← Chapters

ကောင်းကင် လရောင် အလင်း ပြန်ခြင်း။

Vol. 32 Ch. 447

ကောင်းကင် လရောင် အလင်း ပြန်ခြင်း။

Vol. 32 Ch. 447

" ဆယ့်လေး ကြိမ်မြောက် တိုက်ပွဲ၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းက စီရွှယ်တူနှင့်၊ ကောင်းကင်ဘုံ ချင် အင်စတီ ကျုရဲ့၊ ထာဝရ ကံကောင်းခြင်း။ ''

ရုတ်တရက် ထွက်ပေါ် လာသော ကြေငြာ သံမှာ၊ လူတိုင်း စောင့်မျှော် နေသော ပွဲစဉ် တစ်ပွဲ ဖြစ်သည် ကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။

အစ ပိုင်းတွင် နိုင်ပွဲ အတွက် စီရွယ်ယီ အပေါ်၊ မည်သူမျှ အကောင်း မြင်ခြင်း မရှိချေ။ သို့သော် လင်းယွန်က နေဝင်ချိန်ကို အနိုင်ယူ နိုင်ခဲ့ သောကြောင့်၊ ထိုသို့သော ရလာဒ်မျိုး ရှိလာ နိုင်မည် လားဟု၊ တွေးတော မိလာ ကုန်ကြ၏။

လင်းယွန် သည်ပင် လေးနက်သော အတွေး ထဲသို့ ရောက်ရှိ သွားခဲ့သည်။ ထာဝရကံကောင်းခြင်း အကြောင်းကို၊ သဘာဝ ကျကျ သူ သိသည်။

တစ်ဖက်တွင် စီရွှယ်ယီသည် အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေတွင်၊ 'ယင်'လေ စီးကြောင်း အတွင်းသို့၊ တွန်းပို့ ခဲ့သူ အနက်မှ တစ်ဦး ဖြစ်ပြီး၊ သူ၏ ကျော်ကြား မှုမှာ ဘိုင်လိရွှမ်နှင့်၊ အဆင့် တူတွင် ရှိနေသည်။

ထို့ကြောင့် စီတူရီ မည်မျှ၊ ကြီးထွား လာမည်ကို သူ မသိပေ။

စီရွှယ်ယီက ပြုံးရွှင် စွာဖြင့်၊ စင်မြင့် ပေါ်သို့ ဆင်းသက် လာခဲ့သည်။ ရှည်လျားသော ဆံပင် များကို၊ ပိုးပုဝါ အဖြူနှင့် တွဲချည် ထားပြီး၊ သူ၏ ဖြစ်တည်မှု အရ၊ လူအများ အာရုံစိုက် စရာ၊ ကြယ်တစ်ပွင့် ဖြစ်လာ ခဲ့သည်။

အမျိုး သမီး အများ အပြားက၊ သူ့ကို စွဲလန်း ကြပြီး၊ ယှဉ်ရ ကြေးဆို ပါလျှင်၊ လွင့်မျော နေသော ရေခွက်ထက်၊ အားနည်း နေမည် မဟုတ်ပေ။

" အရမ်း မိန်းမ ဆန်တယ်။ "

လီဝူယုက မှတ်ချက် ပေးသည်။ ရှင်းယန်က ပြုံးပြီး၊

“ မိန်းမ တွေတောင် သူ့လောက် မလှဘူး၊ ဂျူနီယာ မောင်လေး ... ၊ သူ အနိုင် ရမယ် ထင်လား၊ သခင်မလေး မွေးနေ့ ပွဲမှာ တုန်းက၊ သူက မင်းကို ဝိုင်တစ်ခွက် ပေးခဲ့တယ် မဟုတ်လား၊ အဲဒီ တုန်းက သူ့ ခွန်အားက မင်းထက်၊ နိမ့်ကျမယ် မထင်ဘူး။ ”

ထိုစကား များမှာ ရှင်းယန်က လင်းယွန် အပေါ် ချဲ့ကား ပြောဆို ခြင်းသာ ဖြစ်သည်။ ဖီးနစ် ပန်းကလေး မွေးနေ့ ပွဲတွင်၊ လင်းယွန်၏ ခွန်အားမှာ စီရွှယ်ယီ ထက်ပင်၊ အားနည်း နေသေးသည်။

