ကြေးနှုန်းများ။
Vol. 32 Ch. 442
“ ရပ် .... "
'' ရပ် ..... ''
အဘိုးအို နှစ်ဦးက မျက်နှာများ မည်းမှောင်သွားကာ အော်ဟစ် လိုက်ကြသည်။ သို့သော် ဟင်းအိုးထဲ ကျန်ရှိ နေသော အသား များကို၊ နဂါးသွေး မြင်းက လျင်မြန်စွာ စုပ်ယူ မျိုချ လိုက်တော့သည်။
အရသာကို ကြေနပ် သွားဟန်ဖြင့်၊ နဂါးသွေးမြင်းက သူ၏ သွားခေါခေါ များကို ထုတ်ဖော် ပြုံးရယ် လေသည်။
'' ဟီး ...၊ ဟစ် ဟစ် ဟစ်.... ''
နဂါးသွေး မြင်း၏ ရယ်မော သံကို ကြားလိုက် ရသည်နှင့်၊ အဘိုးကြီး နှစ်ဦးမှာ ဆွေ့ဆွေ့ခုန် ကုန်သည်။
လင်းယွန်က လခြမ်း အသားကို စားလိုက် ခြင်းဖြင့်၊ ဆိုးရွား နေပြီဖြစ် သော်လည်း၊ နဂါးသွေးမြင်းသည် ဟင်းအိုး အတွင်းရှိ ကျန်သော အသား များအား၊ အမှန် တကယ် ဝါးမျို သွားခဲ့သည်။
" မင်း ငါးဟင်း စားဖို့ ကြိုးစား နေတာလား၊ ... အရသာ ကောင်းတယ် မဟုတ်လား။ "
လင်းယွန်က အစာကို စုပ်ယူ လိုက်သော နဂါးသွေး မြင်းအား ကြည့်ကာ၊ ဆိုလိုက်သည်။
ဟင်းအိုး အလွတ်ကို ပြန်ချ လိုက်သော အခါတွင်၊ ဒဏ်ရာများ သက်သာ ပျောက်ကင်း သွားသည် သာမက၊ အပူ လှိုင်းများ လှိမ့်တက် လာသည်အား ခံစား လိုက်ရ၏။
ထိတ်လန့် တုန်လှုပ် သွားသော အချိန် တိုလေး အတွင်းတွင်၊ သူ၏ ကျင့်ကြံ မှုမှာ ဒဿမမြောက် အဆင့်၌၊ တည်ငြိမ် သွားခဲ့သည်။
သို့သော် ခန္ဓာကိုယ် အတွင်း အပူ ရှိန်များ၊ ပိုမိုပြင်းထန် လာနေမြဲ ဖြစ်သောကြောင့်၊ သူ့ အကြည့် များက မြေပြင် ပေါ်ရှိ၊ ဝိုင်အိုးထံ ကျရောက် သွား၏။
'' ရပ် ..... ''
'' ရပ် ....... ''
မျက်လုံးများ တောက်ပ လာသော လင်းယွန်ကြောင့်၊ အဖိုးအို နှစ်ဦးမှာ၊ ချက်ချင်း ထိတ်လန့် သွားကာ၊ လှမ်းအော် လိုက်သည်။
သို့သော် လင်းယွန်က၊ သူတို့ နှစ်ဦး၏ ဟန့်တားမှု အပေါ်၊ စိတ် မ၀င်စား နိုင်ဘဲ၊ ဝိုင်အိုးအား လှမ်းယူပြီး၊ တစ်ကျိုက်တည်း မော့ချ လိုက်သည်။
'' ဂလု ဂလု .... ''
ခန္ဓာကိုယ် အနှံ့ အေးစက်သော၊ ခံစား ချက်များ ဖြစ်ပေါ် လာပြီး၊ ဖြူဖျော့ နေသော မျက်နှာမှာ၊ သွေးရောင် ပြန်လွှမ်း လာသည်။
ဝိုင်အိုးအား ပြန်ချ လိုက်ကာ၊ ကျေနပ်သော အပြုံးဖြင့် လင်းယွန်က ရယ်မော လိုက်၏။
" သခင် ဆယ့်သုံး၊ ဒါက ဘာဝိုင်လဲ၊ နောက်ထပ် ရှိသေးလား ပေးပါဦး။ "
