ချင်ယု သေဆုံးခြင်း။
Vol. 34 Ch. 468
အသူရာ နဂါးနှင့် ကျားပျံ တို့သည် လင်းယွန် နောက်၌ ဒေါသ တကြီး ဟိန်းဟောက် နေပေ၏။
( ကမ္ဘာ ဦးဖျက်ဆီးခြင်း သားရဲ များသည်၊ မကောင်းမှုကို နှစ်ခြိုက်သော သားရဲများ ဖြစ်ပြီး၊ ကောင်းမွန်သော အရာမှန် သမျှ အပေါ်၊ အမြင် မကြည်စွာ ဖျက်ဆီး သူများ ဖြစ်သည်။)
မြေပြင်တွင် လဲလျောင်း နေသော ချင်ယုက ဖြူဖျော့ နေသော မျက်နှာဖြင့်၊ မယုံကြည် နိုင်ဟန် မော့ကြည့် လာလေသည်။
အရာ အားလုံး ပြီးဆုံးသွား ပြီကို သူ သိ၏။ သူ၏ ဝှက်ဖဲမှာ ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်များ ရှေ့တွင်၊ အမှိုက် တစ်စသာ ဖြစ်ပေသည်။ လင်းယွန် အပေါ် အနိုင်ယူ နိုင်စရာ နည်းလမ်း မရှိ တော့ချေ။
( ဒီစင်မြင့်က ငါ့အတွက် မဟုတ် ဖူးလား၊ ဘာလို့ ဒီဓါးကျွန် အတွက် … ပြောင်းလဲ သွားရ တာလဲ။ )
“ အနိုင် ရသူ လင်းယွန် … ”
ဒိုင် အဖိုးအိုက ကြေညာ လိုက်သည်။ ပြိုင်ပွဲ တစ်လျှောက်၊ မည်သူမျှ အကောင်း မြင်စိတ် မရှိသော လင်းယွန်က၊ ဒဏ္ဍာရီ တစ်ပုဒ်ကို ဖန်တီး နိုင်ခဲ့ လေပြီ။
ငရဲ လမ်းကို အဆုံးထိ လျှောက်ပြ ပြီးနောက်၊ နဂါး တံခါး ပြိုင်ပွဲအား အဆုံးသတ် လိုက်၏။
“ ချန် ပီ ယံ …. ”
အကြီးအကဲ လျိုဖန်းက စိတ်သက်သာ ရာရ သွားကာ၊ သက်ပြင်း ချလိုက်သည်။ လင်းယွန် အတွက် လွယ်ကူသော ခရီး မဟုတ် ခဲ့ပေ။
လူတိုင်းက အားနည်းသူ တစ်ယောက် အဖြစ်၊ သတ်မှတ် ထားသော်လည်း၊ အဆုံးတိုင် လျှောက်ပြ နိုင်ခဲ့သည်။
သူကိုယ် တိုင်ပင် လင်းယွန်မှာ ငယ်သေး သည်ဟု၊ ယူဆ ထားမိ၏။ ချန်ပီယံ ဖြစ်ရန် မျှော်လင့် မိသော်လည်း၊ အမှန် တကယ် ဖြစ်လာ လိမ့်မည်ဟု မထင် ထားပေ။
ယင်းကို ပြန်ပြောင်း ပြောရ ပါလျှင်၊ ထိုအချိန်က လင်းယွန် အပေါ် အများကြီး စိုးရိမ် ခဲ့ဖူးသည်။
၎င်းကို တွေးကြည့်ရုံ ဖြင့်ပင်၊ သူ့ မျက်နှာ၌ အပြုံး တစ်ပွင့် ဖြစ်ပေါ် လာသည်။
“ ဟား ဟား ဟား …. ချန်ပီယံ ကွ … ”
လီဝူယုက လက်သီး များကို ဆုပ်ကာ၊ လေထဲ ဝှေ့ယမ်း ရယ်မော လိုက်၏။
