← Chapters

မြင်းနက်။

Vol. 31 Ch. 430

မြင်းနက်။

Vol. 31 Ch. 430

နံရိုးများ ကျိုးကြေ သွား သဖြင့်၊ လွေယုဟောင်၏ ပုံပျက် ပန်းပျက် ခန္ဓာကိုယ် ကြီးမှာ၊ အဝေးသို့ လွင့်စင် သွားလေပြီ။

ပန်းသင်္ချိုင်း ဓားအား ပြန်လည် သိမ်းယူ လိုက်ပြီး၊ ပြိုင်ပွဲ စင်မြင့် ပေါ်တွင် ရပ်လျက်၊ ကြီးစိုး နိုင်လွန်းသော အရှိန်အဝါ များကို၊ ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ပြသ လိုက်၏။

လင်းယွန်မှာ တစ်ချိန်လုံး ငြိမ်သက် နေခဲ့ပြီး၊ဓားကို ဆွဲထုတ် လိုက်သည့် အခိုက်တွင်၊ အရာအားလုံး ပြီးဆုံး သွားခဲ့ သည်ကြောင့်၊ ပရိသတ် များစွာက ထိတ်လန့် ကုန်သည်။

'မျိုးဆက်သစ် ပါရမီရှင် အဆင့် သတ်မှတ်ချက်' ၏၊ ပဉ္စမ နေရာ၌ ရှိနေသော လွေယုဟောင်ကို၊ ဓားတစ်ချက် တည်းဖြင့် သတ်ပစ် ခဲ့၏။

လူတိုင်း၏ နားထဲတွင် လွေယုဟောင် စကား များ၊ ရစ်ဝဲ နေဆဲ ဖြစ်သော်လည်း၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သေဆုံး သွားသည်။

အဋ္ဌမ စင်မြင့်ကို တာဝန် ယူရသော ဒိုင် အဘိုးအိုက၊ လင်းယွန်ကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး၊

" လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ သရုပ်ဖော် အဆင့်ထိ၊ မင်း ရောက်နေ ပြီလား။ ''

“ အင်း ထင် တာ ပဲ။ ”

လင်းယွန်က ပြန်ဖြေ၏။ တိုက်ရိုက် အဖြေ မဟုတ် သော်လည်း၊ အဘိုအိုအား စိတ်လှုပ်ရှား သွားစေ ခဲ့သည်။

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ သရုပ် ဖော်ခြင်း အဆင့်သို့၊ လင်းယွန်က ဆုပ်ကိုင် နိုင်လိမ့် မည်ဟု၊ အဘိုးအို အနေဖြင့် မယုံ နိုင်ပေ။

ရှေးခေတ်က လူသား ကျင့်ကြံသူ များမှာ၊ နေမင်းကို ဖမ်းဆီးရန်၊ ကောင်းကင်ဘုံ သားရဲ ဖြစ်သော ရွှေကျီးကန်း များအား၊ တုပ ခဲ့ကြသည်။

ထို စွဲလမ်း မှုနှင့် စမ်းသပ် တီထွင်မှု များကြောင့်၊ 'မြင့်မြတ်သော ဘုံသို့ တက်လှမ်းခြင်း' ဟူသော ပညာရပ် ထွက်ပေါ်ခြင်း ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီးနောက်၊ထိုပညာရပ် အပြည့် အစုံမှာ ပျောက်ဆုံး သွားပြီး၊ မပြည့် စုံသော မူပွား များသာ ကျန်ရစ် တော့၏။

မပြည့် စုံသော မူပွားများ မှတဆင့်၊ ရွေ့လျားမှု နည်းစနစ် များစွာကို မွေးထုတ် ပေးခဲ့ပြီး၊ 'လေးနက်သော ခြေလှမ်း ခုနစ် လှမ်း'မှာ၊ ၎င်းတို့ အနက် တစ်ခု ဖြစ်လေသည်။

