← Chapters

ပြင်းစွာသော ဒေါသ။

Vol. 31 Ch. 432

ပြင်းစွာသော ဒေါသ။

Vol. 31 Ch. 432

" ဒါ .... ဒါ မိုးကောင်းကင် တံဆိပ်ပဲ ။ "

“ မ လုပ် နဲ့ .... ”

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲ များက၊ လင်းယွန် နောက်ကျောရှိ ဓားအဝန်း အဝိုင်း ကြီးကို၊ မြင်လိုက် ရသော အခါတွင် တုန်လှုပ် ခြောက်ခြား စွာဖြင့်၊ ထိုင်ခုံ များမှ ထရပ်လိုက် ကြသည်။

တံဆိပ်များ ပေါင်းစပ် လိုက်ပြီးနောက်၊ လင်းယွန်ထံမှ ထိတ်လန့် တုန်လှုပ်ဖွယ်၊ မီးတောင် ပေါက်ကွဲ သွား သလိုမျိုး၊ စွမ်းအင်များ ဖြာထွက် လာသည်။

'' ဒါ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ''

တန်းယောင်းက လုံးဝကို အံ့သြ သွား၏။ ဗုဒ္ဓ ဂိုဏ်းဝင် မဟုတ်သော၊ အပြင်လူ တစ်ယောက် အနေဖြင့်၊ စတုတ္ထ တံဆိပ်ကို ဖွဲ့စည်း နိုင်ခဲ့ခြင်း အပေါ်၊ သူ နား မလည် နိုင်ပေ။

“ မ လုပ် နဲ့ …”

တန်းယောင်း၏ မျက်နှာ ပြောင်းလဲ သွားကာ၊ နောက်ဆုတ် ချင်ခဲ့ သော်လည်း၊ နောက်ကျ သွားပြီ ဖြစ်သည်။ ပေါင်းစပ် တံဆိပ် များ၏ စွမ်းအားမှာ၊ သူ ထိန်းချုပ် နိုင်သည့် အရာ မဟုတ်ပေ။

သူတို့ နှစ်ယောက် တိုက်ပွဲမှာ၊ လူတိုင်း၏ နှလုံး သားကို ထိပါး စေသည့်၊ ကျယ်လောင်သော ပေါက်ကွဲ သံကို၊ ဖြစ်ပေါ် လာစေသည်။

စွမ်းအင် လှိုင်းများ ရိုက်ခတ် မှုကြောင့်၊ ကျင့်ကြံခြင်း နိမ့်ကျ သူများမှာ၊ ဒဏ်ရာများ ရရှိ သွားကုန်၏။

ထိုတိုက်ပွဲကြောင့် တန်းယောင်းမှာ၊ ချက်ချင်း ဒဏ်ရာ ပြင်းစွာ ရရှိ သွားသည်။ တစ်ချိန်တည်းမှာပင် လေထုက၊ အစိတ်စိတ် အမွှာမွှာ အက်ကွဲ သွား သကဲ့သို့၊ အသံများ ပဲ့တင်ထပ် လာ၏။

ကွဲအက် နေသော သဘာဝ ဖြစ်စဉ် များနှင့်အတူ၊ စင်မြင့် ပေါ်၌ ခရမ်းရောင် စွမ်းအင် များက၊ မုန်တိုင်း အသွင် ပြောင်းလဲ ဖြစ်ပေါ် လာသည်။

'' အဟွန့် ... ''

အားလုံး အံ့အားသင့် သွားချိန် မှာပင်၊ စင်ပေါ်မှ အေးစက်သော လှောင်ပြောင် ရေရွတ် လိုက်သံ၊ တစ်သံ ထွက်ပေါ် လာသည်။

တုန်ယင် နေသော စွမ်းအင် လှိုင်းများ အတွင်းတွင်၊ မှုန်ဝါး နေသော ပုံသဏ္ဍာန် တစ်ခုက ရပ်နေ လျက်ဖြင့်၊ သူ့ထံ လွင့်ဝဲ လာသော ဖုန်မှုန့် များကို ဖယ်ရှားရန်၊ လက် နှစ်ဖက်အား ဝှေ့ယမ်း နေခဲ့သည်။