" နောက်ထပ် ဟုတ်လား၊ တစ်ယောက် ယောက်က သွေးအန် မတက်၊ နာကျင် နေ တာကို ... မင်း မမြင် ဖူးလား။ "
သခင် ဆယ့်သုံးက ပြုံးရယ်ကာ၊ ဆိုလိုက်သည်။ သူ့ စကားကြောင့် လင်းယွန်၏ မျက်နှာ ပြောင်းလဲ သွားပြီး၊ ခေါင်းကို ချာခနဲ လှည့်ကြည့် လိုက်ရာ၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် နေသော၊ ပိန်ပိန် ပါးပါး အဘိုးအိုအား မြင်လိုက် ရသည်။
" ပြန် ပေး ..... "
ပိန်ပိန် ပါးပါး အဘိုးအိုက ဝိုင်အိုးမှာ၊ ဗလာ ဖြစ်နေ ကြောင်း၊ သိသော်လည်း ပြန်လည် ဆွဲယူ သွားသည်။
“ အဲဒါ အတွက် စိတ်မကောင်း ပါဘူး၊ နန်းတော်သခင်၊ အနာဂတ်မှာ အခွင့် အရေး ရရင်၊ မင်းကို ဆယ်အိုး ငါပြန် ပေးပါ့မယ်။ ”
လင်းယွန်က ရှက်ရွံ့စွာ တောင်းပန်ပြုံး ပြုံးလိုက်သည်။
" ဆယ်အိုး ဟုတ်လား၊ ဝိုင် တစ်အိုးကို ဆယ်နှစ် ကြာအောင် ချက်ခဲ့ ရတယ်၊ မင်းငါ့ကို ဘယ်လို ပြန်ဆပ် မှာလဲ။ ''
ပေါ့ပေါ့ တန်တန် တောင်းပန် လိုက်သော စကား သံကြောင့်၊ အဘိုးအိုက နာကျင် ဟန်ဖြင့် ဟိန်းဟောက် လာ၏။
“ လုံလောက်ပြီ၊ ဒါက ဝိုင်အိုးလေး တစ်အိုးပါ၊ အငယ်လေး လာ... ငါ့ကို လက်သီးနဲ့ ထိုးစမ်း။ ''
သခင် ဆယ့်သုံးက စကား ဝိုင်းကို ဝင်ဟန့်ကာ၊ လင်းယွန်အား ပြုံးပြ လိုက်သည်။
'' လက်သီးနဲ့ ထိုးရ မှာလား၊ ကောင်းတယ် ငါးဘုရင်ကို ဝိုင်နဲ့ မြည်းပြီး၊ လူကိုပါ ရိုက်နှက် ရဦး မှာပေါ့ ၊ ... ''
'' ........ ''
လင်းယွန်၏ ရီဝေဝေ စကား များကြောင့်၊ အဘိုးအို နှစ်ဦးမှာ၊ သွေးအန် လုမတက် နာကျင်နေစဉ်တွင်၊ လက်သီး တစ်လုံးက လေထုအား၊ ထိုးခွဲ လာတော့သည်။
ပစ်လွှတ် လိုက်သော လက်သီးကြောင့်၊ ဓားသင်္ချိုင်း တောအုပ် အတွင်း၊ ကျယ်လောင်သည့် လေခွင်း သံများ၊ မြည်ဟီး လာလေသည်။
" အလယ် အလတ် ဒဿမ အဆင့် ...၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ "
သူ၏ စွမ်းအားကြောင့် လင်းယွန်က တုန်လှုပ် သွားခဲ့သည်။ ကနဦး ဒဿမ အဆင့်ကို ရောက်ရှိ ပြီးနောက်၊ အသား တစ်ပိုင်း စားကာ ဝိုင်တစ်အိုး သောက်မိ ရုံဖြင့်၊ အလယ် အလတ် အဆင့်သို့ ရောက်ရှိ သွားသည်။
" ဘာလို့ မဖြစ် နိုင်ရ မှာလဲ၊ .... "
ပိန်ပိန် ပါးပါး အဘိုးအိုက၊ ဟွန့် ခနဲ့ လှောင်ပြောင်ပြီး၊