ယင်းမှာ နက်နဲ အဆင့် နည်းစနစ် တစ်ခုသာ ဖြစ်သော်လည်း၊ ၎င်းသည် နားလည် နိုင်စွမ်း မြင့်မားစွာ လိုအပ် သောကြောင့်၊ သာမန် ဝိညာဉ် အဆင့် နည်းစနစ် များနှင့်၊ နှိုင်းယှဉ် နိုင်သည်။

အဆင့်မြင့် ကျွမ်းကျင်မှု မဆိုနှင့်၊ အလယ် အလတ် ကျွမ်းကျင် မှုကို ရယူဖို့ ရန်ပင်၊ ခက်ခဲ ပေသည်။

ဓားနန်းတော် သမိုင်းတွင်၊ ပြီးပြည့် စုံသောကျွမ်းကျင် မှုသို့၊ ရောက်ရှိ သူ အရေ အတွက်ကို ရေတွက် လျှင်ပင်၊ လက်တစ်ဖက် မပြည့် နိုင်ချေ။

သရုပ်ဖော် အဆင့်သို့ ရောက်ရှိ ဖူးသူ မရှိ သောကြောင့်၊ လင်းယွန်မှာ သူမသိ ခင်တွင်၊ နောက်ထပ် ဒဏ္ဍာရီ တစ်ပုဒ်ကို၊ ဖန်တီး နေခဲ့မိ ပြန်သည်။

ထို့အပြင်၊ မဟာချင် အင်ပါယာ တခွင်၊ မည်သူမျှ နက်နဲ အဆင့် ရွေ့လျားမှု နည်းစနစ်ကို၊ ကျွမ်းကျင် ပိုင်နိုင်စွာ ပြီးမြောက် လာခြင်း မရှိ သေးပေ။

ထို့ကြောင့် သရုပ်ဖော် အဆင့်ကို၊ ပြခဲ့သော လင်းယွန် အပေါ်၊ လူတိုင်းက ထိတ်လန့် သွားခြင်း ဖြစ်သည်။

ယခု အချိန်၌ လင်းယွန် တစ်ယောက်၊ အသတ် ခံရန် ရောက်ရှိ လာသည်ဟု၊ မည်သူမျှ မပြောဝံ့ တော့ပေ။

သုံးနှစ် ကြာအောင် စောင့်ဆိုင်း စရာ မလိုဘဲ၊ နဂါး တံခါး ပြိုင်ပွဲ၌ တောက်ပစွာ ထွန်းလင်း နိုင်ကြောင်း၊ လူတိုင်းကို ယုံကြည် လာစေ၏။

ချင်ယု၏ မျက်နှာတွင် သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ အလင်း ရောင်များ တောက်ပ လာသည်။

ရှေးဟောင်း တာအို ဂိုဏ်း၏ အကြီးအကဲများ မျက်နှာ မှာလည်း မမြင် နိုင်တော့ပေ။ သူတို့က လင်းယွန်ကို အရိုးထဲ ထိတိုင်၊ နက်နက် ရှိုင်းရှိုင်း မုန်းတီး မိကြသည်။

ဝမ်ရန်းဘို က၊

“ သူက ကံကောင်းတယ်၊ ဒါပေမယ့် ဝှက်ဖဲတွေ အားလုံးကို ထုတ်ပြတဲ့ အတွက်၊ ကစားပွဲ တွေကို၊ လှည့်နိုင် တော့မယ်လို့၊ ငါ မထင်ဘူး။ ”

အခြားသော ပါရမီရှင် များမှာလည်း၊ ဤမြင်ကွင်းကို ကြည့်ကာ၊ ရှုပ်ထွေး ကုန်ကြသည်။ ရွေ့လျားမှု နည်းစနစ်ကို သရုပ်ဖော် အဆင့်ထိ ကျွမ်းကျင်ကာ၊ ကစား ပွဲအား လှည့်နိုင် မည်ဟု မမျှော်လင့် ထားပေ။

ဓားနန်းတော် အနေဖြင့် သဘာဝ အတိုင်း၊ပျော်ရွှင် နေပေသည်။ မိုးတိမ် ဓားနန်းတော် မှာမူ အဆင်ပြေ မနေ ခဲ့ပေ။

" ဂျူနီယာ ညီလေး ...."

