အကောင်းဆုံး ရှစ်ယောက်။
Vol. 32 Ch. 448
နိုင်ပွဲကို ရယူထား နိုင်သော၊ စီရွှယ်ယီ အပေါ် ၌သာ၊ လူတိုင်းက အာရုံ စိုက်နေ ကြပြီး၊ နောက်ထပ် ခွေးဆိုး တစ်ကောင် ထွက်ပေါ် လာသည်ဟု၊ တွေးယူ လိုက်မိ လေသည်။
လင်းယွန် ပြီးနောက်တွင်၊ အခြားသော သူ တစ်ဦးက၊ ပါရမီရှင် တစ်ပါးကို အနိုင်ယူ ခဲ့သည်။ ပြိုင်ပွဲ မတိုင်ခင် ဤရလာဒ်မျိုး ရရှိ လာလိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ထားပေ။
နောက်ဆုံးတွင်၊ ပါရမီရှင် ရှစ်ပါး အချင်းချင်းထိပ်တိုက် တွေ့ဆုံခြင်း မရှိ ပါက၊ ရှုံးပွဲ မရှိ နိုင်ကြောင်း၊ မှတ်ထင်ထား ကြသည်။
အထူး သဖြင့် ထာဝရ ကံကောင်း ခြင်း၏၊ လှံနည်းစနစ်မှာ အားကောင်း လှပေ၏။ သို့သော် စီရွှယ်ယီက သိုင်းဝိဉာဉ်အား ထုတ်ဖော် လိုက်ချိန်တွင်၊ သူ့ခွန်အားမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ လာကာ၊ ထာဝရ ကံကောင်း ခြင်းထက် ကျော်လွန် သွားလေသည်။
နေဝင်ချိန် သည်လည်း သန်မာ ခဲ့ဖူး ပေသည်။ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ သာမန် ကျင့်ကြံသူ တစ်ဦးအား၊ အလွယ် တကူ သတ်ဖြတ် နိုင်သောကြောင့်၊ ပါရမီရှင် အချင်းချင်း ထိပ်တိုက် တွေ့ဆုံခြင်း မရှိ ပါက၊ မရှုံး နိုင်ဟု ထင်ကြ၏။
သို့သော် လင်းယွန်၏ ဆန်းပြားသော နဝမ အဆင့်၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် အောက်တွင်၊ အသက် ဆုံးရှုံး ခဲ့ရသည်။
ထို့ကြောင့် ဤပြိုင်ပွဲသည် ယခင်နှင့် မတူဘဲ၊ အံ့အားသင့် စရာ များစွာ၊ ဆောင်ကြဉ်း ပေးလာ လေသည်။
ညံ့ဖျင်း လွန်းသော အသွင် အပြင်ဖြင့်၊ ဖြစ် နိုင်ဖွယ် မရှိဟု၊ ယူဆ မိကြ သော်လည်း၊ အဆိုပါ ရလာဒ် များကြောင့် ပြိုင်ပွဲ အတွင်း မည်သူ မဆို၊ ချန်ပီယံ ဖြစ်လာ နိုင်ကြောင်း၊ ယူဆ လာမိ စေ၏။
ပျံသန်း နေသော ငှက်မွှေးနှင့် ငွေဗျိုင်းဖြူ အကြား တိုက်ပွဲမှာ၊ နောက်ဆုံး၌ စတင် လာခဲ့သည်။
ဖီးနစ် ပန်းကလေး၏ ကြေငြာချက် ဆုံးသည်နှင့်၊ တစ်ချိန် တည်းတွင် စင်မြင့် ပေါ်သို့၊ လူရိပ် နှစ်ရိပ် ဆင်းသက် လာကာ၊ လူတိုင်း၏ အာရုံ များကို ဆွဲယူ သွားတော့သည်။
