ဒုတိယ အကျော့ ပွဲစဉ်များ။
Vol. 32 Ch. 435
လင်းယွန်၏ ခန္ဓာ ကိုယ်မှ၊ စူးရှသော အဝါရောင် အလင်းများ ပေါက်ကွဲ ထွက်လာပြီး၊ ကျယ်လောင်သော အော်မြည်သံ တစ်သံနှင့် အတူ၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွားလေသည်။
တစ်စုံ တစ်ရာသော အသွင် အပြင်က၊ ထင်ရှား လာတော့ မည့်ဟန်၊ ပြောင်းလဲ လှုပ်ခတ် လာ တော့၏။
ရွှေဝါရောင် တောက်ပမှု၊ ထွက်ပေါ် လာသော အခါတွင်၊ လင်းယွန်၏ နောက်၌ သားရဲ တစ်ကောင် သဏ္ဍာန် စတင် ဖွဲ့စည်း လာသည်။
ထိုသားရဲသည် အမြင့် မီတာ သုံးဆယ်ကျော် ရှိပြီး၊ ၎င်း၏ ခန္ဓာ ကိုယ်မှာ မှုန်ဝါး နေ၏။
သို့သော် ပုံသဏ္ဍာန် ဖြစ်တည် လာသည်နှင့်၊ ရောက်ရှိ လာသူ အားလုံးကို ထိတ်လန့် စေမည့်၊ ကြောက်မက်ဖွယ် အရှိန် အဝါ များအား ထုတ်လွှတ် လာလေသည်။
" သိုင်း ဝိ ညာဉ် ..... "
" သူ့ရဲ့ သိုင်းဝိညာဉ်ကို ဆင့်ခေါ်ပြီး၊ လက်တုံ့ ပြန်မှာလား။ ”
လင်းယွန်က သိုင်းဝိညာဉ် ဆင့်ခေါ် နေသည်ကို မြင်လိုက် ရချိန်တွင်၊ လူအုပ် အတွင်း ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။
နောက်ထပ် အံ့ဖွယ် တစ်ခုကို ဖန်တီးနိုင် မလားဟု မျှော်လင့် မိကြ၏။
နတ်ဆိုး ဝိဉာဉ်က ပြိုကျ လာစဉ် မှာပင်၊ လင်းယွန် နောက်ကွယ်ရှိ ပုံရိပ်မှာ၊ တဖြည်းဖြည်း ကြည်လင် လာ တော့သည်။
၎င်းတွင် လူသား မျက်နှာ၊ ကွေးညွတ်သော ဦးချို နှစ်ချောင်းနှင့်၊ ရှေးခေတ် ရောင်ဝါကို ထုတ်လွှတ် နေသည့်၊ နဂါး ခန္ဓာကိုယ် တစ်ခုအား ပိုင်စိုး ထားသည်။
" ဒီ ... သိုင်းဝိညာဉ်က ဘာကြီးလဲ။ "
လူများစွာ တုန်လှုပ်သွား ကြ၏။ ဤသိုင်းဝိညာဉ်သည် မရိုး ရှင်းကြောင်း၊ သူတို့ ပြောနိုင် သော်လည်း၊ ၎င်း၏ အမည်ကို မခေါ်ဆို နိုင်ကြပေ။
" ဒါ ... ဒါ အသူရာ နဂါးပဲ။ "
ဝမ်ရန်းဘို၏ မျက်နှာမှာ ပျက်ယွင်း သွားပြီး၊ တစ်ကိုယ်လုံး တုန်ယင် သွားသည်။
အသူရာ နဂါး ထွက်ပေါ် လာသော အခါတွင်၊ နတ်ဆိုး ဝိညာဉ်ကို ငုံ့ကြည့် လိုက်၏။ အကြည့် တစ်ချက် ဖြင့်ပင်၊ နတ်ဆိုး ဝိညာဉ်မှာ ကြောက်ရွံ့ တုန်လှုပ် သွားသည်။
လင်းယွန်က ယုံကြည်မှု အပြည့် ရှိသော အပြုံးကို ထုတ်ဖော်လျက်၊ သူ အောင်မြင်ကြောင်း ချက်ချင်း သိလိုက်သည်။
ဝူမိုဟန်၏ သိုင်းဝိညာဉ်သည် ထိုနတ်ဆိုး လှံ ဖြစ်ခဲ့ ပါလျှင်၊ အသူရာ နဂါး ရှေ့မှောက်၌ ရပ်တည် ရဲမည် မဟုတ်ပေ။
