ဒုတိယ အကျော့။
Vol. 32 Ch. 443
“ ချန်ပီယံက ... (၁:၁၁) တဲ့လား ၊ မယုံ နိုင်လောက် စရာ နှုန်းထား ပါပဲ။ ”
မျက်လုံးများ မှေးကျဉ်း သွားသည် အထိ၊ 'လွင့်မျော နေသော ရေခွက်' လေးက၊ ပြုံးရယ် လိုက် လေသည်။
မြို့တော်တွင် တည်ရှိသော မိုးတိမ် ဓား နန်းတော်၏ ဌာနခွဲ တစ်နေရာ၌၊ နေဝင်ချိန် တစ်ယောက်၊ ပြိုင်ဘက် သုံးဦးကို ရင်ဆိုင် နေ၏။
ထိုပြိုင်ဘက် များမှာ၊ မိုးတိမ် ဓား နန်းတော်၏၊ သင်းထောက်များ ဖြစ်ပြီး၊ ၎င်းတို့ အားလုံးသည်၊ ခရမ်းရောင် နန်းတော် နယ်မြေ၏၊ တိုက်ပွဲဝင် စွမ်းရည်ကို ပိုင်ဆိုင် ထားသော၊ ခရမ်းရောင် နန်းတော် တစ်ပိုင်းများ ဖြစ်ကြသည်။
သူတို့ သုံးယောက်ပေါင်း ခွန်အားမှာ၊ ခရမ်းရောင် နန်းတော် သိုင်းသမား ကြီးများ ကိုပင်၊ သတ်ရန် အတွက် ခက်ခဲမည် မဟုတ်ပေ။
သို့သော် နေဝင်ချိန်၏ ဓားအောက်တွင်၊ သူတို့ကိုယ် သူတို့ ခုခံ ကာကွယ် နိုင်စွမ်းများ၊ ပျောက်ကွယ် သွားကုန်သည်။
နေရောင် ကဲ့သို့ ဖြာထွက် နေသော၊ ဓားအလင်း များကို ထုတ်ဖော်ကာ၊ လွှဲယမ်း လိုက်သည်နှင့်၊ ပေါက်ကွဲ သံများ ဖြစ်ပေါ် လာပြီး၊ သင်းထောက် သုံးဦး လွင့်စင် သွား၏။
၎င်းတို့ အားလုံးကို ဓား တစ်လက်ဖြင့်၊ အလွယ် တကူ ချေမှုန်း လာသောကြောင့်၊ သွေးများ ပါးစပ်မှ စီးကျနေ လျက်ဖြင့်၊ ထိတ်လန့်စွာ မော့ကြည့် လိုက်သည်။
" ဟား ဟား၊ ရီလေး .... မင်းက ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို၊ ပြီးမြောက် နေပြီ ဆိုတာ၊ လင်းယွန် တစ်ယောက် ဘယ်တော့မှ စိတ်ကူး ယဉ်ထားမှာ မဟုတ်ဘူး၊ ... ''
'' သရုပ်ဖော် အဆင့်ကို၊ ဝေးနေသေး ပေမယ့်၊ 'အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓား'ကို ပြီးပြည့် စုံတဲ့ အဆင့်ထိ၊ ဆုပ်ကိုင် နိုင်ခဲ့ပြီ၊ ဒါက လင်းယွန်ကို နှိမ်နှင်းဖို့ အတွက်၊ လုံလောက် တာထက် ကျော်လွန် နေပါပြီ၊ .... ''
'' ပြီးတော့ 'အမြင့် မြတ်ဆုံး ရောင်ခြည် တော် ဓား' ရဲ့ ပေါက်ကွဲ အားက၊ ပြိုင်ဘက် ခန္ဓာ ကိုယ်ကို ကောင်းကောင်း နှိပ်စက် နိုင်တယ်၊ ဒီကောင် လေးရဲ့ ခန္ဓာကိုယ် ကတောင် ခံနိုင်ရည် ရှိမှာ မဟုတ် ပါဘူး။ ''
