← Chapters

ဂျင်ရှီစံ။

Vol. 34 Ch. 469

ဂျင်ရှီစံ။

Vol. 34 Ch. 469

“ လင်းယွန် .... မင်းက ဘယ်လို တောင်များ သတ္တိ ရှိနေ ရတာလဲ ... ဟမ်၊ ... ”

ဧကရာဇ် ချင်က တုန်ယင် စွာဖြင့်၊ ချင်ယု၏ ပြာပုံ ဘေးမှ ထရပ်ကာ၊ ဆိုလာ လေသည်။

စကားဆုံး သည်နှင့် သူ့ခန္ဓာ ကိုယ်မှ ဆူပွက် နေသော အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာ လေသည်။

“ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်။ ”

ဧကရာဇ် ချင်၏ အရှိန် အဝါကြောင့် ချက်ချင်းပင် ထိတ်လန့် သွားကြသည်။

အစောပိုင်း အချိန် အထိ လင်းယွန် တစ်ယောက် ချန်ပီယံ ဖြစ်လာ ပြီးနောက်၊ ပြိုင်ပွဲ အဆုံး သတ်သွား လိမ့်မည်ဟု၊ လူတိုင်းက ထင်မြင် ထားမိသည်။

သို့သော် ချင်ယု သေဆုံး မှုကြောင့်၊ ဧကရာဇ် ချင်က လင်းယွန် အပေါ်၊ အပြစ် တင်ရန် ကြိုးစား လာခဲ့သည်။

ယန် နန်းတော်၏ သင်းထောက် တစ်ဦး အပြင်၊ ဧကရာဇ် ချင်၏ ဒေါသမှာ၊ ဓားနန်းတော် အနေဖြင့် ဖြေရှင်း နိုင်သော အခြေ နေမျိုး၌ မရှိပေ။

အထူး သဖြင့် ဧကရာဇ် ချင်၏ သတ်ဖြတ်ခြင်း ရောင်ဝါမှာ ၊ သူ့ အပေါ် ကန့်သတ် ထားသော ကြောင့်၊ လင်းယွန်အား ဖိအား ဖြစ်စေ ခဲ့သည်။

“ မင်းက တကယ် ရက်စက်တဲ့ ကောင်ပဲ … ဟမ်၊ ချန်ပီယံ ဖြစ်ပြီး နေတာတောင်၊ ပြိုင်ဘက်ကို သတ်ခဲ့ တုန်း ပါလား။ ”

ချင်ယု၏ ပြာပုံကို ကြည့်ကာ၊ ဂျီယန်က ဆိုလိုက်သည်။ မျက်နှာ တပြင်လုံး မည်းမှောင် နေပေသည်။

ချင်ယု တစ်ယောက် ဘေးကင်း စေရန် အတွက်၊ ဤနေ ရာသို့ သူ့အား စေလွှတ် လိုက်ခြင်း ဖြစ်သော်လည်း၊ တာဝန် အပေါ် ပျက်ကွက် မိသည်။

“ ဧကရာဇ် ချင်၊ မင်းသားချင် သေဆုံး ခြင်းက လင်းယွန်နဲ့ မသက်ဆိုင် ပါဘူး၊ ဒီနေရာမှာ အိမ်ရှေ့ စံကို သတ်ပစ်တဲ့ အထိ၊ ဘယ်သူက မိုက်မဲ ရဲမှာလဲ၊ မင်းသား ချင်က ဒေါသ သောကြောင့် သေဆုံး သွားတာကို လူတိုင်း သိပါတယ်၊ ဒါကို ဘာလို့ အခုလို အပြစ်တင် နေရ တာလဲ။ ”

လျိုဖန်းက လေးနက်သော အမူ အရာဖြင့်၊ မေးခွန်း ထုတ်လိုက်၏။

“ ငါ့ကို ခေါင်းမရှိ ဖူးလို့ မင်း ပြောချင် နေတာလား။ ”

ဧကရာဇ် ချင်က ရယ်မောကာ၊ တုန့်ပြန် မေးခွန်းဖြင့်၊ ပြန်ဖြေ သည်။

“ ငါမဝံ့ ပါဘူး၊ ဒါပေမယ့် မင်းမှာ … စဉ်းစား ဆင်ခြင် နိုင်စွမ်း မရှိ တော့မှာ ဆိုးလို့ပါ။ ”

