← Chapters

ငါဘာလို့ မလုပ် ရမှာလဲ။

Vol. 32 Ch. 436

ငါဘာလို့ မလုပ် ရမှာလဲ။

Vol. 32 Ch. 436

“ ဓားနန်းတော် …”

ဖီးနစ် ပန်းကလေးက မဲလိပ်ကို ကြည့်ကာ၊အနည်းငယ် တုန့်ဆိုင်း နေသော ကြောင့်၊ ရည်ရွယ်ချက် ရှိရှိ လုပ်နေခဲ့ သည်လား ဟုပင်၊ ယူဆ မိလာ ကြသည်။

သူမက ဓားနန်းတော် ရှိရာ လင်းယွန်ထံ အရောက်တွင်၊ အကြည့် များကို ခဏ ရပ်လိုက်ပြီး၊

"... လင်းယွန်နဲ့ မိုးတိမ် ဓားနန်းတော်က နေဝင်ချိန်။ "

ကြေငြာချက် ဆုံး သည်နှင့်၊ ချက်ခြင်းပင် ဆွေးနွေး သံများ ဆူညံ လာ၏။

" လင်းယွန်နဲ့ နေဝင်ချိန်လား ...။ "

" သူ့ ကံက နည်းနည်းတော့ ဆိုးတယ်၊ ဒုတိယအကျော့မှာ ပထမဆုံး ပြိုင်ဘက်က၊ ပါရမီရှင်တစ်ပါး ဖြစ်နေတယ်။ ”

" ငါသာ အမှတ် မမှား ဖူးဆိုရင်၊ လွေယုဟောင်ကို လင်းယွန်က၊ သတ်လိုက် ပြီးတဲ့ နောက်မှာ၊ နေဝင်ချိန်နဲ့ အခြေ အတင် ဖြစ်ခဲ့တယ် မဟုတ်လား။ "

“ အဟား .... ၊ ဒါက စိတ်ဝင် စားစရာပဲ၊ လင်းယွန်က နေဝင်ချိန်ဆီ ပြေးမိတာ တကယ် ကံမကောင်း ပါဘူး။ ”

" သူတို့ နှစ်ဦး ဘယ်သူက၊ ပါရမီရှင် ဖြစ်နိုင် မလဲ တွေးမိတယ်။ "

ပွဲစဉ် ကြေငြာချက် များကြောင့်၊ ပရိသတ် အားလုံး စိတ်လှုပ်ရှား ခဲ့ကြသည်။ သူတို့ ခေါင်းထဲတွင် တိုက်ပွဲ၏ ပြင်းထန် ပုံကို၊ စိတ်ကူး ယဉ်ထား ပြီးသား ဖြစ်ပြီး၊ ယခုနှစ် နဂါး တံခါး ပြိုင်ပွဲမှာ၊ ပို၍ စိတ်လှုပ်ရှား စရာ ကောင်းကြောင်း၊ ဝန်ခံ ရပေမည်။

“ ဟဲဟဲ စိတ်ဝင် စားစရာ ...၊ မင်းက ပျံသန်း နေသော ငှက်မွှေးထံ မပြေး ပေမယ့်၊ နေဝင်ချိန်ဆီ သွားခဲ့တယ်၊ နောက်ဆုံးတော့ သေခြင်း တရားက မင်းဆီ လာနေတုန်း ပါပဲ။ ”

ယီဖန်းက အံသြ ခြင်းကြောင့်၊ အနည်းငယ် တိတ်ဆိတ် သွားရာမှ၊ ကြေနပ်စွာ ရယ်မော လိုက်သည်။

“ စီနီယာ အစ်ကိုယီ၊ ငါတို့က ဂိုဏ်းတူ တပည့်တွေပါ၊ မင်း ပါးစပ်ကို ဆင်ခြင်လို့ မရဖူးလား။ ''

ရှင်းယန်က မျက်မှောင် ကြုတ်ကာ၊ အလို မကျ ဟန်ဖြင့် ဆိုလိုက်၏။

“ ငါက အမှန်တိုင်း ပြောနေ တာပါ၊ လင်းယွန်က နေဝင်ချိန်ကို အနိုင် ယူနိုင် မယ်လို့၊ မင်း တကယ် ထင်လား။ ''

