← Chapters

ငရဲ လမ်း။

Vol. 33 Ch. 457

ငရဲ လမ်း။

Vol. 33 Ch. 457

စစ်မှန်သော တိမ်တိုက် ကလေး အတွက်၊ အောင်ပွဲကို ကြေညာ တော့မည့် အချိန်၌၊ ဒိုင် အဖိုးအို၏ မျက်ဝန်း များက၊ ရုတ်တရက် လင်းလက် သွားသည်။

" ဘာလဲ .... ဘာဖြစ် လို့လဲ။ "

အမူ အရာ ပြောင်းလဲ သွားသော၊ ဒိုင် အဖိုးအို၏ အကြည့် နောက်ကို၊ ရှုပ်ထွေးစွာ လှမ်းကြည့် လိုက်သည်။

အဝင် လမ်း၏ အဆုံးတွင်၊ ရင်းနှီးသော ပုံရိပ် တစ်ရိပ်ကို၊ လှမ်းတွေ့ လိုက်ရ သောကြောင့်၊ စစ်မှန်သော တိမ်တိုက် ကလေး၏ မျက်ဝန်းများ မှေးကျဉ်း သွားသည်။

စစ်မှန်သော တိမ်တိုက် ကလေးနှင့်၊ ဒိုင် အဖိုးအို သာမက၊ နဂါး တံခါး ရင်ပြင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွား လေသည်။

အားလုံးက ဦးတည်ရာ တစ်ခု တည်းထံ၊ ချာခနဲ လှည့်ကြည့် လိုက်ကြ၏။ နဂါးသွေး မြင်းနှင့် အတူ၊ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လူငယ် တစ်ယောက်အား၊ တွေ့လိုက် ရလေသည်။

သံသယ ဖြစ်စရာ မလိုဘဲ၊ ထိုလူငယ်မှာ သဘာဝ အတိုင်း လင်းယွန် ဖြစ်၏။

အနည်းငယ် တိတ်ဆိတ် သွားပြီးနောက်၊ လင်းယွန် ရောက်ရှိ လာ သည်ကို၊ တွေ့လိုက် ရသည့် အတွက်၊ အားလုံးက စိတ်လှုပ်ရှား သွားသည်။

“ ဒီကောင်က နောက်ဆုံးတော့ .... ၊ စစ်မှန်သော တိမ်တိုက် ကလေးနဲ့ သူ့တိုက်ပွဲ အတွက် အချိန် မှီလေး ပါပဲ။ ”

ဘိုင်လိရွှမ်က ရေရွတ် လိုက်သည်။ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းရှိ၊ စီရွှယ်ယီ၏ မျက်နှာပေါ် တွင်လည်း၊ အပြုံးများ တောက်ပ လာကာ၊ ယပ်တောင်အား တဖျပ်ဖျပ် ခတ်လိုက် လေသည်။

ပျော်ရွှင်စွာ ပြုံးနေ သူများ ရှိ သကဲ့သို့၊ သဘာဝ အတိုင်း အန္တရာယ် ပြုချင် သူများလည်း ရှိနေ ပေသည်။

ထိုသူမှာ ချင်ယု ဖြစ်ပြီး၊ လင်းယွန် ရောက်ရှိ လာခြင်း အတွက် အနည်းငယ် အံ့အားသင့် သွား ပြီးနောက်၊ သတ်ဖြတ် လိုသော အငွေ့ အသက် များကို ထုတ်ဖော် ပြသ လာတော့၏။

ပြိုင်ပွဲမှာ ပို၍ ပျော်စရာ ကောင်းလာ နိုင်ပေမည်။

အကြီး အကဲ များနှင့် တပည့် များအား နှုတ်ဆက် ပြီးနောက်၊ လင်းယွန်က စင်မြင့် ပေါ်သို့ ခုန်တက် သွားကာ၊

