ငါ့နာမည် ပန်းသင်္ချိုင်း။
Vol. 33 Ch. 452
အကြင်နာ ချောက် ကမ်းပါး တစ်ယောက်၊ မြေပြင်ပေါ် ပြိုလဲ ကျသွားသော အသံမှာ၊ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ပြတ်ပြတ် သားသား ကြားလိုက် ရလေသည်။
လင်းယွန်က နေဝင်ချိန်ကို ဦးစွာ သတ်ပစ် ခဲ့ပြီး၊ အကြင်နာ ချောက် ကမ်းပါး ကိုပါ ထပ်မံ သတ်ပစ် လိုက်၏။ ထိုကြောင့် ပါရမီရှင် နှစ်ပါးမှာ၊ သူ့ဓား အောက်၌ တိမ်းပါး သွားရ လေပြီ။
အစ ပိုင်းတွင် လင်းယွန်ကို မည်သူမျှ အကောင်း မြင်ခြင်း မရှိကြ သော်လည်း၊ ကြောက်စရာ ကောင်းသော စွမ်းရည် များကြောင့်၊ မည်သူမျှ သူ့ကို နှိမ့်ချ ဝံ့ခြင်း မရှိ တော့ပေ။
သည်တိုက်ပွဲမှာ အခြားသော တိုက်ပွဲ များထက် ပို၍ ပြင်းထန် ပေ၏။ ချင်ယု သို့မဟုတ်၊ စစ်မှန်သော တိမ်တိုက် ကလေး ကဲ့သို့သော သူများက၊ သူတို့၏ ပြိုင်ဘက် များအပေါ်၊ အလွယ် တကူ အနိုင်ယူ နိုင်ခဲ့သည်။
လင်းယွန် သာလျှင် ပါရမီရှင် များဖြင့် တွေ့ဆုံကာ၊ ခက်ခဲသော လမ်းကို ဖြတ်သန်း လိုက်ရ၏။ အလောင်း များပေါ်၊ နင်းတက် ရသော အလုပ်မှာ၊ လွယ်ကူသည် မဟုတ်ပေ။
" သောက် ပဲ ..... ။ "
ဝမ်ရန်းဘို၏ မျက်နှာက မည်းမှောင် သွားသည်။ လင်းယွန်ကို ကြည့်လိုက်သော သူ့မျက်လုံး များတွင်၊ သတ်ရန် ရည်ရွယ်ချက် များဖြင့် ပြည့်နှက် လာ၏။
သို့သော် သူ မဝံ့ပေ။ ဆန္ဒရှိ သော်လည်း ကျိုးကြောင်း ဆီလျော်သော ဆင်ခြင် နိုင်စွမ်းကို၊ ဆုပ်ကိုင် ထားဆဲ ဖြစ်သည်။
ဤနေရာ၌ လူသတ်မှု ကျူးလွန် ခြင်းမှာ၊ သေမင်းကို ဖိတ်ခေါ် ခြင်းနှင့် ညီမျှကြောင်း သူ သိ၏။
လင်းယွန်ကို မော့ကြည့် နေမိသော ဇိုယန်မှာ၊ ထိတ်လန့် သွားသော်လည်း၊ မကြာမီ သူ့မျက်နှာ ပေါ်တွင်၊ လှောင်ပြောင်သော အပြုံးတစ်ပွင့်၊ ဖြစ်ပေါ် လာသည်။
ထိုအပြုံးသည် သူ့ကိုယ်သူ လှောင်ပြောင်ခြင်း ပင်လော၊ သို့မဟုတ် ဝမ်ရန်းဘိုကို လှောင်ပြောင်ခြင်း ပင်လော၊ စသည်အား မခွဲခြား နိုင်တော့ချေ။
