အသက်နှင့် သေခြင်း။
Vol. 33 Ch. 454
လွင့်မျော နေသော ကျောက်တုံးကြီး များအားနင်းဖြတ်ကာ၊ ကောင်းကင် ပေါ်သို့ တရွေ့ရွေ့ ခုန်တက်လာ ခဲ့သည်။
မိုးကြိုး တိမ်တိုက် များထံ၊ နီးကပ်လာ သည်နှင့်အမျှ၊ တိမ်များ ကြားရှိ လက်လက် ထနေသော၊ ကြက်သွေးရောင် လျှပ်စီး များကို၊ တွေ့မြင် လိုက်ရ၏။
'' ဂျိန်း..... ''
ရုတ်တရက် ထိုးဆင်း လာသော လျှပ်စီးကို၊ လက်သီး တစ်ချက် ထုတ်ကာ ဟန့်တား ပစ်လိုက်သည်။
ပထမ လျှပ်စီး ကြောင်းကို ဖျက်ဆီး နိုင်ခဲ့ သော်လည်း၊ ထပ်မံ ကျဆင်း လာသည့် ဒုတိယ လျှပ်စီး ကိုမူ၊ မကာကွယ် နိုင်ခဲ့ချေ။
ထို့ကြောင့် လျှပ်စီး ထိမှန်ကာ၊ နီးစပ်ရာ ကျောက်တုံးကြီး ပေါ်သို့၊ အရုပ် ကျိုးပြတ် လွင့်စင် သွား၏။
နောက်ထပ် လျှပ်စီးများ ကျဆင်း လာချိန်တွင်၊ ကြီးမားသော ကျောက်တုံး ကြီးမှာ၊ ဖိအား အောက်၌ အက်ကွဲ လာသည်။
လျှပ်စီးများ ထိမှန် ခြင်းကြောင့်၊ လင်းယွန်၏ နှုတ်ခမ်း ထောင့်မှ၊ သွေးများ စီးကျ လာသည်။
သို့သော် ကွဲအက် သွားသော၊ ကျောက်သား ရင်ပြင်ထံ၊ သူ့ ခြေကို စောင့်နင်း လိုက်ပြီး၊ မြှား တစ်စင်းလို ကောင်းကင်ပေါ် ပျံတက် ပစ်လိုက်သည်။
ဝင်လာသော လျှပ်စီးကြောင်း များကို ရင်ဆိုင်ရန်၊ ပန်းသင်္ချိုင်း ဓားအား လျင်မြန်စွာ ဖြန့်ကျက် မိ၏။
ရုတ်တရက် ကြက်သွေးရောင် တိမ်များက၊ လင်းယွန်ကို ဝါးမြိုရန်၊ ဦးခေါင်းခွံကြီး တစ်လုံး အဖြစ်၊ တဖြည်းဖြည်း ဖွဲ့တည် လာသည်။
ထို ဦးခေါင်းခွံ ကြီးက၊ သူ့လမ်းကြောင်း အတွင်းရှိ၊ မျောနေသော ကျောက်တုံး ကြီးများ အားလုံးကို၊ ဝါးမြို ပစ်လေသည်။
လင်းယွန် အနေဖြင့် အဆိုပါ ကျောက်တုံးကြီး များလောက် မသန်မာ နိုင်ကြောင်း၊ သူ့ကိုယ်သူ သိ၏။
ကိုက်စား ခံရ ပါလျှင် သူ သေပေ လိမ့်မည်။ သို့သော် လွယ်လွယ်နှင့် အရှုံး ပေးရန် ဆန္ဒ မရှိပေ။
သူ့ခန္ဓာ ကိုယ်က ရုတ်တရက် ယိမ်းယိုင် သွားပြီး၊ ပတ်ဝန်းကျင်မှ လေပြင်းများ တိုက်ခတ် လာသည်။
လေပြင်း များက ပိုပို ပြင်းထန် လာသည် နှင့်အမျှ၊ လျှို့ဝှက် နယ်မြေ ကြီး တစ်ခုလုံး တုန်ခါ လာပေသည်။
( လေတွေ... ဘယ်က လာတာလဲ။ )
