← Chapters

သတ် ဖြတ်ခြင်း ပန်းချီကား။

Vol. 31 Ch. 429

သတ် ဖြတ်ခြင်း ပန်းချီကား။

Vol. 31 Ch. 429

လွေယုဟောင်မှာ သူ၏ ပထမ ပွဲတွင်၊ လင်းယွန်နှင့် တွေ့ဆုံ ရသည့် အပေါ်၊ အံ့သြ သွားခဲ့သည်။

နဂါး တံခါး ပြိုင်ပွဲကို သုံးနှစ်လျှင်၊ တစ်ကြိမ်သာ ကျင်းပ သောကြောင့်၊ လူတိုင်း၏ အာရုံကို သဘာဝ အတိုင်း၊ ဆွဲဆောင် ထားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပထမ ပွဲစဉ်၌၊ ပါဝင် လာနိုင် ခြင်းမှာ၊ ဂုဏ်ယူ စရာ ပေပင်။ ပထမ ပွဲစဉ်တွင် အရည် အချင်းအား ပြသ နိုင်ခဲ့ ပါက၊ အင်ပါယာ တစ်ခွင် ကျော်ကြားရန်၊ လုံလောက် သွားပေ လိမ့်မည်။

အရေး အကြီး ဆုံးမှာ၊ လူတိုင်း၏ အာရုံကို စွဲဆောင် ထားနိုင်သော လင်းယွန်အား၊ ပြိုင်ဘက် အဖြစ် တွေ့ဆုံ နေရ ချိန်တွင်၊ ဖြစ်သည်။

" ငါ ဆန္ဒ တွေကို ကောင်းကင် ဘုံက စောင့်ကြည့် နေသလို ပါပဲ။ ''

လွေယုဟောင်က ကြေနပ်စွာ ရေရွတ် လိုက်သည်။ ဓားနန်းတော်တွင် လင်းယွန်၏ အရှက် ခွဲခြင်းကို ခံရ ပြီးနောက်၊ လက်စား ချေရန် အတွက်၊ စောင့်မျှော် နေမိသည်။

ထိုအချိန်က ခံစား ခဲ့ရသော၊ အရှက် တရား များကို ဆေးကြောကာ၊ ခြေနင်းတုံး တစ်ခုကဲ့သို့၊ နင်းချေ လို၏။

ဤနည်းဖြင့် ဓားနန်းတော် ကိုလည်း၊ အရှက် တကွဲ ဖြစ်စေရန် ရည်ရွယ်သည်။

ယခု အချိန်တွင် ပရိသတ်များ အချင်းချင်း၊ ဆွေးနွေး စရာများ၊ ထွက်ပေါ် လာလေပြီ။ ပထမ ပွဲစဉ်တွင် လင်းယွန် တစ်ယောက် ပါဝင် လာနိုင်ကြောင်း၊ မှန်းဆ ထားပြီး ဖြစ်သော်လည်း၊ သူ၏ ပြိုင်ဘက်မှာ လွေယုဟောင် ဖြစ်နေ လိမ့်မည်ဟု၊ မည်သူမျှ မျှော်လင့် မထားခဲ့ ကြပေ။

မျိုးဆက်သစ် ပါရမီရှင် စာရင်းတွင်၊ လွေယုဟောင် အပေါ်၊ ထုတ်ပြန် ထားသော အဆင့် သတ်မှတ် ချက်ကို၊ လူတိုင်း သိရှိ ထားကြပြီး၊ ဒုတိယ နေဝင်ချိန် အဖြစ်၊ သူ့ ခွန်အား အပေါ် အသိ အမှတ် ပြုပေသည်။

ပါရမီရှင် ခုနစ်ပါးနှင့် ဘိုင်လိရွှမ် ကဲ့သို့သော ဉာဏ်ကြီးရှင် များ၏ ပြိုင်ဘက် များမှာ၊ အမည်မဲ့ များသာ ဖြစ်၏။