လင်းယွန်ကို လွယ်လွယ် ကူကူ လွှတ်ပေးရန်၊ စီနီယာ အစ်ကိုကို ပြောခဲ့ မိသည့် အတွက်၊ ဝမ်ရန်းဘို ထံမှ ပါးရိုက်ခြင် ခံခဲ့ ရသည်။
နောက်ဆုံးတွင် လင်းယွန်က ဝမ်ရန်းဘို၏ မျက်နှာကို၊ ကိုယ်တိုင် ကိုယ်ကျ ဖြတ်ရိုက် လာ၏။
ဤသည်မှာ နဂါး တံခါး ပြိုင်ပွဲတွင်၊ ကွာတား ဖိုင်နယ်သို့ တက်ရောက်ရန်၊ ရှေးဟောင်း တာအို ဂိုဏ်း အနေဖြင့်၊ မည်သူမျှ အရည် အချင်း မပြည့် မှီဟု၊ ဆိုလိုခြင်း ဖြစ်ကာ၊ များစွာသော အရှက် ရဖွယ် ပေပင်။
တစ်ချိန်တည်း မှာပင်၊ ဇိုယန်က ဂိုဏ်းမှ ထွက်ခွာရန်၊ စိတ်ပိုင်း ဖြတ်လိုက် တော့သည်။ နောက်ဆုံး၌ ဂိုဏ်းတွင် သူ့ကို ချုပ်နှောင် ထားသည့် အရာများ မရှိ တော့ချေ။
အခြား တစ်ဖက်တွင်၊ ဓားနန်းတော်ရှိ လူတိုင်း စိတ်လှုပ်ရှား ကုန်၏။ အထူး သဖြင့်၊ လျိုဖန်းက ပိုသည်။
" ဒီလူက သန်မာတဲ့ ပြိုင်ဘက် တစ်ယောက်ပဲ၊ ဒါပေမယ့် ကံမကောင်း စွာနဲ့ပဲ အကြင်နာ ချောက် ကမ်းပါးက၊ သူ့ရဲ့ ဝှက်ဖဲတွေ အားလုံးကို ထုတ်ပြဖို့၊ တွန်းအား ပေးနိုင် ခဲ့တယ်။ "
စစ်မှန်သော တိမ်တိုက် လေးက၊ လင်းယွန်ကို လေးလေး နက်နက် စိုက်ကြည့်ကာ၊ ဆိုလိုက်သည် ။
ယခင်က ကျား- နဂါး လက်သီး အပေါ်၊ လှောင်ပြောင် ခဲ့သော အကြင်နာ ချောက် ကမ်းပါး အတွက်၊ နှစ်သက်ဖွယ် ခံစား ချက်များ မရှိပေ။
ပြိုင်ပွဲ အတွင်း တွေ့ဆုံ ပါက၊ သင်ခန်းစာ တစ်ခု သင်ပေးရန် စဉ်းစား နေမိ သေးသည်။
သို့သော် ယခု ကဲ့သို့ လင်းယွန် လက်၌၊ သေဆုံး သွားလိမ့် မည်ဟု မထင် ထားသည်မှာ၊ အမှန် ဖြစ်သည်။
သည့်အတွက် လင်းယွန်အား အမှန် တကယ် ကျေးဇူး တင်ရ ပေမည်။
တစ်ဖက်တွင်၊ ချင်ယုက တုန်လှုပ် ခြောက်ခြား လာသဖြင့်၊ သူ့ မျက်ဝန်း များကို အလျင် အမြန် ပိတ်ချ လိုက်ရသည်။
ဖီးနစ် ပန်းကလေး အနေဖြင့်၊ တည်ငြိမ်စွာ ကြည့်နေ နိုင်ဆဲ ဖြစ်၏။ ပိုးပုဝါ နောက်ကွယ်ရှိ သူမ အမူ အရာကို၊ မည်သူမျှ မခန့် မှန်းနိုင် သေးပေ။
ထို့ကြောင့်၊ ပျံသန်း နေသော ငှက်မွှေး၊ စစ်မှန်သော တိမ်တိုက် ကလေး၊ လရောင် ရေစင်၊ ဘိုင်လိရွှမ်၊ စီရွှယ်ယီ၊ ဖန်းယီ၊ ယွီချင်းနှင့် လင်းယွန် တို့က၊ ကွာတား ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့၏။
