပြီးသား ဖြစ်သောကြောင့်၊ ပြိုင်ဘက်များ အနေဖြင့်၊ ယင်းအား ရင်ဆိုင်ရန်၊ ပြင်ဆင် ထားပေ လိမ့်မည်။
“ ဓားသုတ္တန်ကို အောင်မြင်ဖို့ လိုအပ်တဲ့ အရင်း အမြစ် ပမာဏက မမျှော်မှန်း နိုင်တဲ့ အရာပဲ၊ ငါက တံခါး ဝမှာ ဆိုပေမယ့်၊ ဒဿမ အဆင့်ကို တက်လှမ်းဖို့ ခက်ခဲ နေတုန်း ပါလား၊ ... ''
'' ... ဒါပေမယ့် လည်း ... ဒါက လုံလောက် သင့်ပါတယ်၊ ငါ့ရဲ့ မူလ စွမ်းအင် သိပ်သည်းဆ နဲ့ဆို၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း သိုင်းသမားကို၊ ရင်ဆိုင် ခဲ့ရ ရင်တောင် ကြောက်နေ စရာ မလို တော့ပါဘူး။ ”
ဓားသုတ္တန် ကျင့်ကြံရာ လမ်း တစ်လျှောက်တွင်၊ မည်မျှ ခက်ခဲ ပုံကို ပြန်လည် သတိရ မိသည်။
ဘိုင်လိရွှမ်နှင့် ယှဉ်ပါလျှင် သူ့၏ အရည် အချင်းမှာ နိမ့်ကျ လှ၏။ ထို့ပြင် ဓားကျွန် အဖြစ်၊ ရှင်သန် ထားဖူးသည် ဖြစ်ရာ၊ အဆင့်အတန်း အရာ၌၊ ချင်ယုကို ယှဉ်နိုင်ခြင်း မရှိပေ။
သို့သော် ဤလမ်းကို ရွေးချယ် ထားပြီး ဖြစ်သောကြောင့်၊ ၎င်းမှာ နောက်ဆုတ် စရာ၊ နည်းလမ်း မရှိတော့ သည်ကို၊ သူ သိသည်။
အခက် အခဲများ ဖယ်ရှားရန် အတွက်၊ လက်ထဲရှိ ဓားကိုသာ၊ အားကိုး နိုင်မည် ဖြစ်သည်။
မျက်လုံးများ ပြန်ဖွင့် လိုက်ချိန်တွင်၊ ကြယ်တာရာ နှစ်စင်း လင်းလာ သကဲ့သို့၊ အလင်းများ ဖြာထွက် လာလေသည်။
" နဝမ အဆင့်၊ အထွတ် အထိပ် .... "
အာရုံ ခံစားမှု များစွာ၊ ပို၍ ကောင်းမွန် လာကြောင်း၊ သူ သတိ ထားမိ လာသည်။ ပတ်ဝန်း ကျင်ရှိ အင်းဆက် ပိုးမွှား များ၏၊ လှုပ်ရှား သွားလာ နေခြင်းများ ကိုပင်၊ ခံစား မိလာသည်။
သူ့၏ ကျင့်ကြံ မှုမှာ လွန်ခဲ့သော အချိန်များ ၌ပင်၊ အောင်မြင် မှုများ ရရှိ နေသင့် ခဲ့သည်။ နောက်ဆုံးတွင်၊ ကြာမစ္ဆာ နယ်မြေ အတွင်း၌၊ နက်နဲ ဒဿမ အဆင့်တွင် ရှိသော၊ မည်သူထက် မဆို၊ ပို၍ ရိတ်သိမ်း နိုင်ခဲ့သည်။
မရေ မတွက် နိုင်သော ကြာနက် အမြုတေ များကို သန့်စင်ခြင်း အပြင်၊ အခြေခံ အုတ်မြစ်အား ခိုင်မာ စေသည့်၊ ယင်-ယန် မှော်ဆေးလုံး ကိုလည်း သန့်စင် ထားသည်။
အကယ် ၍သာ နက်နဲ သွေးပြန် ကြောကို ဖျက်ဆီးခြင်း မခံရ ပါက၊ ယခု အချိန်တွင် နက်နဲ ဒဿမ အဆင့်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