ထို့ကြောင့် လင်းယွန်နှင့် လွေယုဟောင်ကို၊ ဦးစွာ တွေ့ဆုံ စေခြင်းဖြင့်၊ အဋ္ဌမ အုပ်စု၏ ပထမ ပွဲစဉ်မှာ၊ လူတိုင်း အာရုံ စိုက်စရာ ဖြစ်လာ ခဲ့လေပြီ။

" မကောင်းဘူး ... ၊ လင်းယွန်က သူ့ရဲ့ ကျင့်ကြံ မှုကို ပြန်ရထား ပေမယ့်၊ ဒဏ်ရာ ဟောင်းတွေက အပြည့် အဝ၊ ကောင်းမွန် လာပုံ မရ သေးဘူး၊ ပြီးတော့ သူ့ရဲ့ ဝှက်ဖဲတွေ ကိုလည်း ထုတ်ဖော် ထားပြီးသား မဟုတ်လား၊ လွေယုဟောင်ကို အနိုင် ရဖို့ အလား အလာက၊ မြင့်မား နိုင်မှာ မဟုတ် ပါဘူး။ ”

" တော်ဝင် မိသားစုက ရည်ရွယ်ချက် ရှိရှိ၊ စီမံ ထားတာရော မဖြစ်နိုင် ဖူးလား။ "

" ဘယ်သူ သိနိုင် မလဲ၊ ပထမ ပွဲစဉ်ကို ရှုံးခဲ့ရင်၊ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက် မလဲ ဆိုတာကို။ ”

“ ဟုတ်တယ်၊ လင်းယွန်က စာရင်း သွင်းဖို့၊ ရောက်လာတော့ အားလုံးက သူ့ကို အာရုံ စိုက်နေ သလိုပဲ၊ ပထမ ပွဲမှာ ရှုံးသွားရင် အရမ်း အရှက် ရသွား လိမ့်မယ်။ ”

ဒိုင် အဘိုးအို များမှာ၊ တော်ဝင် မိသား စု၏ လက်အောက် ခံများ ဖြစ်သောကြောင့်၊ သဘာဝ အတိုင်း တော်ဝင် မိသား စုအား၊ မျက်နှာ ကြည့်ရမည် ဖြစ်သည်။

အိမ်ရှေ့ မင်းသားမှာ လင်းယွန်ကြောင့်၊ အရှက် ရခဲ့ပြီး ဖြစ်ရာ၊ စည်းမျဉ်းများ အတွင်း ကစား လာခြင်း မရှိ မှသာ၊ ထူးဆန်း နေပေ လိမ့်မည်။

ပြိုင်ပွဲ စင်မြင့် ထံသို့၊ လျှောက်သွား နေသော လင်းယွန်ကို၊ ရှင်းယန်က အော်ခေါ်လိုက်၏။

'' မောင်လေး ..... ။ ''

လင်းယွန်က လှမ်းလက်စ ခြေလှမ်း များကို ရပ်လိုက် သော်လည်း၊ ပြန်လှည့် မကြည့် ခဲ့ပေ။ ရှင်းယန်ဆက် ပြောမည့် စကားအား၊ ကျောခိုင်းလျက် စောင့်မျှော် နေလိုက်သည်။

“ မင်း အသက် ရှင်ရမယ်၊ ငါ ပြောတာ ကြားလား ... ။ "

" အင်း ... ငါလုပ်မယ်။ "

လင်းယွန်က ပြန်ဖြေသည်။ လွေယုဟောင် အနေဖြင့်၊ အဋ္ဌမမြောက် ပြိုင်ပွဲ စင်မြင့်တွင် စောင့်ဆိုင်း နေပြီး၊ အခြားသော သူများ မှာလည်း၊ စင်မြင့် အသီး သီးတွင် ရောက်ရှိ နေပြီ ဖြစ်သည်။