'' နောက်ကျ နေပြီ ထင်တယ်၊ ” ဟု ဆိုလိုက် လေသည်။

ဤသို့ နောက်ကျ ရသည့် အကြောင်း ရင်းမှာ၊ ကျင့်ကြံမှု လမ်း ခရီးတွင် မကြုံ စဖူးသော အန္တရာယ်နှင့်၊ ရင်ဆိုင် နေရ သောကြောင့် ဖြစ်သည်။

ရှန်ရှင်း ဓားကို နားလည်မှု ရယူ နေစဉ် မှာပင်၊ နှလုံးသား နတ်ဆိုးထံ ပြေးသွား မိခဲ့၏။ ယင်းမှာ ကာလ ရှည်လျားသော အိပ်မက် ဆိုးကြီး တစ်ခုလို၊ နိုးထရန် များစွာ ကြိုးစား ခဲ့ရ လေသည်။

လင်းယွန်က ကောင်းကင်သို့ မော့ကြည့်ကာ၊ ပြုံးလိုက်သည်။ ယခု ချိန်၌ ရှင်းဂျူက၊ ပြုံးကြည့် နေမည်ကို သူ သိသည်။

ဒိုင် အဖိုးအိုက မုတ်ဆိတ် မွေးကို၊ ဟန်ပါပါ ရိုက်ယူရင်း ပြုံးလိုက်၏။

“ နောက်ဆုံး တိုက်ပွဲ အတွက် အချိန်မှီ ရောက်လာလို့ မင်း ကံကောင်းတယ်၊ ရောက်လာ ပြီးမှတော့ စကား တွေကို ရပ်ပြီး၊ တိုက်ပွဲကို စလိုက် ကြရအောင်။ "

အဆုံးတွင် စစ်မှန်သော တိမ်တိုက် ကလေးနှင့် ပန်းသင်္ချိုင်း တို့ကြား၊ တိုက်ပွဲ၏ ပြင်းထန်ခြင်း အပေါ်၊ စိတ်ကူး ကြည့်နိုင် သောကြောင့်၊ လူများ စွာက စိတ်လှုပ်ရှား လာခဲ့ လေသည်။

ပြိုင်ပွဲကို စွန့်လွှတ် လိုက်ပြီဟု ထင်ခဲ့ကြ သော်လည်း၊ နောက်ဆုံး မိနစ်တွင် ရောက်ရှိ လာခြင်း ကြောင့်၊ လူတိုင်းကို ပြုံးပျော် သွားစေ၏။

" ငါတို့ တိုက်ခိုက် လို့ရ ပြီလို့၊ ဘယ်သူ ပြောလဲ၊ ... "

ဒိုင် အကြီးအကဲဘက် လှည့်ကာ၊ စစ်မှန်သော တိမ်တိုက် ကလေးက ပြုံးလျက်၊

'တိုက်ပွဲ စဖို့ ... ၊ မင်း ငါ့သဘော တူညီချက်လိုတယ် ဆိုတာ၊ မေ့သွား ပြီလား၊ ' ဟု ဆိုလိုက် လေသည်။

“ တကယ်တော့ မင်းမှာ ဒီလို လုပ်ပိုင်ခွင့် ရှိတာ မှန်ပါတယ်၊ ဒါပေမယ့် စောစောက မင်းမှာ ဆန္ဒရှိ နေတယ် မဟုတ်လား။ ”

ဒိုင် အဖိုးအိုက မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။ စစ်မှန်သော တိမ်တိုက် ကလေးမှာ၊ တိုက်ပွဲကို ငြင်းပယ်မည် မဟုတ်ဟု၊ ယူဆ မိခဲ့သည်။

အဘယ့်ကြောင့် ဆိုသော်၊ အစောပိုင်း အချိန်၌ လင်းယွန်နှင့် တိုက်ခိုက်ရန်၊ အခွင့် အရေး မရှိသည့် အတွက်၊ ဝမ်းနည်း နေပုံမှာ ဟန်ဆောင်မှု မဟုတ်ကြောင်း၊ သူ သိသည်။