အဆုံးတွင်၊ နတ်ဆိုး ဝိညာဉ် အနေဖြင့် ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်ကို၊ ယှဉ်နိုင် စရာ နည်းလမ်း မရှိချေ။
" ဟင့် အင်း၊ ဘာဖြစ် နေတာလဲ။ "
ဝူမိုဟန်က အံ့သြ သွားသည်။ ဤသို့သော ထိတ်လန့် နေသည့် နတ်ဆိုး ဝိညာဉ်ကို၊ ပထမဆုံး အကြိမ် အ ဖြစ်၊ ကြုံဖူး ခြင်း ဖြစ်သည်။ ထို့ကြောင့် အမှန် တကယ်ပင် သူ မယုံနိုင် ခဲ့ပေ။
နတ်ဆို သိုင်းဝိညာဉ်သည်၊ နက်နဲ အဆင့်သို့ ရောက်ရှိ သွားရသည့် အကြောင်း ရင်းမှာ၊ ပြိုင်ဘက် သိုင်းဝိညာဉ် များကို ဝါးမြို နိုင်သောကြောင့် ဖြစ်သည်။
သို့သော် တုန်ယင် နေသော သူ၏ သိုင်းဝိညာဉ် ကြောင့်၊ စိုးရိမ် သွားကာ ချက်ချင်းပင် ' ပြန် လာ ခဲ့ ' ဟု ခေါ်ယူ လိုက်မိ လေသည်။
သို့သော် လင်းယွန်က ဝူမိုဟန်ကို၊ သူ့၏ သိုင်းဝိညာဉ်အား ရုပ်သိမ်းခွင့် မပြု ခဲ့ ပေ။
အသူရာ နဂါးသည် နတ်ဆိုး ဝိညာဉ်ကို စိုက်ကြည့် လာ ပြီး၊ စိတ်လှုပ်ရှား မှုကြောင့်၊ ၎င်း၏ မျက်လုံး များတွင် ထက် မြ သော အလင်းများ တောက်ပ လာခဲ့သည်။
ပြီး နောက် လျှပ်စီးလက် သကဲ့သို့၊ ကောင်းကင် ပေါ် ပျံတက် သွားပြီး၊ နတ်ဆိုး ဝိညာဉ်ထံ ဦးတည်ကာ၊ ထိတ်လန့်ဖွယ် ကောင်းသော သူ့ ပါးစပ်ကို ဖွင့်ချ လိုက်သည်။
အသူရာ နဂါး၏ ပါးစပ်မှ၊ အားပြင်းသော စုပ်ယူမှု စွမ်းအား တစ်ခု ပေါက်ကွဲ လာပြီး၊ နတ်ဆိုး ဝိညာဉ်ကို တစ်ကျိုက်တည်း မျိုချ ပစ်လိုက်၏။ အနည်း ငယ်ပင် ခုခံ နိုင်စွမ်း မရှိ ခဲ့ပေ။
နတ်ဆိုး ဝိညာဉ်ကို မျိုချ လိုက် သည်နှင့်၊ ဝူမိုဟန်က သွေး တစ်လုတ်ကို အန်ချ လိုက်ရပြီး၊ သူ့လက် ထဲရှိ လှံပေါ်၌ အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာ တော့သည်။
ထိုမြင်ကွင်းက လူတိုင်းကို၊ ထိတ်လန့် သွားစေသည်။ အသူရာ နဂါးမှာ နတ်ဆိုး ဝိညာဉ်ကို တကယ်ပင် စားသုံး သွား ခဲ့သည်။
“ မ လုပ် နဲ့ ..... ။ ”
ဝူမိုဟန်က ဤသည်ကို လက်မခံ နိုင်ဟန်ဖြင့်၊ ရူးသွပ် သွားခဲ့သည်။ မျက်နှာ ပျက်ယွင်း သွား ပြီး၊ လင်းယွန်အား သတ်ရန် ဟန်ပြင် လိုက်၏။
" မင်း သေချင် နေတာပဲ ...။ ''
လင်းယွန်က လှံကို လက်သီး တစ်ချက်ဖြင့်၊ ပေါ့ပေါ့ ပါးပါး ထိုးချ လိုက်သည်။
ယင်းကြောင့် လှံမှာ အပိုင်းပိုင်း ကွဲကြေ သွားခဲ့ပြီး၊ ဝူမိုဟန်အား နောက်ထပ် သွေးတစ်လုတ်၊ အန်ကျ သွားစေ၏။
" ထွက် သွား ....."
