← Chapters

အောင်မြင်မှု။

Vol. 32 Ch. 439

အောင်မြင်မှု။

Vol. 32 Ch. 439

မိုးကြိုး ပစ်ခံ လိုက်ရသော ပန်းသင်္ချိုင်း ဓားသည်၊ ကျောက်သား မျက်နှာပြင် ပေါ်တွင်၊ နစ်မြုပ် ငြိမ်သက် သွားခဲ့သည်။

" ဓားသင်္ချိုင်း ကျောက်သား ရင်ပြင်မှာ၊ မင်းဓား ကျိုးသွားရင် မင်း သေရမယ်။ "

လင်းယွန်က တွေဝေနေ ချိန်တွင်၊ အေးစက်သော အသံက၊ ထပ်မံ ထွက်ပေါ် လာပြန်သည်။

ထိုသတိပေး စကားကြောင့် ထိတ်လန့် သွား၏။ သို့သော် မကြာမီ မှာပင်၊ ကောင်းကင် ယံ၌ ပြိုးပြက် လင်းလက် နေသော၊ လျှပ်စီး ကြောင်းများက၊ သူ့ အာရုံကို စွဲဆောင် လာခဲ့သည်။

'' ဂျိန်း ... ''

ငွေရောင် လျှပ်စီး များက၊ မိုးကြိုး တိမ်တိုက်များ ကြားမှ တိုးထွက် လာပြီး၊ သူ့ထံ ဦးတည် လာ၏။

" ဒါက စမ်းသပ် မှုလား .... "

ခပ်တိုးတိုး ရေရွတ် မိသော်လည်း၊ သူ့၏ မျက်လုံး များ၌၊ ငွေရောင် လျှပ်စီး များမှာ ထက်ရှသော ဓားတစ်လက် နှင့်တူ၏။

ထို့ကြောင့် တုန့်ဆိုင်းခြင်း မရှိဘဲ၊ မူလ စွမ်းအင်ကို ဖြန့်ကျက် ကာကွယ် ထားမိသည်။

လျှပ်စီးက သူ့ခန္ဓာ ကိုယ်ပေါ်၊ ကျရောက်လာ သည်နှင့်၊ ကိုယ်တွင်း အင်္ဂါများ ယိမ်းထိုး သွားသည်ကို၊ ခံစား လိုက်ရ၏။

ဓားဖြင့် ဖွဲ့စည်း ထားသော လျှပ်စီးသည်၊ သူ့ခန္ဓာ ကိုယ်ကို ဖြတ်သွားသော အခါတွင်၊ လျှပ်စီး အတွင်းရှိ၊ ဓား ရည်ရွယ် ချက်ကြောင့်၊ နာကျင် မှုများ ဖြစ်ပေါ် လာလေသည်။

'' ဒါက ... ''

ထိုဓား ရည်ရွယ် ချက်တွင်၊ သန့်စင်သောဝိညာဉ် စွမ်းအင်များ၊ ပါရှိနေ သောကြောင့်၊ မှင်တက် သွားမိသည်။

သို့သော် ဤနေရာအား ဓားဖြင့် ဖန်တီး ထားသောကြောင့်၊ ဝိညာဉ် စွမ်းအင်ကို တွေ့ရှိ ရခြင်းမှာ အံ့သြ စရာ မဟုတ်ပေ။

မိုးကြိုး ပစ်ခြင်းသည် စမ်းသပ်မှု တစ်ခု ဖြစ်ပြီး၊ တစ်ချိန် တည်းမှာပင် အခွင့် အရေးလည်း ဖြစ်လာ၏။

ဓားသုတ္တန်ကို ဖြန့်ကျက်လိုက် ချိန်တွင်၊ သူ့ခန္ဓာကိုယ် တစ်လျှောက်၊ ပြင်းထန်စွာ စီးဆင်းနေသော ဝိညာဉ် စွမ်းအင် များကို၊ လျင်မြန်စွာ ဝါးမျို သွားသည်။

ဓားသုတ္တန်သည် ဝိညာဉ် စွမ်းအင် များနှင့်၊ ရောနှော ထားသော ဓား ရည်ရွယ် ချက်အား၊ သတိ ပြုမိ သွားသော အခါတွင်၊ ပို၍ စိတ်လှုပ်ရှား လာ၏။

