ငါမှ တပါး။
Vol. 34 Ch. 467
'' ရှန်ရှင်း ဓား ရည်ရွယ်ချက်။ "
" ဒါက တကယ် ပဲလား။ "
" ဘယ်သူ သိနိုင် မလဲ၊ ဒါပေမယ့် ဒီဓားရည်ရွယ် ချက်က ကြောက်စရာ ကောင်းတယ်၊ ဒီလို ကြောက်စရာ ကောင်းတဲ့ ဓား ရည်ရွယ် ချက်ကို၊ တစ်သက်မှာ တစ်ခါတောင် မတွေ့ ဖူး သေးဘူး။ ”
'' အရမ်း ကြောက်စရာ ကောင်းတယ်၊ ဒါပေမယ့် ဒါက ရှန်ရှင်း ဓား ရည်ရွယ် ချက်သာ ဖြစ်ရင်၊ နည်းနည်းတော့ လွန်တယ် မဟုတ် ဖူးလား၊ ချင် အင်ပါယာကြီး တစ်ခု လုံးမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေကို မရောက်မီ၊ ရှန်ရှင်း ဓားကို ဖမ်းဆုပ် နိုင်သူ တစ်ယောက်မျှမရှိ သေးဘူး။ ”
ထိုစကား များကြောင့်၊ နဂါး တံခါး ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။
လင်းယွန်က လေထဲတွင် လွင့်ပျံ နေသော ဆံပင် များနှင့် အတူ၊ စင်မြင့် ပေါ်၌ ရပ်နေ ခဲ့၏။ ထိုအချိန်တွင် သူက ချင်ယု၏ အလင်း တန်းများ အားလုံးကို ခိုးယူ သွားသူ ဖြစ်သည်။
“ မယုံ နိုင်စရာပဲ …။ ”
" လင်းယွန်က ငရဲလမ်းကို အဆုံးထိ၊ လျှောက်နိုင် တော့မယ် ထင်တယ်။ "
လင်းယွန် ပြသ လာသော ခွန်အား အရ၊ လူတိုင်းကို အံ့မခန်း ဖြစ်စေသည်။ သူ့ အပေါ် မျှော်လင့်ချက် ထားသူ၊ တစ်ယောက်မှ မရှိခဲ့ သော်လည်း၊ ငရဲလမ်းကို အဆုံးထိ လျှောက်လှမ်း လာနိုင် ခဲ့သည်။
နဂါး တံခါး ပြိုင်ပွဲ စတင် ချိန်မှ စ၍၊ မည်သူမျှ မပြီး မြောက်နိုင် ခဲ့သော အရာကို၊ ပြီးမြောက် အောင်မြင်လု နီးလာသည်။
ဤအခိုက် အတန့်တွင်၊ ရှင်းယန် အပါ အဝင် ဓားနန်းတော် တစ်ဖွဲ့လုံး ငြိမ်သက် သွားလေသည်။
သူမ မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာကာ၊ အစွမ်းကုန် ပွင့်လန်း လာသော နှင်းဆီ တစ်ပွင့် ကဲ့သို့၊ နီထွေး လာပေ၏။
လျိုဖန်း ပင်လျှင် စိတ် လှုပ်ရှား မှုကြောင့်၊ သူ့ပါး ပြင်ပေါ် မျက်ရည်များ စီးကျ လာသည်။
ယင်းမှာ စစ်မှန်သော ရှန်ရှင်း ဓား ရည်ရွယ်ချက် မဟုတ် သော်လည်း၊ လက်ရှိ အခြေ အနေ၌၊ လင်းယွန်ကို ချင်ယု တစ်ယောက် တားဆီး နိုင်မည့်၊ နည်းလမ်း မရှိ တော့ပေ။
ချင်ယု၏ ထိတ်လန့်မှုနှင့် ယှဉ်လျှင် လူအုပ် ကြီး၏ ထိတ်လန့် မှုမှာ ပိုပေ တော့သည်။ လင်းယွန် ထံမှ ကြောက်မက်ဖွယ် ကောင်းသော ဓား ရောင်ဝါကို၊ ခံစား လိုက်ရ သဖြင့် အံသြ ကုန်ကြသည်။