ချဉ်းကပ် လာသော ကြက်သွေးရောင် ဦးခေါင်း ခွံကြီးကို ကြည့်ကာ၊ မျက်လုံးများ ပြူးကျယ် သွားပြီး၊ လက်ဖဝါးကို ပုတ်ထုတ်လိုက်၏။
'' မဟာ လေ ဟုန် ကျမ်း။ ''
ကြီးမားသော စွမ်းအင် လက်ဖဝါးက၊ ဦးခေါင်းခွံ ကြီးကို ကွဲအက် ကျော်လွန်ကာ၊ ကြက်သွေး ရောင် တိမ်တိုက်များ ထဲသို့၊ နစ်မြုပ် သွားသည်။
ထိုလက်ဖဝါး ကြောင့် မီးပွားများ အဖြစ်၊ ကြွေလွင့် နေသော ဦးခေါင်းခွံ ကြီးကို လျစ်လျူရှု လိုက်ပြီး၊ ကြက်သွေး ရောင် တိမ်တိုက် များ ထဲသို့ ပျံသန်း ပစ် လိုက်သည်။
သို့သော် မှုန်ဝါး နေသော အလွှာ တစ်ခုက၊ သူ့အား နောက်ထပ် မသွားနိုင် စေရန်၊ တားဆီး လာပြန်၏။
ထိုအတား အဆီးကို ခံစား မိသည်နှင့်၊ အနည်းငယ် တွေဝေ သွားသည်။ ခေါင်းကို မော့ကြည့် လိုက်ပြီး၊ ဓား ရည်ရွယ် ချက်အား ထုတ်လွှတ်ကာ၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ အတား အဆီး အလွှာ အနီးသို့ ရောက်ရှိ သွားသည်။
ရောက်လျှင် ရောက်ချင်း တံဆိပ် လေးခုကို ပေါင်းစပ် ပစ်ကာ၊ လက်သီး တစ်ချက် ပစ်ထုတ် လိုက်၏။ ထိုလက်သီးကြောင့် အတား အဆီး အလွှာ ပေါ်တွင်၊ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာတော့သည်။
သို့သော် အတား အဆီး အလွှာမှာ၊ ပိတ်ဆို့ထား နေမြဲ ဖြစ်သည့် အပြင်၊ အားပြင်းသော စွမ်းအင် များက၊ သူ့ကို အဝေးသို့ တွန်းထုတ် လာသည်။
" စနေ ပြီလား ... ။ "
ဆူညံ ပေါက်ကွဲ လာသော ဝါးရုံ တောကို မော့ကြည့်ပြီး၊ သခင် ဆယ့်သုံးက ရေရွတ် လိုက်သည်။
" ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော။"
ရုတ်တရက် ကြုံးဝါးသံ နှင့်အတူ၊ ကြီးမားသော ခရမ်းရောင် ပန်းကြီး တစ်ပွင့်၊ လေထဲ၌ စတင် ဖြစ်ပေါ် လာသည်။
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ လင်းယွန်၏ အရှိန်အဝါ များက တိုးလာ၏။ လွင့်စင် သွားသော အရှိန်ဖြင့်၊ နီးစပ်ရာ ကျောက်တုံးကြီး တစ်တုံးပေါ် စောင့်နင်းကာ၊ အတား အဆီးထံ တဟုန်ထိုး ပြေးဝင်ရန်၊ ပြန်လည် အားယူ လိုက်သည်။
" ချိုး ..... "
လျှပ်စီး တစ်စလို ပျံသန်း နေလျက်ဖြင့်၊ ထိုအတား အဆီး အလွှာကို၊ ဓားတစ်လက်လို ထိုးခွဲ ပစ်လိုက်သည်။