လှိုင်းများ ငြိမ်သက် သွားသည်နှင့်၊ လင်းယွန်က ကြီးစိုး နိုင်လွန်းသော အမူ အယာဖြင့်၊ တည်ငြိမ်စွာ ရပ်လျက် ကျန်ရစ် ခဲ့လေပြီ။

" မိုးကောင်းကင် တံဆိပ်။ "

“ အိုး သောက်ခွေး... အပြင် လူ တစ်ဦးက တကယ်ပဲ မိုးကောင်းကင် တံဆိပ်ကို၊ ဖွဲ့စည်း နိုင်တယ်လား၊ ဒါက အကြီးအကဲတိုင်း မဖန်တီး နိုင်တဲ့ တံဆိပ် ပါပဲ။ ”

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ လင်းယွန်က မိုးကောင်းကင် တံဆိပ်ကို၊ ဖွဲ့စည်း နိုင်ရုံသာ မကဖူး၊ တံဆိပ် လေးခု ကိုလည်း၊ ပေါင်းစပ် နိုင်တယ်။ "

" တန်းယောင်းကို အနိုင် ယူပြီး မှတော့၊ အဋ္ဌမ အုပ်စုမှာ ဘယ်သူက သူ့ကို တားနိုင် မှာလဲ။ "

ပရိသတ် အားလုံး ထိတ်လန့် သွားကုန် ကြသည်။ လင်းယွန် သေတော့ မည်ဟု သူတို့ အားလုံး ယူဆ နေမိ သော်လည်း၊ ကစား ပွဲကို ရုတ်တရက် လှည့်ကာ၊ တန်းယောင်းအား ရိုက်နှက်ပစ် ခဲ့၏။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲ များနှင့် တပည့် များ၏ မျက်နှာမှာ၊ ကြည့်ရက် စရာ မရှိ တော့ပေ။

မိုးကောင်းကင် တံဆိပ်ကို နားလည်ရန် မည်မျှ ခက်ခဲ သည်ကို သူတို့သာ သိရှိ ထားကြပြီး၊ တပည့်များ ကြားတွင်ပင် နှစ်ဦးသာ ဆုပ်ကိုင် နိုင်ခဲ့သည်။

တစ်ဦးမှာ လွင့်မျော နေသော ရေခွက် ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ စစ်မှန်သော တိမ်တိုက် ကလေး ဖြစ်သည်။

ပထမ လူသည် နှစ်နှစ် ကြာအောင် ကျင့်ကြံ ရပြီး၊ ဒုတိယ လူမှာ သုံးနှစ် ကြာမှသာ ဆုပ်ကိုင် နိုင်၏။

သို့သော် လင်းယွန် ဆိုသော ဤလူငယ် အတွက်၊ ကျားနဂါး လက်သီးကို လေ့ကျင့် ချိန်မှာ၊ သိပ်ပင် မကြာ လှပေ။ အများဆုံး ရှိလှ တစ်နှစ်သာ ရှိပေမည်။

" သေစမ်း ... ဒီကောင်လေး ဘယ်လို လုပ်လိုက် တာလဲ။ "

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းကို၊ ဦးဆောင်သူ အကြီး အကဲက တုန်လှုပ် သွားသည်။ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ တပည့် တစ်ဦး အနေဖြင့်၊ ကျား-နဂါး လက်သီး အောက်၌၊ ရှုံးနိမ့် သွားရ ခြင်းမှာ၊ အရှက် ရဖွယ် ပေပင်။

“ ဒါက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့ ခွန်အားလား၊ သနား စရာပဲ၊ တကယ် လို့သာ ဒီဓားကျွန်က၊ ဒရာကိုဖီ နည်းစနစ်ကို ငါတို့ ရှေ့မှာ၊ အသုံးပြု ဝံ့သေးရင် သေခြင်း ကသာ၊ သူရဲ့ တစ်ခု တည်းသော ရလဒ် ဖြစ်ပါ လိမ့်မယ်။ ”

ဝမ်ရန်းဘိုက လှောင်ပြောင် ပြောဆို လိုက်သည်။ ဓားနန်းတော်နှင့် ရန်ငြိုး ရှိနေ သကဲ့သို့၊ မဟာချင် အင်ပါယာတွင် အသန်မာဆုံး ဂိုဏ်းဟု၊ အခိုင် အမာ ဆိုနေသော ထာဝရ မြင့်မြတ် ခြင်းဂိုဏ်း အပေါ်လည်း၊ မကျေ မနပ် ဖြစ်မိသည်။