ယီဖန်းက အလျော့ မပေးဘဲ၊ ပြုံးကာ တုန့် ပြန် လာသည်။

" မင်း .... "

ရှင်းယန်၏ မျက်နှာမှာ မည်းမှောင် သွားသော်လည်း၊ လင်းယွန်က သူမကို ဟန့်တား လိုက်၏။

“ စီနီယာယီ၊ ငါ့အစား မင်းကိုယ်မင်း စိတ်ပူ နေသင့်တယ်၊ 'မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်းရဲ့ ဖန်းယီက၊ ဒီလောက် မရိုးရှင်း ပါဘူး။ ”

" ဟုတ်လား ... သူက၊ လူရိုင်း တစ်ယောက်ပဲ မဟုတ်လား၊ ငါ့ဘဝ တစ်လျှောက် မင်း မြင်တာ တွေထက်၊ အရာ များစွာကို၊ တွေ့ကြုံ ခဲ့ရ ပြီးပါပြီ။ "

ယီဖန်းက ပြန်လည် လှောင်ပြောင် လေသည်။ လင်းယွန်က စကားဆက် မပြော တော့ဘဲ၊ စိတ်ထဲမှ အော်ဟစ် ရယ်မော လိုက်၏။

ယီဖန်း သည်သာ ဤကဲ့သို့ အမှန်တကယ် တွေးယူ ခဲ့ပါလျှင်၊ ယခုမှ စ၍ နောက်သုံးရက်တွင်၊ နာကြင်စွာ ခံစားရ မည်မှာ သေချာ နေသည်။

သူက ယီဖန်းကို စေတနာ ထားပြီး၊ သတိ ပေးခြင်း သော်လည်း၊ ယီဖန်း အနေဖြင့် သဘော မပေါက် ပါလျှင်၊ ယင်းသည်လည်း ကောင်းပေ၏။

" အကြီးအကဲ လျို.... "

လျိုဖန်း ပြန်ရောက် လာသည်ကို၊ မြင်သော အခါတွင်၊ ယီဖန်းက စကား ဝိုင်းကို ဦးစွာ ဖြတ်ချ လိုက်သည်။

“ မင်းတို့ ပြိုင်ဘက် တွေကို၊ သိပြီးပြီ မဟုတ်လား။ ”

ယီဖန်းကို ခေါင်းညိတ် အသိ အမှတ် ပြုလိုက်ပြီး၊ လျိုဖန်းက လင်းယွန်တို့ သုံးယောက်အား ကြည့်ကာ မေးလိုက်သည်။

“ ဟုတ် ကဲ့ ..... ”

ပြီးနောက် ဘိုင်လိရွှမ်ထံ ဦးစွာ ကြည့် လိုက်ပြီး၊

" ဘိုင်လိရွှမ် ... မင်းရဲ့ ပြိုင်ဘက် ဇိုယန်ကို၊ ဖီးနစ် ပန်းကလေး မွေးနေ့ ပွဲမှာ၊ ပြန်တွေ့တော့ ... သူက မလွယ် တာတော့ သေချာတယ်။ "

" ဖြစ်နိုင် ပါတယ်။ "

ဘိုင်လိရွှမ် အနေဖြင့် ဇိုယန်ကို၊ မျက်လုံးထဲ မထား ခဲ့သည့် အတွက်၊ အပြုံး ဖြင့်သာ ခေါင်းညိတ် လိုက်သည်။

" ယီဖန်း မင်းရဲ့ ပြိုင်ဘက်က ဖန်းယီ၊ ဒီလူရိုင်းလေးက ကြာမိစ္ဆာ နယ်မြေ ထဲမှာ၊ ကံကောင်း မှုတွေ ရရှိ ခဲ့ဖူးတယ်၊ မင်းသူ့ကို လျှော့တွက်လို့ မရဘူး။ ”

လျိုဖန်းက ဘိုင်လိရွှမ် အတွက်၊ သိပ်စိတ် မပူပေ။ ဘိုင်လိရွှမ်မှာ တစ်ခုခုကို ဖုံးကွယ် ထားသည်ကို သူ ပြောနိုင်သည်။ ထို့ပြင် သူတော်စင် ခန္ဓာမှာ၊ ဤမျှ မရိုး ရှင်းနိုင်။

