← Chapters

ဓားဖျား၏ လားရာ။

Vol. 34 Ch. 464

ဓားဖျား၏ လားရာ။

Vol. 34 Ch. 464

" ဒါက မင်းရဲ့ ခွန်အားလား၊ ဟမ့် ... နာမည်ကြီး စစ်မှန်သော တိမ်တိုက် ကလေးက၊ ဒါ အကုန်ပဲ လို့တော့ ငါ့ မပြောနဲ့။ "

လင်းယွန်က စစ်မှန်သော တိမ်တိုက် ကလေးကို ကြည့်ပြီး၊ အေးစက်စွာ ဆိုလိုက်သည်။

နှာနုကို ဖြတ်ရိုက် ခံလိုက်ရ သဖြင့်၊ မတ်တပ် ထရပ် လာချိန်တွင်၊ နာကျင် မှုကြောင့်၊ စစ်မှန်သော တိမ်တိုက် ကလေး၏၊ ခန္ဓာ ကိုယ်မှာ ဘယ်ညာ ယိမ်းထိုး နေပေသည်။

ယင်းမှာ မည်သူမျှ မမျှော်လင့် ထားသော ရလာဒ်မျိုး ဖြစ်၏။ လူတိုင်းက လင်းယွန် တစ်ယောက် ရှုံးနိမ့် လိမ့် မည်ဟု၊ ထင်ခဲ့ကြ သော်လည်း၊ မှားယွင်းကြောင်း သက်သေ ပြ လာသည်။

သုံးရက် အတွင်း ဤမျှ သန်မာ လာလိမ့် မည်ဟု မထင်ထား ကြပေ။ အကြင်နာ ချောက် ကမ်းပါးနှင့်၊ တိုက်ခိုက် ခဲ့သော လွန်ခဲ့သည့်၊ သုံးရက် ကထက် ပို၍ အားကောင်း နေလေသည်။

မူလက သည်းထိတ် ရင်ဖိုဖွယ် မရှိသော တိုက်ပွဲ တစ်ပွဲ ဖြစ်သော်လည်း၊ ရုတ်တရက် စိတ်ဝင် စားစရာများ ရှိလာ၏။

“ အား .... ကျွတ် ကျွတ် ..... ငါမင်းကို လျှော့တွက် မိပြီ ထင်တယ် …”

စစ်မှန်သော တိမ်တိုက် လေးက၊ နှာခေါင်း အတွင်းမှ လျှံကျ လာသော သွေးများကို သုတ်ယူကာ၊ ပြုံးပြီး ဆိုလိုက်သည်။

" ကြည့်ရတာ ချန်ပီယံဆု အတွက် မပြိုင်နိုင် တော့ဘူး ထင်တယ်။ "

ပြီးနောက် သက်ပြင်း ချလိုက်ပြီး၊ လင်းယွန်ကို ကြည့်ရန်၊ ခေါင်းပြန် မော့လိုက်၏။

" မင်းက ... ငါ့ရဲ့ ခွန်အားကို အကုန် ထုတ်ခိုင်းတဲ့ အတွက်၊ ကွယ်ဝှက် မနေတော့ ပါဘူး။ "

စကားဆုံး သည်နှင့် မျက်နှာ တစ်ပြင်လုံး တွန့်လိမ် လာပြီး၊ အဝတ်များ ပေါက်ကွဲ ကုန်လေသည်။

အဝတ်များ အောက်ရှိ ခန္ဓာ ကိုယ်မှာ၊ ကြေးဝါရောင် အဖြစ် ပြောင်းလဲ သွားပြီး၊ ဗုဒ္ဓ ကျမ်းစာ ကဲ့သို့သော ရှေးဟောင်း အက္ခရာများ တဖျပ်ဖျပ် ခတ်လာ ပေ၏။

“ ဒါ က …”

အသွင် ပြောင်းလဲ လာသော ခန္ဓာ ကိုယ်ကို ကြည့်ကာ၊ လူတိုင်း ထိတ်လန့် ကုန်သည်။

ကြည့်နေ ဆဲမှာပင် စစ်မှန်သော တိမ်တိုက် ကလေး၏၊ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး၊ ခန္ဓာ ကိုယ်မှာ ကြက်သွေးရောင် အလင်းများ၊ တောက်ပ လာ၏။

