← Chapters

အဘိုးအို နှစ်ယောက်။

Vol. 32 Ch. 440

အဘိုးအို နှစ်ယောက်။

Vol. 32 Ch. 440

အားရ ကြေနပ်စွာ ကောင်းကင်သို့ မော့ကြည့် လိုက်ပြီး၊ စတုတ္ထ အဆင့်သည် သူ့အတွက် မည်သည့် တိုးတက်မှု ကိုမျှ၊ မပံ့ပိုး ပေးနိုင် တော့ကြောင်း၊ သိလိုက် ရ၏။

ထိုအချိန် မှာပင်၊ ခရမ်းရောင် ပန်း၏ ထူးခြားသော အပြောင်း အလဲကို၊ သူ ခံစား လိုက်မိသည်။

ဤအခိုက် အတန့်တွင် ပန်းမှာ၊ ကြည်လင်သော ပန်းတစ်ပွင့် ကဲ့သို့ မဟုတ် တော့ဘဲ၊ ခရမ်းရောင် ရေခဲပန်း တစ်ပွင့် သဖွယ်၊ ပြောင်းလဲ လာသည်။

ကောင်းကင်က မိုးကြိုး တိမ်တိုက် များကို ကြည့်လိုက်ပြီး၊ လင်းယွန်က အတွေးနက် သွား၏။

ရလာဒ်မှာ သူ မျှော်လင့် ထားသည်ထက်၊ ကျော်လွန် သွားပြီး၊ အလို ရှိသည့် အချိန်တွင်၊ ဓားသုတ္တန်၏ အောင်မြင် မှုကို၊ ရယူ နိုင်လိမ့် မည်ဟု ခံစား မိသည်။

ရှေးကျသော ကျင့်ကြံမှု နည်းစနစ် တစ်ခု အနေဖြင့်၊ အဆင့်မြင့် လေလေ၊ ပို၍ ခက်ခဲ လေလေ ဖြစ်၏။ မြောက်များ စွာသော အရင်း အမြစ်များ၊ လိုအပ်ရုံ သာမက နားလည် သဘော ပေါက်မှု တွင်လည်း၊ မြင့်မားဖို့ လိုပေသည်။

အဋ္ဌမမြောက် အဆင့်တွင်၊ အချိန် အတော် ကြာအောင် ပိတ်မိ နေခဲ့ပြီး၊ နောက်ထပ် အောင်မြင် မှုကို ရယူရန် အတွက်၊ ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိ နေရန်၊ လိုအပ်ကြောင်း တွက်ဆ မိသည်။

ယခုမူ နက်နဲ ဒဿမ အဆင့်သို့ ရောက်သည်နှင့်၊ ဓားသုတ္တန်မှာ နောက်တစ်ဆင့် တက်လှမ်း လိုမည့်၊ အရိပ် အယောင်များ စတင် ပြသ လာပြီ ဖြစ်သည်။

" ဒါက ဒီလျှို့ဝှက် နယ်မြေကြောင့် များလား။ "

လင်းယွန်က တွေးရ ခက်ဟန်ဖြင့်၊ ရေရွတ် လိုက်သည်။ လျှို့ဝှက် နယ်မြေကို ဓား ရည်ရွယ်ချက် များနှင့်၊ ပြုလုပ် ထား၏။

ဤနေရာတွင် အန္တရာယ်များ ပြည့်နှက် နေသော်လည်း၊ ဓားသမား များအတွက်၊ အခွင့် အရေး တစ်ခုလည်း ဖြစ်လေသည်။

ထို့အပြင်၊ လေထု ထဲရှိ ဓားရည်ရွယ် ချက်ဖြင့်၊ ပေါင်းစပ် ထားသော ဝိညာဉ် စွမ်းအင် များမှာ၊ ပြင်ပ ကမ္ဘာထက် ပိုမို သန့်စင်၏။

ဤနေရာတွင် အောင်မြင်မှု တစ်ခုကို၊ အမှန်တကယ် ပြုလုပ် နိုင်ပုံ ရသည်။ ဖြစ်နိုင် ခြေကို တွေးလေလေ၊ ပို၍ စိတ်လှုပ်ရှား လာလေလေဖြစ်သည်။