ရှင်းယန် အနေဖြင့် စကား တစ်ခွန်းမှ မဆိုသော် လည်း၊ မည်မျှ ပျော်ရွှင် နေမည်ကို ခန့်မှန်း နိုင်သည်။
ဓားနန်းတော်သို့ လင်းယွန်အား၊ ခေါ်ဆောင်လာ သူမှာ သူမ ကိုယ်တိုင် ဖြစ်ပြီး၊ ကြီးထွား လာမှု အပေါ်၊ မျက်ချေ မပျက် စောင့်ကြည့်ခွင့် ရခဲ့သည်။
စမ်းသပ် ပွဲတွင် ပစ်မှတ် ထားခံ ရပုံမှ စကာ၊ အစ်ကိုကြီးထံ ကတိပေး ချိန် အထိ၊ အဆင့်ဆင့် မြင်ယောင် လာ၏။
ဤသည်မှာ လွယ်ကူသော အရာများ မဟုတ်ဘဲ၊ ထမ်းထား ရသော ဝန်မှာ အဆ မတန် လေးကန် လှပေသည်။
“ ချမ်း သာ ပြီ။ ”
ရုတ်တရက် ဦးထုတ်ဆောင်း ထားသော လူ တစ်ဦးက ပြုံးစိစိဖြင့်၊ ရေရွတ် လိုက်သည်။ ယင်းမှာ လင်းယွန်၏ လောင်းကြေးကို ဆိုလိုကြောင်း၊ သိသာ လေသည်။
ဝမ်းသာ နေသူများ ရှိသကဲ့သို့၊ ပူပင် သောက ရောက်နေ သူများလည်း၊ ရှိ၏။ ၀မ်ရန်းဘိုက ရှန်ရှင်း ဓားအား ထုတ်ဖော် ပြသ လာသော လင်းယွန်ကို၊ တင်းမာစွာ စိုက်ကြည့် လိုက်သည်။
သူက သတ်ရန် ကြိုးစား မိသည့် ကာလ တစ်လျှောက်၊ တစ်ချိန် တည်းမှာပင် ဓားကျွန် ကောင်၏ ကြီးထွား လာမှုကို၊ မုန်းတီးစွာ မြင်နေ ရပေသည်။
မိုးတိမ် ဓားနန်းတော် အနေဖြင့်၊ မီးတောက် မတက် မျက်ဝန်း များဖြင့်၊ ချင်ယုက လင်းယွန်အား သတ်ပစ် လာမည့် အချိန်ကို စောင့်မျှော် နေမိ သော်လည်း၊ ချန်ပီယံ အဖြစ် တက်လှမ်း သွားခြင်း ကိုသာ၊ ကြည့်လိုက် ရ၏။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသည်လည်း၊ မျက်နှာများ မည်းမှောင် ပျက်ယွင်း နေပေသည်။
သည်ဓားကျွန်ကို ဤမျှ အထိ ရောက်ရှိ လာနိုင် လိမ့်မည်ဟု၊ သူတို့ မထင်ထား သည်မှာ သိသာ လှ၏။
ပလ္လင် ပေါ်ရှိ ဧကရာဇ် ချင်က၊ မျက်ဝန်းများ မှိတ်ချ လိုက်ကာ၊ သူ့ ခံစားချက် များကို ဖုံးကွယ် ပြစ်လိုက်သည်။ ထို့ကြောင့် သူ့ အတွေးကို မည်သူမျှ မခန့်မှန်း နိုင် တော့ချေ။
ဆန့်ကျင်ဘက် အနေဖြင့် ဖီးနစ် ပန်းကလေးမှာ ပြုံးနေသည်။ သို့သော် မျက်နှာကို ဖုံးကွယ် ထားခြင်း ဖြစ်လေရာ၊ မမြင်နိုင် ခဲ့ပေ။ သူမ မျက်ဝန်း များက စင့်မြင့် ပေါ်ရှိ၊ ချန်ပီယံကို စိုက်ကြည့် လာခဲ့သည်။
