← Chapters

ခွေးဆိုးများ ။

Vol. 32 Ch. 446

ခွေးဆိုးများ ။

Vol. 32 Ch. 446

နေဝင်ချိန်က မယုံကြည် နိုင်စွာဖြင့်၊ သူ့လက်ခုံက သွေးစ များကို၊ အံ့အား သင့်စွာ ငုံ့ကြည့် လိုက်သည်။

" ဒီနေ့က စပြီး၊ ပါမီရှင် ရှစ်ပါး ထဲမှာ၊ နေဝင်ချိန် ဆိုတာ ....ရှိတော့မှာ မဟုတ် ပါဘူး။ "

၎င်းကို လျစ်လျူရှုကာ၊ မောက်မာသော အမူ အရာဖြင့် ရေရွတ်ပြီး၊ လင်းယွန် ဓားအား ရုတ်သိမ်း လိုက်လေသည်။ သူ့ စကား များက၊ လူတိုင်း နှလုံးသား ထဲ၌ လျှပ်စီး ကဲ့သို့၊ ပြက်ထင် သွား၏။

မိုးတိမ် ဓားနန်း တော်၏ နှစ်တစ်ထောင် အတွင်း၊ တစ်ယောက်သာ ပေါ်ထွန်း လာသော ပါရမီ ရှင်သည်၊ လင်းယွန်၏ ဓားဖြင့် ကွယ်လွန်သွား သည်ကို၊ သူတို့ မယုံ နိုင်ကြ သေးပေ။

လွန်ခဲ့သည့် တစ်စက္ကန့် ကပင်၊ အရှုံး ပေးခြင်း မရှိ ပါက၊ လင်းယွန်အား မည်သို့ သတ်ပစ် မည်ဟု၊ ထုတ်ဖော် ပြောဆို နေဆဲ ဖြစ်သည်။

သိုသော် ယခုမူ အပိုင်းပိုင်း ခွဲပစ်ခြင်း ခံလိုက် ရလေသည်။ ခရမ်း ရောင်ပန်း ပွင့်သည်နှင့်၊ သူ၏ အပြင်း ထန်ဆုံးသော တိုက်ခိုက် မှုမှာ၊ လုံးဝ ကြေမွ သွားခဲ့သည်။

မိုးတိမ် ဓားနန်းတော် အနေဖြင့်၊ နေဝင်ချိန် ကွယ်လွန် သွားသောကြောင့်၊ စကား တစ်ခွန်း မျှပင် မဆို ဝံ့တော့ပေ။

ရလာဒ် အပေါ် လက်ခံ လိုခြင်း မရှိ သော်လည်း၊ ပွဲစဉ် တစ်လျှောက် လင်းယွန်တွင် မည်သည့် အားနည်းချက်၊ မရှိ ခဲ့ဘဲ၊ နေဝင်ချိန်၏ ပြင်းထန်သော မည်သည့် တိုက်ခိုက်မှု မျိုးကို မဆို၊ တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်လည် ရင်ဆိုင် ခဲ့သည်။

ဒဿမ အဆင့် ခွန်အားကို၊ ထပ်မံ ထုတ်ဖော် လိုက်သည်နှင့်၊ တိုက်ပွဲ၌ အသာစီး ရယူနိုင် ခဲ့ပြီး၊ ဓားရေးမှာ တူညီသော အဆင့် တွင် မဟုတ်ကြောင်း၊ လူတိုင်းအား သဘောပေါက် သွားစေ၏။

လရောင် ရေစင် ဓား၏ စွမ်းအားသည် 'အမှောင် ခွင်းသော လမင်း' အောက်တွင်၊ လုံးလုံး လျားလျား ပေါ်ထွက် လာခဲ့ပြီး၊ ရလဒ် အပေါ် ဆုံးဖြတ် ပေးခဲ့သည်။

ပရိသတ် ထိုင်ခုံတွင် ရှိသော ချင်ယု၏ မျက်နှာက ပြောင်းလဲ သွားပြီး၊ ထိတ်လန့်သော ခံစား ချက်များ၊ ဝင်ရောက် လာလေသည်။ ရရှိ လိုက်သော ထိတ်လန့် မှုမှာ၊ အခြား သူများထက် နိမ့်ကျခြင်း မရှိပေ။