တိုက်ပွဲကို ကြည့်ရှု နေသော အကြီးအကဲ များက၊ ကြေနပ်စွာ ဆွေးနွေးလာ ကြသည်။
နေဝင်ချိန်က သူ့ဓားကို ရုတ်သိမ်း လိုက်ပြီး၊သူရဲကောင်း ဆန်ဆန် ပြုံးပြ လိုက်၏။ ထိုအခိုက် အတန့်တွင်၊ မျက်နှာဖုံး စွပ်ထားသော အမျိုးသား တစ်ဦး၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ သတိ ပေးခြင်း မရှိဘဲ၊ နေဝင်ချိန်အား လက်ဖ ဝါးဖြင့်၊ ရိုက်ချ လာသည်။
မျက်နှာ ဖုံးရှင် ထံမှ၊ ထွက်ပေါ် လာသည့်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေတွင် ရှိနေ ခဲ့ပြီး၊ ယင်းကြောင့် လူများ စွာကို ထိတ်လန့် သွားစေ ခဲ့သည်။
" သ တိ ထား .....။ "
သို့သော် နေဝင်ချိန်၏ မျက်နှာမှာ၊ ပြောင်းလဲမှု တစ်စုံ တစ်ရာ မရှိ ခဲ့ဘဲ၊ လက်ဖဝါးဖြင့် ပြန်လည် ရိုက်ထုတ် လိုက်၏။
သူ့ထံမှ ထုတ်လွှတ်သော အရှိန် အဝါမှာ၊ တိုက်ခိုက်သော မျက်နှာဖုံး ရှင်ထက် အားနည်းသည် မဟုတ်ပေ။
လက်ဖဝါး နှစ်ဖက်၊ ထိပ်တိုက် ရင်ဆိုင် မိသော အခါ၊ အက်ကွဲကြောင်း များက၊ မြေပြင် ပေါ်တွင် ပြန့်ကျဲ လာပြီး၊ အသံ လှိုင်းများ ပဲ့တင် ထပ် သွားလေသည်။
နေဝင်ချိန်၏ အရှိန် အဝါနှင့်၊ တောက်ပသော ဓားအလင်း တန်းမှာ၊ ပေါင်းစပ် သွားပြီးနောက်၊ (+) အဖြစ် ပြန်လည် ဖြစ်ပေါ် လာသည်။
ထိုအလင်း တန်းကို တွန်းထုတ် လိုက်သည်နှင့်၊ မျက်နှာ ဖုံးစွပ် အမျိုး သားမှာ၊ အဝေးသို့ လွင့်စင် သွားလေသည်။
အကြီးအကဲ များက ဤမြင်ကွင်းကို
မြင်သော အခါ၊
" 'အမြင့် မြတ်ဆုံး ရောင်ခြည်တော် သုတ္တန်' က၊ အဋ္ဌမ အဆင့်ကို ရောက်သွား ပြီလား။ "
" ဟား ဟား ဟား ... ကောင်း တယ်၊ အရမ်း ကောင်းတယ်။ ”
မိုးတိမ် ဓားနန်းတော် အဖွဲ့ကို ဦးဆောင်သူ၊ အကြီးအကဲ လိုဟန်က၊ ကျယ်လောင်စွာ ရယ်မော လိုက်သည်။
'' ရီလေး မင်းက တတယ်ပဲ၊ ငါတို့ ဂိုဏ်းရဲ့ နှစ်ပေါင်း တစ်ထောင်မှာ၊ တစ်ယောက်သာ ထွန်းတဲ့ ပါရမီရှင် ဖြစ်ထိုက် ပါပေတယ်။ "
မျက်နှာဖုံး စွပ်ထား သူက၊ သူ့မျက်နှာ ဖုံးကို ဖယ်ရှား လိုက်ပြီး၊ လက်ခုပ် တီးလိုက်ကာ၊
“ ရီလေး အမြင့် မြတ်ဆုံး ရောင်ခြည် တော် သုတ္တန်ကို၊ အဋ္ဌမ အဆင့်ထိ ရောက်ရှိ သွားတဲ့ အတွက်၊ ဂုဏ်ယူ ပါတယ်။ ”