ဤသို့ဖြင့် နဂါး တံခါး ပြိုင်ပွဲ၏ ချန်ပီယံမှာ၊ ထွက်ပေါ် လာခဲ့ လေပြီ။ ယခု အချိန်၌ လင်းယွန်ထက် ပို၍ အခြားသော စိတ်ဝင်စား စရာများ မရှိ တော့ပေ။
“ ချန်ပီယံ …. မဟုတ်ဘူး …. မဖြစ် ရဘူး၊ ငါကသာ ချန်ပီယံ။ ”
ချင်ယုက ရူးသွပ် သွားသော မျက်ဝန်း များဖြင့်၊ ထရပ် လာသည်။
“ မင်းသားချင် …၊ ရလာဒ်ကို ဆုံးဖြတ်ပြီး ပါပြီ။ ”
“ တိတ်စမ်း ထွက် သွား ….. ”
ဒိုင် အဖိုးအိုက ချင်ယုအား ဟန့်တား လိုက်သော်လည်း၊ ချင်ယု မျက်ဝန်း ထဲရှိ ရူးသွပ်မှုနှင့် မုန်းတီးမှု များအား မြင်လိုက် ရချိန်တွင်၊ ထိတ်လန့် သွားသည်။
အမိန့် အတိုင်း မလိုက်နာ ပါက၊ သူ့ကို ရန်ပြု လာပေ တော့မည်။ ထို့ကြောင့် လွှတ်ပေး ရမည်လော၊ သို့မဟုတ် ဆက်လက် ပိတ်ဆို့ ရမည်လော၊ စသည်ဖြင့် အကျပ်ရိုက် သွားသည်။
ချင်ယု၏ လက်ရှိ အခြေ အနေ အရ၊ လင်းယွန် ထံမှ မည်သို့သော တိုက်ခိုက်မှု မျိုးဖြင့် မဆို၊ သူ့အား သတ်ပစ် နိုင်မည် ဖြစ်သည်။ သို့သော် ဆက်လက် ဟန့်တား ရန်မူ မဝံ့ချေ။
ချင်ယုက သူ့ သိုင်းဝိဉာဉ်ကို ဆင့်ခေါ်ကာ၊ လင်းယွန်အား ရိုက်ချ လိုက်၏။
နက်နဲသော ယန် နည်းစနစ်ကို ကန့်သတ်ချက် အထိ၊ တွန်းတင် လိုက်သော ကြောင့်၊ သူ့ မျက်နှာ ပေါ်၌ မီးလျှံ ရူရ်များ တောက်ပ လာ လေသည်။
ချင်ယု ထံမှ အခိုး အငွေ့ များကို ကြည့်ပြီး၊ လင်းယွန်က မျက်မှောင်ကြုတ် လိုက်ကာ၊ ဘေးသို့ အနည်းငယ် ရွေ့ လိုက်၏။
“ ဟား ဟား ဟား … မင်းကြောက် နေပြီလား၊ ဓားကျွန် တစ်ယောက်က ချန်ပီယံ အတွက်၊ ငါနဲ့ ပြိုင်ချင် နေတာလား။ ”
အော်ဟစ် ရယ်မော လျက်ဖြင့်၊ လက်ဖဝါး များကို ထပ်မံ ရိုက်ချ လာပြန်သည်။ လက်ဖဝါး ထံမှ ကြောက်မက်ဖွယ် စွမ်းအားများ၊ ပျံ့နှံ့ လာ သောကြောင့်၊ လူအုပ် ကြီးမှာ အံ့ဩ သွား၏။
ချင်ယုမှာ ရူးသွပ် သွားပုံ ရသည်။ ရလာဒ်ကို ကြေညာ ထားပြီး ဖြစ်ရာ၊ ပြောင်းလဲရန် မဖြစ်နိုင် တော့ပေ။
တစ်စထက် တစ်စ ပို၍ ရက်စက် ကြမ်းကြုတ် လာသော တိုက်ခိုက်မှု များကို ကြည့်ကာ၊ လင်းယွန်က ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်သည်။
