မျှော်လင့် မထားသော ပြိုင်ဘက်။
Vol. 31 Ch. 433
" အဋ္ဌမ အုပ်စု၊ လင်းယွန် - ဝူမိုဟန် ''
လျင်မြန်စွာ ကြီးထွား လာသော ဖန်းယီကို ကြည့်ကာ၊ အတွေးနက် နေစဉ် မှာပင်၊ သူ၏ နောက်ဆုံး တိုက်ပွဲကို၊ ဒိုင် အဘိုးအိုက ကြေညာ လာလေသည်။
ရှေးဟောင်း တာအို ဂိုဏ်း၏ ဝူမိုဟန်။ ထိုသူမှာ နောက်ဆုံး ပြိုင်ဘက် ဖြစ်လာသည့် အတွက် အံ့သြသွား မိ၏။
ဝူမိုဟန်သည် ယခင် တိုက်ပွဲ များတွင်၊ အံ့မခန်း ပြသ မှုမျိုး မရှိ ခဲ့ဘဲ၊ ၎င်း၏ အောင်ပွဲများ ရယူ ရာ၌၊ ခက်ခက် ခဲခဲ ကြိုးစား ပြခဲ့သည်။
လင်းယွန်ပင် သူ့ အပေါ် မြင့်မြင့် မားမား မျှော်လင့် ထားခြင်း မရှိပေ။
သူ့ အသိများ အရ၊ အကြင်နာ ချောက် ကမ်းပါးနှင့် ဇိုယန် သည်သာ၊ ရှေးဟောင်း တာအို ဂိုဏ်း၌၊ အသန် မာဆုံး ဖြစ်သည့် အပြင်၊ ၎င်းတို့ နှစ်ယောက် လုံးမှာ အဋ္ဌမ အုပ်စု အတွင်း၌ မရှိပေ။
ထို့ကြောင့် အဋ္ဌမမြောက် အုပ်စုတွင်၊ ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များ မရှိဟု၊ အစ ပိုင်းတွင် ထင်ခဲ့ သော်လည်း၊ ဝူမိုဟန်ထွက်လာ မှသာလျှင်၊ မှားယွင်း သွားကြောင်း သိလိုက် ရသည်။
ပြိုင်ဘက်သည် ပွဲစဉ် တစ်လျှောက်၊ နိမ့်ကျသော ပုံရိပ်ကို ထိန်းထား ခဲ့ပုံ ရ၏။
ရုတ်တရက် တစ်စုံ တစ်ရာကို၊ တွေးလိုက် မိသော အခါတွင်၊ သူ့ နှုတ်ခမ်း၌ အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။
ဝူမိုဟန် သည်သာ အကြိမ် တိုင်းတွင် ပုံမှန်အခြေ အနေဖြင့်၊ နိုင်ပွဲ ဆက်ခဲ့ ပါလျှင် သံသယ ဖြစ်ဖွယ် မရှိပေ။
တိုက်တိုက် ဆိုင်ဆိုင်ပင် ဝူမိုဟန်၏ နိုင်ပွဲ များမှာ၊ ကံကောင်း မှုများ ရရှိ နေဟန်ဖြင့်၊ ခက်ခဲ တိုက်ခိုက် ယူပြ ခဲ့သည်။
ပထမ အကြိမ် ကံကောင်း ခြင်းကို၊ မတော် တဆ အဖြစ် ယူဆ မိပါက၊ ဒုတိယ အကြိမ်မှာ တိုက်ဆိုင်မှု ဖြစ်ပေသည်။
တတိယ အကြိမ် ရှိလာ ခဲ့သော်၊ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်သော၊ ကြိုတင် ကြံစည် မှုသာ ဖြစ်၏။
ထို့ပြင် နဂါး တံခါး ပြိုင်ပွဲ၏ ပထမ အကျော့မှာ၊ သုတ်သင် ဖယ်ရှားခြင်း ဖြစ်ပြီး၊ တိုက်ပွဲ တိုင်းတွင် ကံကောင်း ခြင်းများ ရှိလာမည် မဟုတ်ပေ။
" တစ်ယောက်ဆီ တစ်ယောက် ပြေးမိ ပြီလား။ "
ဝမ်ရန်းဘို၏ မျက်နှာ ပေါ်တွင်၊ အေးစက်သော အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။ သူမျှော်လင့် နေသော တိုက်ပွဲမှာ၊ နောက်ဆုံး၌ ရောက်ရှိ လာလေပြီ။
