← Chapters

ခါးသီးသော တိုက်ပွဲ။

Vol. 34 Ch. 465

ခါးသီးသော တိုက်ပွဲ။

Vol. 34 Ch. 465

လင်းယွန်က စစ်မှန်သော တိမ်တိုက် ကလေးကို၊ မဟာ လေဟုန်ကျမ်းဖြင့် အနိုင် ယူပြီး၊ ချင်ယုကို ဓားဖြင့် ချိန်ရွယ် ထားခဲ့သည်။

ထိုမြင်ကွင်း အရ၊ လင်းယွန် အကြောင်းကို ပြန်လည် တွေးမိ လာစေသည်။ ငရဲ လမ်းတွင် ပြိုင်ဘက် သုံးဦးကို ဆက်တိုက် အနိုင် ယူပြကာ၊ အံ့ဖွယ် လုပ်ဆောင် ပြထားသည်။

သူ့ အတွက် အကောင်းမြင် စိတ် မရှိသော လူအုပ်ကြီး၏ အမြင်များ အပေါ်၊ ပြောင်းလဲ ယူလိုက်၏။

ယခု အချိန်ထိ ပြီးမြောက် အောင်မြင် ခဲ့သည့် အရာ များမှာ၊ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာမည် ဖြစ်ပြီး၊ ထိုသို့ ဖန်တီး နိုင်ရန် သူ ဖြတ်သန်း ခဲ့ရသည် များကို၊ မည်သူမှ သိနိုင်မည် မဟုတ်ပေ။

ကြီးကျယ် လွန်းသော စကား တစ်ခွန်းမျှ မဆိုဘဲ၊ ချင်ယုကို သူ့ ဓားဖြင့် ညွှန်ပြ လိုက်ရုံသာ ဖြစ်သည်။

သည်နေ့ကို စောင့်ခဲ့ ရသည်မှာ၊ လင်းယွန် အတွက် ကြာလွန်း လေပြီ။ ရှင်းဂျူ သေဆုံး မှုအား လက်စား ချေရန်၊ အချိန်တန် လေပြီ။

သည့်အတွက် ပြိုင်ပွဲတွင်၊ ငရဲသို့ ရောက်ရှိ ခဲ့ရ လျှင်ပင် ချင်ယု ပြီးနောက်၊ လူတိုင်းက သူ့ အကြောင်းကို မှတ်မိ နေပေမည်။

စင်မြင့် ပေါ်ရှိ လင်းယွန်၏ မျက်လုံး များတွင်၊ ဤမျှ တိုက်ခိုက်ရေး စိတ်ဓာတ်များ တောက်ပ လာခြင်းမျိုး၊ မရှိခဲ့ ဖူးပေ။

သူ့ နှလုံးသား ထဲ၌ ဒေါသကြောင့်၊ ရူးသွပ် ခြင်းများ ပြည့်နှက် လာပေသည်။

" အဲဒီလို ငေးကြည့်ပြီး၊ သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ "

“ ကြောက်စရာ ကောင်းလိုက်တာ၊ ဒီလိုတိုက်ခိုက်ရေး စိတ်ဓာတ်မျိုး တောင်လောင် နေတာ မတွေ့ ဖူးဘူး၊ သေချာတာ ကတော့ ...၊ ချန်ပီယံ ဆုက အမြဲတမ်း သူ့ ရည်မှန်းချက် ဖြစ်ပုံ ပါပဲ။ ”

“ ဒါက သူ့ ကတိကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ သူက ရှင်းဂျူကို အနိုင်ရ မယ်လို့ ကတိ ပေးထား တယ်လို့ ကြားတယ်။"

“ ရှင်းဂျူသာ ရှိနေရင် ဒီလောက်ထိ လှမ်းလာနိုင်တာ မြင်လို့၊ ပျော်နေမယ် ထင်ပါတယ်။ "

