← Chapters

နဂါးနှင့် ကျား။

Vol. 33 Ch. 458

နဂါးနှင့် ကျား။

Vol. 33 Ch. 458

တိုက်ပွဲ နှစ်ခု တပြိုင်နက် စတင် ခဲ့သော်လည်း၊ ဗဟို စင်မြင့် ထက်ရှိ ဘိုင်လိရွှမ်နှင့် စစ်မှန်သော တိမ်တိုက်လေး တို့ကိုသာ၊ စိတ်ဝင် တစား စောင့်ကြည့်လာ ကြသည်။

စစ်မှန်သော တိမ်တိုက် ကလေးမှာ၊ လွန်ခဲ့သည့် သုံးနှစ်က ဘွဲ့ တစ်ခုကို ရရှိ ထားခဲ့ပြီး၊ ၎င်းသည် လွင့်မျော နေသော ရေခွက် ကဲ့သို့၊ မြင့်မားသော အဆင့်တွင် ရှိနေ ခဲ့သည်။

သုံးနှစ် ကြာ ပြီးနောက်၊ သူ မည်မျှ သန်မာလာမည်ကို၊ သိချင်လာ ကြ၏။ အခြား တစ်ဖက်တွင်၊ ဘိုင်လိရွှမ်မှာ သူတော်စင် ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင်သော ပါရမီရှင် တစ်ဦး ဖြစ်နေသည်။

ထို့ကြောင့် ဤတိုက် ပွဲသည် လူတိုင်း၏ အာရုံကို၊ သဘာဝ အတိုင်း ဆွဲဆောင် နိုင်ခဲ့၏။

" မင်းမှာ သူတော်စင် ခန္ဓာ ရှိတဲ့ အတွက်၊ သုံးနှစ် အတွင်း မင်းငါ့ကို ကျော်သွား နိုင်တယ်... မဟုတ် သေးဘူး ... တစ်နှစ်၊ တစ်နှစ် အတွင်းလုပ်နိုင် လိမ့်မယ်၊ ဒါပေမယ့် အခုချိန် မှာတော့ မင်းရဲ့ အခြေခံ အုတ်မြစ်က၊ အားနည်း လွန်းတာကြောင့်၊ ငါ့ကို ဖိအား ပေးနိုင်မှာ မဟုတ်သေးဘူး။ ''

စစ်မှန်သော တိမ်တိုက်လေး စကားကို မတုန့် ပြန်ခဲ့ သော်လည်း၊ ယင်းမှာ မှန်ကန်ကြောင်း ဘိုင်လိရွှမ် သိသည်။

စစ်မှန်သော တိမ်တိုက် ကလေး ပြောသလို ပင်၊ သူ၏ အခြေခံ အုတ်မြစ်မှာ၊ အလွန် အားနည်း ပေ၏။ သို့သော် သူတော်စင် ခန္ဓာနှင့် အတူ အချိန် ကာလမှာ၊ သူ့ဘက် အမြဲ ရှိနေသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ အရှုံးပေး ခြင်းသည်၊ သူ့ပုံစံ မဟုတ် သလို၊ သူ ရှုံးမည် ဟုလည်း အတိ အကျ မဆိုနိုင် သေးပေ။

အနိုင်ယူ နိုင်သရွေ့၊ ထိပ်ဆုံး (၃)ဦးထံ တက်လှမ်း နိုင်မည် ဖြစ်ပြီး၊ ထိုအခွင့် အရေးကို လက်လွှတ် မခံနိုင် သောကြောင့်၊ မျက်ခုံး ပင့်လိုက်ကာ၊

“ သွားကြ ရအောင်၊ စစ်မှန်သော ကျား-နဂါးလက်သီးက ဘယ်လောက် အထိ၊ အစွမ်းထက် လည်း မြည်းစမ်း ပါရစေ။ ''

