← Chapters

ပန်း သင်္ချိုင်း ဓား။

Vol. 33 Ch. 451

ပန်း သင်္ချိုင်း ဓား။

Vol. 33 Ch. 451

လင်းယွန်၏ တောက်လောင် နေသော တိုက်ပွဲဝင် စိတ်များကို အာရုံ ခံနိုင်သော၊ အကြင်နာ ချောက် ကမ်းပါးက၊

“ မင်းက တကယ်ကို ယုံကြည်မှု ရှိတာပဲ၊ သေမှာ မကြောက် ဖူးလား။ "

“ အခု နောက်ထပ် လာမဲ့ လှုပ်ရှား မှုက၊ ဒီ သုံးနှစ် အတွင်း ငါ ဖန်တီး ထားတဲ့ လက်ရာ တစ်ခုပဲ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက‌တော့ ဒါက တည်ငြိမ်တဲ့၊ အပြောင်း အရွှေ့ တစ်ခု မဟုတ် သေးပါဘူး၊ ...."

" .... ပြီးတော့ အဲဒါကို အများ သူငှာ ရှေ့မှာ တစ်ခါမှ မသုံးဖူး သေးဘူး၊ အစတုန်း ကတော့ ချင်ယု အတွက် ဒါကို သိမ်းထား တာဆို ပေမယ့်၊ မင်း မြည်းစမ်း ကြည့်လို့ ရပါတယ်၊ ဒီလှုပ်ရှား မှုကို 'ကြယ်တာရာ ဖျက်ဆီး ခြင်း' လို့ ခေါ်တယ်။ "

စကား ဆုံးသည်နှင့် အကြင်နာ ချောက် ကမ်းပါးက လက်သီးကို ဆုပ်ကိုင် လိုက်ရာ၊ သူ့ပတ်ဝန်း ကျင်သို့ စွမ်းအင်များ စီးဝင် လာလေသည်။

အဆိုပါ အဖြစ် အပျက် များကြောင့်၊ အမှောင်ထု ထဲတွင် တောက်ပ နေသော ကြယ်တစ်ပွင့်နှင့် တူပြီး၊ သူ့ထံမှ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်‌ပေါ် လာလေသည်။

ခရမ်းရောင် နန်းတော်မှ အချို့သော အကြီး အကဲများ သည်ပင်၊ ဤလှုပ်ရှား မှုကို လက်ခံရန် ယုံကြည်မှု မရှိ သောကြောင့်၊ တိတ်ဆိတ် သွားကြသည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက် လဲ…။ ”

" ဒါက လွန်ခဲ့တဲ့ သုံးနှစ် လောက်က သူ ဖန်တီး ခဲ့တဲ့ လက်ရာပဲ။ "

ထိုစကားသံ များကြောင့်၊ ဓါးနန်းတော် အဖွဲ့သား များမှာ၊ လေးနက်သော အမူ အရာ များကို ထုတ်ဖော် ထားပြီး၊ ရှင်းယန် သည်လည်း စိုးရိမ် နေပုံ ရ၏။

" ဟမ့် ....၊ အကြင်နာ ချောက် ကမ်းပါးက ဒီလက်သီးနဲ့၊ ခရမ်းရောင် နန်းတော် နယ်ပယ်က လမ်းလွဲ ကျင့်ကြံသူ တွေကို၊ သတ်ပစ် ခဲ့တယ်၊ ဒီဓားကျွန်က ခံနိုင် လိမ့်မယ်လို့ ငါမယုံဘူး။ "

ဤတိုက်ခိုက် မှုကြောင့် လင်းယွန် သေဆုံးသွား သည်ကို မြင်လိုက် ရ သကဲ့သို့၊ ဝမ်ရန်းဘို တစ်ယောက် စိတ်လှုပ်ရှား လာလေသည်။