လင်းယွန်၏ တိုက်ခိုက်ရေး စိတ်ဓာတ် များက၊ လူတိုင်းကို ကူးစက် ခံခဲ့ ရသည်။ တစ်ချိန်တည်း မှာပင် ငရဲ လမ်းကို အဆုံးထိ၊ မသွား နိုင်ဟူသော သူတို့၏ ယူဆချက် သည်လည်း ယိမ်းယိုင် လာတော့၏။

ယခု အချိန်၌ ဒဏ္ဍာရီ တစ်ပုဒ်ကို ဖန်တီးရန်၊ ခြေ တစ်လှမ်းသာ လိုပေသည်။ သို့သော် ချင်ယုကို အနိုင်ယူ ခြင်းမှာ၊ ထင်သလောက် လွယ်ကူခြင်း မရှိ သေးပေ။

ချင်ယုက ရှေ့သို့ တစ်လှမ်း တိုးလာပြီး၊ ပြုံးပြ လိုက်သည်။ နောက် တစ်စက္ကန့်တွင် စင်မြင့် ပေါ်သို့ ရိပ်ခနဲ ဆင်းသက် လာ၏။ စင်ပေါ် ရောက် သည်နှင့် လင်းယွန်ကို ကြည့်ကာ၊ သူ့သွေးများ ဆူပွက် လာလေသည်။

လင်းယွန်ကို အနိုင် ယူပြီး၊ ချန်ပီယံ ဖြစ်လာ နိုင်သည် သာမက၊ အမုန်းဆုံး လူကို သတ်ခွင့် ရပေမည်။ တွေးကြည့် ရုံဖြင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက် သွားသည်။

“ မင်းငါ့နဲ့ တိုက်ခိုက်ဖို့ အထိ၊ ရောက်လာ နိုင်လိမ့် မယ်လို့၊ ငါ ဘယ်တုန်း ကမှ မမျှော်လင့် ထား မိတာ အမှန်ပါ၊ ကြည့်ရတာ ... ဒီလက်ဖဝါးက ကြာနက် နန်းတော်၊ ဒဿမ အဆင့်က ရခဲ့တဲ့ ပုံပဲ၊ ဒါပေမယ့် နောက်တစ်ကြိမ်၊ မင်း ထပ်သုံး နိုင်ဦး မလား ငါသိချင် မိတယ်။ ''

ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေသော လင်းယွန်ကို ကြည့်ကာ၊ ရယ်လျက် ဆိုလိုက်သည်။

“ မင်း ... စမ်းကြည့် လို့ရတယ်။ ”

လင်းယွန်က အေးစက်စက် ပြန်ဖြေသည်။

“ လက်ရှိ အခြေ အနေမှာ၊ ငါ့ ခွန်အားကို အကုန် ထုတ်ပြ စရာတောင် မလို တော့ပါဘူး၊ မင်း ငါ့ဆီ ကနေ လက်ဖဝါး သုံးချက်ကို ခံယူ နိုင်မှသာ၊ စကား ဆက်ပြော ကြတာပေါ့။ "

ချင်ယုက လှောင်ပြောင် ပြောဆို လိုက်သည်။

“ ဒီ လက်ဖဝါး သုံးချက်နဲ့၊ မင်း အသက်ရှင် နေသေးရင်၊ ငါ့နဲ့ တိုက်ခိုက် ဖို့ အရည် အချင်း ပြည့် မှီပါ လိမ့်မယ်။ "

ချင်ယု၏ မောက်မာ မှုကြောင့် လူတိုင်းက ငြိမ်သက် သွားသည်။ လင်းယွန်က ထိပ်ဆုံး သုံးဦးကို အနိုင် ယူခဲ့ သော်လည်း၊ ချင်ယု မျက်လုံး ထဲ၌ ရှိမနေ သေးပေ။

သို့သော် ၎င်းမှာ ပျံသန်း နေသော ငှက်မွှေး ဖြစ်သော ကြောင့်၊ ဖြစ်သင့် သည်ဟု ယူဆ လာမိ ကြပြန်သည်။

