← Chapters

သွေးမကုန် မချင်း တိုက်ပွဲ (၁)။

Vol. 33 Ch. 461

သွေးမကုန် မချင်း တိုက်ပွဲ (၁)။

Vol. 33 Ch. 461

လမင်းက ကောင်းကင်သို့၊ မတက် နိုင်မီတွင် နှစ်ပိုင်း ကွဲသွားခြင်း ဖြစ်သည်။

ယင်းမှာ စီရွှယ်ယီက သိုင်းဝိဉာဉ်ကို မထုတ် နိုင်မီတွင်၊ ကွဲအက် သွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ယင်းကြောင့် ပတ်ဝန်း ကျင်တွင်၊ အာမေဋိတ် သံများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့သည်။ စီရွှယ်ယီ၏ ရှုံးနိမ့်မှု အတွက် အံ့ဩသွား ကြသည်။

" ဒါကို ဘယ်လို လုပ်နိုင် ခဲ့တာလဲ၊ စီရွှယ်ယီက သိုင်းဝိညာဉ် ထုတ်လိုက် တာနဲ့၊ သူ ဒုက္ခ ရောက်လိမ့် မယ်လို့ ငါ ထင်ခဲ့တာ။ "

" သူရဲ့ တိုက်ခိုက် မှုက အရမ်း မြန်တယ်၊ အဲဒီ အရှိန်ကို စီရွှယ်ယီက၊ မျှော်လင့် ထားပုံ မရဘူး။ "

“ သေချာ တာပေါ့၊ မဟုတ်ရင် စီရွှယ်ယီက အခုလို အံ့သြမှာ မဟုတ်ဘူး။ ”

" စီရွှယ်ယီ သိုင်းဝိဉာဉ်ကို ခေါ်မယ့် အချိန်ကို၊ လင်းယွန် အနေနဲ့ မျှော်လင့် ထားပုံ ရတယ်။ "

“ ကြောက်စရာ ကောင်းတယ်၊ သူက စီရွှယ်ယီကို အခွင့် အရေး မပေးဘဲ၊ လုံး၀ ဖိနှိပ် လိုက်တာပဲ၊ ဒါက နည်းနည်းတော့ သန်မာတယ် မဟုတ်လား။ ''

ထာဝရ ကံကောင်း ခြင်းနှင့် ရင်ဆိုင် ရချိန်၌၊ ထုတ်သုံး ခဲ့သော စီရွှယ်ယီ၏ သိုင်းဝိညာဉ် အပေါ်၊ လူတိုင်းက သဘောကျ ကြေနပ် ထားပေသည်။

တစ်ဖက်တွင် အကြင်နာ ချောက် ကမ်းပါးနှင့်၊ ရင်ဆိုင် ခဲ့ရသော လင်းယွန်၏ ခွန်အား အပေါ်၊ အကုန် အစင် မြင်တွေ့ ခဲ့ရ သည်ဟု၊ အားလုံးက ထင်မြင် ထားခဲ့ ကြသည်။

ယခုမူ ဤတိုက် ပွဲကြောင့်၊ လင်းယွန်၏ ခွန်အားကို၊ ပြန်လည် သုံးသပ် ရပေ တော့မည်။

" သူ အနိုင်ရ သွားပြီ။ "

ဓားနန်းတော်၏ တပည့် များက၊ ဝမ်းသာ အားရ ရေရွတ် လိုက်၏။ မည်သို့ ပင် ဆိုစေ ကာမူ၊ လင်းယွန် တစ်ယောက် ပထမ အချီ၌ မရှုံး ခဲ့ပေ။

“ စိတ်ပျက် စရာ ပါပဲ၊ ငါ ဒီလောက်ထိ ရှုံးပွဲတွေ မဆက် ခဲ့ဖူး ပါဘူး။ ”

စိတ်ပျက် လက်ပျက်ဖြင့်၊ စီရွှယ်ယီက ရေရွတ် လိုက်သည်။ ထိပ်ဆုံး (၃) နေရာသို့၊ မတက်ရောက် နိုင်သည့် အပြင်၊ စတုတ္ထ နေရာ မှပါ၊ ဖယ်ရှားခြင်း ခံခဲ့ ရသည်။

" ငါ့ သိုင်းဝိညာဉ်ရဲ့ အားနည်းချက် တွေကို မင်း ဘယ်တုန်းက တွေ့ထား တာလဲ။ "

စီရွှယ်ယီက လင်းယွန်ကို ကြည့်ကာ မေးသည်။ ၎င်းအား တွေ့မြင် ထားခြင်း မရှိသော်၊ ဤသို့ ပြတ်ပြတ် သားသား တိုက်ခိုက် လာမည် မဟုတ်ကြောင်း၊ သူ သိသည်။