" ချင်ယု၊ ငါတို့ တိုက်ပွဲက စပြီး ဆိုတာနဲ့ ၊ ဘယ်တော့မှ အဆုံး သတ်နိုင်မှာ မဟုတ်ဘူး၊ တစ်ချက် လှုပ်ရုံနဲ့ ... ရလာဒ်ကို ဘာကြောင့် မဆုံးဖြတ် ရတာလဲ၊ ဒါက ငါတို့ရဲ့ ဝှက်ဖဲကို သိမ်းဆည်း ထားနိုင်မယ် မဟုတ်လား။ ''
စင်ပေါ် ရောက်လျှင် ရောက်ချင်း၊ ငွေဗျိုင်းဖြူက အကြံ ပြုသည်။
" ဘာပဲ ဖြစ်ဖြစ်၊ မင်းက ရှုံးတော့မယ့် သူ ဆိုတော့ ...၊ ငါ့အတွက် အရေး မကြီး ပါဘူး။ "
ချင်ယုက သည်တိုက်ပွဲ အတွက်၊ ယုံကြည်မှု အပြည့်ဖြင့် ပြန်လည် ပြုံးပြကာ၊ ဆိုလိုက်သည်။
ငွေဗျိုင်းဖြူက မျက်မှောင်ကြုတ် လိုက်ပြီး၊
“ မင်းက မာနကြီး လွန်းတယ်၊ ဒါ ငါ့ဆီက ထောင်ချောက် ဖြစ်နေမှာ၊ မကြောက် ဖူးလား။ "
“ ငါက ဒီပုံစံနဲ့ အမြဲ နေခဲ့တယ်၊ ငါ ချန်ပီယံ ဖြစ်လာ မှာကို၊ မင်းမှ မဟုတ်ဘူး၊ စစ်မှန်သော တိမ်တိုက် ကလေးနဲ့၊ အကြင်နာ ချောက် ကမ်းပါး ဘယ်သူ မဆို၊ ငါ့ကို တားမရ ပါဘူး၊ ကဲ ... စကားတွေ ဖြတ်ရအောင် ...၊ ငါတို့ ဘယ်လို တိုက်မလဲ ဆိုတာ၊ မင်းဆုံးဖြတ် နိုင်တယ်။ ”
-ဟု ချင်ယုက မောက်မာသော လေသံဖြင့်၊ ဂရု မစိုက်ဟန် ဆိုလိုက်သည်။
သူထံမှ ကြီးမားသော ဖိအားကို ထုတ်လွှတ် ထားပြီး၊ အခြားသူ တစ်ဦး ဖြစ်ပါက၊ ပလွှားသူ တစ်ဦး အဖြစ်၊ နှာခေါင်းရှုံ့ မိကြ မည်မှာ သေချာသည်။
သို့သော် ဤသည်မှာ ချင်ယု ဖြစ်ပြီး၊ နဂါး တံခါး ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ရန် အတွက်၊ ရေပန်း အစား ဆုံးသူ ဖြစ်သော ကြောင့်၊ မည်သူမျှ အထင် မသေးရဲ ကြချေ။
မောက်မာ မှုသည် အရည် အချင်း ပေါ်တွင် လုံးလုံး လျားလျား မှီခို ပေ၏။ လုံလောက်အောင် သန်မာ နေသမျှ၊ ဧကရာဇ် ကိုပင် လျစ်လျူရှု နိုင်လေသည်။
“ ဒါဆို လက်ဝါး ရိုက်ချက် နဲ့ပဲ သွားကြည့် ရအောင်၊ ဘယ်သူ မဆို အရှုံးကို ဝန်ခံရ လိမ့်မယ်။ ”
ငွေဗျိုင်းဖြူက အကြံ ပေးသည်။ ချင်ယုက သဘော ကျစွာ ပြုံးရယ် လိုက်ပြီး၊
“ ခင်မင် ရင်းနှီးတဲ့ အနေနဲ့၊ သတိ တစ်ခု ပေးလိုက်မယ်၊ နောက်တစ်ခု ပြောင်းပါ၊ ငါ့ နေရာမှာ အခြားသူ တစ်ဦး ဆိုရင်တော့၊ မင်း အနိုင် ရနိုင်ကောင်း ရမယ်၊ ဒါပေမယ့် ငါနဲ့ လက်ဖဝါးချင်း ယှဉ်ရင် မင်းမှာ၊ အခွင့် အရေး မရှိ နိုင်ဘူး။ ”