" မ ... မဖြစ် နိုင်တာ၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ ဘယ်လိုလုပ် နားလည် နိုင်မှာလဲ။ "
" ရှန်ရှင်း ဓားရည်ရွယ် ချက်လား၊ မဟုတ် ပါဘူး၊ ဒါက ရှန်ရှင်း ဓား ရည်ရွယ်ချက် မဟုတ်ပေမယ့် ရောက်လု နီးနီး ပါပဲ။ ”
လင်းယွန်၏ မျက်ဝန် များတွင်၊ အဆုံး မရှိသော ဓား တစ်လက် တည်ရှိ နေကဲ့း ကောင်းကင်သို့ ပျံတက် သွားပြီး၊ ဓားများ အားလုံးကို မြည်သံ ပြုလာ စေ၏။
" အိုး ... ၊ ငါ့ဓားကို မထိန်းနိုင် တော့ဘူး။ "
“ ဒီဓား ရည်ရွယ် ချက်က၊ ပြင်းထန် လွန်းတယ်…။ ”
ဓားသမား များမှာ၊ သူတို့၏ လက်နက် များကိုထိန်ချုပ် နိုင်စွမ်းများ မရှိ တော့ဘဲ၊ ဓားအိမ် များမှ ရုန်းထွက် လာလေသည်။
" ဒီဓားက အစ်ကိုကြီး ရှင်းဂျူ ကိုယ်စား။ "
မျက်ဝန်း များဖြင့် သတ်ဖြတ် လိုသော ဆန္ဒများကို ထုတ်ဖော် ပြသ လိုက်ကာ၊ လင်းယွန်က ဆိုသည်။
ရှင်းဂျူသာ ဤနေရာတွင် ရှိနေ ခဲ့ပါက၊ ရှန်ရှင်း ဓားဖြင့် ချင်ယုကို တွန်းလှန် တိုက်ခိုက် လိမ့်မည် ဖြစ်သည်။
အကန့် အသတ်မဲ့ ဓားရောင်ခြည် တစ်စင်း၊ ပွင့်ထွက် လာပြီး၊ ကမ္ဘာ ပေါ်ရှိ အရာ အားလုံးကို ဝါးမျို လောင်ကျွမ်း ပစ်မည့်၊ နေမင်းကြီး ကဲ့သို့၊ ပြေးထွက် သွားလေသည်။
" ဘယ်တော့မှ .... ငါအရှုံး မပေးဘူး။ "
ချင်ယု ရူးသွပ်စွာဖြင့်၊ လျှာကို ကိုက်လိုက်ကာ၊ နက်နဲသော ယန် နည်းစနစ်ကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်၏။
သူ့ မျက်နှာတွင် အပူ ရှိန်များ မြင့်တက် လာပြီး၊ လေထုအား လောင်ကျွမ်း ပစ်လိုက် တော့သည်။
ကြောက်မက်ဖွယ် ကောင်းသော မူလ စွမ်းအင်များ စီးဆင်း လာပြီး၊ သူ့ခန္ဓာကိုယ် အတွင်း ပြောင်းလဲ မှုများ စတင် လာခဲ့သည်။
လင်းယွန်က ရှန်ရှင်းဓားကို ထုတ်ပြလိုက် သည်နှင့်၊ ထို့ထက် ပို၍ ရဲဝံ့ ရပေ တော့မည်။
သို့မဟုတ် ပါလျှင် ချန်ပီယံ ဆုအား ရယူ နိုင်ရန် နည်းလမ်း မရှိ တော့ကြောင်း၊ သူ သိ၏။
သူ့ ခေါင်းကို မော့ကြည့် လိုက်ကာ၊ ဓားရောင်ခြည်ကို မီးတောက် နေသော လက်ဖဝါးကြီးဖြင့်၊ ရိုက်ထုတ် ပစ်လိုက်သည်။
စွမ်းအင် တိုက်ခိုက်မှု များကြောင့်၊ စင်မြင့်တစ်ခုလုံး ချက်ခြင်း ပြိုကျ သွားသည်။ ကျောက်သား အပိုင်း အစများ တဖွဲဖွဲ ရွာကျ နေပြီး၊ တောင်ကြီး တစ်လုံးလိုစုပုံလာလေသည်။
ရွာကျ နေသော အပျက် အစီးများ ကြားတွင်၊လက်ဖဝါးများ တဖတ်ဖတ် ရိုက်ထုတ် လျက်ဖြင့်၊ ချင်ယုမှာ သွေးချင်းချင်း ရဲလာ ပေသည်။