လင်းယွန်သည် ထိုအချိန်က တိုက်ပွဲများ ဆက်တိုက် ကြုံတွေ့ ခဲ့ရပြီး ဖြစ်သောကြောင့်၊ စီရွှယ်ယီက သူ့ ခွန်အားကို၊ အပြည့် အဝ အသုံး မချ ခဲ့ခြင်း ဖြစ်သည်။

“ အစ်ကို ကြီးရဲ့ ရလာဒ် လိုမျိုး ... ပါရမီရှင် တစ်ပါးကို၊ သူ အနိုင် ယူနိုင် လိမ့်မယ်လို့ ငါ မယုံဘူး၊ ပြီးတော့ ထာဝရ ကံကောင်း ခြင်းက နေဝင်ချိန်ထက် ပိုမို အားကောင်းတယ်။ ”

လီဝူယုက ကြားဝင် ဖြေကြား လိုက်သည်။ နေဝင်ချိန်သည် ပါရမီရှင် တစ်ပါးဖြစ် သော်လည်း၊ ထာဝရ ကံကောင်းခြင်း နောက်တွင် ရှိနေသည်။

“ ကြည့်ကြ ရအောင်။ ”

လင်းယွန်က မည်သည့် မှတ်ချက်မှ မဆိုချေ။ ရာတ်တရက် ဘိုင်လိရွှမ်ကို တစ်ချက် လှမ်းကြည့် လိုက်၏။ စီရွှယ်ယီနှင့် ပိုပြီး ဆက်ဆံ ဖြစ်သူမှာ၊ ဘိုင်လိရွှမ်သာ ဖြစ်သည်။

ထို့ကြောင့် ရလာဒ်နှင့် ပတ်သတ်ပြီး၊ အနီး စပ်ဆုံး ခန့်မှန်း နိုင်သူမှာ၊ ဘိုင်လိရွှမ် တစ်ယောက်သာ ရှိပေမည်။

စင်မြင့် ပေါ်သို့၊ လှံတစ်စင်းကို ကိုင်ဆောင် ထားသော လူရိပ် တစ်ရိပ်၊ ဆင်းသက် လာသည်။

“ ဒီလှံရဲ့ နာမည်က 'အသူ တစ်ရာ နက်ရှိုင်းခြင်း' ပါ၊ အထွတ် အထိပ် တော်ဝင် လက်နက် တစ်ခုပဲ၊ စကြာဝဠာ လက်ရာ တစ်ခု မဟုတ် ပေမယ့်၊ သူ့ နီးနီး အစွမ်း ထက်တယ်၊ ညီအစ်ကို စီရွှယ် ... အဲဒါကို သတိ ထားပါ။ "

စကြာဝဠာ လက်ရာ များကို၊ ပြိုင်ပွဲတွင် တားမြစ် ထားသောကြောင့်၊ ထိုအကြောင်းကို ရိုးသားစွာ ပြောပြ လိုက်ခြင်း ဖြစ်သည်။

“ အရေး မကြီးဘူး၊ မင်းငါ့ကို အနိုင်ယူ နိုင်ရင်၊ သာမာန် ပဲလို့ လူတိုင်းက ထင်ကြ လိမ့်မယ်၊ ဒီတော့ မင်းသုံးတဲ့ လက်နက် အပေါ်၊ သူတို့က ရမယ် ရှာလာမယ် မထင် ပါဘူး။ ”

စီရွှယ်ယီက ပြုံးကာ ဆိုလိုက်သည်။

“ အဲဒီ အတွက် တောင်းပန် ပါတယ်။ ”

ထာဝရ ကံကောင်း ခြင်းသည်၊ လူတိုင်း မျှော်လင့် တွေးထင်ထား သည်ထက်၊ ပို၍ ရိုးသား လေသည်။ သူ့ အနေဖြင့် ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း၊ မောက်မာခြင်း မရှိ ခဲ့ပေ။

'' ဟိတ် ...... ။ ''

စကားဆုံး သည်နှင့် ချက်ချင်းပင် အားယူ လိုက်သည်။ ကြယ်တံခွန် ကြွေကျလာ သကဲ့သို့၊ တခဏ ချင်းမှာပင် စီရွှယ်ယီရှေ့ ရောက်ရှိ လာပြီး၊ ကြီးမားသော ဖိအားကို ချက်ခြင်း ထုတ်လွှတ် လာခဲ့သည်။