ထို့ကြောင့် သားရဲ အမြုတေ နှစ်ခုကို သန့်စင် ခြင်းဖြင့်၊ နဝမ အဆင့် အထွတ် အထိပ်သို့ ချောမွေ့စွာ ရောက်ရှိ လာခြင်း ပေပင်။
“ ငါမှာ ရှိတဲ့ ဝိညာဉ် ကျောက်စိမ်းတွေ၊ အကုန် လုံးကို သုံးပြီး သွားပြီ၊ ထပ် သုံးစရာ ဆိုလို့ ကာကွယ်သူ မက်မွန်ရဲ့၊ တံဆိပ် သုံးခုကို သန့်စင်ဖို့ ကျန်နေ သေးတယ်၊ ဒီတံဆိပ် သုံးခုက အတား အဆီးကို ဖြတ်ကျော်ဖို့၊ အချိန် မရွေး ကူညီ ပေးနိုင် ပါလိမ့်မယ်။ ”
ထိုအတွေး ဝင်ရောက်လာ ပြီးနောက်၊ ၎င်းကိုသန့်စင်ရန် ငြင်းဆန် လိုက်မိသည်။
ကာကွယ်သူ မက်မွန် အနေဖြင့်၊ သူ ထားရစ် ခဲ့သော တံဆိပ် သုံးခုကို၊ သန့်စင် ခြင်းအား လိုလားမည် မဟုတ်ဟု ထင်သည်။
ယင်းမှာ သူ့အား ကာကွယ် နိုင်ရန် အတွက်၊ ရည်ရွယ် သောကြောင့်၊ ၎င်းကို ဝှက်ဖဲ အဖြစ် ထားရန် ဆုံးဖြတ် လိုက်သည်။
'' .............. ''
ချက်ချင်းပင် မတ်တပ် ထရပ် လိုက်ပြီး၊ တောအုပ်ထဲ ဦးတည်ကာ၊ ခပ်တိုးတိုး အသံပြု မိသည်။
မလှမ်း မကမ်း ဆီ၌ ကြက်သွေးရောင် ပုံသဏ္ဍာန် တစ်ခု၊ ထွက်ပေါ် လာခဲ့သည်။ နဂါးသွေး မြင်းကို မြင်သော အခါ၊ လင်းယွန်က ပြုံးပြ လိုက်၏။ နဂါးလေး၏ အဟုန်နှင့် ပတ်သတ်၍ သူက လုံးဝ ယုံကြည် ထားပေသည်။
" အချိန်မီ ရောက်နိုင်ဖို့ အတွက်...၊ ငါမင်း အပေါ် မှီခို ရတော့မယ်။ "
နဂါး မျိုးဆက် သွေးကို ပိုင်ဆိုင် ထားပြီး၊ ၎င်းကို နှိုးထ စေခဲ့ ပြီးနောက်၊ အမြန် နှုန်းခြင်း ယှဉ်ပါက၊ ဓားငှက် များပင်၊ နဂါးသွေး မြင်းကို မယှဉ် နိုင်ကြောင်း သူ သိသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ရက်ခန့် ထပ်မံ ကုန်ဆုံးသွား ပြီးနောက်၊ နဂါး တံခါး ပြိုင်ပွဲက နောက်ဆုံးတွင် စတင် လာခဲ့ လေပြီ။
မိုးသောက်ယံ ရောက် သည်နှင့်၊ နဂါး တံခါး ပြိုင်ပွဲ ကျင်းပရာ ရင်ပြင်၌၊ ကျင့်ကြံ သူများ ပြည့်နှက် လာပေ၏။
ထူထပ်စွာ ချပေး ထားသော၊ နတ်ဘုရား အစောင့် များကို၊ လျူဖေးလောင်က လိုက်လံ ကြီးကြပ် နေခဲ့သည်။
အင်ပါယာ၏ မင်းမျိုး မင်းနွယ်များ၊ မျိုးနွယ်စုကြီး လေးစု အနွယ် ဝင်များ၊ စသည့် အသိုင်း အဝိုင်းများ ရောက်ရှိလာ သည်နှင့်၊ များပြား လှသော လူအုပ် ကြီးက၊ မနာ လိုသော အမြင် များဖြင့်၊ ကြည့်ရှု မိကြ၏။
