ဆိုက်ရောက်ခြင်း။
Vol. 33 Ch. 456
ချင်ယုနှင့် ဖန်းယီ တို့ နှစ်ဦး တည်းသာ စင်မြင့် ပေါ်၌၊ ရပ်လျက် ကျန်ရှိ တော့သည်။
တစ်စုံ တစ်ယောက် ပျက်ကွက် နေသော်လည်း၊ ပြိုင်ပွဲက ပုံမှန် အတိုင်း၊ ဆက်လက် ကျင်းပ လာ၏။
မေးခွန်း ထုတ်စရာ မလို အောင်ပင်၊ လူတိုင်းက ချင်ယု ကိုသာ အကောင်းမြင် စိတ်များ ရှိနေ ပေသည်။
သူတို့ မျှော်လင့် မိသည့်၊ တစ်ခု တည်းသော အရာမှာ ဖန်းယီ အနေဖြင့်၊ မည်မျှ တွန်းလှန် နိုင်မည်ကို သိလိုခြင်း ဖြစ်သည်။
ယင်းမှာ ဖန်းယီ အပေါ် နိမ့်ချခြင်း မဟုတ်ဘဲ၊ အကောင်းမြင် ခြင်းသာ ဖြစ်ပေသည်။ ပွဲစဉ် တစ်လျှောက် ချင်ယုမှာ၊ ပြိုင်ဘက် အားလုံးကို၊ အပြတ် အသတ် ချေမှုန်း ပစ် နိုင်ခဲ့ သောကြောင့် ဖြစ်သည်။
ထို့ပြင် ဖန်းယီသည် ပါရမီရှင် နှစ်ပါးကို၊ သတ်ခဲ့သော လင်းယွန် မဟုတ် လေရာ၊ သဘာဝ အတိုင်း မျှော်လင့် စရာ မရှိပေ။
" မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ရှုံးနိမ့် မှုကို ဝန်ခံပါ။ ”
ဖန်းယီကို ကြည့်ကာ ချင်ယုက ပြောလိုက်သည်။ ဤပြိုင်ပွဲသည် လင်းယွန်ကို သတ်ရန် အခွင့် အရေး တစ်ခု ဖြစ်သောကြောင့်၊ ၎င်းကို လက်လွှတ် ရတော့မည် ဖြစ်ရာ၊ စိတ် ပျော်ရွှင်ခြင်း မရှိ တော့ပေ။
သည်နေ့သာ ရောက်မလာ ခဲ့ပါက၊ လင်းယွန်ကို သတ်ရန်၊ အပို ဒုက္ခ ဖြစ်ပေ ဦးမည်။
" ဟီးဟီး၊ မင်းက ပြိုင်ဘက်တွေ အပေါ် ရက်စက် တက်တယ် ဆိုတာ ငါ သိပါတယ်၊ ရှုံးနိမ့် မှုကို လက်မခံ ချင်တဲ့၊ မင်းရဲ့ ပြိုင်ဘက် အများ စုက၊ သေခြင်း မဟုတ် ရင်တောင်၊ ချိနဲ့ ကုန်လိမ့်မယ်။ "
ဖန်းယီက ပြုံးကာ ပြန်ဖြေ လိုက်သည်။
" အမှန်ပဲ ... ၊ ဒါဆို မင်းဘာလို့ ဒီမှာ ရပ်နေ သေးတာလဲ၊ ထွက် သွား ပါ... "
ချင်ယုက ငေါက်လိုက်သည်။ သူ့ လေသံတွင် မောက်မာသော ခံစား ချက်များ၊ ပါဝင် နေပေသည်။
အင်ပါယာ နယ်နိမိတ် တွင် ရှိသော ဂိုဏ်းငယ်လေး အနေဖြင့်၊ ပြိုင်ပွဲ အတွင်း ဤမျှ အထိ၊ မည်သူမျှ လျှောက်လှမ်း နိုင်ခြင်း မရှိပေ။
ချွန်းချက် အနေဖြင့် ဖန်းယီ တစ်ယောက်သာ ရှိပေသည်။ ယင်းအပေါ် အင်ပါယာ အတွင်းရှိ မည်သူ့ကို မဆို၊ အလွန်စိတ် မချမ်းသာ ဖြစ်စေသည်။
ချင်ယု သည်လည်း သည်လူရိုင်း အပေါ်၊ ကောင်းမွန်သော ခံစားချက် မရှိပေ။ သူ၏ စကား များကြောင့်၊ ဖန်းယီက ပြုံးကာ၊
“ ရိုက်နှက်ခြင်း မှတပါး၊ အခြား ဘယ်အရာ ကမှ၊ ငါ့အရည် အသွေးကို တိုးတက် စေမှာ မဟုတ်ဘူး၊ မင်း တတ်နိုင်ရင် စင်ပေါ် ကနေ၊ ငါ့ကို ကန်ချ လိုက်ပါ၊ မဟုတ်ရင် မင်း ပါးစပ်ကို ပိတ်ထား နိုင်တယ်။ "