ဟု ဆိုလိုက်၏။

'卍' သင်္ကေတ ပါသော၊ ရွှေရောင် အဆင်း သဏ္ဍာန်ကို၊ ထုတ်လွှတ် လိုက်စဉ်၊ စစ်မှန်သော တိမ်တိုက် ကလေးက၊ " မင်းဆန္ဒ အတိုင်းပဲ" ဟု ဆိုကာ၊ ပြုံးပြ လိုက်သည်။

ထိုစက္ကန့် ပိုင်းလေး မှာပင်၊ သူ၏ အရှိန် အဝါများ ပွင့်ထွက် လာပြီး၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ရောက်ရှိ သွားခဲ့သည်။

" ဘယ်လောက်တောင် အစွမ်းထက် လိုက်လဲ။ "

“ ဒါက အခြေခံ အုတ်မြစ်ပဲ၊ နက်နဲ နယ်ပယ်က သိုင်းသမား တစ်ယောက်က၊ ခရမ်းရောင် နန်းတော် သိုင်းသမား တွေနဲ့၊ ယှဉ်နိုင်တဲ့ ရောင်ဝါကို ထုတ်လွှတ် နိုင်တယ် ဆိုတာ၊ မယုံနိုင် စရာ ပါပဲ။ ”

" နောက်ဆုံး တိုက်ပွဲ စတင် နေပြီ၊ အာရုံ စိုက်ထား။ ''

စစ်မှန်သော တိမ်တိုက် ကလေးမှာ၊ မည်သည့် လျှို့ဝှက် နည်းစနစ်မှ မသုံး ထားဘဲ၊ သူ၏ ကျင့်ကြံ မှုဖြင့်၊ အရှိန်အဝါကို တိုးမြှင့် ထားနိုင် ခဲ့သည်။

လျှို့ဝှက် နည်းစနစ် များကိုသာ၊ ထပ်မံ အသုံးပြု လိုက်ပါက၊ အဘယ်မျှ အစွမ်းထက် မည်ကို၊ တွေးကြည့် လိုက်မိ သောကြောင့်၊ ထိတ်လန့် ကုန်ကြသည်။

သို့သော် ဘိုင်လိရွှမ်၏ မျက်နှာမှာ၊ ပြောင်းလဲခြင်း မရှိပေ။ မျက်ခုံးကို ပင့်လိုက်ပြီး၊ ဓား ရည်ရွယ် ချက်ကို၊ ထုတ်လွှတ် လိုက်သည်။

အထွတ် အမြတ် ထားရာ၊ ရှေးဟောင်းဓား တစ်လက်နှင့် တူသော သူ့ဓားကို၊ ဆွဲထုတ် လိုက်၏။

တစ်ချိန်တည်း မှာပင် မိုးကုပ် စက်ဝိုင်းသို့၊ ထိုးတက် သွားသော ဓားရည်ရွယ် ချက်မှာ၊ ပွက်ပွက်ဆူ လာလေသည်။

" အရမ်း ကောင်းတယ် ချင်ယုနဲ့ မတိုက်ခင်၊ မင်းနဲ့ သွေးပူလေး လုပ်ရအောင်၊ .... ထာဝရ နတ်ဘုရား တံဆိပ်။ ”

စစ်မှန်သော တိမ်တိုက် လေးက ကြေနပ်စွာ ရယ်မော လိုက်ပြီး၊ ရှေးဟောင်း တံဆိပ် တစ်ခုအား၊ ဖန်တီး လိုက်သည်။

ခြေတစ်လှမ်း လှမ်းယူ လိုက်သည်နှင့်၊ နဂါးနဲ့ ကျား အော်သံများ ပဲ့တင် ထပ်လာ၏။

'' ကျား နဂါး ခြေလှမ်း။ ''

ကြာပန်း ပလ္လင် သဏ္ဍာန် ပုံရိပ် ယောင်ကြီး တစ်ခု ဖြစ်တည် လာပြီး၊ ထာဝရ နတ်ဘုရား တံဆိပ်နှင့် အတူ၊ သူ့ အရှိန် အဝါမှာ ထပ်မံ မြင့်တက် သွားသည်။