သူ့ အနေဖြင့် လွင့်မျော နေသော ရေခွက်ကို ရှုံးနိမ့် ဖူးသော်လည်း၊ ၎င်းမှာ လွန်ခဲ့သော သုံးနှစ်က ဖြစ်လေသည်။ သုံးနှစ် ကြာပြီးနောက် သူမည်မျှ သန်မာလာ မည်ကို၊ မည်သူမျှ အတက် မသိ နိုင်ပေ။

" ငရဲလမ်းရဲ့ နောက်ဆုံးပွဲ ...၊ ပျံသန်း နေသော ငှက်မွှေးနဲ့ ပန်းသင်္ချိုင်း ။ "

ဒိုင်အဖိုးအို စကားဆုံး သည်နှင့်၊ ချင်ယုက လက်ဖဝါးကို ဖျတ်ခနဲ ရိုက်ချ ပစ်လိုက်သည်။ ဤ လက်ဖဝါးသည် ရိုးရှင်းပုံ ရသော်လည်း၊ စင်မြင့် ပေါ်၌ အပျက် အစီးများ၊ လွင့်စင် သွားစေသည့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်ကို ထုတ်လွှတ် လာသည်။

သိပ် မကြာခင် မှာပင် မူလ စွမ်းအင်ဖြင့်၊ ဖန်တီး ထားသော လက်ဖဝါးကြီး တစ်ဖက် လေထဲ၌ ထွက်ပေါ် လာ၏။

လက်ဖဝါး ဖြစ်ပေါ်လာ သည်နှင့် လူတိုင်း၏ အကြည့်များ ပြောင်းလဲ သွားသည်။ ၎င်းမှ ထွက်လာသော ရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းပြီး၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း ကျင့်ကြံသူ များကိုပင်၊ ကြောက်ရွံ့ တုန်လှုပ် သွားစေ၏။

သူတို့က လက်ဖဝါးကို လေးနက်သော အမူ အရာဖြင့်၊ စိုက်ကြည့် လာကြသည်။

ဤအခင်း အကျင်းတွင် လင်းယွန်၏ မျက်ဝန်းများ ကျဉ်းမြောင်း သွားကာ၊ မဆိုင်း မတွဘဲ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်ပြီး၊

" လရောင် လရေစင် ဓား — တိမ်မြူ ကင်းသော လမင်း။ "

တစ်ချိန် တည်းမှာပင် သူ့ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ ပွင့်လာ၏။ ထို့နောက်တွင် လေထုထဲရှိ ကြီးမားသော လက်ဖဝါး ကြီးနှင့် ထိပ်တိုက် တွေ့ဆုံသော အခါတွင်၊ ခရမ်းရောင် လမင်းကြီး တစ်စင်း ထွက်ပေါ်လာ လေသည်။

ထိုတွေ့ဆုံ မှုကြောင့် လေထု သည်ပင် ပုံပျက် လာပြီး၊ ခရမ်းရောင် လမင်းကြီး ကွဲအက် ပြိုကျ သွား၏။

လင်းယွန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲ သွားပြီး၊ ဆက်လက် တိုးဝင် လာသော လက်ဖဝါးကို ခုခံရန်၊ ပန်းသင်္ချိုင်း ဓားအား၊ သူ့ရှေ့ ကန်လန့် ကာကွယ် လိုက်ရသည်။

လမင်းမှာ လက်ဖဝါး အောက်တွင် ကြေမွှ သွားခဲ့ပြီး၊ လင်းယွန် ကိုလည်း စင်မြင့် ထောင့်သို့ တွန်းပို့ ခံခဲ့ ရ၏။

တွန်းထုတ် ခံရ ခြင်းနှင့် အတူ၊ သူ့ မျက်နှာ တစ်ပြင်လုံး ကြောက်စရာ ကောင်းလောက် အောင်၊ သွေးဆုတ် ဖြူဖျော့ သွားသည်။

" အရမ်း အားနည်း လွန်းတယ်၊ ငါ့ရဲ့ စွမ်းအား သုံးဆယ် ရာခိုင်နှုန်း ကိုတောင်၊ ... မင်း ရင်မဆိုင် နိုင်ဘူး။ ''

