← Chapters

ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။

Vol. 32 Ch. 441

ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။

Vol. 32 Ch. 441

ပိန်လှီသော အဘိုးအိုက၊ သခင် ဆယ့်သုံး၏ စကားများ အပေါ်၊ ပြန်လည် ငြင်းခုန်ခြင်း မပြု တော့ဘဲ၊ နှုတ်ဆိတ် သွားသည်။

ဤအခိုက် အတန့်တွင် ဓားသင်္ချိုင်း နယ်မြေ အတွင်းမှ၊ စူးရှသော အလင်းများ ထွက်ပေါ် လာတော့၏။

၎င်းအား မြင်လိုက် ရသည်နှင့်၊ အဖိုးအို နှစ်ဦး၏ မျက်နှာ များမှာ၊ တဖြည်းဖြည်း လေးနက် လာသည်။ ခဏ အကြာတွင် ပိန်လှီသော အဘိုးအိုက ဖျော့တော့စွာ ပြုံးပြ လိုက်ပြီး၊

“ ဒီကောင်လေးက အမြဲ၊ အေးအေး ဆေးဆေး နေချင်ပုံ မရဘူး၊ 'နှင်းနဂါး ငါးပုလဲ' ကို ပေးဖို့၊ မင်း အတွက် အခွင့် အရေး မရှိ တော့မှာ၊ ငါကြောက် မိတယ် …။ ”

“ အားလုံးကို ကံတရား လို့သာ မှတ်လိုက်ပါ၊ သူ ရွေးချယ် ပြီးမှတော့ ... နောက်ဆက်တွဲ အကျိုးဆက် တွေကို၊ သူသိ ပြီးသား ဖြစ်ပါ လိမ့်မယ်။ ”

ဟု သခင် ဆယ့်သုံးက ပြန်ဖြေသည်။ ၎င်းတို့၏ ကျင့်ကြံမှု အရ၊ ဓားသင်္ချိုင်း နယ်မြေရှိ၊ ပြင်းထန်သော စွမ်းအင် အတက် အကျကို ခံစား မိပြီး ဖြစ်သည်။

ယင်းမှာ ပုံမှန်ထက် ဆယ်ဆ ပိုအား ကောင်းပြီး၊ သူတို့ နှစ်ဦးပင် လျှော့တွက် ဝံ့မည် မဟုတ်ပေ။

လင်းယွန် တစ်ယောက် အောင်မြင်မှု တစ်ခု ရယူရန်၊ အရေး ကြီးသော အခိုက် အတန့်တွင်၊ ရောက်ရှိ နေပြီး ဖြစ်ကြောင်း၊ သိရှိ လိုက်သည်။

အဖိုးအို နှစ်ဦး ခန့်မှန်း ထားသကဲ့ သို့ပင်၊ လင်းယွန် ရောက်ရှိ နေသည့်၊ ကျောက်သား ရင်ပြင်တွင်၊ ဓား ရည်ရွယ် ချက်များ ရစ်သိုင်း နေပေ၏။

တစ်စုံ တစ်ယောက် အနေဖြင့်၊ အဝေးမှ လှမ်းကြည့် မိပါက၊ ကျောက်သား ရင်ပြင်၌ စူးရှသော အလင်းများ ရစ်သိုင်း နေသည်ကို၊ ရှင်းလင်းစွာ မြင်ရ ပေမည်။

ငါးဘုရင်၏ သားရဲ အမြု တေကို၊ သန့်စင် ရာတွင် ပြီးဆုံး တော့မည် ဖြစ်သော်လည်း၊ စူးရှ တောက်ပသော အလင်း ရောင်များ၊ ထွက်ပေါ် နေမြဲ ဖြစ်သည်။

သူ့ အနေဖြင့် ဤသားရဲ အမြုတေတွင် ပါရှိသော၊ စွမ်းအား အပေါ် လျှော့တွက် မိခဲ့သည်။

ဆယ်နှစ် တိုင်တိုင်၊ ခရမ်းရောင် နန်းတော် သားရဲ အမြုတေများ ကျွေးကာ၊ မွေးမြူ ထားသောကြောင့်၊ ၎င်း၏ စွမ်းအင်မှာ အလွန် သန့်စင် နေပေ၏။