ဤသို့ဖြင့် နဂါးတံခါး ပြိုင်ပွဲကို၊ .တရားဝင် စတင် ဖွင့်လှစ် လိုက်ပေသည်။

ဓားနန်းတော်၏ လူတိုင်းက လင်းယွန်ကို ကြည့်နေ ကြပြီး၊ အချို့သော သူများက၊ လင်ယွန် အနေဖြင့်၊ လွေယုဟန် အပေါ် အနိုင်ယူ နိုင်ပါ့ မလားဟု၊ စိုးရိမ် နေမိသည်။

“ ငါ စောင့်နေတာ ကြာပါပြီ၊ မင်းငါနဲ့ တိုက်ဖို့ ကြောက်နေ တာလား။ "

လွေယုဟောင်က ပြုံးကာ ကြိုဆို လိုက်သည်။ သူ့ အနေဖြင့် ဤအခွင့် အရေးကို အချိန် အတော်ကြာ၊ စောင့်ဆိုင်း နေခဲ့ ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်၊

“ မင်းရောက် လာတာကို ငါ အံ့သြ မိတယ်၊ ငါ သာ မင်းဆိုရင် လာမှာ မဟုတ်ဘူး၊ တကယ်တော့ ပထမ ပွဲစဉ် မှာတင်၊ ဖယ်ထုတ် ခံလိုက် ရတာက၊ အရမ်း ရှက်စရာ ကောင်းလိမ့်မယ်။ ”

( နောက်ဆုံးတော့ စပြီပေါ့။ )

လွေယုဟောင်၏ လှောင်ပြောင် နေမှု များကို၊ လင်းယွန်က လျစ်လျူရှု လိုက်ပြီး၊ ဖီးနစ် ပန်းကလေးထံ လှမ်းကြည့် လိုက်သည်။ ထို့နောက် ရှင်းယန်ဆီ ကျရောက် သွား၏။

တစ်ဆက် တည်းမှာပင်၊ သူ့ လက်ညိုး၌ ပတ်ချည် ထားသော၊ ခေါင်းစီး ကြိုးထံတွင်၊ အဆုံးသတ် သွားလေသည်။

မိုးကောင်းကင် နိုင်ငံ၏ ဓားကျွန် တစ်ယောက် အဖြစ်၊ နိမ့်ကျစွာ ရှင်သန် ခဲ့ရသည်။ သူ့အတွက် လွယ်ကူသော ခရီး မဟုတ် ခဲ့ပေ။

နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိ လာကာ၊ နဂါး တံခါး ပြိုင်ပွဲ စင်မြင့် ပေါ်သို့၊ တက်လှမ်း လာနိုင်၏။

ရှင်းယန် အတွက် တိုက်ပွဲ ဝင်ရန်၊ ရှင်းဂျူ ကိုယ်စား သည်စင်မြင့်၌ သူ ရပ်နေသည်။

ရုတ်တရက် ပဉ္စမ စင်မြင့်တွင်၊ စိတ်လှုပ်ရှားဖွယ်ရာ၊ ရုန်းရင်း ဆန်ခတ် ခြင်းများ၊ ဖြစ်လာ ခဲ့၏။

ချင်ယုက လက်ဖဝါးကို တွန်းထုတ် လိုက်ရုံ မျှဖြင့်၊ ပြိုင်ဘက်မှာ ချက်ခြင်း မီးတောက် လောင်သွားသည်။

ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက် မှုကြောင့်၊ ရပ်ကြည့် နေဆဲ မှာပင်၊ ပြိုင်ဘက် ခန္ဓာကိုယ် တစ်ခုလုံး၊ ပြာကျ သွား၏။

စင်မြင့် ပေါ်တွင် ချင်ယု သည်သာ၊ ဂုဏ်ယူစွာ ရပ်နေ ခဲ့လေသည်။ မင်္ဂလာ ဆောင်ကို၊ ဟန့်တား ခံရချိန် ကတည်း ကပင်၊ သူ့ ခံစားချက် များကို၊ အတင်း အကြပ် ဖိနှိပ် ထားခဲ့ ရသည်။