လေးနက်သော ယန်ကို ကန့်သတ်ချက် အထိ၊ တွန်းပို့ ထား သော်လည်း၊ ရှန်ရှင်း ဓားကို ရင်ဆိုင် နိုင်ရန် နည်းလမ်း မရှိချေ။
အဆုံးတွင် ရင်ဘတ် ဆီ၌ နက်ရှိုင်းသော ဓားဒဏ်ရာကြီး ရရှိ သွားကာ၊ ၎င်းထံမှ ကြောက်စရာ ကောင်းလောက်အောင်၊ သွေးများ စိမ့်ထွက် လာခဲ့သည်။
“ သူ ရှုံး ပြီ ။ ”
ဤမြင်ကွင်းကြောင့် လူ အများက ရင်တွင်းမှ သက်ပြင်းချ လိုက်ကြသည်။ အမှား အယွင်း တစ်စုံ တစ်ရာသာ မရှိတော့ ပါက၊ ချန်ပီယံ ဆုကို လင်းယွန် ရရှိ သွားမည် ဖြစ်သည်။
နောက်ဆုံးတွင် သူတို့ ကြားက ကွာဟ ချက်များမှာ၊ အလွန် ကြီးမား ပေသည်။ ဒဏ္ဍာရီတစ်ပုဒ် မွေးဖွား ခြင်းကို သက်သေ ခံခွင့် ရခဲ့ သောကြောင့်၊ သူတို့ကိုယ် သူတို့ ဂုဏ်ယူ လာကြ၏။
“ အမှိုက် ... ''
လင်းယွန်က အော်ပြော လိုက်သည်။ သူ့ စကားက လူအုပ် ကြီးကို တုန်လှုပ် သွားစေ၏။ အမှိုက်ဟု ရည်ညွှန်းသော သူမှာ၊ ချင်ယု ပေပင်။
ချင်ယုသည် အဆင့် အတန်းနှင့် သူ့ ခွန်အား အရ၊ အင်ပါယာ၏ ထိပ်ဆုံးတွင် ရပ်တည် နိုင်သူ ဖြစ်သည်။
သူ တစ်ပါး အပေါ်၊ အမြဲတမ်း မောက်မာ အရှက် ရစေသူ ဖြစ်ပြီး၊ သူ့ကို မည်သူမျှ မစော်ကား ဝံ့ပေ။
ယခုမူ လင်းယွန်က ထိုချင်ယုအား အမှိုက် အဖြစ်၊ လူသိ ရှင်ကြား ခေါ်ဆို ခဲ့သည်။
ယင်းကြောင့် ချင်ယု၏ မျက်နှာမှာ၊ ဖြူဖျော့ သွားကာ သူကြား သမျှကို၊ မယုံနိုင် ဖြစ်သွားသည်။
“ မင်း ဘာပြော လိုက်တာလဲ။ ”
ဟု ထပ်မံ မေးယူ လိုက်၏။
“ ငါ့ကို ဓားကျွန်လို့ မင်း ခေါ်တယ် မဟုတ်လား၊ ချန်ပီယံဆု အတွက် ငါက၊ ယှဉ်ပြိုင်ဖို့ မထိုက်တန် ဘူးလို့ မင်းပြော ခဲ့ဖူး ပါတယ်၊ အခုတော့ မင်းက ဓားကျွန် တစ်ယောက် ထံမှာ၊ ရှုံးနိမ့် သွားရပြီ၊ ဒါက အမှိုက် တစ်စ မဟုတ်ရင် မင်းကို၊ ဘယ်လို ခေါ်စေချင် လို့လဲ။ "
သူ့ လက် ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ ထိုစကား များကို ထောက်ခံ ဟန်ဖြင့်၊ ဆူညံသော အသံများ ထုတ်လွှတ် လာလေသည်။
အိမ်ရှေ့ မင်းသားကို အမှိုက် တစ်စ အဖြစ်၊ ခေါ်ရဲ လောက်အောင်ပင်၊ လင်းယွန်မှာ သတ္တိရှိ နေပေ၏။
ထို့ပြင် လင်းယွန် အနေဖြင့်၊ ထိုသို့ လုပ်ဆောင်ရန် အရည် အချင်း ပြည့်မီ ခဲ့သည်။
ပန်းသင်္ချိုင်း ဓားကို ကိုင်ဆောင်ကာ၊ လင်းယွန်က ရှေ့ တစ်လှမ်း တိုးလိုက်၏။ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော် လိုက်ခြင်းကြောင့်၊ အများ အမြင်၌ ခြေလှမ်း တစ်လှမ်း ဟုသာ၊ ထင်မြင် မိခြင်း ဖြစ်ပေသည်။
