မိုးကြိုး ဓား။
Vol. 32 Ch. 444
ဇိုယန်မှာ ရှေးဟောင်း တာအို ဂိုဏ်း၏ အငယ်ဆုံး မျိုးဆက်တွင်၊ အသန် မာဆုံး ဖြစ်သောကြောင့်၊ အားနည်းသူ ဟုလည်း မဆို သာပေ။
ဘိုင်လိရွှမ်ဖြင့် တိုက်ခိုက် ဖို့ရန်၊ အရည် အချင်း ပြည့်မီသူ အဖြစ်၊ လူ အများက ယူဆ ထားကြပြီး၊ သူတို့ နှစ်ဦး၏ တိုက်ပွဲမှာ၊ စိတ်ဝင်စား ဖွယ်ရာ ဖြစ်လာ ပေ၏။
ဘိုင်လိရွှမ် တစ်ယောက် အနေဖြင့်၊ ပထမ အကျော့ ပွဲစဉ် များတွင်၊ လွယ်ကူစွာ ဖြတ်သန်း နိုင်ခဲ့ပြီး၊ သူတော်စင် ခန္ဓာကိုယ် ကိုပင်၊ မထုတ်ဖော် ပြခဲ့ ရပေ။
သို့သော် မဟာချင် အင်ပါယာတွင်၊ အာရုံ စူးစိုက်မှု၏ ဗဟို ချက်မှာ၊ ဘိုင်လိရွှမ် ဖြစ်နေဆဲ ဖြစ်သည်။
သူတော်စင် ခန္ဓာ ကိုယ်၏၊ စွမ်းအားကို မသိ ချင်သော သူ မရှိပေ။
ထို့ကြောင့် ဇိုယန် အနေနှင့် ဘိုင်လိရွှမ်ကို၊ မည်မျှ အထိ တွန်းပို့ နိုင်မည်အား၊ စောင့်ကြည့်လာ ကြ၏။
စူးစူး စိုက်စိုက် စောင့်ကြည့် နေသည့် မျက်ဝန်းများ အောက်တွင်၊ ဇိုယန်က တည်ငြိမ်သော သူ့အမူ အရာကို၊ ထိန်းသိမ်း ထားနိုင် ခဲ့သည်။
လူတိုင်း၏ အတွေး များကို သူ သိသည်။ သူ့လက် များကို ဖြည်းညှင်းစွာ ဆန့်ထုတ် လိုက်သော အခါ၊ လက်ဖဝါး များပေါ်တွင်၊ အသား မာများ တက်နေ သည်အား၊ ထင်ရှားစွာ တွေ့မြင် လိုက်ရ၏။
ဤသည်မှာ လေ့ကျင့် ရာတွင်၊ မည်မျှ အားထုတ် ခဲ့ကြောင်း၊ ပြသသည့် လက္ခဏာ ဖြစ်သည်။
" ဘိုင်လိရွှမ် .... ရလဒ်က ဘယ်လိုပဲ ဖြစ်နေ ပါစေ၊ ငါက ခွန်အား အပြည့်နဲ့ တိုက်ပွဲဝင် သွားမှာမို့၊ .... သတိ ထားပါ ။ "
ဘိုင်လိရွှမ်က သူ့မျက်လုံး များကို မှေးစင်းလိုက်ပြီး၊ ဇိုယန်ကို ကြည့်ကာ ဖြည်းညှင်းစွာ၊ ခေါင်းညိတ် ပြလိုက်သည်။
" ဓားနန်းတော်က ဘိုင်လိရွှမ်ပါ၊ ကျေးဇူးပြုပြီး ... "
နောက်တစက္ကန့် အတွင်း၊ စင်မြင့် ပေါ်၌ ကြီးမားသော စွမ်းအင် လှိုင်းကြီး နှစ်ခု ပေါက်ကွဲ ထွက်လာသည်။
မြေပြင် ပေါ်သို့ ခြေမချမီ၊ နှစ်ယောက်သား မျက်နှာချင်း ဆိုင်လိုက်ပြီး၊ နောက်ကျောရှိ ဓားများ ကိုယ်စီ ဆွဲထုတ် လိုက်၏။