နေဝင်ချိန်က လွေယုဟောင်၏ အလောင်းကို၊ နက်မှောင်သော မျက်နှာဖြင့် ပွေ့ဖက် လိုက်သည်။

လင်းယွန်၏ ဓားမှာ နှလုံး သားကို နှစ်ခြမ်း ခွဲပစ် သောကြောင့်၊ လွေယုဟောင်အား မကယ်တင် နိုင်တော့မှန်း သူ သိသည်။

" လင်းယွန် ...၊ မင်းက သူ့ကို ရိုက်နှက် ရုံနဲ့ ရပြီ မဟုတ်လား၊ မင်းဘာလို့ သူ့ကို သတ်ရ တာလဲ။ "

နေဝင်ချိန်က အေးစက်သော မျက်ဝန်း များဖြင့်၊ ကြည့်ကာ မေးခွန်း ထုတ်လိုက်သည်။ စူးရှသော ထိုမျက်ဝန်း များက၊ လင်းယွန်ကို ဓားဖြင့် ထိုးတော့မည် ကဲ့သို့၊ ကြောက်စရာ ကောင်းနေ ပေသည်။

သာမန်သူ တစ်ဦးသာ ဆိုပါက၊ ထိုအကြည့် များကြောင့်၊ သေသည် အထိ ထိတ်လန့် သွားနိုင်သည်။

" နဂါး တံခါး ပြိုင်ပွဲမှာ၊ သေခြင်း တရား ဆိုတာ၊ အံ့သြ စရာမှ မဟုတ်တာ၊... "

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်ပြီး၊ သူ့အမူ အရာမှာ ပြောင်းလဲခြင်း မရှိ ခဲ့ပေ။

'' ... မင်းရဲ့ ဂျူနီယာ ညီလေးက ထူးခြား တယ်လို့၊ မင်းပြောချင် နေတာလား၊ မင်းက ပါရမီရှင် ရှစ်ပါး ထဲက၊ တစ်ပါး ဖြစ်နေ ရင်တောင်၊ မင်းမှာ တောင်းဆိုခွင့် မရှိ ပါဘူး၊ ဟုတ်တယ် မဟုတ်လား။ ''

လွေယုဟောင်မှာ နေဝင်ချိန်၏၊ ဂျူနီယာ ညီလေး တစ်ယောက် ဖြစ်လျှင်ပင်၊ အသက်နှင့် သေခြင်းကို ပြင်ဆင် ထားရ ပေမည်။

ချန်ပီယံ အတွက် တိုက်ပွဲ ဝင်နေ ချိန်၌၊ ပါရမီရှင် ခုနစ်ပါး အပေါ်၊ စိတ်ရှုပ် ခံနေ စရာ အကြောင်း မရှိချေ။

" စင်ပေါ်မှာ မင်းကို တွေ့ဖို့ စောင့်နေမယ် ...။ ''

လင်းယွန်၏ စကား များကြောင့်၊ နေဝင်ချိန်က မီးတောက် မတက် မျက်ဝန်း များဖြင့်၊ ဒေါသ တကြီး ဆိုလိုက်သည်။

“ မင်း ငါ့ကို အချိန် မရွေး ...၊ စိန်ခေါ် နိုင်ပါတယ် ... ။ ''

လှည့်ထွက် သွားသော နေဝင်ချိန်၏ နောက်ကျောကို ကြည့်ကာ၊ လင်းယွန်က ပြန်ဖြေသည်။

သူ့ စကားကြောင့် လူတိုင်းက မျက်လုံးပြူး သွား၏။ တိုက်ပွဲ အပြီးတွင်၊ ဤမျှ စိတ်လှုပ်ရှား ဖွယ်ရာ၊ စကား စစ်ထိုးပွဲကို မည်သူမျှ မြင်တွေ့ရန် မမျှော်လင့် ခဲ့ပေ။

