ဒါက ပါရမီ ရှင်တဲ့လား ။
Vol. 32 Ch. 445
၎င်းသည် ကိုယ်တိုင် ဖန်တီး ယူထားသော ဓားရေး ပင်လော။
မိုးကြိုး ဓားတွင် မိုးကြိုး ဖမ်းယူခြင်း ကဲ့သို့၊ ဓားချက်မျိုး မရှိ သောကြောင့်၊ နက်ရှိုင်းသော အတွေး ထဲသို့၊ ကျရောက် သွားခဲ့သည်။
ဆိုလို သည်မှာ ယင်းကို ဘိုင်လိရွှမ် ဖန်တီးခဲ့ မည်မှာ သေချာ၏။ သူတော်စင် ခန္ဓာကိုယ်သည် အံ့သြ လောက်အောင် အစွမ်းထက် သည်ဟု ဆိုပါက၊ ယခု သူကိုယ်တိုင် ဖန်တီး ထားသော လှုပ်ရှားမှု အပေါ်၊ ဆိုဖွယ်ရာ မရှိ တော့ပေ။
အထက်ပါ အချင်း အရာ များမှာ၊ သူတို့၏ နှလုံးသား များကို ထိတ်လန့် သွားစေရန်၊ လုံလောက် လေသည်။
သို့သော် ယင်းမှာ တခဏ မျှသာ ဖြစ်ပြီး၊ နောက်ထပ် ပွဲစဉ် ကြေငြာသံ ထွက်ပေါ် လာသည်နှင့်၊ လူအုပ်ကြီး၏ အာရုံမှာ၊ ချက်ချင်းပြောင်း လဲသွားသည်။
" နဝမမြောက် တိုက်ပွဲ၊ ဓားနန်းတော်ရဲ့ လင်းယွန်နဲ့၊ မိုးတိမ် ဓားနန်းတော်က နေဝင်ချိန် ။
ဖီးနစ် ပန်းကလေး၏ ကြေငြာ သံဆုံး သည်နှင့်၊ လေထုက နောက်တစ်ကြိမ် တင်းကြပ် လာသည်။
“ နောက် ဆုံး တော့ စိတ်ဝင်စား စရာတွေ ရောက်လာပြီ .... ”
" သူ့ဂိုဏ်းတူ ညီလေးကို သတ်လိုက်တဲ့ အတွက်၊ နေဝင်ချိန်က အရိုးထဲ ကနေ၊ နက်နက် ရှိုင်းရှိုင်း မုန်းတီး ခဲ့တယ်၊ ဒီကပ်ဆိုး ကနေ၊ လင်းယွန် တစ်ယောက် လွတ်မြောက် နိုင်မယ် မထင်ဘူး။ ''
" သူ အရှုံး မပေးရင် ...၊ သေချာပေါက် အသတ် ခံရ လိမ့်မယ်။ "
“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ သူ ဘာကို ရွေးမလဲ ကြည့်ရအောင်၊ တကယ်တော့ ပြိုင်ပွဲကို မလာ သင့်ဘူး၊ ထိပ်ဆုံး (၃၂)ဦး စာရင်း ဝင်တာ နဲ့တင်၊ ဂုဏ်ယူ နေသင့် ပါပြီ၊ အရှုံး ပေးလိုက် ရတာက၊ ရှက် စရာမှ မဟုတ်တာ။ "