သူတို့ အားလုံးကို၊ ဤတစ်ကြိမ် နဂါး တံခါး ပြိုင်ပွဲ၏ ပါရမီရှင် ရှစ်ပါး အဖြစ်၊ စာရင်း သွင်းခံ လိုက်ရပြီ ဖြစ်သည်။
တနည်း အားဖြင့် မဟာချင် အင်ပါယာ၏ သူရဲကောင်း ရှစ်ယောက် ဟုလည်း ခေါ်တွင် နိုင်၏။
မဟာချင် အင်ပါယာ၏ လျှို့ဝှက် ဆန်းကြယ်သော ဂိုဏ်းဖြစ်သည့်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းမှ တပည့် နှစ်ဦး တိတိ၊ ကွာတား ဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့သည်။
စီရွှယ်ယီ၏ သိုင်းဝိဉာဉ်မှာ၊ လူတိုင်း အပေါ် လေးလေး နက်နက် စွဲထင် ကျန်ရစ် ခဲ့ပြီး၊ ထိုသိုင်း ဝိဉာဉ်ကို အဆင့် မြှင့်တင် နိုင်ကြောင်း၊ လူ အများက သိမြင် လာ၏။
စစ်မှန်သော တိမ်တိုက် ကလေး အနေဖြင့်၊ ပြိုင်ဘက်များ အပေါ်ကြီးစိုး နိုင်လွန်သောအပြု အမူ များမှ တဆင့်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ဂုဏ် သိက္ခာကို၊ ထိန်းသိမ်း နိုင်ခဲ့သည်။
လူ အများ စုက သူ့ကို ထိပ်တန်း သုံးဦး စာရင်း သေချာပေါက် ဝင်လိမ့် မည်ဟု၊ မှတ်ယူ ထားသည်။
ချင်ယု မှလွဲ၍ ချန်ပီယံ ဖြစ်လာရန်၊ ရေပန်း အစားဆုံး ပြိုင်ပွဲဝင် တစ်ဦးလည်း၊ ဖြစ်ပေသည်။
ဖန်းယီ အနေ နှင့်မူ၊ သားရဲ တစ်ရာ ဂိုဏ်း၏ ပါရမီရှင် လူရိုင်း တစ်ဦး မျှသာ ဖြစ်၏။ ကွာတား ဖိုင်နယ်သို့ တက်လှမ်း ခြင်းဖြင့်၊ အမြင့် မားဆုံး ဂုဏ်ထူး ဆောင်နိုင် ခဲ့ပြီ ဖြစ်သည်။
ယွီချင်၏ အောင်မြင် မှုသည် လူများစွာ အတွက်၊ အံ့အား သင့်စရာ ဖြစ်ခဲ့ သော်လည်း၊ သည့်ထက် ပို၍ ဆက်လှမ်း နိုင်ဦး မည်ဟု၊ မည်သူမျှ မမျှော်လင့် တော့ချေ။
ဘိုင်လိရွှမ်နှင့် လင်းယွန် တို့မှာ၊ အာရုံစိုက် အခံ ရဆုံး ဖြစ်ကာ၊ ၎င်းတို့ အနက် ဘိုင်လိရွှမ်သည် သန်မာ ရုံသာ မကဘဲ၊ သူတော်စင် ခန္ဓာ၏ အလား အလာကို၊ ပိုင်ဆိုင် ထားပေသည်။