ထို့ကြောင့် လင်းယွန် ရောက်ရှိလာ ခြင်းအား၊ ပျှော်ရွှင်စွာ လက်ခံ မည်ဟု ထင်မိခြင်း ဖြစ်၏။

“ မှန်ပါတယ်၊ ဒါပေမယ့် .... ငါ စိတ်ပြောင်း သွားပြီ၊ ကောင်လေး မင်း နောက်ကျတဲ့ အတွက်၊ မင်းကို အထူး အခွင့် အရေး ပေးမယ်လို့ မထင် လိုက်နဲ့၊ မင်းငါ့ကို တိုက်ချင် တာလား၊ ဒါဆို မင်းရဲ့ ကျား-နဂါး လက်သီးကို ဖျက်ဆီး ပစ်ပြီး၊ ငါ့ရဲ့ ဂျူနီယာ ညီလေးကို တောင်းပန်ဖို့ ဒူးထောက် လိုက်ပါ၊ မဟုတ်ရင် အရှုံးကို ဝန်ခံလိုက်။ ''

စစ်မှန်သော တိမ်တိုက် ကလေးက၊ ပျက်ချော်ချော် သဘောဖြင့် ပြုံးပြ လာသည်။

" ဒါက ဘယ်လို အခြေ အနေ ကြီးလဲ။ ''

လျိုဖန်းက ဒေါသ ထွက်သွားသည်။

“ ဒါက ရင့်သီး လွန်းတယ်၊ ပါရမီရှင် တစ်ပါး အနေနဲ့ ဒီလောက် အထိ၊ သိမ်နုပ် ရသလား။ ''

လီဝူယုက အံကြိတ်ကာ ဆိုလိုက်သည်။ လင်းယွန်က တောင်းပန်ရန် ငြင်းဆို ပါက၊ ရှုံးနိမ့်ကြောင်း ကြေညာ ရမည် ဖြစ်သည်။

စစ်မှန်သော တိမ်တိုက် ကလေမှာ၊ လင်းယွန်ကို အဆုံး စွန်ထိ တွန်းပို့ ချင် နေပုံရ၏။

ဤသည်ကို မည်သူမျှ မမျှော်လင့် ထားသော ကြောင့်၊ ရုတ်တရက် ပြိုင်ပွဲ ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် ကုန်ကြသည်။

ပါရမီရှင် တစ်ပါး အနေဖြင့်၊ အရှက် ကင်းမဲ့စွာ ပြုမူ နေလိမ့် မည်ဟု၊ မထင် ထားမိ ကြချေ။ ပြိုင်ဘက်ကို မျက်နှာ ချင်းဆိုင်သတ်ဖြတ် လျှင်ပင်၊ မည်သူမျှ ဆိုဖွယ် မရှိပေ။

သို့သော် အားနည်းချက် အပေါ် နင်း၍၊ အတင်း အကြပ် ဖိအား ပေးလာ ခြင်းသည်၊ လူတိုင်းကို ဒေါသ ထွက်စေ ခဲ့သည်။

ဒိုင် အဖိုးအိုက ပြုံးပြုံး ရွှင်ရွှင်ဖြင့်၊ ဝင်ပြော လိုက်သည်။

“ ကောင်းပြီ ... ဘာဖြစ်လို့ ဝေ့ဝိုက် နေဦး မှာလဲ၊ လင်းယွန်နဲ့ ရန်ငြိုး ရှိရင် အခုပဲ စင်ပေါ်မှာ ဖြေရှင်း လိုက်ပါလား။ "

“ စကား တွေကို ရပ်လိုက် ရအောင်၊ .... ”

