ရလဒ်။
Vol. 31 Ch. 434
ဝူမိုဟန်၏ မျက်လုံး များတွင်၊ အေးစက်သော သတ်ဖြတ်လို စိတ်များ နှင့်အတူ၊ သူ၏ လက်ဖဝါးမှ၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါ တစ်ခု ထွက်ပေါ် လာ၏။
'' သိုင်း ဝိညာဉ် ... ။ ''
ဝူမိုဟန်၏ လက်ဖဝါးမှ ကြက်သွေးရောင်အဆင်း ရှိသော လှံတစ်စင်း၊ ထွက်ပေါ် လာသောကြောင့်၊ လင်းယွန်က မျက်မှောင်ကြုတ် သွားသည်။
လှံ ထွက်ပေါ် လာသော အခါ၊ ဝူမိုဟန်၏ အရှိန် အဝါမှာ၊ အဆင့်သစ် တစ်ခုသို့၊ ထပ်မံ မြင့်တက် လာခဲ့သည်။
တစ်ချိန်တည်း မှာပင် သူ့ မျက်လုံး များ အတွင်း၌၊ ရက်စက်သော နတ်ဆိုး တစ်ကောင် ပုံရိပ်အား မြင်လိုက် ရ၏။
" နက်နဲ အထွတ် အထိပ် အဆင့်၊ သိုင်းဝိညာဉ် ....။ "
လှံကို မြင်ချိန်တွင် ပရိသတ်များ လန့်အော် လိုက်ကြသည်။ သိုင်းဝိညာဉ် များကို ကောင်းကင်၊ မြေကြီး၊ နက်နဲနှင့် ပယင်းအဆင့် ဟူ၍၊ ခွဲခြား ထား၏။
ထိုအဆင့် များကို၊ အဆင့်ငယ် ကိုးဆင့် ထပ်မံ ခွဲ ထားသည်။ 'ပယင်း အဆင့် သိုင်းဝိညာဉ်' ၏ သင်္ကေတမှာ 'အဝါရောင်' ဖြစ်၏။
ဝူမိုဟန်၏ လှံသည် မည်သည့် လက္ခဏာမျှ မပြ သော်လည်း၊ ၎င်းမှာ 'ပယင်း အဆင့် သိုင်းဝိညာဉ်' မဟုတ်ကြောင်း၊ မည်သူ မဆို ပြောနိုင်သည်။
" ပုံမှန် အခြေ အနေ အရ ဆိုရင်၊ ခရမ်းရောင်နန်းတော် အဆင့်မှာ ရှိတဲ့၊ ကျင့်ကြံ သူတွေက၊ သူတို့ရဲ့ သိုင်းဝိဉာဉ်ကို နက်နဲ အဆင့် အထိ၊ မြှင့်တင်ဖို့ ခက်ခဲတယ်။ "
" သူ ဒါကို ဘယ်လို ကျင့်ကြံ ထားတာလဲ။ "
" မွေးရာပါ သိုင်းဝိညာဉ်လား၊ ဒီလို ဆိုရင် သူက နည်းနည်းတော့ သန်မာတယ် မဟုတ်လား။ ”
ဓားနန်းတော် အဖွဲ့မှာ မျက်မှောင်ကြုတ် သွားသည်။ ထင်ပေါ်ခြင်း မရှိသော သူ တစ်ယောက်တွင်၊ ဤမျှ အစွမ်း ထက်သည့်၊ သိုင်းဝိညာဉ် ရှိနေ လိမ့်မည်ဟု၊ မထင်ထား ကြပေ။
ဝူမိုဟန်မှာ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေတွင် ရှိရုံ သာမက၊ နက်နဲ သိုင်းဝိညာဉ် ကိုပင် ပိုင်ဆိုင် ထားပေသည်။
ဆိုလို သည်မှာ သူ၏ ခွန်အားသည်၊ ခရမ်းရောင် နန်းတော် နယ်မြေနှင့် ယှဉ်နိုင်ပြီး၊ လင်းယွန် အတွက် အန္တရာယ် ရှိနေ၏။
ကြက်သွေးရောင် လှံက၊ စင်မြင့် တစ်ခုလုံး အပေါ်၊ လွှမ်းခြုံ စေမည့် ရဲရဲတောက် အဆင်း များကို၊ ထုတ်လွှတ် လိုက်သည်။
တစ်ချိန် တည်းမှာပင်၊ ဝူမိုဟန်က မျက်လုံး များ မှေးစင်းလျက်၊ လင်းယွန်ထံ ကြည့်ကာ၊
" ဒါက ငါ့ရဲ့ သိုင်းဝိညာဉ် ဖြစ်တဲ့၊ ဆေးကြောခြင်း လှံငယ် ပဲ။ "