အဘယ့်ကြောင့် ဆိုသော် ထိုသူများ အတွက် ပြိုင်ပွဲကို ကြည့်ရှုရန်၊ အကောင်း ဆုံးသော နေရာများ သတ်မှတ် ပေးထား ခြင်းကြောင့် ဖြစ်သည်။
ထိုနေရာ များရှိ ထိုင်ခုံ များမှာ၊ လူတိုင်း တက်ရောက် နိုင်သော နေရာ မဟုတ်ပေ။
“ ဟိုမှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းပဲ၊ ကြည့်စမ်း ... အဲ့ဒါ စစ်မှန်သော တိမ်တိုက်လေး၊ လွင့်မျော နေသော ရေခွက်က နုတ်ထွက် သွားတာ ဆိုတော့ ...၊ သူက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း အတွက်၊ တစ်ခု တည်းသော မျှော်လင့် ချက်ပဲ။ ''
'' ချင်ယုကို ချန်ပီယံ ဖြစ် မလာအောင် တားဆီး နိုင်ပါ့ မလား၊ ... လွင့်မျော နေသော ရေခွက် လေးက အရင် ပြိုင်ပွဲမှာ၊ ချန်ပီယံ ဖြစ်ထား ဖူးတော့၊ စစ်မှန်သော တိမ်တိုက် လေးမှာ၊ အခွင့် အရေး ပိုရှိမယ် ထင်တယ်။ ”
ပထမဆုံး ထွက်ပေါ် လာသော ပါရမီ ရှင်၏ အသွင်အပြင် အပေါ်၊ လူတိုင်း၏ အာရုံများ ကျရောက် လာပြီး၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ခဲ့ ယည်။
“ မိုးတိမ် ဓားနန်းတော်ပဲ၊ အဲ့ဒီ အနက်ဝတ် လူငယ်က နေဝင်ချိန် မဟုတ်လား"
" ဟုတ်တယ် သူပဲ၊ သူ့ဘေးမှာ ရပ်နေတဲ့ သူကတော့ ... လွေယုဟန်ပါ၊ သူက မျိုးဆက်သစ် ပါရမီရှင် စာရင်းမှာ၊ အဆင့် (၅) ချိတ်ခံ ထားရတယ်၊ ... ''
'' ...သူရဲ့ 'အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓား'ကို၊ မြင့်မားတဲ့ အဆင့် အထိ၊ ကျင့်ကြံ ထားနိုင် တယ်လို့၊ ငါကြား ထားမိတယ်၊ နေဝင်ချိန် ပြီးရင်၊ မိုးတိမ် ဓားနန်းတော်မှာ၊ အသန် မာဆုံး သူ တစ်ယောက် ပါပဲ။ "
မိုးတိမ် ဓားနန်းတော်သည်၊ မဟာ ဂိုဏ်းကြီး လေးဂိုဏ်း အနက်မှ၊ မဟုတ် သော်လည်း၊ နေဝင်ချိန်မှာ အင်ပါယာတွင် ကျော်ကြားသော ဂုဏ် သတင်းကို ရယူ ထားနိုင် ခဲ့သည်။
မကြာသေး မီကပင်၊ မိုးတိမ် ဓားနန်းတော်၏ ကျော်ကြား မှုမှာ၊ မြင့်တက် လာပြီး၊ လူပေါင်း များစွာ၏ အာရုံကို၊ မဟာ ဂိုဏ်းကြီး လေးဂိုဏ်း နှင့်အတူ၊ ဖမ်းစား နိုင်ခဲ့သည်။
နောက်ဆုံးတွင်၊ ယခင် နဂါး တံခါး ပြိုင်ပွဲ၌ ရှင်းဂျူက မပါ ဝင်ခဲ့ သဖြင့်၊ ဓားနန်းတော် အနေဖြင့်၊ ပါရမီရှင် ရှစ်ပါး နေရာကို မရရှိ ခဲ့ချေ။