ဓားသုတ္တန်ရှိ အဆင့်ကြီး သုံးဆင့်မှာ၊ များစွာ ခက်ခဲ ပေ၏။ ပဉ္စမ အဆင့် ပြီးနောက်တွင်၊ အသွင် ကူးပြောင်းမှု တစ်ခု ရှိပြီး၊ နဝမ အဆင့်သို့ ရောက်ရှိ ပါက၊ ခန္ဓာကိုယ် အတွင်း ဓားအစီရင် တစ်ခုကို၊ ဖန်တီး နိုင်မည် ဖြစ်သည်။

ဒဿမ အဆင့်တွင်၊ ရေခဲ ဖီးနစ် ကိုပင် ဆင့်ခေါ် နိုင်၏။

ထို့ကြောင့် ဓားသုတ္တန်ကို နဝမ အဆင့်သို့၊ ဖြတ်ကျော် နိုင်ခဲ့ ပါက၊ ဒဿမ အဆင့် ရောက်သည်ထက်၊ ပို၍ ကြောက်စရာ ကောင်းလာပေ လိမ့်မည်။

ဓား သူတော်စင်က သူ့ဓား သေတ္တာကို၊ ချိပ်ပိတ် ထားသည်ဟု ပြောခဲ့ ဖူးသည် ဖြစ်ရာ၊ ၎င်းကို ဖွင့်ရန် ဓားသုတ္တန် လိုအပ်သည်။

" ဘာပဲ ဖြစ်ဖြစ် စမ်းကြည့် ရမှာပဲ။ "

လင်းယွန်က ကျောက်တုံးကြီး ပေါ်တွင် ထိုင်ချ လိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားကို ပြန်လည် သိမ်းယူ လိုက်သည်။

တစ်ချိန်တည်း မှာပင် သူ၏ ခြေရင်း အောက်ရှိ ရှေးဟောင်း အခင်းကျင်းမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ် သွား၏။

ပဉ္စမ အဆင့်အား မတက် ရောက်နိုင်ရန်၊ ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင်က တားဆီးနေ သကဲ့သို့၊ ကောင်းကင်မှ မိုးကြိုးများ ကြွေကျ နေပေသည်။

မိုးကြိုး များကို ကြည့်ပြီး၊ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ကာ၊ လေးနက်သောခြေလှမ်း ခုနစ် လှမ်းအား၊ ထုတ်ဖော် လိုက်၏။

ခုန်လွှား ပျံသန်း နေလျက်ဖြင့်၊ မိုးကြိုး တိမ်တိုက် များနှင့် နီးကပ်လာ ချိန်တွင်၊ မိုးခြိမ်း သံများ ကျယ်လောင်စွာ ရုတ်တရက် ကြားလိုက် ရသည်။

'' ဂျိန်း ဒလိန်း လိန်း ... ''

တစ်ချိန်တည်း မှာပင် မိုးကုပ် စက်ဝိုင်းကို ဖြတ်၍၊ လျှပ်စီး ကြောင်းများ သူ့ဆီ ဦးတည် လာကြ၏။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို အသက် သွင်းလိုက် ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်ပြီး၊ ဟန့်တား လာသည့်၊ လျှပ်စီး ကြောင်းများ အပေါ် ၊ ဖြိုခွဲ ပစ်လိုက်သည်။

အတား အဆီးများ ပျောက်ကွယ် သွားသည်နှင့်၊ ကျောက်သား ရင်ပြင်ကြီး တစ်ခု ပေါ်သို့ ခုန်တက် လိုက်၏။

ကောင်းကင်၏ ငြင်းပယ်မှုကို၊ ရင်ဆိုင် ရချိန် တွင်ပင်၊ လင်းယွန်က နောက်ပြန် ဆုတ်မည့်၊ အရိပ် အခြေမျှ မပြသ ခဲ့ပေ။

ရုတ်တရက် မိုးကြိုး တိမ်များ လှုပ်ရှား လာပြီး၊ နတ်ဆိုး မျက်နှာကြီး တစ်ခု အဖြစ်၊ တဖြည်းဖြည်း ဖြစ်ပေါ် လာသည်ကို၊ တည်ငြိမ်စွာ စောင့်ကြည့် နေလိုက်သည်။