ထီမထင် စကား များကြောင့် ပရိသတ် များကြား ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ ဖန်းယီမှာ သူ့ဘွဲ့ နာမည်ဖြင့်၊ တကယ်ပင် ထိုက်တန် ပေသည်။
ချင်ယု၏ ခွန်အားက ကြောက်စရာ ကောင်းကြောင်း၊ သူသိ ထား သော်လည်း၊ ရန်စရန် သတ္တိ ရှိနေ သေးသည်။
“ မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ''
မူလ စွမ်းအင် များက၊ ဖန်းယီ ဦးတည် ရာသို့ မီးတောင် တစ်လုံးလို၊ ချက်ချင်း ပြေးထွက် သွားသည်။
“ သေမင်းကို၊ ဘယ်သူက ဖိတ်ခေါ် မိတာလဲ ဆိုတာ၊ မသေချာ သေးပါဘူး။ ”
စကား ဆုံးသည်နှင့် ဖန်းယီ၏ အရိုးများ အက်ကွဲ စပြု လာပြီး၊ သူ့ခန္ဓာ ကိုယ်မှာ ကြီးမားသော အရွယ် အစားသို့ ပြောင်းလဲ သွားသည်။
ဤအသွင် အပြင်က သူ့အား သန်မာသော တောင်ငယ်လေး တစ်လုံးလို ဖြစ်လာ စေ၏။
ခြေတစ်လှမ်း တိုးလိုက်သော အခါတွင်၊ အရိုင်း အစိုင်း တစ်ကောင် ကဲ့သို့၊ ကြမ်းကြုတ်သော အရှိန် အဝါများ၊ ပေါက်ကွဲ ထွက်လာ လေသည်။
ရှေးဟောင်း တာအို ဂိုဏ်း၏ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်နှင့် နှိုင်းယှဉ် ပါက၊ ဖန်းယီ၏ အသွင်ပြောင်း မှုမှာ၊ ပို၍ ရှေးကျ ပေ၏။ လူသား ဆန်ပြီး အရိုင်း ဆန်သော ခံစား ချက်များ၊ ပေးစွမ်း နေပေသည်။
လှမ်းထွက် လိုက်ရုံဖြင့်၊ သူ့ဆီက ထွက်လာသော ရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းပြီး၊ ကြက်သွေးရောင် အဖြစ် ပြောင်းလဲ သွား၏။
ပြီးနောက် ကြီးမားသော ကြက်သွေးရောင် လက်သီးဖြင့်၊ ချင်ယု ထုတ်လွှတ် လာသော၊ မူလ စွမ်းအင် များကို၊ ဟန့်တား ထိုးခွဲ လိုက်လေသည်။
တဝှီဝှီး အော်မြည်လျက်၊ ပျံသန်း လာသော လက်သီး ကြီးကို ကြည့်ပြီး၊ ချင်ယုက မျက်ခုံးပင့် လိုက်ကာ၊
“ ဒါက အကြွင်းမဲ့ အစွမ်းထက် လွန်းတဲ့၊ အရာတော့ မဟုတ် ပါဘူး။ ”
စကားဆုံး သည်နှင့်၊ မူလ စွမ်းအင် များကို ထပ်မံ တိုးမြှင့် လိုက်သည်။ ဤသည်မှာ 'လေးနက်သော ယန်' နည်းစနစ်ကို၊ ပထမဆုံး အကြိမ် အဖြစ်၊ အပြည့် အ၀ အသုံး ပြုလိုက်ခြင်း ဖြစ်သည်။
၎င်းကို ထုတ်ဖော် လိုက် ချိန်တွင်၊ သူ၏ ရောင်ဝါမှာ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ချက်ချင်း ရောက်ရှိ သွားခဲ့၏။ ဤတိုက် ပွဲတွင် သူ့ကိုယ် သူ၊ ဖုံးကွယ် ထားလိုခြင်း မရှိတော့ ပုံရသည်။
ဖန်းယီကို နှိမ်နှင်း ခြင်းဖြင့်၊ သူက ဤပြိုင်ပွဲ၏ ဇာတ်ဆောင် ဖြစ်ကြောင်း၊ လူတိုင်းအား ကြေငြာ လိုခဲ့သည်။
