လင်းယွန်နှင့်၊ အကြင်နာ ချောက်ကမ်းပါး။
Vol. 33 Ch. 449
" လင်းယွန် ... မင်းက အဆင့် (၁၁)၊ ဒါကြောင့် မင်းရဲ့ ပြိုင်ဘက်က၊ အကြင်နာ ချောက် ကမ်းပါး ပဲ။ "
လျိုဖန်းက ကျောက်စိမ်း အမှတ် အသား တစ်ခုကို လင်းယွန်အား ပစ်ပေးကာ၊ ဆိုလိုက်သည်။
သူ့ အဆင့်မှာ (၁၁) ဖြစ်သည့် အတွက်၊ မအံ့ သြပေ။ ကျောက်စိမ်း သင်္ကေတကို ဖမ်းယူ လိုက်ပြီး၊ အကြင်နာ ချောက် ကမ်းပါးထံ မော့ကြည့် လိုက်ရာ၊ ဆိုးယုတ်သော အပြုံးဖြင့်၊ ကြည့်နေ သည်ကို တွေ့လိုက် ရ၏။
လင်းယွန် တစ်ယောက် ကံကောင်းခြင်း မည်သည်လော ၊ ကံဆိုးခြင်း မည်သည်လော ဟု၊ လူတိုင်း မခွဲခြား နိုင်တော့ပေ။
နေဝင်ချိန်ကို ဦးစွာ ရင်ဆိုင် ရပြီး၊ ယခုအကြင်နာ ချောက် ကမ်းပါးထံ ပြေးဝင် မိ၏။ ထို့ပြင် အကြင်နာ ချောက် ကမ်းပါးမှာ၊ နေဝင်ချိန်ထက် ပိုသန်မာ သည်ကို၊ မေးခွန်းထုတ် နေစရာ မလိုချေ။
ရှေးဟောင်း တာအို ဂိုဏ်းသည် မဟာ ဂိုဏ်းကြီး လေးဂိုဏ်း အနက်မှ ဖြစ်ပြီး၊ မိုးတိမ်ဓား နန်းတော်ထက် နက်ရှိုင်းသော အခြေခံ အုတ်မြစ် ရှိ၏။
သည့်အပြင်၊ ပြိုင်ပွဲ အတွင်း ပြသ ထားသော၊ အကြင်နာ ချောက် ကမ်းပါး၏ ခွန်အားမှာ၊ ရေခဲတောင် အဖျား မျှသာ ဖြစ်သည်။
ယခင် တိုက်ပွဲ များတွင် သူ၏ ပြိုင်ဘက်ကို၊ အိုး ဆယ်လုံး ခွန်အား ရှိသော အင်အားဖြင့် ချေမှုန်း နိုင်ခဲ့သည်။
ဧကရာဇ် ချင်က ကြေငြာ ချက်အား ထုတ်ပြန်လိုက်သည်နှင့်၊ ရုတ်ရုတ် သဲသဲ အသံများ ထွက်ပေါ် လာသည်။
ထိပ်ဆုံး နေရာသို့ တက်လှမ်း ထားနိုင်သူ များမှာ၊ ကံကောင်း သည်ဟု ဝန်ခံရ ပေမည်။ ကွာတား ဖိုင်နယ်သို့ တက်လှမ်းရန်၊ လက်တွေ့တွင် ၎င်းတို့ အတွက် ဖိအား မရှိ တော့ပေ။
သည့်အပြင် ၎င်းတို့၏ ခွန်အားဖြင့်၊ ပတ်သတ်၍ မေးခွန်း ထုတ်စရာ မလိုကြောင်း၊ လူတိုင်းက သိရှိ ထားပြီး ဖြစ်သည်။
ချင်ယုက ငွေဗျိုင်းဖြူ အပေါ် လက်ဖဝါးဖြင့်၊ အနိုင် ယူပြီး၊ စစ်မှန်သော တိမ်တိုက် ကလေးက လက်သီး သုံးချက်ဖြင့်၊ သူ့ ပြိုင် ဘက်ကို သတ်ပြ ခဲ့သည်။
ယင်းကြောင့် သူတို့၏ ခွန်အားကို မည်သူမှ သံသယ မရှိခြင်း ပေပင်။
“ ချောက်ကမ်းပါး၊ ဒီကောင့်ကို သတ်လိုက် ...။ ”