တစ်ချိန်တည်း မှာပင် တောက်ပ လာသော လတစ်စင်း ကဲ့သို့၊ သူ့ခန္ဓာ ကိုယ်မှ အလင်း တန်းများ ထွက်ပေါ် လာ၏။

" အမှောင် ခွင်းသော လမင်း "

နောက် တစ်စက္ကန့်တွင်၊ ပြိုးပြိုး ပြက်ပြက် လင်းနေသော လရောင်သည်၊ ခရမ်းရောင်အလင်းတန်း တစ်ခု အဖြစ်သို့၊ ပြောင်းလဲ သွားပြီး ကောင်းကင်ပေါ် ပျံတက် သွား၏။

လရောင် ရေစင် ဓားကို သရုပ်ဖော် အဆင့်သို့ တိုးမြှင့် လိုက်ခြင်းဖြင့်၊ ကောင်းကင် တစ်ခုလုံး လင်းလက် သွားစေမည့်၊ ခရမ်းရောင် မီးတောက်များ ထွက်ပေါ် လာလေသည်။

ထိုမီးတောက် များက နတ်ဆိုး မျက်နှာကို ခွဲထုတ် ပစ်ကာ၊ လေထဲသို့ လွင့်ပျံ့ သွားစေ ခဲ့သည်။

၎င်းကို လုပ်ဆောင် ပြီးနောက်၊ မိုးကြိုး များအား အန်တုရန်၊ ကျောက်သား ရင်ပြင်၏ အလယ် ဗဟို ဆီသို့၊ ရွေ့ပြောင်း နေရာ ယူလိုက်သည်။

မကြာမီ မိုးကြိုး တိမ်တိုက်များ၊ ထပ်မံ ရောက်ရှိ လာသော ကြောင့်၊ သူ၏ အမြင် အာရုံမှာ၊ အမှောင်များ ဖုံးလွှမ်း လာပြီး၊ အနားသို့ တိုးဝင်လာ နေသည့်၊ ဓား ရည်ရွယ်ချက် အသံများ ကိုသာ၊ ကြားလိုက် ရ၏။

ပန်းသင်္ချိုင်း ဓားအား ကိုင်ဆောင်ကာ၊ ဓား ရည်ရွယ်ချက် များကို ချက်ချင်းပင်၊ တွန်းထုတ် လိုက်သည်။

သိပ်မကြာခင် မှာပင်၊ သူသွားရာ လမ်း၌ ရပ်နေသော၊ အတား အဆီးလေး တစ်ခုကို သူတွေ့လိုက် ရသည်။

ငြင်သာစွာ ဟိန်းဟောက် သံနှင့် အတူ၊ ပန်းသင်္ချိုင်း ဓားဖြင့် ခုတ်ပိုင်း လိုက်ပြီး၊

" ချိုး ...... "

ထိုအတား အဆီးအား၊ အက်ကြောင်း တစ်ခု ထင်ဟပ် စေလိုက်သည်။

နောက်တစ် စက္ကန့်တွင်၊ အတား အဆီး အလွှာမှာ၊ အပိုင်းပိုင်း ကွဲအက် သွားပြီး၊ ပဉ္စမ အဆင့်အား ဖွင့်လှစ် နိုင်လိုက်၏။

ပဉ္စမ အဆင့်သို့ ရောက်ရှိ ချိန်၌၊ ဤနေရာနှင့် စတုတ္ထ အဆင့် အကြား၊ ကွဲပြား ခြားနား မှုကို သူ ခံစား နိုင်သည်။ ထင်သာသော ပြောင်းလဲမှုများမှာ၊ ကောင်းကင် ပေါ်ရှိ မိုးကြိုး တိမ်တိုက်များ ဖြစ်၏။

မိုးကြိုး တိမ်များမှာ အနီရောင် အဆင်းများ ရှိပြီး၊ သူတို့၌ ရာနှင့် ချီသော လျှပ်ပန်းများ ပြေးနေ သည်ကို၊ မြင်နိုင်သည်။

ကြက်သွေးရောင် လျှပ်စီး များက၊ မြေပြင်ကို ထိမိသည့် အခါ တိုင်းတွင်၊ ကျယ်လောင်သော ဆူညံ သံများ၊ ဖန်တီး လာကြ၏။