ယင်းမှာ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင်၊ ဓားတိမ်ယံ အမြုတေ များကို၊ သန့်စင် ပုံနှင့် တူသည်။

'' သခင် ဆယ့်သုံး ပြောတာ မှန်တယ်၊ နည်းနည်း နာကျင် တာက လွဲရင် ...၊ ဒီနေရာက ငါ့အတွက် အခွင့် အရေး ရှိနိုင်တယ်။ ''

'ဓားသင်္ချိုင်း နယ်မြေ ' ဟူသော အမည်သည်၊ ဤနေရာဖြင့် တကယ်ပင် ထိုက်တန် ပေ၏။

မိုးကြိုးများ အကြိမ်ကြိမ် ထိမှန် ပြီးနောက်၊ ခရမ်းရောင် ပန်းမှာ တဖြည်းဖြည်း ငြိမ်သက် သွားသည်။

မိုးကြိုး ပစ်ခြင်းဖြင့်၊ စီးဝင် လာသော ဓား ရည်ရွယ် ချက်မှာ၊ ခရမ်းရောင် ပန်းအတွက်၊ အလွန် အာဟာရ ဖြစ်၏။

ဓားသုတ္တန်၌ နောက်ဆုံး အကြိမ်၊ အောင်မြင်မှု ရယူ နိုင်ခဲ့ သည်မှာ၊ မည်မျှ ကြာမြင့် နေခဲ့ ပြီကို သူ မသိ တော့ပေ။

ခရမ်းရောင် နန်းတော်၊ သားရဲ အမြုတေ နှစ်ခု ကိုပင် သန့်စင်ထား သော်လည်း၊ ဓားသုတ္တန်မှာ အဆင့် ချိုးဖြတ်မည့်၊ အရိပ် အယောင်မျှ မရှိပေ။

အောင်မြင်မှု တစ်ခု ပြုလုပ်ရန်၊ အရင်း အမြစ်မည်မျှ၊ လိုအပ် နိုင်မည်ကို မသိ သော်လည်း၊ ဤနေရာတွင် သူ့အတွက်၊ အခွင့် အရေး တစ်ခု ရှိလာ နိုင်ပေမည်။

သို့သော် ဓားရည်ရွယ် ချက်တွင် ပါရှိသော ဝိညာဉ် စွမ်းအင်မှာ၊ အလွန် နည်းပါး ပေ၏။

တစ်ဆက် တည်းမှာပင် ယင်းအစား၊ သူ၏ အာရုံမှာ နဂါး တံခါး ပြိုင်ပွဲထံ၊ ပြောင်းလဲ သွားသည်။

လက်ရှိ ခွန်အားသည်၊ နဝမ အဆင့် အထွတ် အထိပ်တွင် ရောက်ရှိ နေပြီ ဖြစ်ပြီး၊ ဒဿမ အဆင့်သို့ ချိုးဖြတ် နိုင်ပါလျှင်၊ အနိုင် ရရန် အခွင့် အေရး ပိုရ နိုင်မည် ဖြစ်၏။

အကယ်၍ ဓားသုတ္တန်တွင် အောင်မြင်မှု မရ ရရှိ ခဲ့ ပါက၊ ကျင့်ကြံ မှုကို မြှင့်တင် ရာတွင်၊ စမ်းသပ် ကြည့်ရန် စဉ်းစား မိသည်။

ထိုသို့ ဆုံးဖြတ်ချက် ချပြီးနောက်၊ နက်နဲ သွေး ပြန်ကြော ကိုးမျှဉ်ဖြင့်၊ ဓား ရည်ရွယ်ချက် ထဲရှိ၊ ဝိညာဉ် စွမ်းအင် များကို၊ ချက်ချင်း စုပ်ယူ လိုက်၏။

တချိန်တည်း မှာပင် နက်နဲ သွေးပြန်ကြော ကိုးမျှဉ်ထံ၊ ဝိညာဉ် စွမ်းအင်များ တဟုန်ထိုး စီးဝင် လာတော့သည်။

