← Chapters

ကျား-နဂါး လက်သီး (VS) ကျား- နဂါး လက်သီး။

Vol. 31 Ch. 431

ကျား-နဂါး လက်သီး (VS) ကျား- နဂါး လက်သီး။

Vol. 31 Ch. 431

မြင်းနက် (VS) မြင်းနက်။

မြင်းနက် နှစ်ကောင် ဖြစ်သော တန်းယောင်နှင့်လင်းယွန် တို့၏ တိုက်ပွဲက၊ လူတိုင်း အာရုံ စိုက်မှုကို ရရှိ သွားသည်။

သို့သော် အတိအကျ ဆိုရ ပါလျှင်၊ ၎င်းတို့ နှစ်ဦးကို လူတိုင်း သိရှိ ထားပြီး ဖြစ်သောကြောင့်၊ မြင်းနက်များ အဖြစ် ယူဆ၍ မရချေ။

မင်္ဂလာ ပွဲကို တန့်တား ခြင်းဖြင့်၊ လင်းယွန်က သူ့ကိုယ်သူ သက်သေ ပြခဲ့ပြီး ဖြစ်သည်။

လေးနက်သော သွေးပြန် ကြောကို ဖျက်ဆီး ခံလိုက် ရသည့် အတွက်သာ၊ သူ၏ ခွန်အား အပေါ် လူများက၊ လျှော့တွက် မိကြခြင်း ပေပင်။

တန်းယောင်း မှာမူ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းတွင်၊ မြင့်မားသော အဆင့် အတန်းကို ပိုင်ဆိုင် ထားသည်။

ထို့ပြင် ၎င်းတို့ နှစ်ဦးမှာ၊ ဤနေရာသို့ လျှောက်လှမ်းကာ၊ သူတို့၏ စွမ်းရည်ကို သက်သေ ပြခဲ့ပြီး ဖြစ်သည်။

အထူး သဖြင့် ကျားနဂါး လက်သီးကို၊ အသုံး ပြုသော အခါတွင်၊ ပြိုင်ဘက် အပေါ် လွှမ်းမိုး နိုင်စွမ်း အပြည့်ဖြင့်၊ အနိုင်ယူ ကြမြဲ ဖြစ်သည်။

တန်းယောင်းက စင်မြင့် ပေါ်မှ၊ မျက်မှောင် ကြုတ်ကာ လှမ်းကြည့်သည်။ လင်းယွန်မှာ သူ့အား နှိမ့်ချ နေသည်ဟု သူ မြင်သည်။

အပြင် လူ တစ်ယောက် အနေဖြင့်၊ သူ့ရှေ့၌ ကျား-နဂါး လက်သီးကို၊ တကယ်ပင် သုံးဝံ့ နေသည် လော။ ယင်းမှာ သူ့ နားရွက်အား တံတွေး ဆွတ်ရာ ကျပေသည်။

" လင်းယွန် ... မင်းငါ့ကို နှိမ့်ချ နေတာလား၊ ဒါမှ မဟုတ် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း တစ်ခု လုံးကို ငုံ့ကြည့် နေတာလား။ "

တန်းယောင်းက မေးခွန်း ထုတ်နေ လျက်ဖြင့်၊ ဒေါသ ထွက်လာ ပုံရပြီး၊

“ မင်းရဲ့ ဓားကို ဆွဲပါ၊ ဒီနေ့ ရှုံးခဲ့ ရင်တောင် မင်းရဲ့ လရောင် ရေစင် ဓား အောက်မှာ၊ ကြေကြေ နပ်နပ်နဲ့၊ ငါလက်ခံ ပေးမယ်။ ”

" တောင်းပန် ပါတယ် ... ဒါပေမယ့် ငါ့ဓားကိုသုံးဖို့ မရည်ရွယ် ထားပါဘူး။ "