သို့သော် စီရွှယ်ယီက ပြုံးပြီး၊ သူ့ လက်သီးဖြင့် ဆီးကြို ထိုးချ လိုက်၏။ ထာဝရ ကံကောင်း ခြင်းက၊ နဂါး တစ်ကောင်နှင့် တူသည့် လှံကို ထုတ်ဖော်ကာ၊ လက်သီးဖြင့် ထိပ်တိုက် တွေ့ လိုက်သည်။

'' ဝှစ် .... ။ ''

စီရွှယ်ယီက မျက်ခုံး ပင့်ကာ၊ လှံကို ရှောင်လိုက်ရ၏။

ထိုကြောင့် စီရွှယ်ယီ၏ လက်သီးမှာ လွဲချော်သွား သော်လည်း၊ ဆူညံသော လေခွင်း သံများ အရ၊ ဤလက်သီးမှာ မည်မျှ ပြင်းထန် မည်ကို၊ လူတိုင်း ခန့်မှန်း နိုင်ခဲ့သည်။

သို့သော် ထာဝရ ကံကောင်း ခြင်းမှာ၊ ခေသူ မဟုတ်ပေ။ လှံ၏ စွမ်းအားများ အားလုံး မပျောက် ကွယ်ခင် မှာပင်၊ မူလ စွမ်းအင်ကို ထပ်မံ ထည့်သွင်း လိုက်ပြီး၊ စီရွှယ်ယီ ပတ်ပတ် လည်ရှိ လေထု ထဲသို့၊ လှည့်ပတ် ထိုးသွင်း လိုက်၏။

“ အရမ်း ချစ်စရာ ကောင်းတဲ့ ... လှံ နည်းစနစ်ပဲ …”

လင်းယွန်က ချီးကျူး လိုက်၏။ လှံချက် များသည် ဆန်းကြယ်သော လှည့်ကွက်များ မပါသည့်၊ ရိုးရှင်းသော ထိုးသွင်း ချက်များ အဖြစ် ထင်ရ သော်လည်း၊ ယင်းတွင် ခွန်အားကို အပြည့် အဝ အသုံး ချထား သောကြောင့်၊ ပထမ လှံချက်ထက် ဒုတိယ လှံချက်မှာ၊ ပို၍ ပြင်းထန် လာပေမည်။

'' ............ ''

ဆထက် ထမ်းပိုး တိုးလာသော ဒီရေ ကဲ့သို့၊ လှံချက်များ တရိပ်ရိပ် ဖုံးလွှမ်း လာနိုင်၏။

ဤသို့ဖြင့် လှံနယ်ပယ် အတွင်း၊ အဆက် မပြတ် ပိတ်မိ သွားမည် ဖြစ်သည်။ သတိ ထားမိ ချိန်၌ ပြိုင်ဘက်က အနှေးနှင့်၊ အမြန် ဆိုသလို အရှိန် အဟုန်ဖြင့်၊ ချေမှုန်း လာပေ လိမ့်မည်။

'' ဝှစ် ဝှစ် ဝှစ် ..... ''

ဆယ်ကြိမ်ခန့် ရွေ့လျား ပြီးနောက်၊ ထိုမျှယေဘုယျ ဆန်သော လှံ နည်းစနစ်မှ ထုတ်လွှတ်သော ဖိအားသည်၊ ခရမ်းရောင် နန်းတော် နယ်မြေ အဆင့်နှင့် နီးကပ် လာခဲ့ပြီး၊ ၎င်းမှ ထွက်လာသော ဖိအား များက လူအုပ်ကြီး အပေါ်၊ အသက်ရှူ ကြပ်လာ စေ၏။

နောက်ထပ် (၃) ကြိမ်ခန့်၊ ထပ်မံ လှုပ်ရှား ပြီးချိန်တွင်၊ လှံမှ ထုတ်လွှတ်သော စွမ်းအားမှာ၊ မယုံ နိုင်စရာ အဆင့်သို့ ရောက်ရှိ သွားသည်။

