ငရဲလမ်း။
Vol. 33 Ch. 460
သူ့ အသံက ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်းက ပြတ်ပြတ် သားသား ကြားလိုက် ရသည်။
" လင်းယွန် ရူးနေ တာလား။ "
“ ဒါက နဂါး တံခါး ပြိုင်ပွဲပဲ၊ ဓားနန်းတော်ရဲ့ နန်းတော် သခင် ရှိနေ ရင်တောင်၊ အဲဒါနဲ့ ပတ်သက်ပြီး၊ ဘာမှ လုပ်လို့ မရ ပါဘူး။ ”
“ သူ နောက်ကျ သွားတာကို၊ စိတ်မကောင်း မိပေမယ့်၊ စည်းကမ်း ကတော့ စည်းကမ်း ပါပဲ။ ”
သဘော မတူ သော်လည်း ၎င်းနှင့် ပတ်သက်၍ လုပ်နိုင် စရာ မရှိပေ။ လူအုပ် ကြီးမှာ၊ နောက်ဆုံး တိုက်ပွဲကို စောင့်မျှော် နေသူများ ဖြစ်လေရာ၊ မကျေ မနပ်ဖြင့် ခေါင်းယမ်း လိုက်မိ ကြသည်။
ယင်းကြောင့် ချင်ယု၊ ဒိုင်အဖိုးအို နှင့် စစ်မှန်သော တိမ်တိုက် ကလေး တို့၏ နှုတ်ခမ်း ပေါ်တွင်၊ လှောင်ပြောင် သရော်သော အပြုံးများ ဖြစ်ပေါ် လာလေသည်။
" ရယ်စရာ ဖြစ်နေ လို့လား၊ အရှုံး သမား အုပ်စုမှာ၊ ငါအောင်ပွဲ ခံထားတယ်၊ ဒါဆို ငရဲ လမ်းကို ဖြတ်ဖို့၊ မလုံလောက် ဖူးလား။ ''
ဒိုင် အဖိုးအိုကို ကြည့်ကာ၊ လင်းယွန်က ဆိုလိုက်သည်။ ထိုစကားကြောင့် လူတိုင်း အံ့အားသင့် သွားပြီးနောက်၊ ဝေဖန် သံများ ဆူညံ လာလေသည်။
စီရွှယ်ယီ၊ ဘိုင်လိရွှမ်၊ စစ်မှန်သော တိမ်တိုက်ကလေးနှင့်၊ ချင်ယု၏ မျက်နှာများ ပြောင်းလဲ သွားသည်။
ဧကရာဇ် ချင်ပင် မျက်လုံးများ မှေးစင်း သွားပြီး၊ လင်းယွန်ကို စိုက်ကြည့် လိုက်သည်။ လူအုပ်ကြီး မှာမူ၊ ဆိုဖွယ် မရှိ တော့ပေ။
ငရဲ လမ်းမှာ အနည်းငယ် ရူးသွပ် လွန်းပေသည်။ နောက်ဆုံးတွင် ပြိုင်ဘက် လေးယောက်ကို၊ ဆက်တိုက် ရင်ဆိုင် ရမည် ဖြစ်ပြီး၊ ပြီးမြောက်သည် အထိ၊ ကြားတွင် အနား ယူ၍ မရပေ။
ထို့ပြင် တိုက်ပွဲ၌ ရှုံးနိမ့် သွားသည်နှင့်၊ ပါရမီ ရှစ်ပါး အတွင်းရှိ၊ သူ၏ ဘွဲ့ထူးကို ဖယ်ရှား ခံရမည် ဖြစ်သည်။
တချိန်က ငရဲ လမ်းကို စိန်ခေါ် သူများ ရှိခဲ့ဖူးသော်လည်း၊ အနိုင် ရရှိ သူ တစ်ယောက်မျှ မရှိပေ။