" ငါ လုပ် နိုင် ပြီ။ ''
အက်ကွဲ ကြောင်းများ၊ ပျံ့နှံ့စ ပြုလာသောကြောင့်၊ ရွှင်မြူး သွား၏။ မဆိုင်း မတွဘဲ အက်ကွဲ ကြောင်းထံ၊ ထပ်မံ တိုက်ခိုက် လိုက်သည်။
ထိုတခဏလေး အတွင်း မှာပင်၊ ဓားရောင်ခြည် တစ်စင်းက၊ ဓားသင်္ချိုင်း တောအုပ်ကို ဖြတ်ကာ၊ ကောင်းကင်သို့ ပျံတက် သွားသည်။
တောက်ပ လွန်းသော ဓားအလင်း ကြောင့်၊ မှောင်မည်း နေသည့် ကောင်းကင် ကြီးမှာ၊ ချက်ချင်း ဝင်းပ လာ၏။
မြို့တော် အတွင်းရှိ လူအများ စုမှာ၊ အဆိုပါ အလင်း တန်းကို ချက်ချင်း ဖမ်းမိသွား ကြသည်။
ယင်းမှာ အမှောင် ထဲတွင် တောက်ပ နေသော ဓားတစ်လက် ကဲ့သို့၊ ထက်ရှသည့် အငွေ့ အသက်များ၊ ပေးစွမ်း နေပေ၏။
" ငါ ဘာကို မြင်လိုက် တာလဲ။ "
“ ကြယ်တွေ ကြွေ နေတယ်… နေဦး မဟုတ်ဘူး၊ အဲဒါ ဓားအလင်း။ ”
" ဘာတွေ ဖြစ်နေ တာလဲ။ "
" ချင် အင်ပါ ယာကြီး၊ ပြောင်းလဲ တော့မှာလား။ "
လူအများ စုက သူတို့ အမြင်မှား နေသည်လားဟုပင်၊ သံသယ ရှိလာ ကြသည်။
အချို့သော ဂိုဏ်းများ၏ အကြီး အကဲ အချိုက၊ ထိုအလင်းတန်း ထွက်ပေါ် လာရာ အရပ်ကို မျှော်ကြည့်ပြီး၊ မျက်နှာများ ပျက်ယွင်း ကုန်ကြသည်။
“ အဲဒီ ဦးတည် ချက်က … ဓားနန်းတော်ရဲ့ ဓားသင်္ချိုင်း တောအုပ် မဟုတ်လား။ ''
ယနေ့ ဖြစ်စဉ်သည် လူများ စွာကို၊ ရှည်လျား သော ညတစ်ည ဖြစ်လာ စေခဲ့၏။
အထူး သဖြင့် သူရဲကောင်း ရှစ်ယောက် မွေးဖွား လာ ပြီးနောက်၊ ထွက်ပေါ် လာသော ဤဖြစ်စဉ်ကို၊ သဘာဝ ကောင်းချီး အဖြစ်၊ လူတိုင်းက ထင်မြင် မိလေသည်။
" ကြည့်စမ်း ... ဘယ်လောက်တောင် ကြီးကျယ် ခမ်းနား လိုက်လဲ။ "
ဓားသင်္ချိုင်း နယ်မြေ ဆဋ္ဌမ အဆင့်ကို၊ လှည့်ပတ် ကြည့်ကာ၊ လင်းယွန်က ရေရွတ် လိုက်သည်။
အလယ် ဗဟို၌ ရှေးဟောင်း စင်မြင့် တစ်ခု ရှိနေပြီး၊ ယင်းမှာ ဆဋ္ဌမ အဆင့်၏ တစ်ခု တည်းသော ကျောက်သား ရင်ပြင် ဖြစ်ပေသည်။
ကောင်းကင်တွင် မိုးကြိုး တိမ်များ ရှိ မနေ ဘဲ၊ ကြယ်ရောင်စုံ လင်းလက် နေသော၊ ကောင်းကင်ကြီး တစ်စင်းသာ ရှိနေ၏။
ထိုကြယ် များမှာ သူနှင့်၊ လက်လှမ်း မီသည့် နေရာ၌ လင်းနေ သကဲ့သို့၊ ခံစား လိုက်ရသည်။