သူ၏ တိုက်ခိုက် မှုများသာ ထိမှန် သွားပါက၊ ပြင်းထန်သော ဒဏ်ရာ ရရှိသွား မည်ကို၊ မတွေးမိ အောင်ပင် ချင်ယုမှာ နုံအ လွန်းနေ ပေသည်။
“ ရပ် လိုက် စမ်း … ”
ထိုအချိန် မှာပင် အနက်ဝတ် အဖိုးအိုက၊ ရုတ်တရက် အော်ဟစ် ဟန့်တား လိုက်သည်။
ထိုအသံကြောင့် လင်းယွန်က အနည်းငယ် တုန့်နှေး သွားလေရာ၊ ချင်ယု၏ လက်ဖဝါး ရင်ဘက် ပေါ်၊ ထိမှန် ခံလိုက် ရလေသည်။
မူလ စွမ်းအင်များ ခန္ဓာ ကိုယ်ထဲ စီးဝင် လာပြီး၊ အတွင်း အင်္ဂါ များကို ပူလောင် နာကျင် စေသော ကြောင့်၊ သွေး တစ်လုတ်အား အန်ချ လိုက်ရသည်။
“ အဟက် ... တိုက်ပွဲက မပြီး သေးဖူး လို့ ငါပြော တယ် မဟုတ်လား၊ ချန်ပီယံ ဆုက ငါ့ အတွက်ပဲ။ ”
လင်းယွန်အား နောက်သို့ တွန်းပို့ နိုင်သည်ကို၊ မြင်လိုက် ရသဖြင့်၊ ပို၍ အားတက် လာကာ လက်ဖဝါး တစ်ချက်အား၊ ထပ်မံ ရိုက်ချ ပစ်လိုက်၏။
ချင်ယု အနေဖြင့် လင်းယွန်မှာ၊ သူ့အား ကြောက်ရွံ့ လာ သည်ဟု ယူဆ နေပုံ ရသည်။
ထို့ကြောင့် လင်းယွန်၏ မျက်ဝန်း များ၌၊ အေးစက်သော အလင်းများ တောက်ပ လာကာ၊ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်၏။
“ မင်းက သေချင်နေတာပဲ …။ ”
လက်သီးနှင့် လက်ဖဝါး ထိခတ် သွားပြီးနောက်၊ ချင်ယု တစ်ယောက် သွေးအန်ကာ၊ နောက်ပြန် လွင့်စင် သွားသည်။
လဲကျ သွားသော ချင်ယု အနားသို့၊ လူရိပ် တစ်ရိပ် ဆင်းသက် လာပြီး၊ လင်းယွန်အား အေးစက်စွာ စိုက်ကြည့် လိုက်ကာ၊
“ မင်း … ငါပြောတာ မကြား ဖူးလား။ ”
ဟုဆိုလိုက်၏။
ထိုလူရိပ်မှာ သဘာဝ အားဖြင့်၊ ချင်ယု ဘေးတွင် ရှိနေသော အနက်ဝတ် အဖိုးအို ဖြစ်သည်။
“ ငါ လုပ်တယ်၊ ခွေးရူး တစ်ကောင်လို လိုက်ကိုက် တာကို၊ သေတဲ့ အထိ ခံနေ ရမှာလား၊ တောင်းပန် ပါတယ် ငါ မလုပ် နိုင်ဘူး။ ”
လင်းယွန်က မထူးခြား ဟန်ဖြင့်၊ ပြန်ဖြေ လိုက်သည်။
“ ပြိုင်ပွဲကို ဘယ်သူက ဝင်စွက် ချင်နေရ တာလဲ။ ”
ဒိုင် အဖိုးအိုက မျက်မှောင် ကြုတ်ကာ၊ အနက်ဝတ် အဖိုးအိုအား မေးခွန်း ထုတ်လိုက်၏။
“ ငါ့ နာမည် ဂျီယန်၊ ‘တော်ဝင် ယန် နန်းတော်’ ရဲ့၊ သင်းထောက် တစ်ယောက်ပဲ၊ ငါ့ရဲ့ ဂိုဏ်းတူ ဦးလေးက ချင်ယုကို တပြည့် အဖြစ် လက်ခံ ထားတယ်၊ ဒါကြောင့် သူ့ အတွက်၊ စဉ်ပေါ်ကို ဘာလို့ ငါမတက် ရမှာလဲ။ ”
