သွေး မကုန် မချင်း တိုက်ပွဲ (၂)။
Vol. 33 Ch. 462
လမင်းနှင့် လျှပ်စီး ဓားကြီး တွေ့ဆုံ သွားသော အခါတွင်၊ စွမ်းအင်များ ပေါက်ကွဲ လာပြီး၊ သူတို့၏ ခန္ဓာ ကိုယ်များ ပေါ်သို့၊ ကျရောက် သွားသည်။
ယင်းကြောင့် ပြိုင်ပွဲ စင်မြင့် တစ်ခု လုံးကို တောက်ပ တုန်ယင် လာစေသည်။ ဤအခင်း အကျင်းမှာ လူတော်တော် များများက အော်ဟစ် လိုက်ကြသည်။
မရေ မတွက် နိုင်သော စွမ်းအင် လှိုင်းများကြားတွင်၊ ပုံရိပ် နှစ်ရိပ် ရပ်နေ သည်ကို တွေ့နိုင်သည်။
၎င်းတို့ နှစ်ဦး စလုံးက လှုပ်ရှားမှု နည်းစနစ်ကို၊ အကန့် အသတ်များ ဆီသို့ တွန်းပို့ နေကြစဉ်၊ သတ်ဖြတ် လိုသော အရှိန် အဝါအား ထုတ်လွှတ် ထားကြသည်။
တိုက်ခိုက် မှု တိုင်းက ပြိုင်ပွဲ စင်မြင့် ကြီးအား၊ ပြင်းထန်စွာ တုန်လှုပ် စေခဲ့ပြီး၊ ကြောက်စရာ ကောင်းသော မုန်တိုင်းကြီး တစ်ခုကို၊ ခေါ်ဆောင် လာ၏။
အပျက် အစီးများ အားလုံးမှာ၊ ထိုပြင်းထန်သော မုန်တိုင်း အောက်တွင်၊ ပျောက်ကွယ် သွားရ တော့၏။
မုန်တိုင်းကြီ လွင့်ပျယ် သွားသည်နှင့်၊ လူတိုင်း၏ မြင်ကွင်းတွင် တဖြည်းဖြည်း ထင်ရှား လာပြီး၊ ရလဒ်ကို ပိုမို ရှင်းလင်းစွာ ရှုမြင် လာနိုင် ခဲ့သည်။
၎င်းတို့ နှစ်ဦး စလုံးက သွေးစွန်း နေသောဓားသွား များကို၊ အသီးသီး ဆုပ်ကိုင် ထားကြပြီး၊ ခန္ဓာ ကိုယ်မှ သွေးများ ယိုစိမ့် ကျနေ ပေသည်။
အချို့သော ဒဏ်ရာ များမှာ အရိုးများ ပေါ်သည် အထိ နက်ရှိုင်း ပေ၏။
သူတို့၏ တိုက်ပွဲမှာ မည်မျှ ရက်စက် ကြမ်းကြုတ် သည်ကို ပြသ နေခဲ့ပြီး၊ ပြိုင်ပွဲ တစ်လျှောက် သည်လို၊ ရက်စက် မှုမျိုး မြင်ရခဲ လေသည်။
တစ်ဖန်၊ သူတို့ နှစ်ဦးသည် လေထုကို၊ ကွဲထွက် သွားစေသော လက်ဖဝါး ရိုက်ချက်များ ထုတ်ဖော်ကာ၊ တိုက်ခိုက် လိုက် ပြန်သည်။
ရလာဘ် အနေဖြင့်၊ နှစ်ယောက်သား နောက်ပြန် ဆုတ်လိုက် ရ၏။
" မိုးကြိုး ဖမ်းယူခြင်း ..."