တစ်ဖက်တွင်၊ ယီဖန်းက ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ နယ်မြေတွင် ရှိနေ သော်လည်း၊ ၎င်း၏ ပြိုင်ဘက်မှာ လူရိုင်း မျိုးနွယ်စု၏၊ မြင့်မားသော ပါရမီရှင် တစ်ဦး ဖြစ်နေသည်။

ယီဖန်း အနေဖြင့် ပြိုင်ဘက်ကို၊ နှိမ့်ချ ရှုမြင်မိ မည်ကို သူ စိုးရိမ်၏။

" သူ့ကို မထီ မဲ့မြင် ပြုမှာ မဟုတ် ပါဘူး၊ ဒါပေမယ့် အောင်ပွဲ အတွက်၊ ဒီတပည့်က ယုံကြည်ချက် ရှိပါတယ်။ "

ယီဖန်းက လျိုဖန်း ရှေ့တွင်၊ ပို၍ ယဉ်ကျေး သွားသော်လည်း၊ သူ့ လေသံရှိ မောက်မာ မှုကို လူတိုင်း သိနိုင်သည်။

" ဒါက အကောင်းဆုံး ပါပဲ။ "

လျိုဖန်းက ခေါင်းညိတ် လိုက်ပြီး၊ သူ့ အကြည့် များက၊ လင်းယွန်ပေါ် ရွေ့သွား၏။

" လင်းယွန်၊ မင်းရဲ့ ပြိုင်ဘက်က ....."

“ ဟုတ်ကဲ့ သိပါတယ်၊ ပါရမီရှင် ရှစ်ပါး ထဲက နေဝင်ချိန်ပါ၊ ခရမ်းရောင် နန်းတော် ကျင့်ကြံသူ တွေကို၊ သတ်နိုင်တယ် ဆိုတဲ့၊ ကောလ ဟာလ တွေတောင် ကြားထား မိပါတယ်။ ”

ဟု လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

" မင်းက ပြုံးနိုင် သေးတာလား၊ မင်းမှာ အနိုင် ရဖို့ ယုံကြည်ချက် ရှိလို့လား။ "

လျိုဖန်းက ပြုံးလျက် ထပ်မေး လိုက်သည်။

“ (၅၀) ရာခိုင်နှုန်း ယုံကြည်မှု ရှိပါတယ်၊ အနည်းဆုံးတော့ (၅၀%) ပါ။ ”

လင်းယွန်က လေးနက်သော လေသံဖြင့်၊ ပြန်ဖြေ လိုက်သည်။ သူ့ အဖြေက လူတိုင်းကို တိတ်ဆိတ် သွားစေ၏။

လျိုဖန်း အနေဖြင့် မေးခွန်းကို၊ ပေါ့ပေါ့ ပါးပါး မေးခဲ့ခြင်း ဖြစ်သော်လည်း၊ လင်းယွန်က အလေး အနက် ပြန်ဖြေ လာခဲ့သည်။

" ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ တစ်ကောင် ကိုတောင် သတ်နိုင်တဲ့ သူ တစ်ယောက်က၊ ပါရမီရှင် တစ်ပါးကို အနိုင် ယူဖို့ (၅၀%) အခွင့် အရေးတောင် မရှိ ရဖူးလား၊ အကြီး အကဲလျို .... ဒီမှာ ငါတို့ရဲ့ ဂျူနီယာ ညီလေး လင်းကို လျှော့မတွက် ပါနဲ့။ "

ဘိုင်လိရွှမ်က လျှို့ဝှက်သော အပြုံးဖြင့်၊ ဝင်ရောက် မှတ်ချက်ပြု လိုက်သည်။ သူ့ စကားကြောင့် လင်းယွန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွား၏။

" ငါသိ ပါတယ်၊ ငါ့ရဲ့ လေ့ကျင့် မှုကို စောင့်ကြည့် နေတဲ့၊ တစ်ယောက်က မင်းပဲ ဆိုတာကို...။ ''

နတ်ဆိုး သားရဲနှင့်၊ တိုက်ခိုက် ရာတွင် တစ်စုံ တစ်ယောက်၊ ချောင်းကြည့် နေသည်ကို ခံစား မိသော်လည်း၊ ထိုသူမှာ ကောင်းစွာ ဖုံးကွယ် ထားနိုင် သောကြောင့်၊ ထင်မှတ် မှားခြင်းသာ ဖြစ်မည်ဟု ယူဆ မိခဲ့သည်။

