← Chapters

တိုက်ပွဲ။

Vol. 33 Ch. 450

တိုက်ပွဲ။

Vol. 33 Ch. 450

ဆူညံသော ပေါက်ကွဲသံ များကြောင့်၊ နားစည်များ ပေါက်ကွဲ လုနီးနီး ဖြစ်ခဲ့ ရသည်။

တုန်လှုပ် ချောက်ချားဖွယ်၊ ပေါက်ကွဲ မှုများပြောက်ကွယ် သွားချိန်တွင်၊ လူအုပ် ကြီး၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။

စင်မြင့် ပေါ်တွင် ခရမ်းရောင် တောက်ပ နေသော ဓား တစ်လက်က၊ ကြီးမား လှသော လက်သီး များနှင့်၊ ထိပ်တိုက် ရင်ဆိုင် နေခဲ့၏။

သူတို့၏ ထိပ်တိုက် တွေ့ဆုံ မှု များကြောင့်၊ ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် နေသော လှိုင်းဂယက် များ လေထဲ၌ ပျံ့နှံ့ လာ လေသည်။

လူတိုင်း ထိတ်လန့် သွားပြီး၊ ပြင်းထန်သော လေပြင်း များ အရ၊ အလိုလို ပိတ်ထား မိသော မျက်ဝန်း များကို၊ ပြန်မဖွင့် နိုင်ကြ တော့ပေ။

အားနည်းသော ကျင့်ကြံသူ အချို့သည်၊ ၎င်းတို့၏ ထိုင်ခုံများ ပေါ်တွင်၊ ဆက်ထိုင် နေရန်ပင် ရုန်းကန် လိုက်ရ၏။

ပွဲကြည့်စင် များမှာ၊ ပြိုင်ပွဲ စင်မြင့်နှင့်၊ မီတာ တစ်ထောင် နီးပါး အကွာတွင်၊ ရှိနေသည် ဖြစ်သောကြောင့်၊ မည်မျှ ပြင်းထန် မည်ကို တွေးကြည့် နိုင်သည်။

စွမ်းအင် လှိုင်းများဖြင့် နီးကပ် လွန်းပါက၊ လူပေါင်း မည်မျှ ဒဏ်ရာ ရရှိ သွားမည်ကို၊ သူတို့ တွေးဆ၍ မရပေ။

လင်းယွန်၏ မျက်လုံး များတွင်၊ အေးစက်သော အငွေ့ အသက်များ တောက်ပ လာပြီး၊ ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်ကို ပို၍ သိပ်သည်း စေလိုက်၏။

တစ်ချိန်တည်း မှာပင် သူ့ ပတ်ဝန်း ကျင်၌ ၊ တောင်တန်းများ ဖုံးလွှမ်း နေသော ရေကန် တစ်ကန် ကဲ့သို့၊ သဘာဝ မြင်ကွင်းများ ထင်ဟပ် ဖြစ်ပေါ် လာသည်။

ပန်းသင်္ချိုင်း ဓားမှ ထွက်ပေါ် လာသော ဓား ရောင်ခြည် များက၊ ရေကန် ထဲသို့ တသွင်သွင်ကျဆင်း သွားကာ၊ ကျောက်တုံးများ ပစ်ချ ခံလိုက်ရ သကဲ့သို့၊ လှိုင်းလုံး ကြီးများ ဖြစ်ပေါ် လာခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းလှပြီး၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ခရမ်းရောင် ပန်းကို ပွင့်စေကာ၊ ဓားရောင်ခြည် ကိုးဆယ် ကျော်အား ထုတ်ပစ် လိုက်၏။

ဓား ရောင်ခြည် တစ်ခု စီသည်၊ နက်နဲ အဋ္ဌမ အဆင့်ရှိ၊ ဉာဏ်ကြီးရှင် များကို နှိမ်နင်း နိုင်သည်။

“ စိတ်ဝင် စားဖို့ ကောင်း လိုက်တာ။ ”

