← Chapters

ပထမ တိုက်ပွဲ။

Vol. 31 Ch. 428

ပထမ တိုက်ပွဲ။

Vol. 31 Ch. 428

ချင်ယုက ပြိုင်ပွဲတွင်၊ လင်းယွန်၏ အသက်ကို၊ နှုတ်ယူ မည်ဟု ကြေငြာ ထားခဲ့ သော်လည်း၊ လင်းယွန်က အမှန် တကယ် ရောက်ရှိ လာခဲ့သည်။

ချင်ယု မျက်နှာမှာ ခေတ္တမျှ၊ အံ့သြ မည်းမှောင် သွားပြီးနောက်၊ ရက်စက် ကြမ်းကြုတ်သော အမူ အရာ များဖြင့်၊ အပြုံး တစ်ပွင့်အား ထုတ်ဖော် လိုက်လေသည်။

အားလုံးက လင်းယွန်ထံ အာရုံ စိုက်လာ ကြ၏။ ဤသည်မှာ နဂါ တံခါး ပြိုင်ပွဲ အတွက်၊ ရှားရှား ပါးပါး မြင်ကွင်း တစ်ရပ် ဖြစ်လေသည်။

တစ်ချိန်က နက်နဲ နဝမ အဆင့် သိုင်းသမား တစ်ဦးအား၊ မည်သူမျှ ဂရု မစိုက် ကြပေ။ နဝမအဆင့်ဖြင့် ချန်ပီယံ ဖြစ်ရန် မဆိုနှင့်၊ ပါရမီရှင် ရှစ်ပါး စာရင်း ဝင်ရန်ပင်၊ လွယ်ကူမည် မဟုတ် သောကြောင့် ဖြစ်သည်။

ချင်ယု ကဲ့သို့သော ပါရမီ ရှင်များ အတွက်၊ မီးမောင်း ထိုးပြ ခြင်းသည်၊ သဘာဝ အတိုင်း ဖြစ်၏။

သို့သော် ပြိုင်ပွဲ မစ တင်မီ ကပင်၊ လင်းယွန် အပေါ် အာရုံ စိုက်မှုမှာ၊ ချင်ယုထက် ကျော်လွန် သွားခဲ့သည်။

အဘယ်ကြောင့် ဆိုသော် လင်းယွန် ဖြစ်နေ သောကြောင့် ပေပင်။ သူ့ နာမည်မှာ မဟာချင် အင်ပါယာတွင်၊ သြဇာ ကြီးမားသော ပုံရိပ်ကို၊ ထူထောင် ထားနိုင် လေသည်။

ဦးစွာ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင်၊ အနိုင် ရယူ နိုင်ခဲ့သည်၊ ထို့ပြင် အနီရောင် ဖီးနစ် ငှက်အား အသံမြည် စေ၏။

တစ်ဖန် မင်းသမီး မွေးနေ့ ပွဲ၌၊ ပြိုင်ဘက် (၃) ဦးကို ထပ်မံ အနိုင် ယူပြပြီး၊ ကြာမိစ္ဆာ နယ်မြေတွင်၊ ဒဏ္ဍာရီ တစ်ပုဒ်အား ဖန်တီး ထားသည်။

နောက်ဆုံးတွင် အိမ်ရှေ့ မင်းသား မင်္ဂလာ ဆောင်ကို၊ ဓားဆွဲကာ ဟန့်တား ခဲ့၏။ ဤသည်မှာ လင်းယွန် ဆိုသော နာမည်၏၊ ဂုဏ်သတင်း များပင် ဖြစ်ပေသည်။

တစ်နှစ် အတွင်းတွင် ကျော်ကြား လာခဲ့ပြီး၊ ခရိုင် တစ်ရာရှိ လူတိုင်းက သူ့ကို သိရှိလာ ကြ၏။ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီပင် သူ၏ လွှမ်းမိုး မှုကို၊ မကျော်လွှား နိုင်ခဲ့ပေ။