ချင်ယုက လင်းယွန်ကို ပြုံးပြုံးကြီး ကြည့်လိုက်သည်။ တစ်ချိန် တည်းမှာပင် သူ့ စကားကြောင့်၊ လူတိုင်း အံ့အား သင့်သွား ကြ၏။

ဤအခြေ အနေသို့ တွန်းပို့ရန် အတွက်၊ အင်အား သုံးဆယ် ရာခိုင် နှုန်းသာ အသုံးပြု သည်ဟု ဆိုနေ ခြင်းမှာ၊ အဘယ်မျှ ကြောက်စရာ ကောင်းမည်ကို၊ ပြသရာ ရောက်ပေသည်။

တစ်ဖက်တွင် ချင်ယုမှာ၊ သူ ထင်ထား သည်ထက် ပိုကြောက် စရာ ကောင်းသောကြောင့်၊ လင်းယွန်က လေးနက်သော အမူ အရာကို ပြသ လာခဲ့သည်။

သူကိုယ်တိုင် ခွန်အား အကုန် အစင်ကို အသုံး မပြု ထားသော်လည်း၊ ခရမ်းရောင် ပန်းမှာ အားနည်း သွားသည်မှာ သေချာသည်။

ထို့ပြင် ချင်ယုသည် မြေကြီး အဆင့် ကျင့်ကြံမှု နည်းစနစ်ကို ကျင့်ကြံ ထားပေသည်။

“ ထပ်ကြိုးစား ကြည့်ပါဦး၊ ဒီ တစ်ခါတော့ ငါခွန်အား ဘယ်လောက် အထိ၊ သုံးမလဲ ခန့်မှန်း ကြည့်လိုက်။ ''

ချင်ယုက ပြုံးကာ ဆိုလိုက်သည်။ လင်းယွန်ကို ဖြည်းညှင်းစွာ နှိပ်စက်ခြင်း အပေါ်၊ သူ နှစ်သက်သည်။ တစ်ချိန် တည်းမှာပင် နောက်ထပ် လက်ဖဝါးကြီး တစ်ဖက်ကို ထုတ်လွှတ် လိုက်၏။

ယခု တစ်ကြိမ်တွင် လက်ဖဝါး၌ ပါရှိသော စွမ်းအားမှာ၊ ပို၍ ကြောက်စရာ ကောင်းပေသည်။

ပြင်းရှသော အပူ လှိုင်းများ ပျံနှံ့ လာပြီး၊ လေထု အတွင်း အပူ ချိန်များ မြင့်တက်လာ၏။ လက်ဖဝါး အောက်ရှိ အရာ အားလုံး ရပ်တန့် သွားသလို ခံစား လိုက်ရသည်။

လင်းယွန်က လေးနက်သော အသွင်ဖြင့်၊ ဝင်လာသော အပူ လှိုင်းကို ရင်ဆိုင်ရန်၊ ပန်းသင်္ချိုင်း ဓားထံ မူလ စွမ်းအင်များ၊ ပို့လွှတ် လိုက်လေသည်။

စူးရှ တောက်ပသော အလင်း ရောင်များ ထွက်ပေါ် လာပြီး၊ စကြာဝဠာ အဆင့်သို့ ရောက်လု နီးနီး၊ ဓား တစ်လက် အဖြစ် ပြသလာ ခဲ့သည်။

'' အနန္တ နှင်းလွင်ပြင် ....။ ''

လရောင် ရေစင် ဓား၏ အနှစ် သာရ ဖြစ်သော၊ အငွေ့ အသက်များ ပေါက်ကွဲ လာကာ၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ သွားသည်။

ထို့ကြောင့် စွမ်းအားမှာ လူတိုင်း မျှော်မှန်း ချက်ထက် ကျော်လွန် နေ၏။ မိုင်ပေါင်း များစွာ အတွင်း၊ အရာ အားလုံးကို အေးခဲသွား စေနိုင်သော ဓားတစ်လက် ပေပင်။