အောင်နိုင်သူ မရှိခဲ့ ရုံသာ မက၊ ငရဲ လမ်းကို စိန်ခေါ် သူတိုင်း ကောင်းမွန်သည့် ဇာတ်သိမ်းမျိုး မဟုတ်ဘဲ၊ ကြောက်မက်ဖွယ် ကောင်းသော သေခြင်းဖြင့်၊ ရင်ဆိုင် ခဲ့ရသည်။
လွတ်မြောက် ခဲ့ ကြသူ အနည်း ငယ်မှာ၊ ရာထူးမှ ဖယ်ရှား ခံရ၏။ ထို့ကြောင့် ငရဲ လမ်းကို၊ စိန်ခေါ် မည့်သူ မရှိတော့ သည်မှာ၊ အချိန် အတော် ကြာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဒိုင် အဖိုးအိုသာ မက လူတိုင်း၊ ဤသို့ ရွေးချယ် ခွင့်ရှိ သည်ကို၊ မေ့သွား သည်မှာ အပြစ် မဆို သာပေ။
ငရဲ လမ်းတွင် အောင်မြင်မှု သမိုင်းကြောင်း မရှိ သောကြောင့်၊ မည်သူမျှ ၎င်းကို စိန်ခေါ် ဝံ့မည် မဟုတ်ဟု ယူဆ ထား ကြသည်။
သည့်အပြင် ငရဲ လမ်းကို၊ စိန်ခေါ် လောက်သည် အထိ၊ လင်းယွန်မှာ သန်မာခြင်း မရှိ သေးပေ။
" လင်းယွန် ... မင်း ဒါကို သေချာ စဉ်းစား ပြီးပြီလား၊ ပြိုင်ဘက် လေးယောက်ကို၊ အနား ယူချိန် မရပဲ ဆက်တိုက် တိုက်ရမှာ၊ မင်းရှုံးရင် မင်းရဲ့ ဘွဲ့ တံဆိပ်လည်း ဆုံးရှုံး ရလိမ့်မယ်။ ”
- ဟု ဒိုင် အဖိုးအိုက လေးနက်သော အမူအရာဖြင့် မေးသည်။
" ငါ ဆုံးဖြတ် ထားပြီး ပါပြီ။ ''
ပြတ်သားသော လင်းယွန်၏ အဖြေကြောင့်၊ ဒိုင် အဖိုးအိုကို သံသယ ဝင်လာ စေသည်။ သူကိုယ်တိုင် ဆုံးဖြတ်ချက် မချ ဝံ့ဘဲ၊ ဧကရာဇ် ချင်ကို လှမ်းကြည့် လိုက်၏။
ဤသည်မှာ ဧကရာဇ် ချင်၏ ထင်မြင် ချက်ကို တောင်းခံ လိုက်ခြင်း ဖြစ်လေသည်။ ဧကရာဇ် ချင်က သူ့ အကြည့်ကို လျစ်လျူရှု လိုက်ပြီး၊ လင်းယွန်ကို စိုက်ကြည့်ကာ၊
“ စိတ်ဝင် စား စရာပဲ၊ သူ့ ဂုဏ်ထူးကို ရေးထိုးဖို့၊ စိတ်မ၀င် စားတဲ့ အတွက်၊ ဒါနဲ့ ပတ်သတ်ပြီး၊ ငါ့မှာ သဘောထား အမြင် မရှိတာ၊ သဘာဝ ပါပဲ။ ”
" ဧကရာဇ်ချင်၊ ...ခဏ လေးပါ၊ စင်ပေါ်မှာ လင်းယွန်နဲ့ စကား တစ်ခွန်းလောက်၊ ပြောလို့ ရမလား။ "
လျိုဖန်းက အဖွဲ့ အတွင်းမှ ပြေးထွက်ကာ၊တောင်းဆို လိုက်သည်။