အစောပိုင်း ကာလ များတွင်၊ ဓားကျွန် တစ်ဦး ဖြစ်ခဲ့ သော်လည်း၊ အိမ်ရှေ့မင်း ကိုပင် အန်တု လာသည် အထိ၊ သူ့ ဇာတ်လမ်းမှာ ဒဏ္ဍာရီ ဆန်လာ ခဲ့သည်။

မျိုးဆက်သစ် လူငယ် များကြား၊ မည်သူ ကမျှ အိမ်ရှေ့ မင်း အပေါ်၊ တိုက်ရိုက် ဆန့်ကျင် ဝံ့သူ မရှိပေ။ ထို့ကြောင့် သူ ရောက်ရှိလာ ခြင်းမှာ၊ လူထုကို ပို၍ အုံကြွ လာစေ၏။

" ငါသိတယ်၊ သူ လာမယ် ဆိုတာ ... ငါသိတယ်၊ နတ်ဘုရား အစောင့် အကြပ်တွေ ကိုတောင်၊ ဓားဆွဲ ဝံ့တဲ့ သူက၊ ဘယ်လိုလုပ် သူရဲ ဘောကြောင် သူ တစ်ယောက်၊ ဖြစ်နိုင် ပါ့မလဲ။ "

" ဟား ဟား၊ နောက်ဆုံးတော့ သူ ဒီကို ရောက်လာပြီ၊ ငါ့ရဲ့ ကံကြမ္မာ တစ်ခုလုံး၊ လောင်းကစား ခဲ့တာ ငါမှန်တယ်။ ”

“ အဟက်၊ ငါတော့ ကြေကွဲ ရပြီ၊ ဒါပေမယ့် ဒါက အရေး မကြီး ပါဘူး၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ သူ့ မပါရင် ဘယ် ပြည့်စုံ တော့မှာလဲ၊ ဟုတ်တယ် မလား။ ”

“လင်းယွန်က နဝမမြောက်၊ နက်နဲ သွေးပြန် ကြောကို ပြန်ရ နေပြီလို့၊ ဓားနန်းတော်ရဲ့ တပည့် တွေဆီ ကနေ၊ ငါ ကြားခဲ့ ရတယ်၊ မျိုးဆက်သစ် ပါရမီရှင် စာရင်းမှာ၊ သူ မပါ ပေမယ့်၊ နေရာ တစ်ခု ရဖို့ မျှော်လင့်ချက် မရှိ နိုင်ဖူးလို့၊ မဆိုလို ပါဘူး။ ”

" ဟား ဟား ဟား၊ စောင့်ကြည့် ရအောင်။ "

ဆွေးနွေးပွဲ အရှိန်မှာ ပို၍ ဆူပွက် လာပြီး၊ အလောင်း အစား ဆုံးရှုံးသွား သူများပင်၊ သက်ပြင်းချ ပြီးနောက်၊ ချက်ချင်း ပြန်လည် တက်ကြွ လာသည်။

ပရိသတ် များသာ တုန်ပြန် ခဲ့သည် မဟုတ်ဘဲ၊ ဧည့်သည်တော် ထိုင်ခုံ များတွင် ရှိနေသော သူများ သည်ပင်၊ လင်းယွန်ကို စိတ်ဝင် တစားကြည့်လာ ကြသည်။

" အဲဒါ လင်းယွန် လား၊ ငါ့ရဲ့ ရှေးဟောင်း တာအိုဂိုဏ်းက၊ အမာခံ တပည့် သုံးဦးကို၊ သတ်ခဲ့တာ သူ မဟုတ်လား ...။ ''

အကြင်နာ ချောက် ကမ်းပါးက၊ မျက်မှောင် ကြုတ်ကာ ဆိုလိုက်သည်။

" အချိန် ကျပြီ။ "

လင်းယွန်ကို စိုက်ကြည့်ပြီး၊ ဝမ်ရန်းဘိုကအံကြိတ် လိုက်၏။

“ သူက သူ့ သေမင်းကို၊ သူ ဖိတ်ခေါ် နေတာပဲ။ ”