နှင်းခဲ အလွှာများ လျင်မြန်စွာ ဖြစ်ပေါ် ဖုံးလွှမ်း သွားပြီး၊ ချင်ယု၏ လက်ဖဝါး သာမက၊ လေထု ကိုပင် အေးခဲ ပစ်လိုက်၏။

'' အောင် မြင် သွား လား ...။ ''

လူတိုင်းက မျက်ခုံး ပင့်ကာ၊ စိတ်လှုပ်ရှား လာကြသည်။ သို့သော် သူတို့ မျက်နှာတွင် ရွှင်မြူး သွားခြင်း မရှိ ကြချေ။

နှင်းခဲ လွှာများ တစ်ကြိမ် ထပ်မံ ကွဲအက် သွားပြီး၊ တောက်လောင် နေသော လက်ဖဝါးက၊ လင်းယွန်ကို ထိမှန် သွားခဲ့သည်။

လက်ဖဝါး ထိမှန် သည်နှင့် တပြိုင်နက်၊ လင်းယွန်မှာ သွေးများ အန်လျက်၊ လွင့်စင် သွားတော့သည်။

နဂါ တံခါး ပြိုင်ပွဲ တစ်လျှောက် ဤမျှ နိမ့်ကျသော အနေ အထား မျိုးဖြင့်၊ အလူး အလဲ မကြုံ ခဲ့ရ ဖူးပေ။

" ကြည့်ရတာ ... မင်းက ငါနဲ့ တိုက်ဖို့ အရည် အချင်း ရှိပုံ မရဘူး။ ''

ချင်ယုက ပေါ့ပေါ့ ပါးပါးပင် ဆိုသည်။ ပြီးနောက် အထင် သေးစွာဖြင့်၊ လင်းယွန်ကို ငုံ့ကြည့် လိုက်ပြီး၊ သူ့ကိုယ်သူ ပြောဟန်ဖြင့် ညည်းတွား လိုက်၏။

" အမှန်တော့ မင်းက ဓားကျွန် တစ်ယောက် ပဲလေ၊ ကစား ပွဲတွေကို လှည့်နိုင် လိမ့်မယ်လို့၊ တွေးနေ မိတာက ... 'နုံအ' လွန်းပါတယ်၊ ဒီတစ်ခါတော့ ငါ့ရဲ့ ခွန်အား (70%)ကို သုံးပြီး၊ ငါ့မင်္ဂလာ ဆောင်မှာ မင်းပေး ခဲ့တဲ့၊ အရှက် တရား တွေကို ပြန်ပေး ရမယ်။ "

စကားဆုံး သည်နှင့် လင်းယွန် အပေါ်သို့၊ တတိယ လက်ဖဝါးကို ရိုက်ချ လိုက်သည်။ ဤလက် ဖဝါးမှာ ကောင်းကင်မှ ကျဆင်း လာသော၊ မီးတောင်ကြီး တစ်လုံး ကဲ့သို့ ပူပြင်း လောင်မြိုက် နေ၏။

စင်မြင့် တစ်ခုလုံး၊ ၎င်း၏ ဖိအားကြောင့် တုန်ယင် သွားသည်။ ဤအကြိမ် လက်ဖဝါးမှာ၊ ယခင် လက်ဖဝါး နှစ်ချက်ထက်၊ ပို၍ ကြောက်စရာ ကောင်းသည်ကို၊ လူတိုင်း ပြောနိုင်သည်။

ထို့ကြောင့် ကျဆင်း လာသော လက် ဖဝါးကို ကြည့်ကာ၊ ကျောရိုးများ တုန်ယင် အေးစက် လာကုန် ကြသည်။

အဆိုပါ လှုပ်ရှား မှုသည်၊ ခရမ်းရောင် နန်းတော် အမည်ခံ၊ လမ်းလွှဲ သိုင်းသမား ဆယ်ဦးကို သတ်ပစ်ရန်၊ လုံလောက် ပေ၏။

ဝင်လာသော တိုက်ခိုက် မှုကို ကြည့်ပြီး၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ပြိုင်ဘက်၏ စွမ်းအား (70%)ကပင်၊ ကြောက်စရာ ကောင်းနေ၏။