“ ... မင်းစားလိုက်တဲ့ အသားက နှင်းနဂါးငါးကြင်းရဲ့ ရတနာ ဖြစ်တဲ့ လခြမ်း အသားပဲ၊ ပြီးတော့ ငါ ဆယ်နှစ် ကြာအောင် ချက်လုပ်ထားရတဲ့ 'အေးစိမ့် နှင်းရည်' ကိုပါ၊ သောက်ခဲ့တယ်၊ ဒါက ငါးနှစ်တာ ကျင့်ကြံ ခြင်းနဲ့ ညီမျှတယ်။ ”
“ အဲဒါကို သိပ် အများကြီး မစဉ်း စားနဲ့၊ အငယ်လေး၊ ကောင်းကောင်း အနားယူ လိုက်ပါ၊ ဓားသင်္ချိုင်း နယ်မြေ ထဲမှာ၊ မင်း လုံးဝ အနား မယူခဲ့ ရဖူးလို့ ငါ ပြောရဲတယ်။ ”
သခင် ဆယ့်သုံးက ပြုံးကာ ဆိုလိုက်သည်။
" အိပ်ရမယ် ဟုတ်လား ... ဘာလို့ .... ''
သူ့စကား မဆုံး လိုက်ခင်မှာပင်၊ လင်းယွန် တစ်ယောက် မြေပြင်ပေါ် လဲကျ သွားသည် ။
ညရောက် လာသည့် အချိန်၌၊ အဘိုးအို နှစ်ဦးက၊ အိပ်မော ကျနေသော လူငယ်ကို၊ ကြင်နာသော အမူ အရာဖြင့်၊ ကြည့်လိုက် ကြသည်။
နောက်ဆုံးတွင် လင်းယွန်မှာ၊ ဆယ်ကျော်သက် အရွယ်၊ ကလေး တစ်ယောက်သာ ဖြစ်နေ ပေသေးသည်။
“ ငါတို့ ပြိုင်ပွဲ ပြီးရင် ထွက်သွား ရအောင်၊ သူ့ကို ချန်ပီယံ ဖြစ်လာတာ မြင်ရတဲ့ အတွက်၊ နောင်တရ စရာ မရှိတော့ ပါဘူး။ ”
ဟု သခင် ဆယ့်သုံးက စကား စလိုက်သည်။
" ဒါက ဖြစ်နိုင် မယ်လို့ မင်းထင်လား ... "
ကလေး တစ်ယောက်လို အိပ်မော ကျနေသော လင်းယွန်ကို ပြန်ကြည့်ပြီး၊ နန်းတော် သခင်က မေးလိုက်သည်။
" ဘယ်သူ သိနိုင် မှာ မလဲ၊ အနည်း ဆုံးတော့ ... သူ့အရွယ် တုန်းက၊ ငါတို့ နှစ်ယောက် လုံးထက်၊ သူက ပိုထူး ချွန်တယ် မဟုတ်လား။”
” သူ ချန်ပီယံ ဖြစ်လာ ရင်တောင် ...၊ တစ်စုံ တစ်ယောက်က ဒီလောက် လွယ်လွယ်၊ ခွင့် မပြုမှာ ကြောက်မိတယ်၊ သူတို့က ရှင်းဂျူ ကိုတောင် သတ်ဝံ့ ကြတယ်လေ …။ ”
သခင် ဆယ့်သုံးနှင့် နှိုင်းယှဉ် ကြည့်ပါက၊ နန်းတော် သခင်၏ မျက်နှာမှာ၊ လေးနက် နေပေသည်။
" ဟုတ်လား ... ဒါဆို၊ ငါ့ကို အပြစ် မတင် ကြပါနဲ့။ ”
သခင် ဆယ့်သုံး၏ မျက်ဝန်း များတွင်၊ အေးစက်သော လှိုင်းများ တုန်ခါ လာပြီး၊ ပြတ်သားစွာ ကြေငြာ လိုက်တော့သည်။
***
လင်းယွန် တစ်ယောက် နောက်တစ်နေ့ အိပ်ရာမှ နိုးလာသော အခါတွင်၊ တက်ကြွ လန်းဆန်း နေခဲ့ပြီး၊ လူအိုကြီး နှစ်ဦးအား နှုတ်ဆက်ကာ၊ မြို့တော် ဆီသို့ ဦးတည် လိုက်၏။
ပြိုင်ပွဲသည် မကြာမီ စတင် တော့မည် ဖြစ်ရာ၊ အရုဏ် မတက် မီတွင် ပြိုင်ပွဲ ရင်ပြင်၌ လူများဖြင့် ပြည့်နှက် နေပြီး၊ အနီးနားရှိ တည်းခိုခန်း တစ်ခု၌၊ တန်းစီ နေကြ ပေသည်။
