နတ်ဆိုး အပြုံး၊ လောက ပါလ ဓား။
Vol. 34 Ch. 466
“ ဒါက ချင်ယုရဲ့ စစ်မှန်တဲ့ စွမ်းအားလား၊ သူက လင်းယွန်ကို လက်ဝါး သုံးချက် ထဲနဲ့ လုံးလုံး လျားလျား နှိပ်ကွပ်ပြီး၊ ပွဲကို အဆုံးသတ် လိုက် တာပဲ…။ ”
“ အတိ အကျတော့ မဟုတ် ပါဘူး၊ ဘာလို့လဲ ဆိုတော့ လင်းယွန်က ယခင် တိုက်ပွဲ သုံးပွဲ တိတိ နွှဲခဲ့ ရတော့၊ ခွန်အားတွေ ကုန်ဆုံး သွားတာ ကြောင့်လည်း ပါတယ်၊ ဒါကလည်း ငရဲလမ်းကို စိန်ခေါ် ရာမှာ ဘယ်သူမှ မအောင် မြင်ခဲ့ ရတဲ့ အကြောင်းရင်း တစ်ရပ်ပဲ။ ”
“ မှန်တယ်၊ ငါလည်း မင်းနဲ့ တူညီတဲ့ အမြင် ရှိတယ်။ ”
“ဟုတ်တယ်၊ စီရွှယ်ယီကို လင်းယွန်က အလွယ် တကူ အနိုင် ယူနိုင် ပေမဲ့၊ စစ်မှန်သော တိမ်တိုက် ကလေးထံ ရောက်တဲ့ အခါ၊ အချိန် အတော် ကြာခဲ့ ရတယ်။ ”
“ ချင်ယုက မာန ကြီးပုံ ရတယ်၊ ဒါပေမယ့် လိမ္မာ ပါးနပ် လွန်းပြီး၊ လင်းယွန်ကို စမ်းသပ်ဖို့ ပထမဆုံး လက်ဝါး နှစ်ချက်ကို အသုံးပြု ခဲ့တယ်၊ လင်းယွန်မှာ ခွန်အားတွေ ကျန်နေ မှန်းလည်း သိရော၊ နောက်ဆုံး လက်ဖဝါးကို အားကုန် ထုတ်ရိုက် ပစ်လိုက် တော့တာပဲ၊ ဒါက အားလုံးရဲ့ အမြင်မှာ လင်းယွန်က သူ့ကို အနိုင် ယူနိုင်စွမ်း မရှိ ဖူးလို့ ထင်လာ စေတယ်။ ”
" မှန်တယ်၊ လင်းယွန်သာ သူရဲ့ အထွတ် အထိပ် အခြေ နဲ့ဆို၊ ဒီတိုက် ပွဲရဲ့ ရလဒ်က အဖြူ အမည်း သဲကွဲမှာ မဟုတ်ဘူး။ ”
ချင်ယုမှာ ကြောက်စရာ ကောင်းလောက်အောင် အားကောင်း သော်လည်း၊ လင်းယွန်က ပြိုင်ဘက် တိုင်းကို အနိုင် ယူပြကာ၊ မပျော့ ညံ့ကြောင်း ပြသ လာသည်။ ပြိုင်ပွဲ ချိန်ကို နောက်ကျ သည့်အတွက် သူ၏ ဆိုးလွန်းသော ကံကိုသာ၊ သနား စိတ်ဖြင့် သက်ပြင်း ချလိုက် မိကြ၏။
မည်သူ ကမှ ရောက်ရှိ လာရန် မျှော်လင့် ထားခြင်း မရှိ သော်လည်း၊ ထိပ်ဆုံး ရှစ်ယောက် အထိ တက်လှမ်း ပြကာ၊ သူ့ ပုံရိပ်ကို လူတိုင်း၏ နှလုံးသား ထဲတွင် စွဲထင် လာစေသည်။
ဆိုလို သည်မှာ ချင်ယုကို လူတိုင်း ထိတ်လန့်ကြ သကဲ့သို့၊ လင်းယွန် အပေါ် တွင်လည်း လေးစားမှု အပြည့် ရှိပေသည်။
စင်မြင့်ပေါ်ရှိ ငြိမ်သက် နေသော အပျက်အစီး ပုံကြီးကို ကြည့်ကာ၊ ချင်ယု အထင် သေးစွာဖြင့်၊ ခေါင်းရမ်း လိုက်၏။
“ ဓါးကျွန် ကောင်လေး ..၊ မင်းက ချန်ပီယံ ဆု အတွက်၊ ငါနဲ့ ယှဉ်ချင် နေတာလား ….. ၊ ဘယ်လောက်တောင် ရူးသွပ် လိုက်လဲ၊ ဒိုင် အဖိုးကြီး ရလဒ်ကို မင်း … ကြေငြာလို့ ရပြီလို့ ငါထင်တယ်။ ”