ထို့ကြောင့် အဆိုပါ မိုးတိမ် ဓားနန်းတော်ကို၊ ကောင်းကင်ဘုံ ဓားနန်းတော်နှင့် လူတိုင်းက နှိုင်းယှဉ် ကြည့်လာ ကြသည်။
“ ရှေးဟောင်း တာအို ဂိုဏ်းလည်း ရောက်လာပြီ၊ ဟိုမှာ အကြင်နာ ချောက်ကမ်းပါး အဟုတ်လား၊ သူ့ဘေးက လူက ဇိုယန် ဖြစ်ရမယ်။ ”
"ဒီဇိုယန်က ပါရမီရှင်ပဲ၊ မျိုးဆက်သစ် လူငယ် စာရင်းမှာ၊ ဘိုင်လိရွှမ်နဲ့ စီရွှယ်ယီ ပြီးရင်၊ သူက တတိယ အကျော် ကြားဆုံး လူငယ်တစ်ယောက်ပါ ... ။ ''
" အို့ ... ၊ စီရွှယ်ယီ ဆိုမှ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းလည်း ရောက်လာပြီ။ ''
အခြားသော ဂိုဏ်းများနှင့် မတူဘဲ၊ လေသင်္ဘော များဖြင့် ကောင်းကင်မှ ပျံသန်း ရောက်ရှိ လာသောကြောင့်၊ ထည်ဝါ လှပေသည်။
ပြိုင်ပွဲ ရင်ပြင် အနီးတွင်၊ ပျံသန်း သွားလာ ခွင့်အား၊ တားမြစ် ထားသော်လည်း၊ နတ်ဘုရား အစောင့် များက၊ ၎င်းတို့အား ဟန့်တား လိုဟန် မရှိ ကြချေ။
ယင်းမှာ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းကို၊ အထူး အခွင့် အရေး အဖြစ်၊ အသိ အမှတ် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ထင်ရှား စေသည်။
" ကောင်းကင်ဘုံ ချင် အင်စတီကျု လည်းရောက်လာပြီ။ ''
နာမည် ကြီးသော အဖွဲ့ အစည်းများ၊ ထပ်မံရောက်ရှိ လာသော အခါတွင်၊ လူအုပ်ကြီးက ပို၍ စိတ်လှုပ်ရှား လာသည်။
“ ဓားနန်းတော်လည်း လာပြီ …”
" ဘယ်မှာလဲ ... သူတို့ ဘယ်မှာလဲ။ "
မြောက်ဘက် တံခါးမှ ပြိုင်ပွဲသို့ ဝင်ရောက် လာသော ဓားနန်းတော်ကို မြင်သည်နှင့်၊ မြောက်များ စွာသော လူအုပ် ကြီးက၊ စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ကြသည်။
" ဘိုင်လိရွှမ်၊ ယီဖန်း၊ ရှင်းယန်၊ ... လင်းယွန် ဘယ်မှာလဲ။ "
" ကောလ ဟာလ တွေက အမှန် ဖြစ်ပုံပဲ။ ''
ဓားနန်းတော် ရောက်ရှိ လာချိန်တွင်၊ လူတိုင်းက လင်းယွန်ကို အာရုံ ရှာဖွေ လာကြသည်။ မည်သည့် နေရာ တွင်မှ လင်းယွန်ကို မတွေ့ရှိ ရသောကြောင့်၊ လူ အချို့မှာ ချက်ခြင်း ရွှင်လန်း လာစေပြီး၊ အချို့အား စိုးရိမ် ပူပန် မှုများ၊ ဖြစ်ပေါ် လာစေသည်။
နောက်ဆုံးတွင်၊ ၎င်းတို့ အနက် အများ စုမှာ၊ လင်းယွန် တစ်ယောက် ပြိုင်ပွဲတွင် ပါဝင်ခြင်း၊ ရှိ မရှိ လောင်းကြေးကို ကစား ထားပေ၏။
