← Chapters

လျှို့ဝှက် နယ်မြေ၊ ဆဌမ အဆင့်။

Vol. 33 Ch. 453

လျှို့ဝှက် နယ်မြေ၊ ဆဌမ အဆင့်။

Vol. 33 Ch. 453

'' ပန်းသင်္ချိုင်း ဆိုတဲ့ ဘွဲ့ နာမည်က၊ ကံကောင်းတဲ့ နိမိတ်တော့ ဟုတ်မယ် မထင်ဘူး၊ တခြား အမည် တစ်ခုခု၊ ပြောင်းသင့် တယ်လို့ ... ငါ အကြံ ပေးပါ ရစေ။ "

လင်းယွန်က ပြန်မဖြေ နိုင်ခင် မှာပင်၊ ယီဖန်း တစ်ယောက် ရယ်လျက် အဝေးသို့ ရောက်ရှိ သွားနှင့်ပြီ ဖြစ်လေသည်။

" အဟက် .... ၊ လူရိုင်းလေး တစ်ယောက် ကိုတောင်၊ အနိုင် မယူနိုင် ခဲ့တဲ့၊ ကောင်းကင် အဆင့် တစ်က၊ ငါတို့ရဲ့ စီနီယာ ကြီးက၊ မင်းရဲ့ ဘွဲ့ နာမည် အပေါ်၊ မနာလို ဖြစ်နေ ပုံပဲ။ "

-ဟု လီဝူယုက ကျယ်လောင်စွာ ရေရွတ် လိုက်သည်။

ထို့ကြောင့် ကျန်သော အဖွဲ့သား များမှာ၊ ပြောစရာ အကြောင်း အရာ၊ ရရှိသွား ကြပြီး၊ လင်းယွန်၏ နာမည် အပေါ်၊ အမြင်များ ဖလှယ်လာ ကြသည်။

သူတို့ အဖွဲ့က လျိုဖန်း ပြန်လာမည့် ချိန်ကို၊ စောင့်မျှော် နေချိန်တွင်၊ ချင်ယုက လူတစ်စုအား ဦးဆောင်လျက်၊ သူတို့ အနီးသို့ ရောက်ရှိ လာသည်။

ချင်ယု မျက်နှာတွင်၊ မည်သည့် အရောင်မျှ စွန်းထင်း နေခြင်း မရှိဘဲ၊ လင်းယွန်ကို ကြည့်လိုက်၏။

လင်းယွန် အပေါ် သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ လျော့နည်း သွား သည်မှာ ထင်ရှား နေသည်။

" ဒီကို မင်း ဘာလာ လုပ်တာလဲ။ "

ရှင်းယန်က တင်းမာစွာ မေးခွန်း ထုတ်သည်။

" ငါနဲ့ စေ့စပ် ထားတဲ့ သူကို တွေ့ဖို့ ရောက်လာ တာပါ၊ ပြီးတော့ ဘွဲ့နာမည် အသစ် ရသွားတဲ့၊ သူ အတွက်လည်း ဂုဏ်ပြု ရင်းပေါ့။ "

ချင်ယုက ပြုံးကာ ပြန်ဖြေသည်။

“ ကျေးဇူး ပြုပြီး မင်းရဲ့ စကား တွေကို ကြည့်ပြောပါ၊ ဒီမှာ ဘယ်သူ ကမှ ...၊ မင်းနဲ့ စေ့စပ် ထားတဲ့သူ မရှိဘူး၊ အစ်မ ရှင်းယန်နဲ့ မင်းရဲ့ကြား ပတ်သတ် မှုက၊ ပြီးဆုံး သွားပါပြီ။ ''

လင်းယွန်က ရှင်းယန်ကို အကာ အကွယ် ပေးရန်၊ ခြေလှမ်း ပြင်လိုက်သည်။

" ဟုတ်လား ... ဒါက ဆိုးလွန်း ပေမယ့်၊ ငါလိုချင် တာကို၊ ဘယ်သူမှ မတား နိုင်သေး ပါဘူး၊ ချန်ပီယံ ဖြစ်တဲ့ အခါ ငါက တမာန် တော်ကို၊ ဘာတွေ တောင်းဆို မယ်လို့ မင်းထင်လဲ။ ”