မထီမဲ့မြင် ပြုခြင်း မဟုတ်ကြောင်း၊ တန်းယောင်းကို လင်းယွန်က ရှင်းပြ ချင်သည်။

တန်းယောင်းမှာ ကျားနဂါး လက်သီးအား ကျွမ်းကျင် သောကြောင့်၊ သူ၏ ချို့ယွင်းချက် များကို ရှာဖွေရန်၊ ၎င်း နည်းစနစ်အား ရွေးချယ် ရခြင်း ဖြစ်သည်။

သို့သော် ယင်းကို ရှင်းပြ ရာတွင် တန်းယောင်းတစ်ယောက် နားလည်မည် မဟုတ်ကြောင်း၊ သူ သိပြီး၊ စွန့်လွှတ်ရန် ဆုံးဖြတ် လိုက်သည်။

တပါးသူ များ၏ ထင်မြင် ချက်ကို၊ ဂရုစိုက် နေစရာ မလိုဟု သူ မြင်သည်။

“ မောက် မာ လိုက် တာ။ ”

လင်းယွန်၏ စကား များက တန်းယောင်ကို ပို၍ ဒေါသ ထွက်စေ ခဲ့၏။ သူ၏ အရိုးများ အက်ကွဲ စပြု လာပြီး၊ ကြံ့ခိုင် ပြီးသား ခန္ဓာ ကိုယ်မှာ အရွယ် အစား တစ်ခုသို့၊ ထပ်မံ ဖောင်းကား လာသည်။

ခန္ဓာကိုယ် တစ်ခုလုံး ကြေးဖြင့်၊ သွန်းလောင်းထား သကဲ့သို့၊ ရွှေရောင်များ ဖြာထွက် လာပေ၏။ သူက လင်းယွန်ကို ကြည့်လိုက်ပြီး၊

" လင်းယွန်၊ မင်းကိုယ်တိုင် ဘာလို့ ရှင်းမပြ သေးတာလဲ။ "

" ငါက ဘာကို ရှင်းပြ နေရ မှာလဲ။ "

လင်းယွန်က သူ့မျက်လုံး များတွင်၊ ငြီးငွေ့ လာသည့် အရိပ် အယောင် များဖြင့်၊ ပြန်ဖြေ လိုက်သည်။

“ ကောင်းပြီ၊ ဒါဆိုလည်း သွား ပြီး သေ လိုက်တော့ ... ”

တန်းယောင်းက အော်ငေါက် လိုက်ကာ၊ လက်ဖဝါး နှစ်ဖက်ကို ရင်ဘတ် ရှေ့တွင်၊ ကြာဖူး သဏ္ဍာန် ( လက်အုပ်ချီ ) ပူးကပ် လိုက်သော အခါ၊ ဗုဒ္ဓ သင်္ကေတ ဖြစ်သော ( 卍 ) ညု အက္ခရာမှာ၊ သူ့ နောက်ကျော၌ ထွက်ပေါ် လာလေသည်။

ထိုသင်္ကေတ ထံမှ ရွှေရောင် အလင်းများ ဖြာထွက် လာပြီး၊ စက္ကန့်ပိုင်းမျှ အကြာတွင် သူ၏ အရှိန် အဝါမှာ၊ မယုံနိုင် လောက်အောင် မြင့်မား လာတော့၏။

“ ဒါက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့၊ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဖြစ်တဲ့၊ မိုးကြိုး နတ်ဘုရား ခန္ဓာ ကိုယ်ပဲ၊ ဒီတန်းယောင်းက ပြီးပြည့်စုံ လုနီးနီး၊ အခြေ အနေကို ရောက်ရှိ နေတယ်။ ''

“ တန်းယောင်း ကြည့်ရတာ၊ ဒေါသ ထွက်နေ ပုံပဲ၊ ဝှက်ဖဲကို စောစော စီးစီး ထုတ်ဖော် လိုက်တာက၊ သူ့ အတွက် အဓိပ္ပါယ် မရှိဘူး။ ”