စစ်မှန်သော တိမ်တိုက် ကလေးက၊ အထင် အမြင် သေးစွာဖြင့် လင်းယွန်ကို ကြည့်ပြီး၊

'' ဒါက ဒီကမ္ဘာ ကြီးရဲ့ အလုပ် လုပ်ပုံပဲ၊ ငါ့မှာ အားသာချက် ရှိနေ တာကို၊ ဘာလို့ လက်လွှတ် ခံရ မှာလဲ၊ မင်း မကြေ နပ်ဖူး ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် မင်းဘာမှ လုပ်လို့ မရ ပါဘူး၊ ... ''

'' .... ငါ့ရဲ့ ဂျူနီယာ ညီလေးကို၊ ကျား-နဂါး လက်သီးနဲ့၊ အရှက်ခွဲ လိုက်တဲ့ အချိန် တုန်းက၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက၊ မင်းကို လွယ်လွယ်နဲ့ မလွှတ် ထားဖူး ဆိုတာ၊ မင်း သိထား သင့်တယ်၊ အခု ဒူးထောက် မလား၊ အရှုံးကို လက်ခံ မလား ဆို …”

" ငါ အရှုံးကို လက်ခံတယ်။ "

သူ့စကား မဆုံးခင် မှာပင်၊ လင်းယွန်က ပြတ်ပြတ် သားသား ဆိုလိုက် သောကြောင့်၊ ပြောလက်စ စကား ရပ်သွားကာ၊ အံ့အား သင့်သွား လေသည်။

ပြီးနောက် ရုတ်တရက် စိတ်ပျက် သွားပြီး၊ နှုတ်ဆိတ် သွားမိ၏။

" ဒါပေမယ့် ဒီတိုက်ပွဲက ...၊ မပြီး သေဖူး ဆိုတာ ငါသတိ ပေးလိုက်မယ်။ "

လင်းယွန်က စစ်မှန်သော တိမ်တိုက် ကလေးကို ကြည့်ကာ၊ ပြောလိုက်သည်။

" ဟား ဟား ဟား၊ မင်းက ငရဲလမ်းကို စိန်ခေါ်ချင် နေတာလား၊ မင်းကို ငါစောင့် နေပါ့မယ်၊ အဲဒီ အချိန် ကျရင် လူတိုင်း ရှေ့မှာ၊ မင်းကိုအနိုင်ယူ ပြရသေး တာပေါ့။ ”

စစ်မှန်သော တိမ်တိုက် ကလေးက လှောင်ပြောင် ပြောဆို လာသည်။ ဒိုင် အဖိုးအို မှာမူ လင်းယွန်းအား၊ စိတ်မကောင်း ဟန်ဖြင့် ကြည့်ကာ၊

" မင်းရှုံးနိမ့် တာကို ဝန်ခံ ပြီးရင်၊ အရှုံး သမား အဖွဲ့ကို ဆက်သွားပြီး၊ နောက်ဆုံး လေးနေရာ အတွက် တိုက်ပွဲ ဝင်နိုင် ပါတယ်။ "

" ကျေးဇူး တင်ပါတယ်"

လင်းယွန်က ပြန်ဖြေ၏။ တစ်ချိန်တည်း မှာပင် မလှမ်း မကမ်း ဆီ၌၊ စင်မြင့် တစ်ခု အနည်းငယ် မြင့်တက် လာပြီး၊ ပထမ စင်မြင့်၏ အမြင့်သို့ မရောက်မီ၊ ရပ်တန့်သွား ခဲ့သည်။

စင်ပေါ်သို့ လူသုံးယောက် ခုန်တက် လာပြီး၊ ယင်းမှာ လရောင်ရေစင်၊ ဖန်းယီနှင့် ယွီချင်းတို့ ဖြစ်၏။

ဆိုလို သည်မှာ အရှုံး သမားများ အတွက်၊ ပြိုင်ပွဲ ကျင်းပရာ စင်မြင့်သည်၊ အနိုင် ရရှိ သူများ၏ စင်မြင့်ထက်၊ တစ်ဆင့် နိမ့်လေသည်။

" ဟေ့ ... မင်း ဘာလို့၊ နောက်ကျ နေရ တာလဲ။ "