ချင်ယုရှေ့ ရိပ်ခနဲ ရောက်ရှိ သွားပြီး၊ မဆိုင်း မတွဘဲ 'ကောင်းကင် တိမ်တိုက် များကို ဖြိုခွဲမယ်၊ ' ကို တွန်းထုတ် လိုက်၏။
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင် ကြောက်မက်ဖွယ် ကောင်းသော လေပြင်းများက၊ ချင်ယုထံ လေဆင် နှာမောင်း တစ်ခုအဖြစ် တိုးဝင် သွားသည်။
ထိုဓားချက် တဖြည်းဖြည်း နီးကပ် လာသော အခါတွင်၊ ချင်ယု နှလုံးသား ထဲ၌ စိတ်ပျက် အားငယ် မှုများ ဖြစ်ပွား လာသည်။
'' သေ စမ်း ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ''
ချင်ယုက လက်မခံ လိုဟန်ဖြင့် ရေရွတ် လိုက်သည်။ သည်ဓားအား မတားဆီး နိုင်မှန်း သူသိ သော်လည်း၊ လေးနက်သော ယန် နည်းစနစ်ကို၊ ကန့်သတ်ချက် အထိ တွန်းပို့ နေမိဆဲ ပေပင်။
လေဆင် နှာမောင်းထံ သူ့ လက်ဖဝါးကို ချိန်ရွယ် ရိုက်ချ လိုက်ကာ၊ ပျက်ပြယ် စေရန် စွမ်းဆောင် လိုက်၏။
“ ဓား ရည်ရွယ် ချက်က ကြောက်စရာ ကောင်းလွန်းတယ် …”
" ချင်ယု ရူးနေ တာလား၊ ဒါက မဖြစ် နိုင်တာ ကြီးပါ။ ''
လက်ဝါး တစ်ချက် ရိုက်လိုက်တိုင်း၊ သွေးတစ်လုတ် အန်လျက်၊ ကြိမ်ကြိမ် ထုတ်ဖော် ပြီးနောက် ချင်ယု၏ မျက်နှာမှာ၊ စာရွက် တစ်ရွက် ကဲ့သို့၊ ဖြူဖျော့ သွားခဲ့၏။
ဤသည်မှာ မျက်မြင် တွေ့ရှိ သူများ အတွက်၊ အံ့ဩ စရာ ဖြစ်ခဲ့သည်။ သူတို့၏ အမြင်တွင် ချင်ယုမှာ၊ သူ့ သေတွင်း သူတူး နေခြင်း ပေပင်။
နောက်ဆုံးတွင် လေဆင် နှာမောင်းကို ဖျက်ဆီးရန်၊ လက်ဖဝါး ဆယ်ချက်မျှ အသုံးပြု လိုက်ရ လေသည်။
“ သတ် ... ''
သို့သော် ချင်ယု စိတ် သက်သာရာ မရခင်၊ လင်းယွန်က ကြုံးဝါးကာ ပန်းသင်္ချိုင်း ဓားကို မြှောက်လိုက်ပြီး၊ မူလ စွမ်းအင် များအား ၎င်းထဲသို့၊ လောင်းထည့် လိုက်၏။
သွေး အန်ပြီး၊ အမြန် ဆုတ်ခွာ လိုက်ရသော ချင်ယု၏ နှလုံးသား ထဲတွင်၊ အချက်ပေး သံများ စတင် မြည်လာသည်။
သူသည် အင်ပါယာ၏ အိမ်ရှေ့ မင်းသား ဖြစ်ကာ၊ ဤမျှ သနား စရာ ကောင်းသော အခြေ အနေ မျိုးဖြင့်၊ မရုန်းကန် ခဲ့ရ ဖူးပေ။။
ရှင်းယန်နှင့် လက်ထပ်မည့် အချိန်ကို ပြန်ပြောင်း ပြောရပါလျှင်၊ လင်းယွန်ကြောင့် အရှက် ရခဲ့သည်။
ထို့ကြောင့် လင်းယွန် အသက်ကို၊ နဂါး တံခါး ပြိုင်ပွဲတွင် ရယူ မည်ဟု ကြေငြာ မိ၏။ သို့သော် ယခုမူ သူက လူပြက် တစ်ယောက် အသွင် ဖြစ်နေ ပေတော့သည်။