အကောင်းဆုံး ရှစ်ယောက် အတွင်းသို့၊ ဝင်ရောက် ထားနိုင် သူများမှာ၊ အဆိုပါ လက်သီးသည် မည်မျှ ပြင်းထန် သည်ကို သိရှိ နိုင်သောကြောင့် ၊ မျက်မှောင်ကြုတ် လိုက်ကြသည်။

ဆိုလို သည်မှာ အကြင်နာချောက် ကမ်းပါးသည် လွန်ခဲ့သော (၃) နှစ် လုံးလုံး၊ ဤနားလည် အပေါ်တွင် သူ့အချိန် များကို မြှုပ်နှံထား ခဲ့ခြင်း ဖြစ်နိုင်သည်။ လက်သီး ထံမှ ထွက်ပေါ် လာသော ဖိအားမှာ၊ မကြုံ စဖူးသော အဆင့်သို့ ရောက်ရှိ နေ၏။

သို့သော် လင်းယွန်က စိတ်ပူ ပင်မှု မရှိ ခဲ့ပေ။ မျက်ဝန်း များ၌ တိုက်ပွဲ ဝင်လိုသောစိတ်များ လောင်ကျွမ်း လာပြီး၊ ပြီးလု နီးနီး ရှန်ရှင်းဓား ရည်ရွယ် ချက်ကို အရူး အမူး ထုတ်ဖော် လိုက်၏။

ပန်းသင်္ချိုင်း ဓားမှ ဖြာထွက် လာသော အလင်း ရောင်သည်၊ အမှောင် ထဲရှိ လမင်းကြီး တစ်စင်း ကဲ့သို့ ဝင်းပ နေပေသည်။

“ လရောင် ရေစင် ဓား— ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွဲမယ်။ ”

လရောင် ရေစင် ဓားမှ သူ ကိုယ်တိုင် ဖန်တီး ယူထားသော၊ ဒသမမြောက် လှုပ်ရှား မှုကို ထုတ်ပြ လိုက်သည်နှင့်၊ အရှိန် အဝါမှာ အထွတ် အထိပ်သို့ တက်လှမ်း သွား၏။

ကြီးစိုး လိုနေသော အငွေ့ အ‌သက် များ ထွက်ပေါ် လာပြီး၊ ကျောက်တုံး အပိုင်း အစ များကို လွင့်စင် သွားသည့်၊ လေဆင် နှာမောင်း တစ်ခု ဖြစ်ပေါ် လာသည်။

ရောင်ဝါမှ ထွက်သော ဓား ရည်ရွယ် ချက်က၊ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ သဘာဝ ဖြစ်စဉ် တစ်ခု ကိုပင် ဖန်တီး ယူခဲ့သည်။ ကောင်းကင်တွင် လျှပ်စီးများ လက်လာ သကဲ့သို့၊ သူ့မျက်နှာ ပေါ်၌ အလင်းများ တောက်ပ လာလေသည်။

၎င်းသည် ကောင်းကင်ကို ဖြိုခွဲ နိုင်‌သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး၊ သူ့ ဓား တစ်လက် တည်းသာ ထာဝရ တည်ရှိ နိုင်ပေမည်။

တစ်ချိန် တည်းမှာပင် ကြက်သွေးရောင် လက်သီး ကြီးက ၊ အရှိန်ဖြင့် ကျရောက် လာ၏၊ ခရမ်းရောင် နန်းတော် နယ်‌မြေရောက် သာမာန် ကျင့်ကြံသူ တစ်ဦးကို၊ သေစေ နိုင်သော စွမ်းအင် လှိုင်းများ ဖြစ်ပေါ် လာလေသည်။

ထိပ်တိုက် တွေ့ဆုံမှု အရ၊ စင်မြင့် တစ်ခုလုံး တုန်ခါ သွားပြီး၊ ပတ်ဝန်း ကျင်ရှိ အခြားသော စင်မြင့် ခုနစ်ခု တွင်လည်း၊ အက်ကြောင်းများ ပျံ့နှံ့ လာကာ တုန်လှုပ် သွားခဲ့၏။

“ ချေး ပဲ .....”

တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများ သောကြောင့်၊ ဒိုင် အဖိုးအို၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ သို့သော် ဧကရာဇ် ချင်က ရုတ်တရက်၊ လက်ဝှေ့ရမ်း ပြလိုက်ပြီး၊

" နတ်ဘုရား အစောင့်တွေ ဘယ်မှာလဲ။ "

" ဒီ မှာ ပါ .......။ "

လှိုင်းဂယက် များကို ပိတ်ဆို့ရန်၊ နတ်ဘုရား အစောင့် များ၏ အထက် တန်းစား များက၊ ပတ်ဝန်း ကျင်မှ အပြေး အလွှား ရောက်ရှိ လာကြ၏။ ၎င်းတို့ အားလုံးသည် နက်နဲ သိုင်း နယ်ပယ်၏ အဠမမြောက် အဆင့်တွင် ရှိပြီး၊ သူတို့ အားလုံး တစ်ပြိုင် နက်တည်း ပူးပေါင်း လုပ်ဆောင် ပါက၊ ခရမ်းရောင် နန်းတော် သိုင်းသမား များပင်၊ ထွက်ပြေး ရမည် ဖြစ်သည်။

သို့သော်လည်း လှိုင်းလုံးကြီး များက ၊ ထိုအထက် တန်းစား များကို သွေးအန် စေလျက် လွင့်စင် သွားစေ၏၊ နောက်ဆုံး လှိုင်းကို၊ ဒိုင် အဖိုးအို ကိုယ်တိုင်၊ ပိတ်ဆို့ လိုက်ရသည်။

၎င်းအား မပိတ်ဆို့ နိုင်ပါက၊ ထိုလှိုင်း များ‌ကြောင့် ကြည့်ရှုသူ မည်မျှ‌ သေဆုံး နိုင်မည်ကို၊ မခန့်မှန်း နိုင်‌ကြချေ။

တိုက်ခိုက်မှု နှစ်ခုမှ ထွက်ပေါ်လာသော စွမ်းအားမှာ၊ သူတို့ ၏ စိတ်ကူးကို ကျော်လွန် သွားခဲ့ သောကြောင့်၊ လူအုပ် ကြီးက တုန်လှုပ် ခြောက်ခြားသွား လေသည်။

အကယ်၍ နတ်ဘုရား အစောင့် များမှ၊ အထက် တန်းစား များသာ ကာကွယ် ပေးခြင်း မရှိ ပါက၊ သေဆုံး ရမည်မှာ ဧကန်ပင်။

ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ သာမာန် ကျင့်ကြံသူ များပင်၊ ဤကဲ့ သို့သော ခွန်အားကို ထုတ်ဖော် နိုင်မည် မဟုတ် သော‌ကြောင့်၊ လူတိုင်း ကြောက်ရွံ့ ကုန်ကြ၏။

တိုက်ပွဲမှာ စင်မြင့် ပေါ်၌ ဆက်လက် ဖြစ်ပွား နေပြီး၊ ၎င်းတို့ နှစ်ဦးသည် ပြိုင်ဘက်ကင်း သော စွမ်းပ ကားကို၊ ပို၍ ပြသ လာသည်။ နှစ်ဦးသား ရင်ဆိုင် နေရသော စွမ်းအင် များမှာ၊ ပတ်ဝန်း ကျင်ကို ထုတ်လွှတ် လိုက်သော လှိုင်းများထက်၊ များစွာ ပြင်းထန် ပေ၏။