ထိုမြင်ကွင်းကြောင့် ပရိသတ်များ အံ့အား သင့်သွား ကြသည်။

" ဒီကောင်က ဘယ်လိုတောင် မာန ကြီးနေ ဦးမလဲ ကြည့်ရအောင်။ "

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲ များက၊ လှောင်ပြောင် ရေရွတ် လိုက်၏။

အခြား တစ်ဖက်တွင် တည်ငြိမ်သော အမူ အရာဖြင့်၊ လင်းယွန်က ရှိနေဆဲ ပေပင်။ ခန္ဓာ ကိုယ်မှ ကျယ်လောင်သော ဓား မြည်သံ များကို၊ ထုတ်လွှတ် လိုက်သည်။

ကျား နဂါး ရောင်ဝါ တို့ဖြင့်၊ လုံးလုံး လျားလျား ပေါင်းစပ်ရန်၊ သူ့ ဓားကို ထုတ်လွှတ် လိုက်ခြင်း ဖြစ်၏။

အရှိန် အဝါများ ထွက်ပေါ် လာသည်နှင့်၊ စင်ပေါ်တွင် ထိုးစိုက် နေသော ဓားတစ်လက် ကဲ့သို့၊ ထက်ရှသော အရှိန် အဝါများ တိုးထွက် လာလေသည်။

" ထာဝရ နတ်ဘုရား တံဆိပ်... ကျား-နဂါး ခြေလှမ်းများ။ "

တန်းယောင်းက ကြုံးဝါး လိုက်သည်။ တစ်ချိန် တည်းမှာပင် သူ၏ လက်များ၌ ရှေးဟောင်း တံဆိပ် တစ်ခုအား၊ လျင်မြန်စွာ စတင် ဖွဲ့စည်း လိုက်၏။

လှမ်းနေသော ခြေလှမ်း တိုင်းက၊ ပြိုင်ပွဲ စင်မြင့်ကို၊ တုန်လှုပ် သွားစေသည့် အပြင်၊ ကမ္ဘာကြီး တစ်ခုလုံး ရမ်းခါ သွား သကဲ့သို့၊ ခံစား လိုက်ရ လေသည်။

“ အရမ်း ကောင်းတယ် ... ”

လင်းယွန်က တူညီသော ပုံစံကို ထုတ်ဖော်ကာ ရေရွတ် မိသည်။ တန်းယောင်းနှင့် မတူ သည်မှာ၊ ရွှေရောင် အလင်းများ အစား၊ ပြိုင်ဘက် ကင်းသော ဓား တစ်လက်၏ အရှိန် အဝါကို၊ ထုတ်လွှတ် လာခြင်း ဖြစ်သည်။

နှစ်ဦး ထံမှ ပေါက်ကွဲ လာသော အရှိန် အဝါ များက၊ အဋ္ဌမ စင်မြင့်ကို ပြင်းထန်စွာ တုန်လှုပ် လာစေပြီး၊ လေထု ထဲ၌ လှိုင်းများ ဖြစ်ပေါ် လာစေ၏။

“ အဲဒီ နှစ်ယောက် …”

“ ကျား- နဂါး လက်သီး အစစ်က ဘယ်ဟာလဲ။ ”

မည်သည့် အရာမှာ ကျား နဂါး လက်သီး၏ အစစ် အမှန် စွမ်းအား ဖြစ်သည်ကို၊ မခွဲခြား နိုင်တော့ သောကြောင့်၊ ပရိသတ် များက အံ့သြ သွားသည်။

နှစ်ယောက်သား ကိုးလှမ်း လှမ်းယူ ပြီးချိန်တွင်၊ ၎င်းတို့၏ အရှိန်အဝါ နှစ်ရပ်လုံး၊ တဟုန်းဟုန်း တောက်လောင် လာကာ၊ 'ပျံသန်း နေသော နဂါးနှင့် ပုန်းကွယ် နေသော ကျား' ကို တပြိုင် နက်တည်း၊ ပစ်ထုတ် လိုက်ကြသည်။