" ငါတို့ တိုက်ပြီးရင်၊ ဒါကို သိရ မှာပါ။ "
ငွေဗျိုင်းဖြူက သူ၏ လက်ဖဝါး နည်းစနစ် အပေါ်၊ ယုံကြည် စိတ်ချ စွာဖြင့် တုန့်ပြန် လိုက်သည်။
“ တိုက်ဖို့ မလိုတော့ ပါဘူး၊ မင်း ရှုံး နေပြီ။ "
ချင်ယုက ရုတ်တရက် ပျောက်ကွယ် သွားကာ၊ ငွေဗျိုင်းဖြူ ရှေ့တွင် ရိပ်ခနဲ ပြန်လည် ထွက်ပေါ် လာပြီး၊ မဆိုင်း မတွပင် လက်ဖဝါးဖြင့် ရိုက်ချ ပစ်လိုက်၏။
ထိုစက္ကန့် ပိုင်းလေး အတွင်းတွင်၊ သူ့ထံမှ ကြက်သွေးရောင် အဆင်းများ ထွက်ပေါ် လာပြီး၊ လွှမ်းမိုး နိုင်လွန်းသော အရှိန်အဝါများ ပွင့်ထွက် လာတော့သည်။
ယင်းကြောင့် အစော ပိုင်းတွင် ယုံကြည်မှု ရှိနေသော ငွေဗျိုင်းဖြူကို ထိတ်လန့် တုန်လှုပ် သွားစေ ခဲ့၏။ ချင်ယု တစ်ယောက် ဤမျှ အစွမ်း ထက် လိမ့်မည်ဟု၊ သူ မမျှော်လင့် ထားခဲ့ သည်မှာ၊ သိသာ နေပေသည်။
လက်ဖဝါး နှစ်ဖက် ထိပ်တိုက် တွေ့စုံ မိသော အခါတွင်၊ ငွေဗျိုင်းဖြူက လွင့်စင် သွားရသည်။ ကြမ်းပြင် ပေါ်သို့ လဲကျ သွားပြီး၊ နီထွေးသော သွေး သုံးလုတ်ကို အန်ချ လိုက်ရ၏။
" လေးနက်သော ယန် နည်းစနစ်၊ ...... "
ငွေဗျိုင်းဖြူက ချင်ယုကို မယုံကြည် နိုင်စွာ ကြည့်လိုက် မိသည်။
“ ... ဒါ ဒါက မြေကြီး အဆင့်၊ ကျင့်ကြံမှု နည်းစနစ်ပဲ၊ ဘယ်လို နတ်ဆိုး မျိုးက ... မြေကြီး အဆင့် နည်းစနစ်ကို လေ့ကျင့်နိုင် ရတာလဲ။ "
“ ဒီကမ္ဘာမှာ ဘယ်အရာမှ မဖြစ် နိုင်ဖူး ဆိုတာ မရှိ ပါဘူး၊ ဒါကြောင့် လက်ဖဝါး နည်းစနစ်ကို မရွေးဖို့၊ ငါပြော ခဲ့ဖူးတယ် မဟုတ်လား၊ မင်း အခု ထွက်သွား နိုင်ပါပြီ။ ”
ချင်ယုက လျစ်လျူရှု ဟန်ဖြင့် ပြောလိုက်သည်။ သူ့ လက်ဖဝါးကို မြှောက်လိုက်ပြီး၊ ကြက်သွေးရောင် မီးတောက် စွမ်းအင် များ ထုတ်ဖော် ကာ၊ ငွေဗျိုင်းဖြူအား စင်ပေါ် ကနေ၊ တွန်းချ လိုက်၏။
ရင်ပြင် တစ်ခုလုံး တုန်လှုပ် ချောက်ချား သွားကာ တိတ်ဆိတ် သွားသည်။ ပါရမီရှင် ပုဂ္ဂိုလ် နှစ်ဦးကြား တိုက်ပွဲသည်၊ ဤမျှ လျင်မြန်စွာ ပြီးဆုံး ရလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။
စစ်မှန်သော တိမ်တိုက် ကလေး ပင်လျှင်၊ သူ့ ပြိုင်ဘက်ကို အနိုင် ယူရန်၊ လှုပ်ရှားမှု သုံးကြိမ် လိုအပ် ခဲ့သည်။