ချင်ယုက တုန်လှုပ် ချောက်ချား နေသော ဒိုင် အဖိုးအိုကို ပြုံးကြည့်ကာ၊ ဆိုလိုက်သည်။ ဒိုင် အဖိုးအိုက ပြိုင်ပွဲကို ချင့်ချိန် ဆုံးဖြတ် ပြီးနောက်၊ စင်မြင့် ပေါ်သို့ ပျံသန်း ဆင်းသက် လိုက်၏။
“ စည်းမျဉ်း တွေ အရဆို မင်းနိုင် ပါပြီ။ ”
“ ဒါဆို မင်း ဘာလုပ် မှာလဲ။ ”
လူတိုင်းက ထိတ်လန့် တုန်လှုပ် နေဆဲ မှာပင်၊ ချင်ယုက အောင်ပွဲ ခံရန်၊ ဒိုင် အဖိုးအိုကို သတိပေး လိုက်သည်။ ယနေ့ ပြီးနောက် သူ၏ အမည်မှာ၊ အင်ပါယာကို ကျော်လွန် သွားပေ တော့မည်။ တစ်ချိန် ထဲမှာပင် ချင်ယုက ဓားနန်းတော်ထံ၊ လှည့်ကြည့်ကာ ပြုံးလိုက် လေသည်။
“ မောင်လေး .....။ ”
ရှင်းယန်က နှလုံး သားများ ကွဲအက်လာ သကဲ့သို့၊ ခံစား လိုက် ရသောကြောင့်၊ အံကြိတ် ထားမိ၏။ အကြီးအကဲ လျိုဖန်း သည်သာ ဆွဲထားချင်း မရှိ ပါက၊ စင်ပေါ် ပြေးတက် သွားမိမည် ဖြစ်သည်။
“ ပြိုင်ပွဲရဲ့နောက်ဆုံး အနိုင်ရ သူက ပျံသန်း ……”
ရုတ်တရက် ဒိုင် အဖိုးအို၏ အသံမှာ တုန့်ဆိုင်း သွားသည်။ ချင်ယု၏ အပြုံး သည်လည်း အေးခဲ သွား၏။ တစ်ချိန်တည်း မှာပင် ကောင်းကင် သို့တိုင် ထိုးတက် သွားသော အလင်း တိုင်ကြီး ထွက်ပေါ် လာသည်။ ယင်းမှာ အဆုံးသတ် မဟုတ် ခဲ့ပေ။
“ ဘာတွေ ဖြစ်နေ တာလဲ၊ … ”
အပျက် အစီးပုံ အတွင်းမှ စူးရှ တောက်ပသော အလင်း တိုင်ကြီး သုံးတိုင် တိတိ ထွက်ပေါ် လာကာ၊ ၎င်း အတွင်းရှိ၊ သိပ်သည်း နေသော အသက် ဓါတ်ကြောင့်၊ လူတိုင်း ထိတ်လန့် သွားကုန်၏။
“ ဒါ ဘာကြီးလဲ ….. ။ ”
“ စွမ်းအင် အဆီ အနှစ်လို့ ခေါ်တယ်။ ”
“ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ စွမ်းအင် အနှစ် သာရ တွေပဲ။ ”
ခရမ်းရောင် နန်းတော် နယ်ပယ် ကျင့်ကြံသူ များက အံ့ဩကုန် ကြသည်။ ၎င်း၏ မူလကို သူတို့က နားလည် ထား၏။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ……။ ”
အထူး သဖြင့် ဝမ်ရန်းဘို၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ စွမ်းအင် အဆီ အနှစ် များမှာ၊ သူ့ထက် များစွာ အားကောင်း နေသောကြောင့်၊ မည်မျှ အဖိုးတန် သည်ကို တွေးကြည့် နိုင်သည်။
ယင်းကို သန့်စင် ခြင်းဖြင့် ‘ကောင်းကင်ဘုံ ဝိညာဉ်’ နယ်ပယ်ကို ဝင်ရောက်ရန် အခွင့် အလမ်း များလာ ပေမည်။ စွမ်းအင် တစ်စက်သည် ဆယ်နှစ် သက်တမ်းကို ကိုယ်စား ပြုနိုင်၏။
ထို့ကြောင့် အလင်းတိုင် သုံးတိုင်မှာ နှစ်သုံးဆယ် ဖြစ်ပေသည်။ အလင်းတိုင် သုံးတိုင် ပေါင်းစပ် သွား ပြီးနောက်၊ ရင်းနှီးသော ဓား ရည်ရွယ် ချက်များ မြည်ဟီး လာပေသည်။