အဆိုပါ တိုက်ခိုက် မှုကို ရှောင်လွှဲရန်၊ မဖြစ် နိုင်ကြောင်း မြင်နေရ သော်လည်း၊ စီရွှယ်ယီက အပြုံး မပျက် သေးပေ။

'' ဟိတ် ..... ။ ''

လှံက သူ့ကို ထိခါ နီးတွင်၊ ရုတ်တရက် ခုန်လွှား လိုက်ပြီး၊ လှံထိပ် ပေါ်သို့ ခုန်တက်ရန် ကြံရွယ် လိုက်၏။

'' ဝိုး ..... ''

အနည်းငယ် နှောင့်နှေးလျှင်၊ အသတ် ခံရမည် ဖြစ်သော ကြောင့်၊ ဤမြင်ကွင်းမှာ လူ အများ၏ အာမေဋိတ် သံများကို၊ ချက်ချင်း ထွက်ပေါ် လာစေ ခဲ့သည်။

သို့သော် လှံဖျားတွင် မတ်တပ် ရပ်နိုင် ခဲ့သော စီရွှယ်ယီ၏ မိုက်မဲခြင်း အပေါ်၊ စိုးထိတ် လာကုန် ကြသည်။

တစ်ချိန် တည်းမှာပင်၊ ထို့ထက် ပို၍ ရဲဝံ့သော အပြု အမူ များကြောင့်၊ ပါးစပ် အဟောင်း သား ဖြစ်ကုန်သည်။ ယင်းမှာ သူတို့ မျှော်လင့် ထားသည်ထက်၊ ကျော်လွန် နေလေပြီ။

စီရွှယ်ယီ၏ နှုတ်ခမ်းတွင် ဖျော့တော့သော အပြုံး တစ်ပွင့် ဖြစ်ပေါ် လာပြီး၊ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ၊ လှံဖျား ပေါ်၌ လှည့်ပတ် ပျံသန်း နေခဲ့၏။

ထိုအပြုအမူ များကြောင့် ထာဝရ ကံကောင်း ခြင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ ခဲ့သည်။ ချက်ချင်း ပြန်ဆုတ် လိုက်ပြီး၊ သူ့လက်ကောက် ဝတ်ကို၊ ပြင်းထန်စွာ တုန်ခါ စေလျက်၊ စီရွှယ်ယီအား ခါချ လိုက်၏။

'အသူ တစ်ရာ နက်ရှိုင်းခြင်း' လှံငယ် ထံမှ၊ ပေါက်ကွဲ လိုသော မီးတောင် တစ်လုံး ကဲ့သို့၊ ခံစား ချက်များ ပေးစွမ်း လာသည်။

သို့သော် စီရွှယ်ယီမှာ လှံပေါ်တွင် ပျံဝဲ နေမြဲ ဖြစ်၏။ မည်မျှပင် ကြိုစား စေကာမူ၊ အောင်မြင်ခြင်း မရှိ ခဲ့ပေ။

" ထွက် သွား ... "

အဆုံးတွင် ထာဝရ ကံကောင်း ခြင်းက၊ ဟိန်းဟောက် လိုက်ပြီး၊ လှံဖျားကို အပေါ်သို့၊ ဆောင့်ထိုး လိုက်လေသည်။

ထို့ကြောင့် စီရွှယ်ယီသည် မြေပြင်ပေါ် ဆင်းရန် မှတပါး၊ အခြား ရွေးချယ် စရာ မရှိ တော့ပေ။

လှံဖျားမှ ခုန်ဆင်းကာ၊ ကြမ်းပြင်နှင့် မထိခင် မှာပင်၊ ထာဝရ ကံကောင်း ခြင်း၏ လည်မျိုထံ ရည်ရွယ်လျက်၊ ယပ်တောင်ကို ဓားကဲ့သို့ ထိုးထုတ် လိုက်သည်။

အဆိုပါ တိုက်ခိုက် မှုအား ရင်ဆိုင်ရန်၊ ထာဝရ ကံကောင်း ခြင်းက လှံဖျားကို၊ စက်ဝိုင်း သဏ္ဍာန် လွှဲယမ်း ပစ်လိုက်၏။ ယပ်တောင်မှာ မည်မျှပင် သန်မာ စေကာမူ၊ ထိုခံစစ်ကို ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ပေ။