တစ်ချိန်တည်း မှာပင် သူ့ ခန္ဓာ ကိုယ်က၊ ထူးဆန်းစွာ တွန့်လိမ် သွားပြီး၊

" မဟာ ရာဂျာ တိုက်ပွဲဝင် ခန္ဓာကိုယ်။ "

- ဟု အော်ဟစ်လိုက်၏။

( မဟာ ရာဂျာ ဆို သည်မှာ၊ ဟိန္ဒူ ဘာသာ၊ ဂျိန်း ဘာသာနှင့်၊ ဗုဒ္ဓ ဘာသာ (မဟာ ယန) တို့၌ လူခန္ဓာနှင့် မြွေခေါင်း ပါရှိသော (လူတစ်ပိုင်း မြွေတစ်ပိုင်း) သတ္တဝါ ဖြစ်သည်။

အပျက် သဘော ဆောင်ပြီး၊ မြွေဆိုး များ၏ ဘုရင် အဖြစ်၊ သတ်မှတ် ကြသည်။ )

စစ်မှန်သော တိမ်တိုက် ကလေး၏ ခန္ဓာကိုယ်မှာ၊ ကြက်သွေးရောင် အဆင်းသို့၊ ရုတ်တရက် ပြောင်းလဲ သွားသည်ကို၊ လူတိုင်း သိမြင် နိုင်သည်။

အရိုး များနှင့် ကြွက်သားများ အက်ကွဲ လာပြီး၊ ချက်ချင်းပင် ပြန်လည် ဖွဲ့စည်း လာ၏။

“ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက၊ ဗုဒ္ဓ ဘာသာဂိုဏ်း မဟုတ်လား၊ ဘာလို့ ဒီလို နတ်ဆိုးပုံ ပေါက်နေ ရတာလဲ …။ ”

လီဝူယုက မျက်မှောင် ကြုတ်ကာ ဆိုလိုက်သည်။ စစ်မှန်သော တိမ်တိုက် ကလေးမှာ ယခင် အချိန် များ၌ ရက်စက် ကြမ်းကြုတ်စွာ၊ တိုက်ခိုက် ခဲ့သော်လည်း၊ လွှမ်းမိုး နိုင်လွန်းသော ဗုဒ္ဓ ရောင်ဝါများ ကပ်ညိ နေဆဲ ဖြစ်သည်။

ထို့ကြောင့် ဤသို့ ရုတ်တရက် ပြောင်းလဲ လာမှုက၊ လူတိုင်းကို ရှုပ်ထွေး သွားစေသည်။

" ဗုဒ္ဓ စစ်သည်တော် ရှစ်ဖော် - မဟာ ရာဂျာ။ "

( ဗုဒ္ဓ စစ်သည်တော် ရှစ်ဖော် ဆိုသည်မှာ၊ တရား ဓမ္မကို စောင့်ရှောက်သော ထာဝရ နတ်ဘုရားများ အဖြစ်၊ တင်စား ထားခြင်း ဖြစ်သည်။

ဆိုလို သည်မှာ ဒေဝနှင့် နာဂ မျိုးနွယ် သတ္တဝာများကို၊ ထာဝရ နတ်ဘုရားများ အဖြစ် သတ်မှတ် လေသည်။

ထာဝရ နတ်ဘုရား ဆိုသည်မှာ၊ ထေရဝါဒ၌ ဗြဟ္မာ ကြီးများ ပေပင်။ )

လျိုဖန်းက အော်ဟစ် လိုက်သည်။ မျက်နှာ တစ်ပြင်လုံး မည်းမှောင် လာပြီးနောက်၊ သူ့ စကားကို ဆက်လိုက်၏။

“ ဗုဒ္ဓက သာသနာတော် ပြန့်ပွားရေး အတွက်၊ ဒဏ္ဍာရီ ထဲက စစ်သူရဲ ရှစ်ဖော်ထံ သွားခဲ့တယ်၊ အဲ့ဒီ စစ်သူရဲ ရှစ်ဖော်ကို ဒေဝနဲ့ နာဂ ရှစ်ပါး လို့လည်း ခေါ်ဆို ကြတယ်၊ သူတို့ အားလုံးက စစ် ဘီလူးတွေ ဖြစ်ပေမယ့်၊ ဗုဒ္ဓ ကို ရှုံးနိမ့် ပြီးတဲ့နောက်၊ ဗုဒ္ဓရဲ့ စစ်သည်တော် ရှစ်ဖော် ဖြစ်လာ ခဲ့တယ်၊ ... ”