ယင်း အရှိန် အဝါကြောင့်၊ သူ့ ပတ်ဝန်း ကျင်ကို၊ ကန့်သတ် ခံလိုက် ရကြောင်း၊ ခံစား လာမိသော ဖန်းယီမှာ၊ အနည်းငယ် အံ့အားသင့် သွားသည်။
သို့သော် စစ်ပွဲကို ဆာလောင်သော စစ်သူကြီး တစ်ယောက် ကဲ့သို့၊ စိုးရွံ့မှု တစ်စုံ တစ်ရာ မရှိဘဲ၊ လက်သီး များကို ထပ်မံ ပစ်ထုတ် လိုက်ပြီး၊
" ငါ့ လက်သီးကို လက်ခံပါ။ "
လက်သီး ပေါ်မှ ကြက်သွေးရောင် စွမ်းအင်သည်၊ ချက်ချင်းပင် လေထဲသို့ ပြေးဝင် သွားသော်လည်း၊ ချင်ယုက ၎င်းကို လက်ဖဝါးဖြင့်၊ တည်ငြိမ်စွာ ပြန်လည် တွန်းထုတ် လိုက်သည်။
ချင်ယု၏ အရှိန် အဝါမှာ၊ မီးနတ် ဘုရား တစ်ပါး နှင့်တူပြီး၊ လက်ဖဝါး အတွင်းသို့ တိုးဝင် ပေါင်းစပ် သွားသည်။
ထိုပေါင်းစပ် မှုအောက်တွင်၊ တောက်လောင် နေသော လက်ဖဝါး ကြီးမှာ၊ ကြက်သွေးရောင် လက်သီးထက် များစွာ ကြီးမား လာပေ၏။
လက်ဖဝါး ပြိုကျရာ၊ လမ်း တစ်လျှောက်ရှိ အရာ အားလုံးမှာ၊ ဖျက်ဆီး ခံလိုက် ရသည်။
ဖန်းယီကို ထိသွား သည်နှင့်၊ ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွား ရကာ၊နှုတ်ခမ်း ထောင့်မှ သွေးများ စိမ့်ထွက် လာတော့၏။
“ ထပ် လာ မယ်။ ”
သို့သော် ဖန်းယီက တုန့်ဆိုင်းခြင်း မရှိ၊ ထပ်မံ အားယူကာ၊ ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ လက်သီး မိုးများ ရွာသွန်း ချလိုက် ပြန်သည်။
လက်သီး များက အစွယ်များ ထုတ်ဖော် ပြသ နေသော မြွေဆိုးများ ကဲ့သို့၊ ချင်ယုထံ ပြေးဝင်သွား လေသည်။
ထိုလှုပ်ရှား မှုမှာ ထိတ်လန့် စရာ ကောင်းလွန်းပြီး၊ ကောင်းကင်ကြီး အပြည့် လက်သီး ရိပ်များ ပြည့်နှက် လာစေ၏။
ချင်ယုက မျက်မှောင်ကြုတ် သွားပြီး၊ “ သနား စရာ ကောင်းတဲ့၊ ကလေးကွက် လေးတွေ ... ” ဟု ဆိုလိုက်သည်။
သူ့ခန္ဓာ ကိုယ်မှ မီးတောက်များ 'ဟုန်းခနဲ' ထွက်ပေါ် လာပြီး၊ လက်ဖဝါးထံ စုစည်း ရောက်ရှိ လာသည်။
ခဏ အကြာတွင်၊ မိုးရေစက် များလို ကြွေကျလာသော လက်သီး များကို လက်ဖဝါးဖြင့်၊ ရိုက်ထုတ် ပစ်လိုက်၏။
နေမင်းကြီး တစ်စင်းနှင့်၊ ယှဉ်နိုင်သော တောက်ပမှု အောက်တွင်၊ မြွေဆိုးများ အားလုံး ပျက်စီး သွားရသည်။
" ဒါက အဆုံးသတ် ပါပြီ။ "
သူ့ရှေ့ ရောက်ရှိ လာသော၊ ဖန်းယီကို ကြည့်ကာ၊ ချင်ယုက ဆိုလိုက်၏။ တစ်ဆက်တည်း မှာပင်၊ လက်ဖဝါးကို ထပ်မံ ရိုက်ထုတ်ပစ် လိုက်၏။
စုစုပေါင်း လက်ဖဝါး လေးချက် တိတိကို ထုတ်ဖော် လိုက်ရပြီး၊ လက်ဖဝါး တစ်ချက် စီတိုင်းက၊ ဖန်းယီအား ထိမှန်လျက် သွေးများ အန်ကျ လာစေသည်။
" ထွက် သွား ...."