" အရင် အနားယူ တော့မယ်၊ အကြီးအကဲလျို ... ခွင့်ပြု ပါဦး။ "

ဘိုင်လိရွှမ်က လင်းယွန် စကားကို လျစ်လျူရှုကာ၊ အကြီးအကဲ လျိုဖန်းအား နှုတ်ဆက် လိုက်သည်။

“ ဒီတပည့် ကိုလည်း ခွင့်ပြု ပါဦး။ ”

တစ်ဆက် တည်းမှာပင်၊ ယီဖန်း ကပါ နှုတ်ဆက် ပြီးနောက်၊ လင်းယွန်ကို တစ်ချက် ကြည့်လိုက်သည်။ ဘိုင်လိရွှမ် စကားကြောင့်၊ သူ အတော်လေး အံ့သြ သွားရ၏။

သို့သော် ခရမ်းရောင် နတ်ဆိုး၊ သားရဲ တစ်ကောင်ကို သတ်နိုင် ခြင်းဖြင့်၊ နေဝင်ချိန်အား အနိုင် ယူဖို့ရန်၊ (၅၀%) အခွင့် အရေး ရှိသည်ဟု၊ ထင်မိ ပါက မှားပေ လိမ့်မည်။

နေဝင်ချိန်မှာ စစ်မှန်သော ခရမ်းရောင် နန်းတော် သိုင်းသမား တစ်ဦးကို၊ သတ်နိုင်သူ တစ်ဦး ဖြစ်၏။ ထို့ကြောင့် သူ့ အမြင် အရ၊ လင်းယွန်မှာ အနိုင် ရရန် (၂၀%)ပင်၊ အခွင့် အရေး မရှိပေ။

သို့သော် အကြီး အကဲ လျိုဖန်း ရှိနေ သောကြောင့်၊ အပျက် သဘော ဆောင်သည့်၊ စကား များကို မပြောဝံ့ တော့ပဲ၊ လှည့်ထွက် လာခဲ့သည်။

အလွန် စိတ်စော နေကြ သော်လည်း၊ သုံးရက်ကြာ စောင့်ဆိုင်း ရမည် ဖြစ်ရာ၊ လူတိုင်းက လျှင်မြန်စွာ ထွက်ခွာသွား ကြသည်။

လျိုဖန်းက ဘိုင်လိရွှမ် စကားကို သိပ်စိတ်မ၀င် စားဘဲ၊

" လင်းယွန်... မင်းက နောက်သုံးရက် လုံးလုံး၊ ဓားနန်းတော်ရဲ့ ဌာနခွဲမှာ ရှိနေရင်၊ အကောင်းဆုံးပါပဲ။ "

ဟု အကြံပေး လိုက်သည်။

" ဟုတ် ကဲ့။ "

မြို့တော်တွင် သူ့ကို လူသိ ရှင်ကြား လုပ်ကြံ ဖို့ရန်၊ မည်သူမျှ ကြိုးစား ရဲမည် မဟုတ်ပေ။

" ဟီးဟီး၊ အစ်ကိုကြီး ... ရတနာ ခန်းမကို၊ ငါတို့ အရင် သွားရအောင်။ "

လီဝူယုက လင်းယွန်ကို ကြည့်ကာ၊ ပြုံးရယ် လိုက်ပြီးနောက်၊

" ပြိုင်ပွဲမှာ မင်းလာ မယ်ဆိုတဲ့၊ လောင်းကြေးကို ငါထပ် ထားတယ်၊ အခု ရိတ်သိမ်းချိန် တန်ပြီ။ "

" ဒါနဲ့ ငါ့ရဲ့ ချန်ပီယံ ဖြစ်နှုန်းက၊ ဘယ်လောက်လဲ။ "

လင်းယွန်က ပေါ့ပေါ့ ပါးပါးပင်၊ ပြန်မေး လိုက်၏။

“ ငါသာ အမှတ် မမှားရင်၊ ဆယ်လေး တစ်လေး (၁:၁၀)ပဲ၊ ချင်ယု ကတော့ သေချာပေါက် ချန်ပီယံ ဖြစ်မယ် ဆိုတဲ့၊ ကြေးနဲ့ အမြင့် ဆုံးမှာ ရှိတယ်၊ တကယ် စိတ်ပျက် စရာ ပါပဲ။ "