“ ဒါ …....။ ”

“ ဝိုး... တကယ့် ကျား နဂါး လက်သီးပဲ။ ”

'' ဒီသဘာဝ ဖြစ်စဉ်က မကြုံ စဖူး၊ ထူးကဲလွန်းတယ်၊ ဝရဇိန် လက်နက် ဆုပ်ကိုင် ထား တဲ့၊ မိုးကြိုး နတ်ဘုရား တစ်ပါးကို၊ ဘယ်သူက အနိုင်ယူ နိုင်မှာလဲ။ ”

လက်ထဲရှိ တဖျစ်ဖျစ် မြည်နေသော တံဆိပ်ကို ကြည့်ကာ၊ လူအုပ်ကြီးက အော်ဟစ် အားပေး လိုက်ကြသည်။

ဤအခိုက် အတန့်တွင်၊ မြင်ကွင်း ကွယ်စေသော၊ အဖြူရောင် အလင်း များနှင့် အတူ၊ လျှပ်စီး ကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ် လာ၏။

ထိုလျှပ်စီးမှာ ဘိုင်လိရွှမ်က မိုးကြိုး နတ်ဘုရားကို၊ ခုတ်ပိုင်း လိုက်သော ဓားအလင်း ဖြစ်လေသည်။

" ချိုး ...... "

ဓားက မဆိုင်း မတွပင်၊ နဂါး တစ်ကောင် ကဲ့သို့ ကြပန်း ပလ္လင် ကြီးပေါ်၊ ပြုတ်ကျ လာချိန်တွင်၊ ပြိုင်ပွဲ စင်မြင့်မှာ တုန်လှုပ် လာသည်။

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ …။ ”

ဘိုင်လိရွှမ်က တံဆိပ်ကို၊ ချိုးဖြတ် သွားပုံအား ကြည့်ပြီး၊ စစ်မှန်သော တိမ်တိုက် လေးက ပြုံးရယ်ကာ၊ သူ့ လက်ကို ထပ်မံ လှုပ်ရှား လိုက်သည်။

မည်သည့် အရိပ် အယောင်မျှ မပြဘဲ၊ နောက်ထပ် တံဆိပ် တစ်ခု ဘိုင်လိရွှမ်ထံ ဦးတည် သွား၏။

" ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်။ "

စစ်မှန်သော တိမ်တိုက် ကလေး၏ လက်မှာ၊ ဗုဒ္ဓ လက်ကြီး ကဲ့သို့ ကောင်းကင်မှ၊ ကျဆင်း လာသည်။

ဤ မြင်ကွင်း ကြောင့် ဘိုင်လိရွှမ်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ ဓားဖြင့် ခုတ်ပိုင်း ဟန့်တား ပစ်လိုက်၏။

တံဆိပ်ကို ချေမှုန်းရန် ကြိုးပမ်း ရာတွင်၊ အဆုံးမဲ့ လှိုင်းလုံး များဖြင့်၊ တုန့်ပြန် ခဲ့ သော်လည်း၊ အက်ကွဲကြောင်း များသာ ဖြစ်ပေါ် လာသော ကြောင့်၊ မျက်မှောင်ကြုတ်မိသည်။

ထို့ကြောင့် ချက်ချင်းပင် သူ့ဓားကို နောက်တစ်ကြိမ် ခုတ်ပိုင်း လိုက်ရသည်။

မူလ စွမ်းအင်များ ပေါက်ကွဲ လာပြီး၊ နောက်ဆုံးတွင် တံဆိပ် ကျိုးသွား၏။ ရလာဒ် အနေဖြင့် ဘိုင်လိရွှမ်က လွင့်ထွက် သွားကာ၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာသည်။

အခြား တစ်ဖက်ရှိ၊ စစ်မှန်သော တိမ်တိုက် ကလေးက၊ ၎င်း၏ နေရာ၌ အခိုင် အမာ ရပ်နေနိုင် လိုက်သည်။

