← Chapters

မင်း ငါနဲ့ တိုက်ခိုက်ပါ။

Vol. 34 Ch. 463

မင်း ငါနဲ့ တိုက်ခိုက်ပါ။

Vol. 34 Ch. 463

ပန်းသင်္ချိုင်း ဓားမှ သွေးများ စီးကျ လာသည်။ ငရဲ လမ်းမှာ သွေးများဖြင့် ပြည့်နှက် နေသော စိန်ခေါ်မှု ဖြစ်ပြီး၊ သွေးမကုန် မချင်း တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေပေမည်။

သူ့ အကြည့်ကို စစ်မှန်သော တိမ်တိုက် ကလေးထံ ရွေ့ယူ လိုက်ကာ၊ ဓားဖြင့် ထိုးညွှန် လိုက်၏။

" စစ်မှန်သော တိမ်တိုက် ကလေး ... မင်း ထစမ်း။ ''

လင်းယွန်၏ တင်းမာသော အော်ငေါက် သံက၊ မျက်နှာ ဖြတ်ရိုက် ခံလိုက်ရ သကဲ့သို့၊ စစ်မှန်သော တိမ်တိုက် ကလေး၏ ပါးပြင်ကို၊ နီရဲသွား စေသည်။

စစ်မှန်သော တိမ်တိုက် ကလေး မည်မျှ မာနကြီး သည်ကို လူတိုင်း သိသည်။ လွင့်မျော နေသော ရေခွက်နှင့်၊ တူညီသော အဆင့် အတန်းကို ပိုင်ဆိုင် ထားသည့်၊ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး၊ ဤပြိုင် ပွဲတွင် ချင်ယုကို တိုက်ခိုက်ရန် အရည် အချင်း ပြည့်မီသည့် တစ်ဦး တည်းသော သူ ဖြစ်သည်။

ပြိုင်ပွဲ တစ်လျှောက်တွင် သူ၏ ဂုဏ် သိက္ခာကို မြှင့်တင် နိုင်ခဲ့ပြီး၊ အထူး သဖြင့် မည်သူတစ်ဦး တစ်ယောက် ကမျှ၊ ဤကဲ့သို့ အော်ငေါက် ဝံ့ခြင်းမျိုး မရှိ ခဲ့ပေ။

ပြိုင်ပွဲ စတင် ပြီးနောက် ဓား တစ်လက်ဖြင့်၊ ပြိုင်ပွဲ၏ ကျော်ကြားမှု အားလုံးကို လင်းယွန်က၊ ဖြည်းညှင်းစွာ ခိုးယူသွား ခဲ့သည်။

သည့်တင် မက ပါရမီ ရှင်များ အပေါ်၊ မျက်ဝန်းထဲ မထည့်ထား သကဲ့သို့ မောက်မာသော အသွင်ကို ထုတ်ဖော် ပြသ လာပေသည်။

ထိုင်ခုံ ပေါ်ရှိ စစ်မှန်သော တိမ်တိုက် ကလေး မျက်နှာမှာ မည်းမှောင် နေပြီး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရှိ၊ အကြီးအကဲ များနှင့် တပည့် များက၊ လင်းယွန်၏ မောက်မာ မှုကြောင့်၊ ဒေါသ တကြီး တဆတ်ဆတ် တုန်ယင် လာကြသည်။

" ဟား ဟား ဟား .......။ "

စစ်မှန်သော တိမ်တိုက် ကလေးက ရယ်မော လိုက်ပြီး၊ သူ့ထိုင်ခုံ ကနေ ထရပ် လိုက်လိုက်၏။ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲ ထွက်လာပြီး၊ လေထုအား ချက်ချင်း အေးခဲ သွားစေ ခဲ့သည်။

“အင်ပါယာ ထဲမှာ ငါ့အပေါ် ဒီလောက် အထိမောက်မာဖို့ ဘယ်သူမှ မဝံ့ရဲ ကြဘူး၊ မင်းက ပထမဆုံး ဖြစ်ပြီး၊ နောက်ဆုံးလည်း ဖြစ်လိမ့်မယ်၊ ဒီနေ့ မင်းကို သတ်ပေးဖို့ တောင်းပန် လာတဲ့ အထိ၊ ငါညှင်းဆဲ ရလိမ့်မယ်။ ''

" ဟမ့် ...... ''