" ဒီလောက် တောင်လား။ "

လင်းယွန်က အံ့သြ သွားသည်။ ချင်ယု၏ နှုန်းထားမှာ၊ ဤမျှ မြင့်မား နေလိမ့် မည်ဟု၊ မထင် ထားပေ။ သို့သော် ယင်းမှာ အဓိပ္ပါယ် ရှိပြန်၏။

ပါရမီရှင် ခုနစ်ပါး အ နေ ဖြင့်၊ လူကြိုက် များသော ရွေးချယ် မှုများ ဖြစ်ပြီး၊ ၎င်းတို့ အနက် ချင်ယုကို ပို၍၊ မျှော်လင့် ကြလေသည်။

ရတနာ ခန်းမသည် ချန်ပီယံ ဆုကို၊ သူ ရရှိမည် ဟူသော၊ ယုံကြည် ချက်မျိုး မရှိပေ။ ထို့အပြင် ပြိုင်ပွဲ သို့ပင်၊ ရောက်ရှိ လာလိမ့်မည် မဟုတ်ဟု ယူဆ ထား၏။

ချန်ပီယံ ဖြစ်နိုင် ချေ နည်းပါး လှသည် ဖြစ်ရာ၊ အနိုင် ရရှိ ပါက မြင့်မားသော နိုင်ကြေးကို၊ ရရှိမည် ဖြစ်သော်လည်း၊ ယင်းအား လောင်းကြေး ထပ်ဝံ့ သူများ မရှိချေ။

အတွေး ထဲမှ ပြန်လည် ရုန်းထွက်လိုက် ပြီးနောက်၊ လင်းယွန်က၊

“ ငါ မလိုက် တော့ဘူး၊ ဓားသင်္ချိုင်း တောအုပ်ကို၊ သွားလည် ဦးမယ်၊ အစ်မကြီး... ဝူယု မင်းတို့ ငါနဲ့ လိုက်မလား။ ''

" ဟင့်အင်း ငါ ပင်ပန်း နေ ပြီ၊ မလိုက် တော့ဘူး ... နောက်မကျ စေနဲ့။ "

ဟု ရှင်းယန်က ပြုံးလျက်၊ ငြင်းဆန် လိုက်သည်။

" ဓားသင်္ချိုင်း တောအုပ်လား၊ ဟင့်အင်း ငါ့ကို ထည့် မတွက်နဲ့ …။ ”

လီဝူယုက သခင် ဆယ့်သုံးကို၊ ကြောက်နေပုံ ရသည်။

အမှောင် ထုသည် ကောင်းကင်မှ တဆင့်၊ ဓားသင်္ချိုင်း တောအုပ် အတွင်းရှိ၊ အေးမြသော ရေကန် တစ်ခု ပေါ်သို့၊ ဖုံးအုပ် ထားသည်။

နဂါးသွေး မြင်းကို စီးလျက်၊ လင်းယွန်၏ မျက်နှာ ပေါ်တွင်၊ လေးနက်သော အမူ အရာများ၊ ထင်ဟပ် နေပေသည်။

ရှင်းဂျူကို ဓားသင်္ချိုင်း တောအုပ်တွင် မြှုပ်နှံ ထားကြောင်း၊ သိရှိ ထားပြီး ဖြစ်သော်လည်း၊ ရှင်းယန်က ၎င်းကို ရင်ဆိုင်ရန်၊ ယခုထိ အသင့် မ ဖြစ် သေးပေ။

သူမ ပြုံးနေ ခဲ့သော်လည်း၊ ဒဏ်ရာများ အရှင်း မပျောက်သေး သည်ကို၊ လင်းယွန် သိသည်။

သူ့အား ကာကွယ်ပြီး၊ သေဆုံး သွားသော ရှင်းဂျူ မျက်နှာကို ကြည့်ရန်၊ လင်းယွန်ပင် သတ္တိ မရှိ ခဲ့ပေ။