ဧကရာဇ် ချင်ထံမှ သတ်ဖြတ် လိုသော ဆန္ဒ များကို ခံစား မိသောကြောင့်၊ လျိုဖန်း နဖူးတွင် ချွေးများ သီးလာ လေသည်။

ချင်ယု သေဆုံး ခြင်းဖြင့်၊ ဧကရာဇ် ချင်မှာ ကျိုးကြောင်း၊ ဆီလျော် မှုများ ဆုံးရှုံး သွားလေရာ၊ သူ့ အတွက် အလွန် အကူ အညီမဲ့ လာစေ၏။

သို့သော် ငြားလည်း လျိုဖန်းက နောက်ပြန် ဆုတ်ရန် နည်းလမ်း မရှိပေ။

“ ယန် နန်းတော်ရဲ့ တပည့် တစ်ဦးကို သူ သတ်ခဲ့တယ်၊ ဒါကြောင့် ချန်ပီယံ ဖြစ်ရင်တောင် သူ့ အတွက် ခြွင်းချက် ရှိလာမှာ မဟုတ်ဘူး၊ … ”

“ … ယန်နန်းတော် သင်းထောက်က သူ့ တာဝန် သူ ထမ်းဆောင် တာပါ၊ ဒါကို မင်းက ဟန့်တား ရဲရင်၊ မင်းရဲ့ ဓားနန်းတော်က ဒီကိစ္စကို တာဝန်ယူ ရလိမ့်မယ်။ ”

ဧကရာဇ် ချင်က အေးစက်သော လေသံဖြင့် သတိပေး လိုက်သည်။

“ အရမ်း မှန်တယ်၊ … ”

ဝမ်ရန်းဘိုက လူအုပ် ကြားမှ ဝင်ရောက် ထောက်ခံ လိုက်၏။

“ … တကယ်လို့ ယန်နန်းတော် ကသာ၊ ဒီကိစ္စကို လွှတ် မထားဖူး ဆိုရင်၊ ဓားနန်းတော်နဲ သူတို့ကြား မကြေ လည်မှု မဟုတ် တော့ဘဲ၊ မဟာချင် အင်ပါယာ ကို ပါ ကူးစက်လာ လိမ့်မယ်။ ”

“ ဧကရာဇ် ချင် ပြောတာ မှန်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် လင်းယွန်ကို ယန် နန်းတော်ဆီ လွှဲပြောင်း ပေးရမယ်၊ ဒီလိုမှ မဟုတ်ရင် ဓားနန်းတော်က ၊ အင်ပါယာ တစ်ခု လုံးကို ဆန့်ကျင် တယ်လို့ သတ်မှတ်ရ လိမ့်မယ်။ ”

မိုးတိမ် ဓားနန်းတော်၏ အကြီးအကဲ အချို့ ကလည်း ဝင်ရောက် ပြောကြား လာ၏။ များမကြာ မီတွင် အခြားသော ဂိုဏ်းငယ်များ ကပါ၊ ဧကရာဇ် ချင် စကားကို ထောက်ခံ လာကြသည်။

စက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ လူတိုင်း၏ အာရုံမှာ လင်းယွန်ပေါ် ကျရောက် သွား၏။ သူ၏ အားထုတ် မှုကြောင့်၊ ယခု အချိန်တွင် အောင်ပွဲကို ခံစား သင့်သော်လည်း၊ ထင်သလို ဖြစ်မလာ တော့ပေ။

ဤမြင်ကွင်းက လင်းယွန်ကို အံ့အား သင့်စေ ခဲ့သည်။ ဂျီယန် နှင့် ဧကရာဇ် ချင်၏ ခိုင်မာသော ရပ်တည် ချက်က၊ သူ့ကို အဖော်မဲ့ လာစေ၏။ ယခု ချိန်၌ လူတိုင်းက သူ့ကို သတ်ချင် နေကြ လေပြီ။

သူတို့ အမြင် အရ၊ လင်းယွန်မှာ နဂါး တံခါး ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်ရန် မထိုက်တန် ခဲ့ပေ။

ဓားနန်းတော် အနေ ဖြင့်မူ၊ ဧကရာဇ် ချင်နှင့် ယန် နန်းတော်သည်၊ ဤမျှ အထိ လွန်ကြူး လာလိမ့် မည်ဟု၊ မမျှော်လင့် ထားသောကြောင့် လေးနက်သော အသွင်များ ပြသ ထား လေသည်။