( နာဂကို တိဗက် အယူ အဆ အရ၊ ဘုရား ငယ်များ အဖြစ်၊ ('ပစ္စေက ဗုဒ္ဓ' များ) ယူဆ ကြသည်။ ဗုဒ္ဓ ဘာသာတွင် တံခါးစောင့် နတ်မင်း အဖြစ်သာ သတ်မှတ်၏။

ဒေဝဆို သည်မှာ အသက် ရှည်ပြီး၊ နတ်ဘုရား များနှင့် တူသော၊ ကောင်းကင်ဘုံ သတ္တဝါများ အဖြစ်၊ (နတ်ဒေဝါများ) သတ်မှတ် ကြသည်။ )

“ အခု စစ်မှန်သော တိုက်တိုက် ကလေးက၊ သူတို့ ရှစ်ဖော် ထဲက၊ မဟာ ရာဂျာရဲ့ အသွင်ကို ယူနေတာ၊ မဟာ ရာဂျာ ဆိုတာ မြွေဆိုး များရဲ့ ဘုရင်၊ နတ်ဆိုးကြီး တစ်ပါးပဲ၊ ဗုဒ္ဓ ဘာသာဝင် အဖြစ်၊ ကူးပြောင်း ပြီးတဲ့ တိုင်အောင်၊ သူ့ရဲ့ နတ်ဆိုး သဘာဝကို၊ မဖယ်ရှား နိုင်သေးဘူး၊ ဒါကြောင့် အရမ်း ကြောက်ဖို့ ကောင်းတဲ့ စစ်သူရဲ တစ်ဦး။ ”

ဗုဒ္ဓ စစ်သည်တော် ရှစ်ဖော်၏၊ မူလကို ပရိသတ် များအား ကြားသိ သော်လည်း၊ စစ်မှန်သော တိမ်တိုက် ကလေး အနေဖြင့်၊ မည်သည့် အရာကို ရည်ရွယ် နေမှန်း၊ မသိ နိုင်ကြ သေးပေ။ အကြီးအကဲ အချို့ သည်သာ၊ ခန့်မှန်း သိမြင် နိုင်သည်။

'' ငါသိပြီ … စစ်မှန်သော တိမ်တိုက် ကလေးက၊ ချန်ပီယံဆု အတွက် တိုက်ပွဲ ဝင်ဖို့၊ ဒါကို ဝှက်ဖဲ အဖြစ် ဆုပ်ကိုင် ထားပုံပဲ၊ အခုလို ထုတ်ဖော် လိုက်ပုံ အရတော့၊ ချန်ပီယံ ဆုကို စွန့်လွှတ် လိုက်ပြီလို့ ဆိုလိုတာ မဟုတ်လား။ ”

“ အခု ချိန်မှာ လင်းယွန်က၊ ခက်ခဲတဲ့ အခြေ အနေကို ရောက်သွားမှာ ငါ ကြောက်မိ တယ်၊ စစ်မှန်သော တိမ်တိုက် ကလေးသာ၊ သူ့ခန္ဓာ ကိုယ်ကို အပြည့် အဝ၊ မပြောင်းလဲ နိုင်ပါ စေနဲ့လို့ မျှော်လင့် ရတာ ပါပဲ၊ ဒီလိုမှ မဟုတ်ရင် သူက တိုက်ပွဲကို အောင်နိုင်မယ် မထင်ဘူး။ ”

" ငရဲ လမ်းက ဒီမှာတင် ပြီးဆုံး သွားပါပြီ။"

ကြက်သွေးရောင် အလင်းများ ရုတ်ချည်း ပြန့်ကျဲ သွားပြီး၊ လူတိုင်း၏ အကြည့် အောက်တွင်၊ ဧရာမ ကြေးသွန်း ရုပ်ကြီး ထွက်ပေါ် လာသည်။

ကြေးရောင် ခန္ဓာကိုယ် ပေါ်တွင်၊ အနီရောင် ဆိုထား သကဲ့သို့ ထူးဆန်းသော မြွေဆိုး များဖြင့် ဖုံးအုပ် ထား၏။ တစ်ချိန်တည်း မှာပင် ကြမ်းကြုတ်သော နတ်ဆိုး၏ ရောင်ဝါကို ထုတ်လွှတ် လာသည်။