သို့သော် နောက်ဆုံးတွင် အဖြစ် မှန်အား၊ ရင်ဆိုင် ရမည်ကို သူ သိသည်။ မျက်စိမှိတ် ပုန်းကွယ် နေခြင်းသည်၊ သူရဲ ဘောကြောင် သူများ၏ လုပ်ရပ်သာ ဖြစ် ပေမည်။

သူ့မျက်လုံး ထဲတွင်၊ အေးစက်သော အလင်းများ တောက်ပ လာပြီး၊ နဂါးသွေး မြင်းအား လောဆော် လိုက်၏။

" သွား ရ အောင်။ "

နဂါးသွေး မြင်းက၊ အလင်း တစ်စ ကဲ့သို့ ပြောင်းလဲ သွားကာ၊ ရေမျက်နှာ ပြင်ပေါ် ဖြတ်ပျံ သွားသည်။

လမ်း တစ်လျှောက်တွင် မြူခိုးများ တဖြည်းဖြည်း ပြန့်ကျဲ လာပြီး၊ အဆုံ၌ ဝတ်ရုံကို ပါးပျဉ်း သဏ္ဍာန်၊ ဦး ခေါင်းပေါ် အုပ်မိုး ထားသော၊ ငါးထိုင်မျှား နေသည့် အဘိုးအို တစ်ဦးအား၊ တွေ့ မြင် လိုက်ရ၏။

" မင်း ဒီမှာလား ... ''

အဘိုးအို၏ ခရီးဦး ကြိုသံ ထွက်လာသည်။ မည်သူ ရောက်လာမှန်း သိဖို့၊ လှည့်ကြည့် ရန်ပင် မလိုပေ။

“ ပြိုင်ပွဲ ပထမ အကျော့က ခုပဲ ပြီးသွားပြီ၊ ဒုတိယ အကျော့ မစခင်၊ သုံးရက် အချိန်ရတယ်၊ ထုံးစံ အတိုင်း ဒီအတွက် လာလည် တာပါ။ ”

လင်းယွန်က သခင် ဆယ့်သုံး အနားသို့၊ လျှောက်လှမ်း လာပြီး၊ နဂါးသွေး မြင်းကို လွှတ်လိုက်သည်။

မတွေ့ မိသည့် အချိန် ကာလ အတွင်း၊ သခင် ဆယ့်သုံးမှာ အရင် ထက်ပင်၊ အသက် ပိုကြီး လာ၏။

“ သခင် ဆယ့်သုံး၊ မင်းရဲ့ ဆံပင်တွေ ဖြူလာတယ်။ ”

လှေပေါ်သို့ ခုန်တက် လိုက်ပြီး၊ လင်းယွန်က စိုးရိမ် တကြီး ပြောလိုက်သည်။

“ မင်းက ဂရုစိုက် လွန်း နေ ပြီ၊ ... ”

သခင် ဆယ့်သုံး၏ နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊

“ နဂါး တံခါး ပြိုင်ပွဲကို၊ သုံးနှစ် တစ်ကြိမ် ကျင်းပ လေ့ရှိတယ်၊ နက်နဲ နဝမ အဆင့် ကျင့်ကြံမှု လေးနဲ့၊ ဝေးဝေး ရောက်နိုင်မှာ မဟုတ်ဖူး ဆိုတာ လူတိုင်း သိတယ်၊ လာမယ့် ပြိုင်ပွဲကို စောင့်ဖို့၊ အားလုံးက အကြံပေး လိမ့်မယ် လို့လည်း ငါယုံတယ်၊ ဒါကိုတောင် မင်းက ဘာအတွက် လောနေရ တာလဲ။ ''

" ငါကတိ ပေးထားတယ်၊ ... "

လင်းယွန်က တည်ငြိမ် သော လေသံဖြင့်၊

" ... နောင်တတွေ မရချင် လို့ပါ၊ ငါ ဂရု စိုက်တဲ့ သူတွေကို နောက်ထပ် သုံးနှစ် ထပ်ပြီး၊ ဒုက္ခ မခံ စေလို တော့ဘူး။ "

ရှင်းယန်၏ ဆွေမျိုး များကို ကယ်တင်ပြီး၊ မျိုးရိုး အမည်အား ပြန်လည် ရယူရန်၊ သူ ချန်ပီယံ ဖြစ်ရ ပေမည်။

