ငါ သဘော မတူဘူး။
Vol. 33 Ch. 459
တိုက်ပွဲ အဟုန်မှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး၊ ကြုံးဝါး သံများ ဆူညံ နေပေသည်။
" နဂါး ကျား အုပ်စိုးမှု။ "
" မိုးကြိုး ဖမ်းယူ ခြင်း။ "
နှစ်ယောက် လုံးက ထိပ်တိုက် တွေ့ ဆုံရန် ရွေးချယ် လိုက်သည်။
စစ်မှန်သော တိမ်တိုက် ကလေး ဖန်တီး ထားသော တံဆိပ်မှာ၊ ကြောက်မက်ဖွယ် ဖြစ်စဉ်နှင့် အတူ၊ ဘိုင်လိရွှမ် အပေါ် ပြုတ်ကျ သွား၏။
နဂါးနှင့် ကျား နှစ်ကောင် စလုံးတွင်၊ တင်းကျပ်စွာ ချည်နှောင် ထားသည့်၊ သံကြိုး တစ်ချောင်း ရှိနေ သဖြင့်၊ လူတိုင်း ထိတ်လန့် သွားကြသည်။
ဆိုလို သည်မှာ နဂါးနှင့် ကျား တို့သည် စစ်မှန်သော တိမ်တိုက် ကလေး၏ အိမ်မွေး သားရဲ များ ကဲ့သို့ ယဉ်ပါး နေပေ၏။
သို့သော် စွမ်းအင် သားရဲ နှစ်ကောင်က၊ ဝါးမြို လုနီးပါး အချိန်တွင်၊ လျှပ်စီး ကြောင်းများ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ ဘိုင်လိရွှမ်၏ အငွေ့ အသက်များ မြင့်တက် လာသည်။
မိုးကြိုး ဖမ်းယူ ခြင်းသည်၊ ဘိုင်လိရွှမ် ကိုယ်တိုင် ဖန်တီး ယူထားသော လှုပ်ရှားမှု တစ်ခု ဖြစ်၏။
'' ဂျိန်း ...... ''
စင်မြင့် ပေါ်မှ လျှပ်စီး ကြောင်းများ၊ လင်းထိန် သွားသော အခါတွင်၊ လူတိုင်း၏ နားထဲသို့ ကျယ်လောင်သော မိုးချိမ်း သံများ တိုးဝင် လာလေသည်။
ဘိုင်လိရွှမ်၏ ဓားအောက်တွင် တံဆိပ် သုံးခုဖြင့်၊ အားဖြည့် ထားသော နဂါးနှင့် ကျား ပုံရိပ်ကြီးမှာ၊ အက်ကွဲ ကြောင်းများ ပြည့်နှက် သွား သည်။
ခဏ အကြာတွင်၊ နဂါးနှင့် ကျားအား ဖြတ်ကျော်ကာ၊ လျှပ်စီး ကြောင်းများ ထိုးဖောက် ဝင်ရောက် လာပြီး၊ သားရဲ နှစ်ကောင် အပေါ်၊ ချည်နှောင် ထားသည့် သံကြိုး များကို ဖြတ်တောက် လိုက်တော့သည်။
ဤမြင်ကွင်းသည် စစ်မှန်သော တိမ်တိုက် ကလေး၏ မျက်နှာကို ပြောင်းလဲ သွားစေပြီး၊ လက်သီး တစ်ချက် စီကို ထပ်မံ အားဖြည့်ကာ၊ ခုခံလိုက် သော်လည်း ခြေလှမ်း များစွာ နောက်ပြန် ဆုတ်လိုက် ရသည်။
သူ့ တစ်ကိုယ်လုံး လျှပ်စီးများ ထိမှန်လျက်၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာပြီး၊ ကြောက်မက်ဖွယ် အသွင် ဖြစ်ပေါ် လာလေသည်။
