လျှို့ဝှက် နယ်မြေ။
Vol. 32 Ch. 438
ငါးဘုရင်အား လေထဲ ဆွဲယူ ပင့်တင် လိုက်ပြီး၊ ငါးမျှား တံကို ဓားကဲ့သို့၊ ပစ်ထုတ် လိုက်၏။
ပြီးနောက် ကောင်းကင်သို့ ခုန်တက် လိုက်ကာ၊မူလ စွမ်းအင် များကို၊ သိပ်သည်း စေလျက် ဓား အလင်းများ အဖြစ်၊ တောက်ထုတ် လိုက်သည်။
'' ရွှပ်.... ရွှပ် ရွှပ် ''
ဓားအလင်း( ၁၈)လက်မှာ ငါးဘုရင်အား ထိုးဖောက် သွားကာ၊ ရေကန်ထဲ ပြုတ်ကျ သွား၏။ ၎င်း၏ အရှိန်ကြောင့်၊ ရေဝဲ ကြီးများ ဖြစ်ပေါ် လာလေသည်။
တစ်ဆက် တည်းမှာပင်၊ ငါးမျှား တံက ဒဏ်ရာ ရသွားသော ငါးဘုရင်၏၊ လည်ချောင်းထဲ တိုးဝင် သွားကာ၊ အသတ်အား ချက်ချင်း နှုတ်ယူ လိုက်တော့၏။
ကောင်းကင်မှ ရေများ ဖွားခနဲ စီးကျ လာပြီးနောက်၊ ငါးမျှား တံဖြင့် ထိုးစိုက် ချိတ်ဆွဲ ထားသော ငါးဘုရင် နှင့်အတူ၊ လှေပေါ်တွင် ဂုဏ်ယူစွာ ရပ်လိုက် မိသည်။
နေရောင် အောက်တွင်၊ တောက်ပသော အပြုံးဖြင့်၊ သခင် ဆယ့်သုံးကို လှည့်ကြည့် လိုက်၏။
“ သခင် ဆယ့်သုံး၊ ဒီမှာ ငါးဘုရင် ... ”
သခင် ဆယ့်သုံးက အချိန် အတော် ကြာအောင် မှင်တက် နေပြီးနောက်၊ တဟားဟား အော်ရယ် လိုက်လေသည်။
“ ဟား ဟား ဟား၊ ကောင်းတယ် အရမ်း ကောင်းတယ် ၊ မင်း ငါ့ကို ဒီတစ်ခါတော့ လအနိုင်ရ သွားပြီ။ "
သူ့ကိုယ်သူ စီနီယာ တစ်ယောက် အဖြစ် ခံယူထားခြင်း မရှိ တော့ဘဲ၊ စကားလုံး တိုင်းက နှလုံး သား၏၊ အနက် ရှိုင်းဆုံး နေရာမှ လာခဲ့ဟန်ဖြင့်၊ ခံစား ချက်များ ပါဝင် နေလေသည်။
အစောပိုင်း အချိန် များတွင်၊ ကစားရန် ကြိုးစား ခဲ့ခြင်းသာ ဖြစ်သော်လည်း၊ ၎င်းကို စွမ်းဆောင် နိုင်ခဲ့ သဖြင့်၊ လင်းယွန် အပေါ် ချစ်ခင် သဘော ကျသော၊ ခံစားများ ပြည့်နှက် လာခဲ့ခြင်း ဖြစ်၏။
" သွားကြ ရအောင်။ "
သခင် ဆယ့်သုံးက ရယ်မောပြီး၊ သူ့လက်ကို လေထဲ ဝိုက်ဆွဲ လိုက်သည်။ သူ၏ ထိန်းချုပ်မှု အောက်တွင်၊ ငါးဖမ်း လှေက ကောင်းကင်ပေါ်၊ တဟုန်ထိုး ပျံတက် သွားကာ၊ ကမ်းစပ်သို့ ပြန်လည် ကျဆင်း လာ၏။
'' ဖြန်း ..... ''
လှေ ပြုတ်ကျသော အရှိန်ကြောင့်၊ လင်းယွန် တစ်ယောက် ပြုတ်ကျ လုနီးပါး၊ ယိမ်းထိုး သွားရသည်။
“ ဒီကောင်ကို ငါ့ဆီ ထားခဲ့၊ ဆယ်နှစ် ကြာအောင်၊ ကျွေးမွေး ပြီးတဲ့ နောက်တော့၊ မြည်းစမ်းဖို့ အချိန် တန်ပြီ ..... ဟား ဟား ဟား ။ ”