သို့သော် တော်ဝင် မိသားစု ရောက်ရှိ လာခြင်း အတွက်၊ လူတိုင်း၏ အာရုံမှာ ချက်ချင်း ပြောင်းလဲ သွားသည်။
သန်မာသော မြင်းသည်တော် များက ဦးဆောင်ကာ၊ နဂါး တံခါး ပြိုင်ပွဲ အတွင်းသို့၊ ဝင်ရောက် လာ၏။
မြင်းသည်တော်များ နောက်တွင်၊ အဖွဲ့ကို ဦးဆောင် လာသူမှာ၊ တော်ဝင် ဝတ်ရုံကို ၀တ်ဆင် ထားသည့်၊ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။
သူတို့ ဝင်ရောက် လာမှုကြောင့်၊ ပွက်လောရိုက် နေသော လူအုပ် ကြီးအား၊ ချက်ချင်း တိတ်ဆိတ် သွားစေသည်။
ထိုအမျိုးသားမှာ မဟာချင် အင်ပါယာ၏၊ ဧကရာဇ် ဘုရင်ကြီး၊ ချင်လျိုချန် ဖြစ်သည်။
သူ့နောက်တွင် ချင်ယုနှင့် ဖီးနစ် ပန်းကလေးတို့ တိတ်တဆိတ် လိုက်ပါ လာကြ၏။ သူတို့ သုံးယောက်တွင်၊ မတူ ကွဲပြားသော စိတ်နေ စိတ်ထားများ၊ ယိုစိမ့် နေပေသည်။
အဘယ်ကြောင့် ဆိုသော်၊ ၎င်းတို့ သုံးဦး၏ လက်ထဲတွင်၊ သန်းပေါင်း များစွာသော လူ့ အသက် များကို၊ ကိုင်ဆောင်ထား ကြသည်။
ထို့ကြောင့်ပင် သူတို့ သုံးဦး၏၊ အငွေ့ အသက် များမှာ၊ အာဏာကို အပြည့် အဝ ဖော်ညွှန်း၊ ပြသရာ ရောက်နေ ပေ၏။
တစ်ချိန် တည်းမှာပင် ဖီးနစ် ပန်းကလေးနှင့်၊ အိမ်ရှေ့ မင်းသားတို့ ဘေးချင်းကပ်၊ လျှောက်လှမ်း လာနေ သည်ကို၊ သတိ ထားမိသွား သောကြောင့်၊ ထူးဆန်းနေ သကဲ့သို့ ခံစား လိုက်မိ ကြသည်။
ဆိုလို သည်မှာ ၎င်းတို့ နှစ်ဦးသည်၊ ဧကရာဇ် ချင်၏ အမြင်၌၊ အင်ပါယာကို အမွေ ဆက်ခံရန်၊ အရည် အချင်းများ ရှိသည်ဟု၊ ဆိုလိုခြင်း ဖြစ်လေသည်။
အင်ပါယာ တစ်ခွင်ရှိ ကျင့်ကြံ သူများမှာ၊ ဤပြိုင်ပွဲ အပေါ် သဘာဝ အတိုင်း၊ အာရုံ စိုက်ထားကြ သောကြောင့်၊ ဧကရာဇ် မင်း အနေဖြင့်၊ ချင်ယုထံ ထီးနန်းပေး အပ်ရန်၊ ရည်ရွယ် ထားပါလျှင်၊ ဖီးနစ် ပန်းကလေးကို ဘေးချင်း ယှဉ်၍၊ လျှောက်ခွင့် ပြုမည် မဟုတ်ပေ။
" မင်္ဂလာပါ ဧကရာဇ် ချင်... "၊ အကြီးအကဲ များနှင့် တပည့် များက ထိုင်ခုံမှ ထကာ၊ နှုတ်ဆက် လိုက် ကြသည်။
ဂိုဏ်းကြီး လေးဂိုဏ်း၏ အင်အားမှာ၊ အင်ပါယာကို ကျော်လွန် ကြသော်လည်း၊ ၎င်းတို့မှ ဧကရာဇ် မင်းအား၊ အပေါ်ယံ အားဖြင့် ရိုသေ ပြရ မည်မှာ၊ သဘာဝ ပေပင်။
" ကျေးဇူး ပြုပြီး ထိုင်ကြပါ။ "