၎င်းကို ဖြေရှင်းရန် ထွက်ပေါက် တစ်ခု လိုပေသည်။ ဤသည်မှာ သူ၏ ပြိုင်ဘက် အတွက် ကံမကောင်း ခဲ့ပေ။

ချင်ယု၏ လက်ဖဝါးမှာ၊ သူ့ ဖြစ်တည် မှုကို ပြန်လည် မြှင့်တင်ရန်၊ ကြိုးစားသည့် နည်းလမ်း မျှသာ ဖြစ်ပြီး၊ သူသာလျှင် ကြယ်တစ်ပွင့် ဖြစ်ကြောင်း၊ လူတိုင်းအား ပြောပြ လိုက်ခြင်း ဖြစ်သည်။

“ စိတ်မပူ ပါနဲ့၊ မင်း သူနဲ့ တိုက်ဖို့၊ အခွင့် အရေး မရှိ တော့ပါဘူး။ "

လင်းယွန်၏ အာရုံမှာ၊ ချင်ယုထံ ရောက်ရှိ နေကြောင်း၊ သတိ ထားမိ သွားသော လွေယုဟောင်က၊ လှောင်ပြောင် ပြောဆို လိုက်သည်။

နောက်တစ် စက္ကန့် အတွင်းတွင်၊ ရက်စက် ကြမ်းကြုတ်သော အရိပ် အယောင်ကို ထုတ်ဖော် လိုက်၏။

ဓားကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်ပြီး၊ စူးရှသော မျက်ဝန်း များဖြင့်၊ လင်းယွန်အား စိုက်ကြည့် လိုက်လေသည်။

" ဘယ်လောက် တောင် ... အစွမ်းထက် လိုက်လဲ။ "

သူတို့ နှစ်ဦးထံ အာရုံ ရောက်နေ သူများက၊ လွေယုဟောင်၏ အရှိန် အဝါကို မြင်သည်နှင့်၊ စိတ်လှုပ်ရှား ကုန်ကြသည်။

လွေယုဟောင် အနေဖြင့်၊ အသာစီး ရထားသော ကျင့်ကြံ မှုကို အားကိုးကာ၊ ဤတိုက်ပွဲအား အမြန် အဆုံးသတ် လိုကြောင်း၊ သူတို့ ချက်ချင်း သိလိုက်သည်။

“ ငါ့ဓားကို မဆွဲခင်၊ မင်း အရှုံး ပေးလို့ ရပါ သေးတယ်၊ မဟုတ်ရင် ဘယ်သူ ကမှ၊ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”

သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်ဖော်ကာ၊ လွေယုဟောင်က သတိပေး လိုက်၏။

( ပြိုင်ပွဲကို မြန်မြန် အဆုံးသတ် ချင်တာလား၊ ကောင်းပြီ ဒါကလည်း ငါ့ဆန္ဒ ပါပဲ။ )

လင်းယွန်က လွေယုဟောင်၏၊ အတွေးအား ဖမ်းယူ နိုင်မိသည်။ ခရမ်းရောင် ပန်းမှာ ဒါန်တမ် အတွင်း၊ ရုတ်တရက် ပွင့်လာပြီး၊ သိပ်သည်းသော စွမ်းအင် များကို၊ နက်နဲ သွေးပြန် ကြောများ ဆီသို့၊ တဟုန်ထိုး ပို့လွှတ် လိုက်၏။

တစ်ချိန် တည်းမှာပင် အငွေ့ အသက်များ၊ ပေါက်ကွဲ ထွက်လာပြီး၊

“ တိုက်ခိုက်ပါ၊ မင်းရဲ့ ဓားကို ဆွဲဖို့ အတွက်၊ ဒါက နောက်ဆုံး အခွင့် အရေးပဲ။ ”