ဟု ဂုဏ်ပြု စကားဆို လိုက်လေသည်။
ဤအခိုက် အတန့်တွင် လူတိုင်းက၊ ရုတ်တရက် တိုက်ခိုက် လာခြင်းမှာ၊ စမ်းသပ်မှု တစ်ခုသာ ဖြစ်ကြောင်း၊ သိရှိ သွားခဲ့ ကြသည်။
၎င်းတို့၏ မျက်နှာများ ပေါ်တွင်၊ အပြုံးများ ထွက်ပေါ် လာပြီး၊ ကြေနပ်စွာ ခေါင်းညိတ် လိုက်ကြ၏။ လက်ရှိ စွမ်းအားဖြင့် လင်းယွန်ကို သတ်ရန်၊ လုံလောက် သည်ထက်၊ ပိုနေ ပေသည်။
လိုဟန်က 'ဒီနေ့ ဘာနေ့လဲ သိလား' ဟု၊ မေးလိုက် လေသည်။
" သိပါတယ်၊ လင်းယွန်ကို သတ်ပြီး ဂျူနီယာ ညီလေး အတွက်၊ လက်စားချေ ရမဲ့ နေ့ပါ။ "
နေဝင်ချိန်က တည်ငြိမ်စွာ၊ ပြန်ဖြေ လိုက်၏။
“ အဲဒီ တုန်းက ဂျင်ဝူမင်က ငါတို့ကိုကောင်းကင်ဘုံ ချင်နိုင်ငံ ထဲကနေ မောင်းထုတ်ပြီး၊ ဓား နန်းတော်ကို ဖန်တီး ခဲ့တယ်၊ အခုတော ငါတို့ အိမ်ပြန်ဖို့ အချိန် တန်ပါပြီ။ ''
လိုဟန်က အံကြိတ် ရေရွတ် လိုက်လေသည်။ နေဝင်ချိန်၏ မျက်နှာ ပေါ်တွင် အေးစက်သော အပြုံး တစ်ပွင့် ဖြစ်ပေါ် လာပြီး၊
“ သူသာ ထက်မြက်သူ တစ်ယောက် ဆိုရင်၊ လက်မြှောက် သင့်တယ်၊ မဟုတ်ရင် စင်ပေါ်မှာ ဓားနန်းတော်ကို အရှက် ခွဲပြီး၊ သူ့ကို သတ်ပစ် လိုက်မယ်။ ”
" လင်းယွန် အတွက်၊ အများကြီး တွေးနေ စရာ မလို ပါဘူး၊ ဒီပြိုင် ပွဲမှာ မင်းရဲ့ ခွန်အားက၊ ထိပ်ဆုံး (၃) နေရာ အထိ၊ ရယူ နိုင်မဲ့ အခွင့် အရေး ရှိပါတယ်။ ”
"မှန်တယ်၊ မင်း ကံကောင်းရင် ချန်ပီယံ ဖြစ်လာ နိုင်တယ်။ ”
အခြားသော အကြီးအကဲ များက ဝင်ရောက် သုံးသပ် လာကြသည်။ သူတို့ အားလုံးက လင်းယွန်ကို၊ သေလူ တစ်ယောက် အဖြစ်၊ ယူဆ ထားပြီး ဖြစ်သည်။
" သွားကြ ရအောင်၊ အချိန် ကျပြီ။ "
မိုးတိမ် ဓားနန်းတော် သာမက၊ အခြားသော ဂိုဏ်းများ သည်လည်း၊ နဂါး တံခါး ရင်ပြင်သို့ လာရောက် စုရုန်း ကုန်ကြ ပေသည်။
နာရီဝက် အကြာတွင် ရင်ပြင် တစ်ခုလုံး၊ ကျင့်ကြံ သူများဖြင့်၊ ပြည့်နှက် လာတော့သည်။
ဧကရာဇ်ချင် ရောက်ရှိ လာ သည်နှင့်၊ ဒုတိယအကျော့ အတွက် ပြိုင်ပွဲ ဝင်မည့် သူများ၊ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ဧကရာဇ်ချင်က သူ့အကြည့် များကို လှည့်ပတ် လိုက်ပြီး၊ ခေါင်းညိတ် ပြလိုက် သော အခါ၊ ဖီးနစ် ပန်းကလေးက ထိုင်ခုံမှ ထရပ် လိုက်၏။