အခြားသော အကြီး အကဲများ သည်လည်း၊ အကြင်နာ ချောက်ကမ်းပါး နှင့်အတူ၊ ဆိုးရွားသော အပြုံးကို ပြသလာ ခြင်းဖြင့်၊ ဤတိုက်ပွဲ အပေါ် မျှော်လင့် နေကြကြောင်း၊ သိသာ နေပေသည်။
တစ်ဖက်တွင် ဇိုယန်က စိုးရိမ် သွား၏။ လင်းယွန် အနေဖြင့် ဝူမိုဟန်၏ အစွမ်းကို၊ လျှော့မတွက် မိစေ ရန်သာ၊ မျှော်လင့် နိုင်သည်။
“ အဋ္ဌမ အုပ်စု အတွင်းမှာ၊ မင်းဆီ ပြေးလာ မိမှာ၊ မဟုတ် ဖူးလို့ ငါထင် ခဲ့တယ်၊ ဒါက တိုက်ဆိုင်မှု ပါပဲ။ ”
ဝူမိုဟန်က လင်းယွန်ကို ကြည့်ကာ ဆိုသည်။
" မင်း ငါ့ဆီ ပြေးလာ မိတဲ့ အတွက်၊ နောင်တရ လိမ့်မယ်။ "
လင်းယွန်က ပြုံးလျက် ပြန်ပြော လိုက်သည်။ ဝူမိုဟန်မှာ ဤပြိုင်ပွဲ အတွက်၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ လျှို့ဝှက် နယ်ရုပ် တစ်ရုပ် ဖြစ်နိုင် ပေမည်။
“ မင်းက မင်းရဲ့ ခွန်အား အပေါ်၊ ယုံကြည်မှု ရှိပုံ ရတယ်၊ ရှေးဟောင်း တာအို ဂိုဏ်းမှာ မင်းအကြောင်းကို၊ ဘယ်သူ မဆို ကြားဖူး ထားပါတယ်။ ''
ဝူမိုဟန်က တုန့်ပြန် လိုက်သည်။ သူ့ လေသံတွင် တည်ငြိမ် ခြင်းများ ကိန်းဝပ် နေသော်လည်း၊ နောက်ကွယ်၌ ထူးခြားသော ရည်ရွယ်ချက် တစ်ခု ရှိနေ ပေသည်။
ကြာမိစ္ဆာ နယ်မြေတွင် ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် သုံးယောက်ကို သတ်ပြီးနောက်၊ လင်းယွန်၏ နာမည်မှာ သတ်ပစ် ရမည့် သူ စာရင်းတွင်၊ ထိပ်ဆုံး၌ ရှိနေ ခဲ့၏။
ထို့ကြောင့် ဝူမိုဟန်၏ အေးဆေး တည်ငြိမ်သော လေသံ အောက်တွင်၊ မရေ မတွက် နိုင်သော သတ်ဖြတ် လိုခြင်း၊ ဆန္ဒများ ရှိနေ ခဲ့သည်။
" မင်းရဲ့ တိုက်ခိုက် မှုကို စတင်ပါ၊ ဒါနောက်ဆုံး တိုက်ပွဲ ဖြစ်လို့၊ ပုန်းလျိုး ကွယ်လျိုးနဲ့၊ အနိုင်ယူ နေဖို့ မလို ပါဘူး၊ အောင်နိုင်သူက ဆက်ရှိ နေပြီး၊ ရှုံးနိမ့် သူက ထွက်သွား ရမှာပါ။ ”
" ကောင်းပြီ၊ မင်းဆန္ဒ အတိုင်း ... ။ "
ဝူမိုဟန်က ခြေလှမ်း တစ်လှမ်း စတင် လိုက်သည်။ သူလှုပ်ရှား လိုက်သည်နှင့်၊ ဒဿမ အဆင့် ကိုပင်၊ ကျော်လွန် သွားသော အရှိန် အဝါများ၊ ထွက်ပေါ် လာလေသည်။
" ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ။ ''
ထိုအရှိန် အဝါကို ကြည့်ကာ၊ လင်းယွန်၏ မျက်နှာက ညို့မှိုင်း သွား၏။ ခွန်အားကို ဝူမိုဟန်က၊ တလျှောက်လုံး ဖုံးကွယ် ထားခဲ့သည်။
" အိုး ... ဝူမိုဟန်က သူ့ကိုယ်သူ နိမ့်ချ ထားတာပဲ။ "