လင်းယွန် အော်ဟစ် သတိပေး လိုက်သည်။ စကား သံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ကပ်ညိ ပါဝင် နေသော ယုံကြည်ချက်ကြောင့်၊ လူ အများ စုကို ထိတ်လန့် သွားစေ၏။

လင်းယွန်က လွေယုဟန်ကို အလေး အနက် မထားသော အမူ အရာဖြင့်၊ ရပ်နေသည်။

သူ၏ ဝှက်ဖဲများ အားလုံး ထုတ်ပြ ထားပြီး၊ ဖြစ်သည်ကို လူတိုင်းက သိရှိ ထား၏။ ကျင့်ကြံ ခြင်းကို ပြန်လည် ရရှိထား လျှင်ပင်၊ လွေယုဟောင်ထက် အားနည်းသော အနေ အထားတွင် ရှိနေ ပေသေးသည်။

အခြား စင်မြင့် များတွင်၊ ရှိသော တိုက်ပွဲ များမှာ၊ လူတိုင်း မျှော်လင့် ထားသည့် အတိုင်း၊ လျင်မြန်စွာ ပြီးဆုံး ခဲ့သည်။

နောက်ဆုံးတွင်၊ ပါရမီရှင် ခုနစ် ပါး၏ ပြိုင်ဘက် များက၊ အလွယ် တကူ ရှုံးနိမ့် သွားကြ၏။ ထို့ကြောင့် တိုက်ခြင်း မရှိ သေးသော လင်းယွန် တို့ထံ၊ လူတိုင်း၏ အာရုံက ကျရောက် လာလေပြီ။

" မင်းအရင် ကလို မာန ကြီးပြ နေတုန်း ပါပဲလား။ "

လွေယုဟောင်က ရယ်မော လိုက်သည်။ ဓားကို လက်မဝက်ခန့် ဆွဲထုတ် လိုက်ချိန်တွင်၊ အလင်းတန်း အဖြစ်သို့ ပြောင်းလဲ လာကာ၊ ရှေ့သို့ ပြေးသွားသည်။

ပြိုင်ပွဲ စင်မြင့် တစ်ခုလုံး ရုတ်တရက် မှောင်မိုက် သွားပြီး၊ လင်းယွန် အပါ အဝင် အခြား အရာ အားလုံး၊ သူ၏ ဓားအလင်း အောက်၌၊ ပျောက်ကွယ် သွားတော့၏။

စင်မြင့် တစ်ခုလုံး အမှောင်ဖုံး လာချိန်တွင် တောက်ပ နေသော ဓားအလင်းက ရုတ်တရက် ပျောက်ကွယ် သွားသည်။

" ဘာတွေ ဖြစ်နေ တာလဲ ... ။ ''

“ ဒါ မိုးတိမ် ဓားနန်းတော်ရဲ့၊ ခုခံ ကာကွယ်ရ ခက်ခဲတဲ့၊ ဝိညာဉ် အဆင့် ဓားရေး တစ်ရပ်ပဲ၊ 'အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓား' လို့ ခေါ်တယ် ။”

" လွေယုဟောင်က မလွယ် ဖူးပဲ၊ 'အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓား' ကို၊ ဒီလောက် အထိဆုပ်ကိုင် ထားနိုင်တာ၊ လျော့တွက်လို့ မရဘူး။ "

“ ဒီဓားရေးက ကျင့်ကြံရ ခက်ခဲ လွန်းတယ်၊အလယ် အလတ် ကျွမ်းကျင် မှုကို၊ ရဖို့တောင် မလွယ် ကူဘူး၊ မိုးတိမ် ဓားနန်းတော်ရဲ့ အကြီး အကဲ တွေတောင်၊ နည်းစနစ်ရဲ့ နက်နဲ မှုကို၊ နားမလည် နိုင်ခဲ့ဘူး။ ”