သူ့အမြင် အရ၊ လင်းယွန်၏ ခွန်အားကို ပါရမီရှင် ရှစ်ပါးနှင့်၊ နှိုင်းယှဉ်ဖွယ် မရှိဟု ယူဆထားသည်။ သို့သော် နေဝင်ချိန်မှာ လင်းယွန် လက်၌၊ သေဆုံး သွားရပြီ ဖြစ်သည်။

လွန်ခဲ့သော သုံးရက် အတွင်း၊ လင်းယွန် တစ်ယောက် မည်သို့သော၊ ကံကောင်း မှုမျိုး ရရှိ နိုင်ခဲ့ မည်ကို၊ တွေးဆ နေမိ၏။

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း ပြီးသည့်တိုင်၊ ဓားရည်ရွယ် ချက်များ၊ စင်မြင့် ပေါ်၌ ကျန်ရှိ နေသေးသည်။

ထိုအချိန်တွင် ထုတ်လွှတ် ထားသော ရောင်ဝါမှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ နေဝင်ချိန်ကို သတ်ပစ် ခြင်းဖြင့်၊မောက်မာသော သူ့ အသွင်အား၊ လှစ်ဟ ပြလိုက်သည်။

ယင်းမှာ လူတိုင်းကို၊ အထင်ကြီး လာစေ သော်လည်း၊ သူ့အတွက် ရည်ရွယ်ချက် အစစ် အမှန် မဟုတ် သေးပေ။ သူ့ ခံစားချက် တစ်စွန်း တစ်စ မျှသာ ဖြစ်သည်။

သူက ပါရမီ ရှင်များ အတွက်၊ အရုပ် တစ်ရုပ် မဟုတ်ပေ။ ၎င်းတို့ အားလုံးမှာ သူ့ မျက်လုံးများ ထဲ၌၊ အထင်ကြီး လောက်ဖွယ်၊ အရည် အချင်း မပြည့်မှီ သောကြောင့်၊ နေဝင်ချိန်ကို သတ်ဖြတ်ပစ် လိုက်ခြင်း ဖြစ်သည်။

ချန်ပီယံ ဆုကို ရယူရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး၊ ပါရမီရှင် တစ်ယောက်အပေါ် မသတ် ဝံ့နိုင် စရာ မရှိပေ။ သုံးနှစ်တာ အချိန် ကာလမှာ၊ သူ့အတွက် ညတာရှည် လွန်း၏။

ထို့ကြောင့် သူ့လမ်း၌ တစ်ယောက်ဖြင့်၊ မလုံ လောက်လျှင် နှစ်ယောက်ကို သတ်မည်။ နှစ်ယောက်ဖြင့် မလုံလောက် ခဲ့သော်၊ လုံလောက်သည် အထိ၊ သတ်ပစ်မည် ဖြစ်သည်။

ချင်ယုက သူ့ကို ကြည့်နေ သည်ကို သတိ ပြုမိ လိုက်သောကြောင့်၊ အေးစက်စက် ပြန်လည် စိုက်ကြည့် လိုက်သည်။

ပြိုင်ပွဲ အတွင်း ချင်ယုကို ရှောင်ဖို့ရန်၊ သူ့၌ ဆန္ဒ မရှိပေ။ ချင်ယုက သူ့အား သတ်ချင် သလို၊ ချင်ယု ကိုလည်း သူ သတ်ပစ် ချင်သည်။

ရှင်းဂျူ သေဆုံးခြင်း နောက်ကွယ်ရှိ၊ ချုပ်ကိုင် သူမှာ ချင်ယု ဖြစ်ကြောင်း၊ သတိ ထားမိပြီး ဖြစ်ပြီး၊ ဝမ်ယန် အနေဖြင့် လက်ပါး စေမျှသာ ဖြစ်၏။

လူတိုင်း ကျိုးကြောင်း ဆက်စပ် နိုင်ကြသော်လည်း၊ ချင်ယုသည် နန်းမွေ နန်းလျာကို ဆက်ခံ မည့်သူ ဖြစ်သောကြောင့်၊ မည်သူမျှ မပြော ဝံ့ပေ။

လင်းယွန် အတွက်မူ ထိုသို့ မဟုတ်ဘဲ၊ ပြိုင်ပွဲ အတွင်း အသက်ကို၊ လောင်းကြေးထပ် ထားရသည် ဖြစ်ရာ၊ အိမ်ရှေ့မင်းသား တစ်ယောက် အပေါ်၊ မကြောက်ရွံ့ ခဲ့ခြင်း ဖြစ်သည်။