စင်မြင့် ပေါ်၌ ရပ်နေသော ချင်ယုက၊ လွှမ်းမိုးချုပ်ကိုင် လိုသည့် မျက်ဝန်း များဖြင့်၊ လူအုပ်ကြီးထံ ဝေ့ကြည့်ကာ၊ ပြင်းထန်သော ဖိအားကို ထုတ်ဖော် လိုက်သည်။
“ အိုး .... ၊ ကောလ ဟာလ တွေက တကယ် မှန်တာပဲ၊ ဒီချင်ယုက မြေကြီး အဆင့် နည်းစနစ်ကို၊ ကျင်ကြံ နိုင်တယ် ဆိုတာ၊ ယုံတောင် မယုံ နိုင်ဘူး။ ”
“ ဒိထက် ပိုထူးဆန်း တာက သူမှာ၊ ဒေါသ အရိပ် အယောင်တောင် မရှိဘူး။ ”
မြင့်မားသော နည်းစနစ်များကို လေ့ကျင့် ရာ၌၊ လိုအပ်ချက် မပြည့်မှီ ပါက ခန္ဓာကိုယ် အတွင်း၊ ထိုနည်းစနစ် များက ဆိုးရွားသော အကျိုး ဆက်များ ထားရှိ ခဲ့တက်သည်။
ယင်းကို အဆင့်မြင့် နည်းစနစ်များ၊ အတင်းအကြပ် လေ့ကျင့် ရာ၌၊ ဖြစ်ပေါ် လာသော ဒေါသဟု သတ်မှတ်သည်။
ထိုဒေါသ အငွေ့ အသက်များ မရှိ သဖြင့်၊ သူတို့က ချင်ယုကို အံသြ မိခြင်း ဖြစ်၏။
" မင်းသား တစ်ယောက် အနေနဲ့ သူ့မှာ၊ ဝှက်ဖဲတွေ ဘယ်လောက် များများ ရှိမယ် ထင်လဲ။"
" နဂါး တံခါး ပြိုင်ပွဲရဲ့ ချန်ပီယံက၊ သူပဲ ဆိုတာ ပြသ နေတာပဲ။ "
အားလုံးက ချင်ယုကို ကြောက်လန့် တကြား ကြည့်နေ ကြစဉ်၊ ပြိုင်ပွဲ အတွင်း အကောင်း ဆုံးသော ဆယ့်ခြောက်ယောက်၊ စာရင်း ထွက်ပေါ် လာခဲ့သည်။
" ဂျူနီယာ ညီလေး၊ မင်းကို ကြည့်တဲ့ သူ့အကြည့် တွေက၊ ဆိုးရွားတဲ့ ခံစားချက် တွေနဲ့ ပြည့်နှက် နေသလိုပဲ။ "
ချင်းရွှမ်ဂျွန်က တိုးတိုးလေး သတိပေး လာသည်။ ချင်ယု၏ ခွန်အားမှာ လူတိုင်း မျှော်လင့်ထား သည်ထက်၊ ကျော်လွန် သွားခဲ့ပြီး ဖြစ်ရာ၊ လင်းယွန် အတွက် စိတ် မပူပင်ဘဲ၊ မနေ နိုင်ပေ။
“ ပြိုင်ပွဲမှာ သူက ငါ့ကို သတ်ချင် နေတယ် ဆိုတာ လူတိုင်း သိပြီး သားပါ စီနီယာ အစ်ကိုချင်း၊ ဒီတော့ ဘာဖြစ်လဲ ...၊ ငါဒီမှာ ရပ်နေ ကတည်းက သူ့ကို မကြောက် ပါဘူး။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။
" အကောင်းဆုံး ဆယ့်ခြောက်ယောက် စာရင်း ရပြီ။ "
ရင်ပြင် အတွင်း အဖိုးအို တစ်ယောက်၏ အသံ ပျံ့လွင့် ထွက်ပေါ် လာသည်။ ထိုအသံ ထွက်ပေါ်လာ သည်နှင့်၊ ဧကရာဇ် ချင်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ ထိုင်ခုံ ပေါ်မှ ချက်ချင်း ဆိုသလိုပင်၊ မတ်တပ် ထရပ် လိုက်၏။