သခင် ဆယ့်သုံးက ရယ်မော လိုက်သည်။ နောက်တစ် စက္ကန့်တွင် ငါးမျှား တံမှ၊ လွတ်ထွက် သွားသော ငါးဘုရင်မှာ၊ သူ့ထံသို့ ပျံသန်း သွားသည်။
ငါး၏ အစိတ် အပိုင်း တိုင်းသည် ရတနာ တစ်ပါး ဖြစ်၏။ အကြေးခွံ များကို အသုံး အဆောင် ပစ္စည်းများ အဖြစ်၊ သန့်စင် နိုင်သည်။
အရိုး များကို ဝိုင်ချက်ရန် အသုံးပြု နိုင်ပြီး၊ အသားမှာ ခန္ဓာကိုယ် အတွက်၊ အာဟာရ ဖြစ်စေ၏။
ဦးချို များကိုမူ လက်နက် အဖြစ် သွန်းလုပ် နိုင်သည်။ ယင်းတို့ အနက် တန်ဖိုး အရှိဆုံး အပိုင်းမှာ၊ မျက်ဝန်း တစ်စုံနှင့် သားရဲ အမြုတေပင် ဖြစ်၏။
သခင် ဆယ့်သုံး၏ အဆို အရ၊ ဤငါးသည် နဂါး မျိုးဆက်သွေး ပိုင်ဆိုင် ထားပြီး ဖြစ်သောကြောင့်၊ ၎င်းမျက်လုံး များကို နဂါးမျက်လုံးဟု ခေါ်ဆို နိုင်သည်။
သားရဲ အမြုတေ၏ တန်ဖိုး မှာမူ၊ ဖွဲ့ဆို စရာ စကားလုံး မရှိပေ။ ခရမ်းရောင် နန်းတော် သားရဲ အမြုတေ များကို၊ လွန်ခဲ့သော ဆယ်စု နှစ်များ အတွင်း၊ မရေ မတွက် နိုင်အောင် စားသုံး ခဲ့ရ ပြီးနောက်၊ ငါးဘုရင်က သူ၏ သားရဲ အမြုတေအား၊ သဘာဝ အတိုင်း ဖွဲ့စည်း နိုင်ခဲ့သည်။
ထို့အပြင်၊ နှင်းနဂါး ငါးကြင်း များမှာ၊ ကျင့်ကြံ သူများ အတွက်၊ အာဟာရ ဖြစ်၏။
တစ်စုံ တစ်ရာကို တွေးလိုက် မိသော အခါတွင်၊ လင်းယွန်က ရုတ်တရက် ပြုံးလိုက်သည်။ ထိုအချင်း အရာကို သခင် ဆယ့်သုံးက မြင်လိုက် သည်နှင့်၊
“ ကောင်းလေး၊ မင်းက ဘာပြုံး တာလဲ။ ”
" သခင် ဆယ့်သုံးနဲ့ တူတဲ့ ...၊ စီနီယာ တစ်ယောက် အကြောင်း၊ ရုတ်တရက် တွေးမိ သွားလို့ပါ။ "
" ဘယ်သူ လဲ ... "
“ ဓားနန်းတော်ရဲ့ နန်းတော် သခင်ပါ၊ သူလည်း
ပန်း တစ်ပွင့်ကို ဆယ်နှစ် ကြာအောင်၊ ပြုစုပေးခဲ့ပြီး၊ နောက်ဆုံးတော့ သူ့ဓားနဲ့ တစ်ချက်တည်း ခုတ်ဖြတ် ပစ်လိုက်တယ်၊ ဆယ်နှစ် လုံးလုံး ကျွေးမွေး ခဲ့တဲ့ ငါးကို၊ သတ်ပစ် လိုက်တဲ့ မင်းလို ပါပဲ။ "
ထုတ်မပြော ခဲ့သော၊ အကြောင်း အရာ အချို့လည်း၊ လင်းယွန်တွင် ကျန်ရှိ နေသေးသည်။ ၎င်းတို့ နှစ်ယောက် လုံးမှာ ဒေါသ ကြီးပြီး၊ ကန့်လန့် တိုက်ရာ၌၊ အတော်ပင် တူညီ ကြ၏။
သူတို့၏ စိတ်ခံ စားမှု အပေါ်၊ အလေး အနက် ထားကြ သူများ ဖြစ်သောကြောင့်၊ အကြံ အစည် များဖြင့် ပြည့်နှက် နေသည့်၊ အခြားသော လူအိုကြီး များထက်၊ ပို၍ ဖြူစင် ပေသည်။