အစ်မ ရှင်းယန်၏ မျိုးရိုး အမည်ကို၊ ပြန်လည် ရယူ ရမည် ဖြစ်ပြီး၊ အစ်ကိုကြီး ရှင်းဂျူ သေဆုံးမှု အတွက်လည်း၊ ချင်ယုအား လက်စား ချေမည် ဖြစ်သည်။

သူတို့ နှစ်ဦး၏ အကြည့်များ၊ လေထဲတွင် ဆုံတွေ့ သွားကာ၊ တင်းမာသော အငွေ့ အသက် များကြောင့်၊ လူများ စွာက တံတွေးများ မျိုချ လိုက်ရသည်။

၎င်းတို့ နှစ်ဦးမှာ၊ မလွဲ မသွေ ထိပ်တိုက် တွေ့ဆုံ ကြမည်ကို၊ လူတိုင်း သိရှိ ထားကြ သော်လည်း၊ ယနေ့ မတိုင် မီတွင် လင်းယွန် တစ်ယောက်၊ ချင်ယုအား ခြိမ်းခြောက် နိုင်လိမ့် မည်ဟု၊ မည်သူမျှ မတွေးထင် ထားမိ ကြပေ။

သို့သော် ယခု အချိန်၌ ဖြစ်နိုင်ချေ ရှိလာကြောင်း၊ ပြောင်းလဲ တွေးယူ မိကုန် လေသည်။

'' အရို အသေ တန်လိုက်တာ ....။ ''

ချင်ယုက လှောင်ပြုံးဖြင့် ရေရွတ် လိုက်၏။ နေဝင်ချိန်ကို သတ်နိုင်သည့် အတွက်၊ သူ့အား သတ်ဖြတ် နိုင်မည်ဟု၊ ယူဆ ထားပါက လင်းယွန်မှာ၊ လူပြက် တစ်ယောက်သာ ဖြစ်လာ ပေလိမ့်မည်။

တိုက်ခိုက်ရေး ပွဲစဉ်များ၊ ဆက်လက် ဖြစ်ပွားနေသော်လည်း၊ နေဝင်ချိန် သေဆုံး ခြင်းကြောင့်၊ လူတိုင်း၏ နှလုံးသား ထဲတွင် တုန်လှုပ် ခြောက်ခြား နေသေး၏။

မိုးတိမ် ဓားနန်းတော်၊ အကြီးအကဲ များ၏၊ မျက်နှာ များမှာ၊ မည်းမှောင် ပျက်ယွင်း နေပေသည်။ နေဝင်ချိန် အပါ အဝင်၊ လွေယုဟောင်ပါ သေဆုံး သွားခြင်း ကြောင့်၊ သူတို့ အတွက် ကျိန်စာ တစ်ခု လိုပင်။

ဓားနန်းတော်မှာ ဓားနန်းတော် ဖြစ်နေဆဲ ဖြစ်ပြီး၊ သူ့ အနီးတွင် အခြားသော ဓားဂိုဏ်းများ ရှင်သန်ရန် နည်းလမ်း မရှိချေ။

" ဆယ်ကြိမ်မြောက် တိုက်ပွဲ၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းက လရောင် ရေစင်နဲ့၊ ထာဝရမြင့် မြတ်ခြင်း ဂိုဏ်းရဲ့ စုယန် ... ။ "

'လရောင် ရေစင်' ဆို သည်မှာ၊ ပါရမီ ရှင်များ အနက်၊ တစ်ဦး တည်းသော အမျိုး သမီး ဖြစ်ပြီး၊ သူမ၏ ဓားသည် လမင်းကြီး ကဲ့သို့ တည်ငြိမ် အေးစက် ပေ၏။

'တိမ်မြူ ဖုံးသော ဓား'တွင်၊ မြင့်မားသော အောင်မြင် မှုကို၊ ရယူ ထားနိုင် ခဲ့သည်မှာ၊ ကြာမြင့်ပြီ ဖြစ်သည်။

ဓားရောင်ဝါ ထုတ်လွှတ် လိုက်သည်နှင့်၊ သူမ၏ စိတ်နေ စိတ်ထားမှာ၊ ချက်ချင်း ပြောင်းလဲ သွား၏။

ခန္ဓာ ကိုယ်မှ အေးစက်သော လေများ၊ အဆုံးမဲ့ မှုတ်ထုတ် နေသ ကဲ့သို့၊ ပတ်ဝန်း ကျင်အား စိုစွတ် လာစေသည်။