ထိုတည်းခို ခန်းမှာ၊ 'တိမ်ပျံ ခန်းမ' ဟု အမည် ရပြီး၊ 'ရတနာ ခန်းမ' နှင့် ပူပေါင်းကာ၊ နဂါး တံခါး ပြိုင်ပွဲ အတွက်၊ လောင်းကြေး ဖွင့်ထား ကြခြင်း ဖြစ်သည်။
တိမ်ပျံ ခန်းမ ပထမ ထပ်တွင်၊ သားရဲ ရုပ်ပုံ များဖြင့် ထွင်းထု ထားသည့်၊ ကြီးမားသော ကျောက် စားပွဲကြီး တစ်လုံး ရှိ၏။
ထိုစားပွဲ ပေါ်တွင်၊ လူများ အလောင်း အစား ပြုလုပ်ရန် အတွက်၊ နဂါး တံခါး ပြိုင်ပွဲဝင်၊ သုံးဆယ့် နှစ်ဦးသော အမည် များကို၊ ရေးကပ် ထားပေသည်။
“ အိမ်ရှေ့ မင်းသားရဲ့ လောင်းကြေးက နိမ့်လာ တာလား၊ ရတနာ ခန်းမနဲ့ တိမ်ပျံ ခန်းမက၊ ငွေဗျိုင်းဖြူ အပေါ် အကောင်း မြင်နေ ကြပုံ ရတယ်။ "
" ဟုတ်တယ်၊ ငွေဗျိုင်းဖြူရဲ့ ပေါက်ကြေးက (၁:၂) ရှိတယ်၊ ဒါပေမယ့် သူ့က ချင်ယုနဲ့ ဝင်တိုက် မိတဲ့ အခါ၊ (၁:၄) အထိ ကျဆင်း သွားတယ်၊ ချန်ပီယံ နှုန်းဆို (၁:၆)နဲ့ ပိုတောင် နိမ့်လာပြီ။ ”
အိမ်ရှေ့ မင်းသားမှာ၊ ငွေဗျိုင်းဖြူနှင့် ရင်ဆိုင် ရသည့်တိုင်၊ လွင့်မျော နေသော ရေခွက် ပါဝင်ခြင်း မရှိ သောကြောင့်၊ ချန်ပီယံ ဆုရ ရှိရန် ရေပန်း အစားဆုံး ဖြစ်နေသည်။
သို့သော် ငြားလည်း၊ ငွေဗျိုင်းဖြူ တွင်လည်း လောင်းကြေး များကို၊ တင်ထား သူများလည်း၊ ရှိနေ သေးသည်။
သူတို့ ထင်မြင်ချက် များအရ၊ ငွေဗျိုင်းဖြူသည် နတ်ဘုရား အစောင့် တပ်၏၊ ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့်၊ ချင်ယု ရှေ့တွင် လုံးဝ အကူ အညီမဲ့ ဖြစ်နိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ သူ့တွင် ချန်ပီယံ ဖြစ်ရန်၊ (၁:၆) ဟူသည့် မြင့်မားသော နှုန်းထားလည်း ရှိနေ၏။
ကျန်သူ များသည် ဘိုင်လိရွှမ်နှင့် ဇိုယန်ကို အာရုံ စိုက်ကြပြီး၊ နောက်တစ်ပွဲမှာ အကြင်နာ ချောက်ကမ်းပါး ဖြစ်၏။
နဂါး တံခါး၏ ပြိုင်ပွဲများ မစတင်မီ၊ လူ အများက လောင်းကြေးများ ထပ်လာ ကြသည်။
“ နေဝင်ချိန်နဲ့ လင်းယွန်ရဲ့ နှုန်းက (၁:၁၀) ပဲ၊ တစ်ကယ်တော့ တစ်ဆယ် ဆိုတာ သေမယ်လို့ ပြောတာပဲ မဟုတ်လား။ ''
ရတနာ ခန်းမသည် လင်းယွန် သေမည်ဟု၊ ယူဆ ထားပုံ ရ၏။
“ ဟား ဟား၊ ဒီနှုန်းက စိတ်ဝင် စားစရာပဲ။ ”