ပဉ္စမမြောက် လက်ဖဝါးကို ပစ်ထုတ် လိုက်သော အခါ၊ ဖန်းယီမှာ တောင့်မခံ နိုင်တော့ဘဲ၊ စင်ပေါ်မှ လွင့်ထွက် သွားသည်။
ဖန်းယီ ရှုံးမည်ဟု လူတိုင်းက မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ ဤမျှ အထိ စိတ်မကောင်း ဖြစ်ရ လိမ့် မည်ဟု၊ မမျှော်လင့် ထားမိ ကြပေ။
ချင်ယု အနေဖြင့် ပွဲစချိန် ကပင်၊ လုံး၀ ဖိနှိပ် ထားနိုင် ခဲ့သော်လည်း၊ ဖန်းယီမှာ နောက်ဆုံး အချိန်ထိ ဦးဆောင် တိုက်ခိုက်ရန်၊ တစ်ချက်ပင် တွေဝေခြင်း မရှိဘဲ၊ စင်မြင့် ပေါ်မှ ပြုတ်ကျ ပြီးနောက် တွင်ပင်၊ ထရပ်ရန် အားယူ နေခဲ့ လေသည်။
ယင်းကြောင့် ဖန်းယီမှာ ရဲရင့်ကာ၊ အားကောင်း ခဲ့ကြောင်း ဝန်ခံ ရမည် ဖြစ်သည်။
ဤတိုက်ပွဲသည် ချင်ယု၏ ခွန်အားကို လူတိုင်းက အသိမှတ် ပြုလာ ရလေသည်။ ပြိုင်ပွဲ တစ်လျှောက် သည်မျှ ထုတ်ဖော် မပြသ ခဲ့သည်ကို၊ အားလုံးက နားလည် လာကြသည်။
အဘယ်ကြောင့် ဆိုသော် ပြိုင်ဘက် များမှာ သူ့ထက် များစွာ အားနည်း လှပြီး၊ ဖန်းယီကိုပင် လက်တစ်ဖက် တည်းဖြင့် အနိုင် ယူသွား ခဲ့လေပြီ။
" ချန်ပီယံ ဆုက ချင်ယုဆီ ရောက်သွား ပုံပါပဲ။ "
လူအများက အော်ဟစ် မှတ်ချက် ပြုလိုက် ကြသည်။
" အောင်နိုင်သူ ချင်ယု၊ ဒုတိယ ပွဲစဉ် ဆီးနှင်းပွင့်နဲ့ လရောင် ရေစင်။ ”
ဒုတိယ တိုက်ပွဲ ကြေငြာသံ ထွက်ပေါ်လာ သည်နှင့်၊ လူတိုင်း၏ အာရုံမှာ ချင်ယု ထံမှ ဖယ်ခွာသွား ကြသည်။
စီရွှယ်ယီနှင့် လရောင် ရေစင် တို့၏ တိုက်ပွဲမှာ၊ မျိုးဆက် သစ်နှင့် မျိုးဆက်ဟောင်း တို့ကြား၊ အားစမ်းမှု ဟုလည်း ခေါ်ဆို နိုင်သည်။
သည်မတိုင်ခင် စီရွှယ်ယီက ထာဝရကံကောင်း ခြင်းကို အနိုင် ယူပြီး၊ သူ့ ခွန်အားပေါ် သက်သေ ပြထား နိုင်ခဲ့သည်။
ထို့အပြင် စီရွှယ်ယီမှာ ထူးချွန် လှပြီး၊ သူ့ အသွင် အပြင် ကြောင့်၊ မိန်းကလေး အားလုံး၏ အာရုံကို၊ ဖမ်းစား ထားနိုင်သည်။
လရောင် ရေစင် အတွက်မူ၊ သူမ၏ ကျော်ကြားသော 'တိမ်မြူ ကင်းသော ဓား' ကို ထုတ်ဖော် ခဲ့ပြီး၊ စီရွှယ်ယီ သည်လည်း ၎င်းဓားရေး ဖြင့်ပင်၊ ပြန်လည် တိုက်ခိုက် ခဲ့သည်။
သို့သော် လရောင် ရေစင်သည် ဓားကို အသုံး ပြုခဲ့ပြီး၊ စီရွှယ်ယီက ယပ်တောင်ကို အသုံးပြု ပေ၏။