ဂျီယန်က ဒိုင် အဖိုးအိုကို စိုက်ကြည့်ကာ၊ ပြန်ဖြေ၏။
တော်ဝင် ယန် နန်းတော်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ အုပ်စိုးရှင် အဆင့်၌ ရှိပေသည်။
ထို့ကြောင့် လူအုပ် ကြီးကို ရုတ်ရုတ် သဲသဲ ဖြစ်လာ စေ၏။ မဟာချင် အင်ပါယာတွင် ၎င်းတို့ကို မည်သူမှ မစော်ကား ဝံ့ချေ။
“ ချင်ယုက ဒီလို ပြုမူ ဝံ့တာ မဆန်း ပါဘူး၊ သူ့မှာ ‘တော်ဝင် ယန် နန်းတော်’ရဲ့ နောက်ခံကို ရထား တာကိုး။ ”
“ ဟုတ်တယ် ... လင်းယွန်ကို သတ်ပစ် ရင်တောင် သူ့အတွက် ဖိအားပေး နိုင်မဲ့သူ ဒီမှာ မရှိဘူး။ ”
“ လင်းယွန်က ချင်ယုကို အနိုင် ယူပြီး၊ ချန်ပီယံ အဖြစ် တက်လှမ်း လိုက်တာက၊ တော်ဝင် ယန် နန်းတော် အပေါ်၊ အပြစ် ပြုလိုက် တာပဲ မဟုတ်လား။ ”
“ မင်းသား ချင်ယုမှာ နောက်ခံ ရှိမှန်း ငါ သိတယ်၊ ဒါပေမယ့် တော်ဝင် ယန် နန်းတော်က ဖြစ်လိမ့် မယ်လို့ မထင်ထား မိတာတော့ အမှန် ပါပဲ။ ”
အနက်ဝတ် အဖိုးအိုက၊ သူ မည်သူ မည်ဝါ ဖြစ်သည်ကို ထုတ်ဖော် ပြောပြ လာ သောကြောင့်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွားသည်။
တစ်ချိန် တည်းမှာပင် လျိုဖန်းက၊ လင်းယွန်ရှေ့ ပျံသန်း ဆင်းသက် လိုက်ပြီး၊ ဂျီယန်ကို အေးစက်စွာ စိုက်ကြည့် လိုက်၏။
ဓားနန်းတော်၏ အခြားသော အကြီး အကဲများ သည်လည်း၊ သိုင်း စင်မြင့်ပေါ် ခုန်တက် လာကာ၊ လင်းယွန်အား ဝိုင်းရံ ပေးလာသည်။
“ မင်းက ယန်နန်းတော်ရဲ့ သင်းထောက် တစ်ယောက် ဖြစ်နေ ရင်တောင်၊ ငါ့ ဓားနန်းတော်က တပည့် တစ်ယောက်ကို ၊ ဆုံးမဖို့ ကြိုးစား နေတာက နည်းနည်းတော့ ရိုင်းစိုင်း လွန်းတယ် မဟုတ်လား။ ”
လျိုဖန်းက လေသံ မာမာဖြင့် အပြစ်တင် လိုက်၏။
“ အ ... တော်ဝင် ဖခမည်းတော် ၊ အရမ်း ဆိုးတယ်။ ”
ကြမ်းပြင် ပေါ်ရှိ လဲလျောင်း နေသော ချင်ယုက သူ၏ နာကျင်မှုကို ရုတ်တရုတ် ထုတ်ဖော် ပြောဆို လာရာ၊ လူတိုင်း အာရုံက ပြောင်းလဲ သက်ရောက် သွားလေသည်။
