← Chapters

ငါး နှင့် ဓား။

Vol. 32 Ch. 437

ငါး နှင့် ဓား။

Vol. 32 Ch. 437

'' ကောင်လေး ... မင်း ငါ့ကိုယ်စား၊ ဒီကိုင်းတံကို ယူရဲလား။ "

သခင် ဆယ့်သုံးက ရုတ်တရက် နုပျို သွားသကဲ့သို့၊ ပြုံးကာ ဆိုလိုက်သည်။

" ဘာလို့ မရဲ ရမှာလဲ။ "

လင်းယွန်က မျက်လုံးများ တောက်ပ လာပြီး၊ ရှေ့သို့ လှမ်းတက် သွားကာ၊ ကိုင်းတံအား လွှဲပြောင်း ယူလိုက်၏။

ငါးဖမ်း ခြင်းဖြင့်၊ ခက်ခဲမည် မဟုတ်ကြောင်း ယူဆ မိသည်။

သို့သော် ငါးမှာ ဘုရင် ဖြစ်သောကြောင့်၊လွယ်ကူခြင်း ရှိမည် မဟုတ်ပေ။

ဤအရာက စိတ်ဝင်စား မှုများ ဖြစ်လာ စေပြီး၊ သခင် ဆယ့်သုံး၏ စိန်ခေါ် ချက်ကို၊ လက်ခံ မိခြင်း ဖြစ်၏။

“ ကောင်လေး၊ မင်းရဲ့ ယုံကြည် ချက်ကို၊ ငါသဘော ကျတယ်၊ ဒါ ပေမယ့် မင်း ... နောက် ကျရင် ၊ ငါ့ကို အပြစ် မတင် ပါ နဲ့။ "

သခင် ဆယ့်သုံးက၊ ငါးမျှား တံကို လွှဲပေးပြီး၊ အပျော် သဘောဖြင့် ဆိုကာ၊ သူ့ မုတ်ဆိတ် မွှေး များအား၊ ပွတ်သပ် လိုက်သည်။

“ ဒါက ငါးဖမ်း ရုံ လေးပဲ မဟုတ်လား၊ ငါးက ငါ့ကို စားနိုင် လို့လား။ "

သခင် ဆယ့်သုံး၏ စကားကို၊ သိပ်စိတ် မ၀င်စား သောကြောင့်၊ လင်းယွန်က ပြုံးလိုက်သည်။

'' ... သူက ငါး တစ်ကောင် ပါပဲ၊ သူ့ အစာကို စားဖို့ လာတဲ့၊ ငါးကလေး တစ်ကောင်ထက်၊ ဘာများ ပိုနိုင်မှာ မို့လဲ ။ ''

“ ဘယ်သူ သိမှာလဲ ..... ”

သခင် ဆယ့်သုံးက ပြုံးကာ၊ အဓိပ္ပါယ် ပါပါ တုန့်ပြန် လိုက်သည်။

“ နှင်းနဂါး ငါးကြင်းက တကယ် အရသာ ရှိတယ်၊ ဘုရင် ဆိုတော့ အရသာ ပိုကောင်းနိုင်မယ်၊ ဒါမို့ ဒီကစားပွဲ လက်ခံ လိုက်တာ။ ''

ငါးမျှား တံကို အလျော့ အတင်း လုပ်ပေး နေလျက်မှ၊ လင်းယွန်က ရေရွတ် လိုက်၏။ သို့သော် ငါးမျှား တံအား ဆွဲယူ လိုက် ချိန်တွင်၊ မယုံ နိုင်လောက်အောင် လေးလံ နေသည်ကို၊ ခံစား လိုက်ရသည်။

အလွန် လေးလံ လှ သဖြင့်၊ ခန္ဓာ ကိုယ်က ရေထဲသို့ ပြုတ်ကျ လုနီးပါး ဖြစ်သွား၏။

" သေ စမ်း ..... "

လင်းယွန်၏ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားကာ၊ ကိုင်းတံအား တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင် လိုက်သည်။

လက်ထဲမှ လွတ်မထွက် သွားစေရန်၊ မူလ စွမ်းအင်နှင့် ကြမ်းရှသော စွမ်းအင် များကို၊ ချက်ချင်း ဖြန့်ကျက် လိုက်ရ၏။