ထို့ကြောင့် အရှက်ခွဲ ခံရသော၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းကို၊ မြင်တွေ့ ရခြင်း အတွက်၊ သဘာဝ အတိုင်း ပျော်ရွှင် မိခြင်း ဖြစ်၏။

“ သူက ငါ ထင်ထား တာထက် ပိုသန်မာ ပုံပဲ၊ ဒါပေမယ့် ငါနဲ့ ရင်ဆိုင်တဲ့ အခါ၊ ဒရာကိုဖီ ခန္ဓာ ကိုယ်ကို သုံးဝံ့ရင်၊ သူရဲ့ သေခြင်း တရားကို ဖိတ်ခေါ်ရာ ရောက်နေ လိမ့်မယ်။ ”

အကြင်နာ ချောက် ကမ်းပါးက၊ ဝင်ရောက် မှတ်ချက် ပေး လာသည်။ လှမ်းကြည့် နေသော မျက်ဝန်း များမှာ၊ စူးရှ သော်လည်း၊ သူ့ မာနက လင်းယွန်ကို ပြိုင်ဘက် အဖြစ်၊ ငြင်းဆန် ထားမြဲ ဖြစ်သည်။

စင်မြင့် ပေါ်တွင် ဂုဏ်ယူစွာ ရပ်နေသော လင်းယွန်ကို ကြည့်ကာ၊ ဒိုင် အဘိုးအိုက ခေတ္တမျှ အံ့အား သင့် သွားသည်။ လူငယ်လေး ထံမှ သူ ဖော်မပြ နိုင်သော၊ လွှမ်းမိုးမှု တစ်ခု ဖြာထွက် နေသည်။

တန်းယောင်းတွင် မိုးကြိုး နတ်ဘုရား ခန္ဓာ ကိုယ်ကို၊ ဆုပ်ကိုင် ထားနိုင် သောကြောင့်၊ နဂါးကျား လက်သီးဖြင့်၊ အနိုင် ယူနိုင် မည်ဟု၊ သူ မထင်ထား မိပေ။

ထို့ပြင် မိုးကောင်းကင် တံဆိပ်ကို၊ ဓားဖြင့် ဖွဲ့စည်း နိုင်ခဲ့ခြင်း အပေါ်၊ ပို၍ပင် တုန်လှုပ် သွားရသည်။

မဟာ ချင် အင်ပါယာ၏ သမိုင်းတွင်၊ မည်သူမျှ ထိုသို့သော စွမ်းဆောင် မှုမျိုး ပြီးမြောက်အောင် မဆောင်ကြည်း နိုင်ချေ။

ဗုဒ္ဓ နှင့် ဓားသည် လုံးဝ ကွဲပြားသော အယူ အဆ နှစ်ခု ဖြစ်သည်။ သည့်အပြင် ဓားဖြင့် မိုးကောင်းကင် တံဆိပ်ကို ဖွဲ့တည် ရန်မှာ၊ ဆယ်ဆ ပို၍ ခက်ခဲ ပေ၏။

အဋ္ဌမ စင်မြင့် ပေါ်တွင်၊ ဖျက်ဆီး ခံလိုက် ရသော တန်းယောင်း၏ တိုက်ပွဲဝင် ခန္ဓာ ကိုယ်မှာ၊ ပုံမှန် အရွယ် အစားသို့ ပြန်ဖြစ် သွားသည်။

ဤခန္ဓာကိုယ် နည်းစနစ် ကြောင့်သာ မဟုတ် ပါလျှင်၊ သူ သေသွား ရပေ လိမ့်မည်။

“ မင်းကို နဂါးကျား လက်သီးနဲ့ ရင်ဆိုင် တာက၊ သေမင်းကို ဖိတ်ခေါ် နေတာ ပဲလို့၊ မင်း ပြောခဲ့တယ် မဟုတ်လား၊ ငါတော့ မထင် ပါဘူး။ ”

ကြမ်းပြင် ပေါ်ရှိ တန်းယောင်းကို ကြည့်ပြီး၊ လင်းယွန်က ဆိုသည်။

“ ငါ ရှုံးပြီး မှတော့ ပြောစရာ မရှိ တော့ဘူး၊ ဒါပေမယ့် မင်းငါ့ကို အရှက် ခွဲချင်လား ...၊ အခုမင်း အနိုင်ရ တော့ရော ဘာဖြစ် မလဲ၊ မင်းကိုယ်မင်း သေခြင်းက လွတ်မြောက် နိုင်မယ်ထင်လား၊ ... ''