“ လင်းယွန် …… ”
“ သူ … မရှုံး သေးဘူး။ ”
“ သေ စမ်း ငါ့ မျက်ရည်တွေ ဖြုန်းတီး နေတာပဲ။ ”
“ သေစမ်း ငါ့ မျက်ရည်တွေကို တကယ် ဖြုန်းတီးမိတာပဲ။ ”
“ ငရဲလမ်းက မဆုံး သေးဘူး၊ မျှော်လင့် ချက်ရှိ သေးတယ်။ ”
နဂါး တံခါး ရင်ပြင် တစ်ခုလုံး ပွက်ပွက် ဆူလာပြီး၊ ခံစားချက် အပြည့်ဖြင့် အော်ဟစ် လိုက်ကြသည်။
ရုတ်တရက် အပျက် အစီး ပုံကြီး ပေါက်ကွဲ ထွက်လာပြီး၊ လူရိပ် တစ်ရိပ် ကောင်းကင်ပေါ် ပြေးထွက် သွား၏။
ချက်ချင်းပင် စင်မြင့် တစ်နေ ရာထံ၊ ပြန်လည် ဆင်းသက် လိုက်ပြီးနောက်၊ ‘ဟွန့်’ ခနဲ လှောင်သံ ပြုလိုက် လေသည်။ ထိုလူရိပ်မှာ လင်းယွန် ဖြစ်၏။
“ ငါဆီက မင်းကို မတုန့် ပြန်တာ နဲ့ပဲ၊ ငါ ရှုံးပြီလို့ မင်းဘာကြောင့် ပြောဝံ့ တာလဲ။ ”
လင်းယွန်က လှောင်ပြောင် ဟန်ဖြင့်၊ ဆိုလိုက်သည်။ သူ့ အပြုံးတွင် ယုံကြည် ချက်များ တောက်ပ နေပေ၏။
စွမ်းအင် အရင်း အမြစ်ကို သန့်စင် လိုက်ခြင်းဖြင့်၊ ဒဏ်ရာများ ပြန်လည် သက်သာ လာသည် သာမက၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ သို့ပင်၊ တက်လှမ်း လာနိုင် ခဲ့သည်။
“ မင်း သေချင် နေတာပဲ။ ”
မထီမဲ့ မြင် နိုင်သော စကား သံများကြောင့်၊ ချင်ယု မျက်နှာမှာ တင်းမာ သွားသည်။
“ မင်းကို စိတ်ပျက် စေမိတဲ့ အတွက် တောင်းပန်ပါတယ်။ ”
လင်းယွန် ပြုံးစိစိဖြင့် ထပ်ဆို လိုက်သည်။ အစော ပိုင်း အချိန်က ငြိမ်သက် နေခဲ့ ခြင်းမှာ၊ တံဆိပ် များကို သန့်စင် နေခြင်း ကြောင့်၊ ဖြစ်လေသည်။
“ ဟမ့် … မင်းက ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေကို ရောက်တော့ရော ဘာဖြစ်လဲ၊ ငါက မင်းအရင် လွန်ခဲ့တဲ့ နှစ်နှစ် ထဲက ရောက်ရှိ ထားပြီး သားပါ၊ မင်းရဲ့ အုတ်မြစ်က ငါ့ကို ယှဉ်နိုင်မယ် ထင်လား၊ ငရဲက ထွက်လာ နိုင်ရင်တောင် … မင်းမလဲ မချင်း ငါ ထပ်ရိုက်မယ်၊ ဒီ တစ်ကြိမ်တော့ အခွင့် အရေး ထပ်ရမယ် မထင်နဲ့။ ”
ချင်ယုက ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါကို ထုတ်ဖော် လိုက်ပြီး၊ ‘နက်နဲသော ယန်’ ကို ဖြန့်ကျက် လိုက်ရာ၊ နေမင်းကြီး တစ်စင်း ကဲ့သို့၊ တောင်ပ လာလေသည်။
ထို မြင်ကွင်းကြောင့်၊ လင်းယွန်၏ မျက်နှာမှာ၊ အနည်းငယ် ပြောင်းလဲ သွားသည်။ တံဆိပ် သုံးခုကို သန့်စင် ခြင်းဖြင့်၊ ကာကွယ်သူ မက်မွန် အပေါ် အကြွေးတင် သလို ခံစား လာရ စေသည်။