အားလုံးက တိုက်ပွဲ အတွက်၊ စိတ်လှုပ် ရှားမှု အပြည့်ဖြင့်၊ ဆွေးနွေးလာ ကြသည်။ စင်မြင့် ပေါ်သို့ ပုံရိပ် နှစ်ရိပ်၊ ကျဆင်း လာမှ သာလျှင်၊ ငြိမ်သက်သွား ကုန်၏။
ထိုပုံရိပ် ရှင်များက၊ ပတ်ဝန်းကျင် ဆွေးနွေး သံများ အပေါ် ဂရု မစိုက်ဘဲ၊ တစ်ယောက်ကို တစ်ယောက်၊ စိုက်ကြည့် လိုက်ကြသည်။
နေဝင်ချိန်၏ မျက်ဝန်းများ ထဲ၌ ဒေါသနှင့်၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ ပြည့်နှက် လာကာ၊ သူဝတ် ထားသည့် အနက်ရောင် ဝတ်ရုံ ထက်ပင်၊ နက်မှောင် နေပေသည်။
" လွန်ခဲ့တဲ့ သုံးရက်က၊ မင်းကို ငါပြော ဖူးတယ်၊ မင်း ငါ့ဆီကို မပြေးမိ စေနဲ့လို့ ... ၊ တကယ်သာ ထက်မြတ်သူ တစ်ယောက် ဆိုရင်၊ အခု အချိန်မှာ အရှုံးပေး သင့်ပြီ မဟုတ်လား၊ ဒီလိုမှ မဟုတ်ရင် တိုက်ပွဲ စလိုက် တာနဲ့၊ ဘယ်သူမှ မင်းကို ကယ်တင် နိုင်တော့မှာ မဟုတ်ဘူး။ ”
" ဒီလူက ဂျူနီယာ မောင်ငယ်ကို ရည်ရွယ်ချက် ရှိရှိ ရန်စဖို့၊ ကြိုးစား နေတာ။ "
နေဝင်ချိန်၏ စကားများ ထဲရှိ၊ ရည်ရွယ် ချက်ကို ချက်ချင်း တွေ့ရှိ ခဲ့ပြီး၊ ဒိုင် အဖိုးအိုက လင်းယွန်အား မေးခွန်း ထုတ်နေသည့် အပေါ်၊ အံကြိတ်လျက် ကြည့်နေ လိုက်ရသည်။
'' မင်း အရှုံးပေး မှာလား။ ''
" မလို ပါဘူး။ "
လင်းယွန်က ပြန်ဖြေ၏။ ဒိုင် အဖိုးအိုက ဆက်မမေး တော့ဘဲ၊ စင်မြင့် ပေါ်မှ ခုန်ဆင်း သွားတော့သည်။
" စ လိုက် ရ အောင်။ "
နေဝင်ချိန်က အရှိန် အဝါကို ထုတ်လွှတ် လိုက်သည်နှင့်၊ အမှောင် ထဲတွင် လင်းလက် လွင့်မျော နေသော၊ ဓား တစ်လက် ကဲ့သို့၊ တောက်ပလာ လေသည်။
သူ့ဓား ရည်ရွယ်ချက်အား၊ ခန္ဓာ ကိုယ်မှ လွှတ်ထုတ် လိုက်သည်နှင့် စင်မြင့် တစ်ခုလုံး အပေါ်၊ အငွေ့ အသက်များ ဖုံးလွှမ်း သွား ပေသည်။
" ဘယ်လောက်တောင် သိပ်သည်း လိုက်တဲ့ အရှိန် အဝါလဲ ..."