သို့သော် လှေ တစ်စင်းလုံး၊ ရမ်းခါ လာသောကြောင့်၊ သူ့ မျက်နှာ ပြောင်းလဲ သွားသည်။ သူ့တွင် နှစ်သိန်း ငါးသောင်း ကီလို ဂရမ်နှင့် ညီမျှသော၊ ဆေအိုး ငါးလုံး ခွန်အားမျိုး ရှိသည်။

ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲကို၊ လက်သီး သက်သက် ဖြင့်ပင် အနိုင်ယူ နိုင်၏။ သို့သော် ရေကန် ထဲရှိ ငါးဘုရင် ကိုမူ၊ ထိုခွန်အားနှင့်၊ အနိုင် မယူ နိုင်မှန်း၊ သူ သဘောပေါက် မိသည်။

လေးနက်သော အမူ အရာဖြင့်၊ ငါးမျှား တံကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်ပြီး၊ 'ထွက်သွား' ဟု ဟောက်လိုက်၏။

ခန္ဓာကိုယ် အတွင်းမှ မူလ စွမ်းအင်၊ ပေါက်ကွဲ သံများနှင့် အတူ၊ ကြောက်မက်ဖွယ် ကောင်းသော၊ အငွေ့ အသက်များ ထွက် ပေါ် လာသည်။

ငါးဘုရင်၏ ရုန်းအား ကြောင့်၊ ရေပွက် ကြီး တစ်ခု ဖြစ် ပေါ် လာကာ၊ ကြီး မာသော ပုံရိပ်ကြီး တစ်ရိပ်၊ ရေ မျက်နှာပြင် ပေါ်သို့ ဖြည်းညှင်းစွာ၊ ခေါင်းပြူ ကြည့်လာ၏။

ရေကန် ထဲမှ ထွက် ပေါ် လာသော၊ ငါးဘုရင်ကို ကြည့်ကာ တုန်လှုပ် သွားသည်။

'' ဒါ ... ဒါက ဘယ်လိုလုပ် ငါး ဖြစ် နိုင်မှာလဲ၊ နဂါး တစ်ကောင်မှန်း သိသာ နေတာ ကြီးကို ...။ ''

၎င်းတွင် ငါး အကြေးခွံ များဖြင့်၊ ဖုံးအုပ် ထားသော မြွေခန္ဓာ ကိုယ်နှင့်၊ ဦးခေါင်း ပေါ်တွင် ကွေးနေသော၊ ဦးချို နှစ်ချောင်း ပါရှိသည်။ ၎င်းသည် သိပ်သည်းသော၊ နဂါး၏ အငွေ့ အသက်များ ထုတ်လွှတ် လာသည်။

" သခင် ဆယ့်သုံး ... ရပြီ။ "

အစွမ်းထက် သော်လည်း၊ နောက်ဆုံးတွင် ငါး ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ဆွဲထုတ် လိုက်သော အခါ၊ စိတ်လှုပ်ရှား သွားသော်လည်း၊ ငါးထံမှ လိမ္မာ ပါးနပ်သော အပြုံး တစ်ပွင့်အား၊ လက်ခံ ရရှိ လိုက်သည်။

ထို့နောက် လင်းယွန်အား စားသောက်ရန် ချိန်ဆ နေဟန်ဖြင့်၊ ရေကန် ထဲသို့ ပိုမို နက်ရှိုင်းစွာ၊ ပြန်လည် ငုပ်လျိုး သွား၏။

ထိုစက္ကန့် ပိုင်းလေး အတွင်း၊ ရေမျက်နှာ ပြင်မှ ရေများ ကွဲအက် လာပြီး၊ သဏ္ဍာန်မဲ့ စွမ်းအားတစ်ခုက၊ လှေအား ချက်ချင်း စုပ်ယူ သွားသည်။

လင်းယွန်မှာ ရေကန် ထဲသို့၊ ဇောက်ထိုး ပြုတ်ကျ သွားပြီးနောက်၊ ရေအောက် ထဲတွင် အသင့် စောင့်နေသော၊ အရိပ်ကြီး တစ်ရိပ်က၊ သူ့ အနီး ရောက်ရှိလာ သည်ကို၊ မြင်လိုက် ရသည် ။

ထိုအရိပ် ကြီးမှာ သူအား စားရန်၊ ရောက်ရှိ လာသည်ကို သိသောကြောင့်၊ ချက်ချင်းပင် ကြောက်စိတ် ဝင်လာ၏။