နောက်ပြန် မဆုတ်ဘဲ၊ ပါရမီရှင် တစ်ပါး၏ ခြိမ်းခြောက် မှုကို၊ လင်းယွန်က ထိပ်တိုက် ရင်ဆိုင် ခဲ့သည်။

ယင်းမှာ အခန်းငယ် မျှသာ ဖြစ်ပြီး၊ နေရာတိုင်း၌ ပြိုင်ပွဲ ပြန်လည် စတင် ချိန်တွင်၊ လူတိုင်း၏ အာရုံများ ပြောင်းလဲ သွားတော့သည်။

ပါဝင်သူ အားလုံးကို အုပ်စု ရှစ်ခု ခွဲပြီး၊ ပြီးဆုံး ချိန်တွင် လေးယောက် ပါရှိသော အုပ်စု ရှစ်ခု ထွက်ပေါ် လာမည် ဖြစ်သည်။

ဒုတိယ အဆင့်သို့၊ တက်လှမ်း နိုင်သော သုံးဆယ့် နှစ်ဦး သည်သာ၊ ချန်ပီယံ ဘွဲ့အတွက် ယှဉ်ပြိုင်ရန် အရည် အချင်း ပြည့်မီသည်။

အဋ္ဌမ အုပ်စုမှ လွဲ၍၊ ကျန်သော အုပ်စု အတွင်းတွင်၊ ပါရမီရှင် တစ်ပါးစီ အညီ အမျှ၊ ခွဲခြား ပေးထားသည်။

အဖွဲ့ တစ်ဖွဲ့ စီတွင်၊ သန်မာသော ပြိုင်ပွဲဝင် သုံးဦး အထိ ပါရှိပြီး၊ ၎င်းတို့မှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၊ နတ်ဘုရား အစောင့် တပ်နှင့် ကောင်းကင်ဘုံ ချင် အင်စတီကျု တို့မှ ဖြစ်ကြ၏။

သူတို့ အားလုံး၏ ကျင့်ကြံ မှုမှာ၊ နက်နဲ ဒဿမ အဆင့်၊ အထွတ် အထိပ်တွင် ဖြစ်ပြီး၊ ဝှက်ဖဲ များလည်း ပိုင်ဆိုင်ထား နိုင်ခြေ ရှိသည်။

သူတို့ အားလုံးမှာ ဇိုယန်ထက်၊ အားနည်းမည် မဟုတ် သောကြောင့်၊ ထိုအုပ်စုများ အတွင်းတွင်၊ အဋ္ဌမမြောက် အုပ်စု ကဲ့သို့ မြင်းနက်များ ပါ၀င်လာ နိုင်ခြေ မရှိပေ။

ဆိုလို သည်မှာ ယင်းအုပ်စု များတွင်၊ နာမည်ကြီး များသာ ပါရှိ သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

" အဋ္ဌမ အုပ်စု၊ လင်းယွန် - လုယင် "

နာမည် ခေါ်သံ ကြားသည်နှင့်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ စင်မြင့် ပေါ်သို့ ဆင်းသက် လိုက်၏။

လုယင်မှာ နဝမ အဆင့် တွင်သာ ရှိသေးပြီး၊ အဋ္ဌမ အုပ်စု အတွင်း၊ မျက်စိလည် လမ်းမှား လာပုံ ရသည်။

စင်မြင့် ပေါ်ရှိ လင်းယွန်ကို မြင်သော အခါ၊ လုယင်၏ မျက်လုံးများက စူးရှစွာ တောက်ပ၏။

သူ၏ ပြိုင်ဘက်မှာ၊ နက်နဲ သွေးပြန်ကြော များကို ဖျက်ဆီး ခံရ ပြီးနောက်၊ လွေယုဟောင်ကို သတ်ပစ် နိုင်သည် အထိ၊ ဒဏ္ဍာရီဆန် လာသူ ဖြစ်သည်။