လင်းယွန် မှာမူ ပါရမီရှင် နှစ်ပါးကို သတ်ပစ် ခဲ့ပြီး၊ ပြိုင်ပွဲ အတွင်း သူ့ထက် ပြတ်သားစွာ၊ ဆုံးဖြတ် နိုင်သော သူမျိုး၊ တစ်ယောက်မျှ မရှိ ခဲ့ပေ။
သံသယ ရှိစရာ မလိုဘဲ၊ ကွာတား ဖိုင်နယ်သို့ တက်လှမ်း နိုင်သည့် အတွက် မည်သို့မျှ၊ အားနည်း နေမည် မဟုတ် သောကြောင့်၊ သူ၏ အကြင်နာ မဲ့သော၊ သတ်ဖြတ် မှုများကို၊ နောက်ထပ် မျှော်လင့် လာမိ ကြသည်။
တစ်ချိန် တည်းမှာပင်၊ ယနေ့ စွမ်းဆောင်ရည် အပေါ် အခြေ ခံ၍၊ လင်းယွန်၏ အလား အလာကို လူတိုင်း သိမြင် လာနိုင်၏။
ထိုအချိန်တွင် အစေခံ တစ်ဦးက၊ ဖောင်းကြွ များဖြင့်၊ ရုပ်လုံး ဖော်ထားသော သေတ္တာ တစ်လုံးကို ကိုင်ဆောင် ထားကာ၊ ဓားနန်းတော် အဖွဲ့ ဆီသို့ ရောက်ရှိ လာသည်။
လင်းယွန်နှင့် ဘိုင်လိရွှမ်ကို ကြည့်ပြီး ပြုံးလိုက် ပြီးနောက်၊ သူ့လက် ထဲရှိ သေတ္တာကို ဖွင့်ကာ၊ ကျောက်စိမ်း သင်္ကေတ နှစ်ခုကို ထုတ်ယူ လိုက်၏။
“ မဟာချင် အင်ပါရဲ့ သူရဲကောင်း တစ်ယောက်၊ ဖြစ်လာတဲ့ အတွက် ဂုဏ်ယူ ပါတယ်၊ အဲဒီ အပေါ်မှာ မင်း နာမည်ကို ရေးထိုး ပေးပါ။ ''
ကျောက်စိမ်းပြား တစ်ပြား ကမ်းပေး လာချိန်တွင် ဘိုင်လိရွှမ်က ရှားရှား ပါးပါး ပျော်ရွှင် နေသော အမူ အရာကို၊ ထုတ်ဖော် ပြသ လာခဲ့သည်။
ကွာတား ဖိုင်နယ်ကို တက်နိုင် ခဲ့ခြင်း အပေါ်၊ မည်သူ မဆို ပျော်ရွှင် မိမည်မှာ၊ သံသယ ဖြစ်စရာ မလိုချေ။
ကျောက်စိမ်း အမှတ် အသားကို လှမ်းယူ လိုက်ပြီး၊ သူ့ နာမည် မရေး ထိုးမီ၊ အချိန် အတော်ကြာ စဉ်းစား လိုက်မိသည်။ ထို့နောက် အစေခံ အား ပြန်ပေး လိုက်၏။
" ဖြူစင်သော လူငယ်လေး ... "
အစေခံက ကမ်းပေး လာသော ကျောက်စိမ်း တံဆိပ် ပေါ်ရှိ နာမည်ကို၊ ဖတ်ကြည့် လိုက်ပြီး၊ အကြောင်း တစ်ခုခု ကြောင့်၊ အဆိုပါ နာမည်မှာ သူ့အတွက်၊ မလျော် မကန် ဖြစ်သွား ပုံရ လေသည်။
" ဒါက အဖြူရောင် ပါ။ "
ဘိုင်လိရွှမ်က အစေခံ ဖတ်ပြ လာသော သူ့နာမည်ကို ပြင်ပေး လိုက်၏။
ကြားလိုက်ရ သူတိုင်းမှာ ထူးဆန်းသော အမူ အရာများ ထုတ်ဖော်လာ ကြပြီး၊ လီဝူယုက မထိန်း နိုင်တော့ဘဲ၊ ဟက်ခနဲ ရယ်ချ လိုက်သည်။