သွေးစ များကို လက်ခုံဖြင့် သုတ်လိုက်ပြီး၊ စစ်မှန်သော တိမ်တိုက် ကလေးက ပြုံးကာ၊
“ ကြောက်စရာ ကောင်းတဲ့ ဓားရေးပဲ၊ သူတော်စင် ခန္ဓာ ကိုယ်ကို ရရှိ ထားတဲ့၊ ပါရမီရှင် တစ်ယောက် ဖြစ်ဖို့၊ တကယ် ထိုက်တန် ပါတယ်၊ ဒီနေ့ မင်းငါ့ကို အံ့အားသင့် စရာတွေ အများကြီး ပေးခဲ့တယ်။ ''
ဘိုင်လိရွှမ်၏ မျက်နှာက ဖြူဖျော့ နေပြီး၊ ယခင် တိုက်ခိုက် မှုတွင် မည်မျှ အစွမ်းထက် သည်ကို လူတိုင်း ပြောနိုင်သည်။
စစ်မှန်သော တိမ်တိုက်၏ ဒဏ်ရာ များကို ကြည့်ပြီး၊ ဘိုင်လိရွှမ်က ဓားအား ရုတ်သိမ်း လိုက်ကာ၊
" မင်း နိုင်ပြီ'' ဟု စိတ်ပျက် လက်ပျက် ရေရွတ် လိုက်လေသည်။
သူ၏ အပြင်း ထန်ဆုံး တိုက်ခိုက်မှု များက၊ ပြိုင်ဘက် အပေါ် ပြတ်ရှ ဒဏ်ရာ ရစေရုံ မျှသာ ဖြစ်ပြီး၊ ဝှက်ဖဲများ ထုတ်ဖော် လာသည်အထိ၊ ဖိအား မပေးနိုင် ခဲ့ပေ။
“ စိတ်ဝင် စားစရာပဲ …”
ဓားနန်းတော်ကို နောက်ဆုံး၌ သူ ဖြိုခွင်း နိုင်လိုက်သည်။ လင်းယွန်အား နောက်ဆုတ်စေ ပြီးနောက်၊ အရှုံး သမား အုပ်စု တွင်သာ ရုန်းကန် ခိုင်းခဲ့သည်။
လက်ရှိ ဘိုင်လိရွှမ် ကိုမူ အနိုင်ယူ နိုင်၏။ ဆိုလို သည်မှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း အနေဖြင့်၊ ဓားနန်းတော် အပေါ် ဖြိုခွင်း လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင်၊ ချင်ယုနှင့် စီရွှယ်ယီ၏ တိုက်ပွဲမှာ စတင် လာခဲ့ပြီး၊ စီရွှယ်ယီက ရှုံးနိမ့်ကြောင်း ၊ စောလျင်စွာ ဝန်ခံ လိုက်သည်။
ယင်းမှာ ထိပ်တန်း သုံးနေရာ အတွက်၊ တိုက်ပွဲ တစ်ခု မျှသာ ဖြစ်ပြီး၊ သူ၏ ခွန်အားကို အလွန် အကျွံ သုံးဆွဲရန် စိတ်ကူး ရှိပုံ မရပေ။
ဒိုင် အဖိုးအိုက ဘိုင်လိရွှမ်ကို လှည့်ကြည့်ပြီး၊ " မင်း ဘယ်လောက် ကြာကြာ အနား ယူမှာလဲ၊ " ဟု မေးမြန်း လိုက် လေသည်။
ထိပ်ဆုံး သုံးနေရာ အတွက် တိုက်ပွဲမှာ၊ မကြာခင် စတင် တော့မည် ဖြစ်ပြီး၊ ဆုလာဘ် အနေဖြင့်၊ စကြာဝဠာ လက်ရာ တစ်ခု ချီးမြှင့် မည် ဖြစ်သည်။