“ လင်းယွန်ရဲ့ စွမ်းဆောင် ရည်က ထက်မြက်ပြီး၊ အရာ အားလုံးကို လက်တွေ့ ကျကျ ကျော်ဖြတ် ပြနိုင် ခဲ့တယ်၊ ဒါပေမယ့် နေဝင်ချိန်နဲ့ ယှဉ်ရင် သူ့နှုန်းက၊ စိတ်ပျက် စရာ ဖြစ်နေလိမ့် မယ်လို့၊ မထင်ထား ခဲ့မိဘူး။ ”
လူတိုင်းက နေဝင်ချိန်နှင့် လင်းယွန်၏ ရန်ပွဲ အကြောင်း ဆွေးနွေး လာကြသည်။ လင်းယွန်သည် ပထမ အချီတွင်၊ လူတိုင်း၏ အာရုံစိုက် မှုကို ခံခဲ့ ရပြီး၊ သူတို့ မျှော်လင့် ချက်များ အပေါ်၊ စိတ်မပျက် စေခဲ့ပေ။
သို့သော် နေဝင်ချိန်ထံ ပြေးဝင် ပြီးနောက်တွင်၊ သနား နေရုံသာ တက်နိုင် တော့ ပေ၏။
ယနေ့ တိုက်ပွဲ အပြင်၊ ကွာတား ဖိုင်နယ်၊ ဖိုင်နယ်နှင့် ချန်ပီယံ အတွက်၊ လင်းယွန်၏ နှုန်းထားမှာ၊ စိတ်ပျက်ဖွယ် ကောင်းနေသည်။
နေဝင်ချိန် အတွက် ချန်ပီယံ ဖြစ်ရန် နှုန်းထားမှာ၊ (၁:၉) တွင် ရှိနေ သည်ဖြစ်ရာ၊ ကြေနပ်ဖွယ် ဖြစ်ပေသည်။
အခြား တစ်ဖက်တွင်၊ လင်းယွန်၏ နှုန်းမှာ၊ (၁၀) ပင် ကျော်လွန် သွား၏။ ဆိုလို သည်မှာ ချန်ပီယံ ဖြစ်ရန် အတွက်၊ လုံးဝ အခွင့် အရေး မရှိဟု အဓိပ္ပါယ် ရသည်။
သို့သော် လူအုပ်ကြီး အတွင်းမှ လက်တစ်ဖက် ထွက်လာပြီး၊ ဒုတိယ တန်းစား ဝိညာဉ်ကျောက်စိမ်း (၁၀၀)ကို၊ ကျောက်စားပွဲ ပေါ်သို့ လှမ်းတင် လိုက်သည်။
ထို့နောက် လင်းယွန်၏ နာမည်ထံ တွန်းပို့ လိုက်ပြီး၊ "အားလုံးပဲ" ဟု ဆိုလာ၏။
“ ဟေ့ ညီအစ်ကို၊ မင်း ရှုံးလိမ့်မယ်၊ ရတနာခန်းမကို မင်းက ပိုက်ဆံပေး နေတာပဲ၊ ”
ထိုမြင်ကွင်းကို ကြည့်ပြီး၊ မနေ နိုင်သော သူတစ်ယောက်က ရယ်ကာ မောကာဖြင့်၊ ဝင်ရောက် အကြံပေး လာသည်။
“ ... မင်းကို နေဝင်ချိန်မှာ လောင်းဖို့ ငါအကြံ ပေးပါရစေ၊ နှုန်း မမြင့်နိုင် ပေမယ့် ...၊ နိုင်ဖို့က သေချာတယ်။ ''
" အဟက်၊ ငါကြိုက်တဲ့ သူကို ငါ့ ပိုက်ဆံနဲ့ ငါ လောင်းမယ်။ "
ယင်းသို့ တုန့်ပြန် လိုက်သူမှာ၊ သဘာဝ အတိုင်း လီဝူယု ဖြစ်၏။ ယခင် လောင်းကြေးတွင်၊ အနည်းငယ် အနိုင် ရရှိ ထားခဲ့ပြီး ဖြစ်ရာ၊ ဤအခွင့် အရေးကို လုံးဝ လက်လွှတ် မခံ လိုပေ။
“ ဘယ်လို လူမိုက်လဲ ...၊ နေဝင်ချိန်မှာ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၁၀၀)ကို ငါလောင်းတယ်၊ ဒီနေ့ လင်းယွန် သေလိမ့်မယ်။ "