" လင်းယွန် မင်းအလှည့် ... "
အစေ ခံက ပြုံးပြပြီး၊ အခြားသော ကျောက်စိမ်း ပြားကို ကမ်းပေး လာသည်။
လင်းယွန် အနေဖြင့် သူ့ကိုယ်သူ မည်သည့် ဘွဲ့နာမည်ကို ခံယူ မည်အား၊ လူတိုင်းက စူးစမ်း လာကြ၏။
လင်းယွန်က ကျောက်စိမ်း သင်္ကေတကို ကိုင်ဆောင်ကာ၊ အနည်းငယ် စဉ်းစား ပြီးနောက်၊ 'ပန်းသင်္ချိုင်း' ဟု ရေးသား လိုက်လေသည်။
သူ့ဓားကို ဂုဏ်ပြုသော အနေဖြင့်၊ ၎င်းကို ခံယူရန် ရွေးချယ် မိသည်။
" ပန်းသင်္ချိုင်း ဒါက ဘာကို ဆိုလို တာလဲ။ ''
-ဟု အစေခံက ပြန်မေးသည်။ လင်းယွန်ကခေါင်းညိတ် လိုက်ပြီး၊ ခပ်ပြတ်ပြတ် ဖြေလာ၏။
" ငါ့ဓား နာမည် ...။ "
ထို့ကြောင့် အစေခံက ပြုံးပြ လာပြီး၊
“ ဘာလို့ တခြား နာမည် မပြောင်းရ တာလဲ၊ မင်းက လွဲရင် မင်းရဲ့ ဓား နာမည်ကို ဘယ်သူမှ သိတာ မဟုတ်ဘူး၊ နောက်ဆုံးတော့ လူတိုင်းက သူတို့ အတွက်၊ အဓိပ္ပာယ် ရှိတဲ့၊ ဘွဲ့နာမည် တစ်ခုကို၊ ယူကြ တာပါပဲ။ ”
" မလို ပါဘူး၊ ငါ့ဓားရဲ့ အမည်က ပန်းသင်္ချိုင်း ဆိုတာ၊ ဒီနေ့ ပြီးရင် အင်ပါယာ တစ်ခွင် ပျံ့နှံ့သွား မှာပါ။ ''
လင်းယွန်က ယုံကြည်မှု အပြည့်ဖြင့် တုန့်ပြန် လိုက်၏။
“ အို ဟုတ်သား၊ အဲဒါက အဓိပ္ပာယ် ရှိတယ်၊ ဒီနေ့ အကြင်နာ ချောက် ကမ်းပါးကို သတ်ပစ် လိုက်တဲ့၊ ပန်းသင်္ချိုင်း အကြောင်းကို ဘယ်သူက မသိပဲ နေနိုင် မှာလဲ။ ”
ရုတ်တရက် နားလည် သွားဟန်ဖြင့်၊ အစေခံက ပြုံးကာ ရေရွတ် လာလေသည်။
အစေခံများ အားလုံး ထိုင်ခုံသို့ ပြန်ရောက် လာသော အခါတွင်၊ ဧကရာဇ် ချင်က လူအုပ်ကြီးထံ တစ်ချက် ဝေ့ကြည့် ပြီးနောက်၊ သူ့ အကြည့်ကို ဓားနန်းတော်တွင် အဆုံးသတ် လိုက်ပြီး၊ ပြုံးရယ်ကာ၊
" လျိုဖန်း မင်းရဲ့ ဓားနန်းတော်က ဒီပြိုင် ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် ရှိတယ်၊ နောက်ဆုံး ပွဲစဉ် အတွက်၊ မဲနှိုက်ဖို့ ဘာကြောင့် ထွက်မလာ ရသေး တာလဲ။ ”
" ဒါက ငါ့ကို ဂုဏ်ပြုတာ ပါပဲ။ ''