ဆေဘာဓားကို ဆွဲထုတ် လိုက်သော အခါတွင်၊ ကောင်းကင်၌ အရိပ် ဓားကြီး တစ်လက် ဖြစ်ပေါ် လာပြီး၊ ဇိုယန် တစ်ယောက် ချက်ချင်း၊ ပျောက်ကွယ် သွားခဲ့သည်။
သူ၏ လှုပ်ရှားမှု နည်းစနစ်မှာ၊ အလွန် လျင်မြန် သဖြင့် သာမန် မျက်စိနှင့်၊ လိုက်မကြည့် နိုင်ပေ။
ပျောက်ကွယ် သွားသော ဇိုယန်ကို ကြည့်ပြီး၊ဘိုင်လိရွှမ်၏ မျက်လုံးများ တောက်ပလာကာ၊ ဘေးဘက်သို့ ရှောင်ထွက် သွားသည်။
နောက် တစ်စက္ကန့် အတွင်းတွင်၊ ဓားတစ်လက်က ပေါက်ကွဲ သံနှင့် အတူ၊ ဘိုင်လိရွှမ် ၏ နောက်ကွယ်မှ ဝင်ရောက် လာခဲ့သည်။
" ဘယ်လောက်တောင် မြန်လိုက်လဲ။ "
ထိုဓား၏ အရှိန်သည် လူတိုင်းကို ထိတ်လန့် စေခဲ့ပြီး၊ ကျင့်ကြံမှု နိမ့်ကျ သူများက၊ အဆိုပါ တိုက်ခိုက်မှု အပေါ် မည်သို့၊ ရှောင်တိမ်း ရမည်မှန်း မတွေးတော နိုင်ခဲ့ပေ။
သို့သော် ထိုဆေဘာဓား ထက်၊ ဘိုင်လိရွှမ် ဓားမှာ ပိုမြန်၏။
ဘိုင်လိရွှမ်က မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသော အခါတွင်၊ ဆေဘာဓား ကိုင်ထားသော ဇိုယန်၏၊ လက်ကောက် ဝတ်ထံ ဓားအလင်း များဖြင့်၊ ပစ်လွှတ် လိုက်သည်။
လက်ကောက် ဝတ်ကို ဓားအလင်းက ဖြတ်သွား ခါနီးတွင်၊ နောက်ပြန် လှည့်ပြီး ဘိုင်လိရွှမ်အား၊ ဓားဖြင့် ထိုးချ လိုက်၏။
ဆေဘာဓားနှင့် ဓားရှည်တို့ ထိပ်တိုက် တွေ့ဆုံကာ၊ မီးပွားများ ပွင့်ထွက် လာပြီး၊ နှစ်ယောက်သား နောက်ပြန် ဆုတ်လိုက် ရသည်။
ပြီးနောက်၊ အချင်းချင်း လည်ချောင်းများ ဆီသို့ ချိန်ရွယ်ကာ၊ သတ်ဖြတ် လိုသော အရှိန်အဝါ များအား ထုတ်ဖော် ပြသ လိုက်ကြသည်။
ခဏချင်း မှာပင် တိုက်ပွဲက၊ ပြင်းထန် လွန်းသော အဆင့်သို့ ရောက်ရှိ လာပြီး၊ လူတိုင်း အသက်ရှု ကြပ်လာ စေ၏။
ယင်းမှာ အစ မျှသာ ဖြစ်ပြီး၊ ၎င်းတို့ အနက်မည်သူမျှ နောက်ပြန် ဆုတ်သွားခြင်း မရှိဘဲ၊ လည်ပင်းထံ ချိန်ရွယ် လျက်ဖြင့်၊ ပျံသန်းတိုးဝင် မိကြသည်။
သူတို့ နှစ်ဦး၏ တိုက်ခိုက် မှုများ၊ ထိမှန် ခံရ ပါက၊ နှစ်ဖက် စလုံး သေဆုံး ရပေ
မည်။
'' ဘယ်သူက ပိုမြန်လဲ၊ လောင်းကြေး ထပ်နေ ကြတာလား၊ ''