'ဟွန့်' ခနဲ့ ပျက်ရယ်သံ ပြုလိုက်ပြီး၊ တန်းယောင်းက ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို ထုတ်ယူကာ၊ နေဝင်ချိန် ပေါ်တွင် တင်လျက်၊ လီဝူယုအား ရှုံ့ချ လိုက်သည်။
သူ့ အသွင် အပြင်က၊ လူအုပ် ကြီးအား ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်သွား စေ၏။ လင်းယွန်ကို ရှုံးနိမ့် သွားသော်လည်း၊ သူ့ ခွန်အားမှာ လူတိုင်း အပေါ်တွင်၊ လေးနက်သော အထင်ကြီး မှုအား၊ ချန်ထား နိုင်ဆဲ ဖြစ်သည်။
လူအများ အမြင်တွင်၊ လင်းယွန်နှင့် မဆုံ တွေ့မိ ပါက၊ ကွာတားဖိုင် နယ်သို့ တက်လှမ်းရန်၊ သူ့ အတွက် ပြဿနာ မဟုတ် နိုင်ပေ။
" ငါမင်းကို မှတ်မိပြီ၊ ငါ့ အစ်ကို ကြီးကို ရှုံးခဲ့တဲ့ 'ကတုံး' လေးပဲ၊ ဘာလို့လဲ လွန်ခဲ့တဲ့ သုံးရက် လောက်က၊ အရှုံးက မင်းအတွက် မလုံလောက် သေးဖူးလား။ ''
လီဝူယုက တန်းယောင်းကို မှတ်မိ သွားသောကြောင့်၊ ပြုံးရွှင်စွာ တုန့်ပြန် လိုက်သည်။
" ဘာများ မှားနေ လို့လဲ၊ သူ ငါ့ကို အနိုင်ယူ ခဲ့တော့ရော ဘာဖြစ်လဲ၊ နေဝင်ချိန်က သူ့ကို သတ်လိုက်ရင်၊ ဘယ်သူ့ကို ရှုံးတယ်လို့ ယူဆ ကြမလဲ။ ”
တန်းယောင်းက ပြန်လည် လှောင်ပြောင် လာသည်။
“ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၃၀၀)၊ လင်းယွန်ကို လောင်းကြေး ထပ် တယ်။ ”
ရုတ်တရက် ပြတ်သားသော အသံ တစ်သံ ထွက်ပေါ် လာသည်ကြောင့်၊ တန်းယောင်းနှင့်လီဝူယု၏ စကား စစ်ထိုး ပွဲမှာ၊ ရပ်ဆိုင်း သွားသည်။
၎င်းမှာ လျူယွီ ဖြစ်၏။ သူမက လင်းယွန်အတွက် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၃၀၀) ထပ်ခဲ့ ပြီးနောက်၊ ငွေဗျိုင်းဖြူတွင် ထားရန်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အလုံး (၁၀၀)ကို၊ ထပ်မံ ထုတ်ယူ ခဲ့သည်။
ထို့ကြောင့်၊ လင်းယွန် အတွက် လောင်းကြေးမှာ (၄၀၀) အထိ၊ တိုးလာ၏။
" ဘာလို့ ဒီလောက်ကြီး လောင်းရ တာလဲ၊ ငါ့အစ်ကိုကြီး ထံမှာ၊ ကျဆုံး သွားရတယ် လို့တော့ ငါ့ကို မပြောနဲ့။ "
လီဝူယုက ရယ်မောကာ ဆိုလိုက်သည်။
" မင်းမှာ အလုပ် မရှိ ဖူးလား ....။ "
လျူယွီက ရှက်ရွံ့ စွာဖြင့်၊ ပြန်လည် အော်ဟစ် လိုက်သည်။ လင်းယွန်နှင့် ပတ်သတ်သော၊ သူမ၏ အာဃာတ များကို၊ လူ အတော် များများက၊ သိရှိထား ကြရာ၊ လီဝူယု စကား အပေါ် စိတ်ဝင်စား လာကြသည်။