( ဆေးကြောခြင်း ဆိုသည်မှာ၊ သေဆုံး ပြီးနောက် ကောင်းကင် ဘုံသို့၊ မတက် ရောက်မီ အပြစ် ငယ်များ၊ သန့်စင် ခြင်းကို ဆိုပေသည်။ )
ဝူမိုဟန်က သိုင်းဝိညာဉ်ကို ထုတ်ယူ လိုက်သော အခါတွင်၊ လင်းယွန်၏ မျက်နှာမှာ လေးနက် သွားသည်။
ကာကွယ်သူ မက်မွန်က ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်သို့ ရောက်လို ပါက၊ သူ၏ သိုင်းဝိညာဉ်ကို ပျက်စီး ခြင်းမှ၊ ကာကွယ်ရန် လိုအပ်ကြောင်း၊ သတိပေး ခဲ့သည်။
ထိုကြောင့် အခြားသော ဂိုဏ်းများရှိ၊ အထက် တန်းစားများ မှာလည်း၊ ယင်းကို သိထားသင့် ပေသည်။
ပြိုင်ပွဲအား ရှုံးနိမ့် ခဲ့လျှင်ပင်၊ နောက်သုံးနှစ် အကြာ၌ ပြန်လာ နိုင်မည် ဖြစ်သည်။ သိုင်းဝိညာဉ် မှာမူ၊ ထိုသို့ မဟုတ်ပေ။
ပျက်စီး သွားပါက တစ်ဘဝလုံး ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်သို့ ရောက်ဖို့ရန်၊ အခွင့် အရေး ဆုံးရှုံး သွားနိုင်မည်။
ထို့ကြောင့် ဝူမိုဟန် အနေဖြင့်၊ သိုင်း ဝိညာဉ်အား ဆင့်ခေါ် ခြင်းမှာ၊ သူ့အား သတ်ရန် ယုံကြည်ချက် ရှိသောကြောင် ဖြစ်ပေမည်၊ ဤလှံတွင် လျှို့ဝှက်ချက် တစ်စုံ တစ်ရာ ရှိနိုင်၏။
“ ပါရမီရှင် တွေနဲ့ ယှဉ်ပြိုင် ရာမှာ သုံးဖို့၊ ဒီလှံကို ငါစီစဉ် ထားခဲ့တာ၊ ဒါပေမယ့် မင်းငါ့ကို အတင်း အကြပ် တွန်းပို့ နိုင်ခဲ့တဲ့ အတွက်၊ ဂုဏ်ယူ နိုင်ပါတယ်။ "
ဝူမိုဟန်၏ စကား များကို၊ ကြားမိ သူများ၏ နှလုံး သားတွင်၊ ကြောက်ရွံ့မှု ဖြစ်လာ စေသည်။
သူက လင်းယွန်ကို စဉ်းစားချိန် မပေး တော့ဘဲ၊ လက်ထဲရှိ လှံဖြင့် ပစ်လွှတ် လိုက်၏။ ကျယ်လောင်သော ဆူညံ သံကို ထုတ်လွှတ်လျက်၊ လျင်မြန်စွာ တိုးဝင် လာသည်။
တဟုန်ထိုး မြည်ဟီး သံများ အောက်တွင်၊ လင်းယွန်၏ ဝိညာဉ်မှာ၊ သူ့ခန္ဓာ ကိုယ်မှ ခုန်ထွက် တော့မည် ကဲ့သို့ ခံစား လိုက်ရ၏။
ထိုမြည်ဟီး သံများနှင့် ပတ်သက်၍၊ ထူးခြားချက် တစ်စုံ တစ်ရာ ရှိနိုင်သည်။
နောက်အခိုက် အတန့်တွင်၊ ဝူမိုဟန်၏ ကြမ်းရှသော စွမ်းအင် များက၊ လှံဖြင့် ပေါင်းစပ် သွားကာ၊ လင်းယွန်၏ နှလုံး၊ ပါးစပ်၊ မျက်လုံး၊ နဖူးနှင့် အရေး ကြီးသော အစိတ် အပိုင်း များထံသို့၊ ရုတ်တရက် တိုးဝင် လာလေသည်။
ကြမ်းရှသော စွမ်းအင် များမှာ၊ လမ်းခရီး ၌ပင်၊ ကြက်သွေးရောင် လျှပ်စီးများ သဖွယ်၊ ပြောင်းလဲ ကုန်၏။
" မိုးကောင်းကင် တံဆိပ်။ "