ယင်းမှာ အနည်းငယ် နှောက်နှေး ရုံဖြင့်၊ အသက်ကို ပေးဆပ် ရပေမည်။ ထို့ကြောင့် လူစည် ကားသော ရင်ပြင်မှာ၊ ချက်ချင်း တိတ်ဆိတ် သွားခြင်း ဖြစ်သည်။
လည်မျိုထံ တိုးဝင် လာသော ပြိုင်ဘက်၏ လက်နက် အသီးသီးအား၊ ဇိုယန်နှင့် ဘိုင်လိရွှမ်က၊ ဘယ်လက်ကို အသုံး ပြုကာ၊ ပုတ်ထုတ် လိုက် ကြ၏။
အသီး သီးသော လက်ဝါး ရိုက်ချက် များတွင်၊ များပြား လှသည့် စွမ်းအင်များ ပါရှိ နေပေသည်။ ရိုက်ချက် အသီးသီးကြောင့်၊ စွမ်းအင်များ ပေါက်ကွဲ သွားသော်လည်း၊ ကျင့်ကြံမှုခွန်အား အရ၊ ဘိုင်လိရွှမ် အသာစီး ရနေ သည်မှာ ထင်ရှား၏။
ထို့ကြောင့် လွင့်စင် သွားသော ဇိုယန်က ဒရာကိုဖီ စွမ်းအင်ကို စုပ်ယူကာ၊ ပြင်းထန်သော အငွေ့ အသက် များအား၊ စတင် ထုတ်လွှတ် လိုက်၏။ အဆိုပါ လေစုပ် ဝဲကြောင့် လွင့်စင် နေသော သူ့ အရှိန်ကို၊ လျော့ကျ သွားစေ ခဲ့သည်။
အချင်းချင်း ထိပ်တိုက် တွေ့ဆုံ ခဲ့ပြီး၊ ဘိုင်လိရွှမ် မှာလည်း၊ နောက်ပြန် ဆုတ်လိုက် ရ၏။
သို့သော် ချက်ချင်းပင် အားယူကာ၊ နောက်တစ်ကြိမ် ပြေးဝင် လိုက်ကြ ပြန်သည်။ လေထဲ၌ ပေါက်ကွဲ သံများ ဆူညံ လာပြီး၊ အရေး ကြီးသော အစိတ် အပိုင်းများ ဆီသို့၊ ဦးတည်ကာ၊ ဓားရေးများ ဖလှယ် လိုက်ကြ တော့၏။
လျင်မြန် လွန်းသော အရှိန်ကြောင့်၊ သူတို့ နှစ်ဦးမှာ၊ စင်မြင့် ပေါ်မှ ပျောက်ကွယ် နေပေသည်။ ထို့ကြောင့် လူအုပ် ကြီးက အသံပင် မထွက် ဝံ့ဘဲ၊ အာရုံ စိုက်လာ သည်။
ဆေဘာဓားနှင့် ဓားရှည် တို့မှာ၊ သေကွင်း သေကွက်များ ထံသို့၊ ဦးတည် နေခဲ့ ကြပြီး၊ လူတိုင်း တွေထင် ထားသည် ထက်၊ ပို၍ စိတ်လှုပ် ရှားဖွယ်၊ ကောင်းနေ ခဲ့၏။
" သူတို့က အကဲစမ်း နေတုန်လား။ ''
သို့သော် တိုက်ပွဲကို ကြည့်ကာ လင်းယွန်က လေးနက်သော အတွေးထဲ နစ်မြုပ် သွားခဲ့၏။ သူ့အမြင် အရ၊ ပြင်းထန်သော ဓားချက် များမှာ၊ နှစ်ယောက် စလုံးက၊ ပြိုင်ဘက်၏ အင်အား အပေါ်၊ စမ်းသပ် နေဆဲသာ ဖြစ်လေသည်။
သို့သော် ၎င်းသည်ပင် ကြောက်မက်ဖွယ် ကောင်းအောင်၊ အမှန် တကယ် အစွမ်းထက် လွန်းပေသည်။
" ဘိုင်လိရွှမ်က နှစ်ထောင်ပေါင်း များစွာ အတွင်း၊ သူတော်စင် ခန္ဓာ ကိုယ်ကို၊ အောင်မြင် ခဲ့တဲ့ တစ်ဦး တည်းသော ပုဂ္ဂိုလ် ဖြစ်ထိုက် ပါပေတယ်။ ''