" ငါက သူနဲ့ တူလား ... "
သခင် ဆယ့်သုံးက၊ အနည်းငယ် အံ့အား သင့်သွား ပြီးနောက် ပြန်မေး လိုက်၏။ တစ်ဆက် တည်းမှာပင် ပြုံးလျက်၊ သားရဲ အမြုတေကို ပစ်ပေး လာလေသည်။
'' ... မင်းပြောတာ နည်နည်းတော့ မှန်ပါတယ်၊ ဒါပေမယ့် ငါ့ ရှေ့မှာ၊ သူ့ အကြောင်း ထပ် မပြောမိ ပါစေနဲ့၊ မင်း ... ကြည့်ရတာ မွဲတေ နေပုံ ရတယ်၊ ဒီသားရဲ အမြုတေကို ယူလိုက်ပါ။ "
လင်းယွန်က ဖမ်းယူကာ ငုံ့ကြည့် မိ၏။ သားရဲ အမြုတေ ဖြစ်သော်လည်း၊ ၎င်းတွင် မည်သည့် နတ်ဆိုး ရောင်ဝါမှ ရှိမနေ ခဲ့ပေ။ ယင်းအစား၊ သန့်ရှင်း ကြည်လင် နေသော ဝိညာဉ် စွမ်းအင်များ ဖြင့်သာ၊ ပြည့်နေ လေသည်။
လက်ဖြင့် ဆုပ်ကိုင် လိုက်သော အခါတွင်၊ အဆုံး မရှိ ဝိညာဉ် စွမ်းအင်များ စီးဝင်လာ သည်ကို၊ သူ ခံစား ရသည် ။
" သူ့မှာ နတ်ဆိုး အငွေ့ အသက် မရှိဘူး။ "
လင်းယွန်က အံ့သြ တကြီး၊ ရေရွတ် လိုက်၏။
“ အင်း ဟုတ်တယ်၊ နှင်းနဂါး ငါးကြင်း တွေက၊ သားရဲ ဖြစ်ပေမယ့် ဝိညာဉ် စွမ်းအင်ကို စုပ်ယူ ကြတယ်၊ ဒါကြောင့် သူတို့ သန့်စင် ထား ပြီးသား အမြုတေ တွေက၊ အညစ် အကြေး ကင်းစင်တယ်၊ ”
" ဒါကို သခင် ဆယ့်သုံး ... ကိုယ်တိုင် မသုံး ဖူးလား။ "
လင်းယွန်က ပြန်မေး လိုက်သည်။
" ဒါက ဘာမှ မဟုတ် ပါဘူး၊ ဒီလောက် လေးကို ငါစိတ် မ၀င်စား တက်တာ၊ မင်းနားလည် မှာပါ၊ ဒါပေမယ့် အဲဒါကို ပြုပြင်ဖို့၊ အလျင် စလို မလုပ် ပါနဲ့၊ လာ ... ငါနဲ့ အတူ လိုက်ခဲ့ .... ။ ”
သခင် ဆယ့်သုံးက ဓားသင်္ချိုင်း တောအုပ် ဆီသို့၊ ဦးတည် လျှောက်သွား နေလျက်မှ ဆိုသည်။
အနည်းငယ် အံ့သြ သွားသော်လည်း၊ လင်းယွန်က သခင် ဆယ့်သုံး၊ ခေါ်ဆောင်ရာ နောက်သို့ လျင်မြန်စွာ၊ လိုက်နေမြဲ ဖြစ်သည်။
ဆိုလို သည်မှာ စိတ်ဖြင့် လူ မကပ် မိဘဲ၊ သခင် ဆယ့်သုံး နှင့်အတူ၊ ပြီးပြည့် စုံသော ဓားရည်ရွယ် ချက်ကို၊ ရယူ ရာ၌ တစ်ချိန်က ကူညီ ပေးခဲ့ ဖူးသော၊ ဝါးတော ကြီး၏ အလယ် ဗဟိုသို့၊ ရောက်ရှိ လာခဲ့သည်။
ဓားသင်္ချိုင်း တောအုပ်၏၊ အလယ်တွင်သတ်ဖြတ် လိုသော ရောင်ဝါများ ပြည့်နှက် နေ၏။
" မင်းရဲ့ ရှန်ရှင်း တစ်ပိုင်း စား ရည်ရွယ် ချက်နဲ့၊ ရှန်ရှင်း ဓား ရည်ရွယ်ချက် ကြားက၊ခြားနားချက် အတား အဆီးကို မင်းသိလား။ "