လင်းယွန် အတွက် အားလုံးက စိတ်ပူလာ ကြသည်။ လွေယုဟောင်မှာ ထိပ်ဆုံး ငါးဦးတွင်၊ အဆင့် သတ်မှတ် ခံထား ရအောင်ပင်၊ အမှန် တကယ် အစွမ်းထက် လှ၏။

ရုတ်တရက် စင်မြင့် ပေါ်တွင်၊ အလင်း တန်းများ ပြန်လည် လင်းထိန် လာပြီး၊ လွေယုဟောင်က လင်းယွန်၏ ဦးခေါင်းထံ ဓားဖြင့်၊ ရည်ရွယ် နေသည်ကို၊ တွေ့မြင် လိုက်မိသည်။

သို့သော် လင်းယွန်က အနည်း ငယ်ပင်၊ လှုပ်ရှားခြင်း မရှိ ခဲ့ဘဲ၊ မျက်လုံးများ မှိတ်ချလိုက်လေသည်။

" လင်းယွန် ဘာလုပ်ဖို့၊ ကြိုးစား နေတာလဲ။ "

အရေး ကြီးသော အခိုက် အတန့်တွင်၊ လင်းယွန်က မျက်လုံးများ မှိတ်ချ လိုက်သည်ကို၊ မြင်မိ သောကြောင့်၊ လူ အများက အံ့သြ သွားသည်။

ဤဓားချက်မှာ လျင်မြန် လွန်းပြီး၊ မျက်စိ တမှိတ် အတွင်း၊ ၎င်းကို ရှောင်တိမ်းရန် ခက်ခဲ လိမ့်မည်ဟု၊ လူတိုင်း ခံစား မိသည်။

ထို့ကြောင့် မျက်လုံး မှိတ်ချ လိုက်သော လင်းယွန်၏ လုပ်ရပ်မှာ၊ ရင်သပ် ရှုမောဖွယ် ဖြစ်စေသော အပြု အမူ ဖြစ်လာ၏။

'' မင်းက သေချင် နေတာပဲ၊ ဒီလို ဆိုမှတော့ မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်း ပေးမယ်။ ''

လွေယုဟောင်က သူ့ဓားကို ရှေ့သို့ ထိုးနေ ဆဲတွင်၊ လူသတ် လိုသော ဆန္ဒများ၊ ပိုမို ဖြစ်ပေါ် လာကာ၊ မျက်နှာ တစ်ပြင်လုံး၊ မည်းမှောင် လာလေသည်။

သို့သော် ရုတ်တရက် ဆိုသလိုပင် လင်းယွန်က၊ ရေကဲ့သို့ အတက် အကျ ဖြစ်စေသော၊ ဓားလှိုင်း များကို ထုတ်လွှတ် လိုက်သည်။

မြူခိုးများ ဖုံးလွှမ်း နေသော မြစ်ကြီး တစ်စင်း၊ ရွေ့လျား ဖုံးလွှမ်းလာ သည့်နှယ်၊ လင်းယွန်အား မှုန်ပျ သွားစေ၏။

" ရိုးရှင်းတဲ့ လှည့်ကွက် လေး.... "

မျက်ကွယ် အရပ်သို့၊ ရွေ့ပြောင်း လိုသော လင်းယွန်၏ ကြိုးစားမှု အပေါ် အကဲ ခတ်ကာ၊ လွေယုဟောင်က အော်ဟစ် လိုက်၏။

အကြွင်းမဲ့ ခွန်အား ရှေ့တွင်၊ မည်သို့သော လှည့်ကွက် မျိုးကို မဆို၊ လင်းယွန် တစ်ယောက် လုပ်နိုင် လိမ့်မည်ဟု၊ သူ မယုံပေ။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဆယ်ကြိမ်ထက် မနည်းသော ဓားချက် များကို၊ ထုတ်ဖော် လွှဲရမ်း လိုက်လေသည်။