စင်မြင့် ပေါ်သို့ ပြန်လည် ဆင်းသက် လာချိန်၌၊ ဇိုယန်က ချီးကျူး စကား ဆိုလိုက်သည်။ ဘိုင်လိရွှမ် ကလည်း ဝတ်ရုံကို ရုတ်သိမ်း လိုက်ပြီး၊ ဇိုယန်အား လှမ်းကြည့်ကာ၊
" မင်း ကိုယ်တိုင်လည်း မဆိုး ပါဘူး၊ ဇိုယန် ဆိုတဲ့ နာမည်ထက် ပို အားကောင်း ပါတယ်၊ အထူး သဖြင့် မင်းရဲ့ ... ဆေဘာ ဓားရေးပဲ ။
" အောင်ပွဲ အတွက် ... အရာ အားလုံး လုပ်မယ်လို့၊ ငါပြော ခဲ့တယ် မဟုတ်လား၊ သတိ ထားပါ။ "
အဆင့် (၃၂)တွင် နေရန် ဆန္ဒ မရှိ သောကြောင့်၊ ဇိုယန်က လေးနက်သော အမူ အရာဖြင့်၊သတိ ပေးလိုက်သည်။ ထို့နောက်၊
" တိမ်မိစ္ဆာ တံဆိပ်။ "
ကြွေးကြော်သံ နှင့်အတူ၊ ကြမ်းရှသော စွမ်းအင် များက၊ သူ့ ခန္ဓာကိုယ် အပေါ် ဖုံးလွှမ်း လာပြီး၊ ကြက်သွေးရောင် အလင်းများ ရုတ်တရက် ထွက်ပေါ် လာသည်။
တစ်ချိန် တည်းမှာပင် သူ၏ ရောင်ဝါသည် ခရမ်းရောင် နန်းတော် နယ်မြေသို့ ချက်ချင်းရောက်ရှိ သွား၏။
ကြက်သွေးရောင် အလင်းများ တည်ငြိမ် သွားသော အခါ၊ ဇိုယန်၏ မျက်လုံး များက အေးစက်စွာ တောက်ပ လာပြီး၊ ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင် သွားလေသည်။
ကြမ်းရှသော စွမ်းအင်တွင်၊ မူလ စွမ်းအင် များကို ပေါင်းစပ် လိုက်ရာ၊ လေထုထဲ ထိုးခွဲလာသော ဆေဘာဓား ထံမှ၊ မိစ္ဆာတစ်ကောင် အော်မြည် နေ သကဲ့သို့၊ စိတ်အနှောက်အယှက် ဖြစ်စေသည့်၊ အသံများ ထွက်ပေါ် လာသည်။
ဘိုင်လိရွှမ်၏ ဓား အရှိန် အဝါမှာ၊ ဤတိုက်ခိုက် မှုကြောင့်၊ အမှန် တကယ် ဖိနှိပ်ခံ လိုက်ရ လေသည်။
တိုက်ပွဲ အတွင်းမှ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရသည့် အပြင်၊ ထပ်မံ ဆုတ်ခွာရန် ဖိအားပေး ခံလာ ရသော ကြောင့်၊ နောက်ဆုံးတွင် မိုးကြိုးဓားအား၊ ထုတ်ဖော် ခုခံ လိုက်ရ၏။
ဘိုင်လိရွှမ်က ရှင်းဂျူ ကဲ့သို့ မိုးကြိုးဓားကို၊ ရွေးချယ် ထားလိမ့် မည်ဟု၊ လင်းယွန်က မထင် ထားမိပေ။
ကောင်းကင် အနှံ့၊ မိုးခြိမ်း သံများ ဖြစ်ပေါ် လာပြီး၊ သူ့ တစ်ကိုယ် ရေစာ လျှပ်စီးများ တောက်ပ နေလေသည်။