ဝူမိုဟန်မှာ စွံ့အ သွားပြီ ဖြစ်သောကြောင့်၊ လင်းယွန်က သတ်ရန် စိတ်မဝင် စားတော့ပေ။ သူ့ လက်ဖဝါးကို တွန်းထုတ် လိုက်ပြီး၊ ဝူမိုဟန်ကို စင်ပေါ်မှ အသာ အယာ တွန်းလွှတ် လိုက်၏။
သူ၏ သိုင်းဝိညာဉ် ဖြစ်သော အသူရာ နဂါးသည်၊ နတ်ဆိုး ဝိညာဉ်ကို ဝါးမျို ပြီးနောက်၊ ခန္ဓာ ကိုယ်ထဲသို့ ပြန်ဝင် သွားခဲ့သည်။
" လင်းယွန် နိုင်ပွဲ။ "
လင်းယွန်ကို လေးလေး နက်နက် စိုက်ကြည့်ပြီး၊ ဒိုင် အဘိုးအိုက ကြေညာ လိုက်၏။
ဤသို့ဖြင့် ပြိုင်ပွဲမှာ၊ ပထမ အကျော့ ပြီးဆုံး သွားခဲ့သည်။ လူအများ ခန့်မှန်းထား သကဲ့သို့ပင်၊ နာမည် ကြီးများ အားလုံး နောက်တစ်ဆင့်၊ တက်လှမ်း သွားနိုင် လေသည်။
တစ်ချိန် တည်းမှာပင်၊ အဋ္ဌမ အုပ်စု အတွင်း ပွဲစဉ် များမှာလည်း၊ လူတိုင်း မျှော်လင့် ထားသည်ထက်၊ ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။
ဝူမိုဟန်ကို နောက် တစ်ဆင့်သို့ တက်လှမ်းရန်၊ အရည် အချင်း ပြည့်မီ သူ အဖြစ်၊ လူတိုင်းက ယူဆ မိကြသည်။
ပထမ အကျော့ အတွင်း သူ့ ခွန်အားကို ကောင်းကောင်း ဖုံးကွယ် ထားနိုင် ခဲ့၏။ လင်းယွန် ကြောင့်သာ မဟုတ် ပါလျှင်၊ အရူး ဆက်လုပ် နေဦး ပေမည်။
လင်းယွန် အတွက်မူ ပြိုင်ပွဲ အစတွင်၊ သူ မပါဝင် သင့်ဟု ဆို ကြ သော်လည်း၊ ထိုအမြင် မှားကြောင်း သက်သေ ပြခဲ့သည်။
လွေယုဟောင်ကို သတ်ကာ၊ ပြိုင်ဘက် အားလုံး အပေါ် ဆက်တိုက် အနိုင် ယူသည်။ တန်းယောင်းကို ကျားနဂါး လက်သီးဖြင့် ရိုက်နှက်ပြီး၊ ဝူမိုဟန်အား ဓား မဆွဲဘဲ၊ ချေမှုန်း ခဲ့သည်။
ဧည့်သည် တော်များ ထိုင်ခုံတွင် ရှိနေသော၊ ဂိုဏ်းပေါင်း စုံ၏ အကြီးအကဲများ သည်ပင်၊ လင်းယွန်ကို လှမ်းကြည့် လိုက် ကြ၏။
လင်းယွန်၏ ခွန်အားမှာ၊ သူတို့ မျှော်လင့် ထားသည်ထက် ကျော်လွန် နေသောကြောင့်၊ ၎င်းတို့က လင်းယွန်ကို ထွင်းဖောက်၍၊ ကြည့်ရှုရန် ကြိုးစား နေပုံ ရသည်။
နဝမ အဆင့် ကျင့်ကြံ မှုဖြင့်၊ ဝေးဝေးသွား နိုင်မည် မဟုတ်ဟု ယူဆခဲ့ ကြ သော်လည်း၊ အဆုံးထိ ပြုလုပ် ပြခဲ့ပြီး၊ ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ် ကိုပင်၊ ပြလာ ခဲ့သည်။
အသူရာ နဂါးမှာ၊ နတ်ဆိုး ဝိညာဉ်ကို ဝါးမြို နိုင် သောကြောင့်၊ ၎င်း အနေဖြင့် အခြားသော သိုင်းဝိညာဉ်များ အပေါ်၊ ဝါးမျို နိုင် ခြင်း မရှိဟု၊ တစ်ထစ်ချ မဆို နိုင်ပေ။