ချင်ယုက ရှင်းယန်ကို အာသာ တငမ်းငမ်း မျက်ဝန်း များဖြင့်၊ ကြည့်ပြပြီး အပျော် သဘောဖြင့် ပြောလာသည်။

ချန်ပီယံ ဖြစ်လာသော အခါတွင်၊ ရှင်းယန်ကို ပြန်လည် တောင်းဆို မည်ဟု၊ အချက် ပြခြင်းလည်း ဖြစ်သည်။

" အို့ စိတ်ဝင်စား စရာပဲ ... ချန်ပီယံ ဖြစ်လာတဲ့ အခါ၊ ငါ့ တောင်းဆိုမှု ကိုရော မင်းဘာလို့ မှန်းဆ မထား ရတာလဲ။ "

သတ်ဖြတ် လိုသော ရောင်ဝါကို၊ မျက်ဝန်း များမှ တဆင့် ထုတ်ဖော် ပြသ လိုက်ပြီး၊ လင်းယွန်က တုန့်ပြန် လိုက်သည်။

“ အခု ချိန်မှာ ကိုယ့်ကိုကိုယ် ပိုစိုးရိမ် သင့်တယ် ထင်တယ်၊ စစ်မှန်သော တိမ်တိုက် ကလေးရဲ့ ခွန်အားကို၊ မင်းထက် ငါက ပိုသိတယ်၊ မင်း ... သူ့လက်မှာ ရှင်သန် နိုင်ရင် ကိုပဲ၊ လုံလောက် နေပါပြီ၊... ''

'' ... ချန်ပီယံနဲ့ ပတ်သက် လို့ကတော့၊ အိပ်မက်တောင် မမက် ပါနဲ့၊ မင်းလို ဓားကျွန် တစ်ယောက်က၊ မဟာချင် အင်ပါယာရဲ့ စင်မြင့်ပေါ်၊ တက်လှမ်း နိုင်တာ နဲ့တင်၊ လိုအပ် တာထက် ပိုနေပြီ၊ နဂါး တံခါး ပြိုင်ပွဲရဲ့ ချန်ပီယံ ဆိုတာ၊ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ် ပါဘူး။ ”

လင်းယွန် တစ်ယောက် စစ်မှန်သော တိမ်တိုက် ကလေး လက်မှ၊ လွတ်မြောက် နိုင်လိမ့် မည်ဟု၊ ချင်ယုက မထင် ထားပေ။

ယင်းကြောင့် သူ၏ စကား များက၊ ဓားနန်းတော် အဖွဲ့သား များအား၊ မျက်နှာ ပျက်ယွင်း သွား စေသည်။

တစ်ချိန်တည်း မှာပင်၊ လူတိုင်း၏ ဦးခေါင်း ထက် ကောင်းကင် ယံတွင်၊ အမှောင်များ တရွေ့ရွေ့ တိုးလာ လေသည်။ မကြာခင် မိုးချုပ်တော့မည် ဖြစ်သည်။

“ ဂျူနီယာ မောင်လေး ... သူ့က ငါ့ကို ဂရု မစိုက် ပါဘူး၊ ချန်ပီယံ ဖြစ်တဲ့ အခါ၊ သူ့မှာ တခြား ရည်မှန်း ချက်တွေ ရှိတယ် ဆိုတာ သေချာ ပါတယ်၊ ဒါကြောင့် နောက်သုံးရက် နေရင်၊ စစ်မှန်သော တိမ်တိုက် ကလေးနဲ့၊ တိုက်ခိုက် ရမဲ့ မင်းရဲ့ အတွေး တွေကို နှောက်ယှက်ဖို့၊ သူက ဒီကို ရောက်လာ တာပါ။ "

-ဟု ရှင်းယန်က အကျိုး အကြောင်း ဆင်ခြင် ပြလာသည်။

ထိုစကား များအား တွေးကြည့် လိုက်သော အခါတွင် ဖြစ်နိုင်ချေ ရှိသည်ကို၊ သတိ ပြုမိ လိုက်၏။

ချင်ယု၏ စကား များကြောင့်၊ သူ့ကိုယ်သူ ထိန်းချုပ် နိုင်မှုများ ပျောက်ဆုံး လုနီးပါး ဖြစ်သွား ခဲ့ရသည်။