ဝမ်ရန်းဘိုက ဆိုသည်။ ဂိုဏ်း နှစ်ဂိုဏ်းကြားအာဃာတ တရားသည် လင်းယွန်ကြောင့်၊ ပို၍ ကြီးထွား လာပေ၏။ ဤဓားကျွန်မှာ သူ့ နှလုံးသား ထဲ၌၊ ဆူးပင် တစ်ပင် ဖြစ်နေ ခဲ့ လေပြီ။
၎င်းကို သတ်ရန် စေလွှတ် လိုက်သော အမာခံတပည့် သုံးယောက် ကိုပင်၊ နောက်ဆုံး၌ ဆုံးရှုံး ခဲ့ရသည်။
ထို့အပြင် ဝူမိုဟန်၊ ဇိုယန် တို့မှာ ဓားကျွန်ကောင်နှင့် ဘိုင်လိရွှမ် တို့အား ရှုံးနိမ့် ခဲ့ပြီး၊ ဂိုဏ်း၏ ဂုဏ်သတင်း အပေါ် အကြီး အကျယ် သက်ရောက် စေခဲ့၏။
“ စိတ်မပူ ပါနဲ့၊ ဒီဓားကျွန်က မဟာချင် အင်ပါယာကို၊ ရောက်လာ မိတဲ့ အတွက်၊ နောင်တရ သွားမှာပါ။ ”
သူ့ လက်ထဲရှိ ကျောက်စိမ်း ပြားကို၊ လှည့်ပတ် စော့ကစား လိုက်ပြီး၊ အကြင်နာ ချောက် ကမ်းပါးက ပြုံး လိုက်သည်။
ထိုစကား များကြောင့် ဇိုယန်က အနည်းငယ် တွေဝေ သွားပြီး၊ နောက်ဆုံးတွင် သူ၏ သတ္တိကို စုစည်း လိုက်ဟန်ဖြင့်၊
" အစ်ကိုဝမ်၊ ငါ့အမြင် အရတော့ သူက လူကောင်း တစ်ယောက်ပါ၊ ဂိုဏ်းက သူ့နောက်ကို မလိုက် သရွေ့ ...၊ ဂိုဏ်းနောက်ကို သူလိုက် နေမှာ မဟုတ် ပါဘူး၊ အစ်ကိုဝမ် အနေနဲ့၊ သင်ခန်းစာ တစ်ခု သင်ပေးတာ နဲ့တင် လုံလောက် ပါပြီ၊ သူ့ကို သတ်စရာ မလို ပါဘူး၊ ဒါဆို ဓားနန်းတော် ကလည်း ဒီကိစ္စကို လက်ခံ ပေးမှာပါ ...။ ”
'' ဖြန်း ...... ''
သို့သော် သူ့စကား ဆုံးသည်နှင့်၊ ဝမ်ရန်းဘို၏ ပါးရိုက် ခြင်းကို ခံလိုက် ရပြီး၊
" မင်း ဘာတွေ ပြောနေ တာလဲ၊ ဂိုဏ်းက မင်းအတွက်၊ အရင်း အမြစ်တွေ အများကြီး ပေးဆပ် ခဲ့ရတယ်၊ မင်းကတော့ ဘိုင်လိရွှမ်ကို ရှုံးနိမ့်ခဲ့ ရုံသာ မကဘူး၊ အခု ဓားကျွန် အတွက် ဝင်ပြော ပေးနေ တာလား၊ မင်း ပါးစပ်ကို ... ပိတ် ထား လိုက် စမ်း ...။ "
အကြင်နာ ချောက် ကမ်းပါးက လှောင်ပြုံးဖြင့်၊ ခေါင်းယမ်း လိုက်ပြီး၊
“ ဂျူနီယာ ညီလေးဇို၊ မင်းက အရမ်းငယ် သေးတယ်၊ ရန်သူကို လွယ်လွယ်နဲ့ သွားခွင့် ပြုတယ် ဆိုတာ၊ ငါတို့ရဲ့ အမိုင်း ကြောင်းမှာ မရှိဘူး၊ အကြီး အကဲ ဝမ်ကို မြန်မြန် တောင်းပန်ပြီး၊ နောင်မှာ ဒီလို စကား မျိုး တွေ မပြော မိစေဖို့ သတိ ထားပါ။ ”
'' တောင်းပန် ပါတယ်။ ''