" ဟား ဟား ဟား၊ ဘာများ ပြောစရာ ရှိလို့လဲ။ "
ဝမ်ရန်းဘိုက အံ့အား သင့်သွား ပြီးနောက်၊ ကြေနပ်စွာ ရယ်မော လိုက်ပြီး၊
" ဒီဓားကျွန်က ကြေငြာပြီး သွားပြီ၊ မင်း သူ့ကို နှောက်ယှက်ဖို့ ကြိုးစား နေတာလား၊ မင်းရဲ့ တပည့်က အံ့ဖွယ် တွေကို၊ မဖန်တီး နိုင်ဖူးလို့ ဘယ်သူ ပြောနိုင် မှာလဲ။ "
" မှန်တယ်၊ သူက ငရဲ လမ်းကို စိန်ခေါ် လိုတဲ့ အကြောင်း၊ ကိုယ်တိုင် ကိုယ်ကျ ကြေငြာ ခဲ့တာပါ၊ ဧကရာဇ် မင်းက သဘော တူထားတယ်၊ ဒီအတွက် မင်းမှာ ပြောစရာ မရှိ တော့ဘူး ထင်တယ်။ ”
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲ ယွမ်ရင်က ပြုံးကာ ဝင်ပြော လာသည်။
" တကယ်တော့ လင်းယွန် မအောင်မြင် နိုင်ဖူးလို့ ဘယ်သူ ပြောနိုင် မှာလဲ၊ အကြီး အကဲလျို .... မင်း တပည့်ကို ယုံသင့်တယ်။ ''
ယင်းကို မြင်သည်နှင့်၊ သဘာဝ အတိုင်း တခြားသော ဂိုဏ်းငယ် များက ဝိုင်းဝန်း ဆိုလာ ကြသည်။
လင်းယွန်မှာ ငရဲ လမ်းကို ကျရှုံးမည့် အရေး အပေါ်၊ မည်သူမျှ လက်လွတ် မခံ လိုပေ။
ယင်းမှာ လက်တွေ့ ကျလှပြီး၊ ထိုသို့ ဖြစ်လာသော အခါတွင်၊ ဘွဲ့ကို ဆုံးရှုံး သွားမည် ဖြစ်ပြီး၊ သူတို့ အတွက် အခွင့် အရေးများ ဖြစ်လာ နိုင်ပေမည်။
ထို့အပြင် ဤပြိုင်ပွဲ အတွင်းတွင် ကျော်ကြားမှု အားလုံးကို၊ ဓားနန်းတော်က ရယူ သွား ခဲ့သည့် အတွက်၊ မပျော် မရွှင် ဖြစ်နေပြီ ဖြစ်သည်။
" လျိုဖန်း... အောက်ပြန် ဆင်းလာပါ၊ ငရဲလမ်း စတင်ကြောင်း ကြေ ငြာ လိုက်တော့။ ”
ဧကရာဇ် ချင်က မေးခွန်း ထုတ်ချိန် မပေး တော့ဘဲ၊ တင်းမာသော လေသံဖြင့် အမိန့် ပေးလိုက်သည်။ အဆုံးတွင်၊ လျိုဖန်း တစ်ယောက် ခေါင်းရမ်းလျက်၊ ဓားနန်းတော်သို့ ပြန်လာ ခဲ့သည်။
'' အကြီး အကဲ လျို ... ဒါကို လုပ်ဖို့၊ ဂျူနီယာ မောင်လေးက ရည်ရွယ် ထားပြီး သားပါ၊ ဒါကြောင့် စိုးရိမ် နေစရာ မလို ပါဘူး။ ''
-ဟု ရှင်းယန်က နှစ်သိမ့် လိုက်သည်။
'' ဒီလိုပဲ မျှော်လင့် ထားရအောင် ...''