“ ဒါပေမယ့် သူပြောတာ မှန်တယ်၊ စစ်မှန်သော တိမ်တိုက် ကလေးက လွယ်ကူတဲ့ပြိုင်ဘက်တော့ မဟုတ်ဘူး၊ ယခင် နဂါး တံခါး ပြိုင်ပွဲမှာ၊ ထိပ်ဆုံး သုံးယောက်ထဲ ဝင်နိုင် ခဲ့တယ်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှာ၊ သူ့အဆင့် အတန်းက လွင့်မျော နေသော ရေခွက်နဲ့ ညီမျှတယ်၊ ဂျူနီယာ မောင်လေး ... မင်းဘာလို့ အရှုံး မပေး သေးတာလဲ။ ''

ရှင်းယန်က ရှည်လျားစွာ သတိပေး လိုက်သည်။ လင်းယွန် တစ်ယောက် ကွာတား ဖိုင်နယ်သို့၊ တက်လှမ်း နိုင်ခဲ့သည် ဆိုသော အချက် ဖြင့်ပင်၊ လူတိုင်း၏ မျှော်လင့် ချက်ကို၊ ကျော်လွန် သွားနိုင်ပြီ ဖြစ်ပြီး၊ သူ့ အမည်ကို အင်ပါယာ တစ်ခွင်၊ ပျံ့နှံ့ စေနိုင် ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သော တိမ်တိုက်ဖြင့်၊ တိုက်ခိုက်ကာ သူ့ အသက်အား စွန့်စားရန် မလို အပ်ပေ။

ထို့ကြောင့် ချင်ယုသည် သူ့ကို ပြိုင်ပွဲအား အရှုံး မပေး စေရန်၊ ရည်ရွယ်ချက် ရှိရှိ လာရောက် ကြိုးစား သွားခြင်း ဖြစ်ကြောင်း၊ သတိပြု မိလာသည်။

( အရှုံးပေး ရမှာလား။ )

လင်းယွန်က မှောင်မဲ နေသော ကောင်းကင် ကြီးကို မော့ကြည့် လိုက်သည်။ တိမ်များ နောက်ကွယ်မှ ရှင်းဂျူက၊ သူ့အား ပြုံးကြည့်နေ၏။ အစ်ကို ကြီး၏ ဆန္ဒကို ဖြည့်ဆည်း နိုင်ရန်၊ သူ ချန်ပီယံ ဖြစ်မှ ရပေမည်။

" လင်းယွန်၊ ချင်ယု ဘာလာ ပြော တာလဲ။ "

လျိုဖန်းက မျက်ခုံး နှစ်ဖက်ကို တွန့်ခေါက်ထား လျက်ဖြင့်၊ ပြန်ရောက် လာသည်။

“ ဘာမှ မဟုတ် ပါဘူး ... အကြီး အကဲလျို၊ ငါ နောက် သုံးရက် လုံးလုံး၊ ဓား သင်္ချိုင်း တောအုပ် ထဲမှာ၊ ရှိနေ ပါ့မယ်။ ”

" မင်းဒဏ်ရာ ကရော ...၊ ဘယ်လို လုပ်မလဲ။ "

လျိုဖန်းက အံ့သြစွာ မေးယူ လိုက်သည်။အကြင်နာ ချောက် ကမ်းပါးနှင့် တိုက်ခိုက် ရာတွင်၊ မည်မျှ ဆိုးရွားသော ဒဏ်ရာများ ရရှိခဲ့ သည်ကို၊ လူတိုင်း ရှင်းရှင်း လင်းလင်း မြင်တွေ့ ခဲ့ရသည်။

“ အဆင် ပြေပါတယ်၊ သူ့ရဲ့ နောက်ဆုံးတိုက်ခိုက် မှုက၊ အရေး ကြီးတဲ့ အစိတ် အပိုင်းတွေကို မထိ သွားဘူး၊ ကြောက် စရာ ကောင်းတယ်လို့ ထင်ရ ပေမယ့်၊ ဒါက ငါ့ကို အများကြီး မထိ ခိုက်တာ တကယ်ပါ။ ”