" လင်းယွန်ကို အခွင့် အရေး မပေးဘဲ၊ ဒီတိုက်ပွဲကို အမြန် အဆုံး သတ်ဖို့၊ သူ စီစဉ် နေတယ်။ "
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ နေဝင်ချိန် ရှေ့မှာ ရပ်နေတဲ့ လင်းယွန် တစ်ယောက်၊ ဘယ်လို ဖိအားမျိုး ကြုံနေ ရတယ် ဆိုတာ၊ တွေးကြည့်လို့ မရဘူး။ ”
“ နေဝင်ချိန်က သူ့အဆင့်နဲ့ တကယ် ထိုက်တန် ပါတယ်…။ ”
သူ၏ အရှိန်အဝါကို ထုတ်ဖော် လိုက်ရုံဖြင့်၊ နေဝင်ချိန်၏ ရုပ်သဏ္ဍာန်မှာ ကြောက်မက်ဖွယ်၊ ဖိအားများ ပြသ လာခဲ့သည်။ အထွတ် အထိပ်သို့ ရောက်သည်နှင့်၊ သူ၏ ဓားကို ဆွဲထုတ်ပြီး၊ ခြေတစ်လှမ်း လှမ်းယူ လိုက်၏။
ဓားမှ ထွက်လာသော အလင်း ရောင်က၊ ကြယ်တံခွန်ကြီး တစ်စင်း ကဲ့သို့၊ မိုးကုတ် စက်ဝိုင်းကို ဖြတ်ကျော် သွားသည်။
ထိုဓားအလင်း နှင့်အတူ၊ သူ၏ တိုက်ခိုက်မှု များမှာ လျင်မြန်ပြီး၊ ရက်စက် ကြမ်းကြုတ် လှပေ၏။
အဆိုပါ တိုက်ခိုက် မှုကို ရင်ဆိုင်ရန်၊ လင်းယွန်က ပန်းသင်္ချိုင်း ဓားအား၊ ဆွဲထုတ်လိုက် သည်နှင့်၊ ဓားသေတ္တာ ကိုယ်ထည်ဖြင့် ပွတ်တိုက် သွားပြီး၊ စူးရှသော မြည်သံ ပြုလာသည်။
အရေး ကြီးသော အခိုက် အတန့်တွင်၊ နေဝင်ချိန်၏ ဓားကို ပိတ်ဆို့ နိုင်ခဲ့ပြီး၊ ၎င်းတို့ နှစ်ဦး ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ စင်မြင့် တစ်ခုလုံး တုန်ခါ သွား၏။
လင်းယွန်က တိုက်ခိုက် မှုကို တားဆီး ရာ၌ ခြေတစ်လှမ်း မျှပင် နောက်ပြန် မဆုတ် ခဲ့ပေ။ ထို့ကြောင့် သူ၏ ဓား အလင်းများ ကွဲကြေ သွားသော အခါ၊ နေဝင်ချိန်က မျက်မှောင်ကြုတ် သွားပြီး၊ ဓားနှင့် ထပ်မံ ထိုးလိုက် ပြန်၏။
သို့သော် လင်းယွန်က ထိုဓားကို တည်ငြိမ်စွာ ရင်ဆိုင်ပြီး၊ လေးနက်သော ခြေလှမ်း ခုနှစ် လှမ်းအား ထုတ်ဖော်ကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ခုန်လွှား သွားသည်။
ထို့ကြောင့် ၊ နေဝင်ချိန်က လင်းယွန်၏ နောက်သို့ အားစိုက် ပြေးလိုက် သွားကာ၊ ကျန်ရစ် ခဲ့သော ပုံရိပ်ယောင် များအား၊ ဖြိုခွဲ လိုက်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား လှုပ်ရှားမှု ဆယ်ခုခန့်၊ ဖလှယ်လိုက် ကြသည်။
နေဝင်ချိန်က လင်းယွန်ကို နှိမ်နှင်းရန်၊ သူ၏ အားသာချက် ဖြစ်သော၊ ကျင့်ကြံမှု အပေါ် အသုံး ချကာ၊ တောင်တစ်လုံး ကဲ့သို့ ဖိနှိပ် လာခဲ့၏။
" မင်းက သန်မာတယ်၊ ခရမ်းရောင် နန်းတော်နယ်မြေ လေ့ကျင့် သူတွေ ကိုတောင်၊ အသာ စီးနဲ့ တိုက်ခိုက် နိုင်တယ်။ "
နေဝင် ချိန်မှာ အမှန် တကယ်ပင်၊ ကြောက်စရာ ကောင်းသောကြောင့်၊ လင်းယွန်က ခပ်တိုးတိုး အသိ အမှတ် ပြုလိုက်၏။