“ ဒုတိယ အကျော့ရဲ့ စည်းမျဉ်း တွေက၊ ပထမ အကြိမ်နဲ့ အတူတူ ပါပဲ၊ အကောင်းဆုံး ဆယ့်ခြောက် ယောက်ကို၊ ဆုံးဖြတ်ဖို့ အတွက်သုတ်သင်ရေး အလှည့်ပါ၊ ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ကိုတော့၊ နဂါး တံခါး ပြိုင်ပွဲကို လက်ခံ ကျင်းပ ပေးမဲ့၊ တမာန်တော်က ကိုယ်တိုင် ကိုယ်ကျ လက်ခံ ကျင်းပ ပေးပါ လိမ့်မယ်။ ”
တမန်တော် အကြောင်း ကြားသော အခါ လူတိုင်း၏ မျက်လုံး များတွင်၊ ထူးခြားသော အလင်း ရောင်များ တောက်ပ လာသည်။
လျှို့ဝှက်သော တမန် တော်သည်၊ ဤပြိုင် ပွဲအား ဦးဆောင် ကျင်းပသူ ဖြစ်ပြီး၊ သူ၏ အခွင့် အာဏာမှာ၊ အင်ပါယာနှင့် မဟာ ဂိုဏ်းကြီး လေးဂိုဏ်းကို၊ ကျော်လွန် နေပေသည်။
သို့သော် ထိုတမန် တော်မှာ၊ ကွာတား ဖိုင်နယ် ပွဲစဉ်များ မှသာ၊ ထွက်ပေါ် လာမည် ဖြစ်သည်။
လူတိုင်းကို စိတ်လှုပ်ရှား စေသည့် အရာမှာ၊ ထို့ထက် ပိုပေ၏။ နဂါး တံခါး ပြိုင်ပွဲ၏ ချန်ပီယံသည် တမန်တော် ထံတွင်၊ တစ်စုံ တစ်ရာ တောင်းဆို နိုင်ပြီး၊ ကျိုးကြောင်း ဆီလျော် နေသရွေ့၊ ယင်းကို ဖြည့်ဆည်း ပေးမည် ဖြစ်သည်။
တစ်ချိန်က တစ်စုံ တစ်ဦးသည်၊ စကြာဝဠာ လက်ရာ တစ်ခုကို၊ တောင်းဆို ခဲ့ဖူးရာ၊ တမန်တော်က ၎င်းအား ရွေးချယ်ရန် အတွက်၊ ဒါဇင်ပေါင်း များစွာသော စကြာဝဠာ လက်ရာ များအား ထုတ်ယူ ပြခဲ့၏။
တစ်ချို့က သူ့ မျိုးနွယ်ကို၊ တော်ဝင် မျိုးနွယ် အဖြစ် သတ်မှတ် ပေးရန်၊ တောင်းဆို ကြသည်။
တမန်တော်၏ အာဏာမှာ၊ မဟာချင် အင်ပါယာရှိ ဧကရာဇ် ချင်ထက်၊ ပို၍ သက်ရောက် ပေ၏။ ဖီးနစ် ပန်းကလေးမှ စည်းမျဉ်း များကို ရှင်းပြ နေချိန်တွင်၊ လီဝူယုက၊
" အစ်ကိုကြီး၊ နေဝင်ချိန်ကို အနိုင် ယူဖို့၊ မင်းမှာ ဘယ်လောက် ယုံကြည်ချက် ရှိလဲ။ "
ဟု တိုးတိုးလေး ကပ်မေး လာသည်။
" မင်း ထပ်လောင်း ခဲ့ပြန် ပြီလား။ "
“ အတိ အကျတော့ မဟုတ် ပါဘူး၊ ငါ အဲဒီကို ကြည့်ဖို့ သွားတာပါ၊ တစ်စုံ တစ်ယောက်က မင်း ... ချန်ပီယံ ဖြစ်ရမယ် ဆိုပြီး၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်း တုံးကို၊ လောင်းကြေး ထပ်တာ တွေ့ခဲ့တယ်။ "