လင်းယွန်ကို လွှဲပြောင်း ရမည်လော။ ယန် နန်းတော်နှင့် ဧကရာဇ် ချင်တို့မှာ၊ ထိုသို့ လုပ်ဆောင်ရန် ခွန်အား ရှိကြောင်း မေးခွန်း ထုတ်စရာ မလိုချေ။

“ လင်းယွန်ကို လွှဲပေးပါ။ ”

ဂျီယန်က ခရမ်းရောင် နန်းတော် နယ်မြေ၏၊ အထွတ် အထိပ် အရှိန် အဝါကို ထုတ်လွှတ် လိုက်သည်။

သူ၏ ကျင့်ကြံ မှုမှာ၊ ခရမ်းရောင် နန်းတော် နယ်မြေ ၌သာ ရှိသော်လည်း၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရှိ၊ ဧကရာဇ် ချင်ထက် များစွာ အားနည်းခြင်း မရှိပေ။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ရောင်ဝါလဲ။ ”

“ ယန် နန်းတော် သင်းထောက်က၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ကို ရောက်ရင်၊ ဧကရာဇ် ချင်ထက် ပိုသန် မာလာ လိမ့်မယ်။ ”

“ လင်းယွန်ကို အပြစ် ပေးတော့ မှာလား။ ”

“ ဒါပေမယ့် … သူတို့က အရမ်း လွန်တယ်လို့ ငါ ထင်တယ်။ ”

ဂျီယန်မှာ ဧကရာဇ် ချင်၏ ထောက်ခံမှုကြောင့် ပို၍ ရဲတင်း လာသည်။ လင်းယွန်ကို ကာကွယ် ပေးနေမြဲ ဖြစ်သော ဓားနန်းတော် အဖွဲ့သား များထံ ကြည့်ကာ၊

“ ဓားနန်းတော်က ယန် နန်းတော်ကို ဆန့်ကျင် မှာလား။ ”

-ဟု မေးယူ လိုက်၏။

ယန် နန်းတော် ဆိုသည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အုပ်စိုး ရှင်များ ထဲမှ တစ်ခု ဖြစ်သည်။

ချင် အင်ပါယာရှိ မဟာ ဂိုဏ်းကြီး လေးဂိုဏ်း ပေါင်းစပ် လိုက်လျှင်ပင်၊ ယန် နန်းတော်၏ ရာဂဏန်း မျှသာ ရှိသော အင်အားကို၊ ရင်ဆိုင် နိုင်ခြင်း မရှိပေ။

ဂျီယန်လို သင်းထောက် တစ်ယောက် ကိုပင်၊ မည်မျှ ရင်ဆိုင်ရ ခက်ကြောင်း၊ မြင်သာ စေသည်။

“ ထွက် သွား စမ်း။ ”

ဂျီယန်က နောက်ဆုံးတွင် သည်းခံ နိုင်စွမ်း မရှိ တော့ဘဲ၊ လက်ဖဝါးကို တွန်းထုတ် လိုက်သည်။

လေးနက်သော ယန် နည်းစနစ်ကို အသုံးပြု လိုက်ခြင်း ဖြစ်သော်လည်း၊ ချင်ယုထက် ပို၍ အစွမ်း ထက်ပေ၏။

တောက်လောင် နေသော လက်ဖဝါး ကြီးက လျိုဖန်းကို အံ့အား သင့်စွာ ဖမ်းမိပြီး၊ လင်းယွန်ကို ဝိုင်းရံ ထားသော အကြီးအကဲ များထံ ဆက်လက် တိုးဝင် သွားသည်။

ချက်ခြင်းပင် လူအုပ် အတွင်း လမ်းကြောင်း တစ်ခု ပွင့်ထွက် လာ၏။

“ ယန် နန်းတော်ကို ဟန့်တား တဲ့သူ၊ ဘယ်သူ မဆို သတ်ပစ် ရလိမ့်မယ်။ ”

ရယ်မောကာ ကြုံးဝါး လိုက်ပြီး၊ ဂျီယန် အကြည့် များက၊ လင်းယွန်ထံ ကျရောက် သွားသည်။ ပြီးနောက် တဟုန်ထိုး ပြေးထွက် သွားကာ၊ လင်းယွန်အား ဖမ်းဆီး လိုက်သည်။