ဇိုယန်၏ မျက်နှာမှာ နီရဲ သွားပြီး၊ တောင်းပန် လိုက်၏။ သို့သော် လင်းယွန်အား အမုန်း တရား များဖြင့်၊ လောင်ကျွမ်း မတက် စိုက်ကြည့် နေသော ဝမ်ရန်းဘိုမှာ၊ သူ့ စကားကို စိတ်မ၀င် စားတော့ပေ။
အနီးဝန်း ကျင်တွင် အခြားသော ဂိုဏ်းများ ရှိနေ ကြပြီး၊ ၎င်းတို့ အားလုံးမှာ ကျွမ်းကျင် သူများ ဖြစ်သောကြောင့်၊ စကား စမြည်ပြောဆိုမှု များကို၊ သဘာဝ အတိုင်း ခိုးနားထောင် တက်ကြ၏။
ထို့ကြောင့်၊ များစွာသော ဂိုဏ်းဂဏ များက၊ ရှေးဟောင်း တာအို ဂိုဏ်း အပေါ်၊ အလိုလိုအာရုံ စိုက်လျက်၊ မိပြီးသား ဖြစ်သည်။
သို့သော် ဂိုဏ်းနှစ် ဂိုဏ်းကြား ရန်ငြိုးများ အကြောင်းကို၊ လူတိုင်း ကြားသိ ထားကြ သောကြောင့်၊ မည်သူမျှ အံသြခြင်း မရှိ ကြချေ။
တစ်ချိန်တည်း မှာပင် ယင်းသည် လူအများ ကြားတွင် တီးတိုး ပြောဆို စရာ၊ အကြောင်း အရာ တစ်ခု ဖြစ်လာ လေသည်။
“ အဲဒီ သက်ကျားအို ကြီးက၊ သူ့လူတွေ အပေါ်အတော်လေး ကြမ်းတမ်း တာပဲ။ ”
လျိုဖန်းက မျက်မှောင် ကြုတ်ကာ ဝေဖန် လိုက်ပြီး၊
“ လင်းယွန် သတိထား ... မင်းသူ့ကို အနိုင် မယူ နိုင်ရင် အရှုံး ပေးလိုက်ပါ။ ''
သို့သော် လင်းယွန်အား လှည့်ကြည့် လိုက်ရာတွင်၊ ထူးခြားသော ခံစားချက် တစ်စုံ တစ်ရာ ရှိနေ သည်ကို၊ သတိ ပြုမိ လိုက်၏။ ယင်းကြောင့် စကားဆက် မဆို တော့ဘဲ၊ ငြိမ်သက်စွာ အတွေး နက်သွား မိသည်။
လင်းယွန်က မျက်ဝန်းများ ထဲရှိ၊ သတ်ဖြတ် လိုသော အငွေ့ အသက် များကို၊ ထိန်းချုပ်လိုက်ဟန်ဖြင့်၊ ဝမ်ရန်းဘိုထံ ကြည့်နေသော မျက်ဝန်း များအား မှိတ်ချ လိုက်၏။
" မင်း ... ဇိုယန်နဲ့ သိနေ တာလား။ "
လျိုဖန်းက လင်းယွန်၏ အမူ အရာကိုအကဲခတ် နေရာမှ မေးလိုက်သည်။
" အဲ့ဒီ လောက်လည်း မဟုတ် ပါဘူး၊ ဒါပေမယ့် ငါတို့က ဂိုဏ်း အပြင်မှာ၊ နတ်ဆိုး သားရဲ တွေကို အမဲ လိုက်ဖို့ ...၊ တစ်ကြိမ်တော့ ပူးပေါင်း ခဲ့ဖူး ပါတယ် …။ ”
ပြန်လည် ဖွင့်လာသော သူ့ မျက်လုံး များတွင် သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက် လာပြီး၊ စကား ဆက်မပြော လိုဟန်ဖြင့်၊ တဖန် ငြိမ်သက် သွားတော့၏။