ထို့ကြောင့် ဘိုင်လိရွှမ်နှင့် စီရွှယ်ယီ တို့က၊ ယင်းကို စွန့်လွှတ်ရန် အကြောင်း ပြချက် မရှိ သည်မှာ၊ သဘာဝ အတိုင်း ဖြစ်သည်။
နောက်ဆုံးတွင်၊ ၎င်းတို့ကို မလိုအပ် လျှင်ပင်၊ အရင်း အမြစ် များဖြင့်၊ လဲလှယ် အသုံးပြု နိုင်မည်။
" မ လို ပါ ဘူး ... "
ဘိုင်လိရွှမ်က မှိတ်ထားသော သူ့ မျက်လုံး များကို၊ ဖွင့်ကြည့် လိုက်ပြီး ပြန်ဖြေသည်။
ပုံရိပ် နှစ်ရိပ် စင်မြင့် ပေါ်သို့၊ ပျံဝဲ ဆင်းသက် လာခဲ့ ကြပြီး၊ ၎င်းတို့မှာ ဘိုင်လိရွှမ်နှင့် စီရွှမ်ယီတို့ ဖြစ်သည်။
သူတို့ နှစ်ဦးမှာ အင်ပါယာတွင်၊ ကျော်ကြားသော ဂုဏ်သတင်းကို ပိုင်ဆိုင် ကြပေသည်။
အထူး သဖြင့် သူတို့ နှစ်ယောက် စလုံး၊ ပါရမီရှင် ရှစ်ပါး စာရင်းဝင် သွားသော ကြောင့်၊ ဤတွေ့ဆုံမှု အပေါ် အရမ်း စိတ်လှုပ်ရှား နေခဲ့သည်။
ထို့အပြင်၊ သူတို့ ပြသ ခဲ့သော ခွန်အားမှာ၊ လူ အများ ထင်သည်ထက်၊ ပိုမို အားကောင်းသည်။
" ဘိုင်လိရွှမ်၊ ... မင်းက ငါ့ကို အနိုင် ယူဖို့ ယုံကြည်ချက် ပိုရှိ နေပုံ ရတယ်။ "
စီရွှယ်ယီက ပြုံးကာ ဆိုလိုက်သည်။ စစ်မှန်သော တိမ်တိုက် ကလေးနှင့်၊ အဆုံး စွန်ထိ တိုက်ခိုက်ပြီး နောက် တွင်ပင်၊ ဘိုင်လိရွှမ်က အနည်း ငယ်သာ အနား ယူခဲ့ ပေသည်။
တစ်ဖက်တွင် သူက ချင်ယုနှင့်၊ အချိန် အကြာကြီး မတိုက် ခဲ့ရပေ။
“ ဒါတော့ သေချာ ပါတယ်၊ ချင်ယုကို တိုက်ခိုက် ဖို့တောင်၊ သတ္တိ မရှိဖူး ဆိုမှတော့ ...၊ ငါ မင်းကို ဘာလို့ စိတ်ပူ နေရ ဦးမှာလဲ၊ ထိပ်တန်း (၃)ဦး စာရင်းကို ငါက၊ သေချာ ပေါက် ဝင်နိုင် ပါလိမ့်မယ်၊ စတုတ္ထ နေရာ မှာသာ ရှိတဲ့၊ မင်းက စကြာဝဠာ လက်ရာကို စွန့်လွှတ် နိုင်ပါတယ်။ ”
ဘိုင်လိရွှမ်က တည်ငြိမ်စွာ ပြန်ပြော ခဲ့သည်။
စစ်မှန်သော တိမ်တိုက် ကလေးကို ရှုံးနိမ့် ခဲ့သော်လည်း၊ ၎င်းမှာ သူက လုံးဝ ရှုံးနိမ့်ခြင်း မဟုတ်ကြောင်း၊ လူတိုင်း သိပေသည်။
ပြိုင်ဘက်နှင့် ယှဉ်ပါလျှင်၊ အခြေခံ အုတ်မြစ် အားနည်း နေသောကြောင့် ဖြစ်သည်။ သို့သော် သူ့ အရည် အချင်းဖြင့်၊ အချိန်တို အတွင်း၊ ကျော်တက် နိုင်မည်ဟု ယုံကြည်သည်။