“ ဒီရောင်ဝါ အရ … စစ်မှန်သော တိမ်တိုက် ကလေးက တကယ်ကို ဒေါသ ဖြစ်နေ ပုံပဲ၊ ဗုဒ္ဓက ကရုဏာ ထားဖို့၊ အမြဲ ဆုံးမ ထားခဲ့ ပေမယ့်၊ နတ်ဆိုး လမ်းစဉ် ကျင့်ကြံ သူတွေ အပေါ်၊ ဘယ်သော အခါမှ မညှာတာ ခဲ့ဘူး၊ ဒီလောက် သိပ်သည်းတဲ့၊ သတ်ဖြတ်ခြင်း အရှိန် အဝါကို ရရှိဖို့၊ လူ ဘယ်လောက် အထိ၊ သတ်ခဲ့လဲ ဆိုတာကို အံ့သြ မိပါတယ်။ ”

“ လင်းယွန်တော့ သွားပြီ၊ သူက တိုက်ပွဲ နှစ်ပွဲဆက်၊ ဆင်နွှဲ ထားခဲ့ တာတောင်၊ ဒီလို မောက်မာ ဝံ့နေ သေးတယ်၊ တကယ်ပဲ ဒဏ္ဍာရီ တစ်ခုကို၊ ဖန်တီး နိုင်လိမ့် မယ်လို့၊ သူ့ကိုယ်သူ ထင်နေ ပုံရတယ်။ ”

“ မင်း အိပ်မက် မက်နေ တာပဲ ဖြစ်ရမယ် … ၊ ဒါက ဘယ်လို အဆုံးသတ် မလဲ ကြည့်ရအောင်၊ စစ်မှန်သော တိမ်တိုက် ကလေးရဲ့ လေသံက၊ လင်းယွန်ကို ညှဉ်းပန်း နှိပ်စက် တော့မယ့် ပုံပဲ။ ”

ပတ်ဝန်း ကျင် စကားများ အရ၊ လင်းယွန်အပေါ်၊ မည်သူမျှ အကောင်းမြင် လိုစိတ် မရှိ ကြပေ။

သူတို့ အမြင်တွင်၊ ငရဲ လမ်း ဆိုသည်မှာ ဟာသ တစ်ခု မျှသာ ဖြစ်ပြီး၊ လင်းယွန်က လူပြက် တစ်ယောက် ဖြစ်လေသည်။

စင်မြင့် ပေါ်သို့ ဆင်းသက် လိုက်သည်နှင့်၊ လင်းယွန်ကို အေးစက်စွာ စိုက်ကြည့် လိုက်ပြီး၊

" မင်းက ငရဲ ကနေ တွားသွား တက်ချင် နေ တာလား၊ ပြီးရင် ငါ့ရှေ့မှာ ရပ်မိတဲ့ အတွက်၊ မင်း နောင်တရ လိမ့်မယ်။ "

လင်းယွန်က စကား တစ်ခွန်းမျှ မပြောဘဲ၊ ပန်းသင်္ချိုင်း ဓားကို စစ်မှန်သော တိမ်တိုက် ကလေးထံ ထိုးညွှန် ပြလိုက်သည်။

ဓား ရည်ရွယ်ချက် အောက်တွင် ပန်းသင်္ချိုင်း ဓားမှာ၊ သွေးများဖြင့် စူးရှစွာ အော်မြည် လာလေသည်။

" ငရဲလမ်း ...တတိယပွဲ၊ ပန်းသင်္ချိုင်းနဲ့ စစ်မှန်သော တိမ်တိုက် ကလေး။ ''

ကြေငြာချက် ထုတ်ပြီး သည်နှင့်၊ ဒိုင်အဖိုးအိုက စင်ပေါ်မှ ခုန်ဆင်း သွားသည်။

စစ်မှန်သော တိမ်တိုက် ကလေးက၊ ခြေတစ်လှမ်း လှမ်းယူ လိုက်ပြီး၊ သူ၏ အရှိန် အဝါကို ထုတ်လွှတ် လိုက်၏။

ဘိုင်လိရွှမ်နှင့် တိုက်ခိုက် ချိန်နှင့် နှိုင်းယှဉ် ပါက၊ ဤတစ်ကြိမ် ပို၍ ပြင်းထန် လေသည်။ သတ်ဖြတ် လိုသော ဆန္ဒ များက၊ ဗုဒ္ဓ အရှိန် အဝါဖြင့် ရောနှော နေပြီး၊ လူတိုင်း၏ နှလုံး သားကို တုန်ခါ လာစေ၏။