ဤသည်မှာ ရှင်းယန်၏ နှလုံးသား ထဲ၌၊ တစ်နှစ် ပတ်လုံး တွယ်ကပ် နေသော ဆူးပင် ဖြစ်ပြီး၊ ၎င်းနှင့် ပတ်သက်၍ သူမ နာကျင် နေမှန်း သူ သိသည်။

ထို့အပြင် သုံးနှစ် ဆို သော၊ အချိန် ကာလမှာ သူ့ အတွက် ကြာမြင့် ပေ၏။

" နောင်တတွေ မရချင် ဖူးလား ... "

သခင် ဆယ့်သုံးက၊ ခပ်တိုးတိုး ရေရွတ် လိုက်သည်။

“ ဟုတ်တယ်၊ လက်ရှိ အချိန် အတွက်၊ တိုက်ပွဲ ဝင်ချင် ပါတယ်။ "

ရုတ်တရက် တိမ်လွှာများ လွင့်စင် လာပြီး၊ လင်းယွန်၏ မျက်နှာ ပေါ်သို့၊ ကျရောက် သွားသည်။

အေးစက်စက် ရေကန်ကို ကြည့်နေသော သခင် ဆယ့်သုံး၏၊ နှုတ်ခမ်း ပေါ်တွင် အ ပြုံး တစ်ပွင့် ဖြစ် ပေါ် လာပြီး၊

" နောင်တ ကင်း တယ်လား ..."

-ဟု ဆိုကာ၊ လင်းယွန်၏ နဖူး ပေါ်ရှိ၊ ခရမ်းရောင် အမှတ် အသားထံ၊ ပြန်လှည့် ကြည့်လိုက်၏။

ထိုအမှတ် အသားသည် လင်းယွန် တစ်သက်၊ လိုက်ပါ နေတော့မည့်၊ ကျွန် တစ်ယောက်၏ အမှတ် တံဆိပ် ပေပင်။

သို့သော် နေရောင် အောက်တွင်၊ ထိုအမှတ် အသားမှာ၊ ကောင်းကင်၌ တောက်ပသော ကြယ်တစ်ပွင့် ကဲ့သို့၊ ကြည့် ကောင်း နေ ၏။

လင်းယွန်၏ အသက် အရွယ် အရ၊ ထိုစကား များမှာ စကားကြီး စကားကျယ် နိုင်လွန်း ပေသည်။

သို့သော် မည်သူ့ ကိုမျှ၊ ဂရုစိုက် နေစရာ မလိုပေ။ အတိ အကျ ဆိုရ ပါမူ၊ သူကိုယ် တိုင်ပင် ငယ်ရွယ်စဉ် အချိန်၌၊ ဤသို့ ပလွှားသော လူငယ် တစ်ယောက် ဖြစ်သည်။

“ သခင် ဆယ့်သုံး၊ ကိုက် နေပြီ။ ”

လင်းယွန်က ငါးမျှား တံကို၊ စိတ် လှုပ်ရှားစွာ ကြည့် လိုက်သည်။

“ ဟုတ်တယ် ... ဒီဘုရင်ကို မျှားယူ နေတာ ဆယ်စုနှစ် တစ်ခု ရှိပြီ၊ နှစ်ကြိမ် လွတ်သွား ဖူးတယ်၊ ဒါက တတိယ အကြိမ် ဖြစ်နေ ပြီမို့၊ ဒီတခေါက် မမိ ခဲ့ရင် ...၊ တစ်ဘဝလုံး မရ နိုင်တော့ မှာကို ငါကြောက် မိတယ်၊ ကောင်လေး ... မင်း ငါ့ကိုယ်စား ဒီကိုင်းတံကို ယူရဲလား။ "

သခင် ဆယ့်သုံးက ရုတ်တရက် နုပျို သွားသကဲ့သို့၊ ပြုံးကာ ဆိုလိုက်သည်။

" ဘာလို့ မရဲ ရမှာလဲ။ "

လင်းယွန်က မျက်လုံးများ တောက်ပ လာပြီး၊ ရှေ့သို့ လှမ်းတက် သွားကာ၊ ကိုင်းတံအား လွှဲပြောင်း ယူလိုက်၏။

***

All Chapters