လင်းယွန်၏ တိုက်ခိုက် မှုကို၊ သူ မရှောင် နိုင်ဘဲ ပေါက်ကွဲ သွားခဲ့သည်။
ဓားကို ထုတ်ယူ လိုက်ကာ၊ လင်းယွန်ထံ တိုးဝင် လိုက်သည်။ သူရွှေ့ လိုက်သည့် အခိုက်တွင်၊ ကျောက်တိုင်များ ဆီမှ ရွှေရောင် အလင်းများ ရောင်ပြန် ဟပ်လာပြီး၊ ထိတ်လန့်ဖွယ် ငိုညည်းသံ တစ်သံ၊ ထွက်ပေါ် လာကာ၊ ချင်ယုအား ဖုံးအုပ် သွားလေသည်။
ရှုံ့နိမ့်တော့ မည်ကို သိလိုက် သောကြောင့်၊သူ၏ သိုင်းဝိဉာဉ်ကို ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။
သိုင်းဝိညာဉ် ဒဏ်ရာ ရရှိ သွား ပါက၊ ခရမ်းရောင် နန်းတော် နယ်မြေ ထဲသို့ ဝင်ရောက် နိုင်မည် မဟုတ်ပေ။
ယင်းကို လူတိုင်း သိထား သကဲ့သို့ ချင်ယု သည်လည်း၊ သိရှိ ထား ပေသည်။ သို့သော် ချင်ယုက ဂရု စိုက်ခြင်း မရှိဘဲ၊ လုပ်ဆောင် ခဲ့သည်။
လူတိုင်း စိတ် ရှုပ်ထွေး နေချိန် မှာပင်၊ စူးရှသော အလင်း သုံးသွယ်ဖြင့်၊ ငှက်ကြီး တစ်ကောင် ချင်ယု နောက်၌ ထွက်ပေါ် လာလေသည်။
ထိုငှက် ကြီး၏ ခန္ဓာ ကိုယ်မှ ထွက်လာသော အပူ ရှိန်ကြောင့်၊ လေဟာနယ် လောင်ကျွမ်း နေသည်ကို မြင်သာ စေ၏။
'' ကျီး .......... ''
( ငှက် အော်မြည်သံ။ )
တတိယတန်း နက်နဲ သိုင်းဝိညာဉ်။ ငှက်ကြီးက ဟစ်အော် လိုက်ပြီး၊ တောင်ပံ များကို ဝုန်းခနဲ ခတ်ချ လိုက်၏။
ကြောက်စရာ ကောင်းသော အရှိန် အဝါများ ထွက်ပေါ် လာပြီး၊ လင်းယွန်၏ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို၊ နောက်ပြန် ဆုတ်သွား စေသည်။
“ ဓားကျွန်... ၊ ဒါကို မင်း မမျှော်လင့် ထားဖူးမဟုတ်လား၊ ဒါက တတိယတန်း နက်နဲ သိုင်းဝိညာဉ် 'ငရဲ စာကလေး' ပဲ၊ သူက ဖီးနစ် မျိုးဆက်သွေး ပါရှိတယ်။ "
ချင်ယုက သိုင်းဝိညာဉ်ကို ထုတ်ဖော် ထားသော်လည်း၊ ဖိအား ကြီးစွာ ခံစား နေရ သကဲ့သို့၊ မျက်နှာ တစ်ခုလုံး တွန့်လိမ် သွားသည်။
“ အဲဒါကို ဆင့်ခေါ် လိုက်တိုင်း၊ ပူလောင်တဲ့ ဝေဒနာကို ခံစား ရတယ်၊ ဒါပေမယ့် မင်းက ဒါကို တောင်းဆို နေမှတော့ ... အခု ပြာဖြစ်အောင် မီးရှို့ လိုက် စမ်း ။ ”
ငရဲ စာကလေးက ကောင်းကင်မှ ငုံ့ကြည့် လာပြီး၊ ၎င်း၏ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံးကို မီးလောင်တိုက် သွင်းပစ် လိုက်သည်။
" မကောင်း တော့ဘူး။ "
ချင်ယုတွင် ဤသို့ ဝှက်ဖဲ ရှိလိမ့် မည်ဟု၊ မထင်မှတ် ထားသောကြောင့်၊ ဓားနန်းတော် အဖွဲ့သား များမှာ၊ အရောင်များ စွန်းထင်း ကုန်ကြသည်။