" ဘယ် သူ လဲ ... ''
“ လွင့်မျော နေသော ရေခွက်။ ”
လီဝူယု၏ အဖြေကြောင့်၊ လင်းယွန်က ခဏတာ အံ့အားသင့် သွား၏။ လွင့်မျော နေသော ရေခွက်သည်၊ မထင် မှတ်သည့် အရာ များကို၊ အမြဲ ပြုမူ တက်ပေသည်။
မတော် တဆ ရှုံးနိမ့် သွားပါက၊ တတိယတန်း ဝိညာဉ် ကျောက်စိမ်းအား၊ ဆုံးရှုံး ရပေမည်။ ၎င်းမှာ နှမျော စရာ ကောင်းလှ၏။
သို့သော် သူ့ကို ယုံကြည်သည့် အတွက်၊ ကြေနပ် ရသည်။ မှတ်ညာဏ် များအရ၊ သူ့နှုန်း ထားမှာ စိတ်ပျက် စရာ ကောင်းပြီး၊ နေဝင်ချိန်ကို အနိုင် ယူကာ၊ ချန်ပီယံ ဖြစ်လာ မည်ဟု၊ မည်သူမှ အကောင်း မြင်ခြင်း မရှိ ထားချေ။
" ဒါပေမယ့် အစ်ကိုကြီး၊ မင်း မဖြေ သေးဖူးနော်။ "
လီဝူယုက အလေး အနက် မေးလာ သည်ကြောင့်၊ ဓားနန်းတော် အဖွဲ့သား များမှာ၊ နားစွင့် လာကြသည်။
" ငါတို့ ပြိုင်ပွဲ ကြရင် မင်းသိ မှာပေါ့။ ''
အနိုင် ရရန် အလား အလာ အနည်းဆုံး (၅၀%) ရှိသည်ဟု ခံစား မိသော်လည်း၊ ရလာဒ် မထွက် ပေါ်ခင် အတည် ပြုချက်၊ တစ်စုံ တစ်ရာ မထုတ် ပေးနိုင် သေးခြေ။
အသူရာ နဂါးမှာ နတ်ဆိုး ဝိညာဉ်ကို မျိုချ လိုက်ပြီးနောက်၊ ငိုက်မြည်းသော အခြေ အနေတွင် ရှိနေသည်။ ဆိုလို သည်မှာ ဤတိုက် ပွဲတွင်၊ သူ၏ အကူ အညီကို မရနိုင် တော့ပေ။
" ဒုတိယ အကျော့ကို စလိုက် ရအောင်၊ .... "
ဖီးနစ် ပန်းကလေးက ဆက်လက်ပြီး၊
" ... ပထမဆုံး တိုက်ပွဲ၊ ရှေးဟောင်း တာအို ဂိုဏ်းက အကြင်နာ ချောက်ကမ်းပါးနဲ့၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့ တန်ယွမ်။ "
သူမ စကားဆုံး သည်နှင့်၊ စင်မြင့် ပေါ်သို့ ပုံရိပ် နှစ်ရိပ်၊ ဆင်း သက် လာ၏။ တန်ယွမ်မှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ အမာခံ တပည့် တစ်ဦး ဖြစ်သော်လည်း၊ အကြင်နာ ချောက် ကမ်းပါးနှင့်၊ ယှဉ်နိုင် စရာ မရှိ သောကြောင့်၊ ဤတိုက်ပွဲတွင် သည်းထိတ် ရင်ဖိုဖွယ် မကောင်း ခဲ့ပေ။
ရလဒ်မှာ လူတိုင်း မျှော်လင့်ထား သကဲ့သို့ ပေပင်။ ဆယ်ကြိမ်ခန့် လှုပ်ရှား ပြီးနောက်၊ ဆေးကြိုအိုး ဆယ်လုံးနှင့် ညီမျှသော၊ 'ကြမ်းရှသော စွမ်းအင်' ကို၊ ထုတ်လွှတ် လာသည်။