သူမက ဤတိုက် ပွဲတွင်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း၏ မူပိုင် ဓားရေး ဖြစ်သော၊ 'တိမ်မြူ ကင်းသော ဓား' ကိုပင်၊ အသုံး ပြုခြင်း မရှိ ခဲ့ပေသည်။

ဆန့်ကျင်ဘက် အနေနှင့် ပြိုင်ဘက် အပေါ် လုံးလုံး လျားလျား နှိမ်နင်းရန်၊ ခြယ်လှယ် နိုင်လွန်းသော ဓားရေး နည်းစနစ် တစ်ရပ် ကိုသာ၊ အသုံးပြု ခဲ့သည်။

ထိုဓားရေး နည်းစနစ်ကို ထုတ်ဖော် လိုက်သော အခါတွင်၊ အမျိုး သမီး တစ်ဦးနှင့် မတူ တော့ပေ။

တိုက်ပွဲမှာ သည်းထိတ် ရင်ဖိုဖွယ် မရှိ တော့ဘဲ၊ အချိန် အနည်း ငယ်ကြာ ပြီးနောက်၊ စုယန်က လက်နက် ချလိုက်သည်။

ဤတစ်ကြိမ် ပြိုင်ပွဲတွင်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ စွမ်းဆောင် ရည်မှာ၊ ယခင်နှင့် မတူဘဲ၊ ဆိုးရွား လှပေ၏။

ယင်းမှာ လူတိုင်းက သူတို့ကို သံသယ ဝင်လာ စေသည်။ သို့သော် ဆန့်ကျင်ဘက် အနေဖြင့်၊ ဓားနန်းတော်တွင် ခွေးဆိုး နှစ်ကောင် ရှိနေသည်။

စစ်မှန်သော တိမ်တိုက် ကလေးက၊ စင်မြင့်ပေါ် တက်ရောက် လာပြီး၊ သူ့ ပြိုင်ဘက်အား လက်သီး သုံးချက်ဖြင့်၊ ထိုးသတ် လိုက်၏။

ယင်းကြောင့် မြင်ကွင်း တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထာဝရ မြင့်မြတ်ခြင် ဂိုဏ်းအနေဖြင့်၊ ထိုသို့သော ကျဆင်း လာသည့် ပုံရိပ် အပေါ်၊ လက်မခံ နိုင်တော့ ကြောင်း၊ လူများစွာက သိရှိ ထားကြသည်။

စစ်မှန်သော တိမ်တိုက် ကလေး သည်သာ၊ သန်မာသော ခွန်အားကို ပြသ နိုင်ခြင်း မရှိ ပါက၊ အကြီး အကဲများ အတွက်၊ စိုးရိမ် ပူပန် လာစေ မည်မှာ၊ သေချာပြီ ဖြစ်သည်။

" ဆယ့်သုံး ကြိမ်မြောက် တိုက်ပွဲ၊ ဓားနန်းတော်ရဲ့ ယီဖန်းနဲ့၊ သားရဲ တစ်ရာ တံခါးက ဖန်းယီ။ "

ဖီးနစ် ပန်းကလေး၏ ကြေညာသံ ဆုံးသည်နှင့်၊ လျိုဖန်းက ယီဖန်းကို သတိပေး လိုက်သည်။

'' သတိထား ဖန်းယီကို လျှော့မတွက်နဲ့။"

ဘိုင်လိရွှမ်နှင့် လင်းယွန်တို့ နှစ်ဦး လုံးမှာ၊ အောင်ပွဲ ကိုယ်စီ ရယူ ထားကာ၊ ထိပ်သီး (၁၆)ယောက် စာရင်းသို့၊ တက်လှမ်း နိုင်ခဲ့သည်။

လင်းယွန် အနေဖြင့် ပါရမီရှင် တစ်ပါး ကိုပင်၊ သတ်ပစ် နိုင်ခဲ့သည့် အတွက်၊ ကောင်းမွန် သော စိတ် အခြေ အနေအား ပိုင်ဆိုင် ထားခဲ့သည်။

ယီဖန်းသာ ထိပ်တန်း (၁၆)ဦး အဆင့်သို့၊ တက်လှမ်း နိုင်ခဲ့ ပါက၊ ဤပြိုင်ပွဲတွင် ဓားနန်းတော်၏ စွမ်းဆောင် ရည်မှာ၊ ကျေနပ်ဖွယ် ကောင်းသော၊ ရလာဒ်မျိုး ရရှိမည် ဖြစ်သည်။