ကြုံးဝါး အော်ဟစ် လိုက်သည်နှင့်၊ ဓား သုံးဆယ့်သုံး လက်က သူ့နောက်တွင်၊ ပန်ကာ ပုံစံဖြင့် ပွင့်ထွက် လာပြီး၊ ထူးခြား ကျယ်လောင် သော အသံကို၊ တွန်းလှန် လိုက်သည်။ ထို့နောက် လှံကို ဓားနှင့် တူသော လက်သီးဖြင့် ထိုးထုတ် လိုက်၏။
လက်သီးနှင့် လှံတို့ကြား ထိပ်တိုက် တွေ့ဆုံ ချိန်တိုင်းတွင်၊ သတ္တု အချင်းချင်း ရိုက်နှက် နေ သကဲ့သို့၊ ပေါက်ကွဲ သံများ ထွက်ပေါ် လာလေသည်။ ပေါက်ကွဲမှု နောက်ကွယ်တွင် လှိုင်းလုံးများ ကျန်ရစ် ခဲ့တော့၏။
ထိုလှိုင်း များကို ရှောင်တိမ်းရန်၊ နှစ်ယောက်သား ကောင်းကင် ပေါ်သို့၊ ခုန်တက် သွားပြီး၊ နောက်တစ်ကြိမ် ထိပ်တိုက် ရင်ဆိုင် လိုက်ကြ ပြန်သည်။
ဤတစ်ကြိမ်တွင် ပေါက်ကွဲ မှုများ အတွင်းမှ၊ ပုံရိပ် တစ်ရိပ် လွင့်စင် ထွက်ပေါ်လာ ခဲ့၏။
ထိုပုံရိပ်သည် ကြမ်းပြင် ပေါ်သို့၊ ပြုတ်ကျ လာသော အခါတွင်၊ တရွတ်တိုက် လွင့်စဉ် သွားပြီး၊ မျက်နှာပျက် သွားသည်။
သူက လင်းယွန် ဖြစ်၏။ ဤရလဒ် အတွက် ဓားနန်းတော်၏ အဖွဲ့ဝင် တိုင်းကို လေးနက် သွားစေသည်။
ဝူမိုဟန်က သူ၏ သိုင်းဝိဉာဉ်ကို ခေါ်ယူ ပြီးနောက်၊ ဤမျှ အစွမ်းထက် လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။
“ ဆေးကြော သန့်စင်ခြင်း လှောင်အိမ်။ ”
လင်းယွန် အား လွယ်လွယ် ကူကူ ခွင့်မပြု လိုဘဲ၊ ရှုပ်ထွေးသော တံဆိပ် တစ်ခုကို၊ ဝူမိုဟန်က ချက်ချင်း ဖန်တီး လိုက်သည်။
တစ်ချိန် တည်းမှာပင် လှံ ပေါ်ရှိ၊ မှော်ဆန်သော ရောင်ခြည်များ လှည့်ပတ် လာပြီး၊ လှောင်အိမ် တစ်ခု သဖွယ်၊ စတင် ဖွဲ့တင် လာ၏။
လှောင်အိမ် ဖြစ်ပေါ် လာသော အခါတွင်၊ ဝူမိုဟန်က ၎င်း၏ ကြမ်းရှသော စွမ်းအင်များ အားလုံးကို လောင်းထည့်ကာ၊ လင်းယွန်ထံ ပစ်ထုတ် လိုက်သည်။
လေထဲလွင့် နေစဉ် လှောင်အိမ်မှာ၊ တရွေ့ရွေ့ ပျံ့ကား လာပြီး၊ ပြိုင်ပွဲ စင်မြင့် တစ်ခုလုံး၊ ဆွဲငင်အား နယ်မြေ အဖြစ် ပြောင်းလဲ လာကာ၊ မည်သည့် ရွေ့လျားမှု နည်းစနစ်ကို မဆို၊ အသုံး ပြုရန် ခက်ခဲ လာစေသည်။
လျင်မြန်စွာ ပြန့်ကား လာသော ကြက်သွေးရောင် လှောင်အိမ်ကို ကြည့်ကာ၊ အန္တရာယ် သတိ ပေးချက်များ ဆူညံ လာလေသည်။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ဤလှောင်အိမ်က ကန့်သတ် ထားကြောင်း သူ သိ၏။
" သေ လိုက် တော့ .... "
ရုန်းကန် နေရသော လင်းယွန်ကို ကြည့်ပြီး၊ ဝူမိုဟန်၏ နှုတ်ခမ်းတွင် ရက်စက်သော အပြုံးတစ်ပွင့်၊ ထွက်ပေါ် လာသည်။