မိုးကြိုး တိမ်တိုက်များ၊ ကောင်းကင်၌ မျောလွင့် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို၊ ထုတ်လွှတ် လာသည်။

တိမ်တိုက်များ အတွင်းမှ၊ ဓား ရည်ရွယ် ချက်များ ယိုကျ လာ၏၊ ပတ်ဝန်းကျင်တွင် စီးဆင်း နေသော စွမ်းအင်များ မှလွဲ၍၊ အရာ အားလုံး တိတ်ဆိတ် နေလေပြီ။

ဤမျှ သေးငယ်သော နယ်မြေ အတွင်း၊ ဆင်းသက် လာသော ဖိအား များကြောင့်၊ လင်းယွန်၏ မျက်နှာက လေးနက် သွားသည်။

ဓားသုတ္တန်ကို အောင်မြင်အောင် မလုပ်ဆောင် နိုင်ပါလျှင်၊ သူ၏ မျှော်လင့်ချက် များမှာ ပြာအဖြစ်၊ လွင့်ပါး သွား ပေလိမ့်မည်။

ထို့ကြောင့် ဖြာထွက် နေသော အလင်း တန်းများ နှင့်အတူ၊ သားရဲ အမြုတေကို သန့်စင်ရန်၊ အရူး အမူး ကြိုးစား မိခြင်း ဖြစ်သည်။

အောင်မြင် မှုအား ထပ်မံ ရယူရန် အတွက်၊ တစ်ခု တည်းသော အခွင့် အရေးမှာ၊ သားရဲ အမြုတေကို သန့်စင် ရန်သာ ဖြစ်ကြောင်း၊ သူသိ၏။

ရုတ်တရက်၊ ခရမ်းရောင် ပန်းသည်၊ ပြင်းထန်သော ဓားရည်ရွယ် ချက်ကို ထုတ်လွှတ်ကာ၊ ကျန်ရစ် နေသော သားရဲ အမြုတေကို ဝါးမြို သွားခဲ့သည်။

အသွင် အပြင် အရ၊ အသိစိတ် ရှိနေ သကဲ့သို့၊ ခရမ်းရောင် ပန်းငယ်က ရရှိ လာနိုင်မည့်၊ အန္တရာယ် ကိုလည်း၊ သတိ ထားလာသည်။

ထို့နောက် ပန်းပွင့် အတွင်း၌၊ သားရဲ အမြုတေအား လျင်မြန်စွာ သန့်စင် လိုက်၏။

ကောင်းကင်မှ ဓား ရည်ရွယ် ချက်များ၊ ကျဆင်း လာသော အခါတွင်၊ သက်ရောက် နေသည့် ဖိအား များက၊ ပို၍ ပြင်းထန် လာသည်။

ထိုအချိန်တွင် လက်ကျန် သားရဲ အမြုတေကို သန့်စင်ရန်၊ စိတ်အား ထက်သန် နေမိသည်။

ထို့ကြောင့် ခရမ်းရောင် ပန်းက၊ အမြုတေကို အဆုံးသတ် သန့်စင် လိုက်ချိန်တွင်၊ အပ်စိုက်မှတ် များထံ စီးဝင် လာသော လျှပ်စီး ကြောင်းများအား၊ တပြိုင် နက်တည်း ခံစား လိုက်ရသည်။

ထိုလျှပ်စီး ကြောင်းများ အားလုံးကို၊ ခရမ်းရောင် ပန်းထဲသို့ ထပ်မံ စုစည်း လိုက်သော အခါ၊ ပန်းမှာ ကွဲအက် သွားလေသည်။

ချက်ချင်းပင် ခရမ်းရောင် ပန်း တစ်ပွင့်၊ ပြန်လည် ဖြစ်ပေါ် လာပြီး၊ သလင်းကျောက်ကဲ့သို့ ကြည်လင် လာကာ၊ ယခင် ကထက် ပို၍ အနုစိတ် ကျလာ၏။

ထို့အပြင် ပန်း၏ အလယ် ဗဟို၌ ကြက်သွေးရောင် ဖျော့ဖျော့များ တောက်ပ နေသည့်၊ အပင်ငယ် တစ်ပင်လည်း ထပ်မံ ပါရှိ လာကာ၊ ပန်းပွင့်ကို အသက်ဝင် သွားစေသည်။