ဖန်းယီက စူးစမ်း ဟန်ဖြင့်၊ လင်းယွန်ကို မေးလိုက်သည်။

“ အနည်း ဆုံးတော့ လုံးဝ နောက်ကျ တယ်လို့လည်း မဆိုသာ ပါဘူး။ ”

လင်းယွန်က စင်မြင့်ပေါ် ပျံသန်း ဆင်းသက် လိုက်ပြီး၊ ပြန်ဖြေသည်။

" ဟီး ဟီး၊ မင်း မလာခင် ... အဆိုးဆုံး အရာ အတွက်၊ ပြင်ဆင် ထားပြီး သားလို့၊ ငါထင်တယ်။ "

ဖန်းယီက ပြုံးကာ ဆိုသည်။

" စစ်မှန်သော တိမ်တိုက် ကလေးက၊ မင်းကို အရှက် ခွဲနိုင် မယ်လို့၊ ထင်ထားခဲ့ ပုံပဲ။ "

-ဟု ထပ်မံ ဖြည့်စွက် စကား ဆိုလာ၏။ လင်းယွန်က တုန့်ပြန်ရန် ပြင်လိုက် ချိန်မှာပင်၊

“ အရှုံး သမား အုပ်စုက မကြာ ခင်၊ စတော့မှာ မလို့ မင်းတို့လည်း အကောင်းဆုံး လုပ်ရမယ်၊ အဆင့် သတ်မှတ်ချက် အလိုက်၊ တမာန်တော်က ဆုပေး ပါလိမ့်မယ်၊ ပထမဆုံး တိုက်ပွဲ ပန်းသင်္ချိုင်းနဲ့ စစ်မက် သားရဲကြီး။ ''

စင်မြင့် ပေါ်သို့ ဒိုင် အဖိုးအို တစ်ယောက် ဆင်းသက် လာပြီး၊ ပွဲစဉ်အား ကြေညာ ခဲ့သည်။

" အရှုံး ပေး ပါတယ်။ "

ဖန်းယီက ပြုံးကာ ဆိုသည်။ သူ့ စကား ကြောင့် လူအုပ် ကြီးမှာ၊ အံ့အားသင့် သွားသည်။

ဖန်းယီ အနေဖြင့် ချင်ယု ကိုပင် ကြောက်ရွံ့ခြင်း မရှိခဲ့ လေရာ၊ ဤသို့ လုပ်ဆောင် လိမ့်မည်ဟု မထင် ထားကြပေ။

“ ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ပြုံးပြ လိုက်သည်။ ကြာမိစ္ဆာ နယ်မြေရှိ သူတို့၏ ဆက်ဆံ ရေးကြောင့်၊ ဖန်းယီက မျက်နှာသာ ပေးလာခြင်း ဖြစ်ကြောင်း၊ သူ သိသည်။

“ ငါလည်း အရှုံးပေး ပါတယ် …”

ဒိုင် အဖိုးအိုက ဒုတိယ ပြိုင်ပွဲကို ကြေညာချက် မထုတ် ပြန်မီ၊ နောက်ထပ် အသံ တစ်သံ ထွက်ပေါ် လာသည်။

သဘာဝ အတိုင်း ထိုအသံ ရှင်မှာ၊ ယွီချင်း ဖြစ်ပြီး၊ လင်းယွန် ကိုပင် အံသြ သွားစေသည်။

" မင်းက နောက်ကျ နေတော့၊ ငါ ဘယ်လောက်ထိ၊ ဆိုးဆိုး ရွားရွား ရှုံးနိမ့် သွားတယ် ဆိုတာ မမြင် လိုက်ရ လို့ပါ၊ ... "

လင်းယွန်၏ အကြည့်ကို နားလည် ဟန်ဖြင့်၊ ယွီချင်းက မချိပြုံး ပြုံးပြကာ ဆိုလိုက်သည်။ ပြီးနောက် သက်ပြင်း ချပြီး၊