ယန် နန်းတော်၏ တပည့် တစ်ယောက်ကို သတ်ခဲ့သော၊ လင်းယွန်မှာ ချန်ပီယံ ဖြစ်လာ ခဲ့လျှင်ပင်၊ ယန်နန်းတော် အနေဖြင့် လွှတ်ထားမည် မဟုတ်ပေ။

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထွက်ပေါ် လာသော အခါ တွင်၊ ကောင်းကင် တစ်ခုလုံး ချက်ချင်း မှောင်မိုက် သွားသည်။

လေထု အတွင်း အပူ ရှိန်များ မြင့်တက် လာ သောကြောင့်၊ လူအုပ် ကြီးက နဖူးမှ ချွေးများ စီးကျ လာလေသည်။

ယန် နန်းတော်မှာ အနည်းငယ် လွန်းလွန်း လှ၏၊ လုံးဝ ယုတ္တိ မတန် တော့ပေ။

ချင်ယု သေဆုံး ခြင်းသည် လင်းယွန်နှင့် မဆိုင် လှသော်၊ သတ်ရန် ကြိုးစား နေသည်။

ဤလောက၌ အမှားနှင့်၊ အမှန် မရှိပေ။ သန်မာသော သူတိုင်းက ကံကြမ္မာကို ဆုံးဖြတ် ပိုင်ခွင့် ရှိ၏။

ထို့ကြောင့် လင်းယွန်ကို စာနာ မိသော်လည်း၊ ဂျီယန်က ဓားနန်းတော်၏ အကြီးအကဲ များအား ရိုက်နှက်ကာ၊ သူ့ဆီ ဦးတည် သွားနေ ချိန်တွင်၊ စောင့်ကြည့် ရုံသာ တက်နိုင် ခဲ့သည်။

“ ဟမ့် … တော်ဝင် ယန် နန်းတော်၊ ဘယ်လောက် တောင် အံ့သြဖို့ ကောင်းလိုက် လဲ၊ … ”

အေးစက်သော ဟောက်သံ တစ်သံ၊ လူတိုင်း၏ နား ထဲသို့ စီးဝင် လာသည်။ တဆက်တည်း မှာပင် လူရိပ် တစ်ရိပ် ဆင်းသက် လာပြီး၊ လင်းယွန် ဘေးသို့ လျှောက်လှမ်း သွား၏။

ထိုလူရိပ်မှာ ဆံပင်များ ဆွတ်ဆွတ်ဖြူ နေကာ၊ မျက်နှာ ပေါ်၌ အရေး အကြောင်းများ၊ ပြည့်နှက် နေသော အဖိုးအို တစ်ဦး ဖြစ်ပေသည်။

စုတ်ပြဲ နေသော အဝတ် အစားနှင့်၊ သူ့ အသွင် အပြင် အရ၊ တံငါသည် တစ်ဦးဟု ယူဆ နိုင်၏။

သို့သော် မည်သူမျှ သူ့အား လျှော့မတွက် ရဲကြဘဲ၊ အထူး သဖြင့် သူ့ အကြည့် များက၊ နှလုံးသား များကို ထိုးဖောက်သွား သကဲ့သို့၊ ခံစား ရ စေကာ၊ မျက်ဝန်းချင်း ဆုံကြည့် ရန်ပင် မဝံ့ ကြပေ။

“ ဒီမှာလည်း စည်းကမ်းတွေ ရှိတယ်၊ ဒါကြောင့် မင်း ဒီနေ့ လင်းယွန်ကို ဒုက္ခ ပေးနိုင် သေးလားလို့ ၊ ငါသိချင်တယ်။ ”

တံငါသည် အဘိုးအိုက ပြတ်သားစွာ ဆိုလိုက်၏။ သူ့ ရပ်တည် ချက်က၊ လူတိုင်း၏ နှလုံး သားကို တုန်လှုပ် လာစေ ခဲ့သည်။

လင်းယွန်ကို ကာကွယ်ရန် တော်ဝင် မိသားစုနှင့် ယန်နန်းတော်ကို လျစ်လျူရှု ထားနိုင် သောကြောင့်၊ အဘိုးအို၏ မူလ အပေါ် တွေးတော လာမိ တော့၏။