အကြင်နာ ချောက် ကမ်းပါးက မျက်မှောင် ကြုတ်လျက် ရေရွတ် မိသည်။ လင်းယွန်မှာ လွန်ခဲ့သော သုံးရက် ကထက်၊ ပိုမို အားကောင်း ခဲ့ကြောင်း၊ သူ ခံစား လိုက်ရပြီး၊ ဓားရေး သည်လည်း များစွာ၊ ဖိအားပေး နိုင်ခဲ့သည်။

" ဒရာကိုဖီ တိုက်ပွဲဝင် လက်သီး။ "

သန့်ရှင်းသော ဂီတသံ နှင့်အတူ၊ ပြိုင်ဘက်၏ ဓားအလင်း များကို ဟန့်တားရန်၊ လက်သီး များကို၊ တရစပ် ဖော်ထုတ် ပစ်လိုက် ရ၏။

လက်သီးချက် တိုင်းမှာ၊ ဒရာကိုဖီ သားရဲကောင် ကြီးများ ကဲ့သို့၊ ကြမ်းကြုတ် လှပြီး၊ ဓားအလင်း များကို ရပ်တန့်သွား စေခဲ့သည်၊

လက်သီး ဆယ်ချက်ခန့် ထပ်မံ ပစ်လွှတ် လိုက်ပြီးနောက်၊ အခွင့် အရေး ရသည်နှင့်၊ ပြိုင်ဘက် ၏ ဓား နယ်မြေ အတွင်းမှ၊ ရုတ်တရက် ဆုတ်ခွာ လိုက်သည်။

ထိုအချိန်တွင် လင်းယွန်က အလွတ် မပေး လိုဘဲ၊ မျက်ဝန်း များ၌ သတ်ဖြတ် လိုသည့်၊ ရည်ရွယ် ချက်များ ပြသကာ၊ ဆုတ်ခွာ နေသော ပြိုင်ဘက်ကို ပန်းသင်္ချိုင်း ဓားဖြင့်၊ ခုတ်ချ လိုက်သည်။

နောက်ကျောမှ အေးစက်သော လေတိုးသံ များကြောင့်၊ အကြင်နာ ချောက် ကမ်းပါးက၊ မျက်မှောင် ကြုတ်ကာ ရှောင်ရှား လိုက်ရသည်။

ယင်းကြောင့် ပန်းသင်္ချိုင်း ဓားမှာ၊ ကြမ်းပြင် ပေါ်သို့ ထိမှန် သွားပြီး၊ ရှည်လျားသော ပြတ်ရှ ရာကြီး တစ်ခုအား၊ ဖြစ်ပေါ် လာစေ တော့၏။

ဓားရောင်ခြည် များက၊ လေထုထဲ ပျံနှံ သွားကာ၊ ကြီးမားသော မီးတောင်ကြီး တစ်လုံး ကဲ့သို့၊ ပေါက်ကွဲ သံများ ချက်ချင်း ဆူပွက် လာ၏။

ဤတိုက်ခိုက် မှုသည် မည်မျှ ပြင်းထန် မည်ကို တွေးဆ၍ မရပေ။ နောက်ဆုံးတွင်၊ တိုက်ခိုက်မှု တိုင်း၌၊ ဓား အလင်းများ ကိုသာ အသုံးပြု ထားခြင်း ဖြစ်သော်လည်း၊ စင်မြင့်အား နှစ်ပိုင်းခွဲ ပစ်နိုင်သည် အထိ ပြင်းထန် လေသည် ။

အဆိုပါ မြင်ကွင်းကို၊ အကြင်နာ ချောက် ကမ်းပါးက မျက်လုံးများ မှေးစင်း၍ စောင်းကြည့် လိုက်၏။