“ ဒီဝှက်ဖဲကို အတင်း အကျပ် သုံးဖို့ ဖိအားပေး နိုင်တဲ့ အတွက်၊ မင်းကိုယ်မင်း ဂုဏ်ယူ သင့်ပါတယ်။ "

စစ်မှန်သော တိမ်တိုက် ကလေးက၊ သူ၏ လက်သီး များကို ဆုပ်ကိုင်လျက်၊ ခန္ဓာကိုယ် အတွင်းရှိ သူ၏ ပေါက်ကွဲ စွမ်းအား များကို အာရုံခံ နေလျက်ဖြင့် ဆိုသည်။

ယခု အချိန်တွင် သူ၏ အရှိန် အဝါမှာ၊ ခရမ်းရောင် နန်းတော် ကျင့်ကြံ သူနှင့်၊ ယှဉ်နိုင် နေပြီ ဖြစ်သည်။

သူ စကား ပြောနေ စဉ်တွင်၊ ခန္ဓာကိုယ် ပေါ်ရှိ မြွေဆိုး များက၊ တွန့်လိမ် နိုးထ လာလေပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ များအား ထုတ်ဖော် ပြသ လိုက်၏။

ယင်းကို သတိထား မိသော လင်းယွန်က၊ ဒရာကိုဖီ ချပ်ဝတ်ကို အသက် သွင်းလိုက်သည်။

ကြမ်းရှသော စွမ်းအင် များက၊ ခရမ်းရောင် ချပ်ဝတ် တစ်ထည် အဖြစ်၊ သိုင်းခြုံ လာပြီး ရှေးဟောင်း အငွေ့ အသက်များ၊ ထွက်ပေါ် လာပေသည်။

သူ့ ထံ ပြေးဝင် လာသော ဧရာမ ရုပ်သွင် ကြီးကို ကြည့်ကာ၊ လက်သီးဖြင့် ထိုးချ လိုက်သည်။

'' ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ ''

ဒရာကိုဖီ ခန္ဓာနှင့် ဒရာကိုဖီ ချပ်ဝတ်ကို ထုတ်ဖော် ထားသော်လည်း၊ သတိ လက်လွတ် မခံဝံ့ ခဲ့ပေ။

ဓားသုတ္တန်ကို ကန့်သတ် ချက် အထိ၊ တွန်းပို့ လိုက် ရာ ခရမ်းရောင် ပန်း တစ်ပွင့်၏ ကောက် ကြောင်းက၊ ကောင်းကင်၌ ဖြည်းညှင်းစွာ ဖြစ်ပေါ် လာ၏။

တစ်ချိန်တည်း မှာပင် အရှိန် အဝါများ ထပ်မံ ပေါက်ကွဲ ထွက်လာ လေသည်။

မဟာချင် အင်ပါယာ၏ အသန်မာ ဆုံးသော ခန္ဓာကိုယ် နည်းစနစ်နှင့် အတူ၊ ရှေးဟောင်း နည်းစနစ် ဖြစ်သော ဓား သုတ္တန်ဖြင့်၊ ပံ့ပိုး ထားသော အဆိုပါ လက်သီးက၊ အသွင်ပြောင်း ထားသော ပြိုင်ဘက်ထံ၊ ပြေးဝင် ဟန့်တား ခဲ့လေသည်။

ထိုလက်သီးက စစ်မှန်သော တိမ်တိုက် ကလေးနှင့် တိုက်မိ သွားပြီး၊ လင်းယွန် ခြေဖဝါး အောက်ရှိ၊ ကြမ်းပြင်၌ အက်ကြောင်းများ ထင်လာ စေ၏။

သို့သော် ငြားလည်း၊ သူတို့၏ ခွန်အားများ ကြားတွင်၊ ကွာဟချက် အချို့ ရှိနေဆဲ ဖြစ်ပြီး၊ အနည်းငယ် တောင့်ခံ ပြီးနောက်၊ လင်းယွန် တစ်ယောက် လွင့်စင် သွားရသည်။

ခန္ဓာ ကိုယ်ထဲ တိုးဝင် လာသော၊ စစ်မှန်သော တိမ်တိုက် ကလေး၏ စွမ်းအင် များကို၊ ဟန့်တား ဖျက်ဆီးရန်၊ မူလ စွမ်းအင်များ ဖြန့်ကျက် လိုက်ရသည်။