သူ့ ရှေ့တွင် ရပ်နေသော လူမှာ၊ နတ်ဆိုး တစ် ကောင်း မဟုတ် သော်လည်း၊ ဤအခိုက် အတန့်တွင် မကောင်းမှုကို နှိမ်နှင်းမည့်၊ နတ်ဘုရား တစ်ပါး ကဲ့သို့၊ စစ်မှန်သော တိမ်တိုက် ကလေးက ပြုမူလာ ပေသည်။

ချဉ်းကပ်လာ သည်နှင့် အမျှ၊ လင်းယွန်ထံ ဖိနှိပ် လာသော အရှိန် အဝါမှာ၊ ပို၍ သိပ်သည်း လာသည်။

ကြောက်မက်ဖွယ် ကောင်းသော ထိုရောင်ဝါ အောက်တွင်၊ လင်းယွန်က ထီ မထင် ဟန်ဖြင့်စစ်မှန်သော တိမ်တိုက် ကလေးကို ကြည့်ကာ၊ရယ်မော လိုက်လေသည်။

ဤမြင်ကွင်းကို မြင်သော အခါ၊ သူနှင့် ရင်ဆိုင် ချိန်၌၊ လင်းယွန် တစ်ယောက် ယခု ကဲ့သို့၊ ဆက်လက် ပြုံးနေ နိုင်ဦး မည်ဟု မထင်မိသောကြောင့်၊ စိတ် အတွင်း၌ လှောင်ပြောင် ပြုံးရယ် လိုက်မိ လေသည်။

" သေ ... "

စစ်မှန်သော တိမ်တိုက် ကလေး၏ ဝန်းကျင်တွင်၊ လေဟာနယ် ပုံပျက် သွားပြီး၊ နဂါးနှင့် ကျား တို့၏ အရှိန် အဝါများ၊ ရုတ်တရက် ထွက်ပေါ် လာသည်။

ထိုကျားနှင့် နဂါးတွင် သတ်ဖြတ်ခြင်း ရောင်ဝါများ ပေါင်းစပ် ထားသည့်၊ ရွှေရောင် များဖြင့် ဝန်းရံ ထားသည်။

လက်တစ်ဖက်ဖြင့် တံဆိပ် တစ်ခုကို ဖန်တီး လိုက်ပြီး လင်းယွန်ဆီ တွန်းထုတ် လိုက်၏၊

" ထာဝရ နတ်ဘုရား တံဆိပ် ...။ "

ပြိုးပြက် နေသော ရွှေရောင် တံဆိပ်သည်၊ ကြာပန်း စင်မြင့်ကြီး သဏ္ဍာန် ဖြစ်ပေါ် လာ၏။

သို့သော် တံဆိပ် ဆင်းသက် လာချိန်တွင်၊ လင်းယွန်က ၎င်းအား တုန့်ပြန်ရန်၊ မည်သည့် အရိပ် အယောင်မျှ မပြသ ခဲ့ပေ။

" သူ ဘာလုပ် နေတာလဲ။ "

" သူ ရူးသွားပြီ။ "

ငြိမ်သက် နေသော အသွင်ကြောင့် အံ့ဩ နေစဉ် မှာပင်၊ လင်းယွန်က မည်သူမျှ မမျှော်လင့် ထားသည့် အရာ တစ်ခုကို ပြုလုပ် ခဲ့သည်။

ယင်းမှာ ဓားကို ဓား သေတ္တာထဲ ပြန်သိမ်း လိုက်ခြင်း ဖြစ်သည်။

ထို့နောက် သူ့ ခြေထောက်ကို ကြမ်းပြင်ထံ၊ ခပ်ပြင်းပြင်း နင်းချ လိုက်စဉ်၊ နဂါးနှင့် ကျား ဟောက်သံများ၊ ခန္ဓာ ကိုယ်မှ ပဲ့တင် ထပ်လာတော့၏။

'ထာဝရ နတ်ဘုရား တံဆိပ်' ဖြင့်၊ အားဖြည် ထားသော ကျားနဂါး လက်သီးကို အားယူ လိုက်သည်။

ကြာပန်း စင်ပေါ်ကြီး ပြိုကျ လာ ချိန်တွင်၊ လင်းယွန်၏ ဓား ရည်ရွယ် ချက်မှာ၊ တံဆိပ် တစ်ခု အဖြစ်၊ လျင်မြန်စွာ ပေါင်းစပ် သွားပြီး၊ ၎င်းအား ဟန့်တား လိုက်တော့၏။