တစ်ဖက် တွင်မူ၊ လှံကို လွှဲယမ်း နေသော ထာဝရ ကံကောင်း ခြင်း၏ အရှိန် အဝါမှာ၊ တစ်ဖန် မြင့်တက် လာသည်။

ခံစစ်ကို မကျော် ဖြတ်နိုင် သည်ကို၊ သိလိုက် ရသည်နှင့်၊ ပြင်းထန်သော တိုက်ခိုက် မှုများ ဆက်တိုက် ပြုလုပ် ပြီးနောက်၊ စီရွှယ်ယီက နောက်ပြန် ဆုတ်သွား ခဲ့သည်။

“ ဒီမှာ ကစား နေတာ တွေကို၊ အဆုံးသတ် လိုက်ရအောင်။ ”

ထာဝရ ကံကောင်း ခြင်းက၊ သူ့ လှံကို စီရွှယ်ယီထံ ဦးတည်ကာ၊ ပစ်ထုတ် လိုက်သည်။ ဤအခိုက် အတန့်တွင်၊ လှံ၌ ပါရှိ နေသော စွမ်းအားမှာ၊ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိ သွားပြီး၊ စင်မြင့် တစ်ခု လုံးအား တုန်လှုပ် လာစေ၏။

လေကို ခွင်းနေသော အရှိန် အဟုန်ကြောင့် လှံဖျားတွင်၊ မီးပွားများ ပွင့်ထွက် လာလေသည်။

တစ်ချိန်တည်း မှာပင် စီတူရီ၏ မျက်နှာ ပေါ်ရှိ အပြုံးများ၊ ပျောက်ကွယ် သွားပြီးနောက်၊ လေးနက်သော အမူ အရာများ၊ အစားထိုး ဖြစ်ပေါ် လာ၏။

ထို့နောက်တွင်၊ 'ကောင်းကင် လရောင် အလင်း ပြန်ခြင်း၊' -ဟု အော်ဟစ် ကြုံးဝါး လိုက်လေသည်။

ထိုအချိန်တွင် ထင်ယောင် ထင်မှား ဖြစ်စေသော ပုံရိပ်များ ဖြစ်ပေါ် လာပြီး၊ ပွဲကြည့်စင် တစ်ခုလုံး၊ လကို ရောင်ပြန် ဟပ်နေသော ရေကန် တစ်ကန် အဖြစ်၊ ပြောင်းလဲ သွား၏။

ယင်းမှာ သဘာဝ အတိုင်း စီရွှယ်ယီ၏ သိုင်းဝိဉာဉ် ဖြစ်သောကြောင့်၊ လင်းယွန်က မျက်ခုံးပင့် လိုက်သည်။

သဘာဝ ဖြစ်စဉ်များ၊ ဖန်တီး နိုင်စွမ်း ရှိသော သိုင်းဝိညာဉ် ပိုင်ရှင် တိုင်းသည်၊ အလွန် ရှားပါးသော ပါရမီ ရှင်များ ဖြစ်သည်။

သဘာဝ ဖြစ်စဉ် ဖြစ်ပေါ် လာသည်နှင့်၊ တဟုန်ထိုး ပျံသန်း သွားနေသော 'အသူ တစ်ရာ နက်ရှိုင်းခြင်း' လှံငယ်မှာ နှေးကွေး လာ၏။

စီရွှယ်ယီ ဖန်တီး ထားသော၊ ထိုနယ်မြေ အတွင်းသို့၊ ဝင်ရောက် လာသော အခါတွင်၊ ကြီးမားသော ပေါက်ကွဲ မှုကြီးများ ဖြစ်ပေါ် လာသည်။

၎င်းဖြစ်ရပ် များနှင့် အတူ လှံဖျားမှာ၊ ကြမ်းပြင် ပေါ်သို့ ထိုးကျ သွားပြီး၊ တဆတ်ဆတ် တုန်ယင် သွားလေပြီ။

သို့သော်၊ စီရွှယ်ယီမှာ လေထဲတွင် ကြော့မော့စွာ ရပ်လျက် ကျန်ရစ်နေ ခဲ့ပြီး၊ လှံကို ပြန်ယူရန် ကြိုးစား နေသော၊ ထာဝရ ကံကောင်း ခြင်းအား ဟန့်တား ရန်အတွက်၊ ယပ်တောင်ကို ထုတ်ယူကာ ပစ်ပေါက် လိုက်သည်။