သို့သော် အားကောင်းသော စုပ်ယူမှု တစ်ခုက၊ သူ့ကို ပြန်ဆွဲ ထုတ်လိုက်သည်။

လှေပေါ်ပြန် ရောက် ချိန်တွင်၊ ကြောက်ရွံ့မှုကြောင့်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေသည်။ ငရဲ တံခါး ဝမှ ပြန်လှည့်လာ သကဲ့သို့၊ ခံစား လိုက်ရ၏။

“ ကောင်လေး၊ ခရမ်းရောင် နန်းတော် နတ်ဆိုး သားရဲ အမြုတေ တွေကို၊ လွန်ခဲ့တဲ့ ဆယ်စု နှစ်တွေ ကတည်းက ငါ ကျွေးခဲ့တာ ...၊ ခရမ်းရောင် နန်းတော် အမြုတေမှ မဟုတ်ရင် သူက ကိုက်မှာ၊ မဟုတ် ဖူးလို့ မင်းထင် နေလား၊ ခရမ်းရောင် နန်းတော် သိုင်းသမား တစ်ယောက် ကိုတောင် ကိုက်နိုင်တယ်၊ မင်းကို မစားဖူး မထင်နဲ့၊ ... ''

သခင် ဆယ့်သုံးက သူ၏ စပျစ်ဝိုင် အိုးကို မော့သောက်ပြီး၊ ရယ်မော လိုက်သည်။

“ ... ဒီတစ်ကြိမ်ပဲ ငါမင်းကို ကူညီ ပေးနိုင်မယ်၊ ရေကန်ထဲ ပြုတ်ကျရင်၊ တစ်စက္ကန့် တောင် အသက်ရှင် နိုင်မှာ၊ မဟုတ်ဖူး ဆိုတာ၊ ငါ အာမခံ ပါတယ်၊ ဘယ်လိုလဲ ဆက်ဖမ်း ဝံ့သေးလား။ ”

ဆယ်စုနှစ် တစ်စု တိုင်တိုင်၊ ခရမ်းရောင် နန်းတော် နယ်ပယ် ရောက်၊ နတ်ဆိုး သားရဲ အမြုတေကို စားသုံး ပြီးနောက်၊ ဤငါးမှာ မည်မျှ အစွမ်းထက် မည်အား၊ စိတ်ကူး ကြည့်နိုင်သည်။

ငါးမျှား တံကို ကိုင်လိုက် ချိန်တွင်၊ ရေထဲ ပြုတ်ကျ သွားသော ဖြစ်စဉ်အား၊ ပြန်လည် သတိရ မိကာ၊ လက်များ တုန်ယင်လာ ခဲ့၏။

သခင် ဆယ့်သုံးက ချဲ့ကား ပြောဆို နေခြင်း၊ မဟုတ်ကြောင်း သူ သိသည်။

" ဘာလို့ မလုပ် ရဲရ မှာလဲ။ "

လင်းယွန်၏ မျက်လုံး များတွင်၊ ပြတ်သား သော အရိပ်များ ထင်ဟပ် လာ၏။ သည်ငါးအ ပေါ်၊ သူ အနိုင် မယူနိုင် ဟူ သော၊ အဆိုကို လက်မခံ ချင်ပေ။

“ ဒါဆိုလည်း မြန်မြန် လုပ်ရအောင်၊ ငါးစာက ဒါကုန်ရင် နောက်ထပ် မရှိ တော့ဘူး။ ”

သခင် ဆယ့်သုံးက သူ့ မျက်လုံး များကို၊ မှေးစင်းလျက် ရယ်မောကာ ဆိုလိုက်သည်။

အာရုံကို ပြန်လည် စူးစိုက် လိုက်ပြီး၊ တဖြည်းဖြည်း ငြိမ်သက် သွား၏။ သခင် ဆယ့်သုံး၏ စကားများ အရ၊ ဤငါးကို ကိုင်တွယ်ရန်၊ မလွယ် ကူ ပေ။

စိတ်ခံစား ချက်ကို ချိန်ညှိ ပြီးနောက်၊ ငါးမျှား တံအား တင်းတင်း ကြပ်ကြပ်၊ ဆုပ်ကိုင် လိုက်သည်။

( ဒါဆိုလည်း ငါတို့ တစ်ကြိမ် လောက်၊ ထပ်တွေ့ ကြ တာပေါ့။ )