စင်မြင့် အောက်၌ ပရိသတ် များက၊ သူတို့ နှစ်ဦးထက် ပို၍၊ စိတ်လှုပ်ရှား နေကြသည်။
၎င်းတို့ နှစ်ဦးသည် ထိပ်ဆုံး သုံးဦး စာရင်းတွင် ပါဝင်ရန်၊ ရေပန်း စားသော ကိုယ်စား လှယ်လောင်းများ ဖြစ်ကြပြီး၊ လူတိုင်း နီးပါးက ၎င်းတို့ အပေါ် လောင်းကြေး ထပ်ခဲ့ ကြသည်။
" စကား တွေကို ဖြတ်ပြီး ... စလိုက် ရအောင်၊ ဒါမှ မင်းရဲ့ယုံကြည်မှု ဘယ်က လာလဲ ဆိုတာ သိရ လိမ့်မယ်။ "
စီရွှယ်ယီ၏ မျက်လုံး များသည်၊ တိုက်ခိုက်ရေး စိတ်ဓာတ်များ၊ ပြည့်နှက် နေသော ကြယ်တစ်ပွင့် ကဲ့သို့၊ တောက်ပ နေသည်။
ချင်ယုကို ရှုံးနိမ့် သွား ပြီးနောက်၊ ထိပ်တန်း (၃) ယောက် ထဲသို့ ဝင်ရောက်ရန်၊ စွန့်လွှတ် လိုက်ရ လုနီးနီး ဖြစ်ပေရာ၊ ဤတိုက် ပွဲကို မနိုင်လျှင်၊ ရှက်စရာ ဖြစ်ပေ လိမ့်မည်။
'' ဟိတ် ...... ''
စီရွှယ်ယီက ဓား ရည်ရွယ် ချက်ကို ယပ်တောင် ထံသို့ ပို့လွှတ် လိုက်ပြီး၊ ရှေ့သို့ ရိုက်ချ လိုက်၏။
" အဆုံးမဲ့ တိမ်မြူများ "
ထိုတိုက်ခိုက် မှုကို ရင်ဆိုင်ရန်၊ ဘိုင်လိရွှမ်က သူ့ဓားအား တည်ငြိမ်စွာ ဆွဲထုတ် လိုက်သည်။ ပြီးနောက် ဓားသည် ချက်ချင်းပင် ယပ်တောင်ကို လျှပ်စီး အလွှာ တစ်ခုဖြင့်၊ တားဆီး သွားသည်။
" တိမ်မြူ အိပ်မက်။ "
စီရွှယ်ယီက ယပ်တောင်အား၊ ဆွဲကိုင် လိုက်ပြီး၊ တိမ်မြူ ကင်းသော လမင်း ဓား၏ အနှစ် သာရကို အပြည့် အဝ ပြသ လာ ခဲ့သည်။ သူ၏ တိုက်ခိုက်မှု များမှာ၊ သေကွင်း သေကွက်များ ဆီသို့ ဦးတည် နေခဲ့၏။
" သနား စရာ လှည့်ကွက် လေး။ "
လှောင်ပြောင် ရေရွတ် လိုက်စဉ် မှာပင်၊ ဘိုင်လိရွှမ်၏ ခန္ဓာ ကိုယ်မှ၊ ထွက်ပေါ် လာသော ဓား ရောင်ခြည်မှာ၊ လျှပ်စီး ကြောင်းများ အဖြစ် အသွင်ပြောင်း သွားပြီး၊ အရှိန် အဝါကို ပို၍ မြင့်တက် လာစေသည်။
" မိုးကြိုး ဖမ်းယူခြင်း ...။ "
ကြုံးဝါးသံ နှင့်အတူ၊ ရှေ့သို့ တိုးထွက် သွားသည်။ သို့သော် စီရွှယ်ယီ၏ ပုံရိပ်မှာ၊ တိမ်တိုက် တစ်ခု ကဲ့သို့ ပြောင်းလဲ သွားပြီး၊ ဘိုင်လိရွှမ်၏ အသွင် အပြင်မှာ လျှပ်စီး လက်နေသော မိုးကြိုး နတ်ဘုရား တစ်ပါးနှင့် တူလာ၏။