'' စိတ်မပူ ပါနဲ့၊ သေချာပေါက် အနိုင် ရမှာပါ။ "

လင်းယွန်မှာ သူ၏ အလင်း တန်းများ အားလုံးကို၊ ခိုးယူ လိုက်သည့် အတွက်၊ ဖန်းယီ အပေါ် အနိုင်ယူ ခြင်းဖြင့်၊ ပြန်လည် ရယူ ရမည် ဖြစ်သည်။

ထို့ပြင် ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေသို့ ရာက်ရှိ လာပြီးနောက်၊ နိုင်ပွဲများ ရယူ ဖို့ရန် အတော် လေးကို ယုံကြည်မှု ရှိခဲ့သည်။

သူ့ ခွန်အားမှာ ထိုလူရိုင်းကို နှိမ်နှင်းရန်၊ လုံလောက် သည်ထက် သာလွန် နေပေ၏။

'' ဓားနန်းတော်ရဲ့ အရှိန် အဟုန်က၊ ဒီနှစ်တော့ ပြင်းထန် ပုံရတယ်၊ ဒါပေမယ့် မင်းဘယ်လောက် သန်မာမယ် ဆိုတာ၊ ငါသိချင် ပါသေးတယ်။ "

ဖန်းယီက ပြုံးကာ ဆိုလိုက်သည်။

'' ... ဒါဆို မင်း ဘာလို့ လာမစမ်း ကြည့်ရ တာလဲ။ ''

'' ကောင်းပြီ ... မင်းဆန္ဒ အတိုင်းပဲ။ ''

ဖန်းယီက စကားဆုံးသည်နှင့်၊ ခေါင်းမော့ကာ ရယ်မော လိုက်သည်။

'လာစမ်း ပါ' ဟု ဖိတ်ခေါ် လိုက်သူမှာ ယီဖန်း ဖြစ်သော်လည်း၊ တကယ်တမ်း စတင် လှုပ်ရှားလာ သူမှာ၊ သူကိုယ်တိုင် ဖြစ်နေ ခဲ့သည်။

ချက်ချင်း ဆိုသလို၊ သူ၏ အဆုံး စွန်သော လှုပ်ရှား မှုကို၊ ထုတ်ဖော်လိုက် သောကြောင့်၊ စက်ဆုပ်ဖွယ် ကောင်းပေသည်။

သို့သော် ယင်းမှာ နဂါး တံခါး ပြိုင်ပွဲ ဖြစ်ပြီး၊ အောင်မြင် မှုကို ရယူ နိုင်သ၍၊ ဘုရင် ဖြစ်နေ မည် ဖြစ်သည်။

လူရိုင်း ဖန်းယီ အနားသို့ အရောက်တွင်၊ လက်ထဲရှိ ဓားကို ကြာပွတ် ကဲ့သို့၊ လွှဲယမ်း လိုက်သည်ကြောင့်၊ မရေတွက် နိုင်သော ဓားရိပ်များ ဖြစ်ပေါ် လာသည်။ မကြာခင် မှာပင် ဓား ပိုက်ကွန်ကြီး သဖွယ်၊ ဖွဲ့တည် ပြေးဝင် သွား၏။

" မင်း ...... "

အလစ် အငိုက် တိုက်ခိုက် လာသော ယီဖန်းအား ကြည့်ကာ၊ ဖန်းယီက ကျိန်ဆဲ လိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာ ကိုယ်မှ တောက်ပသော အလင်း တန်းများ ထွက်ပေါ် လာပြီး၊ ကာကွယ် လိုက်ရ၏။

တစ်ချိန် တည်းမှာပင်၊ လက်သီး နှစ်ချက် ထိုးထုတ်သည်။ လက်သီးချက် တိုင်းတွင်၊ သိပ်သည်းသော စွမ်းအင် များဖြင့် ပြည့်နှက် နေသောကြောင့်၊ စင်မြင့် တစ်ခုလုံး တုန်လှုပ် လာလေသည်။

သို့သော် ဓားကွန် ချာကို ဖြတ်ကျော်ကာ၊ လက်သီး များက၊ ယီဖန်းထံ တိုးဝင် နိုင်ခြင်း မရှိပေ။

