သူလာ လိမ့်မယ်။
Vol. 33 Ch. 455
နဝမမြောက် ကြယ်အလင်း၊ ကျရောက် လာချိန်တွင်၊ ရှန်ရှင်း ဓားကို မဖမ်းယူ နိုင်ပါက၊ ဤနေရာ၌ သေဆုံး ရပေမည်။
ယင်း ခံစားကြောင့် ပင့်သက် ရှိုက်ကာ၊ ကြယ်ရောင်စုံ လင်းလက် နေသော ကောင်းကင် ယံကို မော့ကြည့် လိုက်မိ၏။
သည့်ထက် ပို၍ အများကြီး မတွေး နိုင်ခင်မှာပင်၊ ကြယ်ရောင်များ ထပ်မံ ကျဆင်း လာပြီ ဖြစ်သည်။
ကြယ်ရောင် များက စိတ်ထဲသို့ ထောင်သောင်း မကသော လှုံ့ဆော်မှု များကို ချက်ချင်း ပို့လွှတ် လာ၏။
လှုံ့ဆော်မှု တိုင်းမှာ၊ နှလုံးသား အပေါ်တိုက်ရိုက် ထိမှန် နေပေသည်။
ပထမ ရှစ်ကြိမ်တွင် အန္တရာယ် ရှိမှန်း မသိ သောကြောင့်၊ ပေါ့ပါးစွာ ရင်ဆိုင် နိုင်ခဲ့သည်။ ယခုမူ ဤသည်မှာ သူ၏ နောက်ဆုံး အခွင့် အရေး ဖြစ်မှန်း သိလာသည့် အတွက်၊ ချက်ချင်းပင် ထိတ်လန့် သွားသည်။
၁။ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကား၊ အဘယ်နည်း။
၂။ ၎င်းမှာ မည်သည်ကို ရည်ညွှန်း သနည်း။
၃။ ကိုယ်ပိုင် ဓားကို မည်သို့ ဖန်တီးရ မည်နည်း။
အထက်ပါ မေးခွန်း များကို မဖြေနိုင် ပါလျှင်၊ သူသေရ မည်လော။ ဤသို့ ဆိုသော် ရှင်းဂျူကို ပေးထားသည့် ကတိမှာ၊ ပျက်ယွင်း ရပေ လိမ့်မည်။
( ဟား ဟား ဟား၊ ဓားကျွန် တစ်ယောက်က ချန်ပီယံ ဖြစ်ချင် နေတာလား၊ စစ်မှန်သော တိမ်တိုက် ကလေး လက်ကနေ၊ အသက်ရှင်လျက် ထွက်လာ နိုင်ရင် ကိုပဲ၊ မင်း ကံကောင်း တယ် မှတ်ပါ၊ မင်းက ငါနဲ့ ပြိုင်ချင် နေသေး တာလား။ )
( ကောင်လေး ... ၊ ငါချန်ပီယံ ဖြစ်တဲ့ အခါ၊ ဘာကို တောင်းမယ် ဆိုတာ၊ မင်း ... ခန့်မှန်း ကြည့်ပါလား။ )
( ငါ့ ကြင်ယာတော်ကို ငါ့ဆီ ကနေ ဘယ်သူ ကမှ ဆွဲယူ မသွား နိုင်ပါဘူး၊ ငါ့ပိုင်တဲ့ အရာကို ငါ ပြန်ယူတဲ့ အခါ၊ မင်းက အဆ တစ်ရာ ပြန်ပေးဆပ် ရ လိမ့်မယ်။ )
( မင်းရဲ့ စီနီယာ အစ်မ ရှင်းယန်က၊ ငါ့ရဲ့ လူသား ဆေးအိုး ဖြစ်လာ ရုံသာ မကဘူး၊ အရာ အားလုံးကို မင်းဆီက ငါယူမယ်။ )
'' မင်း ငါ့ခေါင်းထဲ ကနေ ထွက်သွားစမ်း ... ''