'' ... ပျံသန်းနေသော ငှက်မွှေး၊ နေဝင်ချိန်၊ အကြင်နာ ချောက်ကမ်းပါး၊ ဒါမှ မဟုတ် ငါ့ရဲ့ စီနီယာ စစ်မှန်သော တိမ်တိုက်လေး၊ သူတို့ထဲက တစ်ယောက် ယောက်ထံ၊ မင်းပြေး မိရင်... မင်းကို ဘယ်သူက အသက် ရှင်ခွင့် ပေးမှာလဲ။ ''

တန်းယောင်းက သူ့ မျက်လုံး များတွင်၊ မကျေ နပ်သော အရိပ် အယောင် များဖြင့် အံကြိတ်ကာ ဆိုသည်။

စင်မြင့် ပေါ်ရှိ လင်းယွန်က၊ သူ့ အပေါ် ကျရောက် လာသော အေးစက်သည့် အကြည့် များကို၊ ချက်ချင်း ခံစား လိုက်ရသည်။

ပါရမီရှင် လေးပါးမှာ၊ လင်းယွန်၏ ဓားရောင်ဝါကို ဖြိုခွဲရန်၊ ၎င်းတို့၏ အကြည့် များအား၊ အသုံး ပြုလာခြင်း ဖြစ်၏။

သူတို့၏ စိတ်ထဲ၌ လင်းယွန် အပေါ်၊ နက်နက် ရှိုင်းရှိုင်း ဖိအား ပေးချင် နေသည်။ ယင်းကို တန်းယောင်းက သိမြင် လိုက်ခြင်း ဖြစ်၏။

" ဟားဟား၊ စိတ်ရှုပ် မခံ ပါနဲ့၊ မင်းက နောက်ဆုံးတော့ လူပြက် တစ်ယောက် ပါပဲ၊ မင်းကိုယ်မင်း တကယ်ပဲ ကောင်းကင်ကို၊ ပျံတက် နိုင်လိမ့် မယ်လို့ မင်းထင် နေလား။ "

လင်းယွန်က ပါရမီရှင် များထံ၊ ပြန်လည် စိုက်ကြည့်လိုက် သည်ကို၊ မြင်ရ သည်နှင့် တန်ယောင်းက ရယ်မော လိုက်သည်။

သူ ရှုံးသွား သော်လည်း၊ စကားဖြင့် အနိုင် ယူရ ပေမည်။ လင်းယွန် တစ်ယောက်၊ အနည်း ငယ်သော စနိုး စနှောင့် ဖြစ်သွား လျှင်ပင်၊ သူ့အတွက် အမြတ်ထွက် နိုင်သည်။

" ဘာလို့ လဲ .... ငါ့စကားက မှန်နေတယ် မဟုတ်လား၊ မင်းငါ့ကို အနိုင် ရရင်တောင် မင်းက သေလူ ဖြစ်နေတုန်း ပါပဲ၊ ငါက ရှုံးခဲ့ ရင်တောင် ချန်ပီယံ ဖြစ်ဖို့၊ သုံးနှစ် အကြာမှာ ပြန်လာ နိုင်တဲ့၊ အခွင့် အရေး ရှိနေ ပါသေးတယ်၊ နောက်ဆုံးတော့ ငါက အသက်ရှင် ….. ”

သို့သော် စကား အဆုံးခင် မှာပင်၊ ခရမ်းရောင် စုပ်ဝဲ တစ်ခုက၊ သူ့အား ဆွဲယူ သွားသည်။ လင်းယွန်က မူလ စွမ်းအင်ဖြင့်၊ သူ့ လည်ပင်းကို လှမ်းဆွဲ လိုက်ခြင်း ဖြစ်၏။

“ ငါ့ရှေ့မှာ ပြောရဲတဲ့ သတ္တိကို၊ ဘယ်သူက ပေးခဲ့ တာလဲ၊ မင်းက အရှုံး သမားပဲ၊ နောက်သုံးနှစ်မှာ ပြန်လာ ချင်တာလား ...၊ မင်းကို ဒီမှာ ငါသတ် လိုက်ရင် ... ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက၊ ငါ့ကို ဘာများ လုပ်နိုင် မှာလဲ။ ”