လင်းယွန်က မည်သည့် အရာ ကိုမျှ၊ နောက်ပြန် မဆုတ် ဝံ့တော့ဘဲ၊ သူ့ ခန္ဓာကိုယ် အတွင်းရှိ ပန်းချီ ကားအား၊ အသက်သွင်း လိုက်သည်။
ခဏချင်း မှာပင် ဧရာမ ကျား လက်ဖဝါးကြီး တစ်ဖက်၊ စင်မြင့် ပေါ်သို့ ဆင်းသက် လာ တော့၏။
" ဒါက ..... "
ဝူမိုဟန်က အံ့သြ သွားသည်။ ချင်ယု၏ မင်္ဂလာ ဆောင်ကို နှောင့်ယှက်ခဲ့ ချိန်တွင်၊ လင်းယွန်က ၎င်းကို အသုံး ပြုခဲ့ ခြင်းကြောင့်၊ သူက သိရှိ ထားပြီး ဖြစ်သည်။
ကျား လက်ဖဝါးက လှောင်အိမ်ပေါ် ကျရောက် သွားပြီး၊ ချက်ခြင်း ကွဲကြေ သွားစေ ခဲ့သည်။
ကျဆင်း လာသော လက်ဖဝါး၏ အရှိန်ကြောင့်၊ စင်မြင့် ထက်၌ အက်ကွဲ ကြောင်းများ၊ စတင် ပျံ့နှံ့ လာပြီး၊ ပြိုကျ မတက် တုန်ယင် လာ၏။
သည်တိုက်ခိုက်မှု အောက်တွင်၊ ကောင်းကင် တစ်ခုလုံး တုန်လှုပ်သွား သလို၊ ခံစား လိုက်ရသည်။
'' သေစမ်း ... အဲဒါက လက်နက် တစ်ခုခု ကနေ၊ ဖန်တီး ထားတာ မဟုတ် ဖူးလား။ ”
ဝူမိုဟန်၏ ခန္ဓာ ကိုယ်မှာ၊ ထိတ်လန့် တုန်လှုပ်မှု များကြောင့်၊ ချွေးပြန် လာ၏။ သူ့ အနေဖြင့် ဝိညာဉ်ရေး ပန်းချီကား များကို၊ နားလည် နိုင်စရာ မရှိချေ။
ထို့ကြောင့် အဆိုပါ ကျားလက်ဝါးကို၊ မှော်ရတနာ တစ်ခု ခုမှ၊ ဖန်တီး ထားခြင်း ဖြစ်မည်ဟု၊ ယူဆ ထားခြင်း ဖြစ်သည်။
သို့သော် 'နဖူးတွေ့ ဒူးတွေ့' ရင်ဆိုင် ရချိန်၌၊ မည်သည့် ရတနာ ကိုမျှ၊ လင်းယွန်က ထုတ်ယူ လိုက်ခြင်း မရှိကြောင်း၊ ရှင်းလင်းစွာ သိမြင် လိုက်ရကာ၊ နားမလည် နိုင်အောင် ဖြစ်သွား မိလေသည်။
" အဲဒီ အတွက် မင်း ထင်သလို မဟုတ် ပါဘူး။ "
လင်းယွန်က စက္ကန့်ပိုင်း အတွင်း၊ ကောင်းကင်သို့ ပျံတက် သွားပြီး၊ ဝူမိုဟန် ရှေ့ ခုန်ချ လိုက်၏။
ပြီးနောက် တံဆိပ် သုံးခု ပေါင်းစပ် လိုက်ကာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို၊ ထုတ်လွှတ် လိုက်သည်။
တန်းယောင်း၏ ပေါင်းစပ် တံဆိပ် သုံးခုကို ခံနိုင်ရည် ရှိရန်၊ တံဆိပ် လေးခုအား အသုံးပြု ခဲ့ရ သော်လည်း၊ ယင်မှာ အခြားသူ တစ်ဦး အနေဖြင့်၊ ပေါင်းစပ် တံဆိပ် သုံးခု အပေါ်၊ ချိုးဖြတ် နိုင်မည်ဟု မဆို လိုပေ။
လင်းယွန် ထုတ်လွှတ် ထားသော ရောင်ခြည် များမှာ၊ မီတာ သုံးရာ ကျော်သည် အထိ၊ ရောက်ရှိ သွားသည်။
သို့သော် တံဆိပ် များက၊ သူ၏ မူလ စွမ်းအင်ကို စုပ်ယူ နေဆဲ ဖြစ်သောကြောင့်၊ ထိုမျှဖြင့် မရပ်တန့် ခဲ့ပေ။