လျိုဖန်းက သက်ပြင်း ချကာ၊ ညည်းတွား လိုက်သည်။ သူ့ အနေဖြင့် လင်းယွန်မှာ ငရဲ လမ်းကို၊ ဖြတ်သန်း နိုင်လောက်အောင်၊ သန်မာခြင်း မရှိ သေးဟု ထင်မြင် မိသည်။
" ငရဲလမ်း ... ပထမဆုံး တိုက်ပွဲ၊ လင်းယွန်နဲ့ စီရွှယ်ယီ။ "
ဒိုင် အကြီး အကဲက ကြေငြာ ပြီးနောက်၊ စင်မြင့် ပေါ်မှ ဆင်းသက် သွားသည်။
စင်ပေါ် ကျန်ရစ် ခဲ့သော၊ လင်းယွန်၏ အငွေ့ အသက် များက၊ ရုတ်တရက် ပေါက်ကွဲ လာခဲ့သည်။ ငရဲ လမ်းကို စိန်ခေါ် မည့်သူ မရှိတော့ သည်မှာ၊ နှစ်ပေါင်း တစ်ထောင်ကျော် သွားခဲ့ပြီ ဖြစ်သည်။
" သူ ရူးသွားပြီ၊ လေးပွဲ ဆက်တိုက်၊ ဘယ်လိုလုပ် တိုက်နိုင် မှာလဲ။ "
'' ဟား ဟား ဟား၊ ဒါပဲပေါ့ သူက ငယ်ရွယ်ပြီး မာန ကြီးတယ်၊ ဒါပေမယ့် ငရဲ လမ်းကို သူရွေးချယ် ခဲ့တာက၊ မောက်မာ တာတော့ မဟုတ် ပါဘူး၊ သူ မသိ သေးတာပါ။ ''
" ပထမ ပွဲမှာတင် ရှုံးသွားရင်၊ သနား စရာ အရမ်း ကောင်းသွား လိမ့်မယ်။ "
" ဘယ်သူ သိနိုင် မှာလဲ၊ စီရွှယ်ယီနဲ့ ဘိုင်လိရွှမ်တို့ နှစ်ယောက် လုံးက၊ အကြင်နာ ချောက် ကမ်းပါးထက် ပိုသန်မာတယ်၊ ဒါကို သူ ဖြတ်ကျော် နိုင်လိမ့် မယ်လို့ မင်းထင်လား၊ ငါကတော့ စီရွယ်ယီ ကိုတောင်၊ အနိုင် ယူ နိုင်မယ် မထင် ဖူးလို့ ခံစား ရတယ်။ ''
လူအုပ် ကြီးက အချင်းချင်း ဆေးနွေး နေချိန် မှာပင်၊ စင်ပေါ်ရှိ ပြိုင်ပွဲက သက်ဝင် လာပေသည်။
" မင်းရဲ့ သတ္တိကို ငါလေးစား ပါတယ်၊ ဒါပေမယ့် ဒီနေ့ ... ငါ နှစ်ကြိမ် တိတိ ရှုံးနိမ့် ခဲ့ရ ပြီးပြီ၊ နောက်ထပ် မရှုံး ချင်တော့ဘူး၊ ဒါကြောင့် အနိုင် ရဖို့ အားလုံးကို ငါလုပ် ရလိမ့်မယ်။ ''
စီရွှယ်ယီက လေးနက်သော အမူ အရာဖြင့် ပြောကြား ခဲ့သည်။ သူ့ အနေဖြင့် ချင်ယုထံ လက်နက် ချခဲ့ပြီး၊ ဘိုင်လိရွှမ်ကို ရှုံးနိမ့် သွားရသည်။
ခံစား ချက်များ မကောင်းလှ သော်လည်း၊ လင်းယွန်ကို ထပ်မံ ရှုံးနိမ့်ရန်၊ သူ့ မာနက လက်မခံ နိုင်ပေ။
ထို့ကြောင့် လင်းယွန်အား ကြည့်ကာ၊ သူ့ဓား ရောင်ဝါကို စတင် ထုတ်လွှတ် လိုက်သည်။
အရှုံးကို ထပ်မယူ လိုသောကြောင့်၊ ပွဲစ သည်နှင့်၊ သိုင်း ဝိညာဉ်ကို ဆင့်ခေါ်ခဲ့သည်။ ဤတစ်ကြိမ် ရှုံးနိမ့် ပါက၊ သူ့ အတွက် ရှက်စရာ ဖြစ်ပေ လိမ့်မည်။