ချင်ယု ဘေးတွင် အချိန်ပြည့် ကာကွယ် ပေး နေ ခဲ့သော၊ အနက် ရောင်ဝတ် အဖိုးအိုက လင်းယွန်ကို ကြည့်ကာ၊ ရယ်မော လိုက်၏။
ချင်ယု၏ အရည် အသွေး မျှဖြင့်၊ 'ယန်နန်းတော်' အာရုံကို၊ ဆွဲဆောင် နိုင်စရာ နည်းလမ်း မရှိချေ။ နက်နဲသော ယန် နည်းစနစ် မှာမူ၊ ဆိုဖွယ် မရှိသော ရင်းနှီး မှုသာ ဖြစ်သည်။
ဆိုလို သည်မှာ အဆိုပါ သိုင်းဝိညာဉ် ကြောင့်၊ 'လေးနက်သော ယန်' နည်းစနစ်ကို၊ ခြွင်းချက် အဖြစ် ပေးဆောင် ထားခြင်း ဖြစ်ပေသည်။
သို့သော် အသူရာ နဂါး ထွက်ပေါ် လာသော အခါတွင်၊ အနက်ဝတ် အဖိုးအို၏ အပြုံးမှာ၊အေးခဲ သွားသည်။
နတ်ဆိုး ဝိညာဉ်ကို ကိုက်စား ပြီးနောက်၊ အသူရာ နဂါးမှာ နက်နဲ အဆင့်သို့ ရောက်ရှိ လာခဲ့သည်။
ဤမျှဖြင့် အနက်ဝတ် အဖိုးအိုကို တုန်လှုပ်စေ မိမည် မဟုတ်ပေ။
အသူရာ နဂါး ဘေးတွင် အခြားသော အရာ တစ်ခု ထွက်ပေါ် လာ တော့မည် ကဲ့သို့၊လေဟာနယ် ပျက်ယွင်း လာသောကြောင့်၊ ဖြစ်သည်။
'' သိုင်းဝိညာဉ် နှစ်ခုလား... ။ ''
လင်းယွန်၏ နောက်တွင် နောက်ထပ်၊ သိုင်းဝိညာဉ် တစ်ခု၊ တဖြည်းဖြည်း ဖြစ်ပေါ် လာ၏။
ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ် တစ်ခု ဖြင့်ပင်၊ လေထုမှာ တင်းကြပ် လာပြီ ဖြစ်ရာ၊ သိုင်းဝိညာဉ် နှစ်ခု တပြိုင် နက်တည်း ဖြစ်ပေါ် လာသော အခါတွင်၊ ဆိုဖွယ် မရှိ တော့ပေ။
၎င်းတို့ ထံမှ ရုန့်ကြမ်းသော အငွေ့ အသက်များကြောင့်၊ ငရဲ စာကလေးမှာ မောက်မာသော အမူ အရာများ ပျောက်ကွယ် သွားပြီး၊ ကြက်ပေါက် ကလေးများ ကဲ့သို့ ရိုကျိုးစွာ ပြုမူ လာလေသည်။
သို့သော် နောက်ထပ် ထွက်ပေါ် လာသော ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ် ဖြစ်သည့်၊ ကျားပျံက အညှာ အတာ ကင်းမဲ့ စွာဖြင့်၊ ကုပ်ဖြဲ ပစ်လိုက် လေသည်။
“ မ လုပ် နဲ့ ....။ ”
ချင်ယုမှာ ဒူးထောက်လျက်၊ မြေပြင် ပေါ်သို့ လဲကျ သွားပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။
မဟာချင် အင်ပါယာရှိ အထက်တန်း လွှာများ ကြားတွင်၊ နဂါး တံခါး စင်မြင့်၌ ရပ်တည်ရန်၊ သူမှ လွဲ၍ အခြား မည်သူမျှ၊ အရည် အချင်း ပြည့်မီခြင်း မရှိပေ။
သို့သော် ဓားကျွန်တွင် ကမ္ဘာဦး ဖျက်ဆီးခြင်း သိုင်းဝိညာဉ် နှစ်ခုကို ပိုင်ဆိုင် ထားပြီး၊ ယင်း အဆိုအား ချိုးဖျက် ပြသွား ခဲ့၏။
***