“ ငါ မတွေ့ ပါဘူး၊ ထာဝရ ကံကောင်း ခြင်းက၊ လုံလောက်အောင် မစွမ်း ဆောင်နိုင် လို့သာ၊ မင်းရဲ့ သိုင်းဝိညာဉ်ကို မချိုးဖျက် နိုင်ခဲ့ တာပါ၊ ဒါပေမယ့် ငါ့ အတွက်တော့ ဒါဟာ ဓားတစ်လက် ပါပဲ။ ”

သူ့ စကားကြောင့် စီရွှယ်ယီမှာ၊ အနည်းငယ် အံ့အား သင့်သွားပြီး၊ ရှက်ရွံ့စွာ ပြုံးပြ လိုက်သည်။

" မင်းရဲ့ စကားလုံး တွေက တကယ်ကို ရက်စက် လွန်းတယ်၊ မင်း အနိုင်ရ ပြီးတာတောင်၊ ငါ့ကို နောက်ထပ် ထိုးနှက်ဖို့ မမေ့ သေးဘူး၊ ငရဲလမ်း ကနေ ဘယ်သူမှ မထွက် နိုင်ခဲ့တဲ့ အတွက်၊ မင်း ကံကောင်း ပါစေလို့ ငါ ဆုတောင်း ပါတယ်။ "

မထွက်ခွာ မီတွင် လင်းယွန်ကို၊ ရှုပ်ထွေးစွာ စိုက်ကြည့် သွားသည်။

“ စည်းမျဉ်းတွေ အရ၊ နောက်ပွဲ မစ ခင်မှာ လက်ဖက်ရည် သောက်ချိန် ရမယ်။ ”

ဒိုင် အကြီး အကဲက ဆိုသည်။ ယင်းမှာ တိုတောင်း လွန်းလှ ပေရာ၊ လက်တွေ့ အားဖြင့် အနား ယူချိန် မရှိ သလို ပေပင်။

" မလို ပါဘူး၊ ဆက်သွား ရအောင်။ ”

သို့သော် လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

သူ့ စကားကြောင့် ဒိုင် အဖိုးအိုက၊ မျက်ခုံးပင့် လိုက်မိ၏။ အချိန် အနည်း ငယ်သာ ရှိသော်လည်း၊ ယင်းမှာ နောက်လာမည့် တိုက်ပွဲ အတွက်၊ သူ့ကိုယ်သူ ချိန်ညှိရန် လုံလောက် နေသေးသည်။

သို့သော် ယင်းကို မလို လားသော လင်းယွန်၏ တုန့်ပြန် မှုကြောင့်၊ ဒိုင် အဖိုးအိုက ခေါင်းခါ ပြလိုက်ပြီး၊

“ ကောင်းပြီ၊ ငရဲ လမ်းရဲ့ ဒုတိယပွဲ ဖြစ်တဲ့၊ ပန်းသင်္ချိုင်းနဲ့ အဖြူရောင်။ "

ဘိုင်လိရွှမ်က လင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ စင်မြင့် ပေါ်သို့ ဆင်းသက် လာသည်။

သူ့အနေဖြင့် ပြိုင်ပွဲ၌ အောင်မြင် မှုများ၊ ရယူ နိုင်ခဲ့ကာ၊ ထိပ်ဆုံး (၃) ဦး သို့ပင်၊ တက်လှမ်း နိုင်ခဲ့သည်။

သူ့ ရှေ့ရှိ လူ နှစ်ယောက်မှာ၊ သူ့ထက် အနည်းဆုံး သုံးနှစ်ခန့် အသက်ကြီး ပေ၏။

အချိန် အလုံ အလောက်ရှိ သ၍၊ ထိုသူ နှစ်ဦးကို ဖြတ်ကျော် သွားနိုင် မည်ဟု ယုံကြည် သည်။

ထို့ကြောင့် လက်ရှိ အောင်မြင်မှု များ အပေါ်၊ သူ ကျေနပ် မိသည်။ သည့်အပြင် ဤတစ်ကြိမ် ငရဲ လမ်း၌၊ လင်းယွန်အား အနိုင်ယူ နိုင်ခဲ့ ပါက၊ ချန်ပီယံ မဖြစ် လျှင်ပင် နောင်တရ စရာ မရှိ တော့ချေ။

" လင်းယွန်က ဘိုင်လိရွှမ်ကို၊ အနိုင် ယူနိုင်မယ် ထင်လား။ "

" မဖြစ် နိုင်ဘူး၊ သူက စီရွှယ်ယီနဲ့ အခုတင်၊ တိုက်ခိုက် ခဲ့တာ မဟုတ်လား။ "