ယင်းအား စူးစူး စိုက်စိုက် အကဲခတ် လိုက်ရာ၊ ဓားဖြင့် ပြုလုပ် ထားသော ရူရ် များက၊ ကြယ်ရောင်စုံ လင်းလက် နေသော၊ ကောင်းကင် အတုကြီး တစ်စင်းကို၊ ဖန်တီး ထားကြောင်း၊ သဘောပေါက် သွားမိသည်။
ဆိုလို သည်မှာ ဓား ရည်ရွယ်ချက် များဖြင့်၊ ဖန်တီး ထားသည့် အစီရင် တစ်ခု ဖြစ်သည်ဟု အဓိပ္ပါယ် ရပေသည်။
ကြယ်တိုင်းတွင် ပါရှိ နေသော ဓား ရည်ရွယ် ချက်မှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ် ထက်ရှ နေ၏။
“ ကြောက်စရာ ကောင်းလိုက်တာ …”
ခပ်တိုးတိုး ရေရွတ် လိုက်ပြီး၊ တစ်ခု တည်းသော စင်မြင့် ပေါ်သို့ ခုန်တက်ကာ၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်သည်။
စင်မြင့် ထက်သို့ ခြေချ မိ သည်နှင့်၊ ရှေးရိုး ဆန်သော လှိုဏ်သံ ပါနေသည့်၊ သတိ ပေးသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်။
" ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို နား မလည်ရင် ၊ ဒီကနေ မင်း ထွက်သွားခွင့် ရှိမှာ၊ မဟုတ်ဘူး ...။ "
စကားသံ ဆုံးပြီးနောက်၊ ဓားရောင် ခြည်များ ရုတ်တရက် ကျဆင်း လာသည်။ ထိုဓား ရောင်ခြည် များတွင်၊ ပါရှိသော ဓား ရည်ရွယ် ချက်မှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ်၊ အဖျက် စွမ်းအားကို ပိုင်ဆိုင် ထားပေ၏။
ဓားအလင်း တိုင်းက၊ ကောင်းကင်မှ ကြွေကျ လာသော ကြယ်ပွင့် များနှင့် တူသည်။
ထိုကြယ်ပွင့်များ ပေါင်းစည်း လာချိန်တွင်၊ သူနင်း ထားသော ကျောက်သား စင်မြင်မှာ၊ ကြောက်ရွံ့ တုန်လှုပ် လာသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ကြယ်ရောင် များက လင်းယွန်ကို ဝါးမြို သွားပြီး၊ အတွေးများ ယောက်ယက်ခပ် သွားစေ၏။
ထို့ကြောင့် မည်သည့် အရာ ကိုမျှ၊ ဂရု မပြုမိ နိုင်တော့ဘဲ၊ ထိုအတွေးများ အပေါ် ချက်ချင်း အာရုံ ရောက်သွားသည်။
အချိန် အတော် ကြာပြီးနောက်၊ သူ၏ ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်က၊ စင်မြင့် ပေါ်တွင် ခုန်ပေါက် ရုန်းကန်စ ပြုလာ သဖြင့်၊ မူလ စွမ်းအင်များ ထုတ်ဖော်ကာ၊ ဖုံးလွှမ်း ထိန်းချုပ် လိုက်ရသည်။