လက်သီး နှစ်လုံး ထိပ်တိုက် တွေ့ဆုံ သွားကာ၊ လင်းယွန် လက်မောင်း တစ်ဖက်လုံး၊ ထုံကျင် သွားသလို ခံစား လိုက်ရသည်။

တစ်ချိန်တည်း မှာပင်၊ တန်းယောင်း၏ အရှိန်အဝါ သည်လည်း၊ ပြိုင်ဘက်ကင်း ဓားရောင်ဝါ အောက်၌၊ ကွဲအက် သွား၏။ သို့သော်။

“ အဟား ဒါက အစပဲ ရှိပါ သေးတယ်၊ လာဦးမယ်။ "

တန်းယောင်းက သူ၏ ကျင့်ကြံ မှုကြောင့်၊ အားသာ ချက်ကို ရရှိ ထားပြီး ဖြစ်ရာ၊ နှုတ်ခမ်း၌ အေးစက်သော အပြုံး တစ်ပွင့်အား၊ ထုတ်ဖော် ပြသ လိုက်သည်။

'' ပုန်းကွယ် နေသော နဂါး၊ ချောင်းမြောင်း နေသော ကျား၊ ''

" မင်းကို ကြောက်လိမ့် မယ်လို့ ... ထင်နေလား။ "

အလားတူ လှုပ်ရှား မှုကို ထုတ်ဖော်ကာ၊ လင်းယွန်က ပြန်လည် ငေါက်ငမ်း လိုက်၏။

သူတို့ နှစ်ယောက်မှာ နဂါးများ ကဲ့သို့ ကောင်းကင်ပေါ် ပျံတက်သွား ကြပြီး၊ ပုံစံတူ အသွင် အပြင် များဖြင့်၊ ထိပ်တိုက် ရင်ဆိုင်လိုက် ကြသည်။

ကောင်းကင်၌ ဓား အရှိန် အဝါက၊ ဗုဒ္ဓ ရောင်ဝါကို ထိပ်တိုက် ရင်ဆိုင်၏။ ထိုသို့ တိုက်နေစဉ်၊ ဓားမှာ နဂါး အဖြစ်သို့၊ ပြောင်းလဲ သွားသည်။

'' ဟိတ် ..... ''

မည်းမှောင် နေသော မျက်နှာဖြင့်၊ တန်းယောင်းက လင်းယွန်ကို ထိုးနှက် လိုက်ပြန်၏။

သူ့ အရှိန် အဝါများ မှိန်ဖျော့သွား သကဲ့သို့၊ လင်းယွန် မှာလည်း ဓား အလင်းများ မှိန်ဖျော့ လာပေသည်။

" ဘာတွေ ဖြစ်နေ တာလဲ၊ ငါ ဘယ်သူ့ ကိုမှ မမြင်ရ တော့ဘူး၊ သူတို့ နှစ်ယောက် ဘာလုပ် နေကြ တာလဲ။ "

နဂါး တံခါး ပြိုင်ပွဲ စချိန် ကတည်း ကပင်၊ ဤမျှ စိတ်လှုပ် ရှားဖွယ် ကောင်းသော တိုက်ပွဲကို၊ မတွေ့ မြင်ဖူး ကြပေ။ ထို့ကြောင့် လူ အများက တက်ကြွ လာ၏။

ရုတ်တရက် မြင်ကွင်း တစ်ခုလုံး မှုန်ဝါး သွားကာ၊ စင်မြင့် ထက်၌ ကြောက်မက် ဖွယ်ရာ၊ အစွမ်း အားများ ပေါက်ကွဲ နေသည်ကို၊ ခံစား လိုက်ရသည်။

လူတိုင်း ထိတ်လန့် နေစဉ်တွင်၊ နဂါး ပန်းချီဖြင့် ဟောက်သံ ပြုလျက်၊ တန်းယောင်း၏ ပုံရိပ်ကို ကြည်လင်စွာ လှမ်းမြင် လိုက်ရ၏။

သူ့ နောက်၌ ပန်းချီကား တစ်ချပ် ထွက်လာပြီး လင်းယွန်ကို လက်သီးဖြင့် ထိုးချ လိုက်သည်။

ဤလက်သီး၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်သည်၊ စင်မြင့်ပေါ်ရှိ လေထုကို၊ တင်းကြပ် သွားစေသည်။

" သေ ....."