ငါးစားကို လာဟပ်ရန် အတွက် ငါးဘုရင်မှာ သတိရှိ သွားပြီ ဖြစ်သောကြောင့်၊ သူ့အတွက် အားရ စရာ၊ အခြေ အနေ၌ မရှိ တော့ပေ။

သို့သော် လင်းယွန်၏ မျက်လုံး များတွင်၊ တစ်စုံ တစ်ရာကို သတိ ရသွား ဟန်ဖြင့်၊ အပြုံး တစ်ပွင့် တောက်ပ လာလေသည်။

သခင် ဆယ့်သုံးက သူ့ အတွက်၊ အရေး ကြီးသော အချက် အလက်ကို ပြောပြ ခဲ့ပြီး ဖြစ်၍၊ ၎င်းကို ထည့်တွက် နေစရာ မလို တော့ပေ။

ဆိုလို သည်မှာ၊ ငါးက ငါးစာကို လုံးဝ လာကိုက်ခြင်း မရှိ ခဲ့သော်၊ သခင် ဆယ့်သုံး အနေဖြင့်၊ ဤသို့ ဆက် ကစားမည် မဟုတ်ကြောင်း၊ သူပြော နိုင်သည်။

ထို့ကြောင့် ငါးဘုရင်က၊ ငါးစာကို လာဟပ် ခြင်း ရှိ- မရှိထက်၊ အာရုံ စိုက်ရမည့် ပြဿနာမှာ၊ ယင်းအား မည်သို့ ရင်ဆိုင် ရမည် ဟူသော အချက်သာ ဖြစ်၏။

'' ဘယ် ဘက် .... ''

ငါးမျှား တံကို ဘယ်လက်သို့ လွှဲပြောင်း ယူလိုက်ပြီး၊ ရေကန် အောက်ရှိ လှိုင်း များကို အာရုံခံ လိုက်၏။

'' မဟုတ် သေးဖူး ညာဘက်...။ ''

ရေကန် အောက်ရှိ ငါးက ညာဘက်သို့ မကူး မီတွင်၊ မျှားတံကို ညာဘက် ကြိုတင် လွှဲယမ်း လိုက်ပြန်၏။

ငါးမျှား တံကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်ပြီး၊ စည်းချက် ကျကျ လွှဲယမ်း နေလျက်မှ၊ ကိုင်းတံ အပေါ်၊ အာရုံ အပြည့် အဝ ပို့လွှတ်ထားသည်။

ခဏ အကြာတွင် မျှားတံကို၊ ရုတ်တရက် ဆောင့်ဆွဲကာ၊ ရှေ့သို့ ပြန်တွန်း ထုတ် လိုက်၏။

သူ့လက် ထဲရှိ ငါးမျှား တံက၊ ကခုန် လာချိန်တွင်၊ ဓားတစ်လက် ကဲ့သို့ လေထဲ ခုတ်ရမ်း လိုက်ပြန်သည်။

( ဆိုလို သည်မှာ ရေအောက် ထဲတွင်၊ ကူးခတ် နေသော ငါးဘုရင်ကို မှန်းဆကာ၊ ငါးစာ ချနေခြင်း ဖြစ်လေသည်။ )

တမဟုတ် ချင်းမှာပင်၊ ငါးမျှား တံကို ကိုင်ထား သော၊ အခြေ အနေအား မေ့ လျော့ သွား ပြီး၊ ငါးမျှားခြင်း အပေါ် နစ်မြုပ် သွားသည်။

ထိုအစား တစ်စုံ တစ်ယောက်ကို၊ ဓားဖြင့် တိုက်ခိုက် နေသ ကဲ့သို့၊ ခံစား လိုက်ရ၏။

ငါးဘုရင်က ရေအောက်တွင် စိတ်ဆိုး စပြု လာပြီး၊ ပြင်းထန်သော ဆွဲငင် အားကို ထုတ်လွှတ် လိုက်သည်။

" ဒါပဲ ထပ်လာ ပြန် ပြီလား။ "

လင်းယွန်၏ မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့်၊ ဖြစ်ပေါ် လာပြီး လှေပေါ်ရှိ၊ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ် စေရန်၊ ခြေဖဝါး အတွင်းသို့ မူလစွမ်းအင်များ လောင်းချကာ၊ လှေဝမ်းနှင့် ကပ်အောင် ပြုမူ လိုက်ပြီး၊ ဆွဲငင်အား၏ တစ်ဝက်အား ဖြေရှင်း လိုက်သည်။