သို့သော် ဓား ရည်ရွယ်ချက် ထဲရှိ၊ ဝိညာဉ် စွမ်းအင်ကို စုပ်ယူ ရာတွင် အန္တရာယ် များလွန်းပြီး၊ ၎င်းအား အပြည့် အဝ ထိန်းချုပ်ရန် မလွယ် ကူပေ။

သည့်အပြင် သူ့ခန္ဓာ ကိုယ်အား၊ ကာကွယ် ဖို့ရန် အတွက်၊ မူလ စွမ်းအင် များလည်း၊ ပို့လွှတ် ထားရ လေသည်။

အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ သူရပ် နေသော ကျောက်သား ရင်ပြင်ကို၊ ဆက်လက် အသက်သွင်း လိုက်၏။

လျှပ်စီး များ၊ တပြိုင် နက်တည်း လင်းလက် လာသောကြောင့်၊ လျှို့ဝှက် နယ်မြေမှာ ဝင်းပ သွားလေသည်။

'' ဂျိန်း ဒ လိန်း လိန်း... ''

လျှပ်စီးများ ပြိုပြက် သွားပြီး၊ မိုးကြိုးများ ပစ်ချ လာခြင်း နှင့်အတူ၊ ခန္ဓာကိုယ် အတွင်းသို့၊ အဆုံး မရှိသော ဝိညာဉ် စွမ်းအင်များ၊ ဝင်ရောက် လာတော့၏။

နာကျင် ကိုက်ခဲ မှုကြောင့် အံကြိတ် လိုက်ရပြီး၊ ဝိညာဉ် စွမ်းအင်အား ပြန်လည် သန့်စင်ရန်၊ မူလ စွမ်းအင်ကို လှည့်ပတ် လိုက်ရသည်။

'' မလုံ လောက်သေးဘူး .... ''

ယခင်က အောင်မြင်မှု တစ်ခုကို၊ လွယ်လင့် တကူ ရယူ နိုင်ခဲ့သည့် အကြောင်း ရင်းမှာ၊ နက်နဲ သွေးပြန်ကြော တစ်ချောင်း မဖြတ်မီ၊ နဝမ အဆင့်သို့ ရောက်ရှိ နေခဲ့ သောကြောင့် ဖြစ်သည်။

ယခုမူ ဒဿမ အဆင့်သို့ လှမ်းတက် ခြင်းသည်၊ လုံးဝ ကွဲပြားသော အခြေ အနေ ဖြစ်၏။ ဓားသုတ္တန်ကို အောင်မြင်မှု ရယူ ရန်ထက် ပို၍ လွယ်ကူမည် မဟုတ်ပေ။

" ဆက် လုပ် ရအောင် .... "

ထို့နောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး၊ မိုးကြိုးများ ထပ်မံ ကျဆင်း လာခါ နီးတွင်၊ သူ့ကိုယ်သူ ကာကွယ်ရန် ထုတ်ဖော် ထားသော မူလ စွမ်းအင် အလွှာကို၊ ဖယ်ရှား ပစ်လိုက်သည်။

မိုးကြိုး ပစ်ခြင်းကို သူ့ ခန္ဓာ ကိုယ်ဖြင့်၊ တိုက်ရိုက် ခံယူ လိုက်ခြင်း ဖြစ်၏။

'' ဂျိန်း ဒ လိန်း လိန်း... ''

ယင်းအား တစ်စုံ တစ်ယောက်သာ တွေ့ရှိ သွားပါက၊ အံ့သြရ ပေလိမ့်မည်။

'' ........... ''

ဓားသင်္ချိုင်း တောအုပ် ထဲတွင်၊ ငါးဘုရင်အား ချက်ပြုတ် ခြင်းဖြင့် အလုပ်ရှုပ် နေသော သခင်(၁၃)က၊ ဝါးပင် တစ်ပင် ရုတ်ချည်း 'ဂျွတ်ခနဲ' ကျိုးကျ သွားသည်ကို ကြားလိုက် ရသောကြောင့်၊ မျက်မှောင်ကြုတ် သွားသည်။

" ဒီကောင်လေး ... ဘာလုပ် နေတာလဲ။ "

လင်းယွန်အား ပေးလိုက်သော သားရဲ အမြုတေသည်၊ အသက်ကို ကယ်တင် ရာတွင်၊ အသုံး ဝင်ခြင်း ရှိ မရှိ၊ တွေးတော မိသွားကာ၊ ချက်ချင်းပင် ခေါင်းကိုက် လာလေသည်။