လျိုဖန်းက ပြုံးရယ်ကာ၊ စင်မြင့်ပေါ် ခုန်တက်သွား လိုက်သည်။ လူတိုင်း၏ အကြည့်များ အောက်တွင်၊ အစေခံ တစ်ဦး ပေးလာသည့် ကျောက်စိမ်း သေတ္တာ တစ်လုံး ထဲရှိ၊ ကျောက်စိမ်း တံဆိပ် နှစ်ခုကို၊ ဦးစွာ ထုတ်ယူ လိုက်သည်။
" ပထမ တိုက်ပွဲ၊... 'အဖြူရောင်' ဘိုင်လိရွှမ်နဲ့၊ 'ကောင်းကင်ကြီး' ယွီချင်း။ ''
ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင် သူများ အတွက်၊ ၎င်းတို့၏ ဘွဲ့နာမည် အသစ် များနှင့်တွဲကာ၊ ကြေငြာ လာခဲ့သည်။
ယနေ့မှ စ၍ ထိုဘွဲ့ နာမည် အသစ် များမှာ၊ အင်ပါယာ တခွင်၊ ပျံ့နှံ့ သွား တော့မည် ဖြစ်၏။
" ဒုတိယ တိုက်ပွဲ၊ ပျံသန်း နေသော ငှက်မွှေးနဲ့၊ 'စစ်မက် သားရဲကြီး' ဖန်းယီ။ "
ထိုကြေငြာ သံကြောင့်၊ လူတိုင်းက ချက်ချင်းရယ်မော လာသည်။ ဖန်းယီသည် အမှန် တကယ်ပင် သူ့ကိုယ်သူ၊ ထိုအမည်မျိုး ခံယူ ဝံ့ပေသည်။
ယင်းမှာ လူရိုင်း တစ်ယောက် အဖြစ်၊ ကြေငြာလိုက်ခြင်း ဖြစ်သော်လည်း၊ ၎င်းကို ဖန်းယီက ဂရု စိုက်ခြင်း မရှိပေ။
သို့သော် ချင်ယုနှင့်၊ ရင်ဆိုင် ရမည် ဖြစ်သည့် အတွက်၊ အနည်းငယ် မပျော် မရွှင် ဖြစ်လာ မိခြင်းသာ ရှိပေသည်။
" တတိယ တိုက်ပွဲ၊ လရောင် ရေစင်နဲ့ 'မိုးဆီးနှင်း' စီရွှယ်ယီ။ "
သည်တစ်ကြိမ် လျိုဖန်း၏ ကြေငြာ သံကြောင့်၊ လူအုပ် ကြီးကို၊ ဆူပွက် လာစေသည်။ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းသား အချင်းချင်း၊ တွေ့ဆုံ ရခြင်း ဖြစ်လေရာ၊ မျက်မှောင် ကြုတ်လိုက် ကြသည်။
ယင်းမှာ သူတို့ ထဲမှ တစ်ယောက်၊ ပြိုင်ပွဲကို စွန့်လွှတ် ရမည်ဟု အဓိပ္ပါယ် ရပေသည်။
" စတုတ္ထ တိုက်ပွဲ၊ စစ်မှန်သော တိမ်တိုက်ကလေးနဲ့၊ 'ပန်းသင်္ချိုင်း' လင်းယွန်။ "
စစ်မှန်သော တိမ်တိုက် ကလေးသည်၊ ပွဲစင် တစ်လျှောက် သန်မာသော စွမ်းဆောင် ရည်ကို ပြသ နိုင်ခဲ့ပြီး၊ ၎င်း၏ ပြိုင်ဘက် အားလုံး အပေါ်၊ အထက် စီးဖြင့် ချေမှုန်း ထားနိုင်၏။
တစ်ဖက်တွင်၊ လင်းယွန်က သူ၏ ဝှက်ဖဲ များကို၊ အနည်းငယ် ဖော်ပြ ထားခဲ့ ရသည်။