သခင် ဆယ့်သုံး၏ စကားကြောင်၊ လင်းယွန်က တုန်လှုပ် ချောက်ချား သွားသော၊ ခံစားချက်များ ဖြစ်ပေါ် လာသည်။
" ဘယ်လို ကွာခြားလဲ ။ "
လင်းယွန်က ပြန်မေး လိုက်၏။ သူ၏ ဓား ရည်ရွယ် ချက်မှာ၊ ရှန်ရှင်း အဆင့်သို့ မရောက် ရှိဘဲ၊ ပိတ်ဆို့ နေခြင်း ဖြစ်လေသည်။
“ မင်းနဲ့ ထိုက်တန်တဲ့ ဓား တစ်လက်ကို ရှာရမယ်၊ ဗုဒ္ဓ စကားနဲ့ ပြောရရင်၊ မင်းကိုယ်မင်း ရှာဖွေ ရမယ်၊ ... ''
ရှေ့မှ သွားနေသော သခင် ဆယ့်သုံးက၊ ပြန်လှည့် ကြည့်လာပြီး၊
“ ... ကျား-နဂါး လက်သီးနဲ့၊ လရောင် ရေစင် ဓားက၊ မင်းအပိုင် မဟုတ်ဘူး၊ ဘယ်လောက်ပဲ ကျွမ်းကျင် နေပါစေ၊ အဲဒါက ပိုင်ရှင်နဲ့သက်ဆိုင် နေတုန်းပဲ။ ”
" ငါက ကိုယ်ပိုင် ဓားကို ရှာရ မယ်လို့၊ ပြောနေ တာလား။ "
“ ဟုတ်တယ် .... မင်းကိုယ်တိုင် ဖန်တီး နိုင်ရင်တော့ အကောင်းဆုံး ပါပဲ၊ ဒါက မတတ် နိုင်ရင်တောင် ....၊ မင်းဟာ ဘယ်လို ဓားမျိုးလဲ ဆိုတာ သိဖို့ လိုတယ်၊ ... ”
သခင် ဆယ့်သုံးက ခေါင်းညိတ် ပြလာသည်။
“ ... မင်းရဲ့ နားလည်မှု အရ၊ အဲဒီ အဆင့်ကို အနှေးနဲ့ အမြန် ဆိုသလို ရောက်ပါ လိမ့်မယ်၊ ဒါပေမယ့် ခရမ်းရောင် နန်းတော် နယ်ပယ်ကို မရောက်ခင်၊ အောင်မြင်ချင် ရင်တော့ ...၊ မဖြစ်နိုင် ဖူးလို့ပဲ ငါပြော ချင်တယ်၊ ... ''
'' ... လက်ရှိ ကျင့်ကြံ မှုနဲ့ ဆိုရင်၊ ပြိုင်ပွဲ အတွင်းမှာ မင်း သေလိမ့်မယ်၊ ဒီလို အဓိပ္ပါယ်မဲ့၊ သေခြင်းနဲ့ သေမယ့် အစား၊ ငါ့ရဲ့ ဓားသင်္ချိုင်း နယ်မြေကို၊ မင်းဘာကြောင့် ခရီး မထွက် ချင်ရ တာလဲ။ ''
" ဓားသင်္ချိုင်း နယ်မြေ ... "
" မှန်တယ်၊ မင်း အခု ရောက်နေတဲ့ ဝါးတောက နယ်မြေ တစ်ခုပဲ၊ ဘိုးဘေး ဂျင်ဝူမင်က ဓားနန်းတော်ကို တည်ထောင် ချိန်က၊ နယ်မြေကြီး နှစ်ခုကို ဖန်တီး ထားခဲ့တယ်၊ ဒါက သူတို့ ထဲက တစ်ခုပဲ ... ''
သခင် ဆယ့်သုံးက ဓားသင်္ချိုင်း နယ်မြေ၏၊ မူလကို ပြန်လည် ရှင်းပြ လာသည်။
“ ဓားသင်္ချိုင်း နယ်မြေက၊ သူ့ နာမည်မှာ ဖော်ပြ ထားတဲ့ အတိုင်း၊ သတိ မထား မိရင် အဲဒီမှာ သေလိမ့်မယ်။ ''