" အရင်က သူ့ကို ဘယ်သူမှ အကောင်း မြင်ထားတာ မရှိဘူး၊ ဒါပေမယ့် သူက ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေမှာ၊ ရှိနေ ခဲ့တာလား။ "
" တကယ် နိမ့်ချတဲ့ သူပဲ .... ''
'' သူ့လို လူမျိုးက အရမ်း ကြောက်စရာ ကောင်းတယ်။ ''
လမ်း တစ်လျှောက်တွင် သူ၏ ပြိုင်ဘက် များကို၊ ပြတ်ပြတ် သားသား ချေမှုန်း ပစ်သော၊ လင်းယွန်သာ ဤ တိုက်ပွဲတွင် အနိုင် ရလိမ့် မည်ဟု၊ လူတိုင်းက ယုံကြည် ကြသည်။
သို့သော် ဝူမိုဟန်၏ အရှိန် အဝါကို မြင်လိုက်ရ ပြီးနောက်၊ ယုံကြည် ချက်များ ပျောက်ဆုံး သွားကြ တော့၏။
ကြမ်းရှသော စွမ်းအင် များက၊ ဝူမိုဟန်၏ ခန္ဓာ ကိုယ်၌ ပျံ့နှံ့ လာပြီး၊ ခြေဖဝါးဖြင့် ကြမ်းပြင်အား နင်းချလိုက် ချိန်တွင်၊ ဇာတ်စင် တစ်ခု လုံးကို၊ ရမ်းခါ သွားစေ ခဲ့သည်။
အငွေ့ အသက်များ၊ ရစ်သိုင်း နေသော လက်သီး ကြီးကို၊ ဖြည်းညှင်းစွာ ဆုပ် လိုက်သည်။
ကြမ်းရှသော စွမ်းအင် များဖြင့်၊ ဆေးကြိုအိုး တစ်လုံး ကဲ့သို့၊ ပေါက်ကွဲ စွမ်းအားများ ပါဝင် နေသည့်၊ လက်သီးကို ပစ်ထုတ် လိုက်၏။
၎င်းမှာ ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်မှ၊ ဆင်းသက် လာသော ရှေးဟောင်း တာအို ဂိုဏ်း၏၊ အသန်မာဆုံး နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ ဒရာကိုဖီ လက်သီးဟု ခေါ်တွင် လေသည်။
ကြမ်းရှသော စွမ်းအင် အားလုံးကို၊ ပေါက်ကွဲတော့ မတက် ဖိသပ် လိုက်ပြီး၊ လင်းယွန်ထံထိုးချ လိုက်ခြင်း ဖြစ်သည်။
ဤလက်သီး နောက်ကွယ်ရှိ ပြင်းထန်သော စွမ်းအင် များက၊ ဒဿမ အဆင့်ရှိ အထက် တန်းစား တစ်ဦးကို၊ အလွယ် တကူ သတ်ပစ်နိုင်သည်။
" မင်းက ငါ့ကို လွယ်လွယ်နဲ့ ...၊ သတ်လို့ ရမယ် ထင်နေ တာလား။ "
လင်းယွန်က သူ့ ခွန်အားကို၊ တိုက်ပွဲများ အတွင်း၊ အကုန် အစင် ပြသ ထားခဲ့ခြင်း မဟုတ်ပေ။
သူ၏ ကျင့်ကြံ မှုမှာ၊ နဝမ အဆင့် အထွတ် အထိပ်တွင် ရှိနေ နိုင် သော်လည်း၊ ဒဿမ အဆင့် ကျင့်ကြံ သူများကို သတ်နိုင်မည် ဖြစ်ပြီး၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေနှင့်၊ ယှဉ်နိုင် လေသည်။
ထို့ကြောင့် စိတ်ရှုပ် သွားခြင်း မရှိဘဲ၊ မျက်ခုံးအား ပင့်တင်ကာ၊ တောက်ပသော နေမင်းကြီး ကဲ့သို့၊ ခရမ်း သလင်းရောင် အရှိန်အဝါ များကို၊ ရုတ်တရက် ထုတ်လွှတ် လိုက်သည်။
ဒါန်တမ်တွင် ခရမ်းရောင်ပန်း ပွင့်လာပြီး၊ ဖြည်းညှင်း လှည့်ပတ် လာ၏။