'အသူ တစ်ရာ နက်ရှိုင်းခြင်း' လှံငယ်သည်၊ ဒေါသ ပြင်းသော နဂါး တစ်ကောင် ကဲ့သို့၊ စင်မြင့် တစ်ခုလုံး တုန်ယင် လာသည် အထိ၊ အသည်း အသန် ရုန်းကန် လာလေသည်။

တောက်ပသော လရောင်များ လွှမ်းခြုံလျက်၊ လေထဲမှ တဆင့်၊ 'အသူတစ်ရာ နက်ရှိုင်းခြင်း' လှံငယ် ပေါ်သို့၊ ဖျတ်ခနဲ ဆင်းသက် လိုက်၏။

စီရွှယ်ယီ ခြေဖျားဖြင့် ထိလိုက်သော အခါတွင်၊ လှံမှာ ချက်ချင်း ငြိမ်သက် သွား၏။ သူ့လက်ကို ဝှေ့ယမ်းပြီး၊ ယပ်တောင်အား ပြန်ခေါ် ယူလိုက်သည်။

ထို့နောက် ယပ်တောင်ကို ဖွင့်ကာ၊ တဖျပ်ဖျပ် ခတ်ပြ လိုက်ပြီး၊ ' ဘယ်သူ နိုင်လဲ မင်းပြော ' ဟု ဆိုလိုက် လေသည်။

ထို အချိန်တွင် ထာဝရ ကံကောင်း ခြင်း၏၊ ရင်ဘတ်၌ ဒဏ်ရာ တစ်ခု ရှိနေ ခဲ့ပြီး၊ ၎င်းမှ သွေးများ အဆက် မပြတ် ထွက်ကျ နေခဲ့၏။

ဒဏ်ရာမှာ ကြောက်စရာ ကောင်းပုံရ သော်လည်း၊ သေလောက်သည် အထိ၊ ဆိုးရွားခြင်း မရှိချေ။

ထာဝရ ကံကောင်း ခြင်းက၊ စီရွှယ်ယီကို လေးလေး နက်နက်၊ တစ်ချက် စိုက်ကြည့် လိုက်ပြီး၊

“ ငါ့လှံကို ပြန်ပေးပါ၊ နင်းတာ မကြိုက်ဘူး။ ”

-ဟု ဆိုလိုက် လေသည်။

“ သေချာ တာပေါ့ ...။ ”

စီရွှယ်ယီက ပြုံးကာ၊ လှံ ပေါ်မှ ခုန်ဆင်း လိုက်ပြီးနောက်၊ ယပ်တောင်ဖြင့် ပြန်လည် ခပ်တင် ပေးလိုက်သည်။

ယပ်တောင် ထံမှ ထွက်ပေါ် လာသော စွမ်းအင် များက၊ လှံကို ထာဝရ ကံကောင်းခြင်း ထံသို့ သယ်ဆောင် ပေးပေ၏။

ထာဝရ ကံကောင်း ခြင်းက၊ ယင်းကို ဖမ်းယူ လိုက်ကာ၊ မကျေ မနပ်ဖြင့် စစ်ဆေး ကြည့်လိုက်သည်။ ပြီးနောက် ဒိုင် အဖိုးအိုထံ လှည့်၍၊ “ ငါ ရှုံး ပြီ” ဟု ပြတ်သားစွာ ဆိုလိုက်၏။

လှံကိုင် ထားသော သူ့ အသွင် အပြင်မှာ၊ ဝမ်းနည်း ညိုးငယ် နေပုံရ သော်လည်း၊ ယခုအချိန်တွင် မည်သူမျှ သူ့အား ဂရု မစိုက် တော့ပေ။

နိုင်ပွဲကို ရယူထား နိုင်သော၊ စီရွှယ်ယီ အပေါ် ၌သာ၊ လူတိုင်းက အာရုံ စိုက်နေ ကြပြီး၊ နောက်ထပ် ခွေးဆိုး တစ်ကောင် ထွက်ပေါ် လာသည်ဟု၊ တွေးယူ လိုက်မိ လေသည်။

***

All Chapters