'' တမာန်တော် အရှင်၊ အကောင်းဆုံး ဆယ့်ခြောက်ယောက် ထွက်ပေါ် လာပါပြီ၊ စည်းမျဉ်း အရ ပြိုင်ပွဲကို၊ ဆက်လက် ဦးစီး ပေးပါဦး။ ”
" စိတ်ဝင် စားဖို့ အရမ်း ကောင်းတယ်၊ ဒီပြိုင် ပွဲရဲ့ ဇာတ်ရှိန် အမြင့်ဆုံး အပိုင်းကို ရောက်နေပြီ ဖြစ်လို့၊ ပွဲကို အလျင်လို နေစရာ မလိုပါဘူး၊ ကြိုးစား ကြပါ ... ''
'' .... ကွာတား ဖိုင်နယ်ကို တက်ရောက် နိုင်မဲ့၊ ဘယ်သူ့ကို မဆို၊ ငါက လက်ဆောင် တစ်ခု ပေးမယ်၊ ပိုပြီး တက်လှမ်း နိုင်လေလေ လက်ဆောင်က ပိုပြီး တန်ဖိုးကြီး လေလေပဲ၊ ဒါကြောင့် အားကုန်ထုတ် ကြိုးစား ကြပါ၊... ''
'' ... ထိပ်ဆုံး သုံးဦးက၊ ဆုလာဘ် အဖြစ် စကြာဝဠာ လက်ရာ တစ်ခုစီ အပ်နှင်း ခံရ လိမ့်မယ်၊ ချန်ပီယံ အတွက် ကတော့... တောင်းဆိုချက် တစ်ခုကို၊ ထပ်မံ တောင်းဆို နိုင်ပါတယ်၊ ကျိုးကြောင်း ဆီလျော် နေသ၍၊ ငါကိုယ်တိုင် သဘောတူ လက်ခံ ပေးမှာပါ။ ”
ရင်ပြင် အတွင်းတွင် အကြီးအကဲ များ၏၊ စိတ်လှုပ် ရှားသော အသံများ၊ ထွက်ပေါ် လာပြီး၊ သူတို့ အားလုံး၏ သွေးများ ဆူပွက်သွား ကုန်သည်။
ဤသည်ပင် နဂါး တံခါး ပြိုင်ပွဲကို၊ လူတိုင်း စိတ်ဝင် စားရသည့်၊ အကြောင်းရင်း ဖြစ်ပေ၏။
သည်ပြိုင် ပွဲတွင် စိတ်ဝင် စားစရာများ၊ ရှိနေ သေးသည်ဟု၊ ထုတ်ဖော် ပြောဆိုလာ ခြင်းမှာ၊ အပြောင်း အလဲများ ရှိလာ ဦးမည်ဟု အဓိပ္ပါယ် ရလေသည်။
ဆိုလို သည်မှာ တမာန်တော်၏ အမြင် အရ၊ ချင်ယုမှာ ချန်ပီယံ ဖြစ်ရန် မသေချာ သေးချေ။
ဤသို့ ဆိုပါလျှင် ပြိုင်ပွဲ အတွင်း၊ ချင်ယု နီးနီး သန်မာသူ ရှိနေ သည်ဟု၊ အဓိပ္ပါယ် ရ၏။ ၎င်းမှာ မည်သူ ဖြစ်မည်ကို၊ သိချင် လာကြသည်။
တမာန်တော် စကားများ အရ ဝှက်ဖဲ အချို့ကို၊ ဆုပ်ကိုင်ထား သူများ ရှိနေဆဲ ဖြစ်၏။
" တရားမျှ တမှု ရှိနေ သရွေ့ ... ပြိုင်ပွဲကို ဆက်ပြီး ကျင်းပ နေပါ၊ ငါ ဝင်မရှုပ် ပါဘူး။ "
တမာန် တော်၏ စကားဆုံး သည်နှင့်၊ ဧကရာဇ် ချင်က၊
“ ဘက်လိုက်မှု မရှိ စေရ ပါဘူး၊ '' ဟု ကတိပေး လိုက်လေသည်။
" ကောင်း စွ ။ "