လင်းယွန်က ဒဏ်ရာများ အပေါ်၊ ရှင်းပြ လိုက်သည်။

" ကောင်းလိုက်တာ၊ ဒါပေမယ့် အခု ကစပြီး သုံးရက် နေရင်၊ အချိန်မှီ ပြန်လာဖို့ မမေ့ ပါနဲ့၊ မဟုတ်ရင် ပြိုင်ပွဲမှာ ရှုံးနိမ့်သူ အဖြစ် သတ်မှတ် လိမ့်မယ်။”

" နား လည် ပါ ပြီ။"

***

ညရောက် လာသည်နှင့် မြို့တော်၏ လမ်းမများ ပေါ်တွင်၊ အချိန် အတော်ကြာ လူစည်ကား နေခဲ့သည်။

ထို့ပြင် တိမ်ပျံ ခန်းမတွင်၊ ယခုမှ စပြီး သုံးရက် အတွင်း၊ ပြန်လည် ကျင်းပ လာမည့် တိုက်ပွဲ အတွက်၊ လောင်းကြေးများ ထပ်လာသည့် လူများဖြင့် ပြည့်နေ ခဲ့သည်။

၁။ ဘိုင်လိရွှမ် နှင့် ယွီချင်း၊

၂။ ချင်ယု နှင့် ဖန်းယီ၊

၃။ လရောင် ရေစင် နှင့် စီရွှယ်ယီ၊

၄။ စစ်မှန်သော တိမ်တိုက် ကလေး နှင့်၊ လင်းယွန်။

အထက်ပါ ပွဲစဉ်များ အနက် လင်းယွန်မှာ၊ လူကြိုက် များသော ပြိုင်ပွဲဝင် တစ်ဦး ဖြစ်လာ ခဲ့သည်။

သို့သော် သူ၏ နှုန်းထားမှာ (၁:၁) သို့၊ မြင့်တက်လာ သောကြောင့်၊ လူတိုင်းက လောင်းကြေး တင်ရန်၊ စိတ်မဝင် စားတော့ချေ။

ဖန်းယီ၏ နှုန်းမှာ လင်းယွန်ကို ကျော်ဖြတ်ပြီး အမြင့် ဆုံးသို့ ရောက်ရှိ နေသည်။ ဆိုလို သည်မှာ ချင်ယုကို နိုင်ခြေ မရှိဟု၊ အဓိပ္ပါယ် ရပေ၏။

သူ့ အပြင်၊ အားလုံးက ဘိုင်လိရွှမ် အပေါ်၊ အာရုံ စိုက်လာ ကြသည်။ သို့သော် နှုန်းထား များမှာ၊ ချင်ယုတို့ ပွဲစဉ်ထက်၊ အနည်းငယ် ပိုမြင့် နေသောကြောင့်၊ လူတိုင်းက လောင်းကြေး တင်ရန်၊ စိတ်ဝင် စားမှုများ လျော့နည်း ကုန်ကြသည်။

လရောင် ရေစင်နှင့် စီရွှယ်ယီ ပွဲနှုန်းမှာ၊ သင့်တင့် မျှတ ပေ၏။ ဆိုလို သည်မှာ မည်သူ အနိုင် ရမည်ကို၊ တိမ်ပျံ ခန်းမက မခန့် မှန်းနိုင်ချေ။

အနိုင်ရ သူကို ခန့်မှန်း ရာ၌ အမြင် ဖြင့်သာ မက၊ ကံကောင်း ရန်လည်း လိုအပ် ပေသည်။

လင်းယွန်တို့ နှစ်ဦးကြား တိုက်ပွဲသည်၊ လူတိုင်းကို ပို၍ပင် ရှုပ်ထွေး စေခဲ့၏။ အတိတ် ကာလများ တွင်သာ ဆိုပါက၊ လင်းယွန်၏ နှုန်းထားမှာ၊ မယုံနိုင် လောက်အောင် မြင့်မား နေမည်ကို သံသယ ဖြစ်စရာ မလိုချေ။

လောင်းကြေး ထပ်ဝံ့ သူတိုင်းမှာ၊ မြင့်မားသော ဆုကြေး ငွေကို ရရှိမည် ဖြစ်သည်။

အထူး သဖြင့် အကြင်နာ ချောက်ကမ်းပါး အပါ အဝင်၊ ပါရမီရှင် နှစ်ဦးကို သတ်ဖြတ် လိုက်ပြီးနောက်၊ လင်းယွန် အပေါ် လူတိုင်း ထိတ်လန့် သွားရသည်။