“ ယှဉ်ပြိုင်ဖို့ မလို တော့ဘူး၊ ပြိုင်ပွဲမှာ သေချာ ပေါက် ငါက နောက်ဆုံး အဆင့် ရမှာပါ၊ မင်းကို အနိုင် ယူဖို့ ငါမှာ၊ ယုံကြည်ချက် မရှိ တဲ့အတွက်၊ ဒါက လျူယွီကို ကယ်တင် ပေးတဲ့၊ မင်းရဲ့ ကျေးဇူးကို ပြန်ဆပ်တယ် လို့ပဲ၊ ယူဆ ပေးပါ၊... "

“ .... နတ်ဘုရား အစောင့် ဆိုတာ၊ အလောင်းတောင်ပေါ် ကနေ ထွက်လာတဲ့ သူတွေလို့၊ စစ်သူကြီး ပြောဖူး တာကို၊ အမှတ်ရ မိပါ သေးတယ်၊ ငရဲကို ရောက်နေ ရင်တောင် မင်းမှာ ရှင်သန် လိုစိတ် ရှိ နေရင်၊ ဖြတ်ကျော် နိုင်ပါ လိမ့်မယ်၊ "

-ဟု လင်းယွန်ကို ကြည့်ပြီး၊ ယွီချင်းက အားပေး စကား ပြောလိုက်သည်။

၎င်းကို အနည်းငယ် စဉ်းစား ပြီးနောက်၊ လင်းယွန်က လက်ခံသည်။ ဓားသင်္ချိုင်း နယ်မြေ ခရီး စဉ်မှာ၊ ယွီချင်း ဆိုလိုသည့် အလောင်းတောင် ခရီးဟု၊ ယူဆ နိုင်သည်။

ယင်းကို ဖြတ်သန်း ပြီးနောက်၊ ငရဲကို ကြောက်နေ စရာ နည်းလမ်း မရှိပေ။

အခြား တစ်ဖက်တွင်၊ တစ်ယောက်က လက်နက် ချပြီး၊ ကျန်တစ် ယောက်မှာ အုပ်စု အောက်၌ လိုလို ချင်ချင် ရပ်တည် လာခဲ့သည်။

လရောင် ရေစင် တစ်ဦးတည်း သည်သာ ကျန်ရှိ တော့ပြီး၊ လေထုမှာ ရုတ်တရက် တင်းမာ သွားလေသည်။

" ငရဲ ကနေ တက်ချင် တာလား၊ ငါ့ကို ဖြတ်ကျော်ပါ၊ ငါ့ဓားက ငါ့ကို လက်နက် ချခွင့် မပေးဘူး။ ”

လရောင် ရေစင်က ပြုံးပြုံးလေး ဆိုလိုက်သည်။ သို့သော် သူမ၏ ဓားရည်ရွယ် ချက်မှာ၊ လုံးဝ ပေါက်ကွဲ ထွက်လာပြီး၊ ရန်လိုစွာ ပြုမူ လာလေသည်။

" ဒါဆို ကြိုပြီး တောင်းပန် ပါရစေ။ "

လင်းယွန်က ဦးညွှတ် လိုက်စဉ်၊ တိုက်ပွဲဝင် စိတ်များ ပေါက်ကွဲ ထွက်လာ တော့သည်။

တစ်ချိန်တည်း မှာပင် စစ်မှန်သော တိမ်တိုက် ကလေးနှင့်၊ အဖြူရောင် တို့အကြား တိုက်ပွဲ မှာလည်း၊ ဗဟို ဆင့်မြင့် ထက်၌ စတင် လာခဲ့သည်။

ထိပ်ဆုံး သုံးနေရာ အတွက်၊ တိုက်ပွဲ ပြင်းထန် နေချိန်တွင်၊ လင်းယွန်က ငရဲ ပြည်၌ တိုက်ပွဲ ဝင်နေ ရလေသည်။

***

All Chapters