၎င်းထံမှ ထွက်ပေါ် လာသော အရှိန် အဝါမှာ၊ အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ ရွှေကျီးကန်း တံဆိပ် ပွင့်လာပြီး၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။
ပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး၊ ကမ္ဘာတုန် လုလု လှုပ်ခါ လာပြီး၊ ဓားအလင်း များဖြင့် ရစ်သိုင်း ထားသော လက်သီးက၊ ဆေးအိုးကြီး တစ်လုံး ပွက်ပွက် ဆူလာ သကဲ့သို့၊ ပြေးဝင် လာသော လက်သီးကို၊ ရိုက်ချိုး ပစ်လိုက်သည်။
လက်သီးပေါင်း ရာနှင့်ချီ ထိုးနှက်လိုက် သကဲ့သို့၊ ပွက်ပွက်ဆူ နေသော ဒရာကိုဖီ လက်သီးမှာ၊ ချက်ချင်းပင် ကွဲကြေ သွား၏။
" ငါ့လမ်း ကနေ ဖယ်စမ်း။ "
ထာဝရ နတ်ဘုရား တံဆိပ်နှင့် ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ် တို့ကို၊ ဖန်တီး နေလျက်မှ၊ လင်းယွန်က အော်ဟစ် လိုက်သည်။
ဝူမိုဟန်ထက် အားမနည်းသော အရှိန် အဝါများ၊ တံဆိပ် နှစ်ခုမှ ထွက်ပေါ် လာ၏။
" ထာဝရ ဖျက်ဆီးခြင်း တံဆိပ်။ "
( ပထမ တံဆိပ်နှင့် ဒုတိယ တံဆိပ်များ၊ ပေါင်းစပ် ခြင်းဖြင့်၊ ရရှိ လာသော တံဆိပ်။ )
သူ့ဆီ ရောက်ရှိ လာသော၊ ပေါင်းစပ် တံဆိပ် နှစ်ခုကို ကြည့်ကာ၊ ဟူမိုဟန်က ထိတ်လန့်ခြင်း မရှိဘဲ၊ လက်ညှိုးဖြင့် ပြန်လည် တောက်ထုတ် လိုက်သည်။
ကြမ်းရှသော စွမ်းအင် များက လက်ညှိုး ထိပ်မှ၊ ကြက်သွေးရောင် အလင်းတန်း တစ်ခု အဖြစ် ပြေးထွက် လာပြီး၊ ပေါင်းစပ် တံဆိပ်ကို၊ ဟန်တား ဖျက်ဆီး ပစ်လိုက်သည်။
သို့သော် ပေါင်းစပ် တံဆိပ် ဖျက်ဆီး ခံရ ချိန်တွင်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို အသုံး ပြုကာ၊ ဝူမိုဟန် အနား၌ ပြန်လည် ထွက်ပေါ် လာ၏။
တံဆိပ် သုံးခုနှင့် တံဆိပ် လေးခုကို၊ ပေါင်းစပ် ခြင်းဖြင့် အစွမ်းထက် သော်လည်း၊ ပေချေ ရသော မူလ စွမ်းအင်မှာ၊ များပြား လှသည်။ ထို့ကြောင့် ပေါ့ပေါ့ ဆဆ မသုံး ဝံ့ပေ။
အသက်လု တိုက်ပွဲ တစ်ခုတွင်၊ တံဆိပ် လေးခုကို ရောနှောပြီး တိုက်ခိုက် ခြင်းမှာ၊ သူ့အတွက် ပိုသင့် တော်သည်။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို အားကိုးပြီး၊ ဝူမိုဟန်အား စက်ဝိုင်း သဏ္ဍာန် လှည့်ပတ်ကာ၊ တံဆိပ် များဖြင့် သင့်တော် သလို၊ လှည့်ပတ် ပစ်ခတ် လိုက်၏။
'' နတ်ဆိုး သုတ်သင်ခြင်း တံဆိပ် ... ''
'' ထာဝရ သုတ်သင်ခြင်း တံဆိပ် ....''