အကြင်နာ ချောင် ကမ်းပါးက လင်းယွန်ကိုစိတ်ဝင် စားခြင်း မရှိ တော့ပေ။

တစ်စုံ တစ်ယောက်သည် သူ၏ ကျင့်ကြံ မှုထက်၊ သာလွန် သူ တစ်ဦးကို၊ တိုက်ခိုက် ဖို့ရန် လွယ်ကူသည်။

နဝမ အဆင့် သိုင်းသမား တစ်ယောက် အနေဖြင့်၊ ဒဿမ အဆင့် သို့မဟုတ်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ သိုင်း သမားအား အနိုင် ယူနိုင်၏။

သို့သော် ဉာဏ်ကြီး ရှင်များ ကြားတွင်၊ သေးငယ်သော ကွာဟ ချက်သည်ပင်၊ ထင်ရှား လာတက်ပြီး၊ တိုက်ပွဲ အတွင်း၌ သေစေ နိုင်သည်။

နက်နဲ နယ်မြေ၏ နှောင်းပိုင်း အဆင့် များမှာ၊ ကွာခြားချက် ကြီးမားလွန်း သောကြောင့်၊ သန်မာသော ပါရမီ ရှင်များ ကြားတွင်၊ အထက်ပါ အဆင့်ကျော် အနိုင် ယူခြင်း များမှာ၊ မဖြစ် နိုင်ပေ။

အကြင်နာ ချောက်ကမ်းပါး တင်မကဘဲ၊ အခြားသော ပါရမီရှင် များ မှာလည်း၊ တူညီသော အတွေးများ ရှိနေသည်။ သူတို့ အမြင်တွင်၊ လင်းယွန်က မလာ သင့်ပေ။

သူရဲ ဘောကြောင် သူ အဖြစ်၊ အခေါ် ရလျှင်ပင်၊ ချင်ယု သတ်ခြင်း ခံရ သည်ထက်၊ ပို၍ ကောင်းနိုင်၏။

တစ်ချိန် တည်းမှာပင် လွေယုဟောင်က လင်းယွန် ရောက်ရှိ လာသည်ကို မြင်သည်နှင့်၊ ပြုံးလိုက် မိသည်။

လက်စားချေ ခွင့်ရ နိုင်ရန်၊ လင်းယွန်နှင့် တစ်အုပ် စုတည်း ကျရောက်ဖို့၊ သူ မျှော်လင့် ထား၏။ နေဝင်ချိန်က၊

“ ဒီလူက ဓားနန်းတော်မှာ ...၊ မင်းကို အနိုင်ယူ သွားတဲ့ သူလား ။ ''

“ ငါ့ကို လှည့်စား ခဲ့တာပါ၊ သူ့မှာ နဝမ အဆင့် ကျင့်ကြံ မှုကို ရထား ပေမယ့်၊ အဋ္ဌမ အဆင့် မှာသာ၊ ရှိနေဟန် လိမ်ညာ ခဲ့တယ်၊ ဒီလိုမှ မဟုတ်ရင်၊ ငါ့ရဲ့ အထွတ် အထိပ် အခြေ အနေမှာ၊ သူ့ကို အနိုင် မယူ နိုင်စရာ မရှိ ပါဘူး။ ''

လွေယုဟောင်က တွန့်ဆုတ်စွာ ရှင်းပြသည်။

" မင်း သူ့အတွက် စိတ်ရှုပ် နေစရာ မလို ပါဘူး၊ သူ့ကြည့် ရတာ လူ တော်တော် များများကို စော်ကား ခဲ့ပုံပဲ၊ ဒါတောင် သူက ဒီပွဲကို လာဝံ့ နေသေးတယ်၊ နဂါး တံခါး ပြိုင်ပွဲရဲ့၊ အကြင်နာ ကင်းမဲ့ မှု အကြောင်းကို၊ သူ တကယ် မသိသေး ဖူးဘဲ။ ”