လင်းယွန်က သူ့အသက်ကို ရယူချင် နေကြောင်း၊ သူချက်ချင်း သိလိုက်သည်။ ထို့ကြောင့် သူက၊

“ မင်းရဲ့ တိုးတက်မှု တွေက အံ့သြ စရာကောင်းတယ်၊ ဒဿမ အဆင့်ကို ရောက်ရုံ တင် မကဘူး၊ မူလ စွမ်းအင် ကိုတောင် သိပ်သည်း ထားနိုင်တယ်၊ ဒါပေမယ့် မင်းက နုပါ သေးတယ်၊ ခွန်အားရဲ့ အစစ် အမှန် စွမ်းအားကို ငါ ပြပါ ရစေ၊ .... ''

'' ကြမ်းတမ်းသော ဒေါသ။ ”

အကြင် နာချောက် ကမ်းပါး၏၊ ကြမ်းရှသော စွမ်းအင်မှာ၊ ရုတ်တရက် အနီ ရောင်သို့ ပြောင်းလဲ သွားပြီး၊ အရိုး များက အဟုန်ဖြင့် အက်ကွဲ လာကုန်၏။

ကောင်းကင် တစ်ခုလုံး မှောင်ကျ လာကာ၊ ကြမ်းကြုတ်သော ရောင်ဝါများ ပွင့်ထွက် လာသည့် အရှိန်ကြောင့်၊ လူအုပ် ကြီးက တိတ်ဆိတ် သွားမိသည်။

တစ်ချိန်တည်း မှာပင်၊ ကမ္ဘာဦး သားရဲကြီး တစ်ကောင်လို ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ တောင်ကြီး တစ်လုံးနှင့် တူသော လက်သီး များဖြင့်၊ လင်းယွန်ထံ တရစပ် ပစ်ချ လိုက်သည်။

အဆုံး၌ သူ၏ ဆေးကြိုအိုး ဆယ်လုံး ခွန်အားကို ထုတ်ဖော် ပြသ လိုက်တော့သည်။

" ငါ့ဓား၏ အမည်ဖြင့် ပန်း ... ပွင့်လော့။ "

လင်းယွန်၏ နောက်ကျော၌ ခရမ်းရောင် ပန်းတစ်ပွင့် ရုတ်တရက် ပွင့်ထွက် လာပြီး၊ ဓား ရောင်ဝါမှာ ချက်ချင်းပင်၊ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိ သွားသည်။

ကောင်းကင်မှ ကျဆင်း လာသော ကြက်သွေးရောင် လက်သီးကို ဟန့်တားရန်၊ ဓားအား ဦးတည် လိုက်ချိန်တွင်၊ ပြိုင်ပွဲ စင်မြင့် တစ်ခုလုံး တုန်လှုပ် လာပြီး၊ ရုတ်တရက် ပြိုကျ သွားတော့၏။

'' ဝုန်း ...... ။ ''

ဖုန်မှုန့်များ ထောင်းထောင်းထ လာကာ၊ မြင်ကွင်းအား ဖုံးလွှမ်း နေသောကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာကုန်သည်။

အကြာနာ ချောက်ကမ်းပါး အနေဖြင့်၊ ယခင် အကြိမ် များ၌ သူ၏ ရန်သူများ အပေါ်၊ အိုး ဆယ်လုံး ခွန်အားကို အသုံးပြု ခဲ့သော်လည်း၊ ထိုအချိန်က ၎င်းမှာ မည်မျှ အစွမ်း ထက်ကြောင်း၊ ရှင်းရှင်း လင်းလင်း မသိရှိ ခဲ့ပေ။

စင်မြင့်ကြီး ပြိုကျ သွားမှ သာလျှင်၊ တုန်လှုပ် သွားခဲ့ ကြသည်။ တန်းညီသော ပြိုင်ဘက် ဖြင့်သာ၊ သူ မည်မျှ အစွမ်း ထက်ကြောင်း ပြသ နိုင်ပေသည် ။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ခရမ်းရောင် နန်းတော် နယ်မြေ သိုင်းသမား တောင်မှ၊ ဒီစင်မြင့်ကို ပျက်စီးအောင် မလုပ်နိုင် ဖူးလို့၊ ငါ ကြားမိတယ်။”