သူလှမ်း လိုက်သည့် ခြေလှမ်း တိုင်းတွင်၊ လျှပ်စီး ကြောင်းများ တဖျပ်ဖျပ် လင်းလက် နေပြီး၊ ထိပ်တိုက် တွေ့ဆုံ ချိန်၌ ဇာတ်ခုံ တစ်ခုလုံး တုန်လှုပ် သွားလေသည်။
စီရွှယ်ယီမှာ ဘိုင်လိရွှမ်ကို ဖုံးအုပ် ထားသော တိမ်တိုက်များ ကဲ့သို့ မြင်ကွင်းမှ ပျောက်ကွယ် နေပေသည်။
" မင်း ... ထာဝရ ပုန်းနေ နိုင်မယ်လို့ ... ထင်လား။ "
ဘိုင်လိရွှမ်၏ မျက်လုံး များတွင်၊ လျှပ်စီး ကြောင်းများ လင်းလက် လာပြီး၊ စီရွှယ်ယီကို ကန့်သတ် ပစ်လိုက်သည်။
ပြီးနောက် မြူခိုးများ ဖုံးလွှမ်း နေသော ပြိုင်ဘက်ထံ၊ ဓား ရည်ရွယ် ချက်ဖြင့် ခုတ်ပိုင်း ချလိုက်၏။
စီရွှယ်ယီ၏ မျက်ဝန်းများ မှေးစင်း သွားကာ၊ ဤဓားကို တားဆီးရန်၊ ယပ်တောင်အား အမြန် ဖွင့်လိုက် ရသည်။
အကန့် အသတ် မရှိသော မူလ စွမ်းအင်များ၊ ပေါက်ကွဲ ထွက်လာပြီး စီရွှယ်ယီကို ချက်ချင်း ပျံသန်း သွားစေသည်။
" တိမ်နဂါး၏ ဒေါသ ....။ "
ယပ်တောင်ကို ဖွင့်ကာ၊ ပြန်လည် တွန်းထုတ် လိုက်ချိန်တွင်၊ ပတ်ဝန်း ကျင်၌ တိမ်တိုက်များ စုဝေး လာပြီး၊ နဂါး အဖြစ် ထွက်ပေါ် လာသည်။
ယပ်တောင်ကို ပြန်ပိတ် မိ ချိန်၌၊ တိမ်နဂါး ကြီးမှာ ဘိုင်လိရွှမ်ထံ၊ ဒေါသ တကြီး ပြေးဝင် သွားသည်။
" အချိန် ကောင်း ပဲ။ "
ထိတ်လန့် သွားခြင်း မရှိဘဲ၊ မထူးခြား ဟန်ဖြင့် ဘိုင်လိရွှမ်က ပြုံးလိုက်ကာ၊
" ပုန်းကွယ် နေသော နဂါးဓား ...။ "
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ မိုးကြိုး တိမ် များက နဂါး အဖြစ် ထွက်ပေါ် လာသည်။ ထိုနဂါး ထံတွင် အကြေးခွံ များနှင့် မျက်လုံးများ ပြတ်သားစွာ ပါရှိ နေပေ၏။
တိမ်နဂါးနှင့် လျှပ်စီး နဂါး နှစ်ကောင်၊ ထိပ်တိုက် တွေ့သော အခါတွင်၊ ပြင်းထန်သော လှိုင်းလုံးများ ရိုက်ခတ်လာ လေသည်။
" ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအင်လဲ။ "
“ ဒါကြောင့်လည်း ချင် အင်ပါယာရဲ့၊ အသန် မာဆုံး ကြယ်နှစ်ဖော် ဖြစ်နေ တာလေ၊ ဘယ်သူ နိုင်ပါစေ နှစ်ယောက်လုံး ထိုက်တန် ပါတယ်။ ”
" မှန် တယ်၊ ချင်ယုနဲ့ စစ်မှန်သော တိမ်တိုက် ကလေးက၊ သူတို့ နှစ်ယောက်ထက် အသက် အများကြီး ကြီးနေ ပါပြီ၊ သူတို့သာ ဆိုရင် ဒီလောက် အထိ၊ လုပ်ပြ နိုင်မယ် မထင် ပါဘူး။