သန့်ရှင်းသော ဂီတ သံများ၊ ပဲ့တင် ထပ်လာပြီး၊ တန်ယွန်၏ နဂါးကျား လက်သီးမှာ၊ ကြမ်းရှသော စွမ်းအင်ဖြင့်၊ ချေမှုန်းခြင်း ခံလိုက် ရ၏။
လှုပ်ရှားမှု ဆယ်ကြိမ် အတွင်း၊ အကြင်နာ ချောက်ကမ်းပါးက တန်ယွမ်ကို၊ အနိုင် ရယူသွား သဖြင့်၊ သူ၏ ခွန်အား အပေါ် မည်သူမျှ မခန့်မှန်း နိုင်ကြ တော့ပေ။
နားမလည် နိုင်သော၊ ခံစား ချက်များ ပေးစွမ်း နေသောကြောင့်၊ သူ့ ခွန်အား၏ တစ်ဝက် ကိုပင်၊ အသုံး မချ ခဲ့ဟု ယူဆ မိလာ ကြသည်။
" အကြင်နာ ချောက်ကမ်းပါး နိုင်ပွဲ။ "
ဒိုင် အဖိုးအိုက ကြေညာ လိုက်၏။ အကြင်နာ ချောက် ကမ်းပါးက၊ နှုတ်ခမ်းများ ကော့တက် လာပြီး၊ တန်ယွမ်ကို အပြုံးဖြင့် ငုံ့ကြည့်ကာ၊
'' ဒါတွေ အားလုံး ကျား-နဂါး လက်သီးက ရလာ တာလား။ "
- ဟု ဆိုလျက် ရယ်မော လိုက်၏။ တစ်ဆက် တည်းမှာပင် ဓားနန်းတော်၏ ဦးတည် ရာသို့ လှည့်ကြည့် လိုက်လေသည်။
လင်းယွန်က သူ့ အကြည့်ကို ကောင်းကောင်း ခံစားနိုင် သော်လည်း၊ ၎င်းအပေါ် စိတ်မ၀င် စားမိပေ။
စင်ပေါ်မှ ဆင်းသက် လာစဉ်၊ အကြင်နာ ချောက်ကမ်းပါးက၊
“ ဒီကောင်ကို ကိုယ်တိုင် ကိုယ်ကျ ...၊ အဆုံး မသတ် နိုင် လိုက်တာ၊ စိတ်ပျက် စရာ ပါပဲ။ ”
- ဟု ရေရွတ် လေသည်။ သူ့ စကားကြောင့် ဝမ်ရန်းဘိုက မီးတောက် မတက်၊ မျက်ဝန်း များဖြင့်၊ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။
" ဘယ်လို လေသံ ကြီးလဲ ... ငါ့ရဲ့ ဂျူနီယာ မောင်လေးက.... နေဝင်ချိန်ကို ရှုံးတော့မဲ့ ပုံမျိုးနဲ့ ... ''
ရှင်းယန်က ဒေါသ တကြီး၊ တုန့်ပြန် အော်ဟစ် လိုက်၏။
“ ဒါက သူတို့ အမြင် တွေပါ။ ”
လင်းယွန်က ပြုံးလျက် ပြန်ဖြေသည်။ သူ့ အနေဖြင့် အကြင်နာ ချောက် ကမ်းပါး၏ ခွန်အားကို မမြင်နိုင် ခဲ့ပေ။ ဆေးကြိုအိုး ဆယ်လုံး၏ ခွန်အားမျိုး ပေပင်။
ယင်းမှာ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်ကို၊ ဆဋ္ဌမ အဆင့်သို့၊ ရောက်ရှိ ရှိနေ ခြင်းဟု ဆိုပေသည်။ သို့သော် ယင်းမှာ အမြင်တွင် မဖြစ် နိုင်ပေ။
ဒရာကိုဖီ နည်းစနစ်ကို ဆဋ္ဌမ အဆင့်သို့ ရောက်ရှိရန်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရှိ၊ နတ်ဆိုး သားရဲ တစ်ကောင်၏ အမြုတေအား လိုအပ် လေသည်။