'' ထာဝရ နတ်ဘုရား တံဆိပ်။ ''

တံဆိပ် နှစ်ခုမှာ ကွဲပြား သော်လည်း၊ လေထု အလယ်တွင် တွေ့ဆုံမိ ပြီးနောက်၊ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံး များ၊ ဖြစ်ပေါ် လာခဲ့သည်။

" သေ စမ်း ..... "

လင်းယွန်က သူ့ ဓားကို မသုံးကြောင်း မြင်သော အခါတွင်၊ စစ်မှန်သော တိမ်တိုက် ကလေး၏ မျက်နှာမှာ၊ မည်းမှောင် သွားသည်။

" မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ "

စစ်မှန်သော တိမ်တိုက် ကလေးက၊ ဘေးသို့ ခြေလှမ်း တစ်လှမ်း လှမ်းယူ လိုက်သည်နှင့်၊ စင်မြင့် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ် လာလေသည်။

ထို့နောက် သူက “ကျား-နဂါး လက်သီး၊ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်” ဟု အော်ငေါက် လိုက်၏။

သူ၏ ရောင်ဝါမှာ ကြီးမားသော ဗုဒ္ဓ လက်တော် အဖြစ် စုစည်း ပြိုကျ လာသည်။ ကမ္ဘာကြီး တစ်ခုလုံး ထိုလက် ထဲတွင်၊ ရှိနေ သကဲ့သို့ ခံစား လိုက်ရသည်။

( ဗုဒ္ဓ လက်တော်= ရွှေရောင် ကျောက်ဆစ် လက်ဖဝါး )

လက်ဖဝါး ဆင်းသက် လာသော အခါတွင်၊ 'ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား'ကို၊ ထပ်မံ ထုတ်ဖေါ် လိုက်သည်။

'' ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား .... ''

'' ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား ... ''

ထို့အတူ လင်းယွန်၏၊ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်ဖြင့်၊ အားဖြည့် ထားသော 'ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား၊' တွင်၊ ဗုဒ္ဓ အငွေ့ အသက်များ မပါ ဝင်ဘဲ၊ အကန့် အသတ် မရှိသော ဓား ရည်ရွယ်ချက် များသာ ပါရှိ နေပေသည်။

လက်သီး ချက်များ တွေ့ဆုံ သွား ပြီးနောက်၊ စင်ပေါ်၌ ပေါက်ကွဲ မှုများ ဖြစ်ပွား လာတော့၏။

မရေ မတွက် နိုင်သော ကျောက်တုံး အပိုင်း အစ များက၊ ထိုသက်ရောက် မှုကြောင့်၊ အချိန် ရပ်တန့် သွားသလို၊ လေထဲတွင် ခဏ တာမျှ တုန့်ဆိုင်း သွားခဲ့သည်။

'' ဟိတ်..... ''

'' ............... ''

နှစ်ယောက်သား ကြွေးကြော် လိုက်ပြီး၊ နောက်ထပ် လက်သီး ချက်အား၊ ထပ်မံ ပစ်ချ လိုက်ပြန်၏။

ဗုဒ္ဓ လက်ဖဝါး ကြီးမှာ၊ စစ်မှန်သော တိမ်တိုက် ကလေး၊ နောက်ကွယ်မှ ထွက်ပေါ် လာ သကဲ့သို့၊ လင်းယွန်ထံ ၌လည်း၊ ကြီးမားသော ဓားကြီး တစ်လက် ဖြစ်ပေါ် လာသည်။

နောက် တစက္ကန့်တွင်၊ စင်မြင့် ပေါ်၌ မရေ မတွက် နိုင်သော ကျောက်တုံး များနှင့်၊ အမှုန် အမွှားများ လွင့်ထွက် သွားလေသည်။

နှစ်ယောက်သား ပြန်လည် ဆုတ်ခွာ သွားသော အခါ မှသာလျှင်၊ စင်မြင့် ပေါ်ရှိ ဖုန်မှုန့် များနှင့်၊ ကျောက်တုံးများ ကင်းစင် သွားတော့၏။

တစ်ချိန် တည်းမှာပင်၊ စစ်မှန်သော တိမ်တိုက် ကလေး၏၊ တိုက်ခိုက်မှု များကို တားဆီးရန်အတွက်၊ ကျား- နဂါး လက်သီးအား အမှန် တကယ် အသုံး ပြုနေ ခဲ့ခြင်း အပေါ်၊ ပရိသတ်များ အံ့အားသင့် သွားခဲ့ ကြသည်။