ဇိုယန်နှင့် နက်ရှိုင်းသော ဆက်ဆံ ရေးမျိုး မရှိ သော်လည်း၊ ထိုသူကို လေးစား ပေသည်။ ဤသည်မှာ ဂိုဏ်းနှစ်ခု ကြား ရန်ငြိုး များဖြင့် မသက် ဆိုင်ချေ။
သို့သော် ဇိုယန်က သူ့အတွက် ပြောပေး လိမ့်မည်ဟု မထင် ထားမိ သောကြောင့်၊ အနည်းငယ် အံ့သြ သွားမိသည်။
ထို့နောက်တွင်၊ ဇိုယန်၏ အမြင်၌ အကြင်နာ ချောက် ကမ်းပါး၏ သတ်ဖြတ် ခြင်းကို ခံရ လိမ့်မည်ဟု၊ သူ့အပေါ် ယူဆထား သည်မှာ ဝမ်းနည်းဖွယ် ကောင်းပြန်၏။
အတွေး များနေဆဲ မှာပင်၊ ဇိုယန် တစ်ယောက် ဘိုင်လိရွှမ်ကို ရှုံးနိမ့်ခြင်း အတွက်၊ ဝမ်ရန်းဘိုက ရမယ်ရှာ ပါးရိုက် ခဲ့ခြင်း အပေါ်၊ မကြေနပ် ဖြစ်လာ မိသည်။
( စိတ်မပူ ပါနဲ့၊ ငါသေ ဦးမှာ မဟုတ် သေးပါဘူး၊ ဝမ်ရန်းဘိုကို ပါးရိုက်ဖို့၊ နောက်ဆုံးတော့ ငါလာရ ဦးမှာပါ။ )
မျက်လုံးများ မှိတ်ချ လိုက်သည်နှင့်၊ သတ်ဖြတ် လိုသော ဆန္ဒ များမှာ၊ သူ့ နှလုံးသား ထဲ၌ အရှိန် အဟုန်ဖြင့်၊ ပေါက်ဖွား လာတော့သည်။
ဧကရာဇ် ချင်၏ ကြေငြာသံ ပြီးဆုံး ပြီးနောက်၊ ကွာတား ဖိုင်နယ် ပွဲစဉ် များကို ပြန်လည် စတင် ခဲ့သည်။
ပထမ တိုက်ပွဲမှာ ချင်ယုနှင့်၊ လင်းရွှမ် တို့ကြား ဖြစ်ပြီး၊ လင်းရွှမ်က ရှုံးနိမ့်ကြောင်း ပြတ်ပြတ် သားသား ဝန်ခံ ခဲ့သည်။ ဤသို့ဖြင့် ပထမ ပွဲ၏ အနိုင် ရရှိသူ ထွက်ပေါ် လာ၏။
စစ်မှန်သော တိမ်တိုက် ကလေး၏ ပြိုင်ဘက် သည်လည်း လက်နက် ချခဲ့သည်။ လရောင် ရေစင် မှာမူ၊ သူ့ ပြိုင်ဘက်ကို အနိုင် ယူဖို့ရန် ဓား ဆွဲဖို့ပင် မလို ခဲ့ပေ။
စတုတ္ထ တိုက်ပွဲမှာ ဖန်းယီနှင့်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း၏ ရွှဲဝူဟန် အကြား ဖြစ်ပြီး၊ ဖန်းယီကက အောင်ပွဲ ရယူ နိုင်ခဲ့သည်။ ယင်းကြောင့် သားရဲ တစ်ရာ ဂိုဏ်း အနေဖြင့်၊ စိတ်လှုပ်ရှား ကုန်ကြ၏။
အနိုင် ရသူများ ထွက်ပေါ် လာသည် နှင့်အမျှ၊ ၎င်းသည် ပါရမီရှင်များ ထွက်ပေါ် လာပြီဟု အဓိပ္ပါယ် ရပေသည်။
နောက်သုံးနှစ် တိုင်တိုင် ၎င်းတို့၏ အမည်မှာ၊ မဟာချင် အင်ပါယာ တခွင်၊ ပျံ့နှံ့ လွှမ်းမိုး သွား ရတော့မည် ဖြစ်သည်။
ဘိုင်လိရွှမ်က ကျိုးဟောင်ကို အနိုင်ယူ ပြီးနောက်၊ လင်းယွန်နှင့် အကြင်နာ ချောက် ကမ်းပါး တို့၏ ပွဲစဉ်၊ ရောက်ရှိ လာတော့၏။