ကျယ်လောင်သော အသံ များကြား၊ သူ့ခန္ဓာကိုယ် လှုပ်ယမ်း နေသည်ကို ခံစား လိုက်ရပြီး၊ အနီး နားရှိ လွင့်မျော နေသော ကျောက်တုံး ကြီးများ၊ ပျက်စီးသွား သည်ကို မြင်တွေ့ လိုက်ရသည်။

ထိုကျောက်တုံး များ ပေါ်တွင်၊ ကျိုး သွားသော ဓားရည်ရွယ် ချက်များ တစ်ခု၊ လဲလျောင်း နေသည်ကို လှမ်းမြင် မိ၏။

၎င်းမှာ ဤနေရာတွင် အသက် ဆုံးရှုံးသွား သူ၊ များစွာ ရှိနေ သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

မိုးကြိုး တိမ်တိုက်များ အနီရောင် ပြောင်းလဲ ကုန်ရ ခြင်းမှာ၊ ထိုသူ တို့၏ သွေးများ စွန်းထင်းနေ သောကြောင့် ဖြစ်နိုင်သည်။

ကျောက်သား ရင်ပြင်ရှိ အစီရင်ကို၊ အသက် ဝင်စေရန် ပန်းသင်္ချိုင်း ဓားအား မချမီ၊ ပိုမို ကောင်းမွန်သော နေရာရှိ မရှိ၊ လှည့်ပတ် ရှာဖွေ ကြည့်လိုက်၏။

ထို့နောက်တွင် ပန်သင်္ချိုင်း ဓားအား ပစ်ချလိုက် သည်နှင့်၊ လျှပ်စီး ကြောင်းများ၊ လျင်မြန်စွာ ရိုက်ခတ် လာပြီး၊ မိုးကြိုးများ တဟုန်ထိုး ပြိုကျ လာ လေသည်။

'' ဂျိန်း ..... ''

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန်၏ ခန္ဓာကိုယ် ပေါ်သို့၊ လျှပ်စီးကြောင်း တစ်ခု ကျရောက် လာ၏။

ညည်းညူ သံများ ထွက်ပေါ် လာပြီး၊ ဆဲလ် တစ်ခုစီ တိုင်း၏၊ နာကျင် မှုကို အံကြိတ် ခံယူ လိုက်မိသည်။

သို့သော် ခန္ဓာကိုယ် ထိခိုက်မှု မရှိ တော့ပေ။ သန့်ရှင်းသော ဓား ရည်ရွယ် ချက်နှင့်၊ ဝိညာဉ် စွမ်းအင်များ စီးဝင် လာသည် ကိုသာ ခံစား နေရ၏။

" ထိုက်တန် တယ်။ "

လင်းယွန်၏ နှုတ်ခမ်း ပေါ်တွင်၊ အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ ရေရွတ် လိုက်သည်။ ဤနေရာသည် ခရမ်းရောင် ပန်းပွင့်ကို၊ ဆွဲဆောင် နိုင်သည်မှာ၊ အံ့သြ စရာ မရှိပေ။

ထို့ပြင် ယင်းတွင် စတုတ္ထ အဆင့်ထက်၊ ဆယ်ဆ ပို၍ ဝိညာဉ် စွမ်းအင်များ၊ သိပ်သည်း နေပေသည်။

တုံ့ဆိုင်း မနေ တော့ဘဲ၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှ၊ ထိုစွမ်းအင် များကို စုပ်ယူ နိုင်စေရန်၊ တင်ပျဉ်ခွေ ထိုင်ချ လိုက်၏။

ဓားသုတ္တန်ကို နဝမ အဆင့်သို့ ထိုးဖောက် ဝင်ရောက်ရန်၊ အချိန် အတော်ကြာ မိုးကြိုး ပစ်ခံ နေရသည်။

“ နည်း သွား ပြီ …”

နာရီ အနည်းငယ် ကြာပြီးနောက်၊ လင်းယွန်က မျက်လုံးများ ဖွင့်ကြည့် လိုက်ပြီး မျက်မှောင်ကြုတ် မိသည်။

သူ၏ ထင်မြင် ယူဆချက် အရ၊ ဆယ်ရက် အတွင်း အောင်မြင်မှု တစ်ခုအား၊ ရရှိ နိုင်မည် ဖြစ်၏။