ဓားချက် တိုင်းမှာ လျှပ်စီးကြောင်း များထက် မြန်ဆန် ပေ၏။

သူ ဖန်တီး ထားသော၊ ဓား နယ်မြေ ထဲသို့၊ လွေယုဟောင် တစ်ယောက်၊ ဝင်ရောက် လာချိန်တွင်၊ မျက်ဝန်းများ မှိတ်ထား လျက်ဖြင့်၊ ဓားချက် အားလုံးကို ခံစား နိုင်မိသည်။

ရုတ်တရက် လင်းယွန်က လှုပ်ရှား လိုက်သည်။ သူ့ ပုံရိပ်မှာ မှင်များ ကဲ့သို့၊ ပျံ့ကျဲ လာပြီး၊ ဓားလှိုင်းများ အတွင်း ရောနှော သွား၏။

" ဘယ်လောက် ကြာကြာ၊ ဆက်ပုန်း နိုင်မလဲ ဆိုတာ ငါကြည့်မယ်။ "

လင်းယွန်၏ ဓားနယ်မြေကို ချေမှုန်းရန်အတွက်၊ ဒဿမ အဆင့် အရှိန် အဝါအား၊ အထွတ် အထိပ်ထိ တွန်းတင် လိုက်သည်။

ပြိုင်ဘက်၏ လှုပ်ရှားမှု နည်းစနစ်မှာ၊ မည်မျှပင် ထက်မြက် နေပါစေ၊ ကျင့်ကြံမှု အဆင့် ကွာဟ ချက်ကြောင့်၊ ဤလဲလှယ် မှုတွင် လွေယုဟောင်က အသာစီး ရနေဆဲ ဖြစ်သည်။

သို့သော် သူ၏ မူလ စွမ်းအင် များမှာ၊ လျင်မြန်စွာ ကုန်ဆုံး နေခဲ့သည်။

" အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓား- နေ့အလင်း။ "

မူလ စွမ်းအင် များကို အကုန် အစင်၊ ထုတ်ဖော် လိုက်ပြီ ဖြစ်ရာ၊ လွေယုဟောင် အနေဖြင့်၊ သည့်ထက် ပြင်းထန်သော ဓားချက်အား၊ ထပ်မံ မလုပ်ဆောင် နိုင်တော့ကြောင်း၊ သူ သိလိုက်သည်။

ဆိုလို သည်မှာ အပြင်းထန် ဆုံးသော လှုပ်ရှား မှု ဖြစ်ပြီး၊ သူ့ ဓားမှ အရာ အားလုံးကို၊ လောင်ကျွမ်း စေနိုင်သော အပူ စွမ်းအင် များက၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ တောက်ပစွာ ဖြာထွက် လာ၏။

မျက်လုံးများ ထဲတွင် အေးစက်သော အငွေ့ အသက်များ တဖျပ်ဖျပ် ခတ်လာပြီး၊

“ ထွက်သွား ... သုံးနှစ် ကြာမှ ပြန်လာခဲ့။ ''

ဟု မောင်းထုတ် လိုက်လေသည်။

လူများ စွာက လင်းယွန်ကို သုံးနှစ် အကြာ မှသာ၊ နဂါး တံခါး ပြိုင်ပွဲတွင် ပါဝင်ရန်၊ ပြောဆို ခဲ့ကြ သော်လည်း၊ လင်းယွန်က မစောင့်ဆိုင်း လိုခဲ့ပေ။ သူ့အတွက် သုံးနှစ်မှာ၊ အချိန် များစွာ ကြာညောင်း ပေသည်။

စစ်မှန်သော ခွန်အား ရှေ့တွင်၊ သည့်ထက် ပို၍ ပုန်းကွယ်ရန် မဖြစ် နိုင်တော့ပေ။ သို့သော် 'လေးနက်သော ခြေလှမ်း ခုနစ် လှမ်း' အနေဖြင့်၊ မဖြစ် နိုင်စရာ မရှိပေ။