ချင်ယု မျက်နှာ ပေါ်၌ တောက်လောင် လာသော မီးလျှံ ရူရ်များကြောင့်၊ မျက်နှာ အနှံ့ သွေးများ စီးကျ လာလေသည်။
“ မဖြစ် ရ ဘူး။ ”
ဧကရာဇ်ချင် မျက်နှာမှာ၊ ရုတ်တရက် ပြောင်းလဲ သွားသည်။ ထိတ်လန့် စွာဖြင့် စင်ပေါ် ပျံသန်း လာ သော်လည်း၊ သူ အနား မရောက် မီတွင်၊ မီးလျှံ ရူရ်များက ထတောက် လာပြီး၊ ချင်ယုအား လောင်ကျွမ်း ပစ်လိုက် တော့သည်။
ချင်ယု ထံမှ နာကျင်စွာ အော်ဟစ် သံများ လေထုထဲ ပျံ့လွင့် ကျန်ရစ် ခဲ့၏။ ဧကရာဇ် သို့မဟုတ်၊ ယန်နန်းတော်၏ သင်းထောက် သည်ပင်၊ တစ်စုံ တစ်ရာ လုပ်ဆောင်ချိန် မရ လိုက်ပေ။
မျက်စိ တစ်မှိတ် အတွင်းမှာပင်၊ ပြာအဖြစ် ပြောင်းလဲ သွားသော ချင်ယုကြောင့်၊ ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။
ထိုမြင်ကွင်းကို သူတို့ မယုံကြည် နိုင်ပေ။
အများ စုက ထိုဖြစ်စဉ် အပေါ် နားလည်မိ သော်လည်း၊ ထုတ်ပြော ရဲခြင်း မရှိချေ။
လင်းယွန်၏ တွန်းအားကြောင့်၊ မြေကြီး အဆင့် နည်းစနစ်ကို အတင်း အကြပ် သုံးစွဲ မိခြင်း၏ အကျိုးဆက် ဖြစ်ပေသည်။
ချင်ယုအား လောင်ကျွမ်း သွားသော မီးလျှံ များကို ကြည့်ကာ၊ လေးနက်သော ယန် နည်းစနစ် အပေါ်၊ အပြည့် အဝ မကျွမ်းကျင် သေးကြောင်း၊ သူတို့ ပြောနိုင်၏။
ရှုံးနိမ့် မှုကို လက်မခံ လိုသောကြောင့်၊ ထပ်ကာ ထပ်ကာ တွန်းပို့ ခြင်းဖြင့်၊ အဆုံးထိ တိုက်ပွဲ ဝင်ခဲ့သည်။
သေလု မြောပါး အခြေနေ ထိတိုင်၊ ဆက်သွား ခဲ့သော သူ့ကိုယ် သူသာ အပြစ်တင် နိုင်မည်။
“ လင်းယွန် .... မင်းက ဘယ်လို တောင်များ သတ္တိ ရှိနေ ရတာလဲ ... ဟမ်၊ ... ”
ဧကရာဇ် ချင်က တုန်ယင် စွာဖြင့်၊ ချင်ယု၏ ပြာပုံ ဘေးမှ ထရပ်ကာ၊ ဆိုလာ လေသည်။
“ ... မင်းက ငါ့ရဲ့ တည်ရှိ မှုကို ဂရု မစိုက်ဘဲ၊ ပြိုင်ပွဲ ပြီးသွား တာတောင် ငါ့သားကို သတ်ပစ် ဝံ့တယ်ပေါ့ ..... ။ ”
စကားဆုံး သည်နှင့် သူ့ခန္ဓာ ကိုယ်မှ ဆူပွက် နေသော အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာ လေသည်။
“ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်။ ”
ဤသည်မှာ မဟာချင် အင်ပါယာ၌၊ အမြင့် ဆုံးသော တည်ရှိမှု၏ ဒေါသ ဖြစ်၏။
***