မြေပြင် ပေါ်သို့ ဆင်းသက် လိုက်သည်နှင့်၊ ဘိုင်လိရွှမ်၏ မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ လာပြီး၊ နောက်ဆုံးတွင် သူ၏ အဆုံး စွန်သော တိုက်ခိုက် မှုကို ထုတ်ဖော် လိုက်တော့သည်။
ကောင်းကင်မှာ ရုတ်တရက် မှောင်မိုက် သွားပြီး၊ မိုးကြိုးများ တဂျိန်းဂျိန်း မြည်ဟီး လာ၏။ မှောင်မဲ နေပြီး မိုးကြိုး တိမ်တိုက် များကို၊ လှမ်းမြင် နေရ သလို ခံစား လာရ စေသည်။
" ဒါက မိုးကြိုး ဖမ်းယူ ခြင်းပဲ။ "
“ ဒီဓား ပဲလေ၊ အဲဒီ တုန်းက စစ်မှန်သောတိမ်တိုက် ကလေး ကတောင်၊ လုံးလုံး မဖြိုခွဲ နိုင်ခဲ့ဘူး။ ”
“ အခြေခံ အုတ်မြစ် အရ၊ လင်းယွန်က စစ်မှန်သော တိမ်တိုက် ကလေးနဲ့၊ ယှဉ်ရင် အားနည်း နေသေးတယ်၊ စစ်မှန်သော တိမ်တိုက် ကလေးက ဒီတိုက်ခိုက် မှုကို ရင်ဆိုင်နိုင် ပေမဲ့၊ လင်းယွန် အတွက် မပြော နိုင်ဘူး။ ”
အားလုံးက စိတ်လှုပ်ရှား စွာဖြင့်၊ ထိုင်ခုံ ကနေ ထရပ် လိုက်ကြသည်။ အဘယ် ကြောင့် ဆိုသော်၊ နောက်ဆုံးတွင် ဘိုင်လိရွှမ်၏ အဆုံးစွန်သော လှုပ်ရှားမှု ဖြစ်သည့်၊ မိုးကြိုး ဖမ်းယူ ခြင်းကို၊ နောက်ထပ် တစ်ကြိမ် မြင်တွေ့ လာရ သောကြောင့် ဖြစ်သည်။
" လင်းယွန် သတိ ထား။ "
ရှင်းယန်က ဧည့်သည် ထိုင်ခုံ ပေါ်မှ၊ ရင်ဘတ်ကို ဆုပ်ကိုင်ပြီး၊ အော်ဟစ် သတိပေး လိုက်သည်။
" မင်း သေ လိုက် စမ်း ....၊ တူညီသော ကျင့်ကြံ မှုမှာ ရှိတဲ့၊ ဘယ်သူ ကမှ ဒီတိုက်ခိုက် မှုကို၊ ရင်မဆိုင် နိုင်ပါဘူး။ ”
ဘိုင်လိရွှမ်က လင်းယွန်ကို အေးစက်စွာ ကြည့်နေ၏။
" ဟုတ် လား .... ငါ့မှာ မင်းကို သင်ပေး နိုင်တဲ့၊ ဓားတစ်လက် ရှိတယ်။ "
ဘိုင်လိရွှမ်၏ အပြင်း ထန်ဆုံး တိုက်ခိုက် မှုကို ရင်ဆိုင် ရချိန် မှာပင်၊ စိတ် ပူပန်ခြင်း မရှိ ခဲ့ပေ။
ဆန့်ကျင်ဘက် အနေနှင့်၊ လရောင် ရေစင်ဓား၏ ဒဿမမြောက် လှုပ်ရှားမှုကို ခင်းကျင်းကာ၊ တိုက်ခိုက်ရေး ဝိညာဉ် များက၊ သူ့ခန္ဓာ ကိုယ်မှ ပေါက်ကွဲ ထွက်လာ ခဲ့သည်။
လင်းယွန်က အရှိန် အဝါကို၊ အထွတ် အထိပ် ရောက်အောင် တွန်းပို့ပြီး၊ ပန်းသင်္ချိုင်း ဓား အား ထုတ်ပစ် လိုက်သည်။
ဤတိုက်ခိုက် မှုကြောင့် ဖြစ်ပေါ် လာသော ဓား အလင်းမှာ၊ လေဆင် နှာမောင်း အဖြစ်သို့ ပြောင်းလွဲ သွားချိန်တွင်၊ ပေါက်ကွဲ သံများ ထွက်ပေါ် လာခဲ့သည်။
ပြင်းထန်သော လေဆင် နှာမောင်း အောက်တွင်၊ တဂျိန်းဂျိန်း မြည်ဟီး နေသော မိုးကြိုး တိမ်တိုက် များက၊ လွင့်ပါး သွားလေသည်။