အသစ် ဖွဲ့တည် လာသော၊ ပန်းပွင့်ကို မြင်ပြီးနောက်၊ သူ၏ ခံစားချက် များအား ဖော်ပြရန်၊ စကား လုံးများ မရှိ တော့ပေ။

၎င်းကို အတင်း အကြပ် ပြောပြ ရမည် ဆိုပါက၊ ညို့အား ပြင်းလွန်း သည်ဟုသာ ပြောနိုင် ပေမည်။ ခရမ်းရောင် ပန်းမှာ၊ ပန်းဘုရင် တပါး ကဲ့သို့၊ မွန်မြတ် သန့်စင်ပြီး၊ မှော်ဆန် လှ၏။

ပန်း တစ်ပွင့် သဏ္ဍာန်၊ လုံးလုံး လျားလျား ဖြစ်တည် လာပြီးနောက်၊ ထူးခြားသော အသံတစ်သံက၊ သူ့ အကြား အာရုံထဲ တိုးဝင် လာတော့သည်။

ခရမ်း ရောင်ဝတ် လူရွယ် တစ်ဦးက၊ စိတ် အာရုံ ထဲ၌ ထွက်ပေါ် လာပြီးနောက်၊ ခန္ဓာ ကိုယ်ကို လွှဲရမ်းကာ၊ သူ့လက်ချောင်း များအား၊ ဓားတစ်လက် ကဲ့သို့၊ တွန်းထုတ် လိုက်လေသည်။

“ ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ ”

လူရွယ် ထံမှ လျှို့ဝှက်ဆန်း ကြယ်သော ဓားတံဆိပ် တစ်ခု ပွင့်လာပြီး၊ သူ့နောက်တွင် ကြီးသော ခရမ်းရောင် ပန်းကြီး တစ်ပွင့် ထင်ဟပ် လာလေသည်။

တစ်ဆက် တည်းမှာပင် သူ့ခန္ဓာ ကိုယ်မှ၊ ကြောက်မက်ဖွယ် ကောင်းသော ဓားရည်ရွယ် ပေါက်ကွဲ ထွက်လာ၏။

ထို့နောက် ခရမ်းရောင် ပန်းမှာ၊ ကောင်းကင်သို့ ဦးတည်ကာ၊ ခပ်ရွှေရွှေ အနေ အထားဖြင့် ပွင့်သွားသည်။

ရုတ်တရက် ကြောက်စရာ ကောင်းသော၊ လေ စုပ်ဝဲကြီး တစ်ခု ဖြစ်ပေါ် လာကာ၊ ဤနယ်မြေအတွင်းရှိ အရာ အားလုံးကို၊ ပန်းပွင့်က စုပ်ယူ ဝါးမျို လိုက်၏။ အဖိုးအိုမှာ နတ်ဆိုး တစ်ကောင် ကဲ့သို့၊ ထိုစုပ်ဝဲ အတွင်း ပျောက်ကွယ်သွား ခဲ့သည်။

မြင်ကွင်းကြောင့် ထိတ်လန့် သွားပြီး၊နှလုံးသား ထဲတွင် ခံစားချက်များ ပြည့်နှက် သွား၏။ ခရမ်းရောင်ဝတ် ထားသော ထိုလူရွယ်မှာ၊ ခရမ်းရောင် ဓားသူတော်စင် ဖြစ်နိုင် ပေမည်။

လူရွယ်၏ ပုံရိပ်သည် သူ့ စိတ်ထဲတွင် အဆက် မပြတ် ဖြစ်ပေါ် နေခဲ့ပြီး၊ သူ ရိပ်မိ လာသည့် အချိန်တွင်၊ ထူးခြားသော လှုပ်ရှားမှု တစ်ခုကို၊ ပြောင်မြောက်စွာ လုပ်ဆောင် နေသည့်၊ အခိုက် အတန့် ဖြစ်သည်။

သို့သော် ထိုသို့ ပြောင်မြောက်သော လုပ်ဆောင် မှုကို ထုတ်ဖော် ရာတွင်၊ မူလ စွမ်းအင်များ အားလုံး ကုန်ဆုံး စေမည် ဖြစ်သောကြောင့်၊ ၎င်းအား သူ၏ နောက်ဆုံး လှုပ်ရှားမှု အဖြစ်သာ အသုံးပြု နိုင်ပေမည်။