'' အရိုင်း အစိုင်းကောင်၊ ဘယ်လိုတောင် အရည် ထူလိုက် တာလဲ။ ''

အခြား တစ်ဖက်တွင် ဓားကွန်ချာ ထိမှန် ခဲ့သော်လည်း၊ ကြီးမားသော ဒဏ်ရာများ မဖန်တီး နိုင်ခဲ့ သောကြောင့်၊ ယီဖန်းက မျက်မှောင် ကြုတ်လျက် ရေရွတ် လိုက်မိသည်။

ဤမျှ မာကြောသော ရုပ်ခန္ဓာမျိုး ရှိလိမ့် မည်ဟု သူ မမျှော်လင့် ထားပေ။ သတ္တု တောင်ကြီး တစ်လုံးကို ဓားဖြင့်၊ ခုတ်နေမိ သကဲ့သို့ ခံစား လာရ၏။

" ဟဲဟဲ မင်း ကို မိ ပြီ။ "

ဖန်းယီက ပြုံးပြပြီး၊ လက်သီး များကို ထပ်မံ ထုတ်ဖော် လိုက်သည်။ ထိုလက်သီး များက၊ ယီဖန်း ရှိနေသော လေဟာ နယ်ကို ပိတ်ဆို့ ပစ်လိုက်၏။ ၎င်းကို ရှောင်တိမ်းရန် နေရာ မရှိချေ။

'' လူရိုင်း တစ်ယောက်က အမြဲတမ်း လူရိုင်းဖြစ်နေမှာ ပါပဲ၊ မင်းကို ရည်ရွယ်ချက် ရှိရှိ အခွင့် အရေး ပေးနေ ခဲ့တာ ...၊ မင်းမမြင် နိုင်ဖူး မဟုတ်လား။ ''

ယီဖန်းက ရယ်မော လိုက်ပြီး၊ လက်သီး တကား ကားဖြင့်၊ ပြေးဝင် လာသော ဖန်းယီကို ဓားနှင့်၊ ဆီးကြို လိုက်သည်။

သူ့ ဆီမှ ထွက်လာသော ဓားရောင်ခြည် များက၊ ဖန်းယီအား တခဏချင်း လွှမ်းခြုံ သွား၏။

" ယီဖန်းက တစ်ကယ့်ကို ဖုံးကွယ် ထားခဲ့တာပဲ။ "

" သူ့ရဲ့ ကျင့်ကြံမှု အရ၊ ဖန်းယီက အနိုင် ယူဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ "

" ဖန်းယီက နမော် နမဲ့ နိုင်လွန်းတယ်။ "

လူများ စွာသည် ယီဖန်း၏ လှည့်ကွက် များကို သတိ ပြုမိ သွားပြီး ခေါင်းယမ်း ကြသည်။ယခုချိန် အထိ တိုက်ပွဲမှာ၊ စိတ်လှုပ် ရှားဖွယ် မရှိ သေးပေ။

လင်းယွန် သာလျှင် မျက်ခုံး နှစ်ဖက်ကို တင်းတင်း ကျပ်ကျပ် စုကျုံ့ ထားသည်။ ဖန်းယီမှာ စိတ်ဆက်သော လူ တစ်ယောက် ဖြစ် သော်လည်း၊ ထိုမျှလောက် မဆင် မခြင် လုပ်မည့် မဟုတ်ကြောင်း၊ သူ သိသည်။

ဆိုလို သည်မှာ ဤတိုက် ပွဲတွင်၊ စိတ်ဝင် စားဖွယ် လှည့်ကွက်များ ပါရှိ နေ ပေသည်။

ရုတ်တရက် စင်ပေါ်မှ ကြီးမားသော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာပြီး၊ စွမ်းအင် လှိုင်းများ အဘက် ဘက်သို့ ပျံ့နှံ့ လာ၏။

ပေါက်ကွဲ မှုကြောင့် လူ အများပင် မေ့လဲသွား ကုန်သည်။

အိုး ဆယ်လုံး ပမာဏဖြင့် ညီမျှသော၊ ပေါက်ကွဲသံ များကို ကြားလိုက် ရသော အခါတွင်၊ လင်းယွန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

မကြာမီတွင် ယီဖန်း တစ်ယောက် ရင်ဘတ်ကို ဖိလျက် လွင့်ထွက် သွားပြီး၊ မြေပြင် ပေါ်သို့ လဲကျကာ၊ နှုတ်ခမ်းမှ သွေး အနည်းငယ် စီးကျ လာသည်။