သံတမန်၏ စကားကြောင့် လူအများ စိတ်ပျက် သွားခဲ့သည်။ ဧကရာဇ် ချင်က ထိုသူ များ၏ ခံစားချက် များကို၊ လျစ်လျူရှု လိုက်ကာ၊ လူအုပ် ကြီးထံ လှည့်ပတ် ကြည့်ရှုပြီး၊
“ မင်းတို့ အားလုံး တမာန်တော် အရှင်ရဲ့ စကားကို ကြားပြီး၊ ကောင်းစွာ နားလည် လိမ့် မယ်လို့ ယုံကြည် ပါတယ်၊ မင်းတို့ရဲ့ တိုက်ပွဲတွေ မစခင် အချိန်မှာ၊ ထိပ်တန်း ဆယ့်ခြောက် ယောက်ကို၊ အဆင့် သတ်မှတ် ပေးမယ်၊ ..... ''
'' .... ပြီးတာနဲ့ ပထမ နေရာက သူက၊ နောက်ဆုံး အဆင့်ကို တိုက်ရမယ်၊ ဒုတိယက နောက်ဆုံး ဒုတိယ အဆင့်ကို တိုက်ရမယ်၊ ဒီနည်းနဲ့ အကောင်းဆုံး ရှစ်ယောက်ကို၊ ဆုံးဖြတ် သွားမှာပါ။ ”
ထိုကဲ့သို့ ပွဲစဉ် များကို၊ ပြောင်းလဲ ဆုံးဖြတ် ပေးလိမ့် မည်ဟု၊ မတွေး ထားမိ သောကြောင့်၊ ယင်းစည်း မျဉ်းအား ကြားလိုက် ရချိန်တွင်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားခဲ့သည်။
ဆိုလို သည်မှာ ချင်ယုသည် ပထမ ဖြစ်ပြီး၊ စစ်မှန်သော တိမ်တိုက် ကလေးမှာ ဒုတိယ ဖြစ်၏။
ထို့ကြောင့် ၎င်းတို့ နှစ်ဦးမှာ၊ ပြဿနာ တစ်ခု မဟုတ်ဘဲ၊ အကောင်းဆုံး ရှစ်ဦးသို့၊ တက်လှမ်း နိုင်မည်ဟု အဓိပ္ပါယ် ရပေသည်။ သန်မာ လေလေ ပြိုင်ဘက်မှာ၊ အားနည်း လေလေပင်။
နောက်တဖန် လူများ စွာက ထိုသို့ ဆုံးဖြတ် မှုများ အပေါ်၊ သဘာဝ အတိုင်း မကျေ မနပ် ဖြစ်ခဲ့ ကြသည်။
ချင်ယုနှင့် စစ်မှန်သော တိမ်တိုက် ကလေးကို၊ ရင်ဆိုင် ရမည့် သူတိုင်း၊ ရှုံးနိမ့် မည်မှာ သေချာ၏။
ဤနည်း လမ်းသည် အကောင်းဆုံး ရှစ်ဦးကို ဆုံးဖြတ် ရာတွင်၊ အလွန် မြန်ဆန် ထိရောက် လေသည်။
သူ့ ပြိုင်ဘက်မှာ နေဝင်ချိန် ဖြစ်သည့် အတွက်၊ လင်းယွန်၏ အဆင့်မှာ၊ မြင့်မားမည် မဟုတ်ကြောင်း၊ သိထားပြီး ဖြစ်သည်။ ထို့ပြင် နေဝင်ချိန်အား အနိုင် ယူရန်၊ လှုပ်ရှားမှု နှစ်ရာ ကျော်ကို အသုံးပြု ခဲ့ရသည်။
အချိန် အတော်ကြာ ပြီးနောက်၊ လျိုဖန်းက မည်းမှောင်သော မျက်နှာဖြင့်၊ ပြန်လည် ရောက်ရှိ လာ ခဲ့သည်။ သူက ဘိုင်လိရွှမ်ကို အရင်ဆုံး ကြည့်ပြီး၊
" ဘိုင်လိရွှမ်၊ မင်းက အဆင့်ရှစ်၊ မင်းရဲ့ပြိုင်ဘက်က ကျိုးဟောင်၊ သူက အဆင့်ကိုး။ "
“ ကျိုး ဟောင် …”