'' ချန်ပီယံ ဆု မရ ပေမယ့်လည်း၊ ဒီလောက်အထိ လုပ်နိုင် ခဲ့တာ အံ့သြ စရာ ပါပဲ။ ”
တိုက်ပွဲကို ကြည့်နေသော လူအုပ် ကြီးမှာ၊ ပို၍ စိတ် လှုပ်ရှားလာ ခဲ့သည်။
တိုက်ပွဲမှာ အဆုံးသို့ ရောက်ရှိ လာသည်။ ဘိုင်လိရွှမ်၏ မိုးကြိုး နဂါးက အောင်ပွဲခံ ခဲ့ပြီး၊ တိမ် နဂါးမှာ မှေးမှိန်သွား လေသည်။
မိုးကြိုး နဂါး ထံမှ ကျန်ရှိသော စွမ်းအင်များက၊ စီရွှယ်ယီ ပေါ်သို့ ကျရောက် သွားသည်။ မိုးကြိုး နဂါးကို ဖြိုခွဲရန် ယပ်တောင်ကို ဖွင့်လိုက်သော အခါတွင်၊ စီရွှယ်ယီ၏ မျက်နှာမှာ ပြောင်းလဲ သွားခဲ့သည်။
" ဒါက အဆုံး သတ်ပဲ၊ မိုး ကြိုး ဖမ်း ယူ ခြင်း။ ''
ဤတိုက်ခိုက် မှုသည်၊ စစ်မှန်သော တိမ်တိုက် ကလေး၏ တံဆိပ် သုံးခုကို၊ ဖျက်ဆီး နိုင်ခဲ့သည်။
ထို့ကြောင့် လျှပ်စီး များက တိမ်တိုက် များကို ဖြတ်၍၊ စီရွှယ်ယီအား အံ့အား သင့်စေ ခဲ့သည်။
သို့သော် ယပ်ယောင်ကို ဖွင့်ကာ ဟန့်တား ခါနီးတွင်၊ စီရွှယ်ယီ၏ မျက်နှာမှာ ဖြူဖျော့ ငြိမ်သက် သွား၏။
အချိန် အတော် ကြာပြီးနောက်၊ စီရွယ်ယီက ပင့်သက် ချကာ၊
“ ငါ ရှုံး သွားပြီ၊ စစ်မှန်သော တိမ်တိုက် ကလေးသာ တူညီတဲ့၊ ကျင့်ကြံ မှုမှာ ရှိနေရင်၊ ဒီဓားကို ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး။ ”
" မင်းရဲ့ သိုင်းဝိဉာဉ်ကို မင်း ထုတ်နိုင်တယ်။ "
ဘိုင်လိရွှမ်က သူ့ဓားကို ရုတ်သိမ်း လိုက်ပြီး၊ တည်ငြိမ်စွာ ပြောလိုက်၏။
" မလို ပါဘူး၊ အနိုင် ရဖို့ မသေချာ မှတော့ မထူး ပါဘူး၊ ဒါပေမယ့် မင်းရဲ့ ဓားဟာ ငါ့ရဲ့ ယုံကြည် ချက်ကို တုန်လှုပ် စေတယ်၊ ဒါက အင်ပါယာရဲ့၊ မျိုးဆက်သစ် လူငယ်တွေ ကြားထဲမှာ၊ ပြိုင်ဘက်ကင်း ဓား တစ်လက် ပါပဲ။ ''
ဘိုင်လိရွှမ်၏ ဓားဖြင့်၊ ထပ်မံ ရင်ဆိုင်ရန်၊ ယုံကြည်ချက် မရှိ တော့ပေ။ ထို့ကြောင့် ယင်းမှာ မည်မျှ အစွမ်းထက် မည်ကို၊ လူတိုင်းက တွေးကြည့် နိုင်ပေသည်။
လူ များစွာက ၎င်းတို့တွင် သံသယများ ရှိနေဆဲ ဖြစ် သော်လည်း၊ ၎င်းကို စမ်းသပ်ရန် သတ္တိ မရှိ ကြချေ။