လင်းယွန်၏ မျက်နှာ ပေါ်တွင်၊ လှောင်ပြောင် သရော်သော အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာသည်။ တန်းယောင်းကို ဆုပ်ကိုင် ထားလျက်မှ ၊ သတ်ဖြတ် လိုသော ဆန္ဒအား၊ ထုတ်ဖော် ပြသ လိုက်သည်။

တန်းယောင်း၏ မျက်လုံး များတွင် ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာကာ၊ ရုန်းကန်မိသည်။ အရှုံး ပေးချင် သော်လည်း လင်းယွန်က၊ လည်ပင်းကို ဆွဲကိုင် ထားသောကြောင့်၊ အသံ မထွက် နိုင်ခဲ့ပေ။

" ထွက် သွား စမ်း ... မင်းလို အမှိုက်ကို ငါမသတ် ဝံ့ဖူး မထင်နဲ့၊ မင်းရဲ့ စီနီယာ 'လွင့်မျော နေသော ရေခွက်'က၊ မင်း အသက်ကို ကယ်ပေး လိုက်တယ် မှတ်ပါ။ "

နောက်ဆုံးတွင်၊ လွင့်မျော နေသော ရေခွက်လေး ကိုယ်စား၊ တန်းယောင်း၏ အသက်ကို နှမြော ပေးပြီး၊ စင်ပေါ်မှ ကိုင်ပေါက် ပစ်လိုက်သည်။

အသက်ရှု ကြပ်သွား သောကြောင့်၊ တန်းယောင်းမှာ ရုတ်တရက် ပြန်မထ နိုင်ခဲ့ပေ။

ခေါင်းကို မော့ပြီး လင်းယွန်အား ပြန်ကြည့် လိုက်ရာ၊ သူ့အား စိုက်ကြည့် နေသည်ကို မြင်လိုက် ရသဖြင့်၊ စကား တစ်ခွန်းမျှ မဆိုဝံ့ တော့ပဲ၊ ကုန်းရုန်း ထကာ ထွက်ပြေး သွားတော့၏။

" လင်းယွန် နိုင် ပွဲ။ "

ဓားနန်းတော် အဖွဲ့ ရှိရာသို့၊ လင်းယွန်က ပျံသန်း သွားခဲ့သည်။ ဤတိုက်ပွဲတွင် လူတိုင်းကို သူ့ အကြောင်း၊ အမြင် အသစ်များ ရရှိ သွားစေ၏။

အိမ်ရှေ့ မင်း၏ မင်္ဂလာ ပွဲတွင်၊ ဓားဆွဲ ဝံ့သူ ဖြစ်သည်။ ထို့ကြောင့် မည်သူ မဆို သူ့အား၊ ပျော့ပျောင်းသော စိတ်သဘော ထားရှိ သည်ဟု ထင်ပါက၊ တန်းယောင်းမှာ နမူ နာကောင်း ဖြစ်ပေ လိမ့်မည်။

" မိုးကောင်းကင် တံဆိပ်ကို ဘယ်တုန်းက ဆုပ်ကိုင် နိုင်ခဲ့ တာလဲ။ "

ရှင်းယန်က ဂုဏ်ယူသော အကြည့် များဖြင့် စူးစမ်း လိုက်သည်။

“ လွန်ခဲ့တဲ့ ရက် အနည်းငယ် ကပါ။ ”

လင်းယွန်က ဆိုသည်။ ရှင်းယန် ထံ၌ ဖုံးကွယ်ထားစရာ မရှိပေ။

" မင်းမှာ ဒေါသ ရှိမယ်လို့၊ ငါမထင် ထားမိဘူး၊ ဒါပေမယ့် .... ငါကြိုက် တယ်။ "

ရှင်းယန်က ရယ်မောကာ ဆိုလိုက်၏။ တန်းယောင်းမှာ ရှုံးနိမ့် သွားချိန်တွင်၊ လူရွှင်တော် တစ်ယောက် ကဲ့သို့၊ အထိန်း အကွပ် မဲ့စွာ ပြောဆို နေသည်ကို၊ အလွန် ဒေါသ ထွက်မိသည်။ သူမပင် စင်မြင့် ပေါ်သို့ တက်ကာ၊ ရိုက်နှက် ချင်ခဲ့၏။