ဤအခိုက် အတန့်တွင် စစ်မှန်သော တိမ်တိုက်လေး၏ သူ့ဆီသို့ ဦးတည်သော အကြည့်ကို၊ လင်းယွန်က အာရုံခံ မိသောကြောင့်၊ လှမ်းကြည့် လိုက်မိသည်။
သူ့ကို ပြုံးပြပြီး၊ အကြည့်ကို ပြန်လည် ရုတ်သိမ်း ခါနီးတွင်၊ လက်သန်း တစ်ချောင်းအား ထုတ်ဖော် ယမ်းပြ လာလေသည်။
မေးခွန်း ထုတ်စရာ မလိုဘဲ၊ သူတို့ နှစ်ယောက် အနက် လင်းယွန်မှာ၊ ပို၍ အားနည်းမှန်း သိသာ ပေသည်။
ထို့ကြောင့် လင်းယွန်ဖြင့်၊ ဝင်တိုက် မိခြင်း အပေါ်၊ စစ်မှန်သော တိမ်တိုက် ကလေးက၊ များစွာ ပျော်ရွှင် နေကြောင်း လည်း၊ ပြောနိုင်သည်။
ဧကရာဇ် ချင်က ထိုင်နေရာမှ၊ ရုတ်တရက် ထရပ် လာပြီး၊
“ နောက်ဆုံး စည်းမျဉ်းကို ကြေငြာ ပါရစေ၊ အနိုင် ရရှိသူ လေးယောက်က၊ ထိပ်ဆုံး လေးနေရာ အတွက်၊ တိုက်ပွဲ ဝင်ရမယ်၊ ... ''
'' ... အရှုံး သမား လေးယောက်က၊ နောက်ဆုံး အဆင့် လေးနေရာ အတွက် တိုက်ပွဲဝင် ရလိမ့်မယ်၊ ဒါပေမယ့် အရှုံး သမား အုပ်စု အတွက်၊ ငရဲ လမ်းကို ဖြတ်ဖို့၊ အခွင့် အရေး တစ်ခု ရှိပါတယ်၊ ... ''
'' ... ငရဲ လမ်းကို ဖြတ်မဲ့ သူက၊ အနိုင် ရထား သူ လေးယောက်ကို ဆက်တိုက် စိန်ခေါ် ရလိမ့်မယ့်၊ ဒီလမ်းကို ရွေးချယ် ပြီးတာနဲ့ နောက်ဆုတ် ခွင့် မရှိဘူး၊ သေရင်သေ မသေရင်၊ ချန်ပီယံ ဖြစ်မှသာ ရပ်ရ လိမ့်မယ်။ ''
ဧကရာဇ် ချင်က လှုပ်ရွ လှုပ်ရွ ဖြစ်လာသော လူအုပ်ထံ တစ်ကြည့် ဝေ့ကြည့်ကာ၊ နောက်ဆုံး တိုက်ပွဲ အတွက် ကျင်းပမည့် ရက်ကို၊ ကြေငြာ ပေးလာသည်။
“ ပြိုင်ပွဲက အခု ကနေ စပြီး၊ သုံးရက် နေရင် ဆက်သွားမှာ ဖြစ်တာကြောင့်၊ အားလုံးက ချန်ပီယံဆု အတွက်၊ တိုက်ပွဲ ဝင်သွား ကြပါ။ ”
ယင်းကြောင့် သုံးရက် ကြာအောင်၊ စောင့်ဆိုင်း ဦးမည့် ဖြစ်သည့် အတွက်၊ လူ များစွာက၊ စိတ်ပျက် သွားသည်။
အဆုံးတွင် အကြင်နာ ချောက် ကမ်းပါးနှင့်၊ လင်းယွန်တို့ တိုက်ပွဲကြောင့်၊ သူတို့၏ သွေးများကို ဆူပွက် လာခဲ့သည်။
ကွာတား ဖိုင်နယ်တွင်၊ အသန် မာဆုံး သူများသာ ဖြစ်လေရာ၊ စောင့်ဆိုင်း ရခြင်း အပေါ်၊စိတ်မရှည် လိုတော့ပေ။