၎င်းတို့ နှစ်ဦးသည် ဂိုဏ်းတူ မောင်နှစ်မများ ဖြစ်ကြပြီး၊ နှစ်ဦး စလုံးက တိမ်မြူ ကင်းသောဓား၏ အနှစ် သာရကို၊ ထုတ်ဖော် ပြသ နိုင်ခဲ့ ကြသည်။
ယင်းသည် တိုက်ပွဲကို ရှေ့ မတိုးသာ နောက် မဆုတ်သာ ဖြစ်သွား စေ၏။ နှစ်ဦး စလုံးက ထိပ်ဆုံး လေးဦး စာရင်း ဝင်ချင်ကြောင်း၊ လူတိုင်း ပြောနိုင်သည်။
၎င်းတို့မှာ တူညီသော ဂိုဏ်းမှ ဖြစ်သော် လည်း၊ မည်သူ ကမျှ ညှာတာ ထောက်ထား ခြင်း မရှိပေ။
တိမ်မြူ ကင်းသော ဓား ကို ကိုင်ဆွဲရန်၊ စီရွှယ်ယီက ယပ်တောင်အား အသုံး ပြုကာ၊ သူနှင့် သက်ဆိုင်သော လမ်းကြောင်းသစ် တစ်ခုကို၊ ချပြ လာခဲ့သည်။
လရောင် ရေစင် အနေဖြင့်၊ တိမ်မြူ ကင်းသော ဓားကို၊ မြင့်မားသော အဆင့် အထိ လေ့ကျင့် ထားနိုင် ခဲ့ သော်လည်း၊ သိုင်းကွက် တစ်ရာကျော် ကြာပြီးနောက်၊ ၎င်းကို တောင့်မခံ နိုင်တော့ပေ။
ထို့ကြောင့် လက်နက် ချကာ၊ ထိပ်ဆုံး လေး နေရာကို စွန့်လွှတ် လိုက်ရသည်။ နောက်ဆုံးတွင်၊ စီရွှယ်ယီက လရောင် ရေစင်ကို၊ အနိုင် ရသွား တော့၏။
“ ကျေးဇူး တင်ပါတယ် စီနီယာ အစ်မ... ။ ”
စီရွှယ်ယီက လက်ဝှေ့ ယမ်းကာ၊ ဆိုလိုက်သည်။
“ မင်းကို ငါ အနိုင် မယူ နိုင်ဘူး၊ ထိပ်ဆုံး လေးဦး စာရင်း ထဲကို ဝင်ပြီး ဆိုမှတော့၊ ဂိုဏ်းအတွက် ထိပ်ဆုံး သုံးနေရာ၊ ဝင်အောင် လုပ်ခဲ့ပါ။ ''
လရောင် ရေစင်က ဆိုသည်။ သူမ ဆုံးရှုံးသွား သော်လည်း၊ ၎င်းကို ကြေကြေ နပ်နပ် လက်ခံ ခဲ့ပေသည်။
ပြိုင်ပွဲများ ပြီးဆုံး လာသည် နှင့်အမျှ၊ လင်းယွန်ကို မည်သည့် နေရာမှ မတွေ့ ရသေးပေ။ ယင်းကြောင့်၊ ဓားနန်းတော်မှာ စိုးရိမ် စိတ်များ တိုးပွား လာသည်။
( ဒီလင်းယွန် မလာတော့ ဖူးလား။ )
ဧကရာဇ် ချင်က သူ့အကြည့် များကို၊ ဓားနန်းတော်မှ ဖယ်ခွာ လိုက်ပြီး၊
" တတိယပွဲ၊ အဖြူရောင် နဲ့ ကောင်းကင်ကြီး။ ''
ဟု ကြေညာ လိုက်သည်။
စည်းမျဉ်း များ အရ၊ လင်းယွန်မှာ ရှုံးနေပြီ ဖြစ်ပြီး၊ အရှုံး သမား အုပ်စု တွင်သာ ရုန်းကန် ရတော့မည် ဖြစ်သည်။
သို့သော် ငရဲ လမ်းကို ရွေးချယ် ခဲ့မည် ဆိုပါလျှင်၊ ဇာတ်လမ်း အသစ် တစ်ပုဒ် ဖြစ်လာ ပေမည်။