'' ကောင်းကင် ဘုံမှ သုတ်သင်ခြင်း တံဆိပ် ... ''
အလျင်းသင့် သလို၊ တံဆိပ် ငယ်များ ဖွဲ့စည်းကာ၊ ဝူမိုဟန်အား ပစ်ခတ် ဖုံးအုပ် ပစ်လိုက်သည်။
လျင်မြန် လွန်းသော လှုပ်ရှားမှု ဆယ်ခုကို၊ ခုခံ ကာကွယ် ပြီးနောက်တွင်၊ ဝူမိုဟန်က ဆက်လက် သည်းခံ နိုင်စွမ်း မရှိ တော့ဘဲ၊ 'ဒရာကိုဖီ တိုက်ပွဲဝင် လှံငယ်' ဟု၊ အော်ဟစ် လိုက်၏။
သူ၏ မူလ စွမ်းအင်များ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်လာပြီး၊ ရက်စက် ကြမ်းကြုတ်သော နဂါး တစ်ကောင်၊ ရစ်ခွေ နေသည့် လှံတစ်စင်း အဖြစ် ဖွဲ့တည် လာ၏။
အဆိုပါ လှံကို လက်နှစ် ဘက်ဖြင့်၊ ခါးလည်မှ ကိုင်ကာ၊ စက်ဝိုင်း ပုံစံ လွှဲယမ်း ယူလိုက်ပြီး၊ ရှေ့သို့ ပစ်ထုတ် လိုက်သည်။
" ချိုး ......။ "
တံဆိပ် များက သူ၏ လှံရှေ့တွင်၊ ကွဲအက် လာ ပြီးနောက်၊ လင်းယွန်ထံ တိုးဝင် သွား၏။ လင်းယွန် အတွက်မူ၊ လျင်မြန်စွာ ချဉ်းကပ် လာသော လှံကို၊ စောင့်ကြည့် မနေနိုင် တော့ဘဲ၊ အလျင် အမြန် လှုပ်ရှား လိုက်မိသည်။
" မင်း လွတ်မြောက် နိုင်မှာ မဟုတ်ဘူး။ "
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ရှောင်တိမ်းရန် ကြိုးစား နေသည်ကို မြင်သော အခါတွင်၊ ဝူမိုဟန်က ပြုံးကာ ဆို၏။
ပြိုင်ဘက်၏ လှုပ်ရှားမှု နည်းစနစ်မှာ အားကောင်း လှသော်လည်း၊ ဤလှံကို ရှောင်လွှဲရန် မဖြစ် နိုင်ပေ။
သူ၏ လက်တွင် အချိန် အတော် ကြာအောင်၊ ရှင်သန် နိုင်ခဲ့သည့် အတွက်၊ လင်းယွန်မှာ ဂုဏ်ယူ နိုင်သည်။
" ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ လှံလဲ။ "
ပြိုင်ပွဲ တစ်လျှောက်တွင်၊ လင်းယွန် အပေါ် ဤသို့ အတင်း အကြပ်၊ တွန်းအား ပေးခံ ရခြင်းမျိုး၊ မရှိ ခဲ့သောကြောင့်၊ ဝူမိုဟန်မှာ မည်မျှ အစွမ်းထက် သည်ကို ပြောနိုင်သည်။
“ ရှေးဟောင်း တာအို ဂိုဏ်းက၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနဲ့ မတူဘူး၊ မင်းက ဒရာကိုဖီ ခန္ဓာကို လေ့ကျင့် ခဲ့ရင်တောင် ...၊ အသုံး မဝင် ပါဘူး၊ အခုတော အဆုံး စွန်ထိ တွန်းပို့ ခံနေ ရပြီ မဟုတ်လား။ "
ဝမ်ရန်းဘိုက မုတ်ဆိတ် မွေးကို ရိုက်ကာ၊ ပြုံးလျက် ဆိုသည်။
( သွား သေ လိုက် ... )