မိုးကြိုးဓား နည်းစနစ်ကို နက်နက် နဲနဲ ကျွမ်းကျင် နေကြောင်း၊ ပြောနိုင် သော်လည်း၊ တိုက်ပွဲဝင် စွမ်းအားမှာ အနည်းငယ် အားနည်း နေသေး၏ ။
တစ်ဖက်တွင်၊ တိမ်မိစ္ဆာ တံဆိပ်ကို အသုံးပြု ထားသော ဇိုယန်သည်၊ ရှေးဟောင်း နတ်ဆိုး သားရဲ တစ်ကောင်နှင့်၊ ပို၍ တူလာ ပေသည်။
ထိုမြင်ကွင်းသည် နဂါးတံခါး ပြိုင်ပွဲ၌၊ မည်သူ့ ကိုမျှ လျော့မတွက် မိစေရန်၊ သတိ ပေးရာ ရောက်လေပြီ။
လူတိုင်းတွင် ကြောက်စရာ ကောင်းသော ဝှက်ဖဲများ ရှိနိုင်၏။ ပေါ့လျော့မှု အနည်းငယ် ကပင်၊ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက် ရနိုင်သည်။
ဇိုယတ်၏ ဆေဘာ ဓားမှာ၊ ပို၍ ပြင်းထန် လာပြီး၊ ဘိုင်လိရွှမ်ကို ရိုက်နှက် နိုင်ခဲ့၏။ ယင်းကြောင့် နောက်ဆုံးတွင်၊ အခွင့် အရေး တစ်ခု ရရှိ လာပြီဟု ယူဆ လိုက်ပြီး၊ အရှိန် အဝါအား အထွတ် အထိပ်ထိ၊ တွန်းတင် လိုက်၏။
ဆေဘာဓားကို အုပ်မိုး လိုက်စဉ်၊ စင်မြင့် တစ်ခုလုံး ကြက်သွေးရောင် မြူများ၊ ဖုံးလွှမ်း လာတော့သည်။
ဤသည်မှာ ဓားချက်ကြောင့် လွင့်စင် သွားသော ဘိုင်လိရွှမ်ကို၊ ခြိမ်းခြောက် မှုများ ဖြစ်လာစေ ခဲ့သည်။
သို့သော် ကြမ်းပြင် ပေါ်သို့ ဆင်းသက် လိုက်ချိန်၌၊ ကိုယ်ဟန်ကို ခြေသုံးလှမ်း ဆုတ်လျက် ထိန်းယူ လိုက်ရပြီး၊
“ နောက်ဆုံးတော့၊ လျှို့ဝှက် နည်းစနစ် တစ်ရပ်က၊ လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်နေတုန်း ပါပဲ၊ ... မိုး ကြိုး ဖမ်း ယူ ခြင်း ..... "
မျက်လုံးများ တောက်ပ လာပြီး၊ ကြုံးဝါး သံနှင့် အတူ၊ ဘိုင်လိရွှမ်၏ ရောင်ဝါမှာ၊ ရုတ်ချည်း တိုးလာ လေသည်။
ဇိုယန်၏ ဆေဘာဓားကို ရင်ဆိုင်ရန်၊ လျှပ်စီး လက် သကဲ့သို့၊ ဓားရှည်အား အလျားလိုက် လွှဲယမ်း လိုက်၏။
အောက်၌ ရပ်ကြည့်၊ နေမိသော သူများ အတွက်မူ၊ စင်ပေါ်တွင် လျှပ်စီးများ ပြက်ထင် နေသည် ကိုသာ၊ မြင်နိုင် ကြသည်။
တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ ဇိုယန်မှာ လွင့်စင် သွားရပြီး၊ မယုံကြည် နိုင်ဟန်ဖြင့်၊ သွေး တစ်လုတ်အား အန်ချ ပစ်လိုက် ရလေသည်။