ယုတ္တိ ကျကျ ဆိုရပါမူ၊ လင်းယွန် တစ်ယောက် လျှို့ဝှက် နယ်မြေ ထဲမှ၊ ဘေးကင်းစွာ ထွက်လာ နိုင်မည်။ သို့သော် သူ့ကိုယ်သူ တွန်းအား မပေး မိစေရန်၊ လိုအပ် ပေ၏။

'' ... သူ့ကိုယ် သူသာ ဘယ်လို ထိန်းချုပ် ရမလဲ ဆိုတာ ... သိနေ ခဲ့ရင်လည်း၊ ဒီအထိ ရောက်လာ နိုင်မှာ မဟုတ် ပါဘူး။ ''

သခင် ဆယ့်သုံး၏ မျက်နှာ ပေါ်တွင်၊ ခါးသက်သော အပြုံး တစ်ပွင့်၊ ဖြစ်ပေါ် လာ၏။

လျှို့ဝှက် နယ်မြေ ထဲရှိ လင်းယွန် ကမူ၊ မိုးကြိုး များကြောင့်၊ အဆုံး၌ မေ့မြော လုနီးပါး နာကျင် နေခဲ့ ရသည်။

သို့သော် သန်မာသော ရုပ်ခန္ဓာ ကြောင့်၊ အရာ အားလုံးကို ခံနိုင်ရည် ရှိလာ၏။ သူ့ခန္ဓာ ကိုယ်အား ကာကွယ်ရန်၊ မူလ စွမ်းအင် တစ်စုံ တစ်ရာ မရှိတော့ သောကြောင့်၊ အရပ် ရပ်မှ ဓားရည်ရွယ် ချက်နှင့်၊ ဝိညာဉ် စွမ်းအင်များ၊ ဝင်ရောက် လာနေ သည်ကို၊ ရှင်းလင်းစွာ ခံစား နိုင်မိသည်။

အဆိုပါ ပမာဏမှာ ယခင်က၊ သူ စုပ်ယူ ခဲ့သော ပမာဏထက် ဆယ်ဆ ပို၏။

'' ဆက်သွား ရအောင် ...မဟုတ်ရင် ဒဿမ အဆင့်ကို၊ ငါ တက်လှမ်း နိုင်မှာ မဟုတ်ဘူး။

သူ့ စိတ်အား ပြုပြင် ပြီးနောက်၊ ဓားသုတ္တန်အား ဖြန့်ကျက်ကာ၊ များပြား လှသော ဝိညာဉ် စွမ်းအင် များကို၊ နက်နဲ သွေးကြောများ ထဲသို့ ဆက်လက် လမ်းညွှန် ပေးနေ မိသည်။

လုပ်ငန်း စဉ်ကို လုပ်ဆောင် နေချိန်တွင်၊ လည်မျို အက်ကွဲ လာကာ ပူနွေးသော သွေးများ ပျို့တက် လာ၏။

ခန္ဓာကိုယ် ထဲသို့ ဝိညာဉ် စွမ်းအင်များ၊ ပိုမို ဝင်ရောက် လာသဖြင့်၊ စုတ်ပြဲ လာသော ဒဏ်ရာ များကို၊ အလျင် အမြန် ပြန်လည် ကုသ နေရသည်။

ပထမ အသုတ်အား ခံနိုင်ရည် ရှိခဲ့ ပါက၊ အရာ အားလုံး ပိုမို လွယ်ကူ လာမည်ကို၊ သူ သိသည်။ ဆိုလို သည်မှာ ဤ နယ်မြေနှင့်၊ လိုက်လျော ညီထွေ ဖြစ်လာ မည်ဟု ဆိုခြင်း ဖြစ်သည်။

နှစ်ရက် အကြာတွင် လင်းယွန် ခန္ဓာ ကိုယ်၌၊ ခရမ်းရောင် အလင်းများ၊ လွှမ်းခြုံ နေကာ ၎င်းတို့ အားလုံးတွင်၊ ဓား ရည်ရွယ် ချက်များ ပါရှိ နေပေ၏။