မြေပြင်တွင် လဲလျောင်း နေလျက်ဖြင့်၊ ခေါင်းအား မော့ကြည့် လိုက်ရာ၊ ဖန်းယီက ပြုံးရွှင်သော အကြည့်ဖြင့်၊ မျက်ခုံးပင့် ပြလာ သည်ကို မြင်လိုက် ရသည်။

" မင်းငါ့ကို လှည့်စားတယ်။ "

ယီဖန်းက အံကြိတ် လျက်ဆို လိုက်သည်။ သူ့ပြိုင် ဘက်က ဆေးကြိုအိုး၊ ဆယ်လုံး ခွန်အားကို ပိုင်ဆိုင် ထားမှန်း သိပါလျှင်၊ ချက်ချင်းပင် အရှုံးပေး မိမည် ဖြစ်သည်။

နောက်ဆုံးတွင်၊ အကြင်နာ ချောက်ကမ်းပါး တစ်ဦးတည်း သည်သာ၊ ဤသို့သော ကြောက်စရာ ကောင်းသည့်၊ သန်မာ မှုမျိုး ရှိလေသည်။

" ဘာဖြစ် လို့လဲ၊ မင်း အသတ်ကို ယူဖို့၊ ငါက လှည့်ကွက်တွေ လိုမယ် ထင်နေလား၊ ငါ့လက် မြှောက်လိုက် ရုံနဲ့၊ ဒါကို လုပ်ယူ နိုင်တယ် ဆိုတာ မင်းယုံလား။ "

ဖန်းယီက ပြုံးပြီး ရှေ့တိုးဟန် ပြုလာ သော ကြောင့်၊ ချက်ချင်းပင် ထရပ်ကာ၊ ယီဖန်း တစ်ယောက် စင်မြင့် ပေါ်မှ ခုန်ဆင်း သွား၏။

" ငါ အရှုံး ပေးတယ် ။ "

ထိတ်လန့် တကြား အော်ဟစ်သံ နှင့်အတူ၊ နောက်ကို ပြန်လှည့် ကြည့်လိုက်သော်၊ ဖန်းယီက မူလ နေရာမှ တုတ်တုတ်မှ မလှုပ်ဘဲ၊ သူ့အား အထင် သေးစွာ ပြုံးကြည့် နေသည်ကို တွေ့လိုက် ရလေသည်။

သို့မှ သာလျှင် စကား တစ်ခွန်း နှစ်ခွန်းဖြင့်၊ ခွေးပြေး ဝက်ပြေး ဆင်းပြေး၊ လာမိသော သူ့ အဖြစ်ကို ရှက်ရွံ့ လာမိကာ၊ မျက်နှာ မည်းမှောင် သွားတော့၏။

ထိုအချိန်၌ လူတိုင်းက၊ ခွေးဆိုး တစ်ကောင် ရှိလာ ပြီကို၊ ချက်ချင်း သိသွားသည်။

ဤပြိုင်ပွဲသည် ယခင် ပြိုင်ပွဲ များထက်၊ ပိုမို ပြင်းထန် ခဲ့ပြီး၊ ဖန်းယီ၏ ခွန်အားမှာ အကြင်နာ ချောက် ကမ်းပါနှင့်၊ အမှန် တကယ် ယှဉ်နိုင် လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။

" ဆယ့်လေး ကြိမ်မြောက် တိုက်ပွဲ၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းက စီရွှယ်တူနှင့်၊ ကောင်းကင်ဘုံ ချင် အင်စတီ ကျုရဲ့၊ ထာဝရ ကံကောင်းခြင်း။ ''

ရုတ်တရက် ထွက်ပေါ် လာသော ကြေငြာ သံမှာ၊ လူတိုင်း စောင့်မျှော် နေသော ပွဲစဉ် တစ်ပွဲ ဖြစ်သည် ကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။

အစ ပိုင်းတွင် နိုင်ပွဲ အတွက် စီရွယ်ယီ အပေါ်၊ မည်သူမျှ အကောင်း မြင်ခြင်း မရှိချေ။ သို့သော် လင်းယွန်က နေဝင်ချိန်ကို အနိုင်ယူ နိုင်ခဲ့ သောကြောင့်၊ ထိုသို့သော ရလာဒ်မျိုး ရှိလာ နိုင်မည် လားဟု၊ တွေးတော မိလာ ကုန်ကြ၏။

***

All Chapters