" အဋ္ဌမ တိုက်ပွဲ၊ ရှေးဟောင်း တာအို ဂိုဏ်းကအကြင်နာ ချောက် ကမ်းပါးနဲ့၊ ဓားနန်းတော်ရဲ့ လင်းယွန်။ "
နှစ်ယောက်သား ငြိမ်သက်စွာ ပိတ်ထားသော မျက်လုံး များကို၊ တပြိုင် နက်တည်း ဖွင့်ယူ လိုက်သည်။
တစ်ဆက်တည်း မှာပင် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့် လိုက်ကြပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ များအား၊ အသီးသီး ထုတ်ဖော် ပြသ လိုက် ကြ၏။
ယင်းကြောင့် လေထုကို ချက်ချင်း တင်းကြပ် သွားစေသည်။ ဤ ပွဲစဉ်မှာ နောင်ဆုံး ပွဲစဉ် ဟုလည်း ဆိုနိုင်သည်။
" လာ ...ပြီ။ "
“ နောက်ဆုံး တိုက်ပွဲပဲ၊ ဘယ်သူက အောင်ပွဲခံနိုင်မယ် ထင်လဲ။ ”
“ ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ ဝှက်ဖဲ နှစ်ချပ် ဖြစ်တဲ့ ဇိုယန်နဲ့ ဝူမိုဟန်က၊ ဓားနန်းတော်ရဲ့ခွေးဆိုး နှစ်ကောင် ထံမှာ၊ ရှုံးနိမ့် ခဲ့တယ်၊ ဒါကြောင့် ဝမ်ရန်းဘိုက ရမယ် ရှာပြီး၊ ဇိုယန်ကို ပါးရိုက် လိုက်တာ မင်းမမြင် ဖူးလား။ "
“ဟုတ်တယ်၊ ဒါကို ပြောရလျှင် လင်းယွန်လို တည်ငြိမ်တဲ့ ငတိလေး ကတောင်၊ သူ့ရဲ့ သတ်ဖြတ်ခြင်း ရောင်ဝါကို၊ ပြသ လာတယ်၊ ဒါက ကြုံတောင့် ကြုံခဲပဲ၊ မင်းရော ဘာမှား နေတယ်လို့ ထင်လဲ။ "
" မင်းလည်း သတိ ထားမိ တာလား၊ ပြီးတော့ ဒီမှာ တစ်ခု ခုတော့၊ ရှုပ်နေ ပြီလို့ ငါထင် မိတယ်၊ လင်းယွန်ရဲ့ မျက်လုံး တွေက ကြောက်စရာ ကောင်းပြီး၊ သူ့ကို ဒီလို အနေ အထား မျိုးနဲ့၊ တစ်ခါမှ မမြင် ဖူးဘူး။ ”
'' အမှန်ပဲ နေဝင်ချိန်နဲ့ လွေယုဟောင်ကို သတ်တုန်း ကတောင် ဒီလောက် မလေး နက်ဘူး။ ''
လူအုပ် ကြီးက အချင်းချင်း ဆွေးနွေး လာကြသည်။
ကွာတား ဖိုင်နယ်သို့၊ တက်လှမ်း နိုင်ခဲ့သူ ခုနစ်ဦး သည်လည်း၊ ၎င်းတို့၏ အကြည့် များကို၊ ပြိုင်ပွဲထံ ပို့လွှတ် လာကြသည်။
နောက်ဆုံးတွင် ဓား သေတ္တာကို ထမ်းပိုး ထားသော လူရိပ် တစ်ရိပ်၊ ထိုင်ခုံမှ မတ်တတ် ထရပ် လာလေသည်။
ထိုလူရိပ်မှာ ဤပြိုင်ပွဲ၏ ပါရမီ ရှင်ကို သတ်ပစ် ခြင်းဖြင့်၊ သည်ခရီးကို အရောက် လှမ်းလာ နိုင်ခဲ့သော၊ ခွေးဆိုး တစ်ကောင် ဖြစ်သည်။