“ ဘယ်လိုတောင် ပျားပန်းခပ် နေကြ တာလဲ။ ”
ဦးပြည်း ကတုံးဖြင့်၊ ဘုန်းကြီး တစ်ပါး ရုတ်တရက် ထွက်ပေါ် လာသောကြောင့်၊ လူတိုင်းက အံ့သြသွား ကြသည်။
ဘုန်းကြီးက လက်ထဲရှိ ဝိုင်အိုးကို တစ်ကျိုက် ကျိုက်ချကာ၊ ပြုံးလျက် လူအုပ်ထဲ တိုးဝင် လာ၏။
" လွင့်မျော နေသော ရေခွက်။ "
ယခင် ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်ပြီး၊ ဤနေရာသို့ ရောက်ရှိ လာခြင်း အပေါ်၊ သို့လော သို့လောများ ဖြစ်ကုန် ကြလေသည်။
လွင့်မျော နေသော ရေခွက်က၊ မှင်တက် နေသော လူအုပ်ကြီးကို ပြုံးပြ လိုက်ပြီး၊ ဝိုင်အိုးဖြင့် ညွှန်ပြကာ၊
'' ငါ့ကိုလည်း ဝင်ခွင့် ပြုပါဦး။ ”
ဟု ဆိုလိုက်၏။
တစ်ဆက် တည်းမှာပင်၊ သူ့လက်ကို ဝှေ့ယမ်း လိုက်ချိန်၌၊ တဖိတ်ဖိတ် လက်နေသော ဝိညာဉ် ကျောက်စိမ်းတုံး တစ်တုံး၊ ပျံထွက် လာပြီး လူအုပ် ကြီးပေါ်၊ ဖြတ်ကျော် သွားလေသည်။
၎င်းသည် တတိယတန်း ဝိညာဉ် ကျောက်စိမ်းတုံး ဖြစ်သောကြောင့်၊ လူတိုင်းက ထိတ်လန့်သွားကြ၏။
ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ သည်ပင် ရှားပါး လှပြီး၊ ၎င်းတို့ကို ဂိုဏ်း၏ သားတပည့် များနှင့်၊ မျိုးနွယ် စုဝင် သခင်လေး များကသာ၊ ကိုင်ဆောင် သုံးစွဲ နိုင်ကြ ပေသည်။
တချို့သော သူများမှာ၊ သူ့တစ်သက် တစ်ကြိမ်ပင် ကိုင်တွယ် အသုံးပြု နိုင်ခြင်း မရှိ ခဲ့ကြပေ။ တတိယတန်း ဝိညာဉ် ကျောက်စိမ်းများ ကိုမူ ဆိုဖွယ် မရှိနိုင်။
ပျံသန်း သွားသော ဝိညာဉ် ကျောက်စိမ်းက၊ လင်းယွန် ချန်ပီယံ ဖြစ်မည် ဟူသော နေရာသို့၊ တည့်မတ်စွာ ကျရောက် သွားလေသည်။
ထို လောင်းကြေးကြောင့် လူအုပ် ကြီးမှာ၊ အချိန် အတော်ကြာ တိတ်ဆိတ် သွားကုန်၏။
လျူယွီနှင့် လီဝူယု သည်ပင်၊ ချန်ပီယံ ဟူသော နေရာ၌၊ လောင်းကြေး မချ ဝံ့ခဲ့ ကြ ပေ။
နေဝင်ချိန်ကို အနိုင် ရမည် ဟူသော လောင်းကြေးသာ ထပ်ရဲ ပေ၏။ သို့သော် လွင့်မျော နေသော ရေခွက်သည်၊ လင်းယွန်အား တတိယတန်း ဝိညာဉ် ကျောက်စိမ်းဖြင့်၊ ချန်ပီယံ ဖြစ်မည်ဟု ဆိုလာ ခဲ့လေပြီ။
“ ချန်ပီယံက ... (၁:၁၁) တဲ့လား ၊ မယုံ နိုင်လောက် စရာ နှုန်းထား ပါပဲ။ ”
-ဟု ဆိုလျက် မျက်လုံးများ မှေးကျဉ်း သွားသည် အထိ၊ 'လွင့်မျော နေသော ရေခွက်' လေးက ပြုံးရယ် လိုက် လေသည်။
***