ဤတွေ့ဆုံ မှုတွင် ဘိုင်လိရွှမ် တစ်ယောက် ရှုံးနိမ့် သွားကြောင်း လူတိုင်း သိနိုင်၏။

“ လျှပ်စီး လက်ခြင်း ... ”

ဘိုင်လိရွှမ်က ချက်ချင်းပင် တိုက်စစ်ကို ထပ်မံ စတင် လိုက်သည်။ သူ၏ ဓားမှာ လျှပ်စီး လက်သွား သကဲ့သို့၊ ပြေးဝင် သွားသော်လည်း၊ စစ်မှန်သော တိမ်တိုက် ကလေးက အပြုံးဖြင့်၊ တည်ငြိမ်စွာ ကာကွယ် လိုက်ပြန်သည်။

လက်သီး များက နဂါး တစ်ကောင်နှင့် တူပြီး၊ သူ့ ခန္ဓာမှာ ကျား တစ်ကောင် နှင့် တူ၏။

ကျား-နဂါး လက်သီးကို၊ လုံးလုံး လျားလျား ဆုပ်ကိုင် ထားကာ၊ လှုပ်ရှားမှု တိုင်းတွင် နဂါးနှင့် ကျားတို့၏၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပါရှိ နေသည်။

ဆယ်ကြိမ်ခန့် ရင်ဆိုင် ပြီးနောက်၊ စစ်မှန်သော တိမ်တိုက် ကလေးမှာ၊ နောက်ပြန် ဆုတ်လိုက်ပြီး၊

" ဒါဆို လုံလောက်ပြီ။ "

- ဟု ဆိုကာ၊ လေထဲသို့ လက်ဆန့် ထုတ်လိုက်ပြီး၊ ရွှေနဂါး ကိုးကောင်ကို ဖန်တီး ယူလိုက်သည်။

ပြီးနောက် လက်သီးကို ဆုပ်လိုက် ချိန်တွင်၊ နဂါး ကိုးကောင်မှာ ပေါင်းစပ် စီးဝင် လာကာ၊ ဘိုင်လိရွှမ်ထံ ပြေးဝင် သွားသည်။

ဘိုင်လိရွှမ်၏ ဓားချက် များကို ချက်ချင်း ချေမွ ပစ်လိုက်၏။

စင်ပေါ်၌ ပေါက်ကွဲ သံကြီး ပဲ့တင်ထပ် လာပြီး၊ ရွှေရောင် အဆင်းများ မယုံ ကြည်နိုင် လောက်အောင် လွှမ်းခြုံ သွားသည်။

ဤမြင်ကွင်းသည် စစ်မှန်သော တိမ်တိုက် ကလေး မည်မျှ အစွမ်း ထက်ကြောင်း၊ လူတိုင်းကို ချက်ချင်း သဘောပေါက် လာစေ၏။

တစ်ချိန် တည်းမှာပင် လင်းယွန်နှင့် လရောင်ရေစင် တို့ သည်လည်း၊ အရှုံး သမား စင်မြင့်၌ အထွတ် အထိပ်ထိ၊ ရောက်ရှိ နေခဲ့သည်။

လင်းယွန်၏ ဓားမှ ဖြာထွက် နေသော အလင်းမှာ လနှင့် တူပြီး၊ လရောင် ရေစင်၏ ဓားသည်၊ မရေတွက် နိုင်သော မြူခိုး များနှင့် တူသည်။

နောက်ထပ် အနည်းငယ် ထပ်မံ တိုက်ခိုက် ပြီးနောက်၊ လရောင် ရေစင်မှာ မျက်မှောင် ကြုတ်လျက်၊ စင်မြင့် ပေါ်သို့ ပြန်လည် ဆင်းသက် လာခဲ့သည်။

ပြိုင်ဘက် ၏ ဓားရေးမှာ စီရွှယ်ယီနှင့် ယှဉ်သော် အလွန် ထက်မြက် လှပြီး၊ အကြောင်းရင်း တစ်စုံ တစ်ရာကြောင့်၊ သူမအား တည်ငြိမ်သော ခံစား ချက်များ ပေးစွမ်း လေသည်။