ကြောက်မက်ဖွယ် ကောင်းသော၊ ဓားရည်ရွယ် ချက်များ ထွက်ပေါ် လာသည်နှင့်၊ မျက်နှာ တစ်ပြင်လုံး ဝင်းပ လာပြီး၊ ထာဝရ နတ်ဘုရား တစ်ပါး ကဲ့သို့ ဖြစ်တည်လာ ပေ၏။ ဘိုင်လိရွှမ် ထံမှ၊ မည်သည့် လှည့်ကွက်များ မဆို၊ ဤဓားဖြင့် ဖြေရှင်း နိုင်ပေမည်။
တစ်ချိန်တည်း မှာပင် လင်းယွန်၏ တိုက်ခိုက်မှုကြောင့်၊ မိုးကြိုး တိမ်များ ပျောက်ကွယ် သွားသော်လည်း၊ လျှပ်စီးကြောင်း တစ်ကြောင်းက ကျဆင်း လာဆဲ ဖြစ်လေသည်။
စင်ပေါ်၌ ကြောက်စရာ ကောင်းသော တိုက်ခိုက်မှု နှစ်ခု တွေ့ဆုံ သွားပြီး၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ် လာ၏။
လှိုင်းလုံး ကြီးများ လွင့်စဉ် လာကာ၊ ကောင်းကင်နှင့် မြေကြီး တုန်လှုပ် သွားသည် ကိုပင် ခံစား လိုက်ရသည်။
အဆိုပါ စွမ်းအင် လှိုင်းများ တွန်းလှန်ရန် အတွက်၊ ပရိသတ် အများ အပြားက အတူ တကွ၊ ပူးပေါင်း လုပ်ဆောင် ခဲ့ကြသည်။
သို့သော် ဤကြောက် မက်ဖွယ် ကောင်းသော အရှိန် အဟုန်ကြောင့်၊ ၎င်းတို့ ထဲရှိ အားနည်း သူ၊ အများ အပြားကို သုတ်သင် ပစ်ခဲ့သည်။
ဤအခိုက် အတန့်တွင်၊ နတ်ဘုရား အစောင့်များ ပြေးထွက် လာပြီး၊ စင်မြင့် တစ်ခု လုံးကို ဖုံးလွှမ်း နိုင်မည့် စွမ်းအင် အမိုးခုံး တစ်ခုအား ဖန်တီးကာ၊ ဧည့် ပရိသတ် များကို ထိခိုက်မည့် အရေးမှ တားဆီး ပစ်လိုက်၏။
သို့သော် အကျွင်း အကျန် လှိုင်းများက၊ စားပွဲ ခုံများ အက်ကွဲ လာသည် အထိ၊ တိုးဝင် လာနိုင်သည်။
“ ဒီနှစ်ယောက် …”
ဒိုင်အဖိုးအို ရှစ်ဦးက အံ့အား သင့်သွား ကြသည်။ လှိုင်းလုံးများ ပျောက်ကွယ် သွားအောင်၊ အချိန် အတော်ကြာ စောင့်ခဲ့ ရပြီး၊ အတား အဆီးကို လျော့မချ ရဲ ခဲ့ချေ။
ထို့ကြောင့် လူတိုင်းက စင်မြင့် ပေါ်သို့ ချက်ချင်းပင် မျက်စိ ကျလာ ခဲ့သည်။ စင်မြင့်ပေါ်၌ ဘိုင်လိရွှမ်က ဓားကို ကိုင်ကာ ရပ်နေ ချိန်တွင်၊ လင်းယွန်က ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက် လာ၏။
“ ဘာလဲကွာ …”
ဘိုင်လိရွှမ်က မကျေ မနပ်ဖြင့်၊ ညည်းတွား လိုက်သည်။
" မင်း ရှုံးပြီ။ "
ကြမ်းပြင် တစ်ခုလုံး လျှပ်စီးများ လက်နေ သော်လည်း၊ ဘိုင်လိရွှမ်က မတိုက်ခိုက် နိုင်တော့ပေ။ တစ်ဖက်တွင်၊ လင်းယွန်က လူတိုင်း၏ အာရုံကို စွဲဆောင် နိုင်သော မကြုံစဖူး၊ တောက်ပမှု တစ်ခုကို ထုတ်လွှတ် လိုက်သည်။
ဤအချိန်လေး အတွင်း မှာပင်၊ တိုက်ပွဲ၏ ရလဒ်က ထွက်ပေါ် လာပေသည်။
" ငါ ...ငါ ရှုံးသွား တာလား၊ ဒါ ... မဖြစ် နိုင်ဘူး။ "