ပြိုင်ပွဲ တစ်လျှောက်၊ သူ ပြသ ခဲ့သော ခွန်အားနှင့်၊ အလား အလာမှာ လူ အများ၏ အာရုံ စိုက်မှုကို၊ အပြည့် အဝ ခံထိုက် ပေ၏။
“ အံ့သြ စရာ ကောင်းလိုက်တာ၊ မင်းလို ဓားကျွန် တစ်ယောက်က၊ ငါ့ရဲ့ ဂျူနီယာ ညီလေးနဲ့ ခင်မင် ရင်းနှီး နေလိမ့် မယ်လို့၊ ဘယ်တုန်း ကမှ မမျှော်လင့် ထားမိဘူး။ ”
အကြင်နာ ချောက် ကမ်းပါးက ပြုံးကာ ဆိုလိုက်သည်။
စင်မြင့်ထံ ဖြည်းညှင်းစွာ လျှောက်လှမ်း နေသော၊ လင်းယွန်၏ မျက်နှာမှာ အေးစက် နေပြီး၊ အကြင်နာ ချောက် ကမ်းပါး စကားကို ဂရု မစိုက် ခဲ့ပေ။
“ ဘယ်လိုတောင် မောက်မာ လိုက် တာလဲ၊ မကြာခင် မင်း သေ လိမ့်မယ်။ ”
သူ့ကို ဥပေက္ခာ ပြုထားသော၊ လင်းယွန်၏ အမူ အရာ များကြောင့်၊ စင်မြင့် ဆီသို့ ပျံသန်း လာနေစဉ်၊ အကြင်နာ ချောက် ကမ်းပါးက ဟစ်အော် လိုက်သည်။
အကြင်နာ ချောက် ကမ်းပါး၏ လုပ်ရပ်ကို မြင်လျှင်၊ စင်မြင့် ပေါ်သို့ လျှောက်လှမ်း သွားနေသော လင်းယွန်က၊ မျက်ခုံးပင့် လိုက်ကာ၊ လေးနက်သော ခြေလှမ်း ခုနှစ် လှမ်းအား၊ အကန့် အသတ် အထိ၊ ထုတ်ဖော် လိုက်၏။
တစ်ယောက်မှာ ကောင်းကင်ကို ထိုးဖောက် တော့မည့်၊ ထက်ရှသော ဓားတစ်လက် နှင့်တူပြီး၊ ကျန် တစ်ယောက်မှာ ရှေးဟောင်း သားရဲ တစ်ကောင် ကဲ့သို့၊ ချုပ်ကိုင် လွှမ်းမိုး လိုသည့် အရှိန် အဝါများ ပြသ လာလေပြီ။
ဤသည်မှာ အကောင်းဆုံး ရှစ်ယောက်ကို ဆုံးဖြတ်ရန် နောက်ဆုံး တိုက်ပွဲ ဖြစ်ပြီး၊ ၎င်းတို့ နှစ်ဦးသည် လူတိုင်း၏ အာရုံ စူးစိုက်ရာ၊ ဗဟိုချက် ဖြစ်လာ ပေသည်။
စင်ပေါ်သို့ ဆင်းသက် လိုက်သည်နှင့်၊ သူတို့၏ ရောင်ဝါများ ရောထွေး သွားကာ၊ အေးစက်သော အကြည့် များဖြင့်၊ တစ်ဦးကို တစ်ဦး လှမ်းကြည့် လိုက် ကြ၏။
ပြီးနောက် စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ တစ်ပြိုင် နက်တည်း တိုက်ခိုက်မှု အသီး သီးအား၊ စတင် လိုက်ကြ သောကြောင့်၊ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ် သွားကြ လေသည်။
" ဘာတွေ ဖြစ်နေ တာလဲ။ "
" သူတို့ ဘယ်မှာလဲ။ "
လူအုပ် ကြီးက ထိတ်လန့် နေကြ ဆဲမှာပင်၊ ရုတ်တရက် ပေါက်ကွဲ သံများ ထွက်ပေါ် လာပြီး၊ ရင်ပြင် တစ်ခုလုံး တုန်လှုပ် လာခဲ့ လေသည်။
***