“ နတ်ဆိုးတွေ ... နတ်ဆိုးတွေ …၊ သူတို့က တကယ်ပဲ နက်နဲ နယ်ပယ်က ကျင့်ကြံ သူတွေရော ဟုတ်ရဲ့လား ....။ ''

ကျင့်ကြံသူ အများ အပြားက ထိတ်လန့် တုန်လှုပ် သွားကာ၊ မျက်နှာများ ဖြူဖျော့ သွားကုန် ကြ၏။

ကွာတား ဖိုင်နယ် အတွက်၊ နေရာလွတ် တစ်နေ ရာသာ ကျန်ရှိ တော့ပြီး၊ ယင်းမှာထိုက်တန်သော ပြိုင်ပွဲ တစ်ပွဲ အဖြစ်၊ အားရ ကြေနပ် လာစေသည်။

“ သူတို့ကို ပါရမီရှင် တွေလို့၊ တကယ် ခေါ်ထိုက် ပါပေတယ်၊ …”

အချို့သော ခရမ်းရောင် နန်းတော် နယ်မြေရောက်၊ အကြီး အကဲ များက ဤမြင်ကွင်းကို မြင်သော အခါ၊ သက်ပြင်းချ လိုက်ကြသည်။

ဤသည်မှာ နက်နဲ နယ်မြေ အဆင့်၊ တိုက်ပွဲမဟုတ် တော့ကြောင်း၊ သဘာဝ ကျကျ ပြောနိုင်သည်။

ကနဦး ခရမ်းရောင် နန်းတော် နယ်မြေ ရှိသူ များသည် ပင်လျှင်၊ ဤမျှ ကြီးမားသော ရုန်းရင်း ဆန်ခတ်မှု များကို၊ ဖြစ်ပေါ် စေနိုင်မည် မဟုတ်ချေ။

ဆိုလို သည်မှာ လင်းယွန်နှင့်၊ အကြင်နာ ချောက် ကမ်းပါးတို့ နှစ်ဦး စလုံးသည်၊ သာမန် ခရမ်းရောင် နန်းတော် ကျင့်ကြံသူ များထက်၊ သာ၍ သန်မာ လှလေသည်။

ယင်းကြောင့် သူတို့ အားလုံး အံသြ သွားရ၏။အကြင်နာ ချောက် ကမ်းပါးတွင်၊ ထိုသို့သော ခွန်အား ပိုင်ဆိုင်ထား သည်ကို သိရှိ ထားပြီး ဖြစ်ရာ၊ သူတို့ အမြင်၌ ထူးထွေ ချီးကျူး နေစရာ မရှိချေ။

သို့သော် ဤမျှ နက်နက် ရှိုင်းရှိုင်း၊ ဖုံးကွယ် ထားသော လင်းယွန် အတွက်မူ၊ ဆန့်ကျင် ဘက် ဖြစ်ပေသည်။

ဟိတ် ...။

ဓားနှင့် လက်သီးကြား တိုက်ပွဲမှာ၊ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပြီး၊ အာမေဋိတ် သံများ ပွက်လော ရိုက်လာ ကုန်သည်။

“ အိုး ဆယ်လုံးရဲ့ ခွန်အား …”

အကြင်နာ ချောက် ကမ်းပါး၏ ခွန်အားမှာ၊ အစစ် အမှန် ဖြစ်ပြီး၊ မည်သည့် လျှို့ဝှက် နည်းစနစ်မျှ မဟုတ်ကြောင်း၊ လင်းယွန်က သိရှိ နိုင်သည်။

ဒရာကိုဖီ နည်းစနစ်ကို၊ ကျင့်ကြံထား ဖူးသူ တစ်ယောက် အတွက် ၎င်းကြောင့်၊ အလွန်ထိတ်လန့် သွားသည်။ သူ၏ ဓားသုတ္တန် သည်သာ၊ နဝမ အဆင့်သို့ မရောက် ရှိထား ပါက၊သေဆုံး ရမည်မှာ သေချာ၏။

.