လင်းယွန် တစ်ယောက် အံ့ဖွယ် အမြောက် အမြားကို ဖန်တီး နိုင်ခဲ့ သော်လည်း၊ ဤပြိုင် ပွဲတွင် အောက်စည်း ရောက်နေ မည်မှာ သေချာသည်။

စစ်မှန်သော တိမ်တိုက် ကလေးမှာ၊ မြင့်မားသော အဆင့်တွင် ရှိသော်လည်း၊ ရတနာ ခန်းမ အနေဖြင့်၊ လင်းယွန် အတွက် နှုန်းထား များကို တိုးမြှင့် ဝံ့ခြင်း မရှိပေ။

အခြား တစ်ဖက်တွင်၊ သူ့ကို ထိပ်ဆုံး သုံးယောက် သို့ တက်ရောက် နိုင်ခြင်း မရှိနိုင် ဟုလည်း၊ ယူဆ ထား ကြသည်။

ချန်ပီယံ ဖြစ်ရန် ကြေးနှုန်းမှာ (၁:၁၀) ဖြစ်ပြီး၊ ထိုကြေးကို တင်ဝံ့ သူမှာ တစ်ဦး တည်းသာ ရှိခဲ့သည်။ ယင်းမှာ သဘာဝ အတိုင်း၊ လွင့်မျောနေသော ရေခွက် ဖြစ်၏။

" လင်းယွန်က ချန်ပီယံ မဖြစ် နိုင်ပါဘူး။ "

“ ဒါပေမယ့် သူ့ရဲ့ တိုက်ပွဲ တိုင်းက အရမ်း တုန်လှုပ် စရာ ကောင်းတယ်၊ တကယ် လို့သာ သူက စစ်မှန်သော တိမ်တိုက် ကလေး ဆီကို၊ မပြေး မိဖူး ဆိုရင်၊ ထိပ်ဆုံး လေးယောက်ထဲ ဝင်နိုင် မယ်လို့ ငါထင်တယ်။ ”

" ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် လင်းယွန်က ... ချင်ယု၊ စစ်မှန်သော တိမ်တိုက် ကလေးနဲ့၊ လရောင် ရေစင် တို့ထဲက၊ ဘယ် သူ့ကိုပဲ ဖြစ်ဖြစ် အနိုင် ရဖို့၊ အလား အလာ မရှိ ဖူးလို့၊ ငါထင် ပါတယ်။ "

“ သူ့ကို ချန်ပီယံ ဖြစ်ဖို့ မလောင်းဝံ့ ပေမယ့်၊ စစ်မှန်သော တိမ်တိုက် ကလေးကို အနိုင် ရဖို့တော့၊ ငါက လောင်းကြေး ထပ်ဝံ့ ပါသေးတယ်၊ ဟီးဟီး ... နေဝင်ချိန်နဲ့ အကြင်နာ ချောက် ကမ်းပါး ပြီးရင်၊ နောက်ထပ် ပါရမီရှင် တစ်ယောက်ကို၊ မသတ်နိုင် မသတ်နိုင် ဘယ်သူ သိမှာလဲ။ ''

လင်းယွန်အား ချန်ပီယံ ဖြစ်ရန်၊ လောင်းကြေးထပ်ဝံ့ သူ တစ်ယောက်မျှ မရှိ သော်လည်း၊ စကားဝိုင်း တိုင်းမှာ သူ့ထံ ဦးတည် နေပေသည်။

သည်နေ့ ပွဲစဉ် များမှာ သူတို့ အတွက်၊ အရမ်း စိတ်လှုပ်ရှား စရာ ကောင်းနေ ခဲ့ ပေ၏။

***

ဓားသင်္ချိုင်း တောအုပ်သို့ လင်းယွန် ရောက်လာသော အခါတွင်၊ နန်းတော် သခင်မှာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။

သခင် ဆယ့်သုံး တစ်ဦး တည်းသာ ရှိနေ ခဲ့၏။သခင် ဆယ့်သုံးကို မြင်သည်နှင့်၊

" သခင် ဆယ့်သုံး၊ ဆဋ္ဌမ အဆင့်ကို ငါ သွားချင်တယ်။ "