ဘိုင်လိရွှမ်က ဟိန်းဟောက် လိုက်ပြီး၊ ဓားကို လင်းယွန်ထံ ဦးတည်ကာ၊ အရူး အမူး ဝှေ့ယမ်း လိုက်သည်။
သို့သော် လင်းယွန်က ဘိုင်လိရွှမ်၏ တိုက်ခိုက်မှု များကို၊ အလွယ် တကူ ရှောင်ရှား နိုင်ခဲ့သည်။
လေးငါး ကြိမ်ခန့် ထပ်မံ တိုက်ခိုက် ပြီးနောက်၊ ဘိုင်လိရွှမ်၏ မျက်နှာပေါ်တွင်၊ ရက်စက်သောအမူ အရာ များဖြင့်၊ ရူးသွပ် သွားလေပြီ။
" ဒါဆို လုံလောက်ပြီ။ "
လင်းယွန်က ရုတ်တရက်၊ ကြောက်မက်ဖွယ် ကောင်းသော၊ အငွေ့ အသက်ကို ထုတ်လွှတ် လိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားကို လွှဲပစ် လိုက်သည်။
ထိုဓားက ဘိုင်လိရွှမ်၏ ဓားအပေါ်၊ နှစ်ခြမ်း ခွဲပစ် လိုက်ပြီး၊ ထိတ်လန့် တကြား ဖြစ်နေသော သူ့ ရင်ဘတ်ကို လက်ဖဝါးဖြင့်၊ ရိုက်ချ ပစ်လိုက်သည်။
အရိုးများ ကျိုးကြေ သံနှင့် အတူ၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။
တစ်ချိန်က ပုရွက်ဆိတ် အဖြစ်၊ မြင်ခဲ့ ဖူးသော သူ့ ရှေ့ရှိ လူငယ်ကို၊ မယုံကြည် နိုင်ဟန်ဖြင့်၊ ဘိုင်လိရွှမ်က မော့ကြည့် လိုက်သည်။
“ မင်းရဲ့ အသက်ကို မယူ ဖူးလို့၊ ငါပြော ခဲ့တယ် မဟုတ်လား၊ ဒါပေမယ့် ငါ့ရဲ့ နဂါးသွေး မြင်းပေါ် ထားခဲ့တဲ့၊ လက်ဖဝါး အတွက်တော့ ပြန်ယူ ရ လိမ့်မယ်၊ အခုတော့ ငါတို့ ကြားက ဒေါသတွေ ကင်းစင် သွားပါပြီ။ ”
ဘိုင်လိရွှမ်က သူ့ ရင်ဘတ်ကို ဆုပ်ကိုင် ထားပြီး၊ နှုတ်ခမ်းမှ သွေးများ အဆက် မပြတ် စီးကျ လာလေသည်။
အရာ အားလုံးက သူ့ အတွက်၊ အိပ်မက် တစ်ခုလို ခံစား လာရ၏။
ဒိုင် အဖိုးအိုက အနည်းငယ် မှင်တက် သွားပြီးနောက်၊ “ မင်း တိုက်ပွဲမှာ အနိုင်ရ သွားပြီ'' ဟု၊ ကြေညာ လိုက်လေသည်။
'' နောက်တိုက်ပွဲ အတွက်၊ စစ်မှန်သော တိမ်တိုက် ကလေးနဲ့၊ ချင်ယုတို့ နှစ်ဦး ထဲက မင်းကြိုက်တဲ့ သူကို ရွေးချယ် နိုင်ပါတယ်၊ ဒါပေမယ့် မင်းရဲ့ ဒဏ်ရာက အတော် ပြင်းထန်တယ်၊ စိန်ခေါ် ပြန်မ စခင်၊ မင်းနည်းနည်း အနားယူ လိုက်တာ၊ အကောင်းဆုံး ပါပဲ။ "
ပန်းသင်္ချိုင်း ဓားမှ သွေးများ စီးကျ လာသည်။ ငရဲ လမ်းမှာ သွေးများဖြင့် ပြည့်နှက် နေသော စိန်ခေါ်မှု ဖြစ်ပြီး၊ သွေးမကုန် မချင်း တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေမည် ဖြစ်သည်။
ရုတ်တရက် လင်းယွန်က နှုတ်ဆိတ် သွား ပြီးနောက်၊ သူ့ အကြည့်ကို စစ်မှန်သော တိမ်တိုက် ကလေးထံ ရွေ့ယူ လိုက်ကာ၊ ဓားဖြင့် ထိုညွှန် လိုက်လေသည်။
" စစ်မှန်သော တိမ်တိုက် ကလေး ... မင်း ထစမ်း။ ''
***