ဓားသွားက အသွင်ပြောင်း ထားသော၊ သားရဲ အရေပြားကို ဖြတ်၍၊ ရင်ဘက်ကို ခွဲထုတ်သွား၏။
ထိုဒဏ်ရာမှ သွေးများ စီးကျ လာပြီး၊ မည်မျှပင် ကြိုးစား စေကာမူ၊ ဇိုယန် အနေဖြင့် ဘိုင်လိရွှမ်ထံ၊ သူ့ဓားကို မလွှဲ နိုင်ခဲ့ တော့ပေ။
ဘိုင်လိရွှမ်က သူ့ဓားကို ပြန်လည် သိမ်းဆည်းလိုက်ချိန်၌၊ ဇိုယန်၏ ရင်ဘက်ရှိ ဒဏ်ရာမှာ၊ ပွင့်ထွက် လာပြီး၊ လဲကျ သွားလေသည်။
ပွင့်ထွက် လာသော ရင်ဘတ်ကို၊ ဆုပ်ကိုင် ထားပြီး၊ ဘိုင်လိရွှမ်အား တွန့်ဆုတ်စွာ မော့ကြည့် မိ၏။ တစ်ဆက်တည်း မှာပင်၊ သားရဲ အသွင် ယူထားသော ခန္ဓာ ကိုယ်မှာ၊ ပုံမှန် အရွယ် အစားသို့ ရောက်ရှိ သွားတော့သည်။
သည်ပွဲကို အနိုင် ရနိုင်သည့်၊ အခွင့် အရေးမှာ၊ လက်တစ်ကမ်း အလိုသို့ ရောက်ရှိ လာခဲ့သော်လည်း၊ ရုတ်တရက် ရှုံးနိမ့် သွားရသည်။ မည်သည့် နေရာ၌ လွဲချော်ခဲ့ သည်ကို၊ သူ မသိ နိုင်ခဲ့ပေ။
“ မင်း နားမလည် သေးပါဘူး၊ ငါပြောခဲ့ သလိုပေါ့၊ လျှို့ဝှက် နည်းစနစ် တွေက မင်းကို သန်မာ လာစေ ပေမဲ့၊ မင်းပိုင်တာ မဟုတ်ဘူး၊ ဒါကြောင့် အသုံး ပြုတဲ့ အချိန် တိုင်းမှာ၊ မင်းရှုံးနိမ့် နေဦးမှာ ပါပဲ။ "
ဇိုယန် အတွေးကို နားလည် ဟန်ဖြင့်၊ ဘိုင်လိရွှမ်က ရှင်းပြ လိုက်သည်။ သူ့ လေသံတွင် နှိမ့်ချ လိုခြင်း မရှိ သော်လည်း၊ စကား လုံးတိုင်းက ရက်စက် ကြမ်းကြုတ် လှ၏။
ယင်းကြောင့် အနိုင် ရယူရန်၊ လက်တစ်ကမ်း အလို၌ နိုင်ပွဲအား၊ လွှတ်ချ လိုက်ရသော ဇိုယန် အပေါ်၊ သနား လာကြသည်။
“ ထူးဆန်းတယ် ... မိုးကြိုးဓား ထဲမှာ၊ ဒီလိုလှုပ်ရှား မှုမျိုး ရှိလို့လား၊ သူက ဘယ်သူ နဲ့မှ မတူ ဖူးလို့၊ ဘာလို့ ...ငါက ထင်နေရ တာလဲ။ "
" ဒီဓား ချက်က မိုးကြိုးဓား ထဲက၊ ဓားရေး တစ်ချက်လား ဆိုတာ၊ ငါမသိ တော့ဘူး။ "
“ လူ အတော် များများက၊ မိုးကြိုးဓားကို အသုံး ပြုကြ တာပဲ၊ ဒါပေမယ့် ဒီလို လှုပ်ရှား မှုမျိုး ဘယ်သူမှ အသုံး မပြုဖူး ပါဘူး။ ”
အဆိုပါ ဓားချက်ကို ဘိုင်လိရွှမ်မှ ဖန်တီး ယူခဲ့ကြောင်း၊ ယူဆ လိုက်မိ သောကြောင့်၊ များကြာမီ လူများ စွာက ထိတ်လန့် ကုန်ကြ လေသည်။
***