လူအများ စုက လင်းယွန် အပေါ်၊ သံသယ ဖြစ်ခဲ့ ကြသည်။ ဘိုင်လိရွှမ်မှာ ပါရမီရှင် တစ်ယောက် ဖြစ်ပြီး၊ သူ၌ အခြေခံ အုတ်မြစ်သည် နက်ရှိုင်းခြင်း မရှိသော ကြောင့်သာ၊ စစ်မှန်သော တိမ်တိုက် ကလေးကို ရှုံးနိမ့် ရခြင်း ဖြစ်သည်။

ဘိုင်လိရွှမ် ကိုယ်တိုင် ဖန်တီး ထားသော မိုးကြိုး ဖမ်းယူ ခြင်းမှာ၊ ခရမ်းရောင် နန်းတော် ကျင့်ကြံသူ များ၏၊ အထင်ကြီး မှုကို ရရှိ ထားပေသည်။

သို့သော် ချင်ယု၏ မင်္ဂလာ ဆောင်တွင်၊ ဘိုင်လိရွှမ် ဓားကို ချိုးဖြတ်၍၊ လင်းယွန်က အရှက် ခွဲနိုင် ခဲ့သည်။

၎င်းတို့၏ ရန်ငြိုး များမှာ၊ အပြာရောင် နေမင်း နယ်မြေမှ စတင်ခြင်း ဖြစ်ပြီး၊ ထိုအချိန်က ပုရွက်ဆိတ် တစ်ကောင်သည်၊ ဤမျှ အထိ ရောက်ရှိ လာ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။

" လင်းယွန်၊ ငါ မင်းကို တကယ် ကျေးဇူးတင် ရမှာ၊ ငရဲလမ်း ကိုသာ မရွေး ခဲ့ဖူး ဆိုရင်၊ ငါ ချန်ပီယံ ဖြစ်ရင်တောင်၊ ဒီပြိုင်ပွဲကို ကြေနပ် မိမှာ မဟုတ်ဘူး။ ”

ဘိုင်လိရွှမ် ထံမှ ပထမဆုံး အကြိမ် အဖြစ်၊ အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ လင်းယွန်ကို လှမ်းကြည့်သည်။

“ မင်းရဲ့ ပျှော်ရွှင်မှု တွေကို၊ ဒီနေ့ မဆုပ်ကိုင် နိုင်တော့မှာ ငါကြောက် မိတယ်၊ မင်းကို မသတ်ဖူး ဆိုတဲ့ ကတိကို၊ ကာကွယ်သူ မက်မွန်ပေါ်၊ ပေးထား ပြီးသား ဖြစ်လို့ စိတ်မပူ ပါနဲ့၊ ဒါပေမယ့် ငါ မင်းကို အနိုင် ယူမယ်။ "

အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေတွင်၊ နဂါးသွေး မြင်းကို လက်ဖဝါး သုံးချက် ပေးခဲ့ သည့် အတွက်၊ လက်စားချေ မည်ဟု လင်းယွန်က ကျိန်ဆို ထားခဲ့သည်။

ထို့ကြောင့် သူ သည်လည်း ငရဲ လမ်းတွင်၊ ၎င်းတို့၏ အာဃာတ များကို၊ ဖြေရှင်း လိုလေသည်။

“ ဟား ဟား ဟား၊ အဲဒီတုန်းက ငါ့ဆီ ကနေ အလားတူ တောင်းဆိုမှု တစ်ခုကို၊ ကာကွယ်သူ မက်မွန်က လုပ်ဆောင် ခဲ့ပါတယ်၊ ဒါပေမယ့် ငါကတိ မပေး ခဲ့လို့ မင်း သတိထား ရမယ်၊ အခွင့် အရေး ရရင် မင်း

အသက်ကို ငါယူမယ်။ "

ဘိုင်လိရွှမ်က အေးစက်သော အပြုံးဖြင့် တုန့်ပြန် လာသည်။ ပြီးနောက် ဓားကို ဆွဲထုတ် လိုက်သော အခါတွင်၊ သူ့ အရှိန် အဝါမှာ၊ တဟုန်းဟုန်း ထွက်ပေါ် လာပြီး၊ အပြင်းထန် ဆုံးသော၊ တိုက်ခိုက် မှုအား ချက်ချင်း စတင် ခဲ့သည်။

လင်ယွန် တွင်လည်း အလားတူ အတွေးမျိုး ရှိနေကာ၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ပြီး၊ လရောင် ရေစင် ဓားအား ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်သည်။

ထို့ကြောင့် သူ့ ဓားမှာ၊ ကြောက်စရာ ကောင်းလောက်အောင် အေးစက် လာ၏။

လင်းယွန်၏ ဓားထံမှ၊ လရောင်များ ဖြာ ထွက် လာပြီး၊ အရာ အားလုံးကို အေးခဲ သွားစေ သလို၊ ခံစား လိုက်ရသည်။

နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံ သွားကြသည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ချက်ချင်း ထွက်ပေါ် လာကာ၊ စွမ်းအင် အတက် အကျ လှိုင်းများ ဖုံးလွှမ်း သွားလေသည်။

'' ဖန်ဆင်း ခြင်းနှင့် ပျက်သုဉ်းခြင်း မိုးကြိုး။ ''

ဘိုင်လိရွှမ်က လျှပ်စီး ကြောင်းများ၊ ရစ်သိုင်းနေသော ဓားကို ဝှေ့ယမ်းလျက် ကြုံးဝါး လိုက်၏။ ဓားထံမှ လျှပ်စီး များက၊ မျက်စိ များအား ကျိန်းစပ် လာစေသည်။

'' လှိုင်း ထန် ခြင်း။ ''

ဓား သုတ္တန်အား ဖြန့်ကြက် လိုက်ကာ၊ ဘိုင်လိရွှမ် ထံသို့ မူလ စွမ်းအင် များကို လှိုင်းလုံးများ သဖွယ်၊ ထုတ်လွှတ် လိုက်၏။

စင်မြင့် ပေါ်၌ စွမ်းအင် နှစ်ခု ပြင်းထန်စွာ တိုက်မိ သွားပြီး၊ စူးရှသော ဓား အလင်းများ ပေါက်ကွဲ ထွက်ပေါ် လာ လေသည်။

တိုက်ပွဲ ထံမှ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံး ကြီးများ ပြန့်ကား လာ၏။

သူတို့ နှစ်ဦးမှာ ဂိုဏ်း တစ်ဂိုဏ်း ထဲရှိ၊ ပါရမီ ရှင်များ ဖြစ်သောကြောင့်၊ သူတို့၏ ထိပ်တိုက် တွေ့ဆုံမှု များမှာ၊ လူ အများကို စိတ်လှုပ်ရှား လာစေသည်။ ယင်းမှာ စီရွှယ်ယီနှင့် တိုက်ပွဲထက် ပို၍ ပြင်းထန် ပေ၏။

နှစ်ယောက်သား နောက်ပြန် မဆုတ် တော့ဘဲ၊ ထိပ်တိုက် ရင်ဆိုင် လိုက်ကြသည်။

ဓား တစ်လက်မှာ ဒေါသ ထွက်နေသော နဂါး တစ်ကောင် ကဲ့သို့၊ ဟိန်းဟောက် နေပေသည်။ နောက် တစ်လက်သည် ကောင်းကင်တွင်၊ ထွန်းလင်း နေသော လမင်းကြီး နှင့်တူ၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား လှုပ်ရှားမှု နည်းစနစ် များကို၊ ကန့်သတ် ချက်များ ဆီသို့၊ တွန်းပို့ လိုက်ပြီး အဆက် မပြတ် ခုတ်ပိုင်း နေခဲ့သည်။

ရံဖန် ရံခါတွင် ပတ်ဝန်း ကျင်သို့၊ ပေါက်ကွဲ သံများနှင့် ဓား ရည်ရွယ် ချက်များ၊ လျှံထွက် လာ တက်ပေ၏။

ရုတ်တရက် မိုးကုပ် စက်ဝိုင်းကို ဖြတ်ကျော် သွားသည့်၊ ခရမ်းရောင် အဆင်း ရှိသော အလင်းများ ဖြာထွက် လာကာ၊ လင်းယွန်၏ မျက်လုံးများ လင်းလက် သွားလေသည်။

၎င်းမှာ သဘာဝ အတိုင်း၊ လရောင် ရေစင် ဓား၏ တိမ်မြူ ကင်းသော လမင်း ဖြစ်သည်။

" သနား စရာ လှည့်ကွက် လေးတွေ။ "

ဘိုင်လိရွှမ်က အော်ဟစ် လိုက်ပြီး၊ သူ့ ဓားကို မီတာ သုံးဆယ်ခန့် ရှိသော လျှပ်စီး ဓားကြီးအဖြစ်၊ ရုတ်တရက် ပြောင်းလဲ ပစ် လိုက်သည်။

လမင်းနှင့် လျှပ်စီး ဓားကြီး တွေ့ဆုံ သွားသော အခါတွင်၊ စွမ်းအင်များ ပေါက်ကွဲ လာပြီး၊ သူတို့၏ ခန္ဓာ ကိုယ်များ ပေါ်သို့၊ ကျရောက် သွားသည်။

ယင်းကြောင့် ပြိုင်ပွဲ စင်မြင့် တစ်ခု လုံးကို တောက်ပ တုန်ယင် လာစေသည်။

***

All Chapters