ထို့ပြင် ဓားရေးမှာ ချို့ယွင်းချက် များနှင့်၊ ပြည့်နှက် နေပုံရ သော်လည်း၊ ယင်းကို ထိုနှက် လိုက်ချိန် တိုင်းတွင်၊ ပြိုင်ဘက်က ကောင်းစွာ၊ ကာကွယ် သွားနိုင် ခဲ့သည်။

တနည်း အားဖြင့် မာယာ များသော မိန်းမကြီး တစ်ဦးလို ရင်ဆိုင်ရ ခက်ခဲ လှပေ၏။

ထိုကြောင့် တစ်စုံ တစ်ရာ၊ တုန့်ပြန်ခြင်း မရှိ ပါက ပြိုင်ဘက်၏ ဓားမှာ၊ အသက် မသေ မချင်း အရှိန် အဟုန်ဖြင့်၊ ဆက်သွား နေပေ လိမ့်မည်။

" ဒါက ဘယ်လို ဓားရေး မျိုးလဲ။ "

မျက်မှောင် ကြုတ်ကာ လင်းယွန်ကို မေးသည်။

" တိုက်ဆိုင် စွာပဲ၊ မင်းရဲ့ ဘွဲ့ နာမည်နဲ့ တူနေတယ်။ "

လင်းယွန်က ပြုံးကာ ဖြေလိုက်သည်။

“ မင်း လိမ် နေတာ၊ 'လရောင် ရေစင် ဓား' က ဘယ်လိုလုပ် အစွမ်း ထက်နိုင် မှာလဲ၊ ဓားနန်းတော်ရဲ့ တပည့် တွေနဲ့၊ တစ်ကြိမ်မှ မတိုက် ဖူးဘူးလို့ မထင်နဲ့။ "

လရောင် ရေစင် အနေဖြင့်၊ ယခင်က လရောင် ရေစင် ဓားကို အသုံး ပြုသော၊ ဓားနန်းတော် တပည့် များနှင့်၊ တိုက်ခိုက် ခဲ့ဖူး ပေသည်။

“ မင်း ငါနဲ့ တစ်ခါမှ၊ မတိုက်ဖူး လို့လည်း ဖြစ်နိုင် ပါတယ်၊ ... သ တိ ထား ။ "

လမင်း နှစ်စင်း ရုတ်တရက် ထွက်ပေါ် လာပြီး၊ တစ်စင်းက ကောင်းကင်တွင် လင်းကာ၊ နောက် တစ်စင်းမှာ ကြမ်းပြင်၌၊ ရောင်ပြန် ဟပ် လာ၏။

လမင်းများ အပြည့် အဝ ထွန်းလင်း လာသည်နှင့်၊ လင်းယွန်က သူ၏ ဓားကို ခုတ်ပိုင်း ပစ်လိုက်သည်။

( ငါ နောက်ဆုတ်လို့ မရ တော့ဘူး၊ နောက်ဆုတ်ရင် ငါရှုံးမှ သေချာ တယ် …။ )

လရောင် ရေစင်က ဆုံးဖြတ်ချက် တစ်ခုကို ချက်ချင်း ချလိုက်သည်။

သို့သော် အားကုန်ထုတ် တိုက်ခိုက် ခါ နီးတွင်၊ သူမ အတွေး များကို မြင်လိုက်ရ သကဲ့သို့၊ လင်းယွန်၏ နှုတ်ခမ်း ပေါ်၌၊ အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။

ပြုံးပြ ပြီးနောက် လင်းယွန်၏ အသွင် အပြင်မှာ၊ လရောင် ရေစင်၏ တိုက်ခိုက် ခြင်းကို ရှောင်ရှားရန်၊ ပုံရိပ် ကိုးခု အဖြစ် ခွဲထွက် သွားလေသည်။

“ ဒါက အဆုံး သတ်ပြီ။ ”