ဧကရာဇ် ချင် အနေဖြင့်၊ လင်းယွန် တစ်ယောက် ငရဲ လမ်းကို၊ အမှန် တကယ် ရွေးချယ် ရဲလိမ့် မည်ဟု မယုံ ကြည်ပေ။
ပါရမီရှင် ခုနစ် ပါးဖြင့် တိုက်ခိုက်ရန်၊ မည်မျှ ခက်ခဲ သည်ကို၊ ထည့်မတွက် လျှင်ပင်၊ ရှုံးနိမ့် သွားပါက ပေးဆပ် ရမည့် တန်ဖိုးမှာ၊ ကြီးမား လှလေသည်။
ငရဲ လမ်းကို ရွေးချယ် လိုက်သည်နှင့်၊ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ၊ နောက်ပြန် ဆုတ်ရန် အခွင့် အရေး မရှိပေ။
ဘိုင်လိရွှမ်နှင့် ယွီချင်းတို့၊ နှစ်ယောက်လုံး စင်ပေါ်သို့၊ တပြိုင် နက်တည်း တက်ရောက် လာသည်။
ဘိုင်လိရွှမ်က သူ့ဓားကို ဆွဲထုတ် လိုက် ချိန်တွင်၊ လူတိုင်းက ဓားနှင့် လူ တစ်သားတည်း ဖြစ်သွား သည်ဟု ခံစား မိကြသည်။
သူတော်စင် ခန္ဓာ ကိုယ်ဖြင့် တွဲဖက် ပြီးနောက်၊ ဘိုင်လိရွှမ် အသွင် အပြင်မှာ၊ တုနှိုင်း မဲ့သော ခံစား ချက်ကို၊ ပေးစွမ်း လာခဲ့သည်။
ယွီချင်း ထံသို့ သူ့ဓားကို ထိုးချိန် လိုက်သော အခါတွင်၊ ယွီချင်း တစ်ယောက် အဆုံးသတ် သွားပြီဟု၊ လူတိုင်း ခံစား လိုက်မိသည်။
သူ၏ ဓား ရောင်ဝါမှာ၊ ယွီချင်း၏ အစွယ်ကို လုံးလုံး လျားလျား ဖိနှိပ် နေပေသည်။
" ချေး လို မှ ပဲ... "
ယွီချင်းက သူ့ အားနည်း ချက်ကြောင့်၊ အဆင် မပြေသော အမူ အရာဖြင့် စိတ်ပျက် လက်ပျက် ရေရွတ် လိုက်သည်။
ဤအရာက သူ့ အနေဖြင့်၊ ဘွဲ့တစ်ခု ရရန် မထိုက် တန်ကြောင်း၊ လူတိုင်းကို ပြသရာ ရောက်နေ ပေသည်။
ဖန်းယီက ရှုံးနိမ့် သွားသော်လည်း၊ ချင်ယုကို လေးနက်သော ယန် နည်းစနစ်အား၊ အသုံး ပြုရန်၊ ဖိအား ပေးနိုင် ခဲ့သည်။
ထို့ကြောင့် လူတိုင်းက ချင်ယု၏ ခွန်အားကို မြင်နိုင်လာ သလို၊ ဖန်းယီ အပေါ် တွင်လည်း အသိ အမှတ် ပြုလာ လေသည်။
သို့သော် ယခု အချိန်တွင်၊ ဘိုင်လိရွှမ်က ဓားကို ညွှန်ပြ လိုက်ရုံဖြင့်၊ ယွီချင်းက သူရှုံး သွားပြီ ဖြစ်ကြောင်း သိထားပြီး ဖြစ်သည်။
“ မင်းက ငါတို့ ရှစ်ယောက် ထဲမှာ အညံ့ ဆုံးပဲ၊ မင်းရဲ့ စီနီယာ အစ်ကို ငွေဗျိုင်းဖြူနဲ့ ယှဉ်ရင်၊ အရမ်း အားနည်း နေသေးတယ်။ ”
-ဟု ဘိုင်လိရွှမ်က မှတ်ချက် ပြုလိုက်သည်။
" ရပ် ... လိုက် ငါအရှုံး ပေးတယ်။ "