မရေ မတွက် နိုင်သော အကြည့် များက တံငါသည် အဘိုးအို ပေါ်သို့ ကျဆင်း လာပြီး၊ တစ်စုံ တစ်ယောက်က၊ ဂျင်ရှီစံ ဟု ထအော် လိုက်လေသည်။

ပြိုင်ပွဲ ရင်ပြင်ရှိ အဘိုးအို အများစုက၊ မှတ်မိ လာကြပြီး မျက်နှာများ ပြောင်းလဲ သွားသည်။

ဂျင်ရှီစံသည် ချင်အင်ပါယာ ၏ ခွေးဆိုး တစ်ကောင် ဖြစ်ကာ၊ ဓားနန်းတော်၌ ယခု အချိန်ထိ ဆက်ရှိ နေဦး မည်ဟု မည်သူမျှ မထင်ထား မိပေ။

“ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်က၊ မဟာချင် အင်ပါယာမှာ ကျော်ကြား လာခဲ့တဲ့၊ ပါရမီရှင် ဂျင်ရှီစံ လား၊ သူက အင်ပါယာက ထွက်သွား ပြီလို့ လူတိုင်း ပြောနေ ကြတာ လေ။ ”

“ တကယ် အံ့ဩ စရာပဲ၊ သူရှိ နေလိမ့်ဦး မယ်လို့ မထင် ထားဘူး။ ”

သူတို့ ခေတ်၌ ဂျင်ရှီစံမှာ၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သောကြောင့်၊ ဤနေရာရှိ လူအိုကြီး များက သိရှိထား ကြသည်။

ထိုအချိန်က ဓား နန်းတော်၏၊ နန်းတော် သခင် ရာထူး အတွက် ယှဉ်ပြိုင် ရာတွင်၊ ဂျင်ရွှမ်းဟီကို ရှုံးနိမ့်ကာ ပျောက်ကွယ် သွားခဲ့သည်။

ဂျင်ရွှမ်းဟီမှာ ဂျင်ရှီစံနှင့် အတူ၊ အင်ပါယာ၏ မျိုးဆက် သစ်များ အကြား၊ အုပ်စိုး နိုင်သော ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။

လက်ရှိ အချိန်တွင် ဝံ့ကြွား နေသော လူအိုကြီး အများ စုသည် သူတို့ နှစ်ဦး လက်၌ အကြိမ်ကြိမ် ကျရှုံးကာ၊ ညတာရှည် ခဲ့ဖူး ပေ၏။

ဓားနန်းတော် အတွက် ရွှေခေတ်ဟု ဆိုနိုင် သည်။ ထို့ကြောင့် တံငါသည် အဖိုးအို ထွက်ပေါ် လာခြင်းမှာ၊ သူတို့အား တုန်လှုပ် သွားစေသည်။

သို့သော် မည်မျှပင် ဒဏ္ဍာရီ ဆန်ဆန် ဖြစ်ခဲ့ ဖူးသော် ငြားလည်း၊ ယန် နန်းတော်ကို ဆန့်ကျင် ရန်မှာ၊ သူ့ အတွက် အနည်းငယ် မာန်ဝင့် လွန်း၏။

နောက်ဆုံးတွင်၊ ယန်နန်းတော်သည် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တွင်ပင်၊ အုပ်စိုးသူ ဖြစ်သည်။

ထိုအုပ်စိုးရှင် ဂိုဏ်းကြီး၏၊ သင်းထောက် တစ်ဦး မျှသာ ဖြစ်သော ဂျီယန်မှာ၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရှိ ဧကရာဇ် ချင်၏၊ ပတ်ဝန်း ကျင်တွင် တည်ငြိမ်စွာ ရပ်နေ နိုင် ခဲ့သည်။

“ ထွက် သွား စမ်း ….. ။ ”

ဂျင်ရှီစံ နာမည်ကို တစ်ကြိမ်မျှ ကြားဖူး ထားခြင်း မရှိ လေရာ၊ ဂျီယန်က မျက်မှောင် ကြုတ်ပြီး၊ အော်ငေါက် လိုက်၏။

မည်သူ မဆို ယန် နန်းတော်ကို ဆန့်ကျင် ဝံ့ပါက၊ သေမင်းကို ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း၊ သိရ ပေမည်။

ထိုအတွေးနှင့် အတူ၊ ချက်ခြင်းပင် လက်ဖဝါး တစ်ချက်အား၊ ဂျင်ရှီစံဟု ခေါ်သော တံငါသည် အဖိုးအိုထံ ရိုက်ချ လိုက်၏။