သို့သော် မည်သို့ပင် ဆိုစေ ကာမူ၊ ဤနေရာသို့ ရောက်ရှိရန် မလွယ်ကူ လှသည် ဖြစ်ရာ၊ မကြိုး စားဘဲ လွယ်လွယ်နှင့်၊ အရှုံး မပေး နိုင်ပေ။

" ကျေးဇူး ပြုပြီး ... ။ "

ဒိုင်အဘိုးအို ပြန်လည် ဆင်းသက် သွားသည့် အခိုက် အတန့်တွင်၊ လုယင်က စတင် လှုပ်ရှား လိုက်သည်။ မူလ စွမ်းအင်ကို သူ၏ လက်ဖဝါး ထဲသို့ လောင်းထည့်ကာ၊ လင်းယွန်အား ရိုက်ချ ပစ်၏။

ဤတိုက်ခိုက်မှုတွင် တောင် တစ်လုံးကို၊ နှစ်ခြမ်း ခွဲပစ် နိုင်သော ကြောက်မက်ဖွယ် အဟုန်များ ပါရှိ နေခဲ့သည်။

ပျံသန်း လာ နေစဉ် မှာပင်၊ သူ၏ အရှိန်အဝါမှာ ဒဿမ အဆင့်သို့ ရောက်ရှိ သွား၏။

ဤတိုက်ခိုက်မှုတွင် အခြားသူ တစ်ဦးထံ ပြေးဝင် မိပါက ၎င်း၏ ပြိုင်ဘက်ကို နှစ်ပိုင်း ခွဲ၍ အလွယ် တကူ သတ်ပစ် နိုင်ကြောင်း မည်သူ မဆို ပြောပြ နိုင်သည်။

သို့သော် ပြိုင်ဘက်မှာ လင်းယွန် ဖြစ်နေသည့် အတွက် ရလာဒ်မှာ ထိုသို့ မဟုတ် တော့ပေ။

နဂါးနှင့် ကျား ဟောက်သံများ၊ လေထဲတွင် ပဲ့တင် ထပ်လာပြီး၊ လင်းယွန်က ကောင်းကင်ပေါ်သို့၊ ခုန်တက် သွားသည်။

ဦးစွာ တံဆိပ်ကို ဖန်တီး လိုက်ပြီး၊ လက်သီးနှင့် အတူ ရှေ့သို့ တွန်းထုတ် လိုက်၏။ ၎င်းမှာ သဘာဝ အားဖြင့်၊ ထာဝရနတ် ဘုရား တံဆိပ် ဖြစ်သည်။

တစ်ကြိမ် တွေ့ဆုံ ရုံမျှဖြင့်၊ လုယင်ကို စင်ပေါ်သို့ ပြုတ်ကျ သွားစေ တော့သည်။ ပါးစပ်မှ သွေးများ အန်လျက် လဲလျောင်း သွား၏။

" လင်းယွန် နိုင်ပွဲ ..."

ဒိုင် အဘိုးအိုက ခဏတာ အံ့အားသင့် သွားပြီးနောက်၊ ရလာဒ်ကို ချက်ချင်း ကြေငြာ လိုက်သည်။

“ အဲဒါ ကျား-နဂါး လက်သီးပဲ ... ။ ”

" သူ့ဓား ကိုတောင် မသုံး ဖူးလား။ "

“ ဒီလင်းယွန်က နားမလည် နိုင်အောင် ပါပဲ၊ သူ့ဓား ကိုတောင် မသုံးဘူး။ "

လင်းယွန်၏ ပြိုင်ပွဲမှာ၊ ဤမျှ လျင်မြန်စွာ ပြီးဆုံး သွားသော ကြောင့်၊ ပရိသတ် များက စိတ်ပျက် ကုန်ကြသည်။ အလွန် လျင်မြန် လွန်းလှသည် ဖြစ်ရာ၊ လင်းယွန် အတွက် အနား ယူရန်၊ အချိန် များစွာ ရရှိ သွား၏။