ဆိုလို သည်မှာ ယခင် တိုက်ခိုက် မှုတွင်၊ ချင်ယုက သူ့ ခွန်အား၏၊ (50%) မျှသာ အသုံးပြု ခဲ့ခြင်း ဖြစ်သည်။

" ငါတို့ရဲ့ အမုန်း တွေကို ဒီလို လွယ်လွယ်နဲ့၊ ဘယ်လိုလုပ် ဖြေရှင်း နိုင်မှာလဲ။ "

လင်းယွန်၏ မျက်လုံး များတွင်၊ အဆုံး မရှိ သတ်ဖြတ် လိုသော ရောင်ဝါ များဖြင့် တောက်ပ လာလေသည်။

သတ်ပစ် လိုသော အရိပ် အယောင် များကြောင့်၊ လင်းယွန်မှာ ငရဲမှ မကောင်း ဆိုးရွား တစ်ကောင်လို၊ ကြောက်စရာ ကောင်းနေ ပေ၏။

ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်စဉ်၊ လေထု ထဲ၌ ခရမ်းရောင် ပန်း တစ်ပွင့်၊ ဖြည်းညှင်းစွာ ဖြစ်ပေါ် လာ၏။

'' လရောင် ရေစင် ဓား—ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွဲမယ်။ ''

နဝမ အဆင့်သို့ ရောက်ရှိ သွားသော ဓားသုတ္တန် အနေဖြင့်၊ သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက် မှုကို၊ ထုတ်ပြ လာခဲ့သည်။

ဤဓားကို ဘိုင်လိရွှမ်အား အနိုင် ယူရန်၊အသုံးပြု ထားခဲ့ ဖူးသည် ဖြစ်ရာ၊ နောက်တစ်ကြိမ် ထပ်ပေါ် လာ ချိန်တွင်၊ ချင်ယုက အံ့သြသွား မိသည်။

သို့သော် မကြာခင် မှာပင်၊ သူ့ မျက်နှာ တစ်ပြင်လုံး မည်းမှောင် လာပြီး၊

“ မိုးကြိုး ဖမ်းယူ ခြင်းကို မင်း အနိုင်ယူ နိုင်တယ် ဆိုတာ အံ့သြ စရာ မရှိ ပါဘူး၊ ဒါက တကယ်ကို ကြောက်စရာ ကောင်းတာပဲ၊ ဒါပေမယ့် မင်းငါ့ဆီ ပြေးလာ မိတဲ့ အတွက်၊ စိတ်မကောင်း ပါဘူး၊ ငါတို့ ကြားက ခြားနားချက်က၊ မင်းရဲ့ ဓားရေးနဲ့ ကျော်လွှား သွားနိုင်တဲ့ အရာ၊ မဟုတ်တာ သေချာ ပါတယ်၊ သေ စမ်း .... ။ "

ကြယ်တံခွန် ကြွေကျ လာ သကဲ့သို့ စင်မြင့်ပေါ်ပြုတ်ကျ လာသည့် အဟုန်ကြောင့်၊ နောက်ကွယ်ရှိ ခရမ်းရောင် ပန်း ကွဲအက် သွားသော၊ လင်းယွန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

" ငါ ရခဲ့တဲ့ အရှက် တရားတွေ အတွက် ...၊ မင်း ပြန်ဆပ် ရမယ်လို့ ငါ ပြောခဲ့တယ်၊ မဟုတ်လား။ "

ချင်ယု၏ မျက်လုံးများ အေးစက်စွာ တောက်ပ လာပြီး၊ သူ့ လက်ဖဝါးဖြင့် လင်းယွန်ထံ၊ ရက်ရက် စက်စက် ဖိနှိပ် ပစ်လိုက် လေသည်။

တမဟုတ် ချင်းမှာပင်၊ စင်မြင့် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ် သွားပြီး၊ အပျက် အစီး များဖြင့် လင်းယွန်အား မြုပ်နှံ ပစ်လိုက် တော့၏။

***

All Chapters