ချင်ယု၏ အသံမှာ အကြောင်း တစ်ခု ခုကြောင့်၊ စိတ်ထဲတွင် တချိန်လုံး ပေါ်လာ နေတက်ပြီး၊ သူ့ကို လှောင်ပြောင်ကာ သတ်ချင် စိတ်ဖြင့် ငုံ့ကြည့် လာလေသည်။ ယင်းကြောင့်၊ အော်ဟစ် မောင်းထုတ် ပစ် လိုက်ရ၏။
သို့သော် မရေတွက် နိုင်သော အတွေး များက၊ သူ့စိတ် ထဲတွင် ဖြစ်ပျက် ပြည့်နှက် နေမြဲ ပေပင်။
( ဟား ဟား ဟား၊ ငါဒီမှာ ဓားကျွန်ငယ်၊ မင်းငါ့ကို ဘာလုပ် နိုင်မှာလဲ၊ မင်းငါ့ကို သတ်နိုင်မယ် ထင်လား။ )
( မင်းငါ့ကို သတ်လို့ မရ ပါဘူး၊ မင်းက ငါ့ရဲ့ခြေနင်းတုံး ဖြစ်ဖို့၊ ကံကြမ္မာက သတ်မှတ် ထားပြီး သားပါ၊ မင်းဆီက အရာ အားလုံးကို ငါယူ ရလိမ့်မယ်။ )
'' ကံကို ငါ မယုံဘူး၊ .... ''
( ရှင်းဂျူပဲ ဖြစ်ဖြစ်၊ ရှင်းယန်ပဲ ဖြစ်ဖြစ်၊ သူတို့ နှစ်ယောက်လုံး မင်းကြောင့် သေရ လိမ့်မယ်၊ မင်းလည်း ကြီးလေးတဲ့ အပြစ် တွေနဲ့ သေရမယ်။ )
ချင်ယု၏ အသံ များသည်သာ၊ သူ့စိတ်ထဲ ပဲ့တင် ထပ်လာ၏။
ဓားသင်္ချိုင်း တောအုပ် အပြင် ဘက်ရှိ သခင် ဆယ့်သုံးက၊ လင်းယွန် နှလုံးသားတွင် နတ်ဆိုး ရှိနေ လိမ့်မည်ဟု၊ တစ်ကြိမ်မျှ မမျှော်လင့် ထားသောကြောင့်၊ မျက်မှောင် ကြုတ်လိုက် မိ၏။
လင်းယွန်သည် စိတ်ဓာတ် သန်မာ ပုံရ သော်လည်း၊ နောက်ကွယ်ရှိ သူ့ နှလုံး သားက ကြောက်ရွံ့ နေပေ၏။ နောက်ဆုံး၌ ပြိုင်ပွဲတွင် ရှုံးနိမ့် သွားမည်ကို လိုလားပုံ မရပေ။ သူ့ပခုံး ပေါ်ရှိ ထမ်းထား ရသော ဝန်မှာ၊ လေးလံ လွန်းလေသည်။
တစ်စုံ တစ်ယောက် သည်၊ မိမိ အသက်ကို ပေးအပ်ကာ၊ ကတိ တစ်ခုကို တောင်းယူ သွား၏။ ထိုသူ၏ ရန်သူမှာ သန်မာ လွန်းချေပြီ။
ထို့ပြင် နှလုံးသား ထဲ၌၊ နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ထားသော အခြား လျှို့ဝှက်ချက် များလည်း၊ ရှိကောင်း ရှိနေ နိုင်ပေမည်။
ယင်းအား မည်သူ့ ကိုမှ၊ မမျှဝေ နိုင်သော ကြောင့်၊ သူကိုယ်တိုင် ဖောက်ထွက် နိုင်ခြင်း ဖြင့်သာ ဖြေရှင်း နိုင်၏။
လင်းယွန်မှာ ကလေး တစ်ယောက် ပေပင်။ မည်မျှပင် သန်မာ စေကာမူ၊ ဆယ်ကျော်သက် အရွယ်သာ ရှိနေ သေးသည်။