နေဝင်ချိန်က ပြုံးလျက် ဆိုကာ၊ သူ့ အကြည့် များကို လွှဲယူ လိုက်သည်။

ပြိုင်ပွဲ အတွင်း လက်နက် ချနိုင် သော်လည်း၊ စစ်မှန်သော ကျွမ်းကျင် ပညာ ရှင်များ ရှေ့၌၊ ထိုအခွင့် အရေးကို ရရှိမည် မဟုတ်ပေ။

နဂါး တံခါး ပြိုင်ပွဲ သမိုင်း တစ်လျှောက်၊ ဉာဏ်ကြီး ရှင်များစွာ သေဆုံး ခဲ့ရ သည်ကို၊ လူတိုင်းက သိရှိထား ကြသည်။ ထို့ကြောင့် ကံကို ယုံ၍ ဆူးပုံ နင်းမည့် သူများ၊ မရှိ ကြခြင်း ဖြစ်သည်။

လင်းယွန်က ကျောက်စိမ်း ပြားကို ရယူ ပြီးနောက်၊ စာရင်း သွင်းခြင်း လုပ်ငန်းစဉ် ပြီးဆုံး သွားခဲ့သည်။

မကြာမီ တာဝန် ခံများ ထွက်ပေါ် လာပြီး၊ အုပ်စု ခွဲခြင်းများ ပြုလုပ် လာ၏။ ပါရမီရှင် ခုနစ် ဦးကို၊ မတူ ညီသော အုပ်စု ခုနစ် ခုတွင် ထားရှိပြီး၊ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီ ကိုလည်း ထပ်မံ ခွဲခြား ထားသည်။

၎င်းတို့ကို မျိုးဆက်သစ် ပါရမီရှင် လောင်း များ အဖြစ်၊ သတ်မှတ် ထားကြသည် ဖြစ်ရာ၊ စောလျင်စွာ ဖယ်ထုတ် ခံရ ခြင်းမှ၊ ကာကွယ် ပေးခဲ့သည်။

ပါရမီရှင် ခုနစ် ပါးသာ ရှိသောကြောင့်၊ အဋ္ဌမမြောက် အုပ်စုမှာ အုပ်စုချောင် သည်ဟု သတ်မှတ် နိုင်သည်။

အဆိုပါ အုပ်စုတွင် လွေယုဟောင်က၊ ပါဝင် နေသောကြောင့်၊ သူ့မျက်ခုံး များကို ပင့်ယူ လိုက်၏။

လွင့်နေသော ရေခွက်က၊ ပြိုင်ပွဲမှ နုတ်ထွက်လိုက် သဖြင့်၊ အဋ္ဌမ အုပ်စုတွင် ပါရမီရှင် လွတ်နေခြင်း ဖြစ်သည်။

ဤသို့ ဆိုပါလျှင် ဒုတိယ အကျော့သို့၊ တက်လှမ်း နိုင်မည်ဟု ယုံကြည် လာကြောင့်၊ မကြာမီ ရွှင်မြူး သွားသည်။

သို့သော် လူ စာရင်းကို၊ ထပ်မံ ကြည့်ရှု လိုက်မိ ချိန်တွင်၊ လင်းယွန် ဟူသော ရင်းနှီးသည့် နာမည်အား၊ တွေ့မြင် လိုက်ရကာ၊ မျက်မှောင်ကြုတ် လိုက်မိ၏။

နေဝင်ချိန်က တစ်ချက် ကြည့်လိုက် ပြီးနောက်လွေယုဟန်အား ပြုံးပြပြီး၊

“ မင်းရဲ့ ဆန္ဒတွေ ပြည့်ဝ လာပြီ၊ သူက မင်းနဲ့ တစ်အုပ် စုထဲ ကျနေတယ်။ "

“ ကောင်းလိုက်တာ၊ ဒါဆို ဒီကောင်က ငါတို့ရဲ့ ခြေနင်းတုံး ဖြစ်ပါစေ၊ အသန် မာဆုံး ဓားဂိုဏ်း ဆိုတာ၊ မိုတိမ် ဓားနန်းတော် ဖြစ်ကြောင်း ပြရမယ်။ ”