" လင်းယွန်က သူ့ ဓားကို တကယ် မသုံး ဖူးလား။ "

" သူက နည်းနည်းတော့ မောက်မာ လွန်းတယ်။ "

“ စစ်မှန်သော တိမ်တိုက် ကလေးကို စိန်ခေါ်ဝံတာ မဆန်း ပါဘူး၊ သူက ပြင်ဆင် ပြီးသားကိုး၊ ဒါပေမယ့် ကျား-နဂါး လက်သီးကို အသုံး ပြုပြီး၊ အနိုင် ယူဖို့ ကြိုးစားတာ ကတော့အရှက် ခွဲဖို့ ကြိုးစား နေတာပဲ မဟုတ်လား။ ''

ရုတ်တရက်၊ ဤတိုက်ပွဲသည် လူတိုင်း၏ ခံစားချက် များကို ပေါက်ကွဲ လာစေပြီး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းအား၊ စိတ်မသက်မသာ ဖြစ်စ ပြုလာ စေ၏။

" နတ်ဆိုး အမြစ် ပြတ်သုတ် သင်ခြင်း တံဆိပ်။ "

စစ်မှန်သော တိမ်တိုက် ကလေးက ကြုံးဝါး လိုက်ပြီး၊ ကောင်းကင်သို့ ပျံတက် လိုက်ချိန်တွင်၊ နဂါးနှင့် ကျားမှာ သူ့ ခြေထောက် အောက်တွင်၊ ဖွဲ့တည် ဖြစ်ပေါ် လာလေသည်။

ထိုသို့သော စွမ်းအင် သားရဲများ ဖြစ်ပေါ် လာသော အခါ၊ စစ်မှန်သော တိမ်တိုက် လေး၏၊ ဗုဒ္ဓ အရှိန် အဝါမှာ ပိုမို မြင့်တက် လာပြီး၊ နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်ကို၊ ထုတ်လွှတ် လိုက်သည်။

( ဗုဒ္ဓ အရှိန် အဝါ ဆို သည်မှာ၊ ရွှေရောင် သက်သက် မဟုတ်သော အလင်း များကို ရည်ရွယ် ပေသည်။

ဆိုလို သည်မှာ ရောင်ခြည်တော် ခြောက်ပါး၊ ရောယှက် နေသော အလင်း အစု အဝေးကို ဆိုနိုင်၏။ )

တံဆိပ်မှာ '卍' ပုံ သဏ္ဍာန် ဖွဲ့တည် လာကာ၊ လင်းယွန်ထံ တိုးဝင် သွားသည်။ တံဆိပ် မဆင်း လာခင် မှာပင်၊ ပြင်းထန်သော ဖိအားများကြောင့်၊ လင်းယွန်က နောက်သို့ ခြေလှမ်း များစွာ ဆုတ်ခွာ ပေးလိုက် ရ၏။

" ဘယ်လို ခံစား ရလဲ၊ ဗုဒ္ဓရဲ့ အဆုံး အမကို နား မလည် နိုင်တဲ့ ဓားကျွန် တစ်ယောက်က၊ နတ်ဆိုး အမြတ်ပြတ် သုတ်သင် ခြင်းရဲ့ စစ်မှန်တဲ့ စွမ်းအားကို၊ ထုတ်ပြ နိုင်စရာ နည်းလမ်း မရှိ ပါဘူး၊ ယခင် တံဆိပ် နှစ်ခုနဲ့ နှိုင်းယှဉ်ရင် ဒါက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ... မြည်းစမ်း လိုက်ပါဦး။ ''

ဤတံဆိပ်ကြောင့် ပြိုင်ဘက် အပေါ်၊ အနိုင် ယူနိုင် မည်မှာ သေချာ လေပြီ။ သည့်အတွက် မောက်မာစွာ ဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် မူလ စွမ်းအင်များ သူ့ခန္ဓာကိုယ် အတွင်း၌ ပွက်ပွက်ဆူ လာပြီး၊ ခရမ်းရောင် ပန်းမှာ ဒါန်တမ် အတွင်း၌ တဖြည်းဖြည်း ပွင့်အာ လာ၏။