ဧကရာဇ် ချင်က ပြုံးလျက်၊ သူ့ လက်ကို ဆန့်ရမ်း ပြလိုက်သည်။
" ကျေးဇူး တင်ပါတယ် ... ဧကရာဇ် ချင်။ "
အကြီးအကဲ များနှင့် တပည့် များစွာက၊ မင်းသမီးနှင့် မင်းသား ထိုင်ပြီးသည် အထိ၊ စောင့်ဆိုင်း ပြီးမှသာ၊ ပြန်လည် ထိုင်ချ လိုက်ကြသည်။
" နဂါး တံခါး ပြိုင်ပွဲ ဆိုတာ၊ မဟာချင် အင်ပါယာရဲ့၊ ခမ်းနားသော ပြိုင်ပွဲ တစ်ပွဲ ပါပဲ၊ စည်းမျဉ်း တွေကတော့ အကြိမ်တိုင်း မပြောင်းလဲ ပါဘူး၊ အသက် နှစ်ဆယ့်ငါး နှစ်အောက်က၊ နက်နဲ အဋ္ဌမ အဆင့် မှာရှိတဲ့၊ အယုတ် အလတ် အမြတ် မရွေး၊ ပါဝင်ခွင့် ရှိပါတယ်၊ မင်းတို့ အားလုံး စာရင်း သွင်းဖို့၊ အမွှေး တိုင် တစ်တိုင်၊ လောင်ကျွမ်းချိန် အထိ ရပါမယ်။ ”
ဧကရာဇ် ချင် အနေဖြင့်၊ ပြိုင်ပွဲကို ပထမ ဦးဆုံး အကြိမ် အဖြစ်၊ လက်ခံ ကျင်းပ ဖူးခြင်း မဟုတ်ခဲ့ သောကြောင့်၊ သူ့ မျက်နှာတွင် အပြောင်း အလဲ များစွာ ရှိမနေ ခဲ့ပေ။
စာရင်း သွင်းမှု စတင်ရန်၊ အမွှေးတိုင် တစ်တိုင်ကို၊ ထွန်းညှိ လိုက်ချိန်တွင်၊ သူက ပြန်ထိုင်ချ လိုက်၏။
ခဏ အတွင်း မှာပင်၊ စာရင်း သွင်းခြင်း လုပ်ငန်း စဉ်များ အသက်ဝင် လာပြီး၊ နံ့သာ တိုင်က ဖြည်းညှင်းစွာ လောင်ကျွမ်း ပြာကျ နေပေပြီ။
နဂါး တံခါး ပြိုင်ပွဲ၏၊ စည်းမျဉ်း များက ရိုးရှင်း လှ၏။ တိုက်ပွဲကို နှစ်ကျော့ခွဲ ယှဉ်ပြိုင် ရမည် ဖြစ်ပြီး၊ ပထမ အကျော့တွင် သုတ်သင် ရှင်းလင်းရေး အလှည့် ဖြစ်သည်။
ပါဝင်မည့် သူများကို အုပ်စု ရှစ်စု ခွဲကာ၊ အုပ်စု တစ်ခုချင်း စီ၏၊ အသန် မာဆုံး သူ လေးဦးကို ရွေးထုတ် ရပေမည်။
ဒုတိယ အကျော့တွင်၊ ထိုလေးဦး ပါရှိသော အဖွဲ့ ရှစ်ဖွဲ့ ထံမှ၊ စုစုပေါင်း ပြိုင်ပွဲဝင် (၃၂) ဦးမှာ၊ ရှစ်ဦး ကျန်သည် အထိ၊ ဆက်လက် တိုက်ပွဲ ဝင်ရမည် ဖြစ်သည်။
နဂါး တံခါး ပြိုင်ပွဲကို၊ အသက် (၂၅) နှစ်အောက်ရှိ၊ နက်နဲ အဋ္ဌမ အဆင့် ကျင့်ကြံသူ များသာ၊ ပါဝင် ယှဉ်ပြိုင် နိုင်သော ကြောင့်၊ မြင့်မားသော လိုအပ်ချက် တစ်ခု ဖြစ်လာ ခဲ့သည်။
မဟာ ဂိုဏ်းကြီး လေးဂိုဏ်း ၌ပင်၊ အရည် အချင်း ပြည့်မီ သူ၊ အများကြီး မရှိ ခဲ့ပေ။
သို့သော် မဟာချင် အင်ပါယာတွင် ခရိုင်ပေါင်း တစ်ရာကျော် ရှိသော ကြောင့်၊ ဤသည်မှာ မြောက်များ စွာသော၊ ကျင့်ကြံ သူများကို စာရင်း ရေးသွင်း နေရမြဲ ဖြစ်သည်။