မိုးတိမ် ဓား နန်းတော်၏ အကြီးအကဲ များက၊ စကား ဝိုင်းထဲ ဝင်ရောက် ပြောဆိုလာ ကြသည်။ ဂိုဏ်းနှစ် ဂိုဏ်းကြား ရန်ငြိုး များမှာ၊ အချိန်များ ကုန်လွန်လာ သည့်တိုင်၊ ပြေလျော့ သွားခြင်း မရှိချေ။

နောက်ဆုံးတွင်၊ ဓားနန်းတော်မှာ သူတို့ ထံမှ၊ အသန် မာဆုံး ဓားဂိုဏ်း၊ ဟူသော ဘွဲ့တံဆိပ်ကို၊ ရယူ သွားခဲ့ သူ ဖြစ်သည်။

“ အရမ်း ကံကောင်းတယ်၊ ပထမ အကျော့မှာ မင်းက ချင်ယုကို ရှောင်လွှဲ နိုင်ခဲ့ပြီ။ "

လျိုဖန်းက လင်းယွန် ပါဝင်သော အုပ်စု စာရင်းကို ကြည့်ကာ ပြုံးသည်။ သို့သော် မကြာခင် မှာပင် သက်ပြင်း ချလိုက်ပြီး။

“ တကယ်တော့ မင်း မလာ သင့်ဘူး။ ”

ဟု ဆိုလိုက်၏။

" ဒါပေမယ့် ငါဒီမှာ ရှိနေတယ်။ "

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ လင်းယွန် မျက်နှာ ပေါ်ရှိ၊ အပြုံးကို မြင်သော အခါ၊ လျိုဖန်းက ငြိမ်သက် သွားသည်။

ခဏ ကြာသည် အထိ၊ စူးစိုက် အကဲခတ် နေမိ သော်လည်း၊ လင်းယွန်ကို သူ မမြင် နိုင်ခဲ့ပေ။

သို့သော် သူ စကား ဆက်ပြော တော့မည့် အချိန့်တွင်၊ ရွေ့ပြောင်း နိုင်သော ပြိုင်ပွဲ စင်မြင့်ကြီး ရှစ်ခုကို၊ နဂို ရှိရင်းစွဲ စင်မြင့် ဘေး၌ ယှဉ်၍ ခင်းကျင်းလာ ကြသည်။

ထိုစင်မြင့် များမှာ အုပ်စုတွင်း ပွဲစဉ် များကို၊ လက်ခံ ကျင်းပရန် ဖြစ်သည်။ ပြီးနောက် လူအိုကြီး အချို့က၊ စင်မြင့် ရှစ်ခု ပေါ်သို့ ဆင်းသက် လာ၏။

၎င်းတို့ အားလုံးမှာ အုပ်စု ရှစ်စု အတွက်၊ တာဝန်ယူ ကျင်းပ ပေးမည့်၊ အကဲဖြတ် ဒိုင်များ ဖြစ်သည်။

" နောက်ဆုံးတော့ စတင် ပြီပေါ့။ "

လူတိုင်း၏ အာရုံမှာ၊ ပြိုင်ပွဲ စင်မြင့် ထက်သို့ ကူးပြောင်း သွားပြီး၊ ဒိုင် ရှစ်ယောက်ထံ ကျရောက် သွားလေသည်။

ဂိုဏ်းခွဲ အသီးသီး၏ အကြီးအကဲ များမှာ၊ ဂိုဏ်းများကြား ပြိုင်ဆိုင် မှုများ၊ စတင်လာ တော့မည် ဖြစ်သောကြောင့်၊ လေးနက်သော အမူ အရာများ၊ ထုတ်ဖော် လာကြသည်။

" ပထမ အုပ်စု .... ပထမ ပွဲစဉ်၊ အကြင်နာ ချောက် ကမ်းပါးနဲ့ ဝမ်နိုင်။ "