အဆိုပါ လက်ဖဝါး၏ အသွင်မှာ၊ တိမ်လွှာများ ကဲ့သို့ ဖမ်းဆုပ်ရ ခက်လေသည်။

သို့သော် သူ့ရှေ့ရှိ အဖိုးအိုက ယင်းလက် ဖဝါးကို နှစ်ခြမ်း ခွဲရန်၊ ဓားအား အသာ အယာ မြှောက်လိုက် ရုံဖြင့်သာ တုန့်ပြန် လာ၏။

“ ဒါ … ”

ဂျီယန်က အံ့သြ သွားသည်။ သူ၏ တိုက်ခိုက် မှုကို ဖြေရှင်းရန်၊ ဤမျှ လွယ်ကူ ပေ သည်လော။

ရှေ့တွင် ရပ်နေသော ဤတံငါသည် အဖိုးအိုမှာ မည်သူနည်း။

မေးခွန်း အနည်း ငယ်ဖြင့်၊ ရှုပ်ထွေး နေစဉ်၊ တံငါသည် အဖိုးအိုက တင်းမာစွာ စိုက်ကြည့် လာ၏။

“ တစ်ယောက် ယောက်က ဒီလိုမျိုး သတ္တိ ရှိရှိ ငါ့ကို … မပြော ဝံ့တော့တာ အတော်ကြာ ပါပြီ၊ မင်းက ကောင်းကင်ဘုံ ဝိညာဉ် မှာတောင် မရှိ သေးတဲ့၊ ယန်နန်းတော်က သင်းထောက်လေး တစ်ယောက်ပဲ၊ ဒါနဲ့တောင် မင်း ငါ့ကို ဒီ စကားမျိုး ပြောရဲ တာလား … ဒူး ထောက် စမ်း ။ ”

သခင် ဆယ့်သုံးက အော်ငေါက် လိုက်ပြီး၊ ဓားရည်ရွယ် ချက်ကို ထုတ်လွှတ် လိုက်၏။

ကြီးစိုး နိုင်လွန်းသော အရှိန် အဝါ များက၊ ကြီးမားသော တောင်ကြီး တစ်လုံးလို ဂျီယန်ပေါ် ပြိုကျ သွားသည်။

ကြိုးစား ရုန်းကန် လိုက်သော်လည်း အချည်းနှီး ပေပင်။ နောက်ဆုံး၌ ဒူးထောက် ချလိုက်မှ သာလျှင် ၊ အနည်းငယ် အသက်ရှူ ဝသွား၏။

“ ဂျင် ရှီ စံ … ”

သခင် ဆယ့်သုံး၏ ခွန်အားမှာ လူတိုင်း၏ စိတ်ကူး စိတ်သန်း များထက် ကျော်လွန် နေလေသည်။

“ စီနီယာ၊ မင်း ဘယ်သူလဲ ငါသိ ပါရစေ၊ ငါ မင်းကို စိတ်အနှောင့် အယှက် ဖြစ်စေ ခဲ့ရင် ခွင့်လွှတ်ပါ၊ ဒါပေမယ့် ငါက ယန်နန်းတော်ရဲ့ သင်းထောက် တစ်ယောက်၊ ဖြစ်နေ တုန်းမို့ အဝေးကြီး မရွေ့ ချင်ပါနဲ့။ ”

ဂျီယန်က အံကြိတ်ကာ ပြောလိုက်သည်။ သူ့၌ အရင်လို မောက်မာ မှုများ ရှိမနေ တော့ပေ။ ဤကပ်ဆိုးကို အမြန် ကျော်လွှား လိုနေသည် ။

“ ခွင့် လွှတ် ရ မယ် … ဟုတ်လား၊ မင်းက ယန် နန်းတော်ရဲ့ အကြီးအကဲ ဖြစ်နေ ရင်တောင်၊ လင်းယွန်ကို ထိခွင့် ရှိမယ်လို့ ထင်နေလား .. ဟမ် ၊ … ”

လူအုပ် ကြီးမှာ ဝိုးခနဲ အာမေဋိတ် သံများ ကျယ်လောင်စွာ ပြုလာ ကြ၏။ ဤသည်မှာ ဓားနန်းတော် ဖြစ်၏။