မူလ စွမ်းအင်များ ကျယ်လောင်စွာ မြည်သံပြုလိုက် ချိန်တွင်၊ ဓား ရည်ရွယ် ချက်က စင်မြင့် ထက်သို့ ပြုတ်ကျ သွားကာ၊ နက်နဲသော ပြတ်ရှ ရာများ၊ ဖြစ်ပေါ် လာစေ ခဲ့လေသည်။
“ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် နိုင်ဖို့ ဆိုရင်၊ ငါ့ရဲ့ ကိုယ်ပိုင် ဓားကို ဖန်တီး ရလိမ့်မယ်၊ 'ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွင်းမယ်' ဆိုတာက၊ ငါဖန်တီး ထားတဲ့ လှုပ်ရှားမှု တစ်ခု ဆိုပေမယ့်၊ တကယ်တော့ လရောင် ရေစင်ဓား ကနေ၊ မွေးဖွား လာခြင်းပဲ၊ သန်မာ ပေမယ့် ... ငါ့အင်အား အစစ် အမှန် မဟုတ်ဘူး၊ ဒါကြောင့် ငါ့ပိုင်တဲ့ ဓားကို ရှာရမယ် …”
၎င်းဓားကွက်မှာ ဘိုင်လိရွှမ်၏ 'မိုးကြိုး ဖမ်းယူ ခြင်း' နှင့်၊ အကြင်နာ ချောက် ကမ်းပါး၏ 'ကြယ်တာရာ ဝါးမြို ခြင်း' တို့ဖြင့် သဏ္ဍာန် တူ၏။
သို့သော် ဓား တစ်လက်ကို ဖန်တီး ရသည်မှာ၊ လွယ်ကူ သည်တော့ မဟုတ်ပေ။
“ တကယ် လို့သာ ငါအောင်မြင် ခဲ့ရင်၊ ချန်ပီယံ အတွက် မေးခွန်း ထုတ်နေစရာ မလို တော့ဘူး၊ သူတို့ ရှေ့မှာ ငါရှိ နေမှာပါ၊ ... ''
'' ... ဘာပဲ ဖြစ်ဖြစ် ရှန်ရှင်း ဓားကို ဆုပ်ကိုင် နိုင် မှသာ၊ ချင်ယုကို တိုက်ခိုက်ဖို့ ငါမှာ ယုံကြည်ချက် ရှိလိမ့်မယ်။ "
ဤနေရာ၌ ပိတ်မိ ပါက သေရ မည်ကို သူသိ သောကြောင့်၊ လင်းယွန်၏ မျက်နှာမှာ ပျက်ယွင်း သွားသည်။
သည်အချိန်၌ အရမ်း စိတ်ဓာတ် ကျလာ၏။ ဤသည်မှာ ရှန်ရှင်း ဓား ရည်ရွယ်ချက် အတွက်၊ ဓားသမား တစ်ဦး၏ ငတ်မွတ်မှု ဖြစ်သည်။
မကြာခင် မှာပင် ရှေးဟောင်း စင်မြင့် ပေါ်၌၊ ပန်းသင်္ချိုင်း ဓားကို လွှဲရမ်းကာ၊ သူ့ကိုယ်ပိုင် ဓားကို ရှာဖွေရန်၊ သင်ယူခဲ့ သမျှကို ပြန်လည် လေ့ကျင့် နေမိ တော့သည်။
ထိုအချိန်တွင် နောက်ထပ် ကြယ်ရောင်များ ဆင်းသက် လာပြီး၊ သူ့ နှလုံး သားကို ထပ်မံ လှုံ့ဆော် လာပြန်သည်။
အချိန် အတော် ကြာပြီးနောက်၊ ကြယ်အလင်းများ ရှစ်ကြိမ် တိတိ ကျဆင်း ခဲ့ပြီး ဖြစ်၏။ ကြယ် အလင်းများ ကျဆင်း လာချိန် တိုင်းတွင်၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ဖြင့်၊ နီးကပ် လာနေ ပြီဟု ခံစား လာရသည်။