'' ကောင်လေး... မင်း ဒါကို အနှေးနဲ့ အမြန် ရင်ဆိုင် ရမှာပါ၊ ရှန်ရှင်း ဓားက ဘယ်လောက်အစွမ်း ထက်တယ် ဆိုတာ၊ မင်း နားမလည် နိုင်သလို၊ ခရမ်းရောင် နန်းတော် နယ်ပယ်ကို မရောက်ခင်၊ ဒါကို ဆုပ်ကိုင် နိုင်ဖို့ ဆိုတာ၊ ဘာအဓိပ္ပါယ် ဆောင်လဲ မင်း မသိ ပါဘူး။ ''
သခင် ဆယ့်သုံးက ဓားသင်္ချိုင်း နယ်မြေ ဝင်ပေါက်ကို စိုက်ကြည့်ကာ၊ ညည်းတွား လိုက်သည်။
လက်ထဲရှိ ဘူးသီး ခြောက်ကို၊ သတိ လက်လွတ် တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် မိသဖြင့်၊ ကြေမွ လုနီးပါး ကွဲအက် သွားရ လေသည်။
***
မျက်စိ တစ်မှိတ် အတွင်း သုံးရက် ကုန်ဆုံးသွားကာ၊ နဂါး တံခါး ပြိုင်ပွဲ၏ နောက်ဆုံး တိုက်ပွဲ ကျင်းပမည့် နေ့အား၊ ရောက်ရှိ လာခဲ့ လေသည်။
ယနေ့ ချန်ပီယံ အား ဆုံးဖြတ် ပေမည်။
လူတိုင်းက မဟာချင် အင်ပါယာ၏ အသန်မာဆုံး ပုဂ္ဂိုလ်ကို သိချင် နေကြသည်။ ထို့ကြောင့် နဂါး တံခါး ရင်ပြင်တွင်၊ စောလျင် စွာပင် ကျင့်ကြံ သူများဖြင့်၊ ပြည့်နှက် နေလေပြီ။
ဧည့်သည်တော် ထိုင်ခုံ များတွင် ဂိုဏ်းကြီး လေးဂိုဏ်းနှင့်၊ မျိုးနွယ်စု အသီး သီးတို့ ရောက်ရှိ နေပြီ ဖြစ်သည်။
ဧကရာဇ် ချင်က ချင်ယုနှင့် ဖီးနစ် ပန်းကလေးကို ခြုံရံကာ လျှောက်လှမ်း လာလျှက်မှ၊ လူစည်ကား နေသော ရင်ပြင်ကို ကြည့်ပြီး၊ ပြုံးလိုက်၏။
" ယုအာ ... ဒီနေ့ မျက်လုံးပေါင်း များစွာ ရှေ့မှာ၊ နဂါး တံခါး ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာ နိုင်ခဲ့ရင်၊ ဂုဏ်ယူ စရာ ကိစ္စ ကြီးပါပဲ၊ ဒါကြောင့် မင်းသာ ချန်ပီယံ ဖြစ်လာရင်၊ ငါ့ရဲ့ ဆက်ခံသူ အဖြစ်၊ လူတိုင်း သိစေ ရလိမ့်မယ်။ "
“ တော်ဝင် ဖမည်းတော်ကို စိတ် မပျက်စေ ရပါဘူး၊ တော်ဝင် မိသားစုရဲ့ ဂုဏ်ကို၊ ငါ စောင့်ထိန်း ပါ့မယ်။ ”
ချင်ယုက စိတ်လှုပ် ရှားစွာ တုန့်ပြန် လိုက်သည်။ ချန်ပီယံ ဖြစ်ဖို့၊ စိတ်ပိုင်းဖြတ် ထားရသည့် အကြောင်း ရင်းမှာ၊ အင်ပါယာကို အမွေဆက်ခံသူ အဖြစ်၊ ဧကရာဇ် ချင်နှင့် အပေး အယူ၊ လုပ်ထား သောကြောင့် ဖြစ်လေသည်။