" ငါ့ကို ပုံစံတူ နှစ်ခါ တိုက်ခိုက် ရဲတဲ့ ...၊ မင်းကို သင်ခန်းစာ တစ်ခု၊ သင်ပေးရ သေးတာပေါ့။ "

ငါးဖမ်း လှေအား ထိန်းချုပ် လိုက်ပြီး၊ ထိုစုပ်ဝဲနှင့် ဝေးရာသို့၊ ရေမျက်နှာ ပြင် တစ်လျှောက်၊ မြှားတစ်စင်း ကဲ့သို့ တွန်း ရွေ့ ပစ်လိုက်သည်။

စုပ်ဝဲ ကြီးနှင့် ဝေးရာသို့၊ လျောတိုက် ပြေးထွက် သွားသော လှေကြောင့်၊ ဆန့်ကျင်ဘက် အင်အား နှစ်ခု အောက်တွင်၊ ငါးမျှား ကြိုးမှာ တင်းရင်း ဖြောင့်တန်း သွား၏။

“ အချိန် မတန် သေး ဘူး …”

စုပ်ဝဲ ကြီး၏ မလှမ်း မကမ်းတွင်၊ လှေကို အရှိန် လျော့ချကာ၊ လင်းယွန်က ငြိမ်သက် လိုက်သည်။

ငါးစာကို ငါးဘုရင်အား လာစား လိုပါလျှင်၊ သတိ ထားနေသော အခြေ အနေမှ၊ ပြေလျော့ သွားအောင် ဦးစွာ လုပ်ရ ပေ တော့မည်။

ယခု အချိန်တွင် ငါးအား ဖိအား ပေးနိုင်စွမ်း ရှိသော်လည်း၊ သူ့ ခွန်အား အရ၊ ရေပေါ်သို့ ထွက်ပေါ် လာ စေရန်၊ ဆွဲတင် နိုင်မည် မဟုတ်ပေ။

ရေမျက်နှာ ပြင်တွင် ရေပွက် တစ်ခု၊ ရုတ်တရက် ဝိုင်းပတ် လာပြီး၊ ငါးမျှား တံအား စုပ်ယူ နစ်မြုပ် လိုက်၏။

“ စိတ်ဝင် စားစရာပဲ …”

သခင် ဆယ့်သုံးက လှေ အနောက် ဘက်တွင်၊ ဝိုင်သောက် နေလျက်ဖြင့် ပြုံးသွားသည်။ ဝုန်းဒိုင်း ကျဲနေသော လှိုင်းလုံးကြီး များနှင့် နှိုင်းယှဉ် ပါက၊ ယခု ကဲ့သို့ ငြိမ်သက်မှု မျိုးမှာ၊ ပို၍ပင် အန္တရာယ် များကြောင်း သူ သိသည်။

တစ်ဦးကို တစ်ဦး သတိ ကြီးစွာ ဖြင့်၊ သတ္တိ ရှိရှိ ရင်ဆိုင် နေ ပေသည်။ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံ မိသူမှာ၊ ကျရှုံးမည် ဖြစ်၏။

ရုတ်တရက် ရေထဲရှိ၊ သဏ္ဍာန်မဲ့ ဆွဲငင် အားများ၊ ရုတ်ချည်း ပျောက်ကွယ် သွားသည်ကို ခံစား လိုက်ရ သောကြောင့်၊ သူ့မျက်နှာ ပြောင်းလဲ သွားသည်။

( ဒီကောင် ပြန်လှည့် သွားပြီလား။ )

သို့သော် ငါးဘုရင်မှာ၊ ငါးစာ မစား ရသေး သဖြင့်၊ သူ့ အတွေး များ မမှန် နိုင်ကြောင်း၊ ခန့်မှန်း မိသည်။

" ဒီလို လွယ်လွယ်နဲ့ ... မင်း ထွက်သွားလို့ ရနိုင်မယ် ထင် နေလား။ "

လင်းယွန်က လက်မခံ လိုဟန်ဖြင့်၊ အစွမ်းရှိ သမျှ ပေါက်ကွဲ တော့မည့် အချိန်၌၊ တစ်ခုခု လွဲချော်နေ သကဲ့သို့၊ ခံစား လိုက်ရသည်။

( ဒီ ကောင်က လောဘ ကြီးတယ်၊ စောစောက ခက်ခက် ခဲခဲ တိုက်ခိုက် နေရတုန်း ကတောင်၊ ငါးစာကို လက် မလွှတ် ခဲ့ဘူး၊ ဒါဆို အခု ဘာလို့ လက်လွှတ် ရမှာလဲ။ )