ဤပေါင်းစပ် တံဆိပ် သုံးခုသည်၊ တန်းယောင်း အသုံး ပြုသည့် တံဆိပ်ထက်၊ သိသာစွာ အားကောင်း နေ၏။ ထို့အပြင် ၎င်းကို လင်းယွန်က အပြည့် အဝ ထိန်းချုပ် ထားနိုင်၏။
အထူး သဖြင့် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ ဂိုဏ်းဝင် တိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။
ခရမ်းရောင် နန်းတော် နယ်မြေရှိ ကျင့်ကြံ သူများ အတွက်ပင်၊ တံဆိပ် သုံးခု ပေါင်းစပ် ထားသော အဆိုပါ စွမ်းအားကို၊ ထိန်းချုပ်ရန်မည်မျှ ခက်ခဲကြောင်း၊ သူတို့ သိထားသည်။
ပေါင်းစပ် တံဆိပ်များ၊ လေထဲ၌ ဆူပွက် နေစဉ်၊ လင်းယွန်က ဝူမိုဟန် ဆီသို့ ပစ်ထုတ် လိုက်သည်။
" ငါ့ တိုက်ခိုက် မှုကို ခံယူစမ်း ... ။ "
" မင်းက သေချင် နေတာပဲ....။ "
ဝူမိုဟန်၏ မျက်ဝန်းများ အေးစက် သွားကာ၊ ကြမ်းရှသော စွမ်းအင် များကို လှံထဲသို့ လောင်းထည့် လိုက်၏။
တစ်ချိန် တည်းမှာပင် ဤလုပ်ရပ် အတွက်၊ တန်ဖိုး တစ်ခု ပေးဆပ် လိုက်ရ သကဲ့သို့၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားသည်။
" ဝိညာဉ်တော် ဆေးကြော သန့်စင်ခြင်း။ "
လှံပေါ်တွင် ကြက်သွေးရောင် မီးတောက်များ၊ တောက်လောင် လာသော အခါတွင်၊ တံဆိပ်တစ်ခု ကျိုးပြတ် သံနှင့် အတူ၊ ကြီးမားသော ကြက်သွေးရောင် ပုံရိပ်ကြီး တစ်ရိပ်၊ ဝူမိုဟန်အား သိုင်းခြုံ လာ၏။
တံဆိပ် သုံးခုသည် ၎င်းပုံရိပ်ဖြင့် ထိမှန်၊ ပြုတ်ကျ သွားသည်။
" ချိုး ..... "
ဝူမိုဟန်က သွေးဆာသော ခံစား ချက်များ တဟုန်ထိုး မြင့်တက် လာပြီး၊ သူ၏ လှံကို ဓားကဲ့သို့ ထိုးထုတ် လိုက်သည်။
သူ့အား ဖုံးအုပ် ထားသော ပုံရိပ် ထံမှ၊ ဟောက်သံများ ထွက်ပေါ် လာပြီး၊ အခြားသော လှံငယ် တစ်စင်း သဏ္ဍာန်၊ ပြောင်းလဲ တိုးဝင် သွားလေသည်။
ပုံရိပ် နှစ်ခု လေထဲတွင် တွယ်ယှက် သွားကာ၊ ပေါင်းစပ် ထားသော တံဆိပ် သုံးခုကို ရင်ဆိုင် လိုက်သည်။
နောက်တစက္ကန့် အတွင်း မှာပင်၊ ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ် လာပြီး၊ ကမ္ဘာ တုန်လုလု ဖြစ်စဉ်များ ထွက်ပေါ် လာတော့၏။
ပထမ အကျော့တွင်၊ ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲကို၊ မမျှော်လင့် ထားကြ သောကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား သွားသည်။
ရလာဒ် အနေဖြင့် လင်းယွန်မှာ၊ မျက်နှာ တစ်ခုလုံး ဖြူဖျော့လျက်၊ နှုတ်ခမ်းမှ သွေးများ စီးကျ နေ၏။