ရှေးဟောင်း တာအို ဂိုဏ်း အနေဖြင့်၊ အကြင်နာ ချောက်ကမ်းပါး အတွက်၊ ဤမျှ အားကောင်းသည့် နတ်ဆိုး သားရဲ တစ်ကောင်ကို၊ သတ်ပေးရန် မဖြစ် နိုင်ကြောင်း၊ ခန့်မှန်း နိုင်သည်။
ထို့ကြောင့် အကြင်နာ ချောက် ကမ်းပါးမှာ၊ ကံကောင်း ခြင်းများ ကြုံတွေ့ ရမှသာ၊ ဖြစ်နိုင် မည်ဟု ကောက်ချက် ချမိသည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး၊ ပါရမီရှင် များမှာ၊ သူတို့၏ ပြိုင်ဘက် အသီးသီး အပေါ်၊ အလွယ် တကူ နှိမ်နှင်း နိုင်ခဲ့သည်။
သူရဲကောင်း ဆန်သော တိုက်ပွဲများ အပြင် တိုက်ပွဲ အမျာ စုမှာ၊ နောက်ဆုံး မိနစ် အထိ သည်းထိတ် ရင်ဖိုဖွယ် များဖြင့်၊ ပြည့်နှက် နေခဲ့သည်။
ယင်းမှာ ပါရမီ ရှင်များ သာမက၊ ဒုတိယ အဆင့်သို့ တက်လှမ်း လာ သူတိုင်း၊ အားကောင်းကြောင်း သက်သေ ပြရာ ရောက်ပေသည်။
ပါရမီ ရှင်များက ၎င်းတို့၏ ပြိုင်ဘက် များကို နှိမ်နှင်း နိုင်သော်လည်း၊ အနည်းဆုံး ဆယ်ကြိမ် အထိ၊ လှုပ်ရှား ပြီးမှသာ၊ လုပ်နိုင်မည် ဖြစ်သည်။
ပထမ အကျော့ ကဲ့သို့ ပြိုင်ဘက် များကို၊ ချက်ခြင်း အနိုင်ယူ နိုင်ခြင်း မရှိ တော့ပေ။
" ရှစ်ကြိမ်မြောက် တိုက်ပွဲ၊ ဓားနန်းတော်ကဘိုင်လိရွှမ်နဲ့၊ ရှေးဟောင်း တာအို ဂိုဏ်းရဲ့ ဇိုယန်။ "
ထိုကြေညာ ချက်ကြောင့် ချက်ချင်းပင် ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ ၎င်းသည် ငွေဗျိုးဖြူ၊ ချင်ယုနှင့် လင်းယွန်၊ နေဝင်ချိန် တို့၏ တိုက်ပွဲ မှလွဲ၍၊ ဒုတိယ အကျော့ အတွက်၊ အဓိက အာရုံ စိုက်စရာ၊ အတွဲ တစ်ခု ဖြစ်လေသည်။
သူတို့ နှစ်ဦးသည် ပါရမီရှင် အသစ်များ ဖြစ်ကြပြီး၊ ဘိုင်လိရွှမ်မှာ မျိုးဆက်သစ် လူငယ်များ အတွင်း၊ အသန် မာဆုံး အဖြစ် မှတ်ယူ ထား၏။
ဇိုယန်မှာ ရှေးဟောင်း တာအို ဂိုဏ်း၏ အငယ်ဆုံး မျိုးဆက်တွင်၊ အသန်မာဆုံး ဖြစ်သောကြောင့်၊ အားနည်းသူ ဟုလည်း မဆို သာပေ။
ဘိုင်လိရွှမ်ဖြင့် တိုက်ခိုက် ဖို့ရန်၊ အရည် အချင်း ပြည့်မီသူ အဖြစ်၊ လူ အများက ယူဆ ထားကြပြီး၊ သူတို့ နှစ်ဦး၏ တိုက်ပွဲမှာ၊ စိတ်ဝင်စား ဖွယ်ရာ ဖြစ်လာ ပေသည်။
***