တွေးကြည့် ရုံဖြင့် လူ များစွာမှာ၊ တုန်လှုပ် ချောက်ချား လွန်းသောကြောင့်၊ ကျောရိုးများ အေးစက် သွား လေသည်။
“ ဒီဓားကျွန်ရဲ့ ဇာစ်မြစ်က ဘာလဲ။ ”
လင်းယွန်တွင် မ မြင် နိုင် သော လျှို့ဝှက် ချက်များ ရှိ နေကြောင်း၊ သိရှိ သွားဟန်ဖြင့် ချင်ယု၏ မျက်နှာမှာ၊ မည်းမှောင် သွား၏။
ပတ်ဝန်း ကျင်တွင် တဖြည်းဖြည်း မှောင်ရိပ်သန်းလာ သည်နှင့်၊ ဧကရာဇ် ချင်ကကောင်းကင်ကို မော့ကြည့်ကာ၊
“ နောက်ကျ နေပြီ၊ ပွဲစဉ်တွေ အတွက် မဲနှိုက် ရအောင်၊ ဖီးနစ် ပန်းကလေး ...၊ ဒါကို မင်း ဆောင်ရွက် ပေးမယ် မဟုတ်လား။ "
ဖီးနစ် ပန်းကလေးက ခေါင်းညိတ် လိုက်၏။ အသက် အရွယ် အရ၊ ကြီးရင့် ခြင်း မရှိသေး သော်လည်း၊ သူမ ဝန်းကျင်၌ သိုင်းဖွဲ့ နေသော လေထုတွင်၊ အမည်မဲ့ စွမ်းအား တစ်မျိုး ကိန်းဝပ် နေပေသည်။
ပါရမီရှင် ပုဂ္ဂိုလ် များနှင့်၊ ဂိုဏ်းခွဲ အသီး သီး၏ အကြီးအကဲ များပင်လျှင်၊ အနားတိုး ကပ်မိ သည်နှင့်၊ ကြီးမားသော ဖိအားကို ခံစား ရမည် ဖြစ်သည်။
ဒုတိယ အကျော့ ပွဲစဉ်မှာ၊ ရိုးရှင်း သော ပွဲစဉ် ခွဲဝေမှု ပေပင်။ မဲလိပ် များကို ဆွဲယူ ခြင်း ဖြင့်၊ မတူ ညီသော အုပ်စုမှ၊ မည်သူ့ကို မဆို၊ ဆွဲထုတ် နိုင်သည်။
သို့သော် ၎င်းတို့သည် တစ်အုပ်စု တည်းမှ ဖြစ် နေ ပါက၊ ထပ်မံ ဆွဲယူ ရမည် ဖြစ်သည်။ ပြီး နောက် မဲကြသူ နှစ်ဦးမှာ၊ နောက်သုံးရက် အကြာတွင်၊ ပြန်လည် ရင်ဆိုင် ကြရ ပေမည်။
နာမည် စာရင်းများ ရေးထည့် ထားသော၊ မှန်ပုံး တစ်ပုံးကို ပြင်ဆင် ပြီးသော အခါတွင်၊ ကြီးကြပ် ကွပ်ကဲရန် ရောက်ရှိ လာသော၊ ဂိုဏ်း ပေါင်းစုံမှ အကြီးအကဲ များက၊ စိတ်လှုပ်ရှား နေသော အကြည့်ဖြင့်၊ မင်းသမီး နောက်တွင် ရပ်နေမိ ကြသည်။
သူတို့၏ တပည့် များကို၊ ပထမ တိုက်ပွဲတွင် ပါရမီရှင် များနှင့် တွေ့ဆုံခြင်း မရှိ စေရန်၊ မျှော်လင့် ထား၏။
ဓားနန်း တော်မှ လာရောက် ကြည့်ရှု့သော အကြီးအကဲမှာ၊ သဘာဝ အတိုင်း လျိုဖန်း ဖြစ်ပြီး၊ သူက အခြားသူ များထက် ပို၍ စိုး ရွံ့ နေမိသည်။
ဘိုင်လိရွှမ်၊ ယီဖန်းနှင့် လင်းယွန် တို့က၊ နောက်တစ်ဆင့်သို့ တက်လှမ်း နိုင်ခဲ့ ကြ၏။ ထိုက်တန်သော ရလဒ် ဖြစ် သောကြောင့်၊ သူ့ကို ဝမ်းမြောက် စေသည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် တစ်ယောက် ဒုတိယ အ ကျော့ ပထမဆုံး ပွဲစဉ်တွင်၊ ချင်ယုထံ ပြေးဝင် မိမည်ကို၊ စိုးရိမ် သွားပြန်သည်။