အရှိန် အဝါ အထွတ် အထိပ်သို့ ရောက်လာ ချိန်တွင်၊ ယပ်တောင်ကို ဖွင့်ကာ လင်းယွန်ဆီ တွန်းထုတ် လိုက်သည်။
ဤတိုက်ခိုက် မှုကို၊ ရင်ဆိုင် လိုက်ရသော လင်းယွင်၏ မျက်နှာမှာ၊ ပြောင်းလဲခြင်း မရှိ ခဲ့ပေ။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော်ကာ၊ စီရွယ်ယီ၏ ယပ်တောင် လှိုင်းပေါ် ဖြတ်ကျော် ပြေးသွား လိုက်သည်။
တိုက်ခိုက်မှုကို အလွယ် တကူ၊ ဖြတ်ကျော် သွားသော လင်းယွန်ကို ကြည့်ပြီး၊ မျက်ခုံး ပင့်လျက် ယပ်တောင်အား အဆက် မပြတ် ရိုက်ချ လိုက်သော ကြောင့်၊ စွမ်းအင် လှိုင်း များမှာ ရေကန်ကြီး တစ်ကန် ကဲ့သို့၊ ဖြည်းညှင်းစွာ ထွက်ပေါ် လာလေသည်။
တစ်ဖက်တွင်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကြောင့်၊ လင်းယွန်၏ ပုံရိပ် များက နေရာ တိုင်းတွင် ဖြစ်ပေါ် လာခဲ့သည်။
" တိမ် ပင် လယ်။ "
စီရွှယ်ယီက ဟိန်းဟောက် လိုက် သည်နှင့်၊ သူ့မျက်လုံး များမှ အေးစက်သော အငွေ့ အသက်များ ထွက်ပေါ် လာသည်။
တိမ်များ လွင့်စင် သွားကာ၊ လရောင် ကဲ့သို့ လင်းလက် နေသော လင်းယွန်ထံ၊ တိုးဝင် သွားသည်။ ဤတိုက်ခိုက် မှုသည် လူတိုင်း အပေါ် လေးလေး နက်နက် စွဲထင် သွားစေ၏။
" ဒါက မင်းမှာ ရှိတာ အကုန်လား၊ ဒါဆိုရင် မင်းရဲ့ ရှုံးနိမ့် မှုနဲ့ ပတ်သက်ပြီး၊ မင်းဘာမှ လုပ်လို့ မရဘူး။ ”
လင်းယွန်က ဆိုလိုက်သည်။ တိမ် ပင်လယ်ကြီး သူ့ အနား ရောက်ခါ နီးတွင်၊ လက်သီး များကို တင်းတင်း ဆုပ်ကိုင်ကာ၊ ဘေးသို့ လှမ်းတက် လိုက်သည်။
ကျားနှင့် နဂါး ဟောက်သံများ ထွက်ပေါ် လာပြီး၊ ရှေ့ တစ်လှမ်း တိုးလိုက် ရုံဖြင့်၊ ရုတ်တရက် ပုံရိပ် ခုနစ်ရိပ် ကွဲထွက် သွား၏။
တစ်ချိန်တည်း မှာပင်၊ ပုံရိပ် တိုင်းက လက်သီး ချက်များ၊ ထုတ်လွှတ် လိုက်တော့သည်။
" ဘယ်လောက် တောင် မြန်လဲ။ "
လင်းယွန် ဤမျှ မြန်လိမ့် မည်ဟု၊ မထင်ထား သောကြောင့်၊ ချက်ချင်း ရှောင်ရှားရန် ထိတ်လန့် တကြား ကြိုးစား လိုက်ရသည်။
" မင်း လွတ်မြောက် နိုင်မယ် ထင်လား။ "