သူ့ကိုယ် ပေါ်ရှိ ဒရာကိုဖီ ချပ်ဝတ် သည်လည်း၊ ကွဲအက် သွားကာ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း သွားလေပြီ။
သို့သော် သူ့ အကြည့် များက၊ ဖုန်မှုန့်များ အတွင်း လေထု ထဲရှိ ပုံရိပ် ထံတွင်၊ ခိုင်မြဲစွာ ကျရောက် နေ၏။
ဝူမိုဟန် တစ်ယောက်၊ သန်မာ သည်ကို ဝန်ခံ ရပေမည်။ သူ့ ခန္ဓာကိုယ် အတွင်းရှိ ပန်းချီကား၊ ပေါင်းစပ် တံဆိပ် သုံးခု တို့ဖြင့်၊ အနိုင်ယူ နိုင်မည်ဟု၊ တွက်ဆ ထားသော်လည်း၊ ယင်းမှာ ပြိုင်ဘက် အပေါ်၊ လျှော့တွက် နေမိမြဲ ပေပင်။
မူလ စွမ်းအင် များကို သည်တိုက်ခိုက်မှု အတွင်း၊ အကုန် အစင် မထည့်ထား ခဲ့သည်မှာ ကံကောင်း လှ၏။ သို့မဟုတ် ပါက မူလ စွမ်းအင်များ ဆုံးရှုံး သွားနိုင်သည်။
“ မင်းက တကယ်ကို မာကျောတဲ့ ကောင်ပဲ၊ ငါ လှံရဲ့ တံဆိပ်ကို .... ဖွင့်ပြီး တာတောင်၊ မင်းကို မသတ် နိုင်သေးဘူး။ ”
ဝူမိုဟန်က တိမ်တိုက် များကြားမှ၊ ဖြည်းညှင်းစွာ ထွက်ပေါ် လာသည်။
" ဒီနတ်ဆိုး ဝိညာဉ် ကသာ .... မင်းရဲ့ စစ်မှန်တဲ့ သိုင်းဝိညာဉ်ပဲ။ "
လင်းယွန်က ဝူမိုဟန်ကို ဖုံးအုပ် ထားသည့်၊ ပုံရိပ် ကြီးထံ ကြည့်ကာ ဆိုသည်။
" ဟဲ ဟဲ မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် အောင်နိုင် သူက ထွက်ပေါ် လာပါပြီ၊ မင်း အခု သွားသေ လိုက်တော့ ...။ "
ဝူမိုဟန်ကို ဖုံးအုပ် ထားသည့် နတ်ဆိုး ဝိညာဉ်က၊ ရက်စက်သော အပြုံး တစ်ပွင့် နှင့်အတူ၊ လင်းယွန်အား ဝါးမြိုရန်၊ ရုတ်တရက် ခုန်ဆင်း လာ၏။
နတ်ဆိုး ဝိညာဉ်၏ ကြီးမား လွန်းသော ခန္ဓာ ကိုယ်ကြောင့်၊ စင်မြင့် တစ်ခုလုံး နေရာလပ် မကျန် ဖုံးအုပ် သွားသည်။
ထို့ကြောင့် ဤတိုက်ခိုက် မှုကို ရှောင်လွှဲရန်၊ လင်းယွန်၌ နည်းလမ်း မရှိ သဖြင့်၊ မြင်ကွင်းမှာ ထိတ်လန့် စရာ ကောင်းနေ ခဲ့လေသည်။
လူတိုင်းက လင်းယွန် တစ်ယောက်၊ ထိုနတ်ဆိုး ဝိဉာဉ်၏၊ ဝါးမျို ခြင်းကို ခံရ တော့မည်ဟု ထင်လိုက် ကြသည်။
“ တကယ်ပဲ အနိုင် ရတဲ့လူ ထွက်ပေါ် လာပါပြီ၊ ဒါပေမယ့် အဲဒီ လူက... မင်းမဟုတ် တာတော့ သေချာတယ်။ ''
စကားဆုံး သည်နှင့်၊ လင်းယွန်၏ ခန္ဓာ ကိုယ်မှ၊ စူးရှသော အဝါရောင် အလင်းများ ပေါက်ကွဲ ထွက်လာပြီး၊ ကျယ်လောင်သော အော်မြည်သံ တစ်သံနှင့် အတူ၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားလေသည်။
တစ်စုံ တစ်ရာသော အသွင် အပြင်က၊ ထင်ရှား လာတော့ မည့်ဟန်၊ ပြောင်းလဲ လှုပ်ခတ် လာတော့၏။
***