“ ငါ ရှုံးပြီ၊ ထိပ်ဆုံး (၃) နေရာကို၊ တက်လှမ်း နိုင်တဲ့ အတွက် ဂုဏ်ယူ ပါတယ်။ "
"ကျေးဇူး တင်ပါတယ်။ "
စီရွှယ်ယီ၏ ဂုဏ်ပြု စကားကို လက်ခံ ယူလိုက်ပြီး၊ ဘိုင်လိရွှမ်က ခေါင်းညိတ်ပြ လိုက်သည်။
ဒိုင် အဖိုးအိုက စင်မြင့် ပေါ်သို့၊ ဆင်းသက် လာပြီး၊ ပြိုင်ပွဲကို ဆက်သွားရန် ကြေငြာ လေသည်။
“ ထိပ်ဆုံး သုံးယောက်ကို၊ ဆုံးဖြတ် ပြီးပြီ ဆိုတော့ ...၊ နောက်ဆုံး တိုက်ပွဲ ဖြစ်တဲ့၊ ချင်ယုနဲ့ စစ်မှန်သော တိမ်တိုက်လေး တို့ရဲ့၊ ပြိုင်ပွဲကို ဆက်သွား ကြရအောင်။ ”
ဤ ပွဲစဉ်ကြောင့် လူတိုင်းက ဝမ်းသာ အားရ ဖြစ်ကြ ရလေပြီ။ တစ်ချိန် တည်း မှာပင်၊ ပရိသတ် များ၏ အားပေးသံ နှင့်အတူ၊ စင်မြင့် ပေါ်သို့ ပုံရိပ် နှစ်ရိပ် ဆင်းသက် လာခဲ့သည်။
နှစ်ဦး စလုံးတွင် ထောက်ခံ အားပေးသူ အများ အပြား ရှိနေ ခဲ့ပြီး၊ ၎င်းသည် နဂါးတံခါး ရင်ပြင်၏ လေကို၊ ချက်ခြင်း လှုပ်ရွ လာစေသည်။
နောက်ဆုံးတွင် စတင်တော့ မည်ဖြစ်ပြီး၊ မကြာမီ ချန်ပီယံ ထွက်ပေါ် လာ ပေတော့မည်။
ချင်ယု နှင့် စစ်မှန်သော တိမ်တိုက် ကလေး တို့က၊ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ၊ ပြုံးပြ လိုက်ကြသည်။
လွန်ခဲ့သည့် သုံးနှစ်က၊ ဤနေရာ၌ တိုက်ပွဲ ဝင်နေ လျက်ဖြင့်၊ နှစ်ဦးသား အသိ အကျွမ်းများ ဖြစ်လာသည်။
သုံးနှစ်ကြာ ပြီးနောက်တွင်၊ ချန်ပီယံဆု အတွက် တိုက်ပွဲ ဝင်ရန်၊ စင်မြင့် ပေါ်၌ ပြန်လည် တွေ့ဆုံ ရပေသည်။
" ငါ သဘော မတူဘူး။ "
သို့သော် နှစ်ယောက်သား တိုက်ခိုက် ခါနီးတွင်၊ ဟန့်တားသံ တစ်သံ၊ ထွက်ပေါ် လာသည်။
ထိုဟန့်တား သံနှင့် အတူ ဓား သေတ္တာ တစ်လုံးကို၊ ထမ်းပိုး ထားသော လူငယ် တစ်ဦးက၊ စင်မြင့် ပေါ်သို့၊ ရုတ်တရက် ခုန်တက် လာ၏။
ယင်းကြောင့် ဒိုင် အဖိုးအို အပါ အဝင်၊ လူအုပ် ကြီးကို ထိတ်လန့် သွား စေခဲ့သည်။ ပတ်ဝန်း ကျင်ရှိ ဆူညံ နေသော အားပေးသံ များပင်၊ တိတ်ကျ သွားကာ၊ လင်းယွန်ထံ စိုက်ကြည့် လာကြ၏။
" ထိပ်ဆုံး သုံးဦးကို ဆုံးဖြတ် ပြီးပြီလား၊ ငါသဘော မတူဘူး။ ”
-ဟု ပြတ်သားစွာ ထပ်မံ ရေရွတ် လိုက်လေသည်။
***