“ လင်းယွန်၊ မင်း နောက်ထပ် တစ်ပွဲ အနိုင် ရရုံနဲ့၊ ဒုတိယ အကျော့ကို တက်ရောက် နိုင်လိမ့်မယ်၊ တန်းယောင်းရဲ့ စကား တွေက နားထောင်ရ ခက်ပေမဲ့၊ အဓိပ္ပါယ် ရှိနေတုန်း ပါပဲ၊ တစ်ခုခု မူမမှန် ဖူးလို့ ခံစား မိရင်၊ ချက်ချင်း လက်လျော့ လိုက်ပါ။ ”

လျိုဖန်းက လင်းယွန်ကို လေးနက်သော အမူ အရာဖြင့်၊ ကြည့်ကာ သတိပေး လိုက်သည်။

" ဟုတ်ကဲ့ နားလည် ပါတယ်။ "

လင်းယွန်က ခေါင်းညိတ် လိုက်၏။

နဂါး တံခါး ပြိုင်ပွဲမှာ၊ ဆက်သွား နေသည် နှင့်အမျှ၊ အခြေ အနေများ ပိုမို ရှင်းလင်း လာသည်။

နဂါး တံခါး ရင်ပြင် တစ်ခုလုံး၊ ကြက်သွေးရောင် ဆေးဆိုးထား သကဲ့သို့၊ ရဲရဲ နီလျက်၊ လူတိုင်း သတိထား မိချိန်တွင်၊ နေဝင် နေပြီ ဖြစ်သည်။

ဒုတိယ အကျော့သို့ တက်ရောက် နိုင်သူများ ပေါ်ထွက် လာပြီး၊ ရေပန်း စားသော နာမည် ကြီးများ အားလုံး၊ ပါဝင် လာ၏။

၎င်းတို့ အနက် မည်သူမျှ၊ မမျှော်လင့် ထားခဲ့သော သူမှာ၊ 'မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်း၏ ဖန်းယီ ဖြစ်သည်။

မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်းသည်၊ မဟာချင် အင်ပါယာ နယ်စပ် စည်းတွင် တည်ရှိပြီး၊ ၎င်းတို့၏ စွမ်းဆောင် ရည်မှာ၊ ယခင် အကြိမ် ပြိုင်ပွဲ များ၌၊ အံ့သြ စရာ ရလာဒ်များ မရှိခဲ့ပေ။

သို့သော်၊ ယခု တစ်ကြိမ် ပြိုင်ပွဲ တွင်မူ၊ မည်သူမျှ မမျှော်လင့် ထားသော အဆင့်သို့၊ တက်လှမ်း လာနိုင် ခဲ့လေပြီ။

ကြံ့ခိုင် မှုများ အရ၊ ဖန်းယီ၏ အသွင်မှာ လူသား ဆန်သော သားရဲ တစ်ကောင် နှင့်တူ၏။

ကြာနက် နန်းတော်တွင်၊ သူ စားသုံး နိုင်ခဲ့သော၊ ဝိညာဉ် အသီး အနှံ များကြောင့်၊ သူ၏ သွေးသားကို၊ ဆင့်ကဲ ပြောင်းလဲ လာစေ ခဲ့သည်။

ဆိုလို သည်မှာ လူရိုင်း မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ပြီး၊ မျိုးဆက် သွေးကို နှိုးထ နိုင်ခဲ့၏။

ယခု အခါတွင် ဖန်းယီမှာ၊ အဋ္ဌမမြောက် ပါရမီရှင် နေရာကို ရယူရန် အတွက်၊ ရေပန်း စားသူ တစ်ဦး ဖြစ်လာ ပေသည်။

လျင်မြန်စွာ ကြီးထွား လာသော ဖန်းယီကို ကြည့်ကာ၊ လင်းယွန်ပင် အတွေးနက် သွားမိ၏။

" အဋ္ဌမ အုပ်စု၊ လင်းယွန် - ဝူမိုဟန် ''

ထိုအချိန် မှာပင် သူ၏ နောက်ဆုံး တိုက်ပွဲကို၊ ဒိုင် အဘိုးအိုက ကြေညာ လာလေသည်။

***

All Chapters