ညာဘက် လက်ထံမှ ပူနွေးသော ခံစား ချက်ကြောင့် ငုံ့ကြည့် လိုက်ရာ၊ အရိုးနှင့် သွေးကြောများ ကွဲအက် ပြတ်တောက်လျက်၊ သွေးများ စီးကျ နေလေပြီ။

မဟာ ရာဂျာ တိုက်ပွဲဝင် ခန္ဓာကိုယ် နည်းစနစ် အရ၊ စစ်မှန်သော တိမ်တိုက် ကလေးက အားသာချက် ရရှိ သွားသည်။

တစ်ချိန် တည်းတွင် သူ၏ လက်သီးကို တားဆီး နိုင်ခဲ့သော လင်းယွန်ကို ကြည့်ကာ၊ စစ်မှန်သော တိမ်တိုက် လေးက၊ မျက်မှောင် ကြုတ် သွားသည်။

နောက်ဆုံးတွင်၊ ဤတိုက်ခိုက် မှုမှာ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ လမ်းလွဲ သိုင်း သမား တစ်ဦး ကိုပင်၊ ထိုးသတ် ပစ်ခဲ့ ဖူးပေ၏။

ထို့ကြောင့် လင်းယွန်က ခုခံနိုင် လိုက်သည့် အပေါ်၊ အံ့သြ သွား ခြင်းလည်း ဖြစ်သည်။

ဆိုလို သည်မှာ လင်းယွန်၏ ကျင့်ကြံမှု နည်းစနစ်က မရိုးရှင်း လှပေ။

သို့မဟုတ် ပါလျှင်၊ သာမန် ဓားကျွန် တစ်ယောက် အနေဖြင့်၊ သည်အထိ ရောက်နိုင် မည် မဟုတ်ကြောင်း၊ သူ ပြောနိုင်၏။ ထို့ကြောင့် လင်းယွန်ကို လျှော့တွက် မရမှန်း သတိ ထားမိ သွားသည်။

" ဘယ်နှစ်ချက် အထိ ...၊ ခုခံနိုင် မလဲ ငါကြည့် မယ်။ "

စစ်မှန်သော တိမ်တိုက် ကလေးက ရယ်သည်။ အခြေ အနေ တစ်ခု လုံးမှာ၊ သူ့ ထိန်းချုပ်မှု အောက်တွင် ရှိနေ သည်ကို သိရှိ လိုက်ပြီး၊ လင်းယွန် အတွက် အနိုင် ယူရန်၊ အချိန် တန်ပြီ ဖြစ်သည်။

ထို့နောက်တွင် ထိတ်လန့်ဖွယ် လက်သီးချက် များကို၊ တဝုန်းဝုန်း ဖောက်ထုတ် ပစ်လိုက် တော့သည်။

တိုက်မိမှု တိုင်းက စင်မြင့်ကို ပြင်းထန်စွာ တုန်လှုပ် လာစေပြီး၊ စွမ်းအင် လှိုင်းများ ပျံ့နှံ့ ကုန်၏။

'' ဘောင်း .... ဘောင်း ဘောင်း။ ''

စစ်မှန်သော တိမ်တိုက် လေး၏ လက်သီး များ အောက်တွင်၊ လင်းယွန် တစ်ယောက် အဆက် မပြတ်၊ ဆုတ်ခွာ သွားခဲ့ ရသည်။

အချိန် အနည်းငယ် အတွင်း၊ စင်မြင့်ထောင့် တစ်နေရာသို့ တွန်းပို့ခြင်း ခံလိုက် ရသည်။

" အကြွင်းမဲ့ ခွန်အားရဲ့ ရှေ့မှာ၊ မင်းရဲ့ နည်းစနစ် တွေက အချည်းနှီး ပါပဲ။ "

" အကြွင်းမဲ့ ခွန်အား ... ဟုတ်လား၊ မင်းရဲ့ မဟာ ရာဂျာ ခန္ဓာကိုယ် နည်းစနစ်က အားကောင်း ပေမယ့်၊ လုံလောက်အောင် မသန်မာ တဲ့တွက် စိတ်မကောင်း ပါဘူး၊ ... ''