ဆိုလို သည်မှာ ပြိုင်ဘက် သေသည် ဖြစ်စေ၊ သူသေသည် ဖြစ်စေ လောင်းကြေး ထပ်ရ မည်ဟု ဆိုခြင်း ဖြစ်ပေသည်။

(သူသေ ကိုယ်သေ တိုက်ခိုက်ရန် ။)

ခရမ်းရောင် ဓားသူတော် စင်က ပြန်လည် ပျောက်ကွယ် သွားသော်လည်း၊ သူ၏ လျှို့ဝှက် ဆန်း ကြယ်သော ဓားတံဆိပ် အကြောင်း၊ အဆက် မပြတ် စဉ်းစား နေမိသည်။

ထို့ကြောင့် သူ့ခန္ဓာ ကိုယ်မှ ခရမ်းရောင် အလင်း တန်းများ၊ ရုတ်တရက် ထွက်ပေါ် လာ၏။

တစ်ချိန် တည်းမှာပင်၊ သွေးဆာ နေသော ဟိန်းဟောက်သံ တစ်သံက ပတ်ဝန်း ကျင်၌ ပဲ့တင် မြည်ဟီး လာ၏။

မိုးကြိုးများ တစ်ချက် နှစ်ချက် ပစ်ပြီးနောက်၊ကျောင်းသား ရင်ပြင် ပေါ်၌၊ နီညိုရောင် ဓား တစ်လက်ကို ကိုင်ဆွဲ ထားသော၊ နတ်ဆိုး တစ်ကောင် ဖြည်းညှင်းစွာ ထွက်ပေါ် လာသည်။

နတ်ဆိုး၏ ဓားရှေ့တွင်၊ အရာ အားလုံး ပျက်စီး နေ၏။ ဤနေရာ၌ နှစ်ပေါင်း ထောင်ချီ ရှိနေပြီ ဖြစ်သော၊ ကျောက်တုံး ကြီးများ သည်ပင်၊ စက္ကူဖြူ တစ်ရွက် ကဲ့သို့ စုပ်ဖြဲ ခံလိုက် ရသည်။

ဤမြင်ကွင်းကြောင့် လင်းယွန်၏ မျက်လုံးများ ပြူးကျယ် သွားသည်။ ကြက်သွေးရောင် ဓားဖြင့်၊ မြင်မြင် သမျှ ခုတ်ပိုင်း နေသော နတ်ဆိုး ကြီးသည်၊ တောင်ကြီး တစ်လုံး နှင့်တူပြီး၊ သူက မြေကမူလေး မျှသာ ဖြစ်၏။

'' သေစမ်း .... "

တစ်စုံ တစ်ရာ အတွက် စဉ်းစားရန်၊ အချိန် မလောက် တော့ဘဲ၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်လိုက်ရသည်။

အကြောင်း တစ်စုံ တစ်ရာကြောင့်၊ ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် လိုက်ရ ချိန်တွင်၊ ထိတ်လန့် နေသော သူ့နှလုံး သားက၊ ပြန်လည် ငြိမ်သက် သွားတော့၏။

( မိတ်ဆွေလေး ၊ ငါ မင်းကို ထပ်ပြီး အားကိုး ရတော့မယ် ... )

ဤဓားဖြင့် အလွန် အမင်း ရင်းနှီး လာပြီ ဖြစ်ရာ၊ သူ့နှလုံး သားသည် ၎င်းနှင့် ချိတ်ဆက် မိနေပြီ ဖြစ်သည်။

စကား တစ်ခွန်းမျှ ပြောစရာ မလိုဘဲ၊ ဓားက လင်းယွန်၏ ခံစား ချက်များ အတိုင်း၊ စူးရှသော အသံကို၊ ထုတ်လွှတ် လိုက်သည်။

သေခြင်း တရားကို ရင်ဆိုင် ရတော့မည် ဖြစ်ရာ၊ လင်းယွန်က ပြုံးလိုက် ပြီး၊ 'ဤနေရာ၌ မသေရ' ဟူသော၊ ခံယူ ချက်အား မွေးယူ လိုက်သည်။