သူ့တွင် အိုး ရှစ်လုံး ခွန်အားသာ ရှိပြီး၊ အကြင်နာ ချောက် ကမ်းပါးအား၊ ယှဉ်ပြိုင် နိုင်စရာ နည်းလမ်း မရှိပေ။ နောက်ဆုံးတွင်၊ အိုး ဆယ်လုံး၏ ခွန်အားမှာ ကွဲပြားသော အဆင့်သစ် တစ်ခုသာ ဖြစ်လေသည်။

“ ဓားကျွန် ကောင်လေး၊ အခု မင်းကြောက် နေပြီလား၊ မင်းရဲ့ ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်က၊ ငါ့မျက်လုံး ထဲမှာ၊ ဘာမှ မဟုတ် ပါဘူး၊ ဟားဟား ဟား ။ "

အကြင်နာ ချောက် ကမ်းပါးက၊ ရယ်မော သံများ နှင့်အတူ၊ လက်သီး မိုးများ အဆက် မပြတ် ထုတ်ဖော် နေခဲ့သည်။

ခရမ်းရောင် ပန်းပွင့် ပေါ်သို့ လက်သီး မိုးများ၊ တဖွဲဖွဲ ရွာသွန်း လာသောကြောင့်၊ ပုံရိပ်ယောင် ပန်းကြီးမှာ၊ အက်ကြောင်းများ ဖြစ်ပေါ် လာတော့၏။

တစ်ချိန် တည်းမှာပင်၊ ပွဲကြည့် စင်ရှိ လူအုပ်ကြီးက၊ အကြင်နာ ချောက် ကမ်းပါး၏၊ ခွန်အားနှင့် ပတ်သက်၍၊ ထူးခြားသော အရာ တစ်ခုကို၊ သတိ ထားမိ သွားသည်။

“ စိတ်ဝင် စားဖို့ကောင်း လိုက်တာ၊ အကြင်နာ ချောက် ကမ်းပါးက၊ တကယ်ပဲ အိုး ဆယ်လုံးရဲ့ ခွန်အားကို ပိုင်ဆိုင် ထားတာပဲ။ "

“ အိုး ဆယ်လုံး ခွန်အားက ဓားသမား တစ်ယောက် အတွက် ဆိုရင် ရှန်ရှင်း ဓား ရည်ရွယ် ချက်လို အစွမ်းထက် လွန်းတယ် ...၊ ဒါက ရုပ်ခန္ဓာ အသွင် ပြောင်းခြင်း တစ်မျိုး ပါပဲ၊ ကံကောင်းတဲ့ ဆုံတွေ့မှု မျိုးရှိ မှသာ ရနိုင်တယ်။ ”

“ ရှေးဟောင်း တာအို ဂိုဏ်းက၊ ဒရာကိုဖီ သားရဲနဲ့ ဆက်စပ် နေပုံ ရတယ်။ ”

သို့သော်၊ အကြင်နာ ချောက် ကမ်းပါးမှာ၊ ထိုခွန်အား ဖြင့်ပင်၊ လင်းယွန်ကို ချေမှုန်း နိုင်ခြင်းမရှိ သေးချေ။

ဓားသုတ္တန်ကို ဖြန့်ကျက်ပြီး၊ လရောင် ရေစင် ဓား၏ သရုပ်ဖော် အဆင့်အား၊ ထုတ်ဖော်လိုက် သည်နှင့်၊ အဆိုပါ လက်သီးများ အပေါ်၊ ဖြေရှင်း နိုင်ခဲ့သည်။

ထို့ကြောင့် တိုက်ပွဲ အတွင်းတွင်၊ အနည်းငယ် အသာစီး ရခဲ့ သော်လည်း၊ လင်းယွန်အား ဖိအား မပေး နိုင်ခဲ့ပေ။