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ အကြီးအကဲ များနှင့် တပည့် များက၊ မျက်နှာများ မည်းမှောင် လာသည်။ သို့သော် ပြန်လည် တုန့်ပြန် နိုင်စရာ စကား မရှိသောကြောင့်၊ စိတ်ထဲ မှသာ ကျိန်ဆဲ လိုက်ရသည်။
" ဒီ အဘိုး ကြီး .... "
ဝမ်ရန်းဘို မျက်နှာ ပေါ်ရှိ ညစ်ညမ်းသော အပြုံးကို မြင်သည်နှင့်၊ 'စစ်မှန်သော တိမ်တိုက်လေး' ၏ မျက်လုံး များတွင်၊ မကျေ နပ် ချက်များ၊ တောက်ပ လာသည်။
တစ်ချိန် တည်းမှာပင် လျင်မြန်စွာ ချဉ်းကပ် လာသော လှံကို ကြည့်ပြီး၊ မရှောင်တိမ်း နိုင်တော့မှန်း သိလိုက်ရာ၊ လင်းယွန်က ဆုံးဖြတ်ချက် တစ်ခုအား၊ ပြတ်သားစွာ ချလိုက် ရသည်။
၎င်းမှာ ရုတ်တရက် ပြေလွှား နေခြင်းအား ရပ်တန့်လျက်၊ ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ် လိုက်ခြင်း ဖြစ်သည်။
" ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေရဲ့၊ ဒရာကိုဖီ စစ်ပွဲ လှံငယ်ကို၊ ခံယူဖို့ ကြိုးစား နေတာလား၊ မင်းကိုယ်မင်း သေတွင်း တူးနေ တာနဲ့ အတူတူ ပါပဲ။ ''
ဝမ်ရန်းဘိုက အော်ဟစ် လှောင်ပြောင် နေစဉ် မှာပင်၊ လင်းယွန်က လှံကို လက်သီးဖြင့်၊ ထိုးချ လိုက်၏။
သူ၏ လက်သီးမှ ကြမ်းရှသော စွမ်းအင် များက၊ ပြင်းထန်သော လှိုင်းလုံးများ ကဲ့သို့ တိုးထွက် သွားလေသည်။
လက်သီးက ဝူမိုဟန်၏ ကြောက်စရာ ကောင်းသော လှံကို၊ ရပ်တန့် နိုင်လိုက်သည်။ တစ်ချိန်တည်း မှာပင် စင်မြင့် ပေါ်၌၊ သူတော်စင် ဂီတ သံများ၊ ပဲ့တင် ထပ်လာ၏။
ယင်းသည် ပဉ္စမ အဆင့် အထွတ် အထိပ်သို့ရောက်ရှိ နေသည့်၊ ဒရာကိုဖီ နည်းစနစ်၏ လက္ခဏာ ဖြစ်သည်။ သူ၏ လက်သီးကြောင့်၊ လှံမှာ အပိုင်းပိုင်း ကွဲအက် သွား၏။
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ "
ဝမ်ရန်းဘိုက ထိတ်လန့် အံသြ သွားသည်။ ဒရာကိုဖီ နည်းစနစ်ကို၊ ပဉ္စမ အဆင့်သို့ တက်လှမ်း နိုင်သော၊ တပည့် အရေ အတွက်မှာ၊ ဂိုဏ်း၌ပင် နည်းပါး လှပေသည်။
သို့သော် လင်းယွန်က၊ ယင်းကို ဆုပ်ကိုင် ထားနိုင် ခဲ့၏။
လှံကွဲသွား သော်လည်း၊ လှံတွင် ပါရှိသော စွမ်းအင် များမှာ၊ မီးတောင် ပေါက်ကွဲသွား သကဲ့သို့၊ လျှံထွက် လာလေသည်။
ထိုစွမ်းအင် များက လင်းယွန်အား ထိမှန် တော့မည့် အချိန်တွင်၊ သူ့ ခန္ဓာကိုယ်မှ ခရမ်းရောင် စွမ်းအင်များ၊ ရုတ်တရက် ဖြာထွက် လာသည်။