၎င်းသည်ပင် မဟာချင် အင်ပါယာ၌၊ အသန် မာဆုံး ဓားဂိုဏ်း ဟူသော ဂုဏ်ပုဒ်ကို ရယူ ထားနိုင်သော အကြောင်း တစ်ရပ်လည်း ဖြစ်ပေသည်။

လင်းယွန်မှာ သူ၏ မောက်မာခြင်း များကြောင့်၊ လူတိုင်း မျက်စိ စပါးမွှေး စူးစရာ ဖြစ်ခဲ့သည်။ သို့သော် ယင်းမှာ ဤဂျင်ရှီစံကို မမှီပေ။

မောက်မာသည် သာမက၊ အတော်ပင် ဒေါသ ကြီးကာ၊ ကျိုးကြောင်း ဆီလျော်ခြင်း ဟူသော စကား စုမှာ သူဖြင့်၊ မသက်ဆိုင် သလို ခံစားရ စေသည်။

ဆိုလို သည်မှာ အသက်ကြီး လာသော လင်းယွန်ကို မြင်နေရ သကဲ့သို့၊ တစ်ဖက် တွင်လည်း ဆယ်ကျော်သက် အရွယ် ဂျင်ရှီစံကို ပြန်မြင် နေရခြင်း ဖြစ်သည်။

“ မင်လို သင်းထောက် တစ်ယောက်က၊ ငါ့ရှေ့ မှာ ရပ်ဝံ့ တယ်လား၊ ဟမ့် …. ”

သခင် ဆယ့်သုံးက သူ့ လက်ကို လေထဲသို့ ဝှေ့ယမ်းပြီး၊ ဂျီယန်ကို ပါးရိုက် ချလိုက်ရာ၊ ဒူးထောက် လျှက်ဖြင့် သွေးတစ်လုတ် အန်သွား၏။

ထို့နောက် ဧကရာဇ် ချင်ထံ လှည့်၍၊

“ တမန်တော် ပေါ်မလာ သေးပဲ၊ လင်းယွန်ကို ဘယ်သူက ပြစ်ပေးချင် ရတာလဲ၊ ဒီလို လုပ်ဖို့ မင်းမှာ အရည် အချင်း ရှိလား ဟမ်။ ”

“ နဂါး တံခါး ပြိုင်ပွဲ ဆိုပေမယ့် …၊ ဒါက ငါ့ရဲ့ ချင် အင်ပါယာပါ၊ ပြီး … တမာန်တော်က အရိပ် အယောင် မပြဖူး ဆိုတာ … ဒီ အရေး ကိစ္စမှာ၊ ဝင်မစွက် ဖူးလို့ ဆိုလို တာပဲ၊ ချင်ယု သေပြီး နောက်တော့ …၊ လင်းယွန်လည်း အသက် မရှင် ရဘူး။ ”

ဧကရာဇ် ချင်က ခေါင်းမာစွာ ဆို လိုက်၏။

“ ဒါဆို … မင်း ကြိုးစား ကြည့်ပါ။ ”

သခင် ဆယ့်သုံးက ဘောက်ဆတ် ဆတ်ဖြင့်၊ တုန့်ပြန် လိုက်သည်ကြောင့်၊ လေထုက ရုတ်တရက် တင်းကြပ် သွားကာ၊ ယခင် ကထက် ပို၍ ကြောက် စရာ ကောင်းလာ၏။

နောက်ဆုံးတွင်၊ ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်ရှိ၊ ကျွမ်းကျင် ပညာရှင် နှစ်ဦး၏ တိုက်ပွဲမှာ၊ ရှောင်လွှဲ နိုင်စရာ နည်းလမ်း မရှိ တော့ချေ။

“ လူသေ တွေက ပြန် မရှင် နိုင်ပါဘူး၊ တော်ဝင် ခမည်းတော်က အသက်ပေါင်း များစွာ၊ သွေးမြေ ကျအောင် ကြိုးစား နေတာပဲ၊ အင်ပါယာက ပြည်သူ တွေရဲ့ အသက်ကို၊ အရေး မစိုက် ဖူးဆိုရင် … ၊ ထီးနန်းကို ဆက်ခံ နေဖို့ မလိုတော့ ပါဘူး။ ”

ရုတ်တရက် အေးစက် သိမ်မွေ့သော၊ အသံ တစ်သံ ထွက်ပေါ် လာလေသည်။

***

All Chapters