လင်းယွန် ကိုးယောက်က၊ ပဲ့တင် ထပ်နေသော လေသံဖြင့် ဆိုလာသည်။ ယင်းကို လရောင် ရေစင်က၊ အများကြီး မတွေး နိုင်ခင် မှာပင်၊ လင်းယွန် ကိုးယောက် တစ်သားတည်း ထပ်သွားသည်။

လင်းယွန်က ဓား ရည်ရွယ် ချက်ကို ထုတ်လွှတ် လိုက်သော အခါ၊ ပန်းတစ်ပွင့် ပွင့်သွား သလို ခံစား လိုက်ရသည်။

'' လရောင် အလင်း ပြန်ခြင်း။ ''

လမင်းကြီး ကဲ့သို့ တည်ငြိမ်သော အလင်းရောင် များက၊ လရောင် ရေစင်၏ တိုက်ခိုက်မှု များကို ဆုတ်ဖြဲ ပစ်လိုက်ပြီး၊ သူမ၏ နဖူးထံ တိုးဝင်လာ လေသည်။

အရေ ပြားကို ထိုးဖောက် ရုံသာ ထိုးဖောက် ပြီးနောက်၊ တုန့်ခနဲ ရပ်တန့် သွား၏။

နဖူးမှ သွေးများ စီးကျ လာချိန်တွင်၊ လရောင်ရေစင်၏ မျက်လုံး များ၌၊ ကြောက်ရွံ့ မှုများ ထင်ဟပ် လာ၏။

ပြိုင်ဘက်၏ ဓားရေးမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ အလို ရှိသည့် အချိန်တိုင်း လှုပ်ရှား မှုကို၊ ထိန်းချုပ် ရပ်တန့် နိုင်ခြင်းကြောင့်၊ သူမ ထိတ်လန့် သွားသည်။

လင်းယွန်က လက်ဝှေ့ရမ်း လိုက်ကာ၊ ဓားကို ရုတ်သိမ်း လိုက်သည်။

" ကျေးဇူး တင်ပါတယ်။ "

နဖူးမှ စီးကျ လာသော သွေးကို တို့ထိ လိုက်ပြီး၊ လရောင် ရေစင်က ခါးသက်စွာ ပြုံးလိုက်သည်။

“ ငါ ရှုံးပြီ၊ ငါ့ အသက်ကို နှမြော ပေးလို့ ကျေးဇူး တင်ပါတယ်။ ”

ဤတိုက် ပွဲမှာ ပြီးပြည့် စုံသော အောင်ပွဲ တစ်ခု ဖြစ်ခဲ့ပြီး၊ လမ်းတစ်လျှောက် အခြားသော အမည်ခံ ပုဂ္ဂိုလ် များ ကိုလည်း၊ လင်းယွန်က အနိုင်ယူ နိုင်ခဲ့သည်။

သို့သော် လူအများ စုမှာ၊ ၎င်းကို ဂရု မစိုက် ခဲ့သည့် အတွက်၊ စိတ်မကောင်း ဖွယ်ရာပင်။ ဘိုင်လိရွှမ်နှင့် စစ်မှန်သော တိမ်တိုက် ကလေး တို့ကြားက၊ တိုက်ပွဲ သည်သာ လူတိုင်း၏ အာရုံ စူးစိုက် မှုကို ရရှိ နေသည်။

သူတို့၏ တိုက်ပွဲ အဟုန်မှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး၊ ကြုံးဝါး သံများ ဆူညံ နေပေသည်။

" နဂါး ကျား အုပ်စိုးမှု။ "

" မိုးကြိုး ဖမ်းယူ ခြင်း။ "

နှစ်ယောက် လုံးက ထိပ်တိုက် တွေ့ ဆုံရန် ရွေးချယ် လိုက်သည်။

လင်းယွန် သည်ပင် ထိုပွဲကို ကြည့်ရန်၊ အားတက် သရောဖြင့်၊ ခေါင်းမော့ မိလေသည်။

***

All Chapters