သို့သော် သူ့အတွက် အချိန် မရှိ တော့ပေ။ မနက် ဖြန်တွင် ပြိုင်ပွဲထံ ပြန်သွား ရမည် ဖြစ်သည်။

မျက်စိ စုံမှိတ်ပြီး ဆုံးဖြတ်ချက် တစ်ခုအား ချမှတ် လိုက်၏။ ငါးဘုရင် သားရဲ အမြုတေကို ထုတ်ယူကာ၊ အချိန် အတော်ကြာ စိုက်ကြည့် နေမိသည်။

တစ်နေ့ အတွင်း အောင်မြင်မှု ရယူရန်၊ ငါးဘုရင်၏ အမြုတေကို အသုံးပြု လိုသည်။ ယင်းမှာ လောင်းကစား တစ်ခု မျှသာ ဖြစ်ပြီး၊ ဤနေရာတွင် အန္တရာယ် ကျရောက် ခဲ့ပါက၊ ကျိုးသွားသော ဓားရှည် များစွာ ထဲမှ တစ်ခု ဖြစ်လာ မည် ဖြစ်သည်။

လေပြင်းများ ဓားသင်္ချိုင်း တောအုပ် အတွင်း၊ ရုတ်တရက် ဝင်ရောက် တိုက်ခတ် သွားကာ ဝါးပင် များအား ယိမ်းထိုး သွားစေ၏။

ထို့ကြောင့် သခင် ဆယ့်သုံးမှာ မျက်စိ ဖွင့်ရန်ပင် ခက်ခဲ လာပြီး၊ ငါးကို ပေါင်း ရာ၌ သုံးသော မီးတောက် မှာလည်း၊ ပို၍ လောင်ကျွမ်း လာသည်။

" သူ့ကိုယ်သူ သနား နေမှာ မဟုတ်ဖူး ဆိုတာ ငါသိတယ်။ "

သခင် ဆယ့်သုံးက မျက်မှောင်ကြုတ် လိုက်သော်လည်း၊ ငါးဘုရင်ကို ပေါင်းရာ၌ ထွက်လာသော မွှေးရနံ့ များကြောင့်၊ ပြုံးသွားသည်။

“ ဘယ်လို ရနံ့ မျိုးလဲ။ ”

ပိန်ပိန် ပါးပါး အဘိုးအို တစ်ယောက်၊ ဝါးတော ထဲမှ ရုတ်တရက် ထွက်ပေါ် လာပြီး၊ လေထုထဲ နှာခေါင်း တရှုပ်ရှုပ် လုပ်ကာ၊ ရေရွတ် လိုက်လေသည်။

သူ့ မျက်ဝန်း များက ငါးဟင်း အိုးထံ ပြုံးလျက် စိုက်ကြည့် နေကာ၊ ထိုဟင်း အိုးနှင့် နီးစပ်ရာ ထိုင်ခုံ တစ်လုံးတွင်၊ ဝင်ထိုင် ချလိုက်၏။ ပြီးနောက် ငါးအသား တစ်ပိုင်းကို ကောက်ယူရန် လက်လှမ်း မိလေသည်။

သို့သော် သခင်ဆယ့် သုံးချောင်းက၊ လက်ကောက် ဝတ်အား ရိုက်ပုတ် ဟန့်တား လာပြီး၊ ပိန်ပိန် ပါးပါး အဘိုးအိုကို စိုက်ကြည့်ကာ၊

“ မဖိတ်ဘဲ လာတာ၊ ရှက်စရာ ကောင်းလွန်း ပါတယ်၊ ဒါတောင် ငါးရဲ့ အကောင်းဆုံး အပိုင်း၊ လခြမ်း အသားကို ထိချင် နေသေး တာလား ... ။ ”

နှင်းနဂါး ငါးကြင်း၏ ပါးဟက်များ ကြားတွင်၊ လခြမ်း ပုံသဏ္ဍာန် ရှိသော အသား တစ်ပိုင်း ရှိသည်။

ပိန်ပိန် ပါးပါး အဘိုးအိုက၊ သခင် ဆယ့်သုံး စကားကြောင့်၊ ရှက်ရွံ့သော အပြုံးကို ထုတ်ဖော်ကာ၊ ဝိုင်အို တစ်အိုးအား ထုတ်ယူ လိုက်၏။