ဟု သူ့ ဆန္ဒကို ချက်ချင်း ထုတ်ဖော် လိုက်သည်။

" မင်း ...စိတ်လွတ် နေတာလား၊ ပထမ အကြိမ် တုန်းက လုပ်နိုင် လုနီးနီး ဆိုရင်တောင်၊ အဲဒီ နေရာမှာ ကြာကြာ နေနိုင်မှာ မဟုတ်ဘူး၊ ခရမ်းရောင် နန်းတော် နယ်မြေ ကျင့်ကြံ မှုကို မရရှိ သေးဘဲ၊ တက်လှမ်း နေတာက သေခြင်း တရားကို၊ ဆွဲခေါ်ရာ ရောက်လိမ့်မယ်။ ”

သခင် ဆယ့်သုံးက ဆိုသည်။

" ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ အပြည့် အ၀ နားမလည် ထားဘဲ၊ ချင်ယုကို အနိုင် ယူဖို့၊ ငါ့မှာ ယုံကြည်ချက် မရှိဘူး။ "

လင်းယွန်က မဆိုင်း မတွပင်၊ တင်းမာသော အမူ အရာဖြင့် ပြန်ဖြေသည်။ နောက်ဆုံးတွင်၊ သူ့ ပြိုင်ဘက်မှာ ပွဲစဉ် တစ်လျှောက်၊ ရေခဲတောင် အဖျား မျှသာ ပြသ ထားခဲ့ပြီး၊ ငွေဗျိုင်းဖြူကို အနိုင် ယူရန် လက်ဖဝါး တစ်ချက်တည်း အသုံးပြု ခဲ့သည်။

သခင် ဆယ့်သုံးက သူ့ရှေ့ရှိ၊ လူငယ်ကို စိုက်ကြည့်ကာ၊ အချိန် အတော်ကြာ ငြိမ်သက် သွား၏။ ပြီးနောက် ပြုံးရယ် လိုက်ပြီး၊

“ ချန်ပီယံ မဖြစ် နိုင်မှတော့၊ ဓား သင်္ချိုင်း နယ်မြေမှာ၊ သေတာက ပိုကောင်း ပါတယ်၊ ကောင်းပြီ ... မင်းက လောင်းကြေး ထပ်ချင်ရင်၊ မင်း ဆန္ဒကို ငါဖြည့်ဆည်း ပေးမယ်။ "

ရှေးဟောင်း တံဆိပ် တစ်ခု ထွက်ပေါ် လာသည်နှင့်၊ ဓားသင်္ချိုင်း တောအုပ် အတွင်း၌၊ လေပြင်းများ တိုက်ခတ် လာပြီး ကောင်းကင်မှာ၊ မှောင်မိုက် သွားလေသည်။

သိပ် မကြာခင် မှာပင် လင်းယွန် ရှေ့၌၊ အာကာသ ကွဲလွဲ နေသော အက်ကြောင်း တစ်ခု ထွက်ပေါ် လာသည်။

ဤသည်မှာ လျှို့ဝှက် နယ်မြေ ဆီသို့ ဦးတည်သွားသော လမ်းကြောင်း တစ်ခု ဖြစ်ပြီး၊ ထိုအက်ကြောင်းများ အတွင်းမှ၊ လျှပ်စီးများ ထွက်ပေါ် လာတက် ပေသည်။

သည်နေရာနှင့် အလွန် ရင်းနှီး သောကြောင့်၊ အနည်းငယ် စိတ်လှုပ် ရှားလာ ရသည်။ ထိုအချိန်က သူခံစား ခဲ့ရသော၊ ထိတ်လန့် တုန်လှုပ်မှု များနှင့် ယှဉ်ပါလျှင်၊ ယခု အကြိမ်၌ ပို၍ ခက်ခဲ လာနိုင် ပေမည်။

“ အဲဒီမှာ မသေ စေနဲ့။ ”

သခင် ဆယ့်သုံးက စိုးရိမ်စွာ သတိပေး လာသောကြောင့်၊ ကွဲလွဲ နေသော အာကာသ ထဲသို့ မဝင်မီ၊ ခေတ္တမျှ အံ့အားသင့် သွားသည်။