ကျိုးဟောင်သည် ကောင်းကင်ဘုံ ချင် အင်စတီ ကျုမှ၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး၊ ကျိုး မိသားစု၏ သခင်လေး တစ်ပါး ဖြစ်သည်။
ကျိုး မိသား စုသည်၊ အင်ပါယာ၏ ဒုတိယ တန်းစား အဆင့် ၌သာ ရှိပေရာ၊ ဘိုင်လိရွှမ် အပေါ် ဖိအား ပေးနိုင်မည် မဟုတ်ပေ။
" ကျိုးဟောင်ရဲ့ ခွန်အားက ဇိုယန်နဲ့ အဆင့်တူမှာ ရှိတယ်၊ ဒါကြောင့် ထိပ်တန်း ရှစ်ယောက်ကို ဝင်ဖို့က၊ မင်းမှာ ပြဿနာ မရှိဘူး။ "
အကောင်းဆုံး ရှစ်ယောက်ထံ တက်လှမ်း နိုင်ခြင်းဖြင့်၊ ဘွဲ့ တစ်ခုကို ရရှိမည် ဖြစ်ပြီး၊ 'သွေးစွန်းသော ဧည့်ခံပွဲ' သို့၊ တက်ရောက်ရန် အတွက်၊ အရည် အချင်း ပြည့်မီ သည်ဟု အဓိပ္ပါယ် ရပေသည်။
သို့သော် ဘိုင်လိရွှမ်၏ မျက်နှာမှာ၊ ရွှင်လန်းမှု မရှိဘဲ ငြိမ်သက် နေခဲ့သည်။ သူက ခေါင်းရမ်း လိုက်ပြီး၊
" ကျိုးဟောင်က ငါ့ပြိုင်ဘက် မဟုတ် ရင်တောင်၊ ငါက ထိပ်ဆုံး ရှစ်ယောက်ထဲ ဝင်နိုင် မှာပါ။ "
ဟု ပြန်ဖြေသည်။ လျိုဖန်းက ပြုံးလျက် ခေါင်းညိတ် လိုက်ပြီး၊ လင်းယွန်ထံ လှည့်ကြည့် လိုက်၏။
လင်းယွန်အား ကြည့်လာ ချိန်တွင်၊ သူ့မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပျောက်ကွယ် သွားခဲ့သည်။
ဆိုးရွားစွာ ပျက်ယွင်း နေသော အသွင် အပြင်ကြောင့်၊ တစ်ခုခု လွဲချော် နေသည်ကို လူတိုင်းက ခံစား နိုင်၏။ လေထုမှာ ရုတ်တရက် တင်းမာ လာလေသည်။
ပြိုင်ပွဲမှ ဖယ်ထုတ် ခံခဲ့ ရသော၊ ယီဖန်းက ထူးဆန်းသော အမူ အရာကို၊ ထုတ်ဖော် ထားသည်။
လင်းယွန်ကို ပြိုင်ပွဲ၌၊ အဝေးကြီး မရောက် စေလို သည်မှာ၊ သဘာဝ ကျပေ၏။ အကယ် ၍သာ၊ ထိပ်ဆုံး ရှစ်ယောက်ထဲ ဝင်နိုင် ခဲ့ပါက၊ သူ့မာန အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်သည်။
" လင်းယွန် ... မင်းက အဆင့် (၁၁)၊ ဒါကြောင့် မင်းရဲ့ ပြိုင်ဘက်က၊ အကြင်နာ ချောက် ကမ်းပါး ပဲ။ "
လျိုဖန်းက ကျောက်စိမ်း အမှတ် အသား တစ်ခုကို လင်းယွန်အား ပစ်ပေးကာ၊ ဆိုလိုက်သည်။
သူ့ အဆင့်မှာ (၁၁) ဖြစ်သည့် အတွက်၊ မအံ့သြပေ။ ကျောက်စိမ်း သင်္ကေတကို ဖမ်းယူ လိုက်ပြီး၊ အကြင်နာ ချောက် ကမ်းပါးထံ မော့ကြည့် လိုက်ရာ၊ ဆိုးယုတ်သော အပြုံးဖြင့်၊ ကြည့်နေ သည်ကို တွေ့လိုက် ရ၏။
***