သူကြုံ ဖူးသော ဝူမိုဟန်ထက်၊ ပို၍ သန်မာ လေသည်။ ၎င်းတို့ နှစ်ဦးမှာ ခရမ်းရောင် နန်းတော် တစ်ပိုင်း၊ နယ်ပယ်တွင် ရှိကြ သော်လည်း၊ တူညီသော အဆင့်၌ မရှိခဲ့ ကြပေ။
“ အခုလို ချီးကျူးတဲ့ အတွက်၊ ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် မင်းသေ လိုက်တော့ ... ''
နေဝင်ချိန်က ရယ်မော လိုက်ပြီး၊ ရှေ့တစ် လှမ်း တိုးလိုက်သည်။ ယင်းခြေ လှမ်းကြောင့်၊ စင်မြင့် ပေါ်၌၊ အက်ကြောင်းများ ချက်ချင်းထင်ဟပ် လာခဲ့၏။
" ငါ့ကို သတ် မလို့လား၊ မင်း အိပ်မက် မက်နေ တာပဲ ဖြစ်ရမယ်။ ''
လင်းယွန်က ခံစားချက် ကင်းမဲ့သော၊ အမူ အရာဖြင့် ပြန်ဖြေသည်။ ခရမ်း ရောင်ပန်းအား ပွင့်စေကာ၊ နောက်ဆုံးတွင် ဒသမ အဆင့်၊ အရှိန် အဝါအား ထုတ်ဖော် လိုက်တော့၏။
" နက်နဲ ဒဿမ အဆင့် .... "
" ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ "
လူတိုင်းက အံ့အားသင့် သွားသည်။ လွန်ခဲ့သည့် သုံးရက်က၊ နဝမ အဆင့် တွင် ရှိနေဆဲဖြစ်သော်လည်း၊ ယခု အခါ အလယ် အလတ် ဒဿမ အဆင့်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
" လရောင် အလင်း ပြန်ခြင်း။ "
လမင်း နှစ်စင်း ဖြစ်ပေါ် လာပြီး၊ တစ်စင်းမှာ ကောင်းကင်တွင် ထွန်းလင်းလျက်၊ နောက်တစ်စင်းက မြေပြင်မှ ထွက်ပေါ် လာပေသည်။
လက်ထဲရှိ ပန်းသင်္ချိုင်း ဓားအာ လွှဲရမ်း လိုက်စဉ်၊ နေဝင်ချိန်၏ ဓား ရောင်ဝါကို ကွဲအက် စေသော၊ အလင်း တန်းများ ဖြာထွက် လာပေသည်။
ပြိုင်ဘက်၏ ဓားရောင်ဝါ ကွဲအက်သွား သည်နှင့်၊ လင်းယွန်က လက် နှစ်ဖက်ကို ခွဲကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ မရပ် မနားတိုးဝင် လိုက်ပြီး၊ နေဝင်ချိန်၏ ခေါင်းအား ဓားဖြင့် ထိုးခွဲချ လိုက်၏။
" မင်းက သေချင် နေတာပဲ။ "
လင်းယွန်က သူ့ထံသို့ အမှန် တကယ် ဝင်လာဝံ့ သောကြောင့်၊ နေဝင်ချိန် တစ်ယောက် ဒေါသ တကြီး ဖြစ်သွား ရသည်။
" တောက်ပသော ကြယ်ရောင် .... "
ဓားကို မူလ စွမ်းအင်များ၊ လောင်းချ လိုက်သည်နှင့်၊ ကောင်းကင် ထက်တွင် လင်းလက် နေသော၊ ကြယ် တစ်ပွင့် ကဲ့သို့ ဖြစ်လာ လေသည်။
" တိမ်မြူ ကင်းသော လမင်း။ "
လင်းယွန်က ရယ်မော လိုက်ပြီး၊ ဓားဖြင့် တည်ငြိမ်သော လရောင် အလင်းများ ဖန်တီးယူကာ၊ ကြယ်နှင့် လတို့အား ထိပ်တိုက် တွေ့စေ လိုက်၏။
မူလ စွမ်းအင် လှိုင်းများ၊ လင်းယွန် ကို ချက်ခြင်း ဝါးမြို သွားပြီး၊ ခိုက်ရန် ဖြစ်ပွား မှုကြောင့်၊ ပေါက်ကွဲ သံများက နားစည်သို့၊ လာရောက် ပဲ့တင် ထပ်သွား စေသည်။