တန်းယောင်းက ဒေါသ တကြီး ကျိန်ဆဲ လာသည်။

" န ဂါး ပန်း ချီ .... ။ "

လင်းယွန်၏ အနီး တစ်ဝိုက်တွင်၊ ဓား အလင်းများ ကဲ့သို့၊ ပန်းချီကား တစ်ချပ် ထွက်ပေါ် လာ သည်။

တန်းယောင်း၏ ပန်းချီ ကားသည်၊ နဂါး တစ်ကောင် ဖြစ်သော်လည်း၊ သူ၏ ပန်ချီ ကားမှာ ဓားတစ်လက် ဖြစ်၏။ ကိုယ့်လမ်းကို ဖောက်ထွက် ရှင်းလင်း ရမည့်၊ ဓား တစ်လက် ပေပင်။

လက်သီး နှစ်လုံး ထိပ်တိုက် တွေ့ပြီး၊ နှစ်ယောက်သား ပြိုင်တူ နောက်ဆုတ် လိုက်ရသည်။

( သေ စမ်း ..... )

တန်းယောင်းက စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။ သူ့ နဂါး ရုပ်မှာ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာနေ သည်ကို၊ သိလိုက် ရသောကြောင့် ဖြစ်သည်။

တိုက်ပွဲမှ ချက်ခြင်း ရုန်းထွက်ပြီး၊ အရှိန်ပြင်းသော နဂါး ကြီးကို၊ လက်သီး များဖြင့် တွန်းထုတ် လိုက်ရ၏။

လင်းယွန် သည်လည်း၊ ပြိုင်ဘက် ထံမှ တူညီသော အင်အား များဖြင့်၊ ထိပ်တိုက် ရင်ဆိုင် လိုက်ရ သဖြင့်၊ တုန်လှုပ် သွားခဲ့သည်။

ကျား- နဂါး လက်သီးသည် ၎င်းတို့ နှစ်ဦး၏ လက်ထဲတွင်၊ ပြင်းထန်သော လှုပ်ရှား မှုများ အဖြစ် ထင်ရှား လာကာ၊ ကြောက်မက်ဖွယ် တွေ့ဆုံ မှုများ ဖြစ်လာ ခဲ့လေပြီ။

နောက်ဆုံးတွင် ကျား-နဂါး လက်သီး၏၊ 'ကျားနဂါး အုပ်စိုးမှု' ဖြင့် ထိပ်တိုက် တွေ့သော အခါ၊ လင်းယွန်းက ညည်းတွားလျက် စင်မြင့်ပေါ် ပြုတ်ကျ သွားရ၏။

ဖုန်မှုန့်များ ပြောက်ကွယ် သွားချိန်တွင်၊ တန်းယောင်း ခန္ဓာ ကိုယ်၏၊ အပေါ် ပိုင်း အဝတ် အစားများ စုတ်ပြဲ သွားကာ၊ မြေပြင် ပေါ်သို့ လှပစွာ ဆင်းသက် လာသည်ကို၊ တွေ့မြင် လိုက်ရသည်။

ဗလာ ကျင်းနေသော ရင်အုပ် ကြွက်သားများ ပေါ်မှ စတင်ကာ၊ နဂါး တစ်ကောင်နှင့်၊ ကျား တစ်ကောင်၏ ပုံရိပ် များကို၊ ခန္ဓာကိုယ် အပြည့် နက်ရှိုင်းစွာ ရေးထိုး ထား၏။

" ဒါ ... ကျား နဂါး အုပ်စိုး မှုပဲ ...။ "