သခင် ဆယ့်သုံးက၊ တံ ဆိပ် တစ်ခုအား ဖန်တီး လိုက်ကာ၊ ဝါးပင် များထံ တွန်းပို့ လိုက်၏။ ရုတ်တရက် ကောင်းကင်ကြီး တစ်ခုလုံး မှောင်မိုက် သွားပြီး၊ အာကာသ ကွဲလွဲ နေသော လမ်းကြောင်း တစ်ခု၊ ထွက်ပေါ် လာသည်။
ထို ကွဲလွဲ နေသော လမ်းသည်၊ လျှို့ဝှက် ဆန်းကြယ်သော နယ်မြေ တစ်ခု၏၊ ဝင်ပေါက် ဖြစ်၏။
အဆိုပါ နယ်မြေကြီး အတွင်းတွင်၊ စူးရှသော ဓားမြည် သံများ နှင့်အတူ၊ လျှပ်စီး ကြောင်းများ လင်းလက် နေလေသည်။
“ ဒါက ဓားသင်္ချိုင်း နယ်မြေ လား။ ”
လင်းယွန်က ကွဲအက် နေသော နေရာကို၊ စူးစူး ရဲရဲ စိုက်ကြည့်ကာ မေးလိုက်၏။ ဂိုဏ်း အတွင်းရှိ အခြားသော၊ နယ်မြေကြီး များဖြင့် နှိုင်းယှဉ် ပါက၊ ဤနယ်မြေမှ ထွက်လာသော အငွေ့ အသက် များမှာ၊ ကြောက်မက်ဖွယ် ကောင်းလေသည်။
" သခင် ဆယ့်သုံး၊ ငါငြင်းမှာ မဟုတ်ဖူး ဆိုတာ မင်းသိ နေပုံ ရတယ်။ "
သခင် ဆယ့်သုံးအား ပြန်လှည့် ကြည့်ပြီး၊ လင်းယွန်က ဆိုသည်။
" မင်းမှာ အမုန်း တရားတွေ၊ အများကြီး တိုးလာ နေပြီ၊ ဒါကြောင့် မင်းမှာ ရွေးချယ်ခွင့် မရှိတော့ ပါဘူး။ "
ယင်းမှာ မှန်ပေသည်။ လင်းယွန်၌ ရွေးချယ်ခွင့် မရှိချေ။ နှင်းနဂါး ငါးကြင်း၏ သားရဲ အမြုတေကို၊ ရုတ်တရက် သတိ ရသွားသော အခါတွင်၊
" ဒါဆို ဒီသားရဲ အမြုတေက ..."
" မှန်တယ်၊ မင်း အဲဒီမှာ မသေဖို့၊ မင်းကိုယ်မင်း ကာကွယ် လိုတဲ့ အချိန် မျိုးမှာ၊ ဒီသားရဲ အမြုတေကို သန့်စင်ပြီး၊ ရုန်းထွက် နိုင်တယ်။ ”
သခင် ဆယ့်သုံးက၊ ခံစားချက် မဲ့သော အမူ အရာ များဖြင့် ဆိုလိုက်သည်။
အနည်းငယ် ငြိမ်သက်သွား ပြီးနောက်၊ လင်းယွန်က အာကာသ အက်ကွဲကြောင်း ထဲသို့၊ တိုးဝင် သွားတော့သည်။
တစ်ချိန်တည်း မှာပင်၊ ဓား ရည်ရွယ် ချက်များ ပျံသန်း လာပြီး၊ သူ့ စိတ်ကို ဖြိုခွဲရန် ကြိုးစား လာ၏။
( တစ်စုံ တစ်ယောက်၏ ဓားရည်ရွယ် ချက်မှာ၊ လုံလောက်အောင် သန်မာမှု မရှိ ပါလျှင်၊ အတား အဆီး များက ဟန့်တားရ၊ လွယ်ကူ သွားပေ လိမ့်မည်။ )
ဓားသင်္ချိုင်း နယ်မြေ ထဲသို့၊ ခြေချ လိုက်ချိန်တွင်၊ ရှေးဟောင်း နတ်ဆိုး သားရဲ တစ်ကောင်၊ ရှိနေ သကဲ့သို့ ခံစား စေရသော၊ လေဟာနယ် အတက် အကျ များအား၊ ခံစား လိုက်ရသည်။
ပတ်ဝန်းကျင် တစ်ခုလုံး၊ ရုတ်တရက် မှောင်မိုက် သွားကာ၊ သူ့ဓား ရည်ရွယ် ချက်က၊ လျှပ်စီးလက် သကဲ့သို့၊ ပြေးထွက် သွားသည်။