လင်းယွန်က ပြုံးကာ တွက်ဆ နေဟန်ဖြင့်၊

'' ... ကြည်ရတာ၊ အခြေ အနေကို အကြာကြီး မထိန်းထား နိုင်ဖူး ဆိုတဲ့၊ ငါ့ အထင်က မှန်နေပုံ ရတယ်၊ ကဲ တိုက်ပွဲကို အဆုံးသတ် လိုက်ရအောင်၊ မင်းက ခွန်အားနဲ့ ပြိုင်ချင် နေမှတော့ ...၊ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်း ပေးပါမယ်။ ”

'' ဟိတ် .... ''

လင်းယွန် ထံမှ စူးရှ တောက်ပသော အရှိန် အဝါများ ပေါက်ကွဲ ထွက်လာပြီး၊ အော်ဟစ် ကြုံးဝါး သံ တစ်သံ၊ ကောင်းကင် သို့တိုင် ပျံ့လွင့် သွားသည်။

" သေ စမ်း ..... "

စစ်မှန်သော တိမ်တိုက် ကလေး၏၊ မျက်နှာက ပြောင်းလဲ သွား၏။ သူ့ အနေဖြင့် နောက်ထပ် အမှား အယွင်းများ၊ မရှိစေ လိုတော့ပေ။

သူ့ ကို သိုင်းခြုံ ထားသော ကြက်သွေးရောင် အရှိန် အဝါမှာ ပေါက်ကွဲ လာပြီး၊ လေထု ထဲ၌ ဧရာမ မြွေကြီး သဏ္ဌာန် ဖွဲ့တည် လာ၏။

" နတ်ဆိုး မြွေနဂါး အသွင် ပြောင်းလဲ ခြင်း။ "

ကြက်သွေးရောင် မြွေနဂါး သဏ္ဌာန်က ဟောက်သံ ပြုကာ၊ လင်းယွန်ကို တိုက်ခိုက်ရန် ပြေးဝင် လာသည်။

သို့သော် လင်းယွန်က မျက်လုံးများ တောက်ပ လာပြီး၊ သဏ္ဌာန်မဲ့ ရုပ်သွင်ကြီး တစ်ခုအား၊ ထုတ်လွှတ် လိုက်ရာ၊ အဆိုပါ ပုံရိပ် ကြီးမှာ မိုးကုတ် စက်ဝိုင်းအား ဖြတ်ကျော် သွားလေသည်။

ထို သဏ္ဌာန်မဲ့ ရုပ်သွင် ကြီးက၊ တောင်ပံ များကို ဖြန့်လိုက်သော အခါတွင်၊ စင်မြင့် တစ်ခုလုံးအား ဖုံးအုပ် သွားသည်။ အေးစက်သော မျက်ဝန်း တစ်စုံဖြင့်၊ မြေပြင်ကို စိုက်ကြည့် လာ၏။

" မဟာလေ ဟုန် ကျမ်း။ "

အမည် မသိ ပုံရိပ် ကြီးက၊ သူ၏ တောင်ပံ များကို ခတ်ချ လိုက်သော အခါတွင်၊ လေပြင်း များ ရုတ်တရက် တိုက်ခတ် လာသည်။

လင်းယွန်က သူ့လက် နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ် လိုက်သည်နှင့်၊ လေပြင်း များက ဦးတည် ရာသို့၊ ပြေးထွက် သွားလေသည်။

ထို့နောက်တွင် ကြက်သွေးရောင် မြွေ နဂါးကြီး အပါ အဝင်၊ စစ်မှန်သော တိမ်တိုက် ကလေး သည်ပါ၊ ပူပေါင်းကို လေလျော့ လိုက် သကဲ့သို့၊ ကောင်းကင်ပေါ် မြှောက်တက် သွား၏။

စင်မြင့်မှာ အချိန် မရွေး၊ ပြိုလဲ တော့မည် အသွင်ဖြင့် တုန်ယင် လာသည်။

ကောင်းကင်ပေါ် ရိုက်ထုတ် ခံလိုက် ရသော၊ စစ်မှန်သော တိမ်တိုက် ကလေး၏ ခန္ဓာ ကိုယ်မှာ၊ လေထဲ ၌ပင် မူလ အရွယ် အစားသို့၊ ပြန်လည် ကျုံ့ဝင် လာနေ၏။