" ကျားနဂါး လက်သီး ချက်ကို၊ တန်းယောင်းက အပြည့် အဝ ကျွမ်းကျင် နေပြီ။ "

“ ပြီးပြည့် စုံတဲ့ ကျွမ်းကျင် မှုကို ရတဲ့ အခါ၊ နဂါးနဲ့ ကျားကို ဆင့်ခေါ်ပြီး၊ ပြိုင်ဘက်ကို ရိုက်နှက် နိုင်လိမ့် မယ်လို့၊ ငါကြား ဖူးတယ်၊ လင်းယွန် ရှုံးသွားတာ အံ့သြ စရာတော့ မရှိ ပါဘူး။ ”

“ ဟုတ်တယ်၊ သူက ဘုန်းကြီး မဟုတ် မှတော့၊ အဲဒါကို မအောင်မြင် နိုင်တာ သဘာဝ ပါပဲ။ ”

တန်းယောင်း၏ ခန္ဓာကိုယ် ပေါ်ရှိ၊ ရစ်ခွေ နေသော ကျားနှင့် နဂါး ပုံရိပ် (တက်တူး) များကို၊ တွေ့လိုက် ရသောကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်ကြသည်။

ကျား-နဂါး လက်သီးသည် အမှန် တကယ် နက်နဲ ပေ၏။ လင်းယွန်၏ မျက်လုံးများ မှေးကျဉ်း သွားပြီး၊ ၎င်းကို ဖြေရှင်းရန် ချက်ချင်း ဗျူဟာပြောင်း လိုက်သည်။

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ စင်မြင့် ပေါ်တွင် လှည့်လည် ပြေးလွှားကာ၊တန်းယောင်းနှင့် ထိပ်တိုက် ရင်ဆိုင် ခြင်းအား စွန့်လွှတ် လိုက်တော့သည်။

သူ၏ ရွေ့လျားမှု နည်းစနစ် အားသာ ချက်ကို အားကိုးပြီး၊ ပြိုင်ဘက် ခန္ဓာ ကိုယ်ပေါ်သို့၊ အချက်ပေါင်း များစွာ၊ ထိုနှက် မိ၏။

အတား အဆီးများ ချိုးပဲ့သွား သော်လည်း၊ စင်မြင့် ပေါ်တွင် မလှုပ် မယှက် အနေ အထားဖြင့်၊ သူ၏ လက်သီး ချက်များ အားလုံးကို၊ မိုးကြိုး နတ်ဘုရား ခန္ဓာ ကိုယ်က၊ ခံယူ နေလေသည်။

သတ္တု နံရံကို ထိုးမိသွား သကဲ့သို့၊ လင်းယွန်၏ လက်များ ထုံကျင် လာတော့၏။

" အသုံး မဝင်ဖူး ဆိုတာ၊ မင်း မသိ ဖူးလား၊ ... ငါက ကျားနဂါး အုပ်စိုးမှုကို၊ ဆုပ်ကိုင် ထားနိုင် နေပြီ၊ မင်းရဲ့ ကျား-နဂါး လက်သီးနဲ့၊ မင်း ငါ့ကို ဒုက္ခ မပေး နိုင်ပေမယ့်၊ ငါက မင်းကို ဒုက္ခပေးနိုင်တယ်။ "

တန်ယောင်းက လက်သီး တစ်ချက် ထိုးထုတ်လိုက်ပြီး၊ လှောင်ပြောင် ပြောဆို လိုက်သည်။ သူ့ ခန္ဓာကိုယ် ပေါ်ရှိ နဂါးနှင့် ကျား တက်တူး များက၊ လက်တွင် ရစ်ပတ် သွားကာ၊ လင်းယွန်ကို ဝါးမျို တော့မည့် အတိုင်း၊ အသက်ဝင် လာလေသည်။

လင်းယွန်၌ ဤတိုက်ခိုက် မှုကို ရှောင်လွှဲရန် နည်းလမ်း မရှိ တော့ဘဲ၊ သူ့ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ လွင့်ပျံ သွားရသည်။