ကြက်သွေးရောင် ဓားကြီးက၊ နတ်ဆိုး နှင့် အတူ၊ သူ့ထံ ရောက်လာ ခါနီးတွင်၊ ပန်းသင်္ချိုင်း ဓားအား လွှဲရမ်း ယူလိုက်၏။

တစ်ချိန်တည်း မှာပင်၊ ဒါန်တမ် အတွင်းရှိ ခရမ်း ရောင်ပန်းမှာ၊ ပွင့်အာ လာပြီး ပြိုင်ဘက် ကင်းသော ဓားရောင်ဝါကို ထုတ်လွှတ် လာသည်။

“ ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ ”

ခရမ်းရောင် ပန်းပွင့် လာသော အခါတွင်၊ ထူးထူး ခြားခြား မြင်ကွင်း တစ်ခု၊ ဖြစ်ပွား လာခဲ့သည်။

နတ်ဆိုးနှင့် ဓားကို အမှန် တကယ် တားဆီး နိုင်ခဲ့ သော်လည်း၊ နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ လာကာ၊ ဖြူဖျော့ သွားလေသည်။

အခြား တစ်ဖက်တွင် ကျောက်သား ရင်ပြင် အနှံ့၊ အက်ကြောင်းများ ပျံ့နှံ့ လာ၏။

" ထွက် သွား .... "

လင်းယွန်က ဟောက် လိုက်ပြီး၊ ယင်းအခိုက် အတန့်ကို အခွင့်ကောင်း ယူကာ၊ နောက်ဆက်တွဲ စွမ်းအင် များအား ရှောင်တိမ်းရန်၊ ခုန်လွှား လိုက်သည်။

ထို့ ကြောင့် ကြက်သွေးရောင် ဓားသည်၊ သူ ရပ်နေ ခဲ့သော ကျောက်သားပြင် ပေါ်သို့၊ ထိုးကျ သွား၏။

တစ်ချိန်တည်း မှာပင်၊ အခြားသော ကျောက်တုံးကြီး တစ်တုံးပေါ်၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ လင်းယွန်က ပြန်လည် ကျဆင်း လာသည်။

တင်းကြပ်လာ သောကြောင့်၊ ရင်ဘတ်ကို ဖိကာ အလော တကြီ၊ အသက်ရှူ ထုတ်လိုက် ရ၏။

သူ့ အသွင် အပြင်မှာ၊ ဆံပင်များ ပြန့်ကျဲ ကုန်ပြီး နှာခေါင်း၊ မျက်လုံးနှင့် နား ဆီမှ သွေးများ စီးကျ နေလေသည်။

ထိုဓားကို လွှဲရုံ မျှသာ ဖြစ်သော်လည်း၊ ပြင်းထန်သော ဒဏ်ရာ များကို၊ ရရှိလာ စေသည်။

သို့သော် နတ်ဆိုး၏ ဓားကို လွတ်မြောက် သွားကြောင်း၊ သိလိုက် ရသောကြောင့်၊ သူ့ နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာ၏။

ဓားသင်္ချိုင်း တောအုပ် အတွင်းရှိ အဘိုးအို နှစ်ဦးက၊ ခေတ္တမျှ ထိတ်လန့်သွား ကြသည်။ အချိန် အတော်ကြာ ငြိမ်သက်နေ ပြီးနောက်၊ သခင် ဆယ့်သုံးက သူ့မုတ်ဆိတ် မွှေးကို ရိုက်ကာ ပြုံးရယ် လာ၏။

“ ကံ ကောင်းတယ် ... အရမ်း ကံ ကောင်းတယ်။ ”

ဝိုင်ကို တစ်ငုံ သောက်ပြီး၊ ပျော်ရွှင် နေသော သခင် ဆယ့်သုံးကို ကြည့်ကာ၊ ပိန်ပိန် ပါးပါး အဘိုးအိုက ပြုံးလိုက်၏။ သူက၊

“ အမှန်ပဲ၊ သူ့ အသက်ကို ကောင်းကင် ကနေ ပြန်လု ယူနိုင် ခဲ့တယ်၊ ဓားသင်္ချိုင်း နယ်မြေမှာ အရိုး တွေနဲ့ ပြည့်နေ ပေမယ့် ... သူကတော့ တကယ်ပဲ အသက် ရှင်လျက် ထွက်လာနိုင် ပါပြီ။ ”