“ ဒီမှာ လက်ဗလာနဲ့ လာရတာ ... ငါ့ပုံစံ မဟုတ် ပါဘူး။ ”

စကားဆုံး သည်နှင့်၊ ဝိုင်အိုး အဖုံးအား လှစ်ဟ လိုက်သည်နှင့်၊ မွှေးရနံ့ များ လွင့်ပျံ လာလေသည်။ ဝိုင်အိုး ထဲရှိ ဝိုင်မျက်နှာ ပြင်တွင်၊ ပန်းပွင့်ချပ် များစွာ မျောနေပြီး၊ ရနံ့မှာ မူးဝေ သွားစေ၏။

" အေးစိမ့် နှင်းရည် ... ။"

သခင် ဆယ့်သုံး၏ မျက်လုံးများ တောက်ပလာသည်။ သူက ပိန်ပိန် ပါးပါး အဘိုးအိုကို ကြည့်ပြီး ပြုံးလိုက်ကာ၊

" ဒီ 'အေးစိမ့် နှင်းရည်' ဝိုင်အတွက်၊ ပန်း တစ်ပွင့်ကို ဆယ်စုနှစ် တစ်ခုလောက်၊ ပြုစု စောင့်ရှောက် ခဲ့ရတယ် မဟုတ်လား။ "

“ ငါးကို ဆယ်နှစ်ကြာ မွေးမြူ ထားခဲ့တဲ့၊ မင်းနဲ့ အတူတူ ပါပဲ။ ”

ဟု ပိန်ပိန် ပါးပါး အဘိုးအိုက ပြုံးကာ၊ ဆိုလိုက်သည်။ သူ ကပင် ဆက်၍၊

“ ခရမ်းရောင် နန်းတော် နယ်မြေကို မရောက်ခင်၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ ဆုပ်ကိုင် ဖို့ဆိုတာ လက်တွေ့မှာ မဖြစ် နိုင်ဘူး၊ အဲ့ဒါကြောင့် မင်းသူ့ကို ဓားသင်္ချိုင်း နယ်မြေထဲ ပို့လိုက် တာလား။ ''

“ မင်းက တော်တော် တွေးခေါ် တတ်တာပဲ။ ”

" ဟား ဟား ဟား၊ ဘိုင်လိရွှမ်နဲ့ သူ့ရဲ့ အာဃာတ တွေကို အပြာရောင် နေမင်း နယ်မြေ ထဲမှာ ဖွဲ့စည်း မိခဲ့တယ်၊ တစ်ချိန် တုန်းက ငါတို့ နှစ်ယောက်လုံး၊ ခရမ်းရောင် ဓား သူတော်စင်ရဲ့ အမွေ အတွက်၊ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေ တစ်ခု လုံးကို၊ မြေလှန် ခဲ့ကြတာ မှတ်မိ နေသေးတယ်၊ ... ''

'' ... လူမိုက် မဟုတ် သရွေ့၊ သူက ခရမ်းရောင် ဓား သူတော်စင်ရဲ့ အမွေကို၊ ရယူ နိုင်ခဲ့တယ် ဆိုတာ၊ ဘယ်သူ မဆို ခန့်မှန်း နိုင်ပါတယ်၊ ဒါပေမယ့် မင်းကတော့ ခြွင်းချက်ပဲ။ ”

ပိန်ပိန် ပါးပါး အဘိုအိုက အထင် အမြင်သေး ဟန်ဖြင့်၊ သခင် ဆယ့်သုံးကို ကြည့်လိုက်သည်။

" မင်း တစ်ယောက်တည်း၊ ထက်မြက် တယ်လို့ ထင်နေ တာလား၊ ဝမ်ယန်ကို သတ်လိုက် တာကြောင့်၊ နက်နဲ သွေးပြန် ကြောကို ဖျက်ဆီး ပစ်လိုက်တဲ့ လုပ်ရပ်မျိုး ... ငါ ဘယ်တော့မှ မလုပ်ဘူး။ ”

သခင် ဆယ့်သုံးက ဒေါသ တကြီး၊ တုန့်ပြန် လိုက်သည်။ သူတို့ စကား စမြည် ပြောဆို နေစဉ်၊ လက်များကို မရပ် တန့်ဘဲ၊ 'တူ'များ အသုံး ပြုကာ၊ ဓားများ ကဲ့သို့ ငါးဟင်းအိုး ထဲ၌၊ တိုက်ခိုက် နေပေသည်။