ရုတ်တရက် မျက်လုံးများ ပွင့်လာ သည်နှင့်၊ လင်းယွန်၏ ခန္ဓာ ကိုယ်မှ တုန်လှုပ်ဖွယ်၊ အငွေ့ အသက်များ 'ဟုန်းခနဲ'၊ ထွက်ပေါ် လာလေသည်။

တစ်ဆက် တည်းမှာပင်၊ တုံ့ဆိုင်း မနေ တော့ဘဲ၊ လေထဲ ပျံသန်း လာသော လွေယုဟောင်ကို လျစ်လျူရှုကာ၊ ခြေလှမ်း တစ်လှမ်း လှမ်းယူ လိုက်၏။

ပြီးနောက် လည်ပြန် လှည့်ကြည့် လိုက်ရာ၊ မျက်စိ မှိတ်ထားသော လင်းယွန် တစ်ယောက်က၊ မူလ နေရာ၌ ငြိမ်သက်စွာ ရပ်နေမြဲ ဖြစ် သည်ကို၊ တွေ့လိုက် ရသည်။

သူရပ် နေသော ပတ်ဝန်း ကျင်တွင်၊ လေထုမှာ အတက် အကျ လှိုင်းများ ဖြစ်ပေါ် လာပြီး၊ ပန်းချီကား တစ်ချပ် ကဲ့သို့ ပြောင်းလဲ သွား၏။

ထိုပန်းချီကား ထဲသို့၊ လွေယုဟောင်က တိုးဝင် သွားပြီး၊ ကြောက်စရာ ကောင်းသော ဓားချက် များဖြင့်၊ လင်းယွန်ကို တိုက်ခိုက် လိုက်လေသည်။

" မဟုတ် သေးဘူး၊ မှား နေ ပြီ ..."

တစ်စုံ တစ်ရာသော သံသယ ဖြစ်ဖွယ်၊ အငွေ့ အသက် များကို၊ ရုတ်တရက် ခံစား လိုက်ရ သောကြောင့်၊ လွေယုဟောင်၏ မျက်နှာမှာ၊ ပြောင်းလဲ သွား၏။

ရှေ့၌ မျက်စိ မှိတ်ကာ၊ ရပ်နေဆဲ ဖြစ်သော လင်းယွန်ကို ဥပေက္ခာ ပြုလိုက်ပြီး၊ ချက်ချင်း ပြန်လှည့် ကြည့် လိုက်ရာ၊ သူ့အပေါ် ဖြာဆင်း လာသော လရောင်အား၊ တွေ့မြင် လိုက် ရလေသည်။

လရောင် ထိမှန် သွားချိန်၌၊ ပတ်ဝန်း ကျင်မှာ အငွေ့ ပျံစ ပြုလာပြီး၊ သူ့ အသက်အား နှုတ်ယူ သွားတော့၏။

နံရိုးများ ကျိုးကြေ သွား သဖြင့်၊ လွေယုဟောင်၏ ပုံပျက် ပန်းပျက် ခန္ဓာကိုယ် ကြီးမှာ၊ အဝေးသို့ လွင့်စင် သွားလေပြီ။

သုံးနှစ် ဟူသော အချိန် ကာလမှာ၊ လင်းယွန် အတွက် တိုတောင်း လှသည် မဟုတ်ပေ။ သူ့ အနေဖြင့် ချန်ပီယံ နောက်သို့ လိုက်ရန်၊ လက်ရှိ အချိန် ကိုသာ လိုလား မိသည်။

ပန်းသင်္ချိုင်း ဓားအား ပြန်လည် သိမ်းယူ လိုက်ပြီး၊ ပြိုင်ပွဲ စင်မြင့် ပေါ်တွင် ရပ်လျက်၊ ကြီးစိုး နိုင်လွန်းသော အရှိန်အဝါ များကို၊ ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ပြသ လိုက်လေသည်။

***

All Chapters