ပန်း တစ်ပွင့်လုံး ပွင့်အာ လာသော အခါတွင်၊ လင်းယွန်၏ မျက်ဝန်းများ တောက်ပ သွား၏။

ဆင်းသက် လာသော နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်ကို ရင်ဆိုင်ရန်၊ ကောင်းကင်သို့ မကြောက် မရွံ့၊ ခုန်တက် သွားသည်။

'' နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်။ ''

တစ်ချိန်တည်း မှာပင် နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်ကို ထုတ်ဖော်ကာ၊ ဓား ရည်ရွယ် ချက်များ ဖြည့်သိပ် လိုက်၏။

သူ၏ နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်မှာ၊ အလွန် ကြီးမားသော ပုံရိပ်ယောင် ဓား သဏ္ဍာန် ဖြစ်ပေါ်လာ လေသည်။

လူတိုင်း၏ အမြင် အောက်တွင်၊ ကောင်းကင်မှ ဆင်းသက် လာသည့်၊ စစ်မှန်သော တိမ်တိုက် ကလေး၏ တံဆိပ်ကို၊ ကြီးမားသော ဓားကြီး တစ်လက်က ဖောက်ထွင်း သွား လေသည်။

ယင်းမှာ အဆုံးသတ် မဟုတ် ခဲ့ဘဲ၊ ဓား (၃၆) လက်က၊ ဒေါင်း အမြီး ကဲ့သို့ ပွင့်ထွက် လာပြီး၊ နဂါးနှင့် ကျားတို့၏ ရောင်ဝါမှာ၊ မကြုံစဖူး အထွတ် အထိပ်သို့ ရောက်ရှိ သွား၏။

မဆိုင်း မတွဘဲ၊ လက်သီးကို စစ်မှန်သော တိမ်တိုက် ကလေး၏ ရင်ဘတ် ပေါ်သို့၊ ထိုးချ လိုက်သည်။

လက်သီး များက စစ်မှန်သော တိမ်တိုက် ကလေး၏ အရှိန် အဝါကို၊ ဆုတ်ဖြဲ တိုးဝင် သွား ၏။

ပြိုင်ဘက် အနေဖြင့် ခြေထောက်ပေါ်ပြန်မထ နိုင်မီ၊ လင်းယွန်၏ မျက်နှာတွင် သတ်ဖြတ်ရန် ရည်ရွယ်ချက် များဖြင့် ပြည့်နှက် လာသည်။

သိုင်းစင် မြင့်မှာ ရုတ်တရက် ပြိုကျ လာချိန်၌၊ လင်းယွန်က စစ်မှန်သော တိမ်တိုက်ကလေး ထံသို့၊ ပြေးသွား ခဲ့သည်။

'' ကျား နဂါး ခြေလှမ်း။ ''

ခြေလှမ်း တိုင်းတွင် ကျားနှင့် နဂါး ပုံရိပ်များ၊ တလှည့်စီ 'ဟုတ်ခနဲ ဟုတ်ခနဲ' ဖြစ်ပေါ် လာ၏။

စစ်မှန်သော တိမ်တိုက် ကလေးက၊ ကြမ်းပြင် ပေါ်၌၊ ကုန်းရုန်း ထရပ် လိုက်ချိန်တွင်၊ လင်းယွန် ရောက်ရှိ လာပြီး၊ သူ့ မျက်နှာကို လက်သီးဖြင့် ထိုးချ လာလေသည်။

၎င်းလက်သီးအား အချိန်မီ မဟန့်တား နိုင်ခဲ့ပဲ၊ နှာခေါင်း ရိုးပေါ် ကျရောက် သွားကာ၊ သဲအိတ် တစ်လုံး ကဲ့သို့ လွင့်ထွက် သွားရ လေ သည်။

" ဒါတွေ မင်းရခဲ့ တာလား၊ ဟမ့် ... နာမည်ကြီး စစ်မှန်သော တိမ်တိုက် ကလေးက၊ ဒါ အကုန်ပဲ လို့တော့ ငါ့ မပြောနဲ့။ "

လင်းယွန်က စစ်မှန်သော တိမ်တိုက် ကလေးကို ကြည့်ပြီး အေးစက်စွာ ဆိုလိုက်သည်။

သူ့ အနေဖြင့် ဓားသင်္ချိုင်း နယ်မြေတွင်၊ နှလုံးသား နတ်ဆိုးအား ဖယ်ရှား နိုင်ခဲ့ သောကြောင့်၊ ယခင် လင်းယွန် မဟုတ် တော့ပေ။

***

All Chapters