ငါးစာ အများကြီး မကျန်တော့ သော်လည်း၊ ယင်းမှာ ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ၊ နတ်ဆိုး သားရဲ၏ အမြု တေ ဖြစ်၏။

လင်းယွန်၏ နှလုံး သားများ နစ်မြုပ် သွားပြီး၊ ခွန်အားကို ပေါက်ကွဲ ပစ်လိုသော ဆန္ဒအား၊ ဖိနှိပ် ပစ်လိုက် ရသည်။

ငါးစာကို ထားကာ၊ ပြန်လှည့် သွား သော ငါးဘုရင်ကို၊ ခွင့်ပြု လိုက်ရ တော့မည် ဖြစ်သည်။

“ ကောင်လေး၊ ဒီမှာ ငါးစာ တစ်ခု ကျန်သေးတယ်၊ မင်းငါ့ကို ပြန်ပေး မှာလား။ ”

သခင် ဆယ့်သုံးက ပြုံးကာ ဆိုလိုက်သည်။ ငါးဘုရင်သည် ဉာဏ်ရည် ထက်မြက် လှသောကြောင့်၊ လျှော့မတွက် စေဘဲ လင်းယွန်ကို ထပ်မံ စမ်းကြည့် စေချင်သည်။

" အိုး ... ရပြီ အဲ့ဒီ အစား၊ ငါးဘုရင် တစ်ကောင် ငါပြန် ပေးမယ်။ ”

လင်းယွန်၏ နှုတ်ခမ်း ပေါ်တွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာပြီး၊ ငါးမျှားတံကို ပြန်ဆွဲ ထုတ်လိုက်၏။

သခင် ဆယ့်သုံးက ထိုစကား အပေါ်၊ ဝေခွဲ မရဖြစ်နေ ချိန်တွင်၊ ရေပြင်၌ လှိုင်းများ ထလာပြီး၊ ငါးဘုရင် ပေါ်ထွက် လာသည်။

“ ဒီ ငါး ..... ”

သခင် ဆယ့်သုံးက သူ့ ပေါင်ကို၊ ဖြန်းခနဲ ရိုက်ချ လိုက်၏။ ဤငါးဘုရင်သည် အရှုံး ပေးရန်၊ ရည်ရွယ်ချက် မရှိ သည်မှာ ထင်ရှားသည်။

လှည့်ထွက် တော့မည့် ဟန်ဖြင့်၊ ငါးစာကို ဟပ်ရန်၊ စောင့်ဆိုင်း နေမှန်း သိလိုက်ရာ၊ ယင်းအား လင်းယွန်က သတိ မပြုမိ သကဲ့သို့၊ ဟန်ဆောင် ထားခဲ့ ခြင်း ဖြစ်သည်။

သို့သော် ဤရလာဒ်ကို မျှော်လင့် ထားပြီး ဖြစ်၏။ ငါးဘုရင်အား လေထဲ ဆွဲယူ ပင့်တင် လိုက်ပြီး၊ ငါးမျှား တံကို ဓားကဲ့သို့၊ ပစ်ထုတ် လိုက်၏။

ပြီးနောက် ကောင်းကင်သို့ ခုန်တက် လိုက်ကာ၊မူလ စွမ်းအင် များကို၊ ဓား အလင်းများ အဖြစ် တောက်ထုတ် လိုက်သည်။

ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ သူ့ ဆံပင်များ တဖျပ်ဖျပ် ခတ်လာပြီး၊ ကြီးစိုးသော အမူ အရာဖြင့်၊ ငါး ဘုရင်ထံ လှမ်းကြည့် နေ၏။

လှေ ပေါ်သို့ ပြန်ဆင်းသက် လာသော အခါတွင်၊ ကြီးမားသော လှိုင်းများ ဖြစ်ပေါ် လာပြီး၊ ရေဝဲ (၁၈)ခု သူ့နောက် ကျောမှ၊ ထွက် ပေါ် လာသည်။

တစ်ဆက် တည်းမှာပင်၊ ငါးမျှား တံက ငါးဘုရင်၏ လည်ချောင်းထဲ တိုးဝင်သွားကာ၊ အသတ်အား ချက်ချင်း နှုတ်ယူ လိုက်တော့၏။

***

All Chapters