၎င်းတို့ကို သန့်စင် ခြင်းမှာ ကာကွယ်သူ မက်မွန်၏ သက်တမ်းကို သန့်စင် ခြင်းနှင့် တူ၏။ ထို့ကြောင့် မသန့်စင် လိုပေ။
သို့သော် နီရဲ နေသော မျက်ဝန်း များဖြင့်၊ စိုးရိမ် တကြီး ရုန်းကန် နေသည့် ရှင်းယန်အား လှည့်ကြည့် မိသည်။ သူမ ဘေးတွင် လီဝူယုက မျက်ရည်များ စီးကျ နေ၏။
အကြီးအကဲ လျိုဖန်း ပင်လျှင်၊ မျက်ရည်များ ထိန်းမထား နိုင်ခဲ့ချေ၊ နဂါးသွေး မြင်းမှာမူ လျှောက်လမ်း အလည်၌ သူ့အား စောင့်မျှော် နေခဲ့သည်။ ထိုအရာများ အားလုံးကို ရှင်းဂျူက၊ စောင့်ကြည့် နေမည်ဟု သူ ယုံကြည်သည်။
ဆိုလို သည်မှာ သူတစ်ယောက်ထဲ မဟုတ်ပေ။ ဤလောက ကြီး၌ အဖော်မဲ့ နေသူ မဟုတ် သဖြင့်၊ ငရဲရောက်လျှင်ပင် ရှင်သန်ရန်လို ပေမည်။
ချင်ယု၏ အရှိန်အဝါများ ဖိနှိပ်လာ ချိန်တွင်၊ သူ့ခန္ဓာ ကိုယ်မှ ထက်ရှသော ဓားရည်ရွယ်ချက်များ ပေါက်ကွဲ လာပြီး၊ သင်္ချိုင်းဓားက လက်ထဲ ပျံသန်း ဝင်ရောက်လာ တော့သည်။
အရှိန်အဝါများ အထွတ် အထိပ် ရောက်ရှိ လာသည်နှင့်၊ လူတိုင်းမြင်ကွင်း အတွင်းမှ နစ်ယောက်သား ပျောက်ကွယ် သွားလေသည်။
ပြီးနောက် စင်မြင့် အထက် လေထုထဲတွင် ပြန်လည် ထွက်ပေါ် လာကာ၊ ရင်ဆိုင် တိုက်ခိုက် လိုက်ကြ၏။
လင်းယွန် ပန်း သင်္ချိုင်း ဓားကို ဆုပ်ကိုင်လျှက်၊ ချင်ယု၏ လက်ဖဝါးအား နှစ်ခြမ်း ခွဲပစ် လိုက်လေသည်။
“ သေ ….။ ”
ချင်ယုက ဟိန်းဟောက်လိုက်ပြီး၊ သူ့လက် ဖဝါးကို ဓား အဖြစ် ပြောင်းလဲ ပြစ်လိုက်၏။ မျက်စိ တမှိတ် အတွင်း မှာပင်၊ လက်ဖဝါး ကိုးချက်က ဓားကိုးလက် အဖြစ်သို့ ပြောင်းလဲ တိုးဝင် သွားသည်။
သို့သော် လင်းယွန်မျက်နှာက အနည်းငယ်သာ ပြောင်းလဲ သွားပြီး၊ အဆိုပါ ဓား ကိုးလက်ကို ဖြေရှင်းရန်၊ ဓားတစ်ချက်သာ ခုတ်ပိုင်း ပစ်လိုက် လေသည်။
“ လေးနက်သော ယန် လက်ဝါး။ ”
ဓား ကိုးလက်မှာ လေထဲ၌ ပွက်ပွက် ဆူနေသော ဆေးအိုးကြီး တစ်လုံး အဖြစ်၊ ပေါင်းစပ် သွားပြီးနောက်၊ အရာ အားလုံးကို ဝါးမြို ပစ်တော့မည် ကဲ့သို့ မြည်သံ ပြုလာ၏။
ယင်းကို တွေ့မြင် လိုက်သော လင်းယွန်၏ မျက်ဝန်း များက၊ မှေးစင်း သွားကာ၊ ဆေးအိုး ကြီးအား ပိတ်ဆို့ရန် ပန်း သင်္ချိုင်း ဓားဖြင့် ခုတ်ပိုင်း ပစ်လိုက်၏။
တစ်ချိန်ထဲ မှာပင် ခရမ်းရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာပြီး၊ လင်းယွန်အား ဖုံးအုပ် သွားတော့သည်။
“ အာရုဏ်ဦး အလင်း ....။ ”