ဟင်းအိုး ထဲတွင် နှင်းနဂါး ငါးကြင်း၏ အသား များဖြင့် ပြည့်နှက် နေသည်။ အဘိုးအို နှစ်ယောက်က၊ အသား၏ သုံးပုံ တစ်ပုံကို စားသုံးခဲ့ သော်လည်း၊ လခြမ်း အသားကို မည်သူမျှ မထိ ကြပေ။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်ခြေ မပျက် စောင့်ကြည့်ကာ၊ တစ်ယောက် ယောက်က လှမ်းကိုင်ရန်၊ ပြင်လိုက် ချိန်တိုင်းတွင်၊ ကျန်သည့် သူမှ 'တူ' တစ်စုံဖြင့်၊ ခုတ်ထစ် ဟန့်တား လာပေမည်။

နဂါးသွေး မြင်းမှာမူ၊ မလှမ်း မကမ်းရှိ မြေပြင် ပေါ်တွင် လှဲလျက်၊ တံတွေးများ ရွှဲရွှဲ စို နေသော အမူ အရာဖြင့်၊ ဟင်းအိုးအား သနားစရာ ကောင်းစွာ စောင့်ကြည့် နေခဲ့ လေသည်။

" စီနီယာတို့ ငါးဘုရင်ကို စားနေ ကြတာလား၊ ဒီဂျူနီယာကို ရေတွက် ထားပါ …။ ”

ထိတ်လန့် စရာ ကောင်းသော အသွင် အပြင်ဖြင့်၊ လင်းယွန် တစ်ယောက် ဝါးတော ထဲမှ၊ ပြုံးလျက် ထွက်လာ လေသည်။

ဤမျှ မြန်ဆန်စွာ ထွက်လာ နိုင်လိမ့် မည်ဟု၊ မမျှော်လင့် ထားသော ကြောင့်၊ အဖိုးအို နှစ်ဦးက အံ့သြ သွားခဲ့သည်။

သူတို့ မှင်တက် နေစဉ် မှာပင်၊ လခြမ်း အသားကို တူဖြင့် ကောက်ယူပြီး၊ ပါးစပ်ထဲ ပစ်ထည့် လိုက်၏။

“ အိုး ... အရသာ ရှိလိုက်တာ၊ နဂါးလေး လာစားကြည့် ...။ "

ပါးစပ် ထဲ၌ အရည်ပျော် သွားသော လခြမ်း အသားကြောင့်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာကာ၊ နဂါး လေးအား ဝမ်းသာ အားရ လှမ်းခေါ် လိုက်သည်။

သူ့ ဘဝတွင် ယခု ကဲ့သို့ ထူးကဲသော အရသာ မျိုးကို၊ တစ်ကြိမ်မျှ မမြည်းစမ်း ကြည့်ဖူးပေ၊ ထိုအသားကြောင့် ဒဏ်ရာများ ပို၍ ကောင်းမွန် လာသည်ဟု၊ ခံစား လာမိ စေသည်။

သနား စရာ ကောင်းသော အသွင် အပြင်၌၊ ရှိနေသည့် နဂါးသွေး မြင်းကို ကြည့်ကာ၊ ဟင်းအိုး တစ်အိုး လုံးအား မြှောက်ပြလျက်၊ ပြုံးပြလိုက် လေသည်။

" ရပ် .... "

'' ရပ် ..... ''

အဘိုးအို နှစ်ဦးက မျက်နှာများ မည်းမှောင်သွားကာ အော်ဟစ် လိုက်ကြသည်။ သို့သော် ဟင်းအိုးထဲ ကျန်ရှိ နေသော အသား များကို၊ နဂါးသွေး မြင်းက လျင်မြန်စွာ စုပ်ယူ မျိုချ လိုက်တော့သည်။

အရသာကို ကြေနပ် သွားဟန်ဖြင့်၊ နဂါးသွေးမြင်းက သူ၏ သွားခေါခေါ များကို ထုတ်ဖော် ပြုံးရယ်ကာ၊ အဘိုးအို နှစ်ဦးထံ ခေါင်းမော့ ကြည့်လိုက် လေသည်။

***

All Chapters