ကောင်းကင်တွင် မိုးကြိုး တိမ်တိုက်များ စုဖွဲ့ နေပြီး၊ ထိုမိုးကြိုး တိမ်များကို ဓားရည်ရွယ်ချက် များဖြင့်၊ ပြုလုပ် ထား၏။
မိုးကြိုး တိမ်တိုက် များတွင်၊ လျှပ်ပန်းများ ဥဒဟို ပြေးလွှား နေသောကြောင့်၊ မိုးခြိမ်း သံများ ဆူညံ လာသည်။
လျှို့ဝှက် နယ်မြေ၏ လေထု ထဲတွင်၊ ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း အငွေ့ အသက် များက၊ ပြည့်နှက် နေ၏။ ၎င်း၏ အမည် ဖြစ်သော ဓားသင်္ချိုင်း နယ်မြေဖြင့်၊ ပနံတင့် လှသည်။
ဤနေရာတွင် ဓားသမား မည်မျှ သေဆုံး ခဲ့မည်ကို၊ နတ်ဘုရား များသာ သိပေမည်။
ရုတ်တရက် ပတ်ပတ် လည်တွင်၊ မျောနေသော ကျောက်တုံး များအား၊ သတိ ထားမိ သွားကာ၊ စူစမ်း လိုသော စိတ်ဖြင့် နီးစပ်ရာ ကျောက်တုံး တစ်တုံး ပေါ်သို့၊ ခုန်တက် မိ၏။
ထိုကျောက်တုံး များမှာ၊ လူသားများ ကျင့်ကြံရန် အတွက်၊ ရည်ရွယ် ထားခြင်း ဖြစ်ပုံ ရလေသည်။
ဤနယ်မြေတွင် အဆင့် ကိုးဆင့် ရှိပြီး၊ အဆင့် တစ်ခု စီ၌၊ ကမ္ဘာသစ် တစ်ခုအား တွေ့ကြုံ ရမည် ဖြစ်သည်။
သူက မိုးကြိုးတိမ် များကို မော့ကြည့် လိုက်ပြီး၊
“ စမ်းကြည့် ရအောင်။ ”
-ဟု ဆိုကာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ မိုးကြိုး တိမ်တိုက် များနှင့် နီးရာသို့၊ ခုန်တက် လာခဲ့သည်။
ထက်ရှသော ဓား ရည်ရွယ်ချက် များဖြင့်၊ ဖွဲ့တည် နေသည့် ကောင်းကင်တွင်၊ လျှပ်ပန်း လျှပ်နွယ် များမှာ၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင်၊ လင်းလက် နေပေသည်။
သို့သော် ၎င်းကို ဂရု စိုက်ခြင်း မရှိဘဲ၊ ဤနေရာတွင် ကျင့်ကြံ မိသည့် အတွက်၊ မိမိကိုယ် မိမိ အပြစ်တင် မိမည် မဟုတ်ကြောင်း၊ သူသိသည်။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊အသက် သွင်းလိုက်ပြီး၊ ကျောက်တုံး ကြီးများပေါ်သို့ ခုန်ခုန် ကူးလိုက်ကာ၊ မိုးကြိုး တိမ်တိုက် များနှင့်၊ အနီး ကပ်ဆုံး အမြင့် ထိတိုင်၊ တိုးကပ် သွားလိုက်သည်။
'' ဒိန်း ချလိမ်း လိမ်း ... ''
မိုးခြိမ်း သံများ ပြန့်ကျဲ လာသည် နှင့်အမျှ၊ ဒုတိယ အဆင့်သို့ အလွယ် တကူ ရောက်ရှိ သွားခဲ့သည်။
ဒုတိယ အဆင့်သည် ပထမ အဆင့်နှင့်၊ သိပ်မကွာလှ သော်လည်း၊ မိုးကြိုး များမှာ၊ ပို၍ ပြင်းထန်သည်။