သိပ် မကြာခင် မှာပင်၊ တတိယမြောက် ပြိုင်ဘက်ကို စင်မြင့် ပေါ်၌၊ ရင်ဆိုင် လိုက်ရသည်။

သူ၏ တတိယမြောက် ပြိုင်ဘက် သည်လည်း၊ နဝမ အဆင့် ကျင့်ကြံမှု ကိုသာ၊ ရရှိ ထားသူ ဖြစ်သည်။

ယခင် အချိန် များ၌ ဆိုပါက၊ နဝမ အဆင့်ရှိ တစ်စုံ တစ်ယောက်ကို အနိုင် ယူရန်၊ အချိန် အနည်းငယ် ယူရ သော်လည်း၊ နက်နဲ သွေးပြန် ကြောအား၊ ပြန်လည် ပြုပြင် ပြီးနောက်တွင်၊ ထိုသို့ မဟုတ် တော့ပေ။

နဝမ အဆင့်ရှိ မည်သူ့ကို မဆို၊ နှိမ်နှင်း နိုင်သည်။

" လင်းယွန် နိုင် ပွဲ ... ။ "

" လင်းယွန် နိုင် ပွဲ ... ။ "

" လင်းယွန် နိုင် ပွဲ ... ။ "

လင်းယွန်က အနိုင် ပွဲများ ရရှိ နေခဲ့ပြီး၊ ရှစ်ပွဲ ဆက်တိုက် အနိုင် ရလာဒ်ကို၊ ထိန်းထားနိုင် ခဲ့ပြီး ဖြစ်သည်။

ထိုရလာဒ် မျိုးမှာ၊ ပါရမီရှင် အဆင့် ရှိသူ များသာ၊ ယင်းကို အောင်မြင် နိုင်မည် ဖြစ်သည်။

လွေယုဟောင် ပြီးနောက်၊ ပြိုင်ဘက် များကို အနိုင် ယူရန် အတွက်၊ ကျားနဂါး လက်သီးသာ လင်းယွန်က အသုံး ပြုခဲ့သည်။

၎င်းကို သတိ ထားမိသော၊ ပရိသတ် များက ပို၍ပင် တုန်လှုပ် သွားရ၏။ မဟာချင် အင်ပါယာ တခွင်၊ လှိုင်းတံပိုး ထန်ခဲ့သော ကျား-နဂါး လက်သီးကို၊ ဓားသမား တစ်ဦးက အမှန် တကယ်၊ အသုံးပြု နိုင်နေခြင်း ဖြစ်သည်။

ယင်းက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ၊ အကြီးအကဲ များနှင့် တပည့် များ၏ မျက်နှာ များကို ရုပ်ဆိုး သွားစေ၏။

တိုက်ဆိုင် စွာပင်၊ ဒဿမ အချီ၌ လင်းယွန်၏ ပြိုင်ဘက်မှာ၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ၊ တန်းယောင်း ဟူသည့်၊ တပည့် တစ်ဦး ဖြစ်လာသည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသည်၊ ဗုဒ္ဓ အဆုံး အမကို လိုက်နာ ကျင့်ကြံ ကြသော၊ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။

သူတို့တွင် သာမာန် တပည့် များနှင့်၊ ရဟန်း အဖြစ် ခံယူ ထားသော တပည့်များ ရှိပေသည်။

ဂိုဏ်း အနေဖြင့် ၎င်းတို့၏ တပည့် များကို ရဟန်း အဖြစ်၊ အတင်း အကျပ် လုပ်မယူ ထားပေ။ ဤအရာသည် မဟာချင် အင်ပါယာတွင်၊ လူသိ များသော အချင်း အရာ ဖြစ်၏။