ဖီးနစ် ပန်းကလေး မှာမူ၊ သူတို့ သားအဖ၏ စကားများ အပေါ်၊ အာရုံ ရှိပုံ မရဘဲ၊ မျက်ဝန်း များက တစ်စုံ တစ်ယောက်အား၊ ဖြန့်ကျက် ရှာဖွေ နေခဲ့သည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ ဦးဆောင် အကြီး အကဲက စစ်မှန်သော တိမ်တိုက် ကလေးကို ကြည့်ကာ၊
" စစ်မှန်သော တိမ်တိုက် ကလေး ...၊ လွင့်မျော နေသော ရေခွက် မပါဘဲ၊ ချန်ပီယံ ဆုရဖို့ ဆိုတာ မင်းအပေါ် မူတည် နေပြီ။"
သူက ပြုံးကာ ဆိုလိုက် သော်လည်း၊ စစ်မှန်သော တိမ်တိုက် ကလေး၏ မျက်လုံးများမှာ၊ တုန်ခါမှု များဖြင့် တောက်ပ လာသည်။
“ အဲဒါကို စိတ်မပူ ပါနဲ့၊ ချင်ယုက သန်မာ ပေမယ့်၊ သူ့ကို အနိုင် ယူဖို့၊ (၅၀%) ယုံကြည်မှု ရှိတယ်၊ သေချာပေါက် ချန်ပီယံ ဆုကို ငါရယူ မှာပါ။ ”
" အစ်ကိုကြီး၊ ဓားနန်းတော်က အဲဒီ ကောင်ကို၊ ငါ့အစား လက်စားချေ ပေးပါ။ "
တန်းယောင်းက ကျားနဂါး လက်သီးဖြင့်၊ လင်းယွန်ကို ရှုံးနိမ့် ခဲ့ခြင်း အပေါ်၊ ပြန် အမှတ် ရသော အခါတွင်၊ အံကြိတ် ပြောကြား ခဲ့သည်။
" ဟမ့်၊ ... အကြင်နာ ချောက် ကမ်းပါးနဲ့ မတိုက် ခင်မှာ၊ သူ့ကို အနိုင် ယူဖို့ ယုံကြည်ချက် မရှိ နိုင်သေးဘူး၊ ဒါပေမယ့် အခု သူ့ရဲ့ ဝှက်ဖဲ တွေကို ငါသိပြီ ဆိုမှတော့ ... မင်းအတွက် ငါလက်စား ချေပေး မှာပါ။ ”
-ဟု စစ်မှန်သော တိမ်တိုက် ကလေးက၊ မထူးခြား ဟန်ဖြင့်၊ ပြန်ဖြေ လိုက်သည်။
အကြင်နာ ချောက် ကမ်းပါးနှင့် တိုက်ပွဲသည်၊ လင်းယွန် အပေါ် သူ၏ အမြင်ကို၊ ပြောင်းလဲ စေခဲ့သည်။ ယခု အချိန်၌ သူ့ပြိုင် ဘက်မှာ၊ တစ်ယောက် တည်းသာ ရှိပေ တော့၏။
လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းသားများ မှာမူ၊ သက်တောင့် သက်သာ အမူ အယာ များဖြင့်၊ စကား စမြည် ပြောဆိုနေ ကြသည်။
စီရွှယ်ယီနှင့် လရောင် ရေစင် တို့ကြား တိုက်ပွဲကြောင့်၊ ၎င်းတို့ အနက် တစ်ဦးကို ဖယ်ရှား ပစ်မည်ဟု ဆိုလို သော်လည်း၊ ယင်းမှာ ဂိုဏ်းကြီး အနေဖြင့်ဉ သေချာပေါက် ထိပ်တန်း လေးဦး စာရင်းသို့၊ တက်ရောက် နိုင်မည်ဟု အဓိပ္ပါယ် ရပေသည်။
စီရွှယ်ယီက ပြုံးလိုက်ပြီး၊
“ အစ်မ သတိ ထားပါ၊ ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်လိုက်မှာ မဟုတ်ဘူး။ "
“ အကောင်း ဆုံး လုပ်ပါ၊ မင်းက ထိပ်ဆုံးလေးယောက်ထဲ ဝင်ချင် နေတာ ငါသိတယ်၊ ဒါပေမယ့် ငါလည်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ”
လရောင် ရေစင်က ခေါင်းညိတ်ကာ၊ တုန့်ပြန် လိုက်သည်။
" ဟမ်... "
စကားဆို နေရင်းမှ စီရွှယ်ယီ၏ ရုတ်တရက် အာမေဋိတ် သံကြောင့်၊ လရောင် ရေစင်က အနည်းငယ် ရှုပ်ထွေး သွားကာ၊ "ဘာလဲ" ဟု ပြန်မေး လိုက်သည်။
" ဓားနန်းတော် မှာ တစ်ယောက် ပျောက်နေတယ်။ "
" အဲဒီ ကောင်လေးလား၊ ဂျူနီယာ မောင်လေး... မင်းက သူ့ကို စိတ်ပူ နေပုံပဲ၊ သူက စစ်မှန်သော တိမ်တိုက် ကလေးကြောင့်၊ နှုတ်ထွက် သွားတာလည်း ဖြစ်နိုင် ပါတယ်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက၊ သူ့ အတွက် ခံစား ချက်တွေ၊ ပြည့်နှက် နေတယ် ဆိုတာ၊ ငါကြား သိထားတယ်။ "
“ အဲဒီလို မဟုတ် ပါဘူး … ”
စီရွှယ်ယီက ခေါင်းခါရမ်း လိုက်ကာ၊
“ ... သူက ဒီလိုလူ မဟုတ်ဘူး၊ နောက်ပြီး သူသာ ကြောက်တက်ရင်၊ ချင် နိုင်ငံတော်ကို လာမှာ မဟုတ်ဘူး။”
စီရွှယ်ယီက လင်းယွန်နှင့် ပထမဆုံး တွေ့ဆုံသည့် အချိန်ထံ၊ အတွေးရောက် သွားသည်။
ထိုအချိန်က လင်းယွန်မှာ မည်မျှပင် အားနည်း နေ သော်လည်း၊ ယွဲ့ဝေဝေကို ကယ်တင်ရန်၊ ဘိုင်လိရွှမ်၏ ဓားရှေ့၌၊ မတ်တပ် ရပ်ရဲ ခဲ့ဖူးသည်။
အဆုံးတွင် ခေါင်းငုံ့ ခြင်းထက်၊ 'ယင်' လေ စီးကြောင်း ထဲသို့ ခုန်ဆင်းရန်၊ ရွေးချယ် သွားခဲ့၏။
စီရွှယ်ယီက ဘယ်ဘက် လက်ဖဝါးသို့ ခေါက် ယပ်တောင်ကို ပုတ်နေ ခဲ့ပြီး၊ လင်းယွန်ကို စိတ်ပူ နေလေသည်။
ရုတ်တရက် ဧကရာဇ် ချင်က၊ သူ့လက် ထဲရှိ ကျောက်စိမ်း သင်္ကေတကို၊ ချေမှုန်း လိုက်သည်နှင့်၊ နဂါး တခါး ရင်ပြင်ရှိ ဗဟို စင်မြင့်မှာ၊ တုန်ခါ လာလေသည်။
ပြီးနောက် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက် သွားကာ၊ မကြာမီ နဂါး တံခါး ပြိုင်ပွဲ စတင် တော့မည့်၊ လက္ခဏာများ ပြသ လာ၏။
ချင်ယုနှင့် အတူ စစ်မှန်သော တိမ်တိုက် ကလေးက စင်မြင့် ပေါ်သို့ ဦးစွာ၊ ပျံသန်း သွားကြသည်။
ရင်းရင်း နှီးနှီးဖြင့်၊ နှစ်ယောက်သား နှုတ်ဆက် စကားများ ဖလှယ် လိုက် ကြ၏။
ထိုအချိန်မှာပင် ဖန်းယီက စင်မြင့်ပေါ် ဆင်းသက် လာသည်။ ပြိုင်ပွဲ စင်မြင့်သည် မြေပြင်မှ ပေ တစ်ရာကျော် အမြင့်၌ ရှိနေကာ၊ အခြား သူများ အတွက် ပျံတက် ရသော်လည်း၊ ဖန်းယီ အတွက်မူ သူ့ခြေထောက်ကို၊ မြောက်နင်း ရုံသာ ရှိလေသည်။
သူ၏ ကြောက်မက်ဖွယ် ကောင်းသော အလေး ချိန်ကြောင့်၊ စင်မြင့် တစ်ခု လုံးကို ချက်ချင်းပင်၊ တုန်လှုပ် သွားစေ၏။
သူ့ နောက်တွင် ဘိုင်လိရွှမ်၊ စီရွှယ်ယီ၊ လရောင်ရေစင်နှင့် ယွီချင်းတို့ ဆင်းသက် ရောက်ရှိလာသည်။
သို့သော် လင်းယွန် မရောက် ရှိသေး ကြောင်းကို၊ တစ်စုံ တစ်ယောက်က စတင် သတိ ထားမိ လာ၏။
လင်းယွန် မှလွဲ၍ အားလုံးက၊ စင်မြင့် ပေါ်၌ ရှိနေ ကြသည်။ သည်ကနေ့သည် ပြိုင်ပွဲ၏ နောက်ဆုံး အကျော့ ဖြစ်ပြီး၊ အချိန်မှီ ရောက်ရှိ လာနိုင်ခြင်း မရှိ ပါက၊ ကြောက်ရွံ့ကာ အရှုံး ပေးခြင်း မည်ပေသည်။
နောက်ဆုံး ပြိုင်ပွဲ နေ့တွင်၊ တစ်စုံ တစ်ယောက် နောက်ကျ နေခြင်းမှာ၊ မယုံ နိုင်ဖွယ် ဖြစ်သောကြောင့်၊ လူတိုင်းက သံသယ ဝင်လာ ကြသည်။
ဂိုဏ်းအသီး သီး၏ အကြီး အကဲများ သည်လည်း၊ အချင်းချင်း တီးတိုး ပြောဆို လာ၏။ သည်အချိန်၌ ဤသို့ ပျက်ကွက် ခြင်းမှာ အဆင် မပြေ လှချေ။
ဧကရာဇ် ချင်က မကျေ မနပ် ဖြစ်လာပြီး၊ မျက်မှောင် ကြုတ်လိုက်သည်။ လျိုဖန်းက ရှင်းပြရန် ပြင်လိုက် ချိန်တွင်၊ ဧကရာဇ် ချင်က ရုတ်တရက် စကား စလိုက်၏။
" ငါတို့ ဆယ့်ငါး မိနစ်လောက် စောင့်မယ်၊ ဒါကိုမှ သူ မရောက် လာသေးရင်၊ ပြိုင်ပွဲ စတင် ရလိမ့်မယ်။ ''
" မပူ ပါနဲ့ ... ၊ ငါတို့ ဆယ့်ငါး မိနစ်လောက် စောင့်နိုင် ပါတယ်။ "
“ ဟုတ်တယ် ဒီလိုပဲ လုပ်ကြ ရအောင်။ ”
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး ဆယ့်ငါး မိနစ် ပြည့်ခါ နီးတွင်၊ လျိုဖန်းက၊
" သူ ဘာလို့ မလာ သေးတာလဲ ..."
ဟု ညည်းတွား လိုက်လေသည်။
ရှင်းယန်နှင့် လီဝူယု မှာလည်း၊ ထိုကိစ္စ အတွက် စိုးရိမ် ပူပန် နေကြသည်။ ပြိုင်ပွဲတွင် လင်းယွန် တစ်ယောက်၊ ယှဉ်ပြိုင်ခွင့် ဆုံးရှုံး သွားမည်ကို၊ စိုးရွံ့ လာမိခြင်း ပေပင်။
" အစ်ကိုကြီး ဆီက ဘာ သတင်းမှ၊ မရဖူး မဟုတ်လား။ "
" သူ အဆင်ပြေ ပါလိမ့်မယ်၊ ဓားသင်္ချိုင်း တောအုပ် ထဲမှာ ဆိုရင်၊ ဘယ်သူမှ သူ့ကို မထိ နိုင်ပါဘူး။ ”
ဟု လျိုဖန်းက နှစ်သိမ့် ခဲ့သည်။
သို့သော် အကြောင်း တစ်ခု ခုကြောင့်၊ သူ့စိတ်ထဲတွင် လေးပင် နေသော အရာ တစ်ခု ရှိလေသည်။
သူ့ကို မည်သူမှ မထိနိုင် သော်လည်း၊ သူ့ကိုယ်သူ အန္တရာယ် ဖြစ်စေ ပါလျှင်၊ ထိုသို့ မဟုတ် တော့ပေ။
အဆုံးတွင် ၎င်းကို ကောင်းကင် ဘုံ၏ အလို အတိုင်းသာ ထားရန် ဆုံးဖြတ် လိုက်သည်။
“ ဆယ့်ငါး မိနစ် ပြည့်ပြီ ဆိုတော့ .... ၊ ပြိုင်ပွဲ စကြမယ်၊ ပထမ ဆုံးပွဲ ... ပျံသန်း နေသော ငှက်မွှေးနဲ့ စစ်မက် သားရဲကြီး ။ ''
ဧကရာဇ် ချင်က အဆင် မပြေသော အမူအရာဖြင့်၊ ကြေညာသည်။ ဤဓားကျွန်သည် မခန့် လေးစား နိုင်ပေ၏။
" ထိပ်တန်း လေးယောက် စာရင်း ဝင်ခွင့် ရလို့ ဂုဏ်ယူ ပါတယ်။ "
ချင်ယုက ပြုံးပြကာ၊ စစ်မှန်သော တိမ်တိုက် ကလေးအား၊ ဂုဏ်ပြု စကား ဆိုသည်။
“ သူဒီမှာ ရှိ နေလို့ ...၊ အနိုင်ယူ နိုင်ခဲ့ ရင်တောင် ၊ ဘာများ ဂုဏ်ယူ စရာ ရှိမှာလဲ၊ သူ့ကို သင်ခန်းစာ မပေး နိုင်တဲ့ အတွက်၊ ပိုလို့တောင် စိတ်ပျက် မိပါတယ်။ ”
စစ်မှန်သော တိမ်တိုက် ကလေးက၊ စိတ်ပျက် လက်ပျက် တုန့်ပြန် ညည်းတွား လိုက်သည်။
စီရွှယ်ယီက ဘိုင်လိရွှမ်ကို ကြည့်ကာ၊
" ဘိုင်လိရွှမ်၊ သူဒီမှာ မရှိလို့ မင်းလည်း စိတ်မကောင်း ဖြစ်ရတယ် မဟုတ်လား။ "
" မဟုတ်ဘူး၊ သူ လာ မှာ ပါ။ "
ဘိုင်လိရွှမ်က ပြန်ဖြေပြီး၊ စင်ပေါ် ကနေ ဆင်းသွား တော့သည်။
" သူ လာမယ်၊ မဖြစ် နိုင်တာ …။ ”
ဘိုင်လိရွှမ်၏ အဖြေကြောင့်၊ စီရွှယ်ယီက ပြုံးပြီး စင်ပေါ်မှ လိုက်ပါ ခုန်ဆင်း သွားသည်။
ထို့ကြောင့် ချင်ယုနှင့် ဖန်းယီ တို့ နှစ်ဦး တည်းသာ စင်မြင့် ပေါ်၌၊ ရပ်လျက် ကျန်ရှိ တော့သည်။
တစ်စုံ တစ်ယောက် ပျက်ကွက် နေသော်လည်း၊ ပြိုင်ပွဲက ပုံမှန် အတိုင်း၊ဆက်လက် ကျင်းပ နေပေသည်။
***