ဧကရာဇ် ချင်က ကြေငြာချက် ထုတ်ပြီးသည်နှင့်၊ ချက်ချင်းပင် လူတန်း ရှည်ကြီး ဖြစ်ပေါ် လာ၏။
သေခြင်း တရားကို မကြောက် ရွံ့သော လူ အများက၊ သူတို့ကိုယ် သူတို့ စာရင်းသွင်း လိုကြသည်။
အကယ်၍ ပထမ အကျော့တွင်၊ သုတ်သင် ရှင်းလင်းရေး စည်းမျဉ်းများ မရှိ ပါက၊ စာရင်း သွင်းသူ ဦးရေမှာ ပို၍ များပြား လာနိုင်မည် ဖြစ်သည်။
အမွှေးတိုင် ပြာကျရန် အချိန် သိပ်မကြာ နိုင်သော်လည်း၊ လူတိုင်း အတွက် စာရင်း သွင်းခြင်းငှာ၊ လုံလောက် ပေသည်။
အမွှေးတိုင် တစ်ဝက် လောင်ကျွမ်း ပြီးနောက်၊ စာရင်း သွင်းသူ ဦးရေမှာ၊ သိသိ သာသာပင် လျော့နည်း လိုက်လာ၏။
ကုန်ဆုံး လာသော အမွှေး တိုင်ကို ကြည့်ပြီး၊ ဓားနန်းတော် အဖွဲ့သား များမှာ၊ မပျော်ရွှင် နိုင်ကြ တော့ပေ။
ဘိုင်လိရွှမ်နှင့်၊ ယီဖန်းတို့ ရှိနေခဲ့ သော်လည်း၊ လင်းယွန်မှာ ရောက်ရှိ လာခြင်း မရှိ သောကြောင့်၊ သူတို့၏ စိုးရိမ် မှုများ အပေါ်၊ ဂိုဏ်း ပေါင်းစုံက သဘာဝ ကျကျ နားလည် ထားသည်။
ရွှင်မြူး နေသော လူအုပ်ကြီး ထံမှ အကြည့်ကိုဖယ်ကာ၊ ချင်ယုက ရုတ်တရက် စကား ပြောလိုက်သည်။
“ တော်ဝင် ဖခမည်းတော်၊ ဓားနန်းတော်မှာ အခက် အခဲ တစ်ခု ရှိနေ ပုံပဲ၊ စာရင်း သွင်းမဲ့ အချိန်ကို၊ ဘာကြောင့် နောက်ထပ် နာရီဝက် အထိ၊ တိုးမပေး ရတာလဲ။ ''
ချင်ယု စကားကြောင့်၊ ဧကရာဇ် ချင်က လျိုဖန်းကို လှမ်းကြည့်ကာ၊ ' အကြီးအကဲ လျို၊ မင်း ဘယ်လို ထင်လဲ၊ ' ဟု မေးမြန်း လိုက်လေသည်။
လျိုဖန်းက လေးနက်သော အမူ အရာဖြင့်၊ ခေါင်းမော့ပြီး အေးစက်စွာ ပြန်ဖြေ လိုက်သည်။
" မင်းရဲ့ ဂရု စိုက်မှု အတွက်၊ ကျေးဇူးတင် ပါတယ် သခင်လေး၊ ဒါပေမယ့် နံ့သာတိုင် လောင်ကျွမ်း သွားလဲ၊ အရေး မကြီး ပါဘူး၊ မင်း စိတ်ထဲမှာ ဘာဖြစ် နေလဲ၊ ငါမသိ ဖူးလို့ မထင် ပါနဲ့။ "
“ လူတိုင်းက ငါ့စိတ် ထဲမှာ၊ ဘာတွေ ရှိနေတယ် ဆိုတာ၊ သိထားကြ ပါတယ်၊ ဟား ဟား ဟား။ ”
ချင်ယုက ပြန်ပြော လိုက်သည်။ မထီမဲ့မြင် နိုင်လွန်းသော အရိပ် အယောင်များ၊ သူ့မျက်လုံး ထဲ၌ ထွက်ပေါ် လာပြီး၊ ရယ်မောလိုက်၏။ ပြီးနောက်။