ထိုသို့ဖြစ် ရခြင်းမှာ၊ လျှပ်စီးကြောင်း များကြောင့် မဟုတ်ဘဲ၊ သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ ဓား ဆန္ဒများ လွန်ကဲ ပေါက်ကွဲ သွားခြင်း ဖြစ်သည်။

ယင်းမှာ အစပိုင်း အချိန် များ၌၊ ထင်ရှားခြင်း မရှိ သော်လည်း၊ နှစ်ရက် ကြာပြီးနောက်၊ ပိုးအိမ် တစ်ခုလို ခန္ဓာ ကိုယ်အား၊ ထုပ်ပိုး သွားသည်။

သို့သော် ငြားလည်း၊ လျှပ်စီးကြောင်း များက ခန္ဓာကိုယ် ထဲသို့၊ ဝိညာဉ် စွမ်းအင်များ ဆက်လက် ပေးပို့ နေဆဲ ဖြစ်သည်။

လင်းယွန်၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် များသည်၊ ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ် အတွက်၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားသော အခါတွင်၊ မျက်ဝန်း များအား အနည်းငယ် ဖွင့်ကြည့် လိုက်ပြီး၊

" အဆင့် ချိုးဖြတ်ဖို့ အချိန် ကျပြီ။ "

ဟု ရေရွတ် လိုက်သည်။

အောင်မြင်သည် ဖြစ်စေ ကျရှုံးသည် ဖြစ်စေ၊ ယင်းကို ဆုံးဖြတ်ချက် ချရမည့် အချိန်၊ ရောက်ရှိ လာပြီ ဖြစ်သည်။

မျက်ဝန်းများ အပြည့် အ၀ ပွင့်လာ ချိန်တွင်၊ မျက်ဆန်များ အတွင်းမှ လျှပ်စီးများ ပြေးထွက်လာ သကဲ့သို့၊ လင်းလက် သွားပြီး၊ သူ့ပတ်ဝန်း ကျင်ရှိ ဓား ရည်ရွယ်ချက် မှာလည်း၊ တိမ်များကို ထိုးဖောက် တော့မည်ဟန်၊ ထက်ရှ လာ၏။

ကောင်းကင်တွင် လွင့်မျော နေသော မိုးကြိုးတိမ်တိုက် များကို ကြည့်လိုက် ချိန်၌၊ ယခင်လို ကြောက်ရွံ့ မှုများ ရှိမနေ တော့ပေ။

သူ့ခန္ဓာ ကိုယ်အား တစ်ချက် ငုံ့ကြည့် လိုက်ရုံ မျှဖြင့်၊ နက်နဲ သွေးပြန် ကြောများ တစ်လျှောက် စီးဆင်း နေသော စွမ်းအင်များကို မြင်နေရ ပေသည်။

ယင်းတို့ သွားရာ လမ်းရှိ အရာ အားလုံးကို၊ ဖြိုခွဲ ပစ်ပြီး မကြာခင် မှာပင်၊ နောက်ဆုံးသော အတား အဆီးထံ ရောက်ရှိ လာ၏။

ခရမ်းရောင် ပန်းမှာ ဒါန်တမ် အတွင်း၊ အလုံးစုံ ပွင့်အာ လာပြီးနောက်၊ မြေပြင်တွင် ထိုးစိုက် ထားသော၊ ရှေးဟောင်း ဓားရှည် တစ်လက် ကဲ့သို့ ထင်ရ စေမည့်၊ တောက်ပသော ရောင်ခြည် များကို၊ ထုတ်လွှတ် လာသည်။

ခရမ်းရောင်ပန်း ပွင့်လာသော အခါတွင်၊ ကောင်းကင်နှင့် မြေကြီးကြား၊ ပန်း တစ်ပွင့်၏ ဒေါသ တကြီး ဟောက်သံများ ပဲ့တင်ထပ် သွား၏။

အက်ကွဲ သံနှင့် အတူ၊ နောက်ဆုံး အတား အဆီးမှာ ကျိုးပဲ့ သွားပြီး၊ နက်နဲ သွေးပြန် ကြောများ တောက်ပ လာကာ၊ ဒဿမမြောက် သွေးပြန်ကြော၊ စတင် ဖြစ်ပေါ် လာသည်။