ရုတ်တရက် ကြယ်တာရာများ ပေါက်ကွဲလာ သကဲ့သို့၊ လေဟာနယ် ပျက်ယွင်း လာပြီး၊ ပုံရိပ် နှစ်ခု လွင့်စင် လာလေသည်။ ထွက်ပေါ် လာသော စွမ်းအင်လှိုင်း များ‌ကြောင့် သိုင်း စင်မြင့်က၊ အပျက် အစီး ပုံများ အဖြစ် ပြောင်းလဲ သွားကာ၊ ထိုပုံရိပ် များကို ဖုံးလွှမ်း သွားတော့သည်။

လင်းယွန်က စင်မြင့် ထောင့်သို့ ပြုတ်ကျ လာပြီး၊‌ ကြမ်းပြင်ထဲ နက်နက် ရှိုင်းရှိုင်း နစ်ဝင် သွားကာ၊ အပျက် အစီးများ အတွင်း မြုပ်သွား လေသည်။

တစ်ဖက်တွင်၊ လင်းယွန်နှင့် ဆန့်ကျင်ဘက် အရပ်သို့ လွင့်စင် သွားသော၊

အကြင်နာ ချောက် ကမ်းပါး၏ ဒရာကိုဖီ ချပ်ဝတ်မှာ ကွဲကြေ သွားရပြီး၊ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်း သွား၏။

ရုတ်တရက် ငြိမ်သက် သွားသော အ‌ခြေ အနေကြောင့်၊ သေဆုံး ကုန်ကြ ပြီလား ဟုပင် မှတ်ထင် လာကြသည်။ ဤမျှ ပြင်းထန်သော တိုက်ပွဲ‌ကြောင့် မှင်တက် ကုန်ကြပြီး၊ ကျောက်တုံးများ ဖုံးလွှမ်း နေသော အပျက် အစီး ပုံကြီး နှစ်ပုံကို၊ အချိန် အတော်ကြာ စောင့်ကြည့် နေမိ လေသည်။

" ဘယ်သူ နိုင်သွားလဲ။ "

“ ဟင့်အင်း ... ငါ မသိဘူး၊ ဒါက သူတို့ ကိုယ်တိုင် ဖန်တီး ထားတဲ့ သိုင်းကွက် တွေလား။ ”

“ ဒရာကိုဖီ လက်သီးနဲ့ လရောင် ရေစင် ဓားမှာ၊ ဒီလောက် ပြင်းထန်တဲ့ လှုပ်ရှား မှုတွေ မရှိ တာတော့ သေချာတယ်။ "

" ဒါပေမယ့် လင်းယွန်ရဲ့ တိုက်ခိုက် မှုက၊ ဒီတိုက်ပွဲမှာ နည်းနည်း ပိုပြင်းထန် ပုံရတယ်။"

“ အသေ အချာ ပြောလို့‌တော့ မရဘူး၊ လင်းယွန်ရဲ့ ဓားက သန်မာ ပေမယ့်၊ သူ့ခန္ဓာ ကိုယ်က အကြင်နာ ချောက် ကမ်းပါးလောက် မသန် မာတာ အမှန်ပဲ၊ ဒါကြောင့် သူက စွမ်းအင် လှိုင်း ဒဏ်ကို ပိုခံ ရနိုင်တယ်။ ”

" စောင့်ကြည့် ရအောင်။ "

နက်နဲ သိုင်း သမား များမှာ အံ့အားသင့် နေကြ သော်လည်း၊ ခရမ်းရောင် နန်းတော် နယ်မြေ၊ သိုင်းသမား ကြီးများ အတွက်မူ၊ ရလာဒ် အပေါ် ရှင်းရှင်း လင်းလင်း သိမြင် ခဲ့ရသည်။

" ......... "

" ဟမ့် ....."