ရွှေကျီးကန်း တံဆိပ်ကို ထုတ်ဖော် လိုက်ပြီး၊ လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားလေသည်။
လက် နှစ်ဖက်ကို ခွဲလျက် ကောင်းကင်သို့ ခုန်တက်ကာ၊ တိမ် ပင်လယ်အား ဖြတ်လျက်၊ စီရွှယ်ယီ နောက်သို့ ပြေးလိုက် သွားသည်။
ပျံသန်း လိုက်ပါ လာသော လင်းယွန်ကို တစ်ချက် လှည့်ကြည့်ကာ၊ စီရွယ်ယီက ပုံရိပ် ယောင်များ အဖြစ် ကွဲထွက် သွားပြီး၊ လင်းယွန်အား ဝိုင်းရံ လိုက်လေသည်။
သူ့ မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့်ဖြင့်၊ လင်းယွန် နောက်ကွယ်၌ ထွက်ပေါ် လာပြီး။
" ငါရဲ့ ရွေ့လျားမှု နည်းစနစ်က၊ မင်းထက် မနိမ့် ပါဘူး၊ .... တိမ် နဂါး ၏ ဒေါသ။ ''
မကြာ မီတွင် တိမ်ဖြူဖြူ များက၊ လင်းယွန်ကို စွဲချက် တင်သော နဂါး တစ်ကောင် အဖြစ်၊ ပြောင်းလဲ ဖြစ်ပေါ် လာသည်။
သို့သော် နောက် တစက္ကန့်တွင် လင်းယွန် ဆီမှ၊ ရွှေရောင် အလင်း တန်းများ ဖြာထွက် လာပြီး ရုတ်တရက် လှည့်ကြည့် လိုက်သည်။
ပေါင်းစပ် တံဆိပ် လေးခုကို၊ ထုတ်ဖော် လိုက်သော အခါ၊ စီရွှယ်ယီ၏ နဂါး ကြီးကို ဖြတ်ကျော် နိုင်လိုက်ကာ၊ ခန္ဓာ ကိုယ်အား ထိမှန် သွားသည်။
လင်းယွန်၏ တိုက်ခိုက် မှုကို၊ စီရွှယ်ယီ အနေဖြင့် တုံ့ပြန် နိုင်ရန် နည်းလမ်း မရှိ ခဲ့ပေ။
လင်းယွန်က သူ့ တိုက်ခိုက်မှု များကို၊ တားဆီး နိုင်ရုံမျှ မက၊ သွေးအန်သည် အထိပင် ဖိအား ပေးလာ နိုင်ခဲ့သည်။
သို့သော် စီရွှယ်ယီမှာ လက်မလျော့ လိုဘဲ၊ သွေးအန် လျက်ဖြင့် သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော် လိုက်သည်။
'' ငါ့ ဓား၏ အမည်၌ ပန်းပွင့်လော့။ ''
သို့သော် လမင်းသည် (စီရွှယ်ယီ၏ သိုင်းဝိညာဉ်) ကောင်းကင်သို့ မတက်မီတွင်၊ ဓားရောင်ခြည် တစ်စင်းက နှစ်ပိုင်း ဖြတ်သွား ခဲ့သည်။
ပုံရိပ်ယောင် ခရမ်းရောင် ပန်းအောက်တွင် ရပ်နေသော လင်းယွန်က၊ သူ့ ဓားကို ရုတ်သိမ်း လိုက်သည်။
တစ်ဖက်တွင် ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ စီရွှယ်ယီ၏ မျက်နှာမှာ ဖြူဖျော့ သွား၏။
ထိုမြင်ကွင်းကို ကြည့်ကာ၊ လူအုပ် ကြီးက ထိတ်လန့် သွားကြ လေသည်။
***