သို့သော် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ စစ်မှန်သော ပညာရှင် များမှာ၊ ဗုဒ္ဓ အဆုံး အမ များကို၊ အလေး အနက် ထားသော၊ ဗုဒ္ဓ ဘာသာ ဝင်များ ဖြစ်ကြသည်။

ဆိုလိုသည်မှာ 'လွင့်မျော နေသော ရေခွက်' နှင့် 'စစ်မှန်သော တိမ်တိုက်လေး' တို့မှာ၊ ဘုန်းကြီးများ ဖြစ်၏။

ဂိုဏ်း၏ စစ်မှန်သော အမွေကို ဘုန်းကြီးများ ထံသာ၊ အပ်နှင်း မည်ဟု ဆိုထား သောကြောင့်၊ တန်းယောင်း သည်လည်း ဘုန်းကြီး အဖြစ်၊ ခံယူ ထားပေသည်။

လင်းယွန် ကဲ့သို့ပင်၊ သူက ကိုးကြိမ် တိုင်တိုင် အောင်နိုင် ထားခဲ့ပြီး၊ ကျား-နဂါး လက်သီး ဖြင့်သာ၊ ပြိုင်ဘက် များကို အနိုင် ယူထားသည်။

သူ၏ ကျား- နဂါး လက်သီးတွင်၊ စစ်မှန်သော နက်နဲမှု တစ်ရပ် ရှိနေ၏။ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၌၊ တိတ်ဆိတ်စွာ ကျင့်ကြံ နေသူ ဖြစ်သောကြောင့်၊ သူ့ အကြောင်းကို လူ အများက မသိခဲ့ ကြပေ။ ဓားနန်းတော်ရှိ ယီဖန်းနှင့် ခပ်ဆင်ဆင် တူသည်။

" ဒီကောင်က တန်းယောင်း ရှေ့မှာ၊ ကျား-နဂါးလက်သီးကို သုံးဝံ့ ဦးမယ်လို့၊ ငါ မယုံဘူး။ "

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းကို၊ ဦးဆောင်သူ အကြီး အကဲက ပြုံးကာ ဆိုလိုက်သည်။

ဂိုဏ်း၏ အပြင်းထန် ဆုံးသော နည်းစနစ်အား၊ အပြင် လူ တစ်ယောက်မှ၊ အသုံးပြု နေခြင်း အပေါ်၊ အဆင် မပြေသော ခံစား ချက်များ ရှိလာသည်။

ထိုဓားသမား၏ အောင်ပွဲ တိုင်းမှာ၊ သူ့မျက်နှာကို ဖြတ်ရိုက် နေသလို ပေပင်။

စင်မြင့် ပေါ်သို့ ဆင်းသက် လိုက်ပြီး၊ ပြိုင်ဘက်အား ကြည့်လိုက်စဉ်၊ ကျားနှင့် နဂါး တို့၏ အရှိန် အဝါများ၊ ခန္ဓာ ကိုယ်မှ စတင် ထွက်ရှိ လာကာ၊ လင်းယွန်၏ မျက်လုံး များ၌ မီးလျှံများ တောက်လောင် လာ၏။

“ ဒါက ကျား-နဂါး လက်သီးပဲ လာပြန်ပြီ။ ”

" ဟား ဟား၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသား တွေရဲ့၊ မျက်နှာ တွေကို ကြည့်စမ်း။ "

" တန်းယောင်းနဲ့ တိုက်ခိုက်ဖို့ အတွက်၊ ကျား-နဂါး လက်သီးကို၊ ရွေးချယ် လိုက်တာက နည်းနည်းတော့ မောက်မာ လွန်းတယ် မဟုတ်လား။ ''

“ သူ အနိုင် ရရင်.... ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းကတော့၊ လူ ရယ်စရာ ဖြစ်လိမ့်မယ် …”

" နောက်ဆုံးတော့ ဒါက အဋ္ဌမ အုပ်စု အတွက်၊ မြင်းနက်ကို အဆုံး အဖြတ် ပေးမယ့် ပွဲပါပဲ။ "

***

All Chapters