နဂါး တံခါး ရင်ပြင်ရှိ လူအုပ်ကြီးက၊ မြင်ကွင်း တစ်ဆုံး မြောက်တက် သွားသော အစက်ငယ် လေးကို၊ ပါးစပ် အဟောင်း သားဖြင့် မော့ကြည့် လိုက်မိ လေသည်။

“ မ ဟုတ် ဘူး ..... ။ ”

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ အကြီး အကဲ များနှင့် တပည့် များက၊ ထိုင်ခုံ များဆီမှ ခုန်ထ လာ ကြသည်။

သူတို့ မအော်နိုင် ခင်မှာပင်၊ အနက်ရောင် အစက် လေးက၊ စင်မြင့် ပေါ်သို့ တဟုန်ထိုး ပြန်လည် ကျဆင်း လာ၏။

ပြုတ်ကျ လာသည့် အရှိန်ကြောင့်၊ စင်ပေါ်၌ အက်ကွဲ ကြောင်းများ ပြန့်ကျဲ သွားလေသည်။

တစ်ချိန် တည်းမှာပင်၊ အားပြင်းသော စွမ်းအင် လှိုင်းများ ရိုက်ခတ် လာခြင်းကြောင့်၊ နာကျင် အောင့်မြက် သွားပြီး၊ သွေးတစ်လုတ် အန်ချ လိုက်ရကာ၊ မျက်နှာ တစ်ပြင်လုံး ဖြူရော် သွားလေသည်။

ဖုန်မှုန့်များ ငြိမ်သွား ချိန်၌ စင်မြင့် ပေါ်တွင်၊ ဂုဏ်ယူ ဝံ့ကြွားစွာ တပ်ရပ် နေသော လင်းယွန်ကို တွေ့လိုက် ရလေသည်။

သူ့ ရှေရှိ စစ်မှန်သော တိမ်တိုက် ကလေးမှာ၊ သွေးများဖြင့် ဖုံးလွှမ်း နေပြီး၊ ပြန်ထရန် ရုန်းကန် နေရသည်။

အဆုံးတွင် ခြေထောက်ပေါ် 'ထ' မရပ် နိုင်တော့ဘဲ၊ ဒူး တစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ပြန်လဲ ကျသွား၏။

ဒူးတစ်ဖက် ထောက်လျက် ခေါင်းငိုက်စိုက် ကျသွားသော စစ်မှန်သောတိမ်တိုက်ကလေးကို ကြည့်ကာ၊ နှလုံး ခုန်သံများ မြန်လာ လေသည်။

( လင်းယွန် နိုင်သွား တာလား။ )

" လွင့်မျော နေသော ရေခွက်လေး ကြောင့် မင်းကို ငါ မသတ်ဘူး၊ ဒါပေမယ့် အဲ့ဒါက မင်းရဲ့ ပြစ်ဒဏ် ကနေ လွတ်သွား ပြီလို့၊ မဆိုလို ပါဘူး။ ”

လင်းယွန်၏ အသံမှာ၊ ငရဲ မှ တက်လာ သကဲ့သို့၊ ခြောက်ကပ်စွာ ထွက်ပေါ် လာပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ် လိုက်လေသည်။

“ မ လုပ် နဲ့ .... ”

စစ်မှန်သော တိမ်တိုက် ကလေးက၊ မတုံ့ပြန် နိုင်ခင် မှာပင်၊ သူ့ ဦးတည် ရာသို့ ဓားရောင်ခြည် တစ်စင်း၊ ပြေးဝင်လာ သည်ကို တွေ့လိုက် ရသည်။

ထိတ်လန့်စွာ ဟန့်တားသံ မဆုံးခင်၊ ဓား ရောင်ခြည်က သူ့ လက် တစ်ဖက်ကို၊ ဖြတ်တောက် သွားလေသည်။

လက်ပြတ် ကြီးကို လင်းယွန်က လျစ်လျူရှု လိုက်ပြီး၊ ပွဲကြည့် စင်ဘက် ဖြည်းညှင်းစွာ လှည့်ကာ၊ သူ့ ဓားဖြင့် ထိုးညွှန် လိုက်၏။

သူ့ဓား ဖျား၏ ဦးတည်ရာ အရပ်၌၊ အေးစက်သော မျက်ဝန်း များဖြင့်၊ ချင်ယုက တုန့်ပြန် စိုက်ကြည့် နေနှင့် လေပြီ။

***

All Chapters