" ဒုတိယ အုပ်စု ..... ပထမ ပွဲစဉ် ၊ စစ်မှန်သော တိမ်တိုက် လေးနဲ့၊ ဟီယွန်ရှောင်း။ "

" တတိယ အုပ်စု .... ပထမ ပွဲစဉ် ၊ ဘိုင်လိရွှမ်နဲ့ လျိုမိန်း။ "

အဘိုးအို များက သူတို့ တာဝန် ယူထား ရသော အဖွဲ့၏၊ ပထမ ဦးဆုံး ပွဲစဉ်ကို၊ လူစိတ်ဝင် စားမှုများ ရရှိလာ စေရန်၊ နာမည်ကြီး ပါရမီ ရှင်များနှင့်၊ စတင် ဖွင့်လှစ် လိုက်သည်။

ဆိုလို သည်မှာ စစ်မှန်သော တိမ်တိုက်လေး၊ အကြင်နာ ချောက် ကမ်းပါးနှင့်၊ ဘိုင်လိရွှမ် ကဲ့သို့သော အရည် အချင်း ရှိသူ များကို၊ အဖွင့်တွင် ရွေးချယ် လိုက်ခြင်းဖြင့်၊ လေထုကို မီးရှို့ရန် ကြိုးစား လိုက်ခြင်း ဖြစ်၏။

“ ဟီး ဟီး၊ ပထမ ပွဲစဉ် တိုင်းက အရည် အချင်း ရှိသူနဲ့၊ ကျော်ကြားတဲ့ ပုဂ္ဂိုလ် တွေကို၊ ရွေးချယ် ပေးထား တာပဲ၊ လင်းယွန်ရော ဒီတိုက်ပွဲ အတွက်၊ ရွေးချယ် ခံရ မလား၊ ငါသိချင် လာပြီ။ ''

“ အဋ္ဌမ အုပ်စုမှာ ပါရမီရှင် တစ်ယောက်မှ မပါဘူး၊ ကျော်ကြားမှု အကြောင်း၊ ပြောရ ကြေးသာ ဆိုရင်၊ လင်းယွန်ကို ဘယ်သူက မှီမှာလဲ၊ သူက အကောင်း ဆုံးရွေး ချယ်မှုပါ။ ”

" ကဲ စောင့်ကြည့် ကြရအောင်။ "

အဋ္ဌမ အုပ်စု၏ ဒိုင်တစ်ယောက် ဖြစ်သော အဘိုးအိုက၊ အုပ်စု အတွင်း အဖွင့် ပွဲစဉ်ကို မကြေငြာခင်၊ လူတိုင်း၏ အာရုံ စိုက်မှုအား ရရှိသွားသည်။ သူက လူအုပ် ကြီးထံ တစ်ချက် ဝေ့ကြည့် လိုက်ပြီး၊

“ အဋ္ဌမ အုပ်စု– ပထမ ပွဲစဉ် ...၊ လင်းယွန်နဲ့ လွေယုဟောင်။ ”

" အမ် ..... လွေယုဟောင် လား။ "

" အွမ် .... လင်းယွန်လား။ "

လင်းယွန်နှင့် လွေယုဟောင် တို့မှာ၊ ပြိုင်ဘက်၏ အမည်ကို ကြားလိုက် ရသည်နှင့်၊ အံ့ဩသွား ကြသည်။

ပထမ ပွဲစဉ်၌ တစ်ယောက်နှင့်၊ တစ်ယောက် တွေ့ဆုံ ရလိမ့် မည်ဟု၊ မမျှော်လင့် ထားသောကြောင့်၊ အချင်းချင်း လှမ်းကြည့် လိုက်ကြသည်။

မကြာခင် မှာပင် မှင်တက် နေရာမှ၊ လွေယုဟောင်က ပြန်လည် သက်သာ လာပြီး၊

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ …”

ဟု ရေရွတ် လိုက်တော့သည်။

***

All Chapters