အမည် စာရင်းများ စစ်ဆေး ပြီးနောက်၊ ဖီးနစ်ပန်းကလေးက မဲလိပ် များကို၊ စတင် ဆွဲယူ လိုက်၏။
“ အခု ကစပြီး နောက်သုံးရက် နေရင်၊ ဓားနန်းတော်ရဲ့ ဘိုင်လိရွှမ်က၊ ရှေးဟောင်း တာအို ဂိုဏ်းက ဇိုယန်နဲ့၊ ဒုတိယ အကျော့ ပထမ ပွဲစဉ်ကို၊ တိုက်ခိုက် ရလိမ့်မယ်။ ''
ကြေငြာသံ စတင် သည်နှင့် လူအုပ်ကြီးမှာ ငြိမ်သက် သွားသည်။
မျိုးဆက်သစ် ပါရမီရှင် စာရင်း၌၊ ဘိုင်လိရွှမ်မှာ ပထမ ဖြစ်ပြီး၊ ဇိုယန်က တတိယ မြောက် ဖြစ်သည်။
ထို့ကြောင့် လွယ်ကူသော တိုက်ပွဲ ဖြစ်လာမည် မဟုတ် သည်ကို၊ မည်သူ မဆို ပြောနိုင်သည်။
( ဇို ယန် ... )
ဘိုင်လိရွှမ်က မျက်ခုံး ပင့်ကာ၊ ရှေးဟောင်း တာအို ဂိုဏ်း၏ ဦးတည် ရာသို့၊ လှမ်းကြည့် လိုက်သည်။
ပြိုင်ဘက်ကို စူးစိုက် ကြည့်လိုက် ပြီးနောက်၊ မထူး ခြားသော အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာ လေသည်။
တစ်ဖက်တွင်၊ ဘိုင်လိရွှမ်ကို ရင်ဆိုင် ရခြင်း အတွက်၊ ဇိုယန် အနေဖြင့် အားရ စရာ မရှိကြောင်း၊ လင်းယွန်က သိသည်။
" ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ အကြင်နာ ချောက် ကမ်းပါးနဲ့၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက တန်ယွမ်။ "
'' 'မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်းက ဖန်းယီနဲ့၊ ဓားနန်းတော်ရဲ့ ယီဖန်း။ ''
" ဘုရား အစောင့် တပ်သား ယွီချင်းနဲ့ ၊ သွေးရိုး ဂိုဏ်းက လျူယု။ "
ဖီးနစ် ပန်းကလေးက၊ ပွဲစဉ် အလိုက် အတွဲ နာမည် တစ်ခုပြီး တစ်ခု၊ ကြေညာ နေသည်။
" ကောင်းကင်ဘုံ ချင် အင်စတီ ကျုက၊ ထာဝရ ကံကောင်း ခြင်းနဲ့၊ လနတ်ဆိုး ဗိမ္မာန်ရဲ့ စီရွှယ်ယီ။ "
စီရွှယ်ယီသည် ဘိုင်လိရွှမ်နှင့် တူညီသောအဆင့်ရှိ ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့်၊ လူအုပ် ကြီးမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်သည်။
ပထမ ပွဲစဉ် ၌ပင်၊ ပါရမီရှင် တပါးနှင့် ရင်ဆိုင် ရမည်မှာ၊ သူ၏ ကံဆိုး မှုသာ ဖြစ်ပြီး၊ လွယ်ကူမည် မဟုတ်ပေ။ သို့သော် ရှုံးနိမ့် မည်ဟုလည်း မဆိုနိုင်။