" သေပြီလား .... "
ပြင်းထန်သော စွမ်းအင် လှိုင်းများ၏ ဝါးမြိုခြင်း၊ ခံလိုက် ရသော လင်းယွန် အတွက်၊ လူတိုင်းက စိုးရိမ်စ ပြုလာ ကြသည်။
ရုတ်တရက် စူးရှသော အက်ကွဲသံ တစ်သံ နှင့်အတူ၊ စင်မြင့် တစ်ခုလုံး မှိန်ဖျော့ သွားစေသည့်၊ လရောင် အလင်း တန်းများ ထွက်ပေါ် လာ၏။
အဆိုပါ လရောင် အတွင်း၌၊ ပန်းသင်္ချိုင်း ဓားကို ကိုင်ဆောင် ထားသော လင်းယွန်က၊ လေထဲတွင် ရပ်နေ ခဲ့သည့်၊ အသွင် အပြင်မှာ၊ မြေကြီး ပေါ်သို့ ဆင်းသက်သော လနှင့် တူသည်။
" ပိုးစုန်း ကြူးလေး တစ်ကောင်က၊ လကို ယှဉ်ဝံ့ သလား။ "
အထင်သေး ရှုံ့ချ အပြစ်တင် ဟန်ဖြင့်၊ ဟွန့်ခနဲ ရေရွတ် လိုက်လေသည်။ ၎င်းဓားချက်ကြောင့်၊ နေဝင်ချိန်၏ အကြည့် များတွင်၊ တုန်လှုပ် ခြောက်ခြားမှု များဖြင့်၊ ပြည့်နှက် လာပြီး၊ လွင့်စင် သွားရသည်။
" ဒါက ပါရမီ ရှင်လို့ .... ခေါ်ထိုက် သလား။ "
လွင့်စင် လာသော အရှိန်ကို၊ ခြေလှမ်းပေါင်း များစွာ၊ ဆုတ်ခွာ ထိန်းချုပ် နေရသော နေဝင်ချိန်အား ကြည့်ကာ၊ ပြက်ရယ် ပြုလိုက်၏။
" ဘယ်လောက်တောင် မောက်မာ လိုက်လဲ။ "
" မောက်မာ တော့ရော ဘာဖြစ်လဲ။ "
လင်းယွန်က ဒေါသ အမျက်ထွက် နေသော နေဝင်ချိန်ကို မျက်ခုံး ပင့်ပြကာ၊ တုန့်ပြန် လိုက်သည်။
တစ်ဆက် တည်းမှာပင်၊ ပန်းသင်္ချိုင်း ဓားထံမှ ကြောက်မက်ဖွယ် ကောင်းသော အအေး ဓာတ်များ၊ ပြေးထွက် လာလေသည်။
အအေးဓာတ် များက၊ အရာ အားလုံး အပေါ်ဝါးမြို တော့မည် ကဲ့သို့၊ ခံစား လိုက်ရသည်။ ယင်းမှာ သဘာဝ အတိုင်း၊ လရောင် ရေစင် ဓား၏၊ အနန္တ နှင်းလွင်ပြင် ဖြစ်၏။
ဝါးမျို လိုသော ကြောက်မက်ဖွယ်၊ ဓားရောင်ဝါကို ခံစား လိုက်ရ ချိန်၌၊ နေဝင်ချိန် မျက်နှာမှာ၊ ပြောင်းလဲ သွားခဲ့သည်။
တစ်စက္ကန့်မျှ တုန့်ဆိုင်း နေခြင်း မရှိ တော့ဘဲ၊ သူ့ကိုယ်သူ ကာကွယ်ရန် ဓားအား ထုတ်ယူကာ၊ မူလ စွမ်းအင်ကို စတင် လောင်းထည့် လိုက်သည်။
စင်ပေါ်တွင် ပြတ်တောက် သွားသော၊ ကွဲအက် သံများကို ကြားလိုက် ရပြီး၊ ဤတစ်ကြိမ်၌ နေဝင်ချိန်မှာ ကြမ်းပြင် ပေါ်သို့၊ လဲကျ သွားခဲ့သည်။
သွေးများ အန်ချ လျက်ဖြင့်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားရ၏။ ဒဏ်ရာ ရရှိ သွားသူမှာ၊ နေဝင်ချိန် ဖြစ်သောကြောင့်၊ လူတိုင်းကို ထိတ်လန့် စေခဲ့သည်။
သူတို့ မြင်နေ သမျှ အပေါ်၊ မည်သူမျှ မယုံရဲ ကြပေ။ မှားယွင်းစွာ မြင်နေသည်လား ဟုပင်၊ သံသယ ဝင်ခဲ့ ကြ၏။
“ ငါ မင်းကို လျှော့တွက် ခဲ့တယ် ဆိုတာ ငါဝန်ခံ ရတော့မယ် …” .