၎င်းမှာ ခရမ်းရောင် ချပ်ဝတ် တစ်ခု သဖွယ်၊ ခန္ဓာ ကိုယ်အား ဖုံးအုပ် သွား၏။ ချပ်ဝတ် ထံမှ ကြမ်းကြုတ်သော အရှိန် အဝါကို၊ ထုတ်လွှတ် ထားသည့်၊ အကြေး ခွံများ ထွက်ပေါ်လာ လေသည်။
ဒရာကိုဖီ သားရဲ၏ ခုခံ ကာကွယ်ရေးပုံစံဖြစ်သည်။ ထို့ကြောင့်ပင် ရိုက်ခတ် လာသော၊ လက်ကျန် စွမ်းအင် များကို၊ ခရမ်းရောင် ချပ်ဝတ်က စုပ်ယူ ချေဖြတ် ပစ်လိုက်သည်။
" ဒရာကိုဖီ ချပ်ဝတ်။ "
ရှေးဟောင်း တာအို ဂိုဏ်းဝင် များမှာ၊ ဒရာကိုဖီ ချပ်ဝတ်ကို သဘာဝ အတိုင်း၊ အသိ အမှတ် ပြုမိသည်။
“ အခု ....၊ အရမ်း စိတ်ဝင် စားစရာ ကောင်းလာပြီ၊ ငါ့ မျက်လုံး တွေသာ မမှားရင်၊ ဒါက မင်းတို့ ဂိုဏ်းရဲ့၊ လျှို့ဝှက် နည်းစနစ် မဟုတ်လား၊ ဒါဆို ဘာလို့ အပြင်လူ လက်ထဲမှာ၊ ရှိနေ ရတာလဲ၊ .... ''
'' ... ရှေးဟောင်း တာအို ဂိုဏ်းက၊ တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ၊ 'ဒရာကိုဖီ တိုက်ပွဲဝင် လှံ' ကို၊ 'ဒရာကိုဖီ ချပ်ဝတ်' နဲ့ ပိတ်ဆို့ ထားနိုင် တာပဲ။ ”
စစ်မှန်သော တိမ်တိုက် လေးက၊ အော်ဟစ် လှောင်ပြောင် လိုက်သည်။ သူ၏ သရော် မှုကြောင့်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသား များမှာ၊ ချက်ချင်း ရယ်မောလိုက် ကြ၏။
" ဘယ်လို ငရဲ မျိုးလဲ .... ။ "
ဝမ်ရန်းဘို၏ မျက်နှာ အမူ အရာမှာ၊ မြင်မကောင်းအောင် ပျက်ယွင်း နေပေသည်။ လင်းယွန် အသုံး ပြုသော ဒရာကိုဖီ ချပ်ဝတ်မှာ၊ အကြီးအကဲ များစွာ ထက်ပင်၊ အားကောင်း နေ၏။
“ မင်းရဲ့ ခွန်အားရှိ သမျှကို ထုတ်လိုက်ပါ၊ မင်းငါ့ကို ဒီလောက် လွယ်လွယ်နဲ့၊ သတ်ဖို့ မဖြစ် နိုင်ပါဘူး၊ ရှေးဟောင်း တာအို ဂိုဏ်းကို၊ အရှက် မကွဲ မိပါ စေနဲ့ ။ ”
လင်းယွန်က အေးစက်စွာ ပြောသည်။
" ငါ မင်းကို တကယ် လျှော့တွက် မိခဲ့ တာပဲ။ ဒါပေမယ့် ဒီကစားပွဲကို အဆုံး သတ်ဖို့ အချိန် တန်ပြီ။ ''
ဝူမိုဟန်၏ မျက်လုံး များတွင်၊ အေးစက်သော သတ်ဖြတ်လို စိတ်များ၊ ထွက်ပေါ် လာသည်။ တစ်ချိန် တည်းမှာပင် သူ၏ လက်ဖဝါးမှ၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါ တစ်ခု ထွက်ပေါ် လာ၏။
'' သိုင်း ဝိညာဉ် ... ။ ''
ထိုအရှိန် အဝါကို မြင်သည်နှင့်၊ လင်းယွန်က မျက်မှောင်ကြုတ် သွားသည်။
***