သို့သော် လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းတွင်၊ ရပ်နေသော စီရွယ်ယီ၏ မျက်နှာ ပေါ်၌၊ ပေါ့ပေါ့ ပါးပါး အပြုံး တစ်ပွင့်၊ ထွက်ပေါ် လာပြီးနောက်၊ ပြန်လည် ပျောက်ကွယ် သွားသည်။ သူ့ပြိုင်ဘက် အ ပေါ်၊ စိုးရိမ် နေပုံ မရပေ။
“ တော်ဝင် မိသားစုရဲ့၊ ပျံသန်း နေသော ငှက်မွှေးနဲ့၊ နတ်ဘုရား အစောင့် တပ်သား ငွေဗျိုင်းဖြူ။ ''
စီရွှယ်ယီကြောင့် ရုန်းရင်း ဆန်ခတ် ခြင်းများ မပြီးဆုံး မီတွင်၊ နောက်ထပ် ကြေငြာချက် ထပ်မံ ထွက်ပေါ် လာရာ၊ လူအုပ် ကြီးက စိတ် လှုပ်ရှား မှုကြောင့်၊ ဝူးဝူး ဝါးဝါး အော်ဟစ် သံများ၊ ပြုမိ သွားကြ၏။
ပါရမီရှင် ပုဂ္ဂိုလ် နှစ်ဦးကြား၊ တိုက်ပွဲ ဖြစ်လေရာ၊ ပို၍ပင် ရုတ်ရုတ် သဲသဲ နိုင်လာသည်။
ဤတိုက်ပွဲ အပြီးတွင် ပါရမီရှင် ရှစ်ပါး အတွင်း၊ နောက်ထပ် နေရာလွတ် တစ်နေရာ၊ ရှိလာပေ ဦးတော့မည်။
သို့မှ သာလျှင် လျိုဖန်း၏ အမူ အရာက၊ ပြေလျော့ သွားလေသည်။
နှစ်ယောက် စလုံးမှာ အစွမ်းထက် လှပြီး၊ ငွေဗျိုင်းဖြူ တစ်ယောက် ချင်ယုကို အနိုင်ယူ နိုင်ပါက၊ ပို၍ ကောင်းပေမည်။
" မင်း စိတ်သက် သာရာ၊ ရသင့်တယ် မဟုတ်လား။ "
လင်းယွန်ကို ကြည့်ပြီး၊ ယီဖန်းက ရယ်မော လိုက်သည်။
" မင်းနဲ့ ဘာဆိုင်လဲ ။ "
လင်းယွန်က အေးစက်စက် တုန့်ပြန် လိုက်သည်။
“ ငါက စီနီယာ အစ်ကို တစ်ယောက် အနေနဲ့၊ စိုးရိမ် မိတာပါ၊ မင်းက ဘာလို့ အဲ့လောက် မဖော် ရွေ ရတာလဲ။ "
လင်းယွန်၏ ခပ်ပြတ်ပြတ် လေသံကို၊ ယီဖန်းက စိတ်ဆိုးခြင်း မရှိဘဲ၊ ရယ်ကာ မောကာဖြင့် ဆိုပြန်သည်။
'' ငါက မင်းကို စီနီယာ တစ်ယောက် အဖြစ် သတ်မှတ် ထားတယ်လို့၊ မင်း ထင်နေ တာလား၊ ရူး ပါ့ ... ။ ''
အင်ပါယာ နယ်စပ်တွင် တည်ရှိ သော မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်းကို ယီဖန်းက စိတ်မဝင် စားပေ။ ပြိုင်ဘက် အ ပေါ် အထင် ကြီး ခြင်း မရှိသည် ဖြစ်ရာ၊ သူ၏ အောင်ပွဲမှာ သေချာ နေပြီ ဖြစ်သည်။
ထို့ကြောင့် ကောင်းမွန်သော စိတ်အခြေ အနေကို ရရှိ ထားပြီး၊ လင်းယွန် စကားများ အပေါ်၊ ဗွေမယူ မိပေ။
“ ဓားနန်းတော် …”
ဖီးနစ် ပန်းကလေးက မဲလိပ်ကို ကြည့်ကာ၊ အော်ဟစ် လိုက်သည် ကြောင့်၊ ဓားနန်းတော် အဖွဲ့ သားများ၊ စိတ်လှုပ်ရှား သွားကုန်သည်။
ဘိုင်လိရွှမ်နှင့် ယီဖန်း၏ ပြိုင်ဘက် များကို၊ ကြေငြာ ထားပြီး ဖြစ် ပြီး၊ လင်းယွန် တစ်ယောက်သာ ကျန်ရှိ ပေတော့၏။
***