သိပ်မကြာ ခင်မှာပင် ရင်းနှီး ပြီးသား မြင်ကွင်းများ ထွက်ပေါ် လာ၏။

ဓား သင်္ချိုင်း နယ်မြေတွင် စုစုပေါင်း အဆင့် ကိုးဆင့် ရှိပြီး၊ အဆင့် တစ်ခု စီသည် ကမ္ဘာကြီး တစ်ခုကို ကိုယ်စား ပြုသည်။ အဆင့်မြင့် လေလေ အန္တရာယ် ပိုများ လာ လေလေပင်။

တုန်လှုပ် ချောက်ချား ဖွယ်ရာ မိုးခြိမ်း သံများကို ကြည့်လိုက်ပြီး၊ လေးနက်သော အတွေး ထဲသို့ ရောက်ရှိ သွားခဲ့သည်။

ဤနယ်မြေ၏ ပဉ္စမ အဆင့်၌၊ ဓားသုတ္တန်ကို အောင်မြင်မှု ရယူ နိုင်ခဲ့သည်။ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် လိုပါက၊ ဆဋ္ဌမ အဆင့်သို့ ထပ်မံ တက်လှမ်းရန်၊ လိုအပ် နိုင်ပေသည်။

ထို့ကြောင့် ကောင်းကင်ပေါ် မော့ကြည့်ကာ၊ ခေတ္တမျှ တုံ့ဆိုင်း သွား၏။ ပြီနောက် ကျောက်တုံး ကြီးများ ပေါ်သို့၊ စတင် ခုန်လွှား လိုက်တော့သည်။ လမ်း ကျွမ်းနေပြီ ဖြစ်၍၊ အချိန် အနည်းငယ် အတွင်း မှာပင်၊ ပဉ္စမ အဆင့်ကို ရောက်ရှိ လာသည်။

တစ်ကြိမ် တက်လှမ်း နိုင်ခဲ့ဖူး သော်လည်း၊ ၎င်း အပေါ် ကြောက်ရွံ့ နေသေး၏။ ပဉ္စမ အဆင့် ကောင်းကင်သည်၊ ယခင် အဆင့် လေးဆင့်နှင့် လုံးဝ ကွဲပြား ပေသည်။

မိုးကြိုး တိမ်များ ထဲတွင် ဓား ရည်ရွယ် ချက်ဖြင့်၊ ပြုလုပ် ထားသည့် လျှပ်စီးများ အပြည့် လင်းလက် နေပြီး၊ ကောင်းကင် တစ်ခု လုံးကို၊ အနီ ရောင်များ ဆိုးထား လေသည်။

လျှပ်စီး များက ကျောက်တုံးကြီး များပေါ် ပြုတ်ကျကာ၊ တဝုန်းဝုန်း ပေါက်ကွဲ နေမြဲ ဖြစ်၏။ ကျောက် ရင်ပြင် ပေါ်ရှိ ပျက်စီး နေသော ဓား ရည်ရွယ် ချက်များ အားလုံးမှာ၊ ဘဝ တစ်ခုချင်း စီကို ကိုယ်စား ပြုလေသည်။

ကျောက် ရင်ပြင်၏ အလယ် ဗဟိုသို့ လျှောက်လှမ်း နေစဉ် အတွင်း၊ ဓားသေတ္တာ ထဲရှိ ပန်းသင်္ချိုင်း ဓားက မြည်သံ ပေးလာ၏။

သူ၏ ရည်ရွယ် ချက်ကို ကောင်းစွာ ခံစား မိပြီး၊ စိတ်လှုပ်ရှား လာပုံ ရသည်။

ကြက်သွေးရောင် မိုးကြိုးတိမ် များအား၊ မော့ကြည့် လိုက်ကာ၊ မည်မျှ ပြင်းထန်နိုင် မည်ကို၊ ခန့်မှန်း နေမိသည်။

သို့သော် နီရဲ နေသော လျှပ်စီးကြောင်း များကို ကြည့်ပြီး၊ စမ်းကြည့်ရန် ဆုံးဖြတ် လိုက်၏။ ပြီးနောက် ကောင်းကင်သို့ ရိပ်ခနဲ ခုန်တက် ပစ်လိုက်လေသည်။

***

All Chapters