သူ့နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်လိုက် ချိန်တွင်၊ အလင်းတန်း တစ်ခုက သူ့အား ဖုံးအုပ်ရန်၊ ကောင်းကင်မှ ရုတ်တရက် ဆင်းသက် လာသည်။
သိပ် မကြာခင် မှာပင်၊ ဖြာထွက် နေသော ဓားရောင်ခြည် နှစ်စင်းက၊ '十' သဏ္ဍာန် အဖြစ် ဖွဲ့တည် လာပြီး၊ နေဝင်ချိန်အား သိုင်းခြုံပစ်လိုက် လေသည်။
" ဒါပေမယ့် မင်းအရှုံး မပေးရင်၊ .... သေရ လိမ့်မယ် ငါပြော ခဲ့တယ် မဟုတ်လား။ "
သူ့ရှေ့တွင် '十' ကို ဖွဲ့စည်းပြီး ချိန်၌၊ နေဝင်ချိန်က ရှေ့တစ်လှမ်း တိုးကာ ဆိုလိုက်သည်။
" အဲဒီ ကြက်ခြေခတ် တံဆိပ်က၊ အဋ္ဌမ အဆင့်ကို ရောက်သွားတဲ့၊ အမြင့်မြတ် ဆုံးသော ရောင်ခြည်တော် ဓားရဲ့ လက္ခဏာပဲ။ "
“ လင်းယွန် ကတော့ ပြီးပြီ၊ အမြင့် မြတ်ဆုံး ရောင်ခြည်တော် ဓားရဲ့ အဋ္ဌမ အဆင့်က၊ ခရမ်းရောင် နန်းတော် နယ်မြေရဲ့၊ ခွန်အားမျိုး ရှိတယ်။ ”
လူတိုင်း၏ အာမေဋိတ် သံများ၊ ထွက်ပေါ် နေစဉ် လင်းယွန် နောက်ကွယ်၌၊ ခရမ်းရောင် ပန်းတစ်ပွင့် ပွင့်လာပြီး၊ နေဝင် ချိန်၏ ဓားအား လုံးလုံး လျားလျား ချေမှုန်း သွားခဲ့သည်။
နေဝင်ချိန်က မယုံကြည် နိုင်စွာဖြင့်၊ သူ့လက်ခုံက သွေးစ များကို၊ အံ့အား သင့်စွာ ငုံ့ကြည့် လိုက်သည်။
" ဒီနေ့က စပြီး၊ ပါမီရှင် ရှစ်ပါး ထဲက နေဝင်ချိန်ဆို တဲ့သူ တစ်ယောက် ....ရှိတော့မှာ မဟုတ်ဘူး။ "
မောက်မာသော အမူ အရာဖြင့် ရေရွတ်ကာ၊ ဓားအား ရုတ်သိမ်း လိုက်လေသည်။
***