“ တကယ်လို့ သူသာ ပါဝင် ချင်တယ် ဆိုရင်တော့၊ စာရင်း သွင်းတဲ့ လုပ်ငန်း စဉ်ကို နာရီ ဝက်လောက်၊ ထပ်တိုး ပေးရလဲ သိပ်အရေး မကြီး ပါဘူး၊ ဒီကို မလာ ရဲတော့ မှာကိုပဲ၊ ငါက စိုးရိမ် မိတာပါ။ ”
လင်းယွန် အပေါ် ချင်ယု၏ မုန်းတီးမှာ၊ လူတိုင်း မျှော်လင့်ထား သည်ထက် ပိုပေသည်။
သူ့ အနေဖြင့် တစ်ဦး တစ်ယောက်၏ အမည်ကို၊ ထုတ်ဖော် ပြောဆိုခြင်း မရှိ သော်လည်း၊ လူတိုင်းက ရည်ရွယ် ပြောဆို နေသည့် လူ အကြောင်းကို၊ သဘာဝ ကျကျ သိထားသည်။
ထိုလူမှာ သူ၏ သတို့ သမီးကို၊ လုယူ သွားသော လင်းယွန်မှ တပါး၊ အခြား မရှိပေ။
သူ့ အပြု အမူနှင့် လေသံ များကြောင့်၊ ဓားနန်းတော် အဖွဲ့သား များ၏၊ မျက်နှာ များကို ပျက်ယွင်း သွားစေ ခဲ့သည်။
သို့သော် ယခု အချိန်ထိ လင်းယွန်၏ အရိပ် အယောင် မျှပင်၊ မတွေ့ ရှိရ သေးပေ၊ ထို့ကြောင့် သူတို့၌ တုန့်ပြန် နိုင်စရာ၊ စကားလုံး မရှိ ရခြင်း ဖြစ်သည်။
မကြာမီ စာရင်း သွင်းခြင်း လုပ်ငန်းစဉ် သည်လည်း၊ ပြီးဆုံး သွားတော့ ပေမည်။ ဤအချင်း အရာ နှင့် ပတ်သက်၍၊ မည်သူမျှ စိုးရိမ်မှု မရှိချေ။
တစ်ခု တည်းသော စိုးရိမ် ရေမှတ်မှာ၊ ရလဒ်များ ဖြစ်သည်။ ဓားနန်းတော် အနေဖြင့်၊ ချင်ယုကို တုန့်ပြန် ချင် သော်လည်း၊ ပြန်ပြော စရာ စကားလုံး မဲ့သွား ကုန်သည်။
" မင်း ... စိတ်ပျက်သွား မှာကို၊ ငါ စိုးမိ ပါတယ်၊ သူ ရောက်နေ ပါပြီ။ ”
ချင်ယု ဘေးတွင် ထိုင်နေသော၊ ဖီးနစ် ပန်းကလေးက ရုတ်တရက် ဆိုလိုက်သည်။ သူ့ စကားကြောင့် လူတိုင်း လှည့်ကြည့် လိုက်မိ၏။
ဓားသေတ္တာ တစ်လုံးအား ထမ်းပိုး ထားသော၊ လူငယ် တစ်ယောက် နဂါးသွေး မြင်းပေါ်မှ၊ ခုန်ချလာ သည်ကို မြင်လိုက် ရသဖြင့်၊ ဓားနန်းတော်ရှိ လူတိုင်း၊ မျက်နှာများ ပြောင်းလဲ သွားသည်။
" လင်း ယွန် ... "
" တကယ် လင်း ယွန် ပဲ။ "
နဂါး တံခါး ပြိုင်ပွဲ တစ်ခုလုံး၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ၏။ ချင်ယုက ပြိုင်ပွဲတွင်၊ လင်းယွန်၏ အသက်ကို၊ နှုတ်ယူ မည်ဟု ကြေငြာ ထားခဲ့ သော်လည်း၊ လင်းယွန်က အမှန် တကယ် ရောက်ရှိ လာခဲ့သည်။
ချင်ယု မျက်နှာမှာ ခေတ္တမျှ၊ အံ့သြ မည်းမှောင် သွားပြီးနောက်၊ ရက်စက် ကြမ်းကြုတ်သော အမူ အရာ များဖြင့်၊ အပြုံး တစ်ပွင့်အား ထုတ်ဖော် လိုက်လေသည်။
***