အဆိုပါ အချင်း ရာအား တွေ့မြင် လိုက်ရသော၊ ချင်ယု မျက်ဝန်း များတွင် အေးစက်သော အလင်းများ တောက်ပ လာပြီး၊ နောက်ထပ် လက်ဖဝါး ရိုက်ချက်များ ထပ်မံ ထုတ်ဖော် လိုက်၏။
အာရုဏ်ဦး အလင်းရောင် ကဲ့သို့ လျင်မြန်စွာ ကျဆင်း လာသော လက်ဖဝါးကြီးက ကောင်းကင် တစ်ခုလုံး ပိတ်ဆို့နေ ပေသည်။ သို့သော် လင်းယွန် ဓားမှာ ပိုမြန်၏။
အနန္တ နှင်း လွင်ပြင်ကြောင့် လေထုမှာ အေးခဲ လာပြီး၊ ဓား တစ်စင်းသာ အသက်ဝင် နေပေသည်။ ဝင်လာသော လက်ဖဝါး ထံမှ ဖိအားမှာ၊ ဓားဖြင့် ထိခတ် သွားပြီး၊ ပန်း သင်္ချိုင်း ဓားအား အနည်းငယ် တုန်ခါ သွားစေ၏။
“ နေမင်းဖြင့် လောင်ကျွမ်း ပြာချခြင်း။ ”
ချင်ယုက အံကြိတ်ကာ၊ လက်ဖဝါး များဖြင့် ထပ်မံ ရိုက်ချ လာ ပြန်သည်။ သို့သော် …။
“ လရောင် အလင်း ပြန်ခြင်း။ ”
ပန်း သင်္ချိုင်း ဓားမှာ မှန်တစ်ချက် ကဲ့သို့၊ တောက်ပ လာ၏။ ချင်ယု လက်ဝါးမှာ ထိုမှန်ဖြင့် ထိမှန်၊ ပျောက်ကွယ် သွားလေသည်။
ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်း ပျံ့နှံ လာ သောကြောင့်၊ နှစ်ဦးသား စင်မြင့် ပေါ်သို့ ဆင်းသက်ကာ၊ နောက်ပြန် ဆုတ်လိုက် ရသည်။
“ ငါ့ အလှည့် လာပြီ။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။
“ ဘာလဲ … ငါက မင်းကို ကြောက်နေမယ် ထင်လား။ ”
“ မင်းလန့် သွားမှာ ဆိုးလို့ သတိ ပေးတာပါ။ ”
စကား ဆုံးသည်နှင့်၊ ပန်း သင်္ချိုင်း ဓား ထံမှ စိတ်လှုပ် ရှား နေသော အသံများ မြည်ဟီး လာလေသည်။ ဓား မြည်သံ များက ဗျက်စောင်း သံများ ကဲ့သို့၊ တိုး၍ ကျယ်လောင် လာ၏။
တစ်ချိန် ထဲမှာပင် ဓားရိပ်ကြီး တစ်ရိပ်၊ ကောင်းကင်မှ ကျဆင်း လာပြီး၊ တုန့်ပြန်ချိန် မရခင်၊ သူ့ လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံးကို ဖြတ်တောက် ပစ်လိုက်ကာ၊ ချင်ယုအား ထိမှန် သွားလေသည်။
စင်မြင့် တစ်ခုလုံး နှစ်ခြမ်း ကွဲတော့ မည် ကဲ့သို့ တုန်ယင် သွားပြီး၊ ချင်ယုအား သွေးအန် လာစေ၏။
“ ပျံသန်း နေသော ငှက်မွှေး၊ … ငါ့ ခွန်အားကို ဘယ်လောက် သုံးထားလဲ ဆိုတာ၊ မင်း … ဘာလို့ မခန့်မှန်း ရတာလဲ။ ”
လင်းယွန်က ငရဲက မကောင်း ဆိုးရွား တစ်ကောင်လို၊ ပြုံးရယ် ပြလာ ချိန်တွင်၊ သူ့ ဓားမှာ ထာဝရ တည်မြဲ နေသော ‘လောက ပါလ’ တရား နှင့် တူလာ ပေ၏။
“ ရှန်ရှင်း ဓားရည်ရွယ်ချက် … ။ ”
ချင်ယု မျက်ဝန်း များတွင် မယုံကြည် နိုင်သော အရိပ် အယောင် များဖြင့်၊ ထိတ်လန့် တကြား အော်ဟစ် လိုက်လေသည်။
***