" သေ .... "

စိတ်မရှည် တော့ဟန်ဖြင့်၊ အကြင်နာ ချောက် ကမ်းပါးက ဟိန်းဟောက် လိုက်ပြီး၊ ကြက်သွေးရောင် အဆင်း ရှိသော လက်သီးကို၊ ရှေးဟောင်း သားရဲကြီး တစ်ကောင် ကဲ့သို့၊ လုံးလုံး လျားလျား ပစ်ထုတ် လာခဲ့သည်။

“ ခွဲ သွား ... ။ ”

တောင်ကြီး တစ်လုံးလို ပြိုကျ လာသော၊ လက်သီးကို၊ စူးရဲစွာ စိုက်ကြည့် လိုက်ပြီး၊ ခရမ်းရောင် ဓား ရောင်ခြည်များ ဖြာထွက် နေသော လမင်းအား ဖန်တီးကာ၊ အော်ဟစ် ဟန့်တား ပစ်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးသည် အဆိုပါ တိုက်ခိုက်မှု နှစ်ခုကြောင့်၊ တုန်လှုပ် သွားကာ ပြိုင်ပွဲ စင်မြင့် တစ်ခုလုံး၊ လုံးဝ ပျက်စီး သွားတော့သည်။

မီးတောင် ပေါက်ကွဲ သွား သကဲ့သို့၊ နေရာ တိုင်းတွင် ပြင်းထန်သော လေပြင်းများ တိုက်ခိုက် လာပြီး၊ လူတိုင်းကို မျက်စိ မှိတ်ကျ သွားစေ၏။

တိုက်ပွဲမှာ သူတို့ အတွက်၊ အလွန် ကြောက်စရာ ကောင်းပေသည်။ ယင်းကြောင့် ဖယ်ထုတ် ခံခဲ့ ရသော၊ ပြိုင်ပွဲဝင် များက အံ့အားသင့် သွားမိ လေသည်။

လင်းယွန်နှင့် အကြင်နာ ချောက်ကမ်းပါး တို့မှာ၊ ဤမျှ အထိ လျှောက်လှမ်း နိုင်ခဲ့ ခြင်းသည်၊ ကံကောင်းခြင်း မဟုတ်ကြောင်း၊ သူတို့ သိလိုက်၏။

နောက်ထပ် ပြင်းထန်သော ထိပ်တိုက် ရင်ဆိုင်မှု များ ပြီးနောက်၊ နှစ်ဦးသား ပြန်လည် ကွဲကွာ သွား ကြသည်။

" ဟား ဟား ဟား၊ မင်းလို ဓားကျွန် တစ်ယောက်က၊ ငါ့ကို ဒီလောက် အထိ၊ တွန်းပို့ နိုင်မယ်လို့ ဘယ်တုန်း ကမှ မမျှော်လင့် ထားဘူး၊ ဒါပေမယ့် ဒါက မင်းရဲ့ အဆုံးသတ် ပါပဲ၊ ... ''

'' .... ဒီစင်မြင့် ပေါ်ကို တက်လိုက် တာနဲ့၊ မင်း သေရမှာ ဖြစ်သလို၊ ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ အရှက် တရား တွေကို သန့်စင်ဖို့၊ ငါ မင်းကို အသုံး ချရ လိမ့်မယ်။ "

နောက်ဆုံးတွင် အကြင်နာ ချောက် ကမ်းပါး ၏ မျက်နှာမှာ၊ လေးနက်စ ပြုလာ ခဲ့သည်။

လင်းယွန် မှာမူ မျက်ခုံးသာ ပင့်ပြ လိုက်ပြီး၊ စကား တစ်ခွန်းမျှ မဆို တော့ပေ။ လက်ထဲရှိ တုန်ခါ နေသော ပန်းသင်္ချိုင်း ဓားက၊ သူ့ကိုယ်စား ခံစားချက် များကို၊ ပြသ နေပေသည်။

***

All Chapters