သို့သော် သူ့ခေါင်းကို ခါယမ်း လိုက်ပြီး၊ ကောင်းကင်သို့ ထပ်မံ ပျံတက် မိကာ၊ နာရီဝက် အကြာတွင်၊ စတုတ္ထ အဆင့်သို့ ရောက်ရှိ လာ၏။
'' ချလိမ်း လိမ်း လိမ်း.... ''
စတုတ္ထ အဆင့်တွင် ဓား ရည်ရွယ် ချက်ဖြင့်၊ ဖွဲ့တည် ထားသော ခရမ်းရောင် မုန်တိုင်း တစ်ခု ရှိနေပြီး၊ လျှပ်စီးကြောင်း များမှာ၊ မြွေနဂါး များကဲ့သို့ ကောင်းကင်တွင်၊ ပြေးလွှား နေပေသည်။
လျှပ်စီး များကို အာရုံ ခံလိုက်သော အခါတွင် ၊ သူ့ နှလုံး သားက မိုးကြိုး တိမ်တိုက် များကို၊ ကြောက်လန့် နေကြောင်း၊ သတိ ထားမိ သွား၏။
“ အခု ငါ့ရဲ့ ကန့်သတ် ချက်နား၊ နီးလာ ပုံပဲ။ ”
လင်းယွန်က ပြုံးလျက်၊ နောက်ထပ် မျောနေသော ကျောက်တုံးကြီး ပေါ်သို့၊ ခုန်တက်လိုက်၏။
ဤတစ်ကြိမ် ကျောက်တုံးကြီး ပေါ်တွင်၊ ရူရ် များနှင့် ဓား အမှတ် အသားများ ကဲ့သို့၊ ရှေးဟောင်း အမှတ် အသား များဖြင့်၊ ဖုံးအုပ် ထား သော်လည်း၊ ၎င်းတို့ကို အတိ အကျ ခွဲခြား နိုင်ခြင်း၊ မရှိ တော့ပေ။
“ ကျူးကျော်သူ၊ မင်းဓားကို ဆွဲ ... ”
ဟူသော အသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်နှင့်၊ လက်ကို ဝှေ့ယမ်းကာ ပန်းသင်္ချိုင်း ဓားအား၊ မဆိုင်း မတွ ဆင့်ခေါ်လိုက်၏။
သို့သော် ပန်းသင်္ချိုင်း ဓားမှာ၊ သူ့လက်မှ လွတ်ထွက် သွားကာ၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသည်။
'' ချလိမ်း လိမ်း.... ဒိန်း ''
ထိတ်လန့် တုန်လှုပ် နေဆဲမှာပင်၊ လျှပ်စီးကြောင်း တစ်စက မြည်သံ ပြုပြီး၊ ပန်းသင်္ချိုင်း ဓားကို ထိမှန် လာ၏။
တစ်ချိန်တည်း မှာပင်၊ ရှေးဟောင်း ကျောက်တုံး ကြီးမှာ၊ နိုးထ လာသော သားရဲ ကောင်ကြီး ကဲ့သို့၊ အလင်းရောင် ဖျော့ဖျော့များ ထုတ်လွှတ် လာလေသည်။
မိုးကြိုး ပစ်ခံ လိုက်ရသော ပန်းသင်္ချိုင်း ဓားသည်၊ ကျောက်သား မျက်နှာပြင် ပေါ်တွင်၊ နစ်မြုပ် ငြိမ်သက် သွားခဲ့သည်။
" ဓားသင်္ချိုင်း ကျောက်သား ရင်ပြင်မှာ၊ မင်းဓား ကျိုးသွားရင် မင်း သေရမယ်။ "
လင်းယွန်က တွေဝေနေ ချိန်တွင်၊ အေးစက်သော အသံက၊ ထပ်မံ ထွက်ပေါ် လာပြန်သည်။
***
( ဤတစ်ခန်း လုံးတွင်၊ သုံးနှုန်း ထားသော 'ဓား' ဆို သည်မှာ၊ ဓားရည်ရွယ် ချက်ကို ရည်ညွှန်း ပေသည်။)
***