မြေပြင် ပေါ်တွင် အပျက် အစီးများ တုန်လှုပ်သွား သောကြောင့်၊ လူအများက စိတ်လှုပ် ရှားသွားသည်။

ရုတ်တရက် ကျောက်တုံး ပုံကြီး ကွဲထွက် သွားကာ၊ အကြင်နာ ချောက် ကမ်းပါးက ပျက်ယွင်း နေသော မျက်နှာဖြင့်၊ မတ်တပ် ထရပ် လာ၏။

သူ့ဒဏ်ရာ များကို ဂရု မစိုက် နိုင်‌သေးဘဲ၊ ငြိမ်သက် နေသော အခြား ကျောက်တုံး ပုံကြီးကို လှမ်းကြည့်ကာ၊ ရယ်မော လျက်ဖြင့်၊

" ငါ အနိုင်ရ နေတုန်း ပါပဲ။ "

ဟု ဆိုလိုက် လေသည်။

သို့သော် သူ ရယ်မောသံ မပြီးဆုံး မီတွင်၊ ကျောက်တုံးပုံ အတွင်းမှ ဓား တစ်လက် ခွဲထွက် လာ၏။ ချက်ချင်းပင် ထိုဓားကို လက်သီးနှင့် ထိုးချ လိုက်သော်လည်း၊ မျက်နှာ ပျက်ယွင်း သွားကာ၊ ပါးစပ် အပြည့် သွေးများ အန်ချ လိုက်ရပြီး၊ ဒယိမ်း ဒယိုင်ဖြင့်၊ ပြန်လည် တိုက်ခိုက်ရန် ကြိုးစား လိုက်မိသည်။

ကျောက်တုံးကြီး ထဲမှ ဓားကိုင် ထားသော ရွှေရောင် အရိပ် တစ်ရိပ် ပြေးထွက် လာပြီး၊ အကြင်နာ ချောက် ကမ်းပါး၏ နဖူး တည့်တည့်ကို ဓားဖြင့် ညွှန်ပြ လိုက်၏။ ပြီးနောက် တိုးဖျော့သော လေသံဖြင့်၊

" မင်းရှုံး သွားပြီ။ "

ဟု ဆိုလိုက် လေသည်။

ရွှေရောင် အလင်း တန်းများ ဖြည်းညှင်းစွာ ပျောက်ကွယ် သွားသော အခါတွင်၊ လင်းယွန်၏ ရုပ်သွင်မှာ ပြတ်ထင် လာ၏။

" မဟုတ်ဘူး .....၊ ဒါက မဖြစ် နိုင်တာ ငါဘယ်လို လုပ် ရှုံး နိုင်မှာလဲ။ ”

အကြင်နာ ချောက် ကမ်းပါးက မယုံကြည် နိုင်စွာဖြင့်၊ လင်းယွန်အား မော့ကြည့် နေခဲ့ပြီး၊ မျက်နှာ တည့်တည့်သို့ ချိန်ရွယ် ခံထား ရသော ဓားကို ဖယ်ခွာ သွားစေရန်၊ လက်သီးနှင့် ထိုးချ လိုက်သည်။

သို့သော် လက်သီး မရောက် မီတွင် ကြက်သွေးရောင် မျဉ်း တစ်ကြောင်းက၊ သူ့ ခေါင်းကို ဖြည်းညှင်းစွာ ဖြတ်ပြေး သွားပြီး၊ မျက်နှာအား နှစ်ခြမ်း ခွဲ ပစ်လိုက် လေသည်။

လက်သီး ချက်က မည်မျှပင် မြန်သော်လည်း၊ နဖူးပေါ် တင်ထား‌သော ဓားထက် ပိုမြန် နိုင်မည် မဟုတ်ပေ။ လင်းယွန်က သူ့ကို မသတ် ဝံ့ဟု တကယ် ထင်မိ ပါက၊ သေလွန် သည့်တိုင်အောင် နောင်တ ရမိ ပေမည်။

အကြင်နာ ချောက် ကမ်းပါး၏ ရုပ်အလောင်းမှာ၊ တအိအိ ပြိုလဲကျ သွားပြီးနောက်၊ ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းကာ၊ စင်မြင့် ပတ်ပတ် လည်အား‌ ကြည့်ရှု လိုက်‌တော့သည်။

***

All Chapters