" မင်း ငါ့ရှေ့မှာ နဂါးကျား လက်သီးကို သုံးချင် နေတာလား၊ သေဖို့ အသင့် ပြင်ထားပါ။ "

လင်းယွန်အား ပြန်ဆင်ရန် အချိန် မပေး တော့ဘဲ၊ မြေပြင် ပေါ်သို့ ဆင်းသက် ပြီးသည်နှင့်၊ ထပ်မံ အားယူ လိုက်သည်။

သူ ပြေးလာ စဉ်တွင်၊ လက် နှစ်ဖက်၌ တံဆိပ်များ ဖန်တီး နေမိပြီး၊ ထာဝရနတ် ဘုရားတံဆိပ်၊ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်နှင့် နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ် တို့ကို၊ အတူ တကွ ပေါင်းစပ် လိုက်၏။

တံဆိပ် သုံးခု ပေါင်းစပ် သွား ပြီးနောက်၊ တန်းယောင်း၏ အရှိန် အဝါမှာ၊ ခရမ်းရောင်နန်းတော် နယ်မြေသို့၊ ရောက်ရှိ သွားသည်။

“ ဝိုး မိုက်တယ် …။ ”

“ ပေါင်းစပ် တံဆိပ် … အဲဒါက ကျားနဂါး လက်သီးရဲ့၊ ပေါင်းစပ် တံဆိပ် သုံးခုပဲ။ ”

" သူ လင်းယွန်ကို သတ်ပစ် တော့မယ်။ "

ဤ မြင်ကွင်းကြောင့် လူ အများ၏ မျက်နှာများ ပြောင်းလဲ သွားသည်။ လင်းယွန် သည် တန်းယောင်း ကြောင့်၊ ဒဏ်ရာ ရရှိ နေပြီ ဖြစ်ပြီး၊ ပေါင်းစပ် တံဆိပ်ဖြင့် ထပ်မံ ထိမှန် ခံရ ပါက၊ အသက် ဆုံးရှုံး သွားမည်မှာ သေချာသည်။

သို့သော် တန်းယောင်းမှာ အစွမ်း ထက်လှ သော်လည်း၊ ဤမျှဖြင့် သူ့ကို သတ်ရန် မလုံ လောက်ပေ။

တစ်ချိန်တည်း မှာပင် တံဆိပ် သုံးခုကို ဖန်ဆင်း လိုက်သည်နှင့်၊ လင်းယွန်၏ အရှိန် အဝါ သည်လည်း၊ ပြောင်းလဲ လာလေပြီ။

ပေါင်းစပ် တံဆိပ် ထံမှ ပြင်းထန်သော ဓား အလင်းများ ထုတ်လွှတ် နေပြီး၊ ယင်းမှာ အဆုံးသတ် မဟုတ် ခဲ့ပေ။

မူလ စွမ်းအင် များက ဓားသုံးဆယ့် သုံးလက် အဖြစ်၊ နောက်ကျော၌ ထင်ရှားစွာ ဖွဲ့တည် လာပြီး၊ ပန်ကာ တစ်လက် ကဲ့သို့ လည်ပတ် သွားတော့သည်။

" ဒါ .... ဒါ မိုးကောင်းကင် တံဆိပ်ပဲ ။ "

“ မ လုပ် နဲ့ .... ”

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲ များက၊ လင်းယွန် နောက်ကျောရှိ ဓားအဝန်း အဝိုင်း ကြီးကို၊ မြင်လိုက် ရသော အခါတွင် တုန်လှုပ် ခြောက်ခြား စွာဖြင့်၊ ထိုင်ခုံ များမှ ထရပ်လိုက် ကြသည်။

သို့သော် မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသည်နှင့်၊ တံဆိပ် များကို ထုတ်လွှတ် လိုက်ပြီး ဖြစ်ရာ၊ လင်းယွန်၏ မျက်လုံး များမှ သွေးများ စီးကျ လာခဲ့ လေပြီ။

***

All Chapters