သို့သော် ပြိုင်ပွဲ ဝင်တိုင်း နီးပါး၊ ဒဏ်ရာ ရရှိထား သောကြောင့်၊ ဤသို့ ရပ်နား ခြင်းသည် အဓိပ္ပါယ် ရှိလှပြီး၊ ပြန်လည် ကျင်းပ ချိန်၌ အင်ပြည့် အားပြည့် အခြေ အနေဖြင့်၊ တိုက်ပွဲ ဝင်နိုင် ကြမည် ဖြစ်သည်။
နောက်ဆုံး တိုက်ပွဲ မစမီ၊ ၎င်းတို့အား သုံးရက်ခန့်၊ အနား ယူခြင်းသည် ပုံမှန် ဖြစ်၏။
'' နေဝင်ချိန်နဲ့ အကြင်နာ ချောက် ကမ်းပါးကို၊ သတ်ပစ် သလိုမျိုး၊ စစ်မှန်သော တိမ်တိုက်လေးကို၊ ကျေးဇူး ပြုပြီး အနိုင်ယူ ပေးပါ၊ ဒီလိုမှ မဟုတ်ရင် ငါမင်းကို အနိုင် ယူဖို့၊ အခွင့် အရေး မရှိတဲ့ အတွက်၊ စိတ်ပျက် မိမှာ အမှန် ပါပဲ။ ''
ဘိုင်လိရွှမ်က ပြောပြီး ပြုံးကာ၊ လှည့်ထွက် သွား လေသည်။ ဘိုင်လိရွှမ် နောက်ကျောကို ကြည့်ပြီး၊ လီဝူယုက၊
" ဒီလူက အစ်ကို ကြီးကို၊ အနိုင်ယူ နိုင်တော့မယ့် ပုံမျိုးနဲ့၊ အပိုင်ကြီး ပြောနေ ပါလား။
“ သူ့ရဲ့ ကောင်းကွက် ကိုပဲ ... စဉ်းစား ကြည့် ရအောင်၊ အနည်း ဆုံးတော့ သူက ငါ့ကို ဒီပွဲအတွက်၊ အနိုင်ရ စေချင် နေတယ် မဟုတ်လား။ ”
ဘိုင်လိရွှမ် ထံမှ အကြည့်ကို၊ ရုတ်သိမ်း လိုက်ပြီး လင်းယွန်က ဆိုသည်။ ပြိုင်ပွဲတွင် သူတို့ နှစ်ယောက် ကြား၊ အာဃာတ များကို ဖြေရှင်း ရပေမည်။ သို့မဟုတ် ပါလျှင် လင်းယွန် သည်လည်း၊ စိတ်ပျက် မိမည် ဖြစ်သည်။
" ပန်းသင်္ချိုင်း၊ ဒါက နာမည် ကောင်းပဲ ... "
ယီဖန်းက ဖြေညှင်းစွာ လျှောက်လှမ်း လာပြီး ဆိုလိုက်သည်။ ပြီးနောက် သူက ပြုံးလိုက်ကာ၊
" မင်းက စစ်မှန်သော တိမ်တိုက် လေးကို ရှုံးရင် ချန်ပီယံ အတွက်၊ ငရဲလမ်း ကို ရွေးများ ရွေး မလားလို့ ငါတွေး နေမိတယ်၊ ဒါပေမယ့် မင်းကိုယ်မင်း မြှုပ်နှံမှာ၊ မဟုတ် ဖူးလို့ ငါထင်တယ်၊ ပန်းသင်္ချိုင်း ဆိုတဲ့ ဘွဲ့ နာမည်က၊ ကံကောင်းတဲ့ နိမိတ်တော့ ဟုတ်မယ် မထင်ဘူး၊ တခြား အမည် တစ်ခုခု၊ ပြောင်းသင့် တယ်လို့ ... ငါ အကြံ ပေးပါ ရစေ။ "
လင်းယွန်က ပြန်မဖြေ နိုင်ခင် မှာပင်၊ ယီဖန်း တစ်ယောက် ရယ်လျက် ထွက်သွား နှင့်ပြီ ဖြစ်လေသည်။
***