သို့သော် ထိုလမ်း၌ ပိတ်ဆို့မှု တစ်ခု ရှိနေသည်။ ၎င်းကို ချိုးဖြတ် ပစ်ရန်၊ ဓားတာအိုနှင့် ပတ်သက်၍၊ 'ဉာဏ်ပညာ မြင့်မားခြင်း' ဟူသော အချက် အပေါ်၊ အလွန် မှီခို ပေသည်။
“ လေဝဲဓား၊ မိုးကြိုး လက်ခုပ်သံ ငါးပါး၊ သခင့်ဓားနှင့် လရောင် ရေစင် ဓား… ဒါတွေ အားလုံးက အခု ချိန်ထိ ငါကျင့်ကြံ ခဲ့ရတဲ့ ဓားရေး တွေပဲ၊ ... ''
'' ... သခင့်ဓား ကလွဲလို့၊ ကျန်တဲ့ ဓားရေး သုံးရပ် လုံးမှာ၊ အမြင့် မားဆုံး ကျွမ်းကျင် မှုကို ရောက်ရှိ နေပါပြီ ....၊ ငါလုပ် ရမှာက ဒီနည်း စနစ်တွေ အပေါ် နားလည် ထားတဲ့၊ ငါ့ရဲ့ နားလည် နိုင်စွမ်းကို၊ ပြန် အသုံး ချပြီး၊ ပိတ်ဆို့ မှုကို ဖြတ်ကျော်ဖို့ ပါပဲ။ ”
ရှန်ရှင်း ဓား ရည်ရွယ် ချက်နှင့်၊ နီးကပ် လာသည်ကို သိလိုက် ရသောကြောင့်၊ ဝမ်းသာ သွားသည်။ သို့သော် ၎င်းမှာ ချည်းကပ် ပုံသာ ဖြစ်ပြီး၊ အပြည့် အဝ မဖြေရှင်း နိုင်သေးပေ။
ဆိုလို သည်မှာ ဓားတာအို၏ အစွယ်ကို ရယူ ခြင်းဖြင့်၊ ရှန်ရှင်း ဓား အပေါ် နားလည် နိုင်မည်ဟု အဓိပ္ပါယ် ရပေသည်။
ဤအခိုက် အတန့်တွင်၊ သခင် ဆယ့်သုံး၏ အသံက ဓားသင်္ချိုင်း နယ်မြေ အတွင်းသို့၊ ပဲ့တင် ထပ်လာ၏။
“ ကောင်လေး၊ မင်းက... ကြယ်ရောင် ရှစ်ကြိမ် လှုံပြီး နေပြီ၊ ကိုးကြိမ်မြောက် မှာမှ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ နားမလည် သေးရင်၊ နောက်တစ်ကြိမ် ကျရောက် လာမဲ့ ဒဿမမြောက် ကြယ်ရောင်က၊ မင်းကို နာကျင် မှုတွေ စပေးလာ လိမ့်မယ်၊.... ''
'' ... ဒါကြောင့် ခရမ်းရောင် နန်းတော် နယ်မြေကို မရောက် သေးဘဲ၊ ဆဋ္ဌမ အဆင့်ကို မတက် သင့်ဖူးလို့ ငါပြော ခဲ့တာ၊ ဒီတစ်ကြိမ် ပြီးရင် မင်းကို ဘယ်သူမှ၊ ကယ်တင် နိုင်မှာ မဟုတ်ဖူး ဆိုတာ သတိ ရပါ၊ ဒါက မင်းရဲ့ နောက်ဆုံး အခွင့် အရေးပဲ။ "
သခင် ဆယ့်သုံး၏ စကား များက၊ လင်းယွန်၏ ဦးခေါင်းပေါ် ရေအေး အေးဖြင့်၊ လောင်းချ လိုက် သကဲ့သို့၊ သူ့မျက်နှာကို ပြောင်းလဲ သွားစေ ခဲ့သည်။
နဝမမြောက် ကြယ်အလင်း၊ ဆိုလို သည်မှာ သူ၏ နောက်ဆုံး အခွင့် အရေး ဖြစ်၏။ ယင်းကို မဖမ်းယူ နိုင်ပါက၊ ဤနေရာ၌ သေဆုံး ပေမည်။
ခေါင်းကို မော့ကာ ကြယ်ရောင်စုံ လင်းနေသော ကောင်းကင် ယံကို စိုက်ကြည့် လိုက်မိသည်။
***