အချင်းချင်း ရန်ဖြစ် နေကြ သော်လည်း၊ လခြမ်း အသားကို မည်သူမျှ မထိ ကြပေ။

နဂါးသွေး မြင်းက မွှေးကြိုင်သော ရနံ့ကြောင့်၊ အဝေးမှ ပြေးလွှား လာကာ၊ သွားရည် 'တများများ' ကျလျက် ငါးဟင်း အိုးအား၊ စိုက်ကြည့် လိုက်သည်။

သခင် ဆယ့်သုံးနှင့် ပိန်ပိန် ပါးပါး အဘိုးအိုမှာ၊ သူ့ကို လက်ညိုး တစ်ချက် ဖြင့်ပင်၊ သတ်နိုင်ကြောင်း သိရှိ ထား၏။

ထို့ကြောင့် မလှမ်း မကမ်းတွင် ရပ်လိုက်ပြီး၊ အဘိုးအို နှစ်ယောက်ထံ မျှော်လင့် တကြီး ငေးကြည့် နေမိသည်။

တကယ် ၍သာ အဘိုးအို နှစ်ယောက်၏ ဒေါသများ ပေါက်ကွဲ သွားပါက၊ ရုတ်တရက် ဟင်းအိုး လွင့်စင် မလာ နိုင်ကြောင်း၊ မည်သူမျှ မပြော နိုင်ပေ။

" မင်း ... ဘာတွေ ပြောနေ တာလဲ၊ နဂါး မျက်လုံးက ဘယ်မှာလဲ။ "

သခင် ဆယ့်သုံးကို၊ ပိန်ပိန် ပါးပါး အဘိုးအိုက မေးသည်။ နဂါး မျက်လုံး များမှာ၊ ဤနှင်းနဂါး ငါးကြင်းတွင်၊ အမြတ်ဆုံး ရတနာ ဖြစ်သည်။

“ သဘာဝ အတိုင်း ငါသိမ်း ထားတယ်၊ အဲဒါကို 'နှင်းနဂါး ငါးပုလဲ' အဖြစ် သန့်စင် ပြီးရင်၊ ချန်ပီယံ ဖြစ်တဲ့ အခါ၊ သူကို ပေးမလို့ စီစဉ် နေတယ်။ ”

ဟု သခင် ဆယ့်သုံးက ဆိုသည်။

" ဟား ဟား ဟား၊ မင်းက တကယ် စေတနာ ကောင်းတဲ့ သူပဲ၊ ငါသာ အမှတ် မမှားရင်၊ မင်းက ' နဂါး မျက်စောင်း' ကို ကျင့်ကြံဖို့၊ စီစဉ် နေတာ မဟုတ်လား။ "

ပိန်ပိန် ပါးပါး အဘိုးအိုက အံ့သြ သွား၏။

" ဟမ့် .... ၊ ငါ့ မျက်လုံးကို ကောင်းကောင်း ဖမ်းစား နိုင်တဲ့ သူ အတွက်၊ သဘာဝ အတိုင်း ကြင်နာ ရမယ်၊ ငါက တွန့်တို ကောက်ကျစ်တဲ့ သူ မဟုတ်ဘူး။ ”

သခင် ဆယ့်သုံးက အေးစက်စွာ ပြန်ဖြေသည်။ 'နဂါး မျက်စောင်း' အား လေ့ကျင့်ရန်၊ 'နှင်းနဂါး ငါးပုလဲ' ကို လိုအပ် ပေသည်။

ပိန်လှီသော အဘိုးအိုက ထိုစကားများ အပေါ်ပြန်လည် ငြင်းခုန်ခြင်း မပြု တော့ဘဲ၊ နှုတ်ဆိတ် သွားသည်။

ဤအခိုက် အတန့်တွင် သူတို့ နှစ်ဦး စလုံး၏၊ အာရုံကို ဖမ်းစား နိုင်သော အလင်း တန်းများ၊ ဓားသင်္ချိုင်း နယ်မြေ အတွင်းမှ၊ ပြိုးပြိုး ပြက်ပြက် ထွက်ပေါ် လာတော့သည်။

***

All Chapters