တဟုန်ထိုး ပြေးဝင် လာသော စွမ်းအင် များကို၊ နက်နဲ သွေးပြန်ကြော များက၊ လောဘ ကြီးစွာ ဝါးမျို လိုက်၏၊ ပူပူနွေးနွေး ရရှိ ထားသော အောင်မြင် မှုကို တည်ငြိမ် လာစေရန်၊ နာရီ ဝက်ခန့် အချိန် ယူခဲ့ ရသည်။

အချိန်များ ကုန်ဆုံး လာသည် နှင့်အမျှ၊ ပြင်းထန်သော ဓား ရည်ရွယ် ချက်နှင့်၊ ဝိညာဉ် စွမ်းအင်များ ပျောက်ကွယ် သွားကုန်သည်။ ခရမ်းရောင် ပန်းပွင့် သည်လည်း၊ ပြန်လည် ပိတ်ကျ သွား၏။

လျှံနေသော ခရမ်းရောင် အလင်း များကို၊ မျက်ဝန်းများ ဖွင့်ကာ ထုတ်လွှတ် လိုက်သည်။ အကြည့် စူးစူး များက ထက်ရှ လာပြီး၊ ကောင်းကင်ရှိ ကြယ်ပွင့်များ ကဲ့သို့ လင်းလက် လာ၏။

နောက် တစ်စက္ကန့်တွင်၊ ပေါက်ကွဲအား ပြင်းထန်သည့် စွမ်းအင်များ၊ သူ့ ခန္ဓာကိုယ် အနှံ ဖြတ်သန်း သွားလာနေ လေပြီ။

ရှည်လျားသော အသက်ရှူ သံကို ထုတ်လိုက်ပြီး၊ ကြေနပ်စွာ ပြုံးရယ် လိုက်မိသည်။ သိုလှောင် ထားနိုင်သော မူလ စွမ်းအင်များ၏ ပမာဏမှာ၊ ယခင် ကထက် နှစ်ဆပို များကြောင်း၊ သိရှိ လိုက်ရ၏။

နောက်ဆုံး၌ အောင်မြင်မှု တစ်ခုအား၊ ရရှိ လာခဲ့ပြီ ဖြစ်ပြီး၊ ယခု ပြိုင်ပွဲတွင် လျှောက်လှမ်းရန်၊ ပို၍ ယုံကြည်ချက် ရှိလာခဲ့ လေပြီ။

နှုတ်ခမ်း တွန့်ရုံ ပြုံးလိုက်ပြီး၊ အောင်မြင်မှု ရယူ နိုင်သည့် အပေါ်၊ ဝမ်းသာ သွား၏။ ရုပ်ခန္ဓာအား အလွန် ကြံ့ခိုင် စေသည့်၊ ဒရာကိုဖီ နည်းစနစ် ကိုလည်း ကျေးဇူးတင် မိသည်။

လုပ်ငန်းစဉ် တစ်လျှောက်၊ စုပ်ယူ လိုက်သော စွမ်းအင် ပမာဏမှာ၊ အလွန် များပြား လှသဖြင့်၊ သူ့အနေ အထားရှိ အခြား မည်သူ မဆို၊ အပိုင်းပိုင်း ကွဲသွားမည် ဖြစ်၏။

အားရ ကြေနပ်စွာ ကောင်းကင်သို့ မော့ကြည့် လိုက်ပြီး၊ စတုတ္ထ အဆင့်သည် သူ့အတွက် မည်သည့် တိုးတက်မှု ကိုမျှ၊ မပံ့ပိုး ပေးနိုင် တော့ကြောင်း၊ သိလိုက် ရသည်။

ထိုအချိန် မှာပင်၊ ခရမ်းရောင် ပန်း၏ ထူးခြားသော အပြောင်း အလဲကို၊ သူ ခံစား လိုက်မိသည်။

ယင်းသည် အောင်မြင်မှု ရရှိ နိုင်မည့် လက္ခဏာ တစ်ခု ပေ ပင်လော။ သို့မဟုတ် ပဉ္စမ အဆင့်၌၊ ဆွဲဆောင်မှု တစ်ခု ရှိနေ သည်ဟု ဆိုလိုခြင်း ပင်လော။

***

All Chapters