ယွီချင်းက ဟန်တား လိုက်ပြီး၊ ခါးခါး သီးသီး ပြုံးလိုက်၏။
" ကျေးဇူး တင်ပါတယ်။ "
ဘိုင်လိရွှမ်က ခေါင်းညိတ် လိုက်ကာ၊ စင်ပေါ်မှ ခုန်ချ သွားသည်။ တစ်ချိန် တည်းမှာပင်၊ ဓားနန်းတော် အဖွဲ့သား များထံ၊ တစ်ချက်ကြည့် လိုက်ပြီး၊ လင်းယွန် တကယ် မလာ တော့ဖူး လားဟု တွေးယူ နေမိ၏။
" စတုတ္ထပွဲ၊ စစ်မှန်သော တိမ်တိုက် ကလေးနဲ့ ပန်းသင်္ချိုင်း။ "
အတွေး မဆုံးခင် မှာပင် ဧကရာဇ် ချင်၏၊ ကြေငြာသံ ထွက်ပေါ် လာခဲ့သည်။ လင်းယွန်က ရောက်လာ ခဲ့လျှင်ပင်၊ နောက်ကျ ခြင်းကြောင့်၊ လက်နက် ချခြင်းနှင့် တူပေမည်။
စစ်မှန်သော တိမ်တိုက် ကလေး အနေဖြင့်၊ နိုင်ပွဲကို လက်ခံ ယူရန် လုပ်ထုံး လုပ်နည်း အတိုင်း စင်မြင့် ပေါ်သို့ ခုန်တက်သွား လိုက်သည်။
လင်းယွန် ရောက်ရှိ လာခဲ့ လျှင်ပင်၊ တိုက်ခိုက်ရန် သူ၏ သဘော တူညီချက် လိုပေမည်။
တစ်စုံ တစ်ဦးက ဆန္ဒ ထုတ်ဖော် နေစရာ မလိုဘဲ၊ သူ့ ပြိုင်ဘက် နောက်ကျ နေသရွေ့၊ ဒိုင်က ထိုသူကို အရှုံး အဖြစ်၊ ကြေညာ ရပေ လိမ့်မည်။
စစ်မှန်သော တိမ်တိုက် ကလေးက၊ စင်မြင့် ပေါ်တွင် ရပ်လိုက်ပြီး၊ ဒိုင် အဖိုးအိုကို ကြည့်ကာ၊
“ အချိန် ဖြုန်း မနေနဲ့၊ ဒီကောင် မလာ တော့ဘူး။ ”
ဟု ဆိုလိုက် လေသည်။
ပြိုင်ပွဲကို လွဲချော် သွားသည့် လင်းယွန် အပေါ်၊ ဒိုင် အဖိုးအိုက စိတ်မကောင်း ဖြစ်မိသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ စည်းကမ်းမှာ စည်းကမ်းသာ ဖြစ်ပြီး၊ ယင်းနှင့် ပတ်သတ်၍ သူ လုပ်နိုင် စရာ မရှိပေ။
" ဟမ် ... "
စစ်မှန်သော တိမ်တိုက် ကလေး အတွက်၊ အောင်ပွဲကို ကြေညာ တော့မည့် အချိန်၌၊ ဒိုင် အဖိုးအို၏ မျက်ဝန်း များက၊ ရုတ်တရက် လင်းလက် သွား၏။
" ဘာလဲ .... ဘာဖြစ် လို့လဲ။ "
စစ်မှန်သော တိမ်တိုက် ကလေးက၊ အမူအရာပြောင်းလဲ သွားသော၊ ဒိုင် အဖိုးအို၏ အကြည့် နောက်ကို၊ ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်မိသည်။
အဝင် လမ်း၏ အဆုံးတွင်၊ ရင်းနှီးသော ပုံရိပ် တစ်ရိပ်ကို၊ လှမ်းတွေ့ လိုက်ရ သောကြောင့်၊ ချက်ချင